YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Descendants: The Rise of Red 2024 - 1080p HEVC Webrip 5.1 [RMC].mp4

1.58 GB 1080p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Revoir Paris
7.2

IMDb Rating - 6.8/10 အဓိပ္ပာယ်က "ပဲရစ်မြို့ရဲ့ အမှတ်တရများ" တဲ့။ ပဲရစ်မြို့ဆိုတာနဲ့ စိတ်ကူးယဉ်အိပ်မက်မြို့တော်လေးလို့ မြင်ယောင်မိကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမှတ်တရတွေက ချိုမြိန်တဲ့အမှတ်တရ လေးတွေတော့ ဟုတ်မနေခဲ့ဘူး။ အရိပ်လို တကောက်ကောက်လိုက် နေမဲ့ ဆိုးရွားတဲ့အမှတ်တရတွေဖြစ်နေခဲ့တယ်။ ပဲရစ်မြို့လယ်ခေါင်စားသောက်ဆိုင်တစ်ခုမှာ လူပေါင်းများစွာ သေ ကြေခဲ့ရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ဆိုတာ လက်နှစ်ဖဝါးစာတောင် မပြည့်တဲ့အရေအတွက်တစ်ခုပါ။ မီရာက အဆိုပါတိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပေမဲ့ သူဘယ် လိုတွေဖြစ်ခဲ့တယ်ဆိုတာကို လုံးဝသတိရခြင်း မရှိတော့ပါဘူး။ တခြား ကျန်ရစ်သူတွေပြောတဲ့ အဲဒီညက သူ့အကြောင်းတွေကလည်း လိုက် ကောက်ဖို့မလွယ်တဲ့ ပဟေဠိလေးတွေ ဖြစ်နေခဲ့ပြီး သူ့အတွက်အရာ ရာဟာ မှုန်ဝါးဝါးပါပဲ။ မီရာတစ်ယောက် သူတိုက်ခိုက်ခံခဲ့ရတဲ့ညက အမှတ်တရတွေကို ပြန်တူးဖော်မိနိုင်မလား ဆိုတာကတော့ "ပဲရစ်မြို့ရဲ့ အမှတ်တရများ" ကနေ ဆွဲဆောင်ပြောပြသွားပါလိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.5 GB) / (612 MB) / (353 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......May Thet Khine Soe Encoder..........SWM

Adventure • Comedy • Fantasy
7.2 2022 105 mins
Revoir Paris
Man of Tai Chi
6

ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာ ကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။ နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက် သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကို မြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီး သူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ် သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင် စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုး မာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ ကိုယ်ခံပညာတစ်ခုပါ (နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီ ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊ တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီး လူသစ်ရှာနေတဲ့အချိန်ပေါ့။ မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့ လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲ ကြိုးစားနေရဆဲပေါ့။ တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။ တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်း သဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်…. ဒီလောကထဲ ဝင်ရောက်ပြီး ဘာတွေဆက်ဖြစ်မလဲ ကိုကျော်ဝင်းရဲ့ ရည်ရွယ်ချက်အမှန်ကရော ဘာလဲ ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ သိုင်းတွေအမိုက်ချတာကြည့်ပြီး တရုတ်မလေးတွေ ငမ်းရမှာပါ။ (ရဲမေမဟုတ်တဲ့ တရုတ်မင်းသမီးလေးဆို အတော်ချောပါတယ် မင်းသားနဲ့တောင် သိပ်မတန်ချင်ပါဘူး ကြည့်ရတာ တန်စေရပါမယ် ဒါက စကားချပ်…) File size…1.48GB / 639MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Action, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Crime • Drama
6 2013 105 mins
Man of Tai Chi
The Secret Garden
7.4

~ IMDb - 7.3/10, RT - 88%, Meta - 74% ~ ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie "The Secret Garden" ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ လျှို့ဝှက်ဥယျာဥ်တစ်ခု တကယ်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။ မှော်ဆန်တဲ့ လျှို့ဝှက်ဥယျာဥ်ထဲကို အလည်သွားရင်း မထုံတတ်တေးလေးမေရီက ရဲတိုက်ကြီးအတွက် ဘယ်လို အပြောင်းအလဲတွေယူဆောင်လာခဲ့လဲဆိုတာကိုလည်းကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 870MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action • Comedy
7.4 1993 102 mins
The Secret Garden
[18+] Going Places
6.8

