YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dear Doctor I'm Coming For Soul Ep.2.mp4

808.25 MB N/A video/mp4 277 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The God of Cookery
7

ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ သူကိုယ်တိုင်လည်း ဘရုစ်လို ဝင်းချွန်းသိုင်း ကျင့်ထားတဲ့ သိုင်းသမားပါပဲ။ နောက် သူ့ရဲ့ပထမဆုံးဟာသကားလို့ ပြောရမယ့် Faithfully Yours ကို ဂျက်ကီချောင်တို့နဲ့ အတူရိုက်ခဲ့ပြီး နောက်ပိုင်း ဂျွန်ဝူးနဲ့ Just Heroes, ဂျက်လီနဲ့ Dragon Fight ဘာညာရိုက်ပြီးတဲ့နောက် ဟာသလိုင်းဘက် ကူးလာခဲ့ပေမဲ့ သူအခုလို ဒဘယ်စခွက်ပြောင်တဲ့ ပုံစံတွေတော့ မဖြစ်လာသေးပါဘူး။ သူ့ရဲ့ သိပ်မရယ်ရသေးတဲ့ကားတွေရဲ့ ကာလပေါ့။ ဒါပေမဲ့လည်း ဇာတ်ညွှန်းသာ သိပ်မရယ်ရရင်နေမယ် ချောင်ကတော့ Dragon Fight ထဲက တစ်ခန်းနှစ်ခန်းမှာတောင် ရယ်ရအောင် သရုပ်ဆောင်ပြနိုင်တဲ့ ပါရမီကောင်းတဲ့ ကြိုးစားမှုရှိတဲ့လူဆိုတော့ ကြည့်တော့ကောင်းခဲ့တာပါပဲ။ ၉၁မှာ ရိုက်ခဲ့တဲ့ God of Gamblers II တို့၊ Fight Back to School တို့၊ Tricky Brains တို့ကနေမှ သူ့အခုပုံစံပေါ်လာခဲ့ပြီးတဲ့နောက် ၉၂တစ်လျှောက်လုံး ဒီလိုကားမျိုးတွေပဲ ၈ကားဆက်လောက် ရိုက်ခဲ့တာပါပဲ။ ၉၃မှာတော့ ၃ကားပဲရိုက်ခဲ့ပြီး Flirting Scholar နဲ့ The Mad Monk တို့လို ရှေ့ကားတွေထက် ကွာလတီပိုကောင်းတဲ့ ကားတွေထွက်လာပါပြီ။ ၉၄မှာလည်း ထိုနည်းလည်းကောင်းပဲပေမဲ့ From Beijing with Love ကို တွဲဖက်ဒါရိုက်တာတစ်ယောက်နဲ့အတူတွဲပြီး သူစရိုက်ကူးခဲ့ပါတယ်။ ၉၅မှာတော့ A Chinese Odyssey တို့၊ Out of the Dark တို့လို ကွာလတီကျမလာတဲ့ကားတွေကို ရိုက်ခဲ့ပြီး ၉၆မှာတော့ The God of Cookery ကို သူအပြင်‌ နောက်တစ်ယောက်ပါခေါ်ပြီး ဒါရိုက်တာရော စာရေးဆရာရောလုပ်ပြီး ရိုက်ကူးခဲ့တာပါပဲ။ အဲဒီနောက်ပိုင်းလည်း သူကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ခဲ့တဲ့ သူရဲ့နောက်ဆုံးလေးကားဖြစ်တဲ့ King of Comedy, Shaolin Soccer, Kung Fu Hustle, CJ7 တို့အထိ သူ့ရုပ်ရှင်တွေက အများအားဖြင့် အတက်ပဲရှိပြီး အကျမရှိခဲ့ဘူးလို့ပြောကောင်းပြောလို့ရပါတယ်။ အဲဒီနောက်ဆုံးလေးကားပြီးတဲ့နောက် သူသရုပ်ဆောင်တာနားသွားပါတယ်။ ချောင်ရဲ့သမိုင်းကိုပြန်ကြည့်ရင် သူဟာ ဘာမှမဟုတ်တဲ့ ဇာတ်ကောင်တွေနေရာကနေ ဒါရိုက်တာစေရာသွားရတဲ့ အရန်ကောင်တွေ၊ သိပ်မကောင်းလှတဲ့ ဇာတ်ညွှန်းတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ပေးခဲ့သလို သူ့လက်နဲ့သူ့ခြေဖြစ်လာတဲ့ နောက်ဆုံးအထိလည်း ပရိသတ်ကို စေတနာထားပြီး သူ့ရုပ်ရှင်တွေရဲ့ အရည်အသွေးဟာ အကျမရှိခဲ့ပါဘူး။ ဟောင်ကောင်က ကျန်တဲ့ ဘယ်သရုပ်ဆောင်နဲ့မှ မတူတဲ့လူလို့လည်း ကျိန်းသေအာမခံရဲပါတယ်။ ချောင်ဟာ ဇာတ်လမ်းလိုအပ်ချက်အရ ပေါတောတောဇာတ်ကောင်တွေပဲ သရုပ်ဆောင်တာများခဲ့ပေမဲ့ ပရိသတ်ကိုရော ရုပ်ရှင်ကိုပါ ချစ်တဲ့ သူ့နှလုံးသားကတော့ လေးနက်‌တယ်ဆိုတာ သူ့သမိုင်းကို ခြေရာပြန်ကောက်ကြည့်ရင် တော်တော်လေးကို သိသာမြင်သာရှိပြီးသားပါပဲ။ ဒီနောက်ပိုင်းမှာတော့ ချောင်ဟာ လူလုံးမပြသလောက်ဖြစ်လာပြီး ဒါရိုက်တာပဲလုပ်ပါတော့တယ်။ သိသလောက်ဆို ဆိုရှယ်မီဒီယာစသုံးတာလားမသိတဲ့ ခုလတွေထဲ သူတင်တဲ့ပုံတွေမှာတောင် ရုပ်သေချာတောင် မပြဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း ဒါရိုက်တာအနေနဲ့ သူရိုက်ခဲ့တဲ့ Journey to the West: Conquering the Demons, The Mermaid နဲ့ The New King of Comedy ကို ကြည့်ကြည့်ရင် သူသရုပ်မဆောင်တော့ပေမဲ့ ဒါရိုက်တာအနေနဲ့ သူအကောင်းဆုံးဖြစ်အောင် လုပ်ပေးနေတုန်းလို့တော့ ပြောရမှာပါပဲ။ ဒီသုံးကားကို မကောင်းပါဘူးလို့ ငြင်းလို့တော့မရဘူးမလား။ သူ့ဟာနဲ့သူ အဆင့်တစ်ခုတော့ ရှိနေတဲ့ကားတွေချည်းကိုး။ ချောင်ဟာ သူရဲ့ King of Comedy ရုပ်ရှင်ထဲကလို ဘာမှမဟုတ်တဲ့လူတစ်ယောက်နေရာကနေ ဟောင်ကောင်ရဲ့ King of Comedy ဖြစ်လာပြီး ကျွန်တော်တို့ကို အကောင်းဆုံးတွေပဲ ချပြချင်ခဲ့တဲ့သူဆိုလည်း မမှားပါဘူး။ ဟောင်ကောင်ရဲ့ ဂန္ထဝင်မင်းသားတစ်ချို့ကိုသာ လူတိုင်းမသိရင်နေပါမယ် ချောင်ကိုတော့ မသိတဲ့လူမရှိပါဘူး။ ချောင်ဟာ ဒီလိုကျော်ကြားမှုကို ရကိုရသင့်တဲ့လူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.03GB, 1.1GB, 523MB Quality - 1080p, 720p, 480p IMDb Rating - 7.3/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7 1996 95 mins
The God of Cookery
[18+] Y Tu Mamá También
7.7

