YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Detective Dee And The Burning Sky 2020 1080p WEB-DL (CM).mp4

1008.14 MB N/A video/mp4 1972 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Girl Missing
7.9

ဒီနေ့တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန်ကို မှီငြမ်းပြီး ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ (၁၈) နှစ်အရွယ် သမီးလေး ပျောက်သွား လို့ လိုက်ရှာတဲ့ လူမည်းအမျိုးသမီး မိခင်တစ်ယောက် ကြုံတွေ့ခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေ မတရားမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရှယ်လ်ဘိတ်ကာက ဘလူးဗယ်လ်လီ အထက်တန်းကျောင်းက ဒု ကျောင်းအုပ်ပါ။ ချစ်စရာ သမီးလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထား ပါတယ်။ ခင်ပွန်းဆုံးသွားပြီး စိတ်သစ်လူသစ်ဖြစ်အောင် ဘလူး ဗယ်လ်လီကို ပြောင်းခဲ့ကြတာပါ။ တစ်နေ့မှာတော့ သမီးကြီး လော်ရန် ပိတ်ရက်အိမ်ပြန်လာတုန်း စကားများကြပါတယ်။ စိတ်ဆိုးပြီး လော်ရန် ကောလိပ်ကို ပြန် သွားပြီပဲ ထင်နေခဲ့တာပါ။ လော်ရန်နဲ့ စကားမပြောဖြစ်တာ ကြာ ပါပြီ။ ဖုန်းဆက်လို့ စာပို့လို့လည်း မရပါဘူး။ ဟိုဟိုဒီဒီ စုံစမ်းကြည့်မှ လော်ရန် ပျောက်နေပြီဆိုတာ သိလိုက်ရပါတယ်။ ရဲတွေကို သွား ရောက်အကြောင်းကြားပေမဲ့ ထွက်ပြေးသွားတာလို့ပဲ သုံးသပ် ပြောကြားပြီး သေချာစုံစမ်းမပေးကြပါဘူး။ သတင်းထောက်တွေကို ပြောတော့လည်း စိတ်ဝင်စားစရာ မရှိဘူးဆိုပြီး အာရုံမစိုက်ကြပါဘူး။ တစ်ချိန်တည်းမှာပဲ ဂျက်စီကာရူဆို ဆိုတဲ့ လူဖြူကောင်မလေး တစ်ယောက်လည်း ပျောက်နေပါတယ်။ ရဲတွေ စေတနာ့ဝန်ထမ်း တွေကလည်း အသည်းအသန်ရှာပေးကြပါတယ်။ သတင်းချန်နယ် တွေကလည်းဂျက်စီကာနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ချိန်လုံး တင်ဆက်နေကြပါတယ်။ ဒါပေမဲ့ လော်ရန်ပျောက်သွားတာကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒီတော့ ရှယ်ရယ်လ်နဲ့ သမီးငယ်မာလီ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖို့ ကြိုးစားရပါတော့တယ်။ အဲတော့ ရှယ်ရယ်လ်နဲ့ မာလီ ပျောက်သွားတဲ့ လော်ရန်ကို ရှာတွေ့ပါ့မလား။ လော်ရန် ဘာလို့ ထွက်သွားတာလဲ။ သူတို့ခက်ခဲနေတုန်း ဘယ်သူတွေ ကူညီပေးမလဲ။ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် တရားမျှတမှု ရနိုင်မလားဆိုတာကို စောင့်ကြည့်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size..........(1.5 GB) / (530 MB) / (350 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......Phu Myat Thwe Encoder..........SWM

Drama • Music • Romance
7.9 2023 90 mins
Black Girl Missing
Hell or High Water
7.3