~ IMDb - 7.2/10, Rotten Tomatoes - 73% ~ ဂျင်ကလော့ဒ်နဲ့ ပီရော့တို့နှစ်ယောက်က လူဆိုးတွေပါ၊ ခိုးသင့်တဲ့နေရာဆိုခိုး၊ လုသင့်တဲ့နေရာဆိုလု၊ လိမ်သင့်တဲ့နေရာဆိုလိမ်ပြီး စားဝတ်နေရေးဖြေရှင်းတတ်ကြတဲ့သူတွေဆိုတော့ လူလိမ်လား သူခိုးလား ဓားပြလား ပြောရခက်ပေမယ့် အစုံလုပ်ကြတဲ့နှစ်ယောက်ပါ။ ကျွမ်းကျင်လှတဲ့ပညာရှင်ကြီးတွေမဟုတ်ပေမယ့် အဲ့ဒီအလုပ်ကိုကြုံသလိုလုပ်ပြီး ပြင်သစ်နိုင်ငံအနှံ့ခြေဆန့်နေကြပါတယ်။ ဒီလိုပဲလူငယ်လူရွယ် အပေအတေတွေပီပီ ကြုံရာလူနဲ့လည်း လိင်စခန်းသွားတတ်ကြသေးတော့ ကားခိုးမှုတစ်ခုမှာ မာရီအန်းဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ သူတို့နှစ်ယောက်ကတော့ အခြေချတည်ငြိမ်ဖို့စိတ်ကူးမရှိပဲ မာရီအန်းကိုပါ အပါခေါ်ပြီး ပြင်သစ်အနှံ့ပတ်မွှေဖို့ ခရီးဆက်ကြပါတော့တယ်။ 1974 မှာ ထွက်ရှိခဲ့တဲ့ ဒီ Going Places ဇာတ်ကားဟာ Road movie လို့ပြောမထားပေမယ့် Road movie စစ်စစ်ဖြစ်ပြီး၊ ဟာသတွေကလဲ Dark ဖြစ်တဲ့ဘက်ကိုသွားတဲ့အတွက် တစ်ချို့အခြေအနေတွေက ရယ်ရမလိုငိုရမလို ပြုံးတမဲ့မဲ့ဖြစ်နေရမယ့် ဟာသ-ဒရာမာ ကားကောင်းတစ်ကားဖြစ်ပါတယ်။ သတိပေးချင်တာကတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့အပြုအမူ၊အပြောအဆို၊ လုပ်ရပ်တွေ၊ ပြကွက်တွေကြောင့် အငြင်းပွားမှုတွေရှိခဲ့တာလဲဖြစ်တဲ့အတွက် ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေ၊ Softcore Sex Scenes တွေ ပျစ်ပျစ်နှစ်နှစ် ပါဝင်နေလို့ 18+ Tag ကလေး တပ်လိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 910MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 57Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