Y Tu Mamá También (2001) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ (လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ) သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။ Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု… ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ… မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ… မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ မရင့်ကျက်မှုတွေကို ဒီဇာတ်ကားကနေတဆင့်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဆိုးခဲ့ မိုက်ခဲ့ဖူးတဲ့အချိန်တွေရှိခဲ့ရင်လည်း သေချာပေါက် လွမ်းရမှာပါ။ သုံးလောကမှာ တစ်ခုတည်းသောဝေဒနာရှိရင် အဲဒီဝေဒနာဟာ မမပဲဆိုပေမဲ့… ဒီဇာတ်ကားထဲက မမ လူဝီဆာတစ်ယောက်ရဲ့ စိုးရိမ်မှုတွေဟာရော ဘာများဖြစ်လိမ့်မလဲ စိတ်ဝင်စားစရာပဲ။ ဒီ့အပြင် ဒီဇာတ်ကားကိုရိုက်ခဲ့တဲ့ ဒါရိုက်တာဟာ အဲဒီနှစ်ကာလတွေတုန်းက မက္ကဆီကိုဒေသရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေရဲ့ အပုပ်အပွတွေ အကြောင်းကို ခပ်ပါးပါးလှစ်ဟပြထားခဲ့သေးတယ်။ ဒီလိုလေးနက်တဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ဇာတ်လမ်းကြောင်းထဲ ဆီလျော်အောင်ထည့်ပြီး တင်ဆက်ပြသနိုင်တာ သိပ်လေးစားဖို့ကောင်းတယ်ဆိုရလိမ့်မယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းပြသခဲ့ချိန်တုန်းက ပြင်းထန်တဲ့ဝေဖန်မှုတွေရခဲ့ပေမယ့်လည်း Golden Globe Awards လို ဆုပေးပွဲမျိုးမှာ Best Foreign Language Film အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်လောက်မယ်။ ပြီးတော့ အပိုထပ်ဆောင်းအချက်အလက်တစ်ခုအနေနဲ့ပြောရရင် ဒီဇာတ်ကားဟာကောင်လေးတွေရဲ့ အရွယ်ရောက်ကြီးပြင်းလာခြင်း အဆင့်ဆင့်ကို အပိုအလိုမရှိ ကွက်တိပုံဖော်ထားနိုင်တဲ့ဇာတ်လမ်းမျိုးတစ်ခုဖြစ်တာကြောင့် ကြည့်ရှုရမယ့်စာရင်းထဲ သေချာပေါက်ထည့်ထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို tadaa_j မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – REMASTERED 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 46Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by tadaa_j Encoded by Y

