YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Deaths.Game.S01E06.TVING.WEB-DL 4K.HEVC.(CM).mkv

3.66 GB N/A video/x-matroska 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Butler
7.3

2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦး File size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Horror • Romance
7.3 2013 132 mins
The Butler
(18+) Rape Zombie: Lust of the Dead 5
5.4

ဂျပန်ကိုနယူးကလီးယားဗုံးအကြဲခံလိုက်ရပြီးတော့ အမျိုးသမီးတွေကို လိင်စိတ်ဆာနေတဲ့ဇွန်ဘီးတွေက တိုက်ခိုက်ကြပါတယ်….အဲ့တိုက်ခိုက်တဲ့ ဇွန်ဘီးတွေကို အမျိုးသမီးတစ်စု ဘယ်လိုနှိမ်နှင်းပြီး လွတ်မြောက်သွားလဲဆိုတာကို ကြည့်ရမှာပါ ။ ဒုတိယကားမှာတော့ ပုန်းအောင်းနေတဲ့လူနောက်တစ်စုက ပိုမိုဆိုးရွားလှတဲ့ ဇွန်ဘီးမျိုးစိတ်အသစ်ကို ရင်ဆိုင်ခဲ့ကြရပါတယ်။ တတိယကားမှာတော့ မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ နေရာအနှံ့ပျံ့နှံ့နေပြီဖြစ်တဲ့ လိင်စိတ်ဆာလောင်နေတဲ့ ဇွန်ဘီးတွေကို နောက်ဆုံးအသက်ရှင်ကျန်ဖို့အတွက် အားနွဲ့သောမိန်းမသားပေမယ့် ခက်ခက်ခဲခဲ ကြိုးစားရှင်သန်ပုံတွေကို ကြည့်ရှု့ရမှာပါ။ စတုတ္ထကားမှာတော့ အရာအားလုံးပြန်အဆင်ပြေဖို့အတွက် အတိတ်ကိုအချိန်ခရီးသွားပြီး အကျိုးတရားကောင်းဖို့ အကြောင်းတရားတွေကို ပြင်ဆင်ဖို့ ကြိုးစားကြတာဖြစ်ပြီး ယခုပဉ္စမကားဟာလည်း စတုတ္ထကားရဲ့ အဆက်အနေနဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ ဒီကားလေးဟာ18+ ကားတကားဖြစ်ပေမဲ့လည်း တချို့လူသဘာဝတရားသီအိုရီတွေကိုပါ တခါတည်းထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားအမျိုးအစားလေးကတော့ Horror အပေါ်အခြေခံထားပြီးတဲ့ 18+ကား တကားပါ ။(မှတ်ချက်) ကလေးသူငယ်များကြည့်ရှု့ရန်မသင့်တော်ပါ ။ File size…2.34GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Sylvie

Horror • Mystery • Thriller
5.4 2014 82 mins
(18+) Rape Zombie: Lust of the Dead 5
Doraemon: Nobita's Treasure Island
7.1

အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Comedy • Fantasy
7.1 2018 109 mins
Doraemon: Nobita's Treasure Island
Studio 666
6.1

IMDb 5.9/10 ============================== ဒီတစ်ခါ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ရင်တဖိုဖိုနဲ့ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်တွေအတွက် 2022 မှာမှ အသစ်ထွက်ထားတဲ့ Musical thriller/horror အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးက ကြောက်စရာကောင်းသလောက် သွေးထွက်သံယိုအခန်းတွေ၊ အော်ကလီဆန်စရာအခန်းတွေ ပါဝင်တာမို့လို့ ရွံတတ်သူများ ကြောက်တတ်လန့်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ ဇာတ်လမ်းအကျဥ်းလေးကတော့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့ ဆယ်နှစ်ပြည့် သီချင်းခွေထုတ်ဖို့ စီစဥ်နေကြပါတယ်။ သူတို့လိုအပ်နေတာက အသံတိတ်ဆိတ်ပြီး သီချင်းသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါပဲ။ ဒီအိမ်ကို လိုက်ရှာကြတဲ့အခါ ရှေးဟောင်းအိမ်ကြီး တစ်အိမ်ကို ရောက်ပြီး အဖွဲ့ခေါင်းဆောင်က အိမ်ကြီးကို ရွေးလိုက်ပါတယ်။ အဖွဲ့သားတွေကတော့ ဒီအိမ်ကြီးကို မသိုးမသန့်ဖြစ်ပြီး စိတ်အလိုမကျပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေတဲ့အတွက် သဘောတူလိုက်ကြပါတယ်။ ဒါပေမဲ့ ကြမ္မာဆိုးက ဝင်ချင်တော့ တစ်ရက်ပြီး တစ်ရက် နိမိတ်ဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း တစ်မျိုးတမည် ပြောင်းလဲလာပါတော့တယ်။ သူတို့စိတ်ကပဲထင်နေတာလား.... ဒီအိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လား.... သူတို့တီးနေတဲ့ သီချင်းခွေကရော ဘယ်လိုသံစဥ်တွေဖြစ်လာမလဲဆိုတာ..... စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ညဖက်တစ်ယောက်တည်း စောင်ခြုံပြီး ကြည့်သင့်တဲ့ ကြည့်ရင်းတန်းလန်း အိမ်သာမသွားသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ မလွတ်တမ်းအားပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre..... Comedy, Horror, Music Quality….WEB-DL 1080p and 720p amd 480p File size…1.5GB and 769MB and 278MB Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Crime • Drama • Thriller
6.1 2022 106 mins
Studio 666
Alpha
6.5