6.8 1974 117 mins
[18+] Going Places
Monster Hospital

ဒီနေ့မှာ Channel Myanmar ပရိတ်သတ်တွေအတွက် တင်ဆက်ပေးချင်တဲ့ တရုတ်ကားကောင်း တစ်ကားကတော့ Monster Hospital လို့ခေါ်တဲ့ ၂၀၂၁ ထွက် အသစ်စက်စက် ဇာတ်ကားတစ်ကားပါ။ ဇာတ်အိမ်လေးက သုံးလောကမှာ သွေးနှောကညာပျိုတစ်ယောက်ပိုင်တဲ့ ဆေးခန်းတစ်ခုရှိတယ်ပေါ့ဗျာ။ ဒီဆေးခန်းရဲ့ သမားတော် ကညာပျိုလေးက မိစ္ဆာတစ်ဝက် လူတစ်ဝက်ဗျ။ သူ့ဆေးခန်းကလည်း မကောင်းဆိုးဝါးနဲ့ မိစ္ဆာတွေကိုပဲ ကုပေးတာ။ ဒါပေမယ့် တစ်ရက်လည်းကျရော မော့ဝမ်လို့ခေါ်တဲ့ မိစ္ဆာဆေးလုံးကို ကိုယ်ဝန်လွယ်ထားတဲ့ လူယောက်ျားတစ်ယောက် ( ကျင်းကျွီကျွင်း) ဆေးခန်းကို ရောက်လာပါလေရော။ ကညာပျိုလေးက သွေးနှောဆိုတော့ ပုံမှန်မိစ္ဆာတွေလို အသက်ရှည်ရှည်မနေနိင်ဘူးတဲ့ဗျာ။ ဒါပေမယ့် မော့ဝမ်ကို စားရင်တော့ ရလာဒ်ကတစ်မျိုးပြောင်းသွားမှာပေါ့။ ဒီတော့ ရေကန်အသင့် ကြာအသင့်ဆိုသလိုပဲ ကျင်းကျွီကျွင်းကို ကူညီပြီး မော့ဝမ်ကိုမွေးပေးတော့တာပေါ့။ အဲဒီနောက်မှာရော သူ့ရဲ့ မူလအစီအစဥ်အတိုင်း မော့ဝမ်ကို စားပြီး အသက်ရှည်ရှည်နေသွားနိုင်မလား? နောက်ပိုင်းမှာ ဒါတွေအားလုံးက နောက်ကွယ်က ဂိုဏ်းချုပ်တစ်ယောက်ရဲ့ အစီအစဥ်ဖြစ်နေပြီးတော့ ကျင်းကျွီကျွင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲဆိုတာ သိလိုက်ရတဲ့အခါ? ဘာတွေဆက်ဖြစ်ကြမလဲ? ဇာတ်အိမ်လေးက ခိုင်ခိုင်မာမာနဲ့ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိတ်သတ်တို့အနေနဲ့ လက်မလွှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ File size…1.2GB / 640MB Quality…1080p WEB DLx264 / 720p  Format…mp4 Duration….1h 18 mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM

Mystery • Thriller
0 2021
Monster Hospital
The Mist
6.9

ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင်ပေါ့) :P ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ... တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့ အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါ....

Crime • Drama
6.9 2007 126 mins
The Mist
Adam’s Apples
Hibiscus Town
8.1

Hibiscus Town (1986) ================ IMDb Rating – 8.1/10 Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ရိုက်ခတ်မှုတွေကို ပြထားတယ်။ မင်းသားကလည်း ကျန်းရိမူရဲ့ပထမဆုံးကားမှာ မင်းသားလုပ်ခဲ့တဲ့ In the Heat of the Sunတို့ The Sun Also Risesတို့ကို ဒါရိုက်တာအဖြစ်ရိုက်ဖူးတဲ့ တရုတ် ပြည်ရဲ့ ခြောက်ဆက်မြောက်ဒါရိုက်တာတွေထဲက Wen Jiang။ သို့ပေမဲ့ လည်း ဒီကားက ကျန်းရိမူကားတွေလိုပဲ မင်းသမီးအဓိကဇာတ်ပါပဲ။ ရှည် နေတာကလွဲ ကျန်းရိမူကားတွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံတော်တော်တူ တယ်။ သူ့နောက်ခံထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလကြောင့်လား တော့မသိဘူးပေါ့။ ဘာနေနေပါ တရုတ်ပြည်သုံးခြမ်းလုံးရဲ့ ကားပေါင်း ကုဋေချီထဲကမှ အကောင်းဆုံးတစ်ရာကို ပြန်ရွေးထုတ်တဲ့ထဲက တစ်ကား ဆိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.83 GB) / (816 MB) / (500 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………2Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Romance Translator…….WiRa Aung Encoder……….SWM

8.1 1986 164 mins
Hibiscus Town
Just My Luck

Just My Luck (2006) ================ ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။ Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။ Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။ အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ကံဆိုးသွားမလဲဆိုတာကို ရယ်ရယ်မောမော ကြည်ကြည်နူနူး ကြည့်ကြရမှာဖြစ်ပါတယ်။ ၂၀၀၆ က ရိုက်ထားတာဖြစ်ပေမဲ့ မရိုးမဆန်းနဲ့ ကြည့်လို့ကောင်းနေသေးတဲ့ ဇာတ် လမ်းမျိုးပါ။ အဲဒါကြောင့် အချစ်ဟာသဇာတ်မြူးကြိုက်သူတွေအတွက် တစ်ချိန်က သူ့ခေတ်သူ့အခါ လူကြိုက်များခဲ့တဲ့ Chris Pine နဲ့ Lindsay Lohan တို့ရဲ့ ဒီဇာတ် လမ်းလေးကို ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(2.17 GB) / (1.05 GB) Quality…………WEB-RIP 1080p / 720p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Fantasy, Romance Translator……C’mon Encoder……….SWM