Action • Horror • Thriller
7.7 2001
[18+] Y Tu Mamá También
Encino Man
5.8

Encino Man (1992) အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ဟော့ဘစ်လေး ဆမ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ သူပါပဲ။ The Goonies မှာလည်း သူနဲ့ Ke Huy Quan တို့ အတူသရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့သူငယ်ချင်းအဖြစ်တော့ Pauly Shore က သရုပ်ဆောင်ထားတယ်။ ဒီကားရဲ့ အခရာထဲ Pauly နဲ့ ဘရန်ဒန်နဲ့ ဒေ့တို့ကြားက Chemistry ကလည်း တစ်ချက်ပါပါလိမ့်မယ်။ ကီကတော့ သူတို့တက်တဲ့တက္ကသိုလ်က ဂိကျောင်းသားအဖြစ် သရုပ်ဆောင်ထားတယ်။ ဒီလိုနဲ့ ရေခဲခေတ်လူသားကြီးနဲ့ ဒီဘက်ခေတ်ကောင်လေး၂ယောက်ဟာ ဘယ်လိုဗရုတ်သုတ်ခတွေ ကြုံကြမလဲ၊ ဘယ်လိုမျိုး အချစ်တွေပေးကြမလဲကိုတော့ ဘရန်ဒန်ကြီးရဲ့ အလန်းစားသရုပ်ဆောင်ကွက်တွေနဲ့အတူ Encino Man မှာ ရှု့စားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 700MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 28Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 1992 88 mins
Encino Man
The Occupant
6.4

လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…? အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့ အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကို ရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံ ပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးက အိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေ မရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင် ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့ အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေ အမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့ မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်း ဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။ လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင် မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြော စိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။ File size…1.04GB / 442MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

TV Movie • Comedy • Romance
6.4 2020
The Occupant
Big Momma’s House 2
4.8

Big Momma’s House 2 (2006) ====================== ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma’s House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။ အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.0 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.8 2006 99 mins
Big Momma’s House 2
National Secret Agent
5.6