IMDb (7.8/10)....Rotten Tomatoes (98%) ဒီဇာတ်ကားကိုတော့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားလို့ညွန်းရမယ်။ ဘဏ်မှာ အပေါင်ဆုံးတော့မဲ့ ဘိုးဘွားပိုင် မြေတွေကို မဆုံးရူံးဖို့ Tony နဲ့ Tanner တို့ညီအကိုနှစ်ယောက် ဘဏ်တွေကို ဓါးပြဝင်တိုက်ကြတယ်။ သူတို့ ရွေးချယ်တာ မြို့ငယ်လေးက ဘဏ်တိုက်လေးတွေကိုပါ။ မနက်စောစော ဘဏ်ဖွင့်ချိန်မှာ ဝင်လုမယ်။ ပိုက်ဆံကိုလည်း ဒေါ်လာ 20 တန်တဲ့ တန်ဖိုးပိုကြီးတဲ့အရွက်ကြီးလည်းမယူသလို သူတို့လုတဲ့ငွေ ပမာဏကလည်း ဒေါ်လာတစ်သောင်းအောက်ဆိုတော့ FBI ကတာဝန်ယူရလောက်အောင်ကြီးမားတဲ့ အမူမဟုတ်တဲ့အခါ ပြည်နယ်ရဲတာဝန်ပေါ့။ ဒီအမှုတွေကို မကြာခင် ရဲဘဝကနေအငြိမ်းစားယူတော့မဲ့ Marcus ရယ် သူတွဲဘက်အဖော် Alberto တို့ပူးပေါင်းဖော်ထုတ်ဖို့တာဝန်ဖြစ်လာပါတယ်။ Marcus က ဘဏ်ဓါးပြတွေ ကို လိုက်လံရှာဖွေဖမ်းဆီးဖို့ထက် Tony တို့ညီအကို လာတိုက်မယ်လို့ တွက်ထားတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ဘဏ်တစ်ခုနားကနေ စောင့်ဖမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ Marcus တို့ စောင့်နေတဲ့ နေရာကို Tony တို့ညီအကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာမလား ဆိုတာကိုတော့ .......။ ပြသချိန် ၂ နာရီကြာမြင်ြ့ပီး အစမှအဆုံး ရုပ်ရှင်ကြည့်ပရိတ်သတ်ကို စဉ်ဆက်မပြတ် ဆွဲခေါ်သွားနိင်တဲ့ ဇတ်ကားကောင်းပါ။ အထူးသဖြင့် ဇာတ်အိမ်တည်ထားတဲ့ အမေရိကန် Texas ပြည်နယ်ရဲ့ သဘာဝအလှတွေ ပြည်နယ်သားတွေ ရဲ့စိတ်နေစိတ်ထားအကျင့်စရိုက်တွေကို ပေါ်လွင်အောင် ရိုက်ကူးတင်ပြနိင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (ရုပ်ရှင်အညွှန်းကို Myo Min Thwin's FB မှကူးယူဖော်ပြပါသည်။)] File size…(800MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:42:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung (ဒီဇာတ်ကားကို Poe Thinzar Kyaw မှဘာသာပြန်တင်ဆက်ထားတာပါ။)

Action & Adventure • Drama • Sci-Fi & Fantasy
7.3 2016 102 mins
Hell or High Water
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
War Witch
7

Rt – 94% ~ IMDb – 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ “ကျားကြီး” သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့ အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင် “ကျားကြီး” က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီး တစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာ ဇာတ်မြုပ်နေခဲ့တယ်။ ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီး သာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar Nominee ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့အဖြစ် ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုပေါင်း ၃၅ ဆုအထိရရှိထားပါတယ်။ 14 နှစ်အရွယ် ကိုမိုနာက သူ့ရဲ့မွေးမလာသေးတဲ့ ကလေးကိုပြောပြနေတဲ့ပုံစံ ရိုက်ကူးထားပြီး အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ်အရှုပ်အထွေးနဲ့ ကလေးစစ်သားပြဿနာတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါဗျ။ File size…(2.0 GB)/(1.10 GB)/(649 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ko Myo(kop)