0 2006
Just My Luck
The Puppet Asylum

ဒီ short filmလေးကတော့ Down Syndromeခံစား‌ခဲ့ရတဲ့ ဒါရိုက်တာ Otto Baxterရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါပဲ။ သူက ဒီဇာတ်လမ်းရဲ့ Main characterနေရာမှာ သူပဲသရုပ်ဆောင်ပြီးတော့ သူ့ရဲ့ဘဝမှာ ကြုံခဲ့တဲ့ အခက်အခဲပေါင်းများစွာရယ်၊ လူတွေက သူ့အပေါ်ဘယ်လိုမျိုးနှိမ့်ချဆက်ဆံခဲ့သလဲဆိုတာတွေကို horror, comedyနဲ့ fantasy ပေါင်းစပ်ထားတဲ့ short filmလေးတစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကို ပုံဖော်ထားတာက ပုံပြင်တစ်ပုဒ်ကိုပြောပြနေသလိုဖြစ်ပြီး ကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲ ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပဲ ထင်မှတ်စေမှာပါ။ အဲဒါကြောင့်ပဲ ပရိတ်သတ်ကြီးလဲ စိတ်ဝင်စားတယ်ဆိုရင် မိနစ်သုံးဆယ်ပဲကြာတဲ့ ဒီshort filmလေးကို အားတဲ့အချိန်လေးမှာ အေးအေးဆေးဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(442 GB)/(224 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Animation • Family • Comedy
0 2023
The Puppet Asylum
Lion of the Desert
8.3