ဒီတစ်ခါCMကနေ တင်ဆက်ပေးလိုက်တာကတော့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင်တွေလျှို့ဝှက်ဖွဲ့စည်းထားတဲ့ သူလျှိုမလေးတွေအဖွဲ့အစည်းအကြောင်းပဲဖြစ်ပါတယ်။ ဒီလျှို့ဝှက်သူလျှိုမလေးတွေကို အထူးလေ့ကျင့်ပေးထားပြီး နေရာအနှံ့လွှတ်ထားပါတယ်။ အပေါ်ယံမှာတော့ ဘုရင်မင်းကြီးကိုယ်စား တိုင်းပြည်ရဲ့မတရားမှုတွေကို စောင့်ကြည့်ပေးသလိုနဲ့ တကယ်တော့ ပုန်ကန်ဖို့ကြံစည်နေတဲ့ သူတွေကိုဖော်ထုတ်ရတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဘုရင်ရဲ့ညီတော်ဟာပုန်ကန်ဖို့ကြံစည်နေတဲ့လျှို့ဝှက်စာကို သူလျှိုမလေးလော်ပင်းရသွားပြီးနောက် ဘုရင်မင်းကြီးဆီကိုလျှောက်တင်ဖို့လက်ဆင့်ကမ်းတဲ့အချိန်မှာ သစ္စာဖောက်သူလျှိုနဲ့ကြုံတွေ့လိုက်ရပါတယ်။ သစ္စာဖောက်သူလျှိုရဲ့နှုတ်ပိတ်တဲ့ရန်ကနေသီသီလေးလွတ်ပြီး တောင်ပေါ်ကအိမ်လေးတစ်အိမ်ကိုရောက်သွားခဲ့ပါတယ်။ သူ့ကိုကယ်လိုက်တဲ့သူကလဲ သူလျှိုဟောင်းတစ်ယောက်ဖြစ်နေတော့ တိုင်းပြည်အတွက်အရေးအရမ်းကြီးတဲ့ဒီလျှို့ဝှက်ကို ဘုရင်ကြီးလက်အပ်နိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီအချိန်မှာပဲသစ္စာဖောက်တွေရောက်လာပြီး တိုက်ခိုက်ကြတော့ သူလျှိုဟောင်းကအသက်ပေးလိုက်ရပါတယ်။ သူမသေခင်မှာ သူ့သားကို လော်ပင်းကိုမြို့တော်ကိုဘေးကင်းအောင် လိုက်ပို့ပေးဖို့မှာရင်း အသက်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့သူလျှိုမလေးလော်ပင်းနဲ့ တောတွင်းသားလေးတို့ရဲ့စွန့်စားခန်းစတင်ပါတော့တယ်……

Romance • Music
5.6 2023
National Secret Agent
Rubber
5.7

၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီး ဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horror အမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက် တမူထူးခြားပါတယ်။ ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကို အသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာ လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာ မိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီး ကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာ လူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ… စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ… ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲ ကားတာယာကအစစ်လား… သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာ Rubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်… File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Drama • Comedy
5.7 2010 82 mins
Rubber
The Polar Express
6.6

ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ IMDB Rating 6.6 ရှိပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊ တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊ မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။ မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး စွန့်စားခန်း ထွက်ကြည့်ကြပါဦးနော… (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ) File Size : 4.2 GB / 1.7 GB / 910 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Wai Yan Maung Encode by Thit San Khant

