YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dead to Rights (2025) 720p WEB-DL (W+T).mp4

953.19 MB N/A video/mp4 297 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

Proof of Payment (2023) ********************** လီဖာဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းဖြစ်သူ "နံနက်စာ"နဲ့ အတူ လိမ်စားရိုက်စားလုပ်ရင်း ငွေရှာခဲ့သူပါ။ သူတို့က မခိုးဘူး မလုဘူး၊ လိမ်စားတာကိုပဲဆရာကျကျလုပ်တယ်၊ အကြံအစည်မှာဆို လီဖာ၊ သရုပ်ဆောင်မှာဆို "နံနက်စာ"ပေါ့ဗျာ။ လူလိမ်ဆိုပေမယ့် အပြစ်မဲ့တဲ့သူတွေကို ရိုက်စားမလုပ်ဘူး၊ လောဘအတောမသတ််နိုင်တဲ့သူတွေကိုသာ လိမ်စားတဲ့ လူကောင်းသူကောင်းသူခိုးဂျပိုးလေးပေါ့။ ရတဲ့ငွေနဲ့လည်း အဘွားဖြစ်သူကိုထောက်ပံ့၊ အိမ်နီးချင်းတွေကို ထောက်ပံ့ စိတ်ထားကောင်းလေးထားသူတွေပေါ့။ ဒါပေမဲ့ ဒုစရိုက်မှုဆိုတာ အမြဲတမ်းအဆင်ပြေတယ် ဘယ်ရှိမလဲ။ ကိုယ်လုပ်လိုက်လို့ နစ်နာသွားသူတွေ၊ ကိုယ့်ကိုပြန်လက်စားချေဖို့ချောင်းနေသူတွေရှိမှာပဲ။ တစ်နေ့မှာ လိမ်စားလုပ်ရင်း အဆင်မပြေလို့ ပါတီတစ်ခုကိုသွားရင်းက လီဖာတစ်ယောက် ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားလေရော။ တကယ်အချစ်စစ်နဲ့ချစ်မိသွားတဲ့ လီဖာဟာ ဒီကောင်မလေးအတွက်နဲ့ လိမ်စားဘဝ၊ ဒုစရိုက်ဘဝက ရုန်းထွက်ဖို့ကြံပါတော့တယ်။ လီဖာတစ်ယောက် လိမ်စားဘဝက လွတ်မြောက်နိုင်မလား ဘယ်လိုလှည့်ကွက်တွေလာဦးမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုလို့ရပါပြီဗျ။ File Size :(1.6GB)& (756MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:32:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy
0 2023
Proof of Payment
The First Purge
6