IMDb 8.2, RT – 75% Old but gold ဖြစ်နေဆဲ ဂန္တဝင်မြောက် စစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကလည်း The messageကို ကိုင်တွယ်ခဲ့တဲ့ လက်ရာမြောက်ရုပ်ရှင်တွေကို ဖန်တီးလေ့ရှိတဲ့Moustapha Akkad ဖြစ်ပါတယ်။ ဒီရှင်ရှင်ရဲ့ဇာတ်လိုက်ကလည်း 90s bornတွေ အကုန်သိကြတဲ့ Oscars ဆု ၂ဆုပိုင်ရှင် မင်းသားကြီး Anthony Quinnက ထူးချွန်ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ အီတလီနိုင်ငံမှာ ဖက်ဆစ် တန်ခိုးကြီးထွားစင်ကာလပိုင်းခြားက ဖက်ဆစ်အီတလီတွေရဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဖြစ်ရပ်မှန်ပေါ်ကို အခြေပြုရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင် မှန်သလဲဆိုရင် ၁၉၈၂ခုနှစ်မှာ “အီတလီရဲ့စစ်တပ်သိက္ခာကို စော်ကားတဲ့ရုပ်ရှင်”လို့သတ်မှတ်ပြီးတော့ကို ပိတ်ပင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀ရာစုမှာ ဥရောပနိုင်ငံကြီးတွေက စတင်နယ်ချဲ့ဖို့ကြိုးစားလာကြပါတော့တယ်။ အီတလီတွေကလည်း အမေကျော်ဒွေးတော်လွမ်းပြီး ရိုမန်အင်ပါရာကြီးကို ပြန်လည်ထူထောင်မယ်ဆိုပြီး နယ်ချဲ့မှုမှာ စတင်ပါဝင်လာတော့ပါတယ်။ နယ်ချဲ့တာက တန်ခိုးအာဏာ ဘုန်းတန်ခိုး ကြီးထွားချင်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ နယ်ချဲ့ကြပေမယ့် နယ်ချဲ့ခံရတဲ့နိုင်ငံတွေက အကြီးကျယ် ဒုက္ခများရပါတော့တယ်။ အီတလီတွေ ပထမဆုံး နယ်ချဲ့တဲ့နိုင်ငံက မြေထဲပင်လယ်ထဲက အရေးပါတဲ့နိုင်ငံတစ်ခု ဖြစ်တဲ့ လစ်ဗျားနိုင်ငံကိုဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလည်း ဗြိတိသျှ ကျူးကျော်သိမ်းပိုက်ခံလိုက်ရတဲ့အတွက် သိမ်းပိုက်ခံလိုက်ရစဥ်ကတည်းက လွတ်လပ်ရေးမရခင်အထိ အင်္ဂလိပ်အစိုးရကို မျိုးဆက်အဆက်ဆက် တော်လှန်လာခဲ့ပါတယ်။ ထိုနည်းတူစွာပဲ လစ်ဗျားနိုင်ငံကလည်း အီတလီတွေကို တော်လှန်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့တော်လှန်ရေးဖခင်ကြီးကတော့ အိုမာ မုခ်တာ ဖြစ်ပါတယ်။ တော်လှန်ရေးဖခင်ကြီး အိုမာ မုခ်တာက ဖက်ဆစ် အီတလီတွေကို ဘယ်လိုတော်လှန်မလဲ၊ ပြောက်ကျားစနစ်နဲ့ အီတလီတပ်တွေကို ဘယ်လိုခြေမှုန်းမလဲ၊ အီတလီတွေဘက်ကရော အိုမာ မုခ်တာနဲ့ တော်လှန်ရေးကိုခြေမှုန်းဖို့ ဘယ်လောက်ထိ ကြိုးစားကြမလဲ။ ဘယ်လို လူအခွင့်ရေးနဲ့မညီတဲ့ ယုတ်မာမှုတွေကို အီတလီတွေက ကျူးလွန်ခဲ့ကြလဲ။ အိုမာ မုခ်တာတို့ လစ်ဗျားတိုင်းရင်းသားတွေက ဘယ်လိုတော်လှန်ကြမလဲဆိုတာကို ဒီရုပ်ရှင်မှာပြည့်ပြည့်စုံစုံကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ထူးခြားချက်က သာမန်ရုပ်ရှင်လို ပေါ်လစီတွေ ထိုင်ပြောတာမျိုး၊ ဇာတိမာန်တွေကို ဒိုင်ယာလော့အနေနဲ့ ငြီးငွေ့နေအောင် ထိုင်ပြောတာမျိုး၊ ရန်သူလာရင် အော်ပြီး ထွက်ချတာမျိုးမဟုတ်ဘဲ ဗျူဟာကျကျနဲ့ စစ်ချီစစ်ချပုံစံတွေကို ဖော်ပြထားပါတယ်။ တော်လှန်ရေးဘက်က ဗျူဟာအမြင်တစ်ခုတည်းကိုပဲ မဟုတ်ဘဲ အီတလီတွေရဲ့စစ်ရေးဗျူဟာတွေကိုပါ ပြည့်ပြည့်စုံစုံ ရိုက်ကူးဖော်ပြထားတဲ့အတွက် ဒီရုပ်ရှင်က စစ်ကားကြိုက်သူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(3.8 GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:53:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

8.3 1981 173 mins
Lion of the Desert
Kinderfanger

ဆွံ့အနားမကြားသင်တန်းကျောင်းဆရာမလေး အိုလီဗီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ အရင်းနှီးဆုံးသင်တန်းကျောင်းသား မားရ်ကပ်စ်ကို လိုက်ရှာရင်း ဝါးလေ့စ်ဆိုသူနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဝါးလေ့စ်နဲ့ တွေ့ဆုံမှုကနေတစ်ဆင့် ကလေးပျောက်တရားခံ “ပုလွေသမား” လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါအကြောင်းသိခဲ့ရပြီး မားရ်ကပ်စ်ကိုပြန်ခေါ်ဖို့ အတူတူကြိုးစားခဲ့ကြပါတယ်။ “ပုလွေသမား”ဆီကနေ မားရ်ကပ်စ်ကို ကယ်နိုင်မလား၊ အိုလီဗီယာဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ခပ်သွက်သွက် Horror ဇာတ်လမ်း‌လေးပါ။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