6.6 2004 100 mins
The Polar Express
Uranus 2324

Uranus 2324 (2024) ****************** IMDb – 7.7/10 “စကြဝဠာကြီးရဲ့ ရူပဗေဒနိယာမတွေကို ချိုးဖျက်နိုင်တဲ့တစ်ခုတည်းသောအရာက အချစ်ဆိုတဲ့အရာပဲ… အလင်းနှစ်တွေဘယ်လောက်ပဲ ဝေးကွာနေပါစေ နှလုံးသားချင်းနီးစပ်စေတဲ့အရာက အချစ်ပါပဲ” (လင်း) “တို့ကိုမမြင်ဘဲ ထားရစ်ခဲ့မယ်ဆိုရင်တောင် တို့ကယူရေးနပ်စ်ဂြိုဟ်လိုပဲ ဒီနေရာမှာပဲမင်းကို အမြဲစောင့်နေမှာပါ” (ကတ်) GAP နဲ့ Loyal Pin ဇာတ်ကားထဲက အချစ်ကလေးနှစ်ယောက်ဖြစ်တဲ့ Becky Rebecca Patricia Armstrong နဲ့ … Freen Sarocha Chankimha တို့ရဲ့ GL Movie လေး ထွက်ရှိလို့ လာခဲ့ပါပြီ။ ယူရေးနပ်စ်ဆိုတဲ့ဂြိုဟ်ဟာ ကမ္ဘာနဲ့ ကီလိုမီတာပေါင်း ၂၇၂၃၉၅၀၀၀၀ ကွာဝေးပေမယ့် တောင်ဝင်ရိုးစွန်းကို ရှာမတွေ့ခင်အချိန်တည်းက… လူသားတွေဟာ ယူရေးနပ်စ်ကို အရင်ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီလိုပဲ ဘယ်လောက်ပဲ ဝေးကွာနေတဲ့ အချစ်ဖြစ်နေပါစေ… တကယ်ချစ်ကြတဲ့သူတွေ မှန်ကန်ရင်တော့ နီးစပ်နိုင်ဖို့အတွက်လမ်းကို ရှာကြမှာ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့အပြင်ဘက် အာကာသထဲကအရာတွေ… ဟိုးအဝေးကြီးမှာရှိတဲ့ ယူရေးနပ်စ်ဂြိုဟ်အထိကို စူးစမ်းလေ့လာချင်တဲ့ လင်း နဲ့ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေအောက်ကမ္ဘာကို ချစ်မြတ်နိုးပြီးတော့… ရေငုပ်သမားဖြစ်ချင်တဲ့ ကတ်တို့နှစ်ယောက်၊ အချစ်ကြီးချစ်ကြပေမယ့် ဝေးကွာသွားကြရတဲ့ သူတို့နှစ်ယောက်… ချစ်နိုင်ဖို့အတွက် နည်းလမ်းရှာရင်း အပြိုင်ကမ္ဘာတွေဆီအထိ သွားကာ နီးစပ်ဖို့နည်းလမ်းကို ရှာဖွေကြတဲ့အခါ… ကတ်နဲ့လင်းတို့ရဲ့ ချစ်ပေမယ့် ဝေးနေကြတဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်သွားမလဲ … သူတို့နှစ်ယောက် ပေါင်းစည်းနိုင်ဖို့အတွက် လမ်းကို ရှာဖွေတွေ့ရှိသွားမှာလား ဆိုတာကြည့်ရှုရမယ့်… အချစ်ဒရာမာ Sci-Fi ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းကို Char Ou မှ ရေးသားပေးထားပါတယ် File Size : 2.18GB / 870MB Quality : WEB-DL 1080p 5.1ch / 720p Duration : 2 hr. 10 min. Genre : Romance, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by ChoThet_mlmt, Char Ou & Mary Encoded by Heather Oo

0 2024 148 mins
Uranus 2324
Madame Ida
7

1950 အစောပိုင်းမှာ မိဘမဲ့ကောင်မလေးတစ်ယောက် Cecilia ဟာ မိဘမဲ့အဆောင်မှူးကြည့်ကြပ်ကွဲကဲသူရဲ့ စော်ကားမှုကိုခံရပြီး ကိုယ်ဝန် ရှိသွားပါတော့တယ်။ ထိုအဖြစ်အပျက်ကိုလျှိုထားဖို့အတွက် Aurora အိမ်တော်ကြီးမှာ အိမ်တော်ထိန်းတစ်ယောက်နဲ့ အထီးကျန်စွာနေနေတဲ့ Ida ဆိုတဲ့ အမျိုးသမီးဆီမှာသွားနေဖို့ စီစဥ်ပေးလိုက်ပါတော့တယ်။ သဘောတူညီချက်အရ ကလေးမွေးဖွားပြီးလျှင် ကလေးကို Idaကမွေးစားမှာဖြစ်ပြီး Cecilia ကိုတော့ မိဘမဲ့ကျောင်းကိုပြန်ပို့ ရမှာဖြစ်ပါတယ်။ သို့သော်လည်း အတူနေကြရင်းသံယောဇဥ်တွေ ရှိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ။ တကယ်ပဲ Cecilia ကိုမိဘမဲ့ကျောင်းပြန်ပို့မှာလား။ ရှုပ်ထွေးထဲစိတ်ခံစားချက်တွေနဲ့ ပြည့်နက်နေတဲ့ Aurora အိမ်တော်ကြီးမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့တာလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးဟာ Rating 7/10ရ ရှိထားပြီး Torino Film Festival မှာ The best performance award ဆုကိုရ ရှိထားတဲ့ ကားကောင်းလေး တစ်ကားဖြစ်ပြီး ပြင်းထန်တဲ့ခံစားချက်တွေ ဆက်ဆံရေးတွေနဲ့ ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်မှုတွေက သင့်ကိုအဆုံးထိ ဆွဲဆောင် သွားမှာဖြစ်ပါတယ်။ File size… (1.19GB) / (687MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Thriller • Action
7 2024 115 mins
Madame Ida
The Outrage
6