ဒီဇာတ်ကားက The Purge ဇာတ်ကားတွေရဲ့ မူလအစ Prequel ကားတစ်ကားပဲဖြစ်ပါတယ်။ The Purge ကားတွေကိုတော့ မြန်မာပရိသတ်တွေသိပ်ပြီးစိမ်းကြမယ်မထင်လို့ အထူးတလည်မိတ်ဆက်ပေးမနေတော့ပါဘူး။ ဒီဇာတ်ကားမှာတော့ ရှေ့ကထွက်ခဲ့တဲ့ဇာတ်ကားတွေထဲက Purge လို့ခေါ်တဲ့ပွဲကြီး ဘယ်လိုဖြစ်တည်လာလဲဆိုတာကို ပြသထားပါတယ်။ ဒီဇာတ်လမ်းကိုရေးသားသူကတော့ ရှေ့ကားတွေကို ကိုယ်တိုင်ရေးပြီးကိုယ်တိုင်ရိုက်ခဲ့တဲ့ James Demonaco ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးလိုစိတ်မရှိတာကြောင့် Gerard McMurray ဆိုတဲ့ဒါရိုက်တာကိုရိုက်ကူးခွင့်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လူဦးရေအရမ်းကိုအဆမတန်ထူထပ်များပြားလာတာကြောင့် စီးပွားပျက်ကပ်ဆိုက်နေတဲ့အခြေအနေကိုရောက်ရှိလာပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိုပြဿနာကြီးကို ကိုယ်တွယ်ရာမှာ တိုးတက်ကောင်းမွန်လာတယ်လို့မရှိဘဲ ကြာလာတာနဲ့ ကြွေးမြှီတွေက လည်ပင်းအထိနစ်လာပါတော့တယ်။ အဲဒီလိုကြံရာမရဖြစ်နေတဲ့အဆုံး နောက်ဆုံးနည်းကိုထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်ဆုံးနည်းဆိုတာကတော့ လူဦးရေကိုလျှော့ချပစ်တဲ့နည်းပါ။ Purge လို့လူအများခေါ်တွင်ကြတဲ့နည်းလမ်းကိုသုံးပြီး လူဦးရေကိုလျှော့ချပစ်တာပဲဖြစ်ပါတယ်။ Purge ဆိုတာကတော့ သတ်မှတ်ထားတဲ့ညတစ်ညမှာ ကြိုက်တဲ့ရာဇဝတ်မှုကို ကြိုက်သလိုကျူးလွန်နိုင်တဲ့ပွဲကြီးပါပဲ။ အဲဒီပွဲကြီးကိုအခွင့်ကောင်းယူပြီး လူသတ်ပြီး လုယက်ကြမယ့်လူတွေကလည်း မနည်းပါဘူး။ အာဏာပိုင်တွေကတော့ အဲဒီပွဲကိုကိုယ်တိုင်ဦးစီးပြီး တရားဝင်အဖြစ်ကြေငြာထားပါတယ်။ အဲဒီဒဏ်ကိုပထမဆုံးခံရတာကတော့ Staten Island လို့ခေါ်တဲ့ အခြေခံလူတန်းစားတွေနဲ့ လူမည်းတွေအများစုနေထိုင်တဲ့ မြို့ပါပဲ။ အစိုးရကိုယ်တိုင်က လူဦးရေလျှော့ချချင်တဲ့အကြံကြီးနဲ့ မင်းမဲ့တိုင်းပြည်လို လူကြိုက်သလောက်သတ် ကြိုက်တာလုပ်ခွင့်ပေးထားတဲ့တစ်ညတာကို အဲဒီမြို့လေးရှင်သန်နိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဘာသာပြန်ပေးထားသူတွေကတော့ ကိုမျိုးသန့်နဲ့မေမြတ်သူပါ) File Size : (700 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre : Action, Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.XviD.AC3-FGT Translated by May Myat Thu and Myo Thant Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6 2018 97 mins
The First Purge
Conquest of the Planet of the Apes
6.1