Imdb Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။ တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။ အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။ စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ? ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ? သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Alpha (2018)ပါ။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပါ) File Size : (898 MB) Quality : BluRay 720p Running Time : 1hr 36min Format : Mp4 Genre : Adventure , Drama , Family Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 1080p Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Action & Adventure • Drama • Sci-Fi & Fantasy
6.5 2018 97 mins
Alpha
Watching the Detectives
6.2

Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mariposa

6.2 2007
Watching the Detectives
The Fourth Kind

Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကဲကဲ ဇာတ်လမ်းအကြောင်း စလိုက်ကြတာပေါ့ဗျာ။ လောလောလတ်လတ်ကမှ ဒေါက်တာ အက်ဘီဂေလ်း အမ်မလီ တိုင်လာရဲ့ ခင်ပွန်းဖြစ်သူ ဝေလ်က ဆန်းကြယ်စွာနဲ့ သေဆုံးခဲ့ပါတယ်။ ဝေလ် တစ်ယောက် အသတ်ခံလိုက်ရတယ်လို့ အက်ဘီကတော့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ အက်ဘီရော ဝေလ်ရောက စိတ်ကုထုံးဆရာဝန်တွေပါ။ အက်ဘီက သူ့ရဲ့ခင်ပွန်းကို သတ်သွားတဲ့ တရားခံကို ရှာမတွေ့ခင်မှာ သူ့ရဲ့ဘဝကို ပုံမှန်အတိုင်းဖြစ်ဖို့ move on ရပါတော့တယ်။ စိတ်ကုထုံးဆရာဝန်ဆိုတော့ သူ့ဆီကို လူနာတွေ လာပြကြတာပေါ့။ ဒါပေမယ့် ထူးဆန်းတာတစ်ခုက သူ့ဆီလာပြတဲ့ လူနာတွေ အကုန်လုံးရဲ့ ရောဂါလက္ခဏာက တူနေကြပါတယ်။ လူနာတွေအကုန်လုံးက ည၃နာရီဆိုရင် လန့်နိုးလာကြပြီး ဆက်အိပ်လို့မရတော့တာပါ။ သူတို့ အိပ်လို့မရတဲ့အကြောင်းရင်းက ဇီးကွက်တစ်ကောင်က စိုက်ကြည့်နေလို့ပါတဲ့။ အဲဒါနဲ့ အက်ဘီက သူ့ရဲ့ လူနာတွေကို အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်ပါတော့တယ်။ အိပ်မွေ့ချတဲ့နည်းနဲ့ ကုသကြည့်မှ လူနာတွေ မြင်နေရတဲ့ ဇီးကွက်က ဇီးကွက် မဟုတ်နေသောအခါ ….. လူနာတွေက တကယ်ပဲ အိပ်မပျော်တာလား ဒါမှမဟုတ်တာ တခြားတစ်ခုခုကြောင့်လား ….. အိပ်မပျော်တဲ့ရောဂါနောက်မှာ ပိုပြီးကြီးမားကျယ်ပြန့်တဲ့ ကိစ္စအကြီးကြီး တစ်ခုခု ရှိနေသောအခါ ….. အက်ဘီ တစ်ယောက် သူမသိသေးတဲ့ အရာတစ်ခုကို ဘယ်လိုရင်ဆိုင်သွားမလဲ ….. လူတွေကရော သူ့ကိုယုံကြည်ကြပါ့မလား ….. အစရှိတာတွေကို ရုပ်ရှင်ထဲမှာ စီးမြောရမှာပါ။ ယခု ရုပ်ရှင်ကို ကြည့်ပြီးသွားရင် တွေးစရာ ၂ခု သေချာပေါက် ခေါင်းထဲ ဝင်လာပါလိမ့်မယ်။ တွေးရတာကြိုက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဒီရုပ်ရှင်က ထူးရှယ်ဖြစ်နေမှာသေချာပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ ကိုယ် ယုံကြည်မယ့် အရာကို ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီးသွားလို့ ယုံကြည်မယ့်အရာတစ်ခုကို ဆုံးဖြတ်ပြီးသွားရင်လည်း mentခဲ့ကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Mystery, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2009
The Fourth Kind
L.I.F.E.

အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။ အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing

Drama • Crime
0 2024
L.I.F.E.
Reincarnation
6.1

Reincarnation (2005) =================== The grudge series ရဲ့ ပဲ့ကိုင်ရှင် Takashi Shimizuရဲ့ လက်ရာကောင်းလေးဖြစ်တဲ့ Reincarnation ကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းနာမည်အတိုင်း လူဝင်စားတွေအကြောင်း ရိုက်ကူးထားတာပါ ဟိုတယ်တစ်ခုမှ ပါမောက္ခတစ်ယောက်ရဲ့ ရူးမိုက်စွာသတ်ဖြတ်ခြင်းကို ခံရတဲ့ လူ ၁၁ယောက် ရှိပါတယ် ယနေ့ခေတ်မှာတော့ နာဂိဆာဆိုတဲ့ တက်သစ်စ မင်းသမီးလေးဟာ ဒီဖြစ်ရပ်မှန်ကို ရိုက်ကူးမယ့်ရုပ်ရှင်မှာ သရုပ်ဆောင်ဖို အကြောင်းဖန်လာပါတော့တယ် ဇာတ်ညွှန်းကို လက်ခံရရှိပြီးကတည်းက မြင်နေကျမဟုတ်တဲ့အရာတွေကို မြင်လာရတယ် အရုပ်ကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေဟာ သူ့ဆီရောက်ရောက်လာတယ် ရိုက်ကွင်းအတွက် တကယ်ဖြစ်ပျက်ခဲ့တဲ့ ဟိုတယ်ကို သွားရောက် လေ့လာပြီးနောက်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့တယ် သူ့ကိုယ်သူ ကလေးမလေးရဲ့ လူဝင်စားလို ယုံကြည်လာတယ် ယာယိုအီဆိုတဲ့ မိန်းကလေးတစ်ယောက်ကလည်း အဲဒီဟိုတယ်ကို ခဏခဏ အိပ်မက်ထဲ မြင်နေတာမို သူငယ်ချင်းရဲ့ အကူအညီနဲ့ လိုက်လံစုံစမ်းရာမှာတော့… သူတို နှစ်ဦး ဘယ်လိုတွေ ချိတ်ဆက်မိမလဲဆိုတာ plot twistလေးနဲ့အတူ ခံစားလိုကောင်းမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thu Thu ပါ ) File size_(4GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:36:00 Genre_Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thu Thu

6.1 2005
Reincarnation
A Millionaire’s First Love
7.2

A Millionaire’s First Love (2006) ********************************** ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့ Ghost ထဲကမင်းသမီး Lee Yeon Hee တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့ Romance, Comedy ကားလေးဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်း ************** ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းက သူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက် အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်း ဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက .. မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက် သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် .. (ဇာတ်လမ်းအညွှန်းကို Lucienမှရေးသားထားပါတယ်) File size…1.88GB / 795MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 52 min. Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Lucien Encoded by AHtet

7.2 2006
A Millionaire’s First Love
Little Girl Blue
6.3

Little Girl Blue (2023) IMDb Rating (6.3) / Rotten Tomatoes (83%) ပြင်သစ်ရဲ့ နာမည်ကြီး စာရေးဆရာမနဲ့ ဓာတ်ပုံဆရာမဖြစ်တဲ့ ကာရိုးအချလာချီ ကိုယ်တိုင်ရိုက်ကူးပြီး ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ documentary ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြင်သစ်တွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းကို ဒရာမဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းဖြစ်အောင် ဒါ့အပြင် ဇာတ်အိမ်ကိုလည်း နက်နဲအောင် လုပ်ထားတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးတွေကို ကြိုက်တဲ့သူမျိုးအတွက် ကွက်တိလို့ပဲဆိုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History Duration….01:35:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.3 2023 95 mins
Little Girl Blue
Gabriel’s Rapture: Part I
5.9

Gabriel’s Rapture: Part I (2021) ********************************* အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ…. ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel’s Inferno (Part – 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့ နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကို စကြည့်လည်း အချိတ်အဆက်မိမိနဲ့ ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့ သူ့အရင်ထွက်ထားပြီးသား သုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ “ဒီကောင်ကွာ ဒီကောင်မကွာ” ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ ဒီအပိုင်းမှာတော့ ဂောဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက် ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့ လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့ အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ် File Size : 1.55GB/ 540MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:36:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