ထိုင်းနိုင်ငံရဲ့နာမည်ကြီး မင်းသားတွေဖြစ်တဲ့ မာရီယို(Mario Maurer )… ဘုန်းကြီးဇာတ်ရုပ်တွေနဲ့နာမည်ကြီးလှတဲ့ ဟာသမင်းသားကြီး မမ် (Mum Jokmok ) အပြင် နာမည်ကြီးထိပ်တန်းမင်းသားမင်းသမီးများစွာနဲ့ ပုံဖော်ရိုက်ကူးထားပြီး အချိန်ပေးကြည့်ရှုရတာထိုက်တန်မည့် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်း ————- ငယ်စဉ်ကလေးဘဝကတည်းက သာသနာ့ဘောင်မှာ ပျော်မွေ့တဲ့ ကိုရင်’အနော့’… မိဘနှစ်ပါးရဲ့ ဆန္ဒအရ လူထွက်ပြီး မိဘအလုပ်မှာ ကူညီပေးရင်း လောကီရေးရာတွေမှာ မပျော်တဲ့ ‘အနော့’… တစ်ရက် မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ မိခင်ကိုကျေးဇူးဆပ်ချင်သည်ဟုဆိုကာ သင်္ကန်းဝတ်ခဲ့သူပြန်ဝတ်ခဲ့သူ ဦးပဉ္စင်း’အနော့’… လူ့လောကကြီးမှာ လူသားတွေ ကြုံတွေ့ခံစားရတဲ့ အို၊ နာ၊ သေ ကပ်ဆိုးကြီး (၃)ပါး… အသက်ရွယ်အိုမင်းကျန်းမာရေးယုတ်လျော့လာတဲ့ ဖခင်ရဲ့ လူဝတ်လဲဖို့ တောင်းဆိုချက်… ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့လူသတ်မှုတစ်ခု စတဲ့အချက်တွေကြောင့် သာသနာ့ဘောင်မှာဆက်နေဖို့လည်း သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု လျော့နည်းလာတဲ့ ဦးပဉ္စင်း’အနော့’…ဖခင်ရှိရာ အိမ်သိုပြန်လာရင်း မုန်တိုင်းမိတဲ့အတွက် သစ်ခုတ်သမားနဲ့အတူတူ ဥမင်လှိုင်ခေါင်းမှာ နားခိုခဲ့ကြပါတယ်…ဦးပဉ္စင်းလူထွက်မှာကို တားနေတဲ့ သစ်ခုတ်သမားနဲ့ ဥမင်ထဲမှာ နေထိုင်သူ သုဘရာဇာကြီးတို့ စကားလက်ဆုံကျခဲ့ကြပါတယ်… အဲဒီလို စကားလက်ဆုံကျချိန်မှာ လူတွေရဲ့ အတောမသတ်နိုင်တဲ့ အတ္တလောဘရမ္မက်ကြောင့် ပျက်စီးကြရပုံတွေကို ပြောဆိုဆွေးနွေးကြတဲ့အခါ…ခဏတာနားခိုခဲ့တဲ့ဥမင်လှိုင်ခေါင်းထဲက ဆွေးနွေးချက်တွေက ဦးပဉ္စင်း’အနော့’ရဲ့ သဘောထားခံယူချက်တွေအပေါ် ဘယ်လိုလမ်းကြောင်းပြောင်းပေးရင်း အလင်းရအောင် လုပ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Dao Phyo ဖြစ်ပါတယ်… File Size : 1.9GB / 749MB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:48:00 Genres : Thriller / Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Thriller
6 2011 108 mins
The Outrage
Over The Red River