0 2023
Kinderfanger
Charisma
6.8

Charisma (1999) ~ IMDb – 6.8/10, Rotten Tomatoes – 76% ~ ထူးခြားတဲ့အပင်တစ်ပင်အတွက် တစ်တောလုံးကို သတ်ပစ်မလား။ တစ်တောလုံးကို ကယ်ဖို့အတွက် အဲဒီအပင်တစ်ပင်ကို သတ်ပစ်မလား။ နှစ်မျိုးစလုံးကို ကယ်မှာလား။ နှစ်မျိုးစလုံးကို ကယ်ဖို့လုပ်ရင်း နှစ်ခုလုံးက သေသွားတာဖြစ်နိုင်ပြန်ပါသေးတယ်။ ဒါမှမဟုတ် နှစ်မျိုးလုံးကို သတ်ပစ်လိုက်ပြီးတော့ အစသစ်တစ်ခုကို ဖန်တီးမှာလား။ ဒီလိုဝေခွဲရခက်တဲ့ မေးခွန်းတွေကို Charisma (1999) ဆိုတဲ့ ဇာတ်ကားလေးက မေးပြီးတော့ အဖြေတွေကို ဖြေပြသွားပါတယ်။ အပင်တွေရဲ့ ဂေဟစနစ်နဲ့ လူ့အဖွဲ့အစည်းကိုလည်း လှလှပပလေး ယှဉ်ပြီး ပြသွားပါသေးတယ်။ မှန်းဆမရတဲ့ လူ့သဘာဝနဲ့ မတူတဲ့ ယုံကြည်မှုရှိတဲ့သူတွေ၊ မတူတဲ့ အဖြေတစ်ခုစီ ရှိနေကြတဲ့ လူတွေရဲ့ ပဋိပက္ခတွေ စတဲ့ အဖြေရှာမရတဲ့ ပြဿနာတွေကို အဓိကဇာတ်ကောင်က ဖြေရှင်းသွားတဲ့ပုံကတော့ ရွဲ့တယ်ပဲ ထင်ရမလား၊ အဲဒါကပဲ တကယ့်အဖြေဖြစ်နေမလား၊ ဒါမှမဟုတ် ဇာတ်ညွှန်းရေးဆရာရဲ့ ယုံကြည်မှု ဒါမှမဟုတ် နောက်ထပ် အဖြေတစ်ခုပဲလားတော့ ကျွန်တော်လည်း မသိတော့ပါဘူး။ ဂျပန် Psychological Horror လောကကို အပြောင်းအလဲတစ်ခုဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ Cure ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Kiyoshi Kurosawa ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပေါ့။ ခိရိုရှိကူရိုဆာဝါဟာ ခိုဂျိနဲ့တွဲရိုက်တဲ့ သူ့မာစတာပိစ်ရုပ်ရှင်ဖြစ်တဲ့ Cure နဲ့ နိုင်ငံတကာမှာ အောင်မြင်မှုရပြီးနောက်ပိုင်းမှာ Perfect Days နဲ့ခုနောက်ပိုင်း ဒီကလူတွေတော်တော်သိလာတဲ့ ခိုဂျိနဲ့ပဲ Charisma နဲ့ Pulse ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားကလည်း Cure လိုပဲ ဂျပန်ဟော်ရာရုပ်ရှင်တွေရဲ့ မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ဟော်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံးထွက်တဲ့ Chime မှာ ဘာမှမပါဘဲကို ရိုက်ပြနိုင်တဲ့ အမြင့်ဆုံးအဆင့်လို့ပြောလို့ရတဲ့ အဆင့်ကိုရောက်သွားပြီဆိုတော့ ဒီအစောပိုင်းကားတွေမှာ ဘယ်လိုလက်စွမ်းပြထားမလဲ ကြည့်ကြသင့်တဲ့ ရုပ်ရှင်ပါပဲ။ ဂျပန်ဟော်ရာနဲ့ပတ်သက်ရင် Kiyoshi Kurosawa ကတော့ ခင်ဗျားကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 980MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 44Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.8 1999
Charisma
Love Stuck Rak Won Loop
7.1