5.9 2021 95 mins
Gabriel’s Rapture: Part I
Screwed
5.7

Screwed (2000) IMDb Rating (5.7) / Rotten Tomatoes (10%) 2000 ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ Screwed ဇာတ်ကားဟာဆိုရင် Comedy/ Crime အမျိုးအစားဖြစ်ပါတယ်။ ကပ်စေးနဲလှတဲ့ မုန့်တိုက်ပိုင်ရှင် Miss Crock ဆီမှာ နှစ်တွေအကြာကြီး အစေခံအနေနဲ့ အလုပ်လုပ်လာရတဲ့ Willard နဲ့ သူ့သူငယ်ချင်း ကြက်ကြော်သည်လေး Rusty တို့က Miss Crock ရဲ့ ခွေးကလေး Muffin ကို ပြန်ပေးဆွဲပြီး ဒေါ်လာတစ်သန်းတောင်းရာကနေ ရှင်းမရတဲ့ အရှုပ်တော်ပုံတွေဖြစ်လာတဲ့အ‌ကြောင်းကို ရယ်မောဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် Miss Crock ရဲ့ သောက်ကျိုးနည်း ကပ်စေးနဲပုံတွေ၊ Willard ရဲ့လုပ်အားအမြတ်ထုတ်ခံရပုံ၊ ဘာပံ့ပိုးထောက်ပံ့မှုမှမရပုံတွေ၊ ဒီအလုပ်ကထွက်ဖို့ ကြိုးစားရင်း Rusty နဲ့အတူ ခွေးကလေးကို ပြန်ပေးဆွဲဖို့ ပလန်ကြတဲ့အခါ အလွဲလွဲ အချော်ချော်ဖြစ်လာတာတွေကို ရယ်ရယ်မောမောကြည့်ရှုရမှာမို့လို့ ဟာသကားကြိုက်သူတွေအတွက် ပြောစရာမလိုအောင် လက်မလွှတ်တန်း ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Warning***ကြမ်းတမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများပါဝင်ပါသည်*** (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien ဖြစ်ပါတယ်။) File size…(2.3 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:22:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Vivien

Action • Crime • Drama
5.7 2000 81 mins
Screwed
Ben-Hur Ben Hur
5.7

Ben-Hur (2016) Ben Hur ရောမခေတ် ဂျူးလိယက်ဆီဇာ ဂျေရုစလင်နဲ့ ဂျူး အာရပ် စတဲ့ဇာတ်ကောင်တွေကို အခြေပြုလို့ ခရစ်တော်ရဲ့မေတ္တာဂရုဏာတော်ကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ 1959 ခုနှစ်က အောင်မြင်ထင်ရှားခဲ့တဲ့ Ben-Hur ခေတ်ဟောင်းရုပ်ရှင်ကို ပြန်လည်းဆန်းသစ်ထားတဲ့ ရုပ်ရှင်ပါ။ ရာဇဝင်ကားကြီးတွေရဲ့ ထုံးစံအတိုင်း လူအင်အားကောင်းကောင်း၊ ဆက်တင်ကြီးကြီးတွေနဲ့ အားထုတ်ရိုက်ကူးထားပြီး Rating တွေ မကောင်းလှပေမယ့် သူ့ဟာနဲ့သူကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကိုတော့ ခရစ်တော် သက်ရှိထင်ရှားရှိစဉ် ရောမခေတ်ကို ဇာတ်အိမ်ယူထားပါတယ်။ ဂျူးလူမျိုးနဲ့ ရောမသားဆိုတဲ့ မွေးစားညီအကိုနှစ်ယောက်ကြား ကိုယ်ပိုင်ဇာတ်လမ်းနဲ့အတူ၊ အရမ်းချစ်ခင်ကြတဲ့ ညီအကိုနှစ်ဦးရဲ့ အိမ်အပြန်ခရီးတွေဟာ သူတို့မိသားစုအတွက် မမျှော်လင့်လောက်အောင် ခက်ခဲတဲ့ အနာဂတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ ချစ်ခြင်းမေတ္တာနဲ့အတူ အမုန်း၊ အာဃာတ၊ အာဏာတွေကြားက အားပြိုင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောမခေတ်က စစ်ရထားပြိုင်ပွဲကြီးတွေကိုလည်း ရင်တစ်ဖိုဖိုနဲ့ ကြည့်ရူ့ရမှာပါ။ ဒီရုပ်ရှင်မှာ ထိုစဉ်အချိန်က သက်ရှိထင်ရှားရှိဆဲ ခရစ်တော်၏ ပုံရိပ်ကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။ လူသားတွေရဲ့ အတ္တ မာန အာဃာတ တွေကြောင့် ဒီကမ္ဘာကြီးပေါ်မှာ ဘုရားတွေပေါ်လာပြီး ကယ်တင်ခြင်းခံရတယ်လို့ ခံစားမိစေမှာပါ။

Drama • Crime
5.7 2016 125 mins
Ben-Hur Ben Hur