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Western အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လင်ဖြစ်သူက အသတ်ခံရ ညီမဖြစ်သူကဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရတဲ့ အမျိုး သမီးတစ်ယောက်ရဲ့ ညီမပျောက်ရှာဖွေရေး ကန္တာရစွန့်စားခန်း ခရီးကို ရှုစားရမှာဖြစ်ပါတယ်.. Worthinton ဟာ ကံကောင်းစွာလား ကံမကောင်းစွာ လားမသိဘဲ ခြောက်လုံးပြူးကိုင်လူရမ်းကားများလက်ကနေ အသက်ဘေးလွတ်ကင်းခဲ့ရသူ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ် သို့သော်လည်း သူဟာ ယောက်ျားဖြစ်သူရဲ့ရှေ့မှာတင် အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံရပြီး ယောက်ျားဖြစ်သူဟာလည်း ထိုမြင်ကွင်းကို မြင်အပြီးမှာပဲ နားထင်ကိုဖောက်ဝင်လာတဲ့ ကျည်တစ်တောင့်ကြောင့် အသက်ပျောက်ခဲ့ရပါတယ်.. မပဋာတစ်ယောက်ဟာ လင်ကိုဆုံးရှုံးရရုံနဲ့ မပြီးသေးဘဲ ညီမ ဖြစ်သူကိုပါ လူရမ်းကားများက ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် အရူးမီးဝိုင်းနေခဲ့ရပါတယ်.. ဒေသခံအာဏာပိုင်ဟာလည်း လူအင်အား လက်နက်အင်အား မမျှသဖြင့် အာဏာမပိုင်ဘဲဖြစ်နေရာ သနားဖွယ်အမျိုးသမီးကို ကူညီပေးနိုင်ဖို့မဆိုထားဘိ သူ့အသက်သူတောင် ရှင်အောင်မွေး နေရသူပီပီ အမျိုးသမီးရဲ့ တိုင်တန်းမှုကို အန်ကယ်ကတော့ နိုးပါ တစ်ခွန်းနဲ့ ပြောရိုးပြောစဉ်ပြုကာ အကူအညီမဖြစ်စွာဘဲ ကူညီ ပေးလိုက်ပါတယ်.. သို့သော်လည်း ကူညီပါရစေ ဆိုတဲ့ အာဏာ ပိုင်ဟာ နည်းနည်းဖြစ်ဖြစ်အသုံးဝင်လိုစိတ်ရှိတာကြောင့် သူ့မှာတော့ အသက်အပိုမပါလို့ မကူညီနိုင်ဘူး သေမှာမကြောက်လို့ ပေတစ်ရာ လျှောက်ချင်တယ်ဆိုရင်တော့ နင့်ဘာသာနင်သွားလို့ ဆိုကာ ခြောက်လုံးပြူးကိုင်ဒေသခံ လူရမ်းကားများအခြေချရာဆီရောက်ဖို့ မြစ်နီမြစ်အထက်က Jackson Trail လမ်းအတိုင်းလိုက်ဖို့ ညွှန်ပေး လွှတ်လိုက်ရာမှာတော့ မပဋာတစ်ယောက် သွေးရူးသွေးတမ်းနဲ့ ကန္တာရခရီးကို ထွက်ခွာဖို့ဖြစ်လာပါတယ်.. ကန္တာရခရီးမှာတော့ အောင်လသီချင်းလို တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့ မပဋာဟာ အပူရှိန်ပြင်းပြင်း နေရောင်အောက်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် သွေးရူးသွေးတမ်းဖြစ်လျက် တောမြင်တောင်မြင်တွေမြင်ပါတော့တယ်… ထိုသို့ဖြစ်ရင်း ခရီးတစ်နေရာအရောက် လူရမ်းကားအဖွဲ့ထဲမှာ ပါခဲ့သူ အင်ဒီးယန်းတစ်ယောက်နဲ့ပက်ပင်းတိုးတဲ့အခါမှာတော့… ဒီကားလေးဟာဆိုရင် Western အမျိုးအစားရုပ်ရှင်ချစ်သူများအတွက် ဆက်တင်အသွင်အပြင်တွေကို အာသာပြေရုံကြည့်ရှုနိုင်မှာဖြစ်ပြီး အတိုက်အခိုက်အသတ်အပုတ်တချို့လည်း တွေ့မြင်ရမှာဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ဖွယ် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.83 GB) / (987 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Adventure
5 2024 84 mins
Over The Red River
Reality Bites: A Hannah Swensen Mystery
6.5

