YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Deadwood.S03E01.1080p.(CM).mp4

1.37 GB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Addams Family Values
6.9

Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- Gomez နဲ့ Morticia တို့ဟာ ရင်သွေးနှစ်ချာ အသစ်စက်စက်ကလေးကို ပိုင်ဆိုင်ထားပြီး Wednesday နဲ့ Pugsley တို့က သူတို့မောင်ညီလေးကို သတ်ဖို့ ကြံပေမဲ့ မိဘနှစ်ပါး အဆူခံလိုက်ရသာ အဖတ်တင်ပြီး မအောင်မြင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အက်ဒမ်စ်တို့ဟာ ဒီကလေးကိုထိန်းဖို့ Debbie လို့ခေါ်တဲ့ နာနီတစ်ယောက် ငှားလိုက်ကြပါတယ်။ သူတို့မသိလိုက်တာကတော့ Debbie ဟာ သူဌေးတွေနဲ့ လက်ထပ်ပြီး သူတို့ကိုသတ်ပြီး အမွေရအောင်ကြံတတ်တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေတာပါပဲ။ ဒီလိုနဲ့ Debbie ရဲ့နောက်ပစ်မှတ်ဟာ Uncle Fester ဖြစ်လာခဲ့ပါတယ်။ အကင်းပါးတဲ့ Wednesday က ဒတ်ဘီကို မသင်္ကာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့မိသားစုနဲ့ ဒီကွင်းဆက်လူသတ်သမား ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာတဲ့အချိန် ငါ့မောင်လေးကို ငါကလွဲ ဘယ်သူမှ မနှိပ်စက်ရဘူးဆိုတဲ့ Wednesday ဟာ သူ့မိသားစုကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားမလဲ မြင်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.02GB, 1GB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1h 34Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Crime • Drama • Thriller
6.9 1993 94 mins
Addams Family Values
Athena
6.6

အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ ၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။ အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာ ဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 799MB | 417MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Drama • History
6.6 2022 97 mins
Athena

ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ drama အမျိုးအစားလို့ သတ်မှတ်ထားပြီး အဖော်အချွတ်တွေပါတဲ့အပြင် ဟာသကားတစ်ကားမဟုတ်ဘဲ ဘဝသရုပ်တွေကို ခံစားရမယ့်စပိန်ကားကောင်းလေးမို့ ဒီလိုအမျိုးအစားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.93 GB) / (884 MB) / (515 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......San Thu Aung Encoder..........SWM

Horror
null 2008
Rated R
Kimi
6.2

Siri လည်းမဟုတ် Alexa လည်းမဟုတ် ... နည်းပညာတစ်ခေတ်ဆန်းမယ့် Kimi ခေတ်ကိုရောက်ရှိလာပါပြီ။ ဘာတွေကွာလည်းဆိုတော့ Kimi ကလူကိုယ်တိုင်ဖြေကြားတာပါတဲ့။ အဲ့ဒီတော့ နားလည်မှုလွဲတာတွေမဖြစ်နိုင်ဘဲ ကိုယ်လိုချင်တာကို တိတိကျကျ အဖြေပေးနိုင်တဲ့ Kimi ဆိုတဲ့ကုန်ပစ္စည်းလေးက ဒီကားလေးမှာ အဓိကဇာတ်ဆောင်ဖြစ်လို့နေပါတယ်။ Kimi လေးကိုဈေးကွက်မှာမိတ်ဆက်ဖို့ တစ်ပတ်အလိုမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အွန်လိုင်းနဲ့ချိတ်ဆက်ထားပြီး သုံးစွဲသူတောင်းဆိုသမျှကိုပြန်ဖြေနိုင်ဖို့ Kimi လေးက အသံတွေကိုအမြဲတမ်းဖမ်းယူထားရပါတယ်။ အန်ဂျလာက အဲ့ဒီအသံဖိုင်ကိုနားထောင်ပြီး ခွဲခြမ်းစိတ်ဖြာပေးရတဲ့ ဝန်ထမ်းတစ်ဦးပေါ့။ တစ်နေ့မှာ အဲ့ဒီအသံဖိုင်ထဲကနေ “ရပ်လိုက်...ရပ်လိုက်...တော်ပါတော့...” ဆိုတဲ့ဖိုင်ကိုနားထောင်ပြီးတဲ့နောက် အန်ဂျလာတစ်ယောက် မသင်္ကာဖြစ်လာခဲ့ပါတယ်။ အန်ဂျလာက အသံဖိုင်ထဲက Kimi ပိုင်ရှင်ကိုဘယ်လိုရှာပြီး ဘယ်လိုတွေဇာတ်လမ်းဆက်မလဲဆိုတာကိုတော့ ဇာတ်ကားကောင်းတွေကြိုက်သူအဖို့ ဆက်ပြီးကြည့်လိုက်ပါတော့ဗျာ... အညွှန်းကိုတော့ JoJoVa က ရေးသားပေးထားပြီးတော့ ဘာသာပြန်ပေးထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Crime, Drama, Thriller Quality….WEB-DL 1080p and 720p File size…1.34 GB, 738MB, 244MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder .....August