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီကားလေးကတော့ Escape Of The Planet Of Apes ရဲ့နောက်ဆက်တွဲကားလေးပါပဲ အရင်ကားမှာတော့ ကော်နီးလီယပ်စ် ရော ဇီရာ ရော သူတို့ရဲ့ကလေးရော အသတ်ခံလိုက်ရပေမဲ့ ဆက်ကပ်မှာကျန်နေတဲ့မျောက်လေးဟာ စကားပြောတတ်ခဲ့တာနဲ့ အဆုံးသတ်ခဲ့တာပါ ဒီကားကတော့ အဲဒီအဖြစ်အပျက်ပြီး နောက်အနှစ်၂၀အကြာမှာ ဖြစ်ပေါ်လာတာကိုရိုက်ပြထားတဲ့ကားလေးပါပဲ ဇာတ်လမ်းအကျဉ်း ဒီကားထဲမှာတော့ အရှေ့ကားကပြောထားတဲ့အတိုင်း ခွေးတွေနဲ့ကြောင်တွေအားလုံးသေဆုံးသွားတဲ့အတွက် မျောက်တွေဟာ အိမ်မွေးတိရိစ္ဆာန်ဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ သူတို့ရဲ့ ဥာဏ်ရည်နဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံက ခွေးတွေ ကြောင်တွေနဲ့မတူတော့ သူတို့ကို အစေခံအဖြစ်ပါခိုင်းခဲ့ကြတာပါ အရင်ကတည်းကလူဆိုတာဟာ အစေခံဆို အချင်းချင်းတောင် နိုင့်ထက်စီးနင်းလုပ်တတ်တဲ့အမျိုးဆိုတော့ ကိုယ်နဲ့မျိုးနွယ်မတူတဲ့ မျောက်တွေကအစေခံဖြစ်တဲ့အချိန်မှာတော့ ပြောစရာတောင်မလိုတော့ပါဘူး အဲဒီအချိန်မှာ ဆက်ကပ်ဆရာကြီး အာမန်ဒိုနဲ့ ဆက်ကပ်ကစကားပြောတဲ့မျောက်လေး ဆီဆာ ဟာ မြို့ပေါ်ရောက်လာတဲ့အချိန် ရဲတွေက မျောက်တစ်ကောင်ကိုရိုက်နှက်နေတာမြင်ပြီး ဆီဆာ မနေနိုင်လို့ လူယုတ်မာလူသားမျိုးမမစ်ကောင်တွေလို့ ထအော်လိုက်ရာကနေ ဇာတ်လမ်းကစခဲ့တာပါပဲ နဂိုကတည်းက စကားပြောတတ်တဲ့မျောက်ဟာ လူသားတွေရဲ့အနာဂတ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုတာကို ကြောက်နေကြတဲ့လူတွေက စကားပြောတတ်တဲ့မျောက်ကျန်နေသေးတာကိုသိသွားကြတဲ့အချိန်မှာ ဘာတွေဖြစ်လာမလဲ မျောက်တွေကရော ဘယ်လိုတုံ့ပြန်ကြမလဲ အရင်ကားကပြောခဲ့တဲ့အကြောင်းတွေဟာတကယ်ပဲဖြစ်လားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ကားကောင်းလေးပါပဲ File size…(1.47GB)/(882MB)/(444MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre…Action / sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Action • Adventure • Science Fiction
6.1 1972
Conquest of the Planet of the Apes
[18+] Blood Bead (Red Ball)
5.5

အသက်ကြီးပေမယ့် မပျက်စီးသေးတာကို သက်သေပြချင်နေတဲ့ ဒါရိုက်တာတိုကီတာ ကတော့ အနုပညာကျောင်းမှာ ပရော်ဖက်ဆာအဖြစ် ကျောင်းဆရာလုပ်နေရင်းနဲ့ သူ့ဘဝရဲ့နောက်ဆုံးရုပ်ရှင်ကားကို အောင်မြင်အောင်ရိုက်ကူးချင်နေခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်အရရော ခေတ်အနေအထားအရရော မတူညီတာကြောင့် အဆင်မပြေဖြစ်နေတဲ့ တိုကီတာဘဝထဲကို ဆယ်ကျော်သက်ကျောင်းသူလေး ရီဆူကို ဝင်ရောက်လာခဲ့ပါတယ်။ ရီဆူကို က ဇာတ်ညွှန်းရေးတဲ့နေရာမှာလည်း ကူညီပေးနိုင်သလို အထီးကျန်ပြီးငတ်မွတ်ဆာလောင်နေတဲ့လူအိုကြီးတစ်ယောက်ရဲ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အတန်းသားတွေစုပေါင်းပြီး ရုပ်ရှင်ရိုက်ကူးဖို့ ပြင်ဆင်တဲ့အချိန်မှာ ပြသာနာတွေတစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပါတော့တယ်။ အရမ်းကိုအပြာကားဆန်လွန်းတယ်ဆိုပြီး စိုးရိမ်နေရတဲ့ တိုကီတာရဲ့ဇာတ်ညွှန်းကရော ဘယ်လိုဖြစ်သွားမလဲ ? တိုကီတာနဲ့ ရီဆူကိုတို့ရဲ့ ဇာတ်လမ်းကရော ဘယ်လိုဇာတ်သိမ်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်….