Reality Bites: A Hannah Swensen Mystery (2025) IMDb Rating (6.5) ဒီဇာတ်ကားကတော့ Reality Bites Franchise ကြီးရဲ့ ၂၀၂၅ ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့ Crime, Mystery ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ညွှန်းဆရာမဖြစ်တဲ့ Alison Sweeney ကိုယ်တိုင် ဇာတ်ဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Spin-off တစ်ခုပြီးတစ်ခု စာရေးဆရာတွေပြောင်းပြောင်းသွားကြပေမယ့် အခုဒီတစ်ခေါက်ထွက်ထားတဲ့ဇာတ်ကားကတော့ ဖေဖော်ဝါရီလကမှ premiere ထားတာဖြစ်ပေမယ့် IMDB မှာ rating 6.5 အထိရရှိထားပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဟန်နာစဝင်ဆန်လို့ခေါ်တဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဟာ လိတ်ခ်အီဒန်လို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်ထားတာပါ။ သူဟာ ငယ်ငယ်ကတည်းက ဟင်းချက်အစီအစဉ်တစ်ခုကိုတွေ့ပြီးတဲ့နောက် မုန့်လုပ်ဝါသနာအရမ်းပါသွားပြီး အဲဒါနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုရတဲ့အထိကို မုန့်ဖုတ်ရတာကိုစွဲလန်းသွားတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့မုန့်ဖုတ်ဆိုင်ကို တီဗီရှိုးအစီအစဉ်တစ်ခုကနေ ရိုက်ကူးရေးနေရာလိုလို့ဆိုပြီး အသည်းအသန်တောင်းဆိုလာခဲ့ပါတယ်။ မထင်မှတ်ထားစရာပဲ အဲဒီအစီအစဉ်က ဟန်နာငယ်ငယ်တုန်းက အမြဲကြည့်ပြီးအားကျခဲ့ရတဲ့ ကွန်နီမက်ခ်ကိုယ်တိုင်ရဲ့ ရှိုးပဲဖြစ်နေပါတယ်။ သူ့ရဲ့ idol နဲ့ တွေ့ချင်တာကတစ်ကြောင်း idol ရဲ့ မုန့်လုပ်ပုံတွေကို ကိုယ်တိုင်မြင်ချင်နေတာကတစ်ကြောင်းနဲ့ ဟန်နာ့မှာ ရင်တလှုပ်လှုပ်စောင့်စားနေခဲ့တာပါ။ စိတ်မကောင်းစွာနဲ့ ဟန်နာ့မုန့်ဖုတ်ဆိုင်မှာ ပထမရက်အတွက်ရိုက်ကူးရေးလုပ်ပြီး ဒုတိယနေ့မရောက်ခင်မှာပဲ မနက်အစောကြီး ဟန်နာတစ်ယောက်ဆိုင်သွားဖွင့်ပေးဖို့သွားတဲ့အချိန်မှာ ရိုက်ကူးရေးရဲ့ ပရိုဂျူဆာက အစအဆုံးမရှိသေနေတာကိုတွေ့ရပါတယ်။ ဒီလိုနဲ့ ဟန်နာတစ်ယောက် ဘယ်လောက်ထိထိန့်လန့်သွားလဲ တကယ့်နောက်ကွယ်က အဖြစ်မှန်ကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာ cozy ဖြစ်ဖြစ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.7 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Mystery Duration….01:25:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Action • Crime
6.5 2025 84 mins
Reality Bites: A Hannah Swensen Mystery