Horror • Mystery • Thriller
6.2 2022 89 mins
Kimi
Only
5.5

ကျွန်တော်တို့ ကိုဗစ်ကာလကို ပြန်တွေးကြည့်ကြရအောင် တစ်နေရာရာကို သွားမယ်ဆို Mask တွေတပ်ကြ၊ တစ်ခုခုကိုင်ပြီးရင် လက်ကို HandGel နဲ့ အရေလန်မတတ်ပွတ်ကြ၊ ပြင်ပက ပစ္စည်းတစ်ခုခု ရောက်လာရင် ပိုးသတ်ဆေးနဲ့ တရှူးရှူး ဖြန်းကြနဲ့။ တစ်နေ့တစ်နေ့ တဝီဝီမြည်နေတဲ့ ဆေးရုံကားသံတွေ၊ ဘယ်သူတော့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတွေကြားထဲမှာ အိမ်မှာ ကိုယ့်ဟာကိုယ် ပြန်အကျဉ်းချထားရတာလည်း အသက်ရှင်မဝစရာ၊ ရူးချင်စရာပေါ့၊၊ ဒီကားထဲက ဗိုင်းရပ်(စ်)ကတော့ အဲ့ထက်ဆိုးတယ်၊၊ အဲ့ထက်လည်း ရက်စက်ပြင်းထန်တယ်၊၊ ကမ္ဘာပေါ်ကို ကြယ်တံခွန်တစ်ခုဖြတ်သန်းအပြီးမှာ ဘ ာမှန်းမသိတဲ့ မြူမှုံတွေဟာ ကမ္ဘာ့လေထုကိုဖုန်းလွှမ်းသွားတယ်၊၊ အဲ့ဒီ မြူမှုံတွေထဲမှာ HNV 21 လို့ခေါ်တဲ့ ဗိုင်းရပ်(စ်)တစ်မျိုးပါပြီး အဲ့ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသမီးတွေကို ဦးတည်ထိခိုက်စေတယ်၊၊ ဘယ်လောက်ပြင်းထန်လဲဆို ပိုးကူးခံရတဲ့ အမျိုးသမီးဟာ (၄)ရက်အထိ အသက်ရှင်နိုင်ရင် ကံကောင်းတယ်လို့ ဆိုရတဲ့အထိပဲ၊၊ ဒါပေမယ့် ဒီဗိုင်းရပ်(စ်)ဟာ အမျိုးသားတွေကိုတော့ ကြီးမားတဲ့ အန္တရာယ်မပေးနိုင်ဘူး၊၊ ဒီလိုနဲ့ ဗိုင်းရပ်(စ်)လက်ချက်နဲ့ ကမ္ဘာပေါ်က အမျိုးသမီးတွေ နေ့စဉ် သန်းနဲ့ချီသေဆုံးပြီး မျိုးသုဉ်း လုဖြစ်ကုန်တယ်၊၊ မိန်းမဆိုတာ ဘယ်လိုမျိုးလဲလို့ မေးယူရတဲ့အထိ ဖြစ်ကုန်တယ်၊၊ အစိုးရတွေအနေနဲ့လူဦးရေပြန်လည်တိုးပွါးရေးအတွက် အမျိုးသမီးတွေကို ဖမ်းပြီး စမ်းသပ်ရတဲ့အထိ ဖြစ်လာတယ်၊၊ အမျိုးသမီးတစ်ဦးကို ဖမ်းမိရင် ဒေါ်လာနှစ်သန်းအထိ ထုတ်ထားတာကြောင့် အမျိုးသမီးတွေကို အသဲအသန်လိုက်ရှာကြတဲ့ အမျိုးသမီးမုဆိုးတွေလည်း ပေါ်လာကြတယ်၊၊ အဲ့ဒီရိုက်ခတ်မှုတွေကို တစ်ကမ္ဘာလုံးက စုံတွဲတွေနည်းတူ ဝီ(လ်)နဲ့ အေဗာဆိုတဲ့ စုံတွဲလေးတစ်တွဲကလည်း ခံရတယ်၊၊ ကမ္ဘာပျက်ကိန်းစကတည်းက သတိကြီးတဲ့ ဝီ(လ်)ဟာ အေဗာကို ရောဂါပိုး အန္တရာယ်၊အစိုးရရဲ့ စမ်းသပ်မှုတွေ အန္တရာယ်၊ လူသားမုဆိုးတွေအန္တရာယ်ကနေ ဖွက်ထားပြီး ကာကွယ်ပေးခဲ့တယ်၊၊ ဒါပေမယ့် နှစ်တွေချီကြာလာတဲ့ အခါမှာ အေဗာတစ်ယောက် မွန်းကြပ်လာတယ်၊၊ ဝီ(လ်)အနေနဲ့လည်း ရောဂါပိုး carrier ဖြစ်နေတာကြောင့် အေဗာနဲ့ ဝီ(လ်)ဟာ တစ်အိမ်ထဲ နေရပေမယ့် စည်းတွေခြားနေကြတယ်၊၊ ဒီစုံတွဲလေး ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့လား၊သူတို့ ဆက်ဆံရေးဟာ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲစတာတွေကို ဒီဇာတ်ကားမှာ past apocalyptic romance အနေနဲ့ ခံစားတွေ့ရှိရမှာဖြစ်ပါတယ်၊၊