Thriller • Crime
7 2012
War Witch
Sound of Freedom
7.8

Sound of Freedom (2023) =================== IMDb Rating – 7.8/10 IMDB 7.8 ထိ ရထားတဲ့ ကလေးလူကုန်ကူးမှုတိုက်ဖျက်ရေး မှုခင်းဇာတ်ကား ကောင်းလေး ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့က မကောင်းမှုနဲ့ ကျိကျိတက်တက်ချမ်း သာပြီး ဝါသနာတူတွေစုနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းကြီးတစ်ခုက ကလေး သူငယ်တွေကို လူကုန်ကူးပြီး လိင်လုပ်သားအဖြစ် ရောင်းစား အသုံးတော်ခံနေ ကြပါတယ်။ ဒါကို သီးသန့်နှိမ်နင်းတားဆီးနေတဲ့ တင်ဘဲလက်ဆိုတဲ့ အေးဂျင့်က pedophile လို့ခေါ်တဲ့ ကလေးနှာဗူးကောင်တွေကို ဖမ်းဆီးခဲ့ရင်းနဲ့ နောက်ဆုံး ကိုလံဘီယာက မကောင်းမှုတွေ အဓိကထိန်းချုပ်လုပ်ကိုင်နေတဲ့ ဒုစရိုက်အဖွဲ့ကို နှိမ်နင်းတားဆီးပြီး ကလေးတွေကို ဘယ်လိုပြန်လည်ကယ်ဆယ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက ရိုးရှင်းပေမယ့်.. Action scene တွေက အရမ်းကောင်းလွန်း တာကြောင့် Rating ကောင်းကောင်းတွေ ရထားတာဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.86 GB) / (774 MB) Quality………..WEB-DL 1080p / 720p Duration……..2Hr 11Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator……Thiha Yan Naing Encoder……….SWM

7.8 2023 131 mins
Sound of Freedom
[18+] The Kind Wife

************************* ဇာတ်လမ်းကောင်းတာလေးလည်းသဘောကျတယ်…. ပါဝင်တဲ့အခန်းတွေကလည်း ဆွဲဆောင်မှုအပြည့်ဖြစ်နေရမယ်ဆိုတဲ့သူတွေအတွက် ဒီကားကအသင့်တော်ဆုံးဖြစ်မှာပါ.. မြိုမှာနေရတာကို ငြီးငွေ့လာလို နယ်ဘက်မှာ အခြေချနေတဲ့ ဇနီးမောင်နှံတစ်တွဲ ခင်ပွန်းဖြစ်သူက သီးနှံစိုက်ပျိုးတာကို လေ့လာနေပြီးတော့ မိန်းမဖြစ်သူက ရွာထဲက လက်သမားတစ်ယောက်ဆီမှာ ပညာသင်အဖြစ် လေ့လာနေပါတယ်…. တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် သူတိုရဲ့လက်ရှိနေအိမ်ကို အိမ်ငှါးထားလိုက်ပါတယ် … ရောက်လာတဲ့ အိမ်ငှါးက မိန်းကလေးဖြစ်နေပြီးတော့ သူမရဲ့အတိတ်က ကိစ္စတွေ၊အိမ်ရှင်ဇနီးမောင်နှံ၊ လက်သမားဆရာ ဒီလေးယောက်ကြားမှာ ဘာပြဿနာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ပါဦး… နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တာမို့ ခံစားမှုအပြည့်နဲ့သက်ဝင်နေမှာတော့ အသေအချာပဲဗျို့… File Size : 1.2GB / 451MB Quality : WEB-DL 1080P / 720p Format…mp4 Duration…01:30:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2015
[18+] The Kind Wife
Gorgeous
6

ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

Drama
6 1999 119 mins
Gorgeous
The Prequel of Gold Convoyers 5 : A Battle of Desert
5.7

အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး ဒီ အပိုင်း (၅) မှာတော့ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့က မြောက်ပိုင်းနယ်စပ်ကို ကုန်သည်အဖွဲ့တစ်ဖွဲ့ကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သည်အဖွဲ့က ဂိတ်က ထွက်သွားပြီး မိုင် (၂၀) အကွာမှာပဲ အကုန်ခေါင်းဖြတ်သတ် ဓားပြတိုက်ခံလိုက်ရပြီး ဟေးကျီတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့က ဒီကိစ္စကို လိုက်လံ စုံစမ်းရန် နေခဲ့ပါတယ်။ ဝမ်ကျောက်ရှင်းရဲ့ ညီအစ်ကိုလို ခင်မင်ခဲ့တဲ့ သူငယ်ချင်းကောင်းရှန်က ယွဲ့ယာမြို့မှာ လူဆိုးထိန်းအဖြစ် တာဝန်ထမ်းဆောင်နေတယ်လို့ သိထားခဲ့ပေမယ့် ကောင်းရှန်က လုံးဝ ပျောက်နေခဲ့ပါတယ်။ အမှန်မှာတော့ ကောင်းရှန်က စစ်တပ်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေအကြောင်းကို သက်သေရထားတဲ့အတွက် စစ်သူကြီး ထိန်ဖေးက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ယွဲ့ယာမြို့က လူဆိုးထိန်းဖေ့က ကောင်းရှန်နဲ့ ရင်းနှီးသူ ဖြစ်တဲ့အတွက် ကောင်းရှန်ကို မသတ်ဖို့ သူက စစ်သူကြီးထိန်ဖေးရဲ့ အမိန့်အတိုင်း လိုက်နာခဲ့ရပါတယ်။ ဒါပေမဲ့ ထိန်ဖေးရဲ့ လောဘတွေက မရပ်တန့်နိုင်ပဲ ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့ကို အပြတ်ရှင်းဖို့ ကြံစည်နေခဲ့ပါတယ်။ လက်နက်ရော၊ ရေရော၊ အင်အားရော ထိန်းချုပ်ထားတဲ့ စစ်တပ်ကို ဝမ်ကျောက်ရှင်းနဲ့ ဖျင်အန်းတို့တစ်တွေ ဘယ်လို တော်လှန်ကြမလဲ…… ဝမ်ကျောက်ရှင်းရဲ့ သူငယ်ချင်းဖြစ်သူ ကောင်းရှန်ကိုရော ကယ်ထုတ်ပေးနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

5.7 2010
The Prequel of Gold Convoyers 5 : A Battle of Desert
Hi Nanna
8.4

Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ) IMDb 8.4/10 , RT 100% Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ Main cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့ သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamက မင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင် အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် “တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ် အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့… အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ” ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာ သမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင် အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့… ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်… ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်… တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့ မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ယာ့ရှ်နာနဲ့ ဖေဖေဗီရာ့ဂျ်တို့ ဆုံတွေ့ကြတဲ့အခါမှာ …. ဗီရာ့ဂျ်ရဲ့အတိတ်က ဇာတ်လမ်းက ဘာဖြစ်မလဲ မာဟီလေးကရော သူ့ရောဂါပျောက်ကင်းသွားမလား ယာရှ်နာကရော သူတို့သားအဖနဲ့ ဘာတွေပတ်သတ်နေလဲ စိတ်ဝင်တစားနဲ့ မိဘမေတ္တာ သံယောဇဉ် အချစ်ဇာတ်လမ်းလေးကို ကြည်ကြည်နူးနူး ကြည့်ရှုနိုင်ဖို့ ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Romance • Family • Drama
8.4 2023 155 mins
Hi Nanna
Lumberjack the Monster
5.9

Lumberjack the Monster (2023) Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p File size… 1GB | 558MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Khaing Encoder ….. Aaron