Love Stuck (2024) Original title: Rak Won Loop IMDb Rating (7.1) အတွေးဆန်းဆန်းလေးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားအသစ်လေးတွေကို ကြည့်ရှုခံစားရင်း ဘဝအမောပြေပျောက်ချင်ကြတဲ့ ပရိတ်သတ်များကို Love Stuck ဆိုတဲ့ IMDb 7.1/10 ရရှိထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ထူးခြားတဲ့ရသမျိုးစုံခံစားရစေနိုင်လို့ Fiction-Thriller-Drama-Comdedy အမျိုးအစားလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း တွိုင်ဆိုတဲ့ မျှော်လင့်ချက်မရှိ အလွတ်တန်းပန်းချီဆရာလေးတစ်ယောက် မထင်မှတ်ဘဲ နှစ်သစ်ကူးအကြိုနေ့မှာ သူ့အချိန်တွေရပ်သွားပြီး နောက်ထပ် မနက်ဖြန်ဆိုတဲ့ နေ့ရက်မရှိလာတော့တဲ့အခါ သူတစ်ခါမှာ မလုပ်ဖူးတာတွေ လျှောက်လုပ်ရင်း အဓိပ္ပာယ်မဲ့ ပျော်ပါးနေခဲ့ပါတယ်။ ဒီလိုနေလာရင်း ငြီးငွေ့လာတဲ့သူက သူဘာလို့ ဒီတစ်ရက်ထဲမှာ ပိတ်မိခဲ့လဲဆိုတာကို စဉ်းစားရင်းက ဝီး ဆိုတဲ့မိန်းကလေးကြောင့် ကားတိုက်ခံရပြီး သူသေမလိုဖြစ်ခဲ့တာကိုသတိရသွားတဲ့အခါ ဝီးကို တွေ့နိုင်ဖို့ ကြိုးစားပါတော့တယ်။ တွိုင်နဲ့ဝီး ဆုံတွေ့ကြတဲ့အခါမှာ ဒီလောကကြီးထဲမှာ သူတို့နှစ်ယောက်တည်း သီးသန့်ဖြစ်တည်နေသလိုမျိုး ခံစားလာရတဲ့အတွက် ဒီအချိန်စက်ဝန်းကနေ လွတ်မြောက်ဖို့ နှစ်ယောက်အတူ ကြိုးစားရှာဖွေကြပါတော့တယ်။ တွိုင်နဲ့ ဝီးတို့နှစ်ယောက် ဘာကြောင့်အချိန်စက်ဝန်းထဲမှာ ပိတ်မိသွားကြသလဲ… သူတို့နှစ်ယောက်အတွက် မနက်ဖြန်ဆိုတာ တကယ်ပဲ ရှိလာနိုင်ပါတော့မလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။) File size…(8.4 GB) / (1.7 GB) / (970 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Romance Duration….01:57:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

7.1 2024
Love Stuck Rak Won Loop
Kombu Vatcha Singamda
4.6

Kombu Vatcha Singamda (2022)”ဦးချိုပါသော ခြင်္သေ့” ============================================ ၂၀၂၂ က ထွက်ရှိတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူမာသီဆိုတဲ့ကောင်မလေးဟာ အိမ်ထောင်ကျ ကလေးတစ်ယောက်ရပြီးနောက်မှာ မပြန်ဖြစ်တာ ၅ နှစ်ကြာပြီရှိတဲ့ သူ့ရဲ့မွေးရပ်မြို့လေးဆီကို ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မွေးရပ်မြို့လေးဟာ သူမှတ်မိထားတဲ့ပုံစံနဲ့မတူဘဲ တိတ်ဆိတ်ခြောက်ကပ်နေပြီး သုသာန်တစပြင်လိုမျိုး လူသူကင်းမဲ့နေတာကို တွေ့လိုက်ရတယ်။ အဲဒီလိုဖြစ်နေရတဲ့အကြောင်းအရင်းကို စုံစမ်းကြည့်တဲ့အချိန်မှာတော့ သူတို့မြို့လေးအတွက် အနစ်နာခံသွားတဲ့ လူငယ်ငါးယောက်ရဲ့အကြောင်းကို သိခဲ့ရပြီး အဲဒီလူငယ်ငါးယောက်ရဲ့အကြောင်းနဲ့ သူတို့ မြို့လေး ဘယ်လိုတိတ်ဆိတ်ခြောက်ကပ်သွားတာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.6 2022
Kombu Vatcha Singamda