Comedy • Drama
5.5 2020 98 mins
Only
On the Rocks
6.1

IMDb Rating ........ 7.0/10 Rotten Tomatoes ........ 86% ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့သူတွေအတွက် မဟုတ်ပါဘူး.... ဘာဖြစ်လို့လဲဆိုတော့ ပြင်ပလက်တွေ့ဘ၀မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာလေးတွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် "မင်းရဲ့နှလုံးသားကို ဘယ်ကောင်လေးကိုမှ မပေးနဲ့".... ."တကယ်လို့ လက်ထပ်ပြီးသွားရင်တောင် ငါ့သမီးကအဖေ့အပိုင်ပဲ" လို့ သမီးဖြစ်သူကို ငယ်စဉ်ထဲကပြောထားတဲ့... . အချစ်ကြီးလွန်းတဲ့ ဖခင်တစ်ယောက် ရှိပါတယ်.... ဒီလိုနဲ့အချိန်တန်တော့ သမီးဖြစ်သူ လော်ရာ ဟာ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်မွေးပါတယ်… တစ်နေ့မှာ ယောက်ျားဖြစ်သူက သူ့အပေါ်ဂရုစိုက်မှုတွေ နည်းလာပြီး ခြေလှမ်းတွေပျက်နေတယ်လို့ ခံစားရတဲ့အခါ...လော်ရာ ဟာ သူမအဖေကို အကြောင်းစုံရင်ဖွင့်တိုင်ပင်ပါတော့တယ်.... ဒီလိုနဲ့ပဲ ချစ်ရတဲ့သမီးဖြစ်သူရဲ့ အိမ်ထောင်ရေး အခက်အခဲပြေလည်စေဖို့ ဖခင်ဖြစ်သူဟာ ၀င်ရောက်ပြီး စီစဉ်သူ လုပ်ပါတော့တယ်.... ထပ်ပြီးပြောရမယ်ဆိုရင် ဒီဇာတ်ကားကငြိမ့်ငြိမ့်လေးနဲ့ ရသပေးတဲ့ ပုံစံမျိုးပါ....လက်တွေ့ဆန်တဲ့ဇာတ်လမ်း ဖြစ်တဲ့အတွက်ကြောင့် တစ်ကားလုံး အဓိဇာတ်ဆောင်နေရာရောက်သွားသလို ခံစားကြရမှာပါ... . နာမည်ကြီးသရုပ်ဆောင်တွေကိုယ်တိုင် ပါ၀င်ထားတဲ့ ဇာတ်လမ်းကောင်းဖြစ်တဲ့အတွက် ခံစားကြည့်ကြပါဦး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