Thriller • TV Movie
5.9 2024
Lumberjack the Monster
Perfect Hotel Manager
5.8

အခု တစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ ပုံမှန်ရုပ်ရှင်တွေနဲ့ မတူတဲ့ လူ့စိတ်ကို စမ်းသပ်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယင်ရှန့်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကနေပြီး ကစားပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရသူက ကျိုရှီဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကစားပွဲကို ပါဝင်ခွင့်ရသူက…… ကျိုးပင်းချန်- အသက် ၃၀ အိမ်ထောင်မရှိ၊ အတွင်းခံဆိုင်ပိုင်ရှင်၊ မိသားစုနဲ့ မိတ်ဆွေတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြပေမဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်မရှိသူ…… ကျာထျန်းရှန်း – တက်ခ်စီကားဆရာ အသက် ၄၀၊ ဘဝမှာ ဖိအားအပြည့်နဲ့ အောင်မြင်မှုဆိုတာ မရှိဖူးဘူး။ မိသားစု ဆက်ဆံရေးကလည်း မကောင်းနေဘူး…… ကျာထျန်းကျင့် – ကျာထျန်းရှန်းရဲ့ ညီလေး ၊ အသက် ၃၁ နှစ်၊ ဘဏ္ဍာရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသူ။ အောင်မြင်မှုတွေ အနာဂတ်ကောင်းတွေ ရှိနေပေမဲ့ စိတ်ညစ်စရာတွေလည်း ရှိနေသူ…… ဟူကျယ် – အသက် ၂၂ နှစ် တက္ကသိုလ်ဘွဲ့ရခါစ၊ လူမှုပတ်ဝန်းကျင်ထဲကို မရောက်ဖူးသေးဘူး၊ အခုတစ်လော ရည်းစားနဲ့ လမ်းခွဲထားရတဲ့အတွက် စိတ်ညစ်နေရသူ…… သူတို့ ၄ ယောက်က အလှည့်ကျ ဟိုတယ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အကောင်းဆုံးလူကို မဲပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တဲ့အတွက် လောဘရဲ့ လှုံ့ဆော်မှုကြောင့် လူတွေက ဘယ်လိုအကြံအစည်မျိုးတွေ ကြံစည်ကြမလဲ…… သူတို့ ၄ ယောက် ဒီ ၁၂ ရက်တာ အချိန်အတွင်းမှာ ဘယ်လို ဖြတ်သန်းကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Perfect Hotel Manager
[18+] Exploratory Holiday
6.1

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Exploratory Holiday ဆိုတဲ့ ဇာတ်လမ်းလေး ထဲမှာတော့ ဆယ်ဟီးဟာ အချိန်ပိုင်းအလုပ်ကို နေ့နေ့ညညလုပ်နေရပြီး ပင်ပန်းလာတာကြောင့် နိုင်ငံခြားကို ခရီးထွက်လာတဲ့ မိန်းကလေး တစ်ယောက်ဖြစ်ပါတယ်။ သူငယ်ချင်းနဲ့အတူ နေနေတဲ့အခန်းရဲ့ စပေါ်ငွေကို ပြန်ထုတ်လိုက်ပြီး ဖိလစ်ပိုင်နိုင်ငံကို ခရီးထွက်လာခဲ့ပါတယ်။ အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်လို့ ဒုက္ခရောက်‌နေတဲ့ ဆယ်ဟီးကို ကူညီပေးဖို့အတွက် တစ်နိုင်ငံတည်းသားဖြစ်တဲ့ ကောင်‌လေးတစ်ယောက်က ရောက်လာခဲ့ပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ့်လူမျိုးအချင်းချင်း‌ တွေ့ရလို့ ဝမ်းသာသွားပြီး နောက်ထပ်အကူအညီတွေ ထပ်တောင်းတဲ့အခါ ဆယ်ဟီးတစ်ယောက် ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့လာရမှာလဲ .. File Size : 2.14GB, 824MB Quality : 1080p,720p Format…mp4 Duration…1 hr. 16 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Action • Drama
6.1 2017
[18+] Exploratory Holiday
Battlefield
6.3

Battlefield (2021) **************** IMDb… 6.3 အက်ရှင်ဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ဒီရုပ်ရှင်ကားမှာတော့ “Taxi Driver, The Eve”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Seo Han Gyeolနဲ့ “Dal Soon’s Spring, The Eve”စတဲ့ဇာတ်ကားတွေမှ မင်းသမီး Hong Ah Reumတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဂျောင်အူ (Seo Han Gyeol) ဟာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်နာ (Hong Ah Reum) ရဲ့ အမေက ဂျောင်အူကို ခေါ်ယူပြီး မွေးစားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဂျောင်အူဟာ မွေးစားအမေနဲ့ အစ်မဟန်နာကို မပင်ပန်းစေချင်တာကြောင့် နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မွေးစားအမေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့သတင်းကို ကြားပြီး ကိုယ့်နိုင်ငံကို အပြေးပြန်လာခဲ့ပေမဲ့ အဲဒါက သာမန်ကားမ‌တော်တဆမှုမဟုတ်ဘဲ မူးယစ်ဆေး ဖြန့်ဖြူး ရောင်းချတဲ့ ဂျပန်ယာကူဇာဂိုဏ်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့…. ဂျောင်အူတစ်ယောက် မွေးစားအမေအတွက် တရားမျှတမှုကိုရှာဖွေပြီး လက်စားချေပေးနိုင်ပါ့မလား.. ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.31GB/ 580MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:02 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Drama
6.3 2021 98 mins
Battlefield
Filth
7