Thriller • Action • Science Fiction
5.5 2015
[18+] Blood Bead (Red Ball)
All-Time High

စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။ ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။ ဒီအချိန်မှာ ကာစီနိုပိုင်ရှင်က သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
All-Time High
The Remains of the Day
7.8

The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 900MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 14Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Thriller
7.8 1993 134 mins
The Remains of the Day
Fight The Horse And Grab The Knife
5.7

ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကို အခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာ လျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီး လျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကို စတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်း လျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ် ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့ အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့ လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာ ဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့ တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ် ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကို ခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ် အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကို လိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီး စစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်….

5.7 2024
Fight The Horse And Grab The Knife
Calvaire
6.1

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီး မင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့ မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ. ဒီဇာတ်ကားဟာ Special Juary Prize, Premier Award International Critics Award နဲ့ Best Film Award စတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါ ပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက် ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက် ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာ ကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေး ဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော် မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်း တစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့ တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့ စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ် ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့ ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ် အဖိုးကြီးကလည်း မာ့စ်ကားကို မိမိပြင်ပေးမည် ဖြစ်ကြောင်းနဲ့ ခရစ္စမတ်မတိုင်မှီ ဖျော်ဖြေပွဲကို အချိန်မှီရောက်နိုင်ကြောင်း မာ့စ်ကိုအယုံသွင်းပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးက ဒီတည်းခိုခန်းက သူ့မိန်းမရှိတဲ့အချိန်တုန်းကတော့ စည်စည်ကားကား ရှိခဲ့ကြောင်း မိမိကလည်း လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့မိန်းမထွက်သွားပြီးတဲ့နောက်ပိုင်း အရာအားလုံး ကပြောင်းကပြန် တွေ ဖြစ်ကုန်ကြောင်း ရင်ဖွင့်ပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးရဲ့ အပြုအမူတွေက တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာပြီး မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း မာ့စ်တစ်ယောက် သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. မာ့စ်တစ်ယောက်အဖိုးကြီးလက်ကနေလွတ်ပြီး ခရစ္စမတ်ဖျော်ဖြေပွဲ ကို အချိန်မှီရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ရင်သပ်ရှုမောဖွယ် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး.. ဒီဇာတ်ကားက Drama, Horror &Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… File size…1.62GB / 775MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.1 2004 88 mins
Calvaire
Cecil B. Demented
6.3

ဒီရုပ်ရှင်လေးကတော့၂၀၀၀ခုနှစ်ကထွက်ရှိခဲ့တဲ့black comedyရုပ်ရှင်အမျိုးအစားကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Hollywood ကအခုနောက်ပိုင်း mainstream ရုပ်ရှင်တွေကို sequel ထုတ်လိုက် remake ထုတ်လိုက်နဲ့ပိုက်ဆံပဲရှာနေပြီး original ဇာတ်ကားကောင်းတွေမထုတ်တော့တာကိုသတိထားမိကြမှာပါ အဲဒီလိုဖြစ်နေတာကိုသဘောမကျတဲ့ရူးနေတဲ့ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Cecil B. Demented က Honey Whitlock ဆိုတဲ့နာမည်ကြီးရုပ်ရှင်မင်းသမီးကိုဖမ်းခေါ်ပြီးတော့သူ့ရဲ့ရုပ်ရှင်မှာဝင်သရုပ်ဆောင်ခိုင်းတာကနေဖြစ်လာတာတွေကိုဟာသနှောပြီးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.3 2000
Cecil B. Demented
Shadow of Fire
7

