Virgin Stripped Bare by Her Bachelors (2000) ~ IMDb – 6.9/10, Rotten Tomatoes – 71% ~ ၂၀၀၀ခုနှစ်တုန်းက ဟုန်းဆန်းဆူရိုက်ခဲ့တဲ့ Virgin Stripped Bare by Her Bachelors ကို Genre အရတော့ Erotic Comedy-Drama လို့ သတ်မှတ်ထားတယ်။ ဆိုးရွားတဲ့ Genre ခွဲခြင်းလို့ပြောရမှာပဲ။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အပျိုမလေးကို ကိုယ်လုံးတီးချွတ်ဖို့ကြံတဲ့ သူ့ဘဲတွေအကြောင်းပါပဲ။ တစ်နည်းပြောရရင် ပန်းဦးခြွေခြင်းအကြောင်းပေါ့။ ဟုန်းဆန်းဆူရဲ့ထုံးစံအတိုင်း ရိုးရှင်းတဲ့ သာမန်စကားပြောခန်းတွေနဲ့ပဲ တည်ဆောက်ထားတယ်။ ဒီလိုတည်ဆောက်ထားပေမဲ့ သူ့အကြောင်းအရာအောက်က စိတ်ရဲ့သဘောသဘာဝကို သဘာဝကျကျ ရှုထောင့်မှန်မှန်တင်ပြနိုင်တာကတော့ ထုံးစံအတိုင်း သူ့အားသာချက်ပါပဲ။ အပျိုမလေးတစ်ယောက် ပန်းဦးကြွေတဲ့အကြောင်းကို သူက ရှု့ထောင့်အဖုံဖုံနဲ့တင်ပြထားတယ်။ အဓိကအားဖြင့်တော့ ယောက်ျားလေးဘက်က မြင်နေမယ့် မိန်းကလေးရဲ့ဖြူစင်မှု ရှုထောင့်နဲ့ မိန်းကလေးရဲ့တကယ့် သဘောသဘာဝအမှန်ကို တင်ပြထားတယ်။ ဒီ၂ဖက်ကို သူတင်ပြသွားတဲ့နေရာမှာ သူမြင်တဲ့အမြင်လား သူလေ့လာဖူးတာလား သူကြားဖူးတာလား သူဘာကိုအခြေခံပြီး သူ့အမြင်ကို တည်ဆောက်ထားလဲမသိပေမဲ့ ကျွန်တော့်ကိုယ်တိုင်သိတဲ့အသိအရရော၊ ဒီလိုပြောပြဖို့ခက်တဲ့ကိစ္စတွေအစ ဘာမဟုတ်တဲ့သာမန်ကိစ္စတွေအဆုံး ဘယ်လိုအခြေအနေမှာ လူတွေက ဘယ်လိုစိတ်လဲဆိုတာကို မေးလို့ရတဲ့လူတိုင်းနီးပါးကို စနည်းနာစပ်စုဖူးတဲ့ ကျွန်တော့်သိသမျှအရရော သူတင်ပြသွားတဲ့အချက်တွေက ကျွန်တော့်အတွက်တော့ ရာနှုန်းပြည့်နီးပါးမှန်နေတယ်။ ဒီလိုအကြောင်းအရာကို ဘာမှမပါတဲ့ဇာတ်အိမ်မှာ နှိုက်နှိုက်ချွတ်ချွတ်တင်ပြသွားနိုင်တဲ့ ဟုန်းဆန်းဆူရဲ့ စကေးကိုတော့ တော်တော်အထင်ကြီးသွားမိတဲ့အထိပေါ့။ ဟုန်းဆန်းဆူပရိသတ်ဖြစ်ဖြစ် အင်ဒီဖလင်တွေရဲ့ အရသာကိုဖြစ်ဖြစ် ကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဟုန်းဆန်းဆူကားတွေက ဒီတိုင်းရိုးရှင်းရတဲ့အထဲ အဖြူအမဲနဲ့ ရိုက်ပြထားတဲ့အချက်ပါပဲ။ ပြောရရင် သူ့စကားပြောခန်းတွေက ရိုးပေမဲ့ အပြောကျယ်သလို အဖြူအမဲနဲ့တင်ဆက်ခြင်းက အဲဒီအပြောကို ပိုကျယ်စေတဲ့အရာ ဖြစ်နိုင်ပါတယ်။ လောင်စီပြောဖူးတာက အနက်ဆိုတာ အရောင်ပေါင်းစုံဖြစ်တယ်။ အနက်နဲ့စာကိုရေးတဲ့အခါ အရောင်တစ်မျိုးတည်းနဲ့ ရေးထားသလို နယ်မကျဉ်းဘူး။ စကြဝဠာခါးပန်းအထိ ဆိုက်အောင် နယ်ကျယ်သွားတယ်တဲ့။ အစိမ်းရောင်နဲ့ရေးမိရင် အစိမ်းပဲဖော်ပြနိုင်ပေမဲ့ အဖြူပေါ် အမဲတင်လိုက်ရင်တော့ အဆုံးအစမရှိ တွေးခေါ်မျှော်မြင်နိုင်တယ်တဲ့။ တရုတ်တို့ ဂျပန်တို့ရဲ့ လက်ရေးလှပညာနဲ့ပတ်သက်တဲ့ စကားပေမဲ့ အနုပညာတိုင်းအတွက် အကျုံးဝင်နေသလိုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 6Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
Action • Adventure • Thriller
6.9
2000
127 mins