Filth (2013) ============= IMDB : 7.0, Rotten Tomatoes : 67% Filth (2013) ကတော့ မင်းသား James McAvoy ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့တောင် ဆိုလို့ရပါတယ်။ James က Scottish မင်းသားဖြစ်ပေမဲ့ ကျွန်တော်တို့ သူ့ရဲ့ Scottish အသံထွက်နဲ့ ရုပ်ရှင်တွေ သိပ်မကြည့်ဖြစ်ကြလောက်ပါဘူး။ ဒီကားကတော့ Scottish ကားဖြစ်တာနဲ့အညီ သာမန်ကြားနေကြမဟုတ်တဲ့ အင်္ဂလိပ် လေယူလေသိမ်းတစ်ခုကို ကြားရမှာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း အတော်ဆန်းလို့ ကြည့်ရတာ ကျေနပ်ဖို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်လာမှာပါ။ မင်းသမီး Imogen Poots ကိုငမ်းရတာလည်း တပိုင်းပေါ့လေ။ ဇာတ်ညွှန်း ဘရုစ်ဆိုတာက “စစ်နိုင်သူသာလျှင် သမိုင်းကိုရေးသည်” ဆိုတဲ့ လက်သုံးစကားကို လက်ကိုင်ထားပြီး ဌာနတွင်းရာထူးတိုးမယ့်ကိစ္စကို ဟိုလူ့ပတ်ချွတ်၊ ဒီလူ့ပတ်မ၊ ဝေ့ဝိုက်ပြီးတမျိုး၊ ဒဲ့တမျိုး ပလိစိခြောက်ချက်ဉာဏ်ကို အလွှာလိုက်သုံးကာ ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ် ရုံးတွင်းရာထူးတိုးမယ်ဆိုသိတဲ့အတိုင်း ဖြစ်နိုင်ချေတွေကလည်း ခပ်များများရယ်။ အားလုံးက Potential Threat ဖြစ်ပါတယ်။ ဒါကိုတော့ ဘရုစ်ကမမှုပါဘူး။ ဘာလို့ဆို သူက အရာအားလုံးကို မရရအောင် ယူမယ့်လူမဟုတ်လား။ ဘရုစ်မှာ ချစ်ရတဲ့ ချစ်ဇနီးလေး ကာရိုးဆိုတာရှိတယ်။ ကာရိုးကလည်း ဘရုစ်ကိုချစ်တယ်။ သူ့ယောကျ်ားရာထူးတိုးမှာကိုလည်း သိတယ်။ ယုံကြည်တယ်။ ဒီလိုနဲ့ ဂျပန်လူမျိုးတစ်ယောက် အသတ်ခံလိုက်ရရော။ အသတ်ခံရတဲ့အမှုမှာ ဘရုစ်ကို ခေါင်းဆောင်ခန့်ပြီး အမှုလိုက်ခိုင်းတယ်။ ရာထူးတိုးဖို့ သူများက လှေကားနဲ့တက်နေရချိန် ဓာတ်လှေကားစီးဖို့ လက်မှတ်ရသလိုဖြစ်သွားခဲ့တယ်။ “ဒါပေမဲ့လည်း၊ အကယ်လို့များ၊ ပြီးတော့၊ ဒါမှမဟုတ်တွေ” အများကြီး ပြည့်နေတဲ့ ဘရုစ်ရဲ့ ဘဝလမ်းကတော့ အညာလမ်းကားဖြတ်မောင်းသလို ဖုန်တထောင်းထောင်းနဲ့ မငြိမ့်ညောင်းလှပါဘူး။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ သေချာပဲ ခံစားကြည့်လိုက်ကြပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Lucifer Maximoff ဖြစ်ပါတယ်) File size… 1.6 GB / 760 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Dark Comedy, Crime, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Lucifer Maximoff

7 2013 97 mins
Filth