Action & Adventure • Animation • Sci-Fi & Fantasy
6.1 2020 96 mins
On the Rocks
Honey, I Shrunk the Kids
6.4

Honey, I Shrunk the Kids (1989) ======================= IMDb Rating – 6.4/10 ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။ အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the Kids တဲ့။ ဇာတ်လမ်းကတော့ မအောင်မြင်တဲ့ သိပ္ပံပညာရှင်တစ်ယောက်က အရာဝတ္ထု တွေကို မူလအရွယ်အစားကနေ သေးသွားအောင် ချုံ့ချင်နေတာပါ။ သူ့ရဲ့ရည် ရွယ်ချက်က အာကသခရီးတွေမှာ ပစ္စည်းများများစားစား ယဉ်ပေါ်တင်လို့ ရနိုင် ဖို့ပေါ့။ ဒါပေမဲ့ သူ့စက်က မအောင်မမြင် ဖြစ်နေတုန်း သူ့ရဲ့သားနဲ့သမီးရယ် အိမ်နီးချင်းလင်မယားရဲ့ သားတော်မောင်နှစ်ယောက်ရယ်တို့ဟာ မတော်တဆ စက်ရဲ့ပစ်ကွင်းထဲရောက်ပြီး အချုံ့ခံလိုက်ရပါတယ်။ သိပ္ပံပညာရှင်က ဒါကိုမသိလိုက်ဘဲ ကလေးတွေကို အမှိုက်တွေနဲ့တကွ လှည်း ကျင်း အိတ်ထဲထည့်ပြီး အိမ်နောက်ဖေး ပို့လိုက်ပါသတဲ့။ ပုရွက်ဆိတ်လောက်ပဲ အရွယ်အစားရှိတော့တဲ့ ကလေးတွေဟာ အိမ်နောက်ဖေး ကွင်းပြင်ကို သူတို့အ ရွယ်အစားလေးတွေနဲ့ ခရီးကြမ်းဖြတ်လို့ အိမ်ကိုပြန်၊ ဖခင်ကိုအကူအညီတောင်း ပြီး နဂိုအရွယ်ပြန်ဖြစ်အောင်လုပ်ရမယ့် အဖြစ်ကို သဘောတကျ ကြည့်ရှုရမှာပါ။ ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(2.26 GB) / (1.06 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Arr Khun Winchester Encoder……….SWM

Drama • Comedy • Romance
6.4 1989
Honey, I Shrunk the Kids
The Spies
6.2

The Spies 2012 အညွှန်း စပိုင်ကားတွေ ကြိုက်ပါတယ်ဆိုတဲ့လူတွေအဖို့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ မြောက်ကိုရီးယားစပိုင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB 6.2/10 ရရှိထားပြီး Box office 8.3 မီလီယံရရှိထားတာက ၂၀၁၂ ခုနှစ်က အတိုင်းအတာနဲ့ဆို တော်တော်လေး အောင်မြင်ခဲ့တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တာပေါ့။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ၁၉၉၀ ‌ခေတ်ကာလက မြောက်ကိုရီးယားစပိုင်တွေ တော်တော်ခေတ်ထခဲ့တဲ့ကာလဖြစ်ပါတယ်။ မြန်မာနိုင်ငံက အာဇာနည်ဗိမာန်ဗုံးဖောက်ခွဲမှုကလည်း မြောက်ကိုရီးယားစပိုင်လက်ချက်ပါပဲ။ မြောက်ကိုရီးယားစပိုင်တွေကို တောင်ကိုရီးယားဆီ စေလွှတ်ခဲ့ပြီး နိုင်ငံရေးအခြေအနေကို ထောက်လှမ်းနေခဲ့ကြပါတယ်။ အဲထဲမှာမှ အဖွဲ့မှူးဂင်ကတော့ ရောက်တာကြာနေပြီး မိသားစုကို ဗီရာဂရာ (လိင်ကြီးဆေး) တွေရောင်းပြီး ခက်ခက်ခဲခဲ ရှာကျွေးနေရတာပါ။ တစ်နေ့ကျတော့ မြောက်ကိုရီးယားက ဝန်ကြီးတစ်ယောက် တောင်ကိုရီးယားကိုသစ္စာဖောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုလာတဲ့အခါမှာတော့ အရှုပ်အထွေးတွေ စတင်လာပါတော့တယ်။ အဲအချိန်မှာ မြောက်ကိုရီးယားဘက်က စစ်ဆေးရေးခေါင်းဆောင်ကို စေလွှတ်ပြီး အဖွဲ့မှူးဂင်တို့ဆီ ဆက်သွယ်ကာ တောင်ကိုရီးယားမှာ ရောက်နေတဲ့ မြောက်ကိုရီးယားစပိုင်အဖွဲ့ကို ပြန်လည်စုစည်းပြီး ဝန်ကြီးကို လုပ်ကြံဖို့ ကြိုးစားကြပါတော့တယ်။ အဲလိုကြိုးစားတဲ့နေရာမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ အောင်မြင်ပါ့မလား ဘယ်လိုအလွဲလေးတွေ ပေါ်လာမလဲဆိုတာ CM ဖန်သားပြင်ပေါ်က ကြည့်ရှုလိုက်ပါဦးနော် ဒီကားထဲမှာ မင်းသားအနေနဲ့ အားလုံးပဲသိကြတဲ့ ‌Detective K ရုပ်ရှင်တွေထဲက မင်းသားရယ် စုံထောက်ကားတွေဆို ပါနေကြဖြစ်တဲ့ မင်းသားကြီး Yu Haejin ရယ်ကောပါဝင်ထားတာဖြစ်လို့ အက်ရှင်ကို ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.9GB | 783MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator …..Kaung Set Encoder ….. Aaron

6.2 2012
The Spies
Vide Noir
6.2

Vide Noir (2022) IMDb – 6.8/10 2008ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန်ရော့ခ်အဖွဲ့ Lord Huronရဲ့ တေးအယ်လ်ဘမ်နာမည်။ Billboard 200မှာ နံပါတ်ကိုးနေရာချိတ်တဲ့ထိ အောင်မြင်ခဲ့ပါတယ်။ Vide Noirဆိုတာ ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပေးတဲ့အရာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်စေတဲ့အရာ၊ အချိန် အာကာသနဲ့ သေခြင်းတရားဆိုတဲ့ အတားအဆီးတွေကိုဖယ်ရှားပေးတဲ့အရာ၊ လျှို့ဝှက်ထားတဲ့အမှန်တရားကို သင်ကြားပေးတဲ့အရာ…တဲ့။ ဘာလဲဆိုတော့ မူးယစ်ဆေးတစ်မျိုးပေါ့။ Lord Huronရဲ့ အယ်လ်ဘမ်ထဲက တေးသွားတွေအတိုင်း အခန်းခွဲပြီးတင်ပြသွားတာမှာ သီချင်းတွေမှာနားမလည်လိုက်ရတဲ့ ခံစားမှုအဓိပ္ပါယ်တစ်ချို့ကို ဒီရုပ်ရှင်ထဲမှာ ပြန်လည်ရှာဖွေကြည့်လို့ရပါတယ်။ တောရိုင်းပန်းကလေးတစ်ပွင့်…။ဟိုးအဝေးကြီးမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ ငွားငွားစွင့်စွင့်ပွင့်နေတာ။ သတ္တိကောင်းလှပါတဲ့ ယောက်ျားတွေ ဘယ်လောက်ပဲရှာရှာ ပိုင်ဆိုင်ခွင့်မရဘဲ သူတို့ကြုံတွေ့ရမှာက သေခြင်းတရားနဲ့ စိတ်ပျက်အားလျော့မှုတွေ။ ဒီပန်းပွင့်ကလေးကို ဘယ်သူမှပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ပိုင်ဆိုင်ခွင့်ရခဲ့လို့ မင်းရဲ့ဥယျာဉ်ခြံမြေမှာ စိုက်ပျိုးခဲ့ရင်တောင် အရှက်တရားကြောက် ညှိုးခြောက်ပြီးသေဆုံးသွားမှာတဲ့..။ အဲဒီပန်းကလေးကတော့ လီလို့ခေါ်တဲ့ မိန်းမပျိုလေးပေါ့။ ချစ်ရတဲ့ အရိုင်းပန်းကလေး လီကို လိုက်ရှာရတဲ့ ယောကျ်ားတစ်ယောက်ရဲ့ဇာတ်လမ်း။ လီ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းတရားက အရာရာကိုအောင်နိုင်မှာလားဆိုတာ တေးသွားတွေကိုခံစားရင်း ကြည့်ရှုကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ aungmo3han ပဲ ဖြစ်ပါတယ် Genre….. Mystery, Thriller Quality…. 1080p | 720p File size… 1.9GB | 778MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator …..aungmo3han Encoder ….. Aaron

Animation • Comedy • Family • Music
6.2 2022 95 mins
Vide Noir
The Soul Reaper
6.2

The Soul Reaper (2023) IMDb – 6.2/10 နာမည်ကြီးနေတဲ့ ဗီယက်နမ် Horror ကားလေးကို စီအမ်ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဓားပြလူနည်းစုအုပ်စုတစ်စုဟာ နေရာရွှေ့ပြောင်းရင်း တစ်နှစ်ပတ်လုံးနှင်းတွေကျနေတဲ့ တောင်ပေါ်လေးတစ်နေရာမှာ အခြေချနေထိုင်ခဲ့ပါတယ်။ အဲဒီရွာလေးမှာ ထူးဆန်းတာကတော့ ရွာလူကြီးမိသားစုကလွဲပြီး ကျန်ရွာသားတွေက တောင်အောက်ကို မဆင်းနိုင်ပါဘူး။ သူတို့ရွာရဲ့ ထူးခြားမှုနောက်တစ်ခုကတော့ မှောင်လာရင် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေ ထကြွတယ်လို့ သတ်မှတ်ထားပေမဲ့ ရွာရဲ့ပွဲတစ်ခုခုလုပ်စရာရှိရင် ညဘက်မှာပဲ ကြွက်မျက်နှာဖုံးတွေတတ်ပြီး လုပ်ကြတာပါပဲ။ ဒီလိုနဲ့ ရွာလူကြီးသမီးဖြစ်သူ ဖုန်ရဲ့ မင်္ဂလာပွဲကိုလည်း ရွာရဲ့အစဉ်အလာအတိုင်း ညဘက်မှာကျင်းပတာပေါ့။ အဲဒီမှာပဲ ငယ်ငယ်ကတည်းက ဝိညာဉ်တွေကို မြင်နိုင်တဲ့ ဖုန် ဟာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို မြင်လိုက်ပေမဲ့ ကျန်တဲ့သူတွေကတော့ မမြင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ နေလာရင်း သူတိုရွာမှာ ထူးဆန်းစွာနဲ့ လူတွေ တစ်ယောက်က နှစ်ယောက် သေဆုံးလာခဲ့တဲ့နောက်မှာတော့ ရွာသားတွေဟာ ရွာမှာမနေရဲဘဲ တောင်အောက်ဆင်းဖို့ လမ်းရှာရင်း ဘယ်လိုတွေ ဆက်ဖြစ်မလဲ….. လူတွေကို သတ်နေတဲ့သူကရော ဘယ်သူဖြစ်မလဲ….. ဖုန်မြင်လိုက်တဲ့ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးကရော ဘယ်သူများလဲ ….. ဆိုတာတွေကို ဂမ္ဘီရဆန်ဆန်နဲ့ စိတ်ဝင်တစားကြည်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Char Ou က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Char Ou နဲ့ Mary ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.4GB | 722MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CharOu and Mary Encoder ….. Aaron

6.2 2023
The Soul Reaper
Agent Vinod
5.2

James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ် ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။ Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ် Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီး ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်… ခြေရာအားလုံးက “424” ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် “၄၂၄” ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။ တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။

Drama
5.2 2012 157 mins
Agent Vinod
Feast

ဒီဖိလစ်ပိုင်မှုခင်းဇာတ်ကားလေးကတော့ ကားတိုက်ပြေးမှုတစ်ခုကြောင့် မိသားစုနှစ်ခုကြား ပတ်သက်ဆက်နွယ်ဖို့ ရှိလာတာကို အခြေခံရိုက်ကူးထားပါတယ် ချမ်းသာတဲ့မိသားစုက သားဖြစ်သူ ရာဖယ်က ဧည့်ခံပွဲအတွက် အဖေ အက်ဖရက်ဒိုတွာဇွန်နဲ့အတူတူ ဈေးဝယ်သွားကြရာကနေ အပြန်မှာ နီတာရဲ့ ယောကျ်ား မတ်ရှပ်စ် နဲ့သမီးလေးခတ်တို့စီးနင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို မတော်တဆတိုက်မိခဲ့ပါတယ်။ ရာဖယ်က ကြောက်လန့်လွန်းသွားတဲ့အတွက် အဖေဖြစ်သူက ကားမောင်းသူနေရာပြောင်းနေပြီးတော့ လမ်းပေါ်မှာ ဒဏ်ရာတွေနဲ့ရှိနေတဲ့ သူနှစ်ဦးကို ပစ်ထားခဲ့ကာ မောင်းပြေးခဲ့ကြပါတယ်။ သူတို့ဟာ ကားတိုက်မိပြီးထွက်ပြေးမိခဲ့တဲ့အတွက် ရှေ့နေနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြကာ ရှေ့နေအကြံပေးခဲ့တဲ့အတိုင်း နစ်နာသူ မိသားစုမသိအောင် ဆေးရုံကုသစရိတ်များကို တိတ်တဆိတ် ပေးချေခဲ့ပေမယ့်လည်း မတ်ရှပ်စ်ဟာ ကိုမာဖြစ်ပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ နီတာဟာ ကားမတော်တဆမှုကို အမှုဖွင့် တိုင်ကြားခဲ့တဲ့အတွက် အက်ဖရက်ဒိုတွာဇွန်ဟာ ထောင်ကျသွားခဲ့ပါတယ်။ ရာဖယ်တို့မိသားစုက နစ်နာသူ မတ်ရှပ်စ်ရဲ့ဇနီးနဲ့အတူနေမိသားစုကို ၎င်းတို့စားသောက်ဆိုင်မှာ အလုပ်ပေးထားခဲ့ပြီး စောင့်ရှောက်ထားခဲ့ပါတယ်။ ဆင်းရဲပေမယ့် ပျော်စရာကောင်းတဲ့မိသားစုအသိုက်အမြုံလေး ပျက်စီးသွားရတဲ့အပေါ် မတ်ရှပ်စ်ရဲ့ ခယ်မနဲ့ ဇနီး နီတာတို့က စိတ်ရင်းအမှန်နဲ့ ရာဖယ်တို့ မိသားစုကို ခွင့်လွှတ်ပေးနိုင်ပါ့မလား… ရာဖယ်တို့မိသားစုကရော တကယ်ပျော်ရွှင်နိုင်ပါ့မလားဆိုတာကို… ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Crime, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.8GB | 907MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Feast
I Want You
6.8

စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊ မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာ အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာ နှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာ ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်း ဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာ အာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကို ခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရော လွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.8 2012 130 mins
I Want You
Greedy People

ပင်လယ်ကမ်းစပ်မြို့လေးကို တာဝန်ကြောင့် ပြောင်းရွှေ့လာခဲ့တဲ့ ဝေလ်နဲ့ သူ့ဇနီးပေ့ဂျ်တို့၊ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်အစပြုချင်တဲ့အတွက်ကြောင့် ဒီမြို့လေးကို တစ်ခါတည်းပြောင်းရွှေ့လာကြတဲ့သူတွေဖြစ်ပါတယ်။ လူသစ်,စိတ်သစ်,နေရာသစ်,အလုပ်သစ်မှာနေထိုင်ရင်း ဝေလ်ဟာ အလုပ်စဝင်တဲ့ပထမဆုံးရက်မှာပဲ တိုင်ကြားချက်တစ်ခုကို ဖြေရှင်းဖို့သွားရင်းနဲ့ မတော်တဆဖြစ်ကာ လူသတ်မိသွားပါတော့တယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ဝေလ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တယ်ရီတို့ဟာ အိမ်ထဲမှာ ဒေါ်လာ၁သန်းငွေသားတွေအပြည့်ထည့်ထားတဲ့ ခြင်းတစ်ခုကို တွေ့သွားကြပါတယ်။ ဒီလိုနဲ့ ပိုက်ဆံကိုမြင်ပြီးနောက် လောဘစိတ်ရယ်, လူသတ်မှုကို အမှုမပတ်ဖို့အတွက် နှစ်ယောက်သား အကြံထုတ်ရင်း ဒေါ်လာတစ်သန်းကို ခွဲယူကြပြီး ဒီလူသတ်မှုကိုတော့ တခြားတစ်ယောက်က သတ်တဲ့ပုံစံနဲ့ထားခဲ့မယ်ဆိုပြီး လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ဒီအမှုကိစ္စကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုရှုပ်ထွေးမှုတွေ ရှိနေဦးမလဲ …….. လောဘကြောင့်နဲ့ ဝေလ်တို့ ဘယ်လိုကိစ္စတွေ ကြုံတွေလာရဦးမလဲ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.6 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Greedy People
14 Days (Girlfriend Intlo)
6.1

14 Days: Girlfriend Intlo (2025) “ချစ်သူလေးနဲ့ ၁၄ ရက်တာ” ပေါ့ပေါ့ပါးပါးနဲ့ရယ်မောကြည့်ရှုရမဲ့ တေလဂူစကားပြော လူငယ်အချစ်ဟာသဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာရှာဆိုတဲ့ကောင်လေးဟာ ‘Creator Kiss’ ဆိုတဲ့ ချန်နယ်မှာ ဗီဒီယိုတွေကိုဖန်တီးနေတဲ့ မြီးကောင်ပေါက်လူငယ်လေးပါ။ တစ်နေ့တော့ dating app တစ်ခုကို စမ်းသုံးကြည့်ရာကနေ အဟာနာဆိုတဲ့ ချစ်စရာမြီးကောင်ပေါက်အပျိုချောလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ စစချင်း ဖုန်းထဲကတဆင့်စကားပြောကြရာက အပြင်မှာတွေ့ပြီး ချစ်သူတွေဖြစ်သွားကြလေသတည်းပေါ့…။ ဒါပေမဲ့ ဇာတ်လမ်းက အခုမှစတာပါ။ တစ်ရက်တော့ အဟာနာတို့အိမ်မှာ လူကြီးတွေခရီးထွက်သွားတာကြောင့် အိမ်မှာတင် မိဘတွေမသိအောင် နှစ်ဦးသားခိုးတွေ့ကြပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အဟာနာတို့မိဘတွေ ပြန်ရောက်လာတဲ့အခါ… မမျှော်လင့်ဘဲထွက်ပေါက်ပိတ်သွားတဲ့ ဟာရှာတစ်ယောက် လူကြီးတွေမသိအောင် အိမ်ကထွက်ဖို့အမျိုးမျိုးကြိုးစားပုံနဲ့ အိမ်ထဲမှာ ချောင်ပိတ်မိနေတဲ့ ကိုးရိုးကားရားအခြေအနေတွေကို ရယ်စရာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~KKKZ~ZweYan~Yunni တို့ဖြစ်ပါတယ်။)

Horror
6.1 2025 95 mins
14 Days (Girlfriend Intlo)