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန် ဂျပန်တွေ စစ်ရှုံးကာလ ဝန်းကျင်ကို အခြေပြု ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့ cm ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ နာမည်ကြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေ ဖြစ်တဲ့ မြူးနစ်ရုပ်ရှင်ပွဲတော်နဲ့ ဗင်းနစ် ရုပ်ရှင်ပွဲတော်တွေမှာ ၂၀၂၃ အကောင်းဆုံးဇာတ်ကားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စစ်ကြီးအတွင်းမှာ ဂျပန်နိုင်ငံကို မဟာမိတ်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားရှိခဲ့ပြီး နာမည်ကြီး ဟီရိုရှီးမားနဲ့ နာဂါဆာကီ အဏုမြူဗုံးကြဲချမှုတွေအပြင် “အနက်ရောင်ဆီးနှင်းကျတဲ့ည”လို့တင်စားခေါ်ဝေါ်တဲ့ တိုကျိုဗုံးကြဲတိုက်ခိုက်မှုမှာ တစ်ညအတွင်း လူပေါင်း တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ကြပြီး နိုင်ငံသားအများ အပြား အိုးအိမ်မဲ့ ဖြစ်ခဲ့ကြရတာပါ။ ဇာတ်လမ်းကို မိသားစုတစ်ခုလုံး မီးလောင်ဗုံးကြဲမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတဲ့ အမျိုးသမီးလေး တစ်ယောက်၊ အစားအစာတွေကို လစ်သလိုခိုးယူပြီး ရှင်သန်နေရတဲ့ မိဘမဲ့ ကောင်လေး တစ်ယောက်နဲ့ စိတ်ဒဏ်ရာအများအပြား ရရှိထားတဲ့ စစ်ပြန် စစ်သားတစ်ယောက်တို့ အတူတွေ့ဆုံမှုနဲ့ စဖွင့်ထားပါတယ်။ သူတို့တွေ ဆုံးရှုံးခဲ့ရတဲ့ မိသားစုဘဝတွေကို ခဏတာ အစားပြန်ရသလို ပျော်ရွှင်ခဲ့ကြပေမယ့် ရရှိထားကြတဲ့ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့ ပျော်ရွှင်မှုကို ရေရှည် ပိုင်ဆိုင်ခွင့် ရဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေအတွက် မျှော်လင့်ချက် ကင်းမဲ့မှုတွေ၊ ကြေကွဲဝမ်းနည်းမှုတွေနဲ့အတူ အထီးကျန်မှုကိုပါ ထင်ဟပ်ပြသထားပြီး တကယ့်ကို ခံစားမှုရသပေးစွမ်းနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားကောင်း တစ်ကားလို့ ဆိုပါရစေ။ File size…1.59GB / 697MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Drama , History , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

7 2023
Shadow of Fire
Nightbitch
5.7

Nightbitch (2024) IMDb Rating (5.7) / Rotten Tomatoes (59%) Man of Steel (2013)မှာ လူးဝစ်လိန်းအဖြစ်တမျိုး Enchanted(2007)မှာ ဂျစ်ဆဲလ်အဖြစ်တဖုံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Amy Adamsရဲ့ ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ black comedyလည်းဖြစ် horrorလည်းဟုတ်တဲ့ ဒီရုပ်ရှင်မှာတော့ မင်းသမီး Amy Adamsက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ သက်လတ်ပိုင်း ကလေးအမေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ နှစ်နှစ်အရွယ်သားလေးကို အိမ်မှာပဲနေပြီး အချိန်ပြည့်ပြုစုပေးဖို့ ပန်းချီဆရာမအလုပ်ကိုယ်စွန့်လွှတ်လိုက်ဖို့ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်ခဲ့တဲ့ မိခင်တစ်ယောက်။ ခင်ပွန်းဖြစ်သူနဲ့တိုင်ပင်ကြည့်တဲ့အခါ ပြုံးပြီး မင်းသဘောပြောခဲ့တော့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အိမ်မှာပဲနေရင်း သားဖြစ်သူနဲ့လင်ဖြစ်သူကို စောင့်ရှောက်ရင်းနဲ့ ပင်ပန်းဆင်းရဲမှုတွေ နောင်တတွေ မခံချင်စိတ်တွေ ကြုံတွေ့ခံစားလာရတဲ့အခါမှာတော့ ထင်ယောင်မှားမှုတွေလား၊ အစစ်အမှန်လား မသဲကွဲတော့ဘဲ ရှင်သန်ရာပတ်ဝန်းကျင်မှာ ကမောက်ကမတွေဖြစ်လာခဲ့ပါတော့တယ်။ မိခင်ဘ၀ကို ရှုထောင့်တစ်ခုကနေ သေချာလေးတင်ဆက်ထားပြီး သင်ခန်းစာယူနိုင်စရာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(3.9 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:40:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.7 2024
Nightbitch
Mission to Mars
5.7

Mission to Mars (2000) IMDb Rating (5.7) / Rotten Tomatoes (24%) “Mission to Mars” က ၂၀၀၀ ခုနှစ်က ထွက်ရှိတဲ့ သိပ္ပံအခြေပြု ရုပ်ရှင်ဖြစ်ပြီး Brian De Palma က ရိုက်ကူးထားပါတယ်။ Gary Sinise, Tim Robbins, Don Cheadle နဲ့ Connie Nielsen တို့လို ကျော်ကြားတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး အာကာသ၊ မစ်ရှင်နဲ့ လူသားတို့ရဲ့ အစပြုရာကို စိတ်ဝင်စားဖွယ် ပြသထားပါတယ်။ ဇာတ်လမ်းက မားစ်ဂြိုဟ်ကို သွားတဲ့ မစ်ရှင်တစ်ခု မအောင်မြင်ဘဲ အာကာသယာဉ်မှ အဖွဲ့ဝင်တစ်ဦး အန္တရာယ်တွင်းမှာကျန်ရစ်သွားတဲ့အခါ အဖွဲ့တစ်ဖွဲ့ ပြန်လည်ကယ်ဆယ်ဖို့ သွားရင်း စိန်ခေါ်မှုတွေ၊ ထူးဆန်းတဲ့ လျှို့ဝှက်မှုတွေ၊ နောက်ဆုံးမှာ လူသားရဲ့ အစပြုရာကို သုတေသနလုပ်ကြပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဆွဲဆောင်မှုကတော့ အာကာသရဲ့ ကျယ်ဝန်းမှုနဲ့ မားစ်ဂြိုဟ်ရဲ့ ထူးခြားမှုကို ထိထိမိမိ ဖော်ပြနိုင်တဲ့ အရာပါပဲ။ ၂၀၀၀ ခုနှစ်မှာ လုပ်ထားတဲ့ Visual Effects တွေက အံ့အားသင့်စရာကောင်းပါတယ်။ သရုပ်ဆောင်တွေထဲမှာ Gary Sinise က ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုကို ထင်ဟပ်စွာ ဖော်ပြနိုင်ပါတယ်။ သို့သော်လည်း ဇာတ်လမ်းအချို့မှာ ဖြည်းဖြည်းလေးစီးဆင်းတာကြောင့်မလို့ စိတ်ဝင်စားမှုနည်းသလို သိပ္ပံအမှန်တရားနဲ့ မကိုက်ညီတဲ့ အချက်လေးတွေပါ တွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရဲ့ စိတ်ကူးယဉ်တာရဲ့ အတွင်းပိုင်းနဲ့ လူသားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို ရှာဖွေဖော်ပြထားတာတော့ ကောင်းပါတယ်။ “Mission to Mars” ကသိပ္ပံအခြေပြု ရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်တစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Adventure,Science Fiction,Thriller Duration….01:54:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

5.7 2000 114 mins
Mission to Mars
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam