YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dead.Money.2024.720p.WEBRip (CM).mp4

600.99 MB 720p video/mp4 113 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Running Man
6.5

ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။ ၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ သွားခွင့်ရှိတယ်။ အိမ်ပြင်ထွက်ရင်တောင်မှ သွားလာခွင့်လက်မှတ်ဆိုတာကို အမြဲဆောင်ထားရမတဲ့။ ညမထွက်ရအချိန်ကျော်မှထွက်လို့မိရင် ထောင်ဒဏ်တသက်တကျွန်းဆိုပဲ။ ရုပ်မြင်သံကြားကို အစိုးရက လုံးဝထိန်းချုပ်ထားတယ်။ ရုပ်မြင်သံကြားနဲ့ပဲ နာရီမလပ် ဝါဒဖြန့်တယ်။ လူတွေဆန္ဒပြဆူပူဖို့ အာရုံမရောက်အောင် ရုပ်မြင်သံကြားကနေ The Running Man ဆိုတဲ့ ဂိမ်းရှိုးတစ်ခု အမြဲပြပေးတယ်။ အဲဒီရှိုးကလည်း အလွန်လူကြိုက်များတဲ့အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ ထောင်ကျနေတဲ့ရာဇဝတ်သားတွေကို ငလျင်ကြောင့်ပျက်စီးနေတဲ့နယ်မြေတစ်ခုထဲကို သွင်းပြီး သူ့နောက်ကနေ ကြေးစားလူသတ်သမားတွေက လိုက်သတ်တယ်။ သုံးနာရီပြည့်လို့မှ အသတ်မခံရသေးရင် သူနိုင်တယ်ပေါ့လေ။ နိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်ရပြီပေါ့။ အဲဒီအစိုးရတီဗီက အမြဲပြောလေ့ရှိတာကတော့ ကိုယ်တိုင်မျက်မြင်ဖြစ်မှယုံကြပါ တဲ့။ ဟုတ်ကဲ့ သူတို့တီဗီမှာပြနေတဲ့ဟာတွေအားလုံးကတော့ အမှန်တရားကို ပုံဖျက်ပြီး editing လုပ်ထားတဲ့ဟာတွေချည်းပါပဲ။ လူတွေကလည်း ကာလကြာလာတော့ ယုံလာကြတာပါပဲ။ ကလေးတွေအတွက် ကျောင်းဆိုတာ မရှိတော့ပါဘူး။ ကလေးတွေကို စစ်သင်တန်းပဲတက်ခိုင်းပြီး ဦးနှောက်ဆေးတယ်။ မိဘ၊မိသားစုဝင်တွေထဲက တော်လှန်ရေးသမားတွေရှိရင်၊အစိုးရမကောင်းကြောင်းပြောတဲ့သူတွေရှိရင် သတင်း‌ပို့ရမယ်လို့ သင်ပေးတယ်။ အဲလိုသတင်းပေးရင် မုန့်ဖိုးနှစ်ဆပေးသတဲ့။ Gorge Orwell ရဲ့ 1984 ထဲက အငွေ့အသက်တွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖိလွန်းရင်ကြွ ထိလွန်းရင်ချ ဆိုသလိုပဲ အဲဒီအာဏာရှင်အစိုးရကို တော်လှန်နေသူတွေလည်း ရှိပါသေးတယ်။ လူအရေအတွက်အနည်းငယ်သာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့လေးတစ်ခုပေါ့။ အဲလိုကာလမှာ ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဘန် ရစ်ချတ် (Arnold Schwarzenegger) ဟာ သူတကယ်မကျူးလွန်ဘဲ အကွက်ဆင်ခံလိုက်ရတဲ့ အမှုကြီးတစ်ခုအတွက် ထောင်ကျခံနေရာကနေ သူငယ်ချင်းတစ်စုနဲ့အတူ ထောင်ဖောက်ပြေးပြီး လွတ်မြောက်လာခဲ့ပါတယ်။ လွတ်မြောက်လို့ရက်သိပ်မကြာသေးခင်မှာပဲ ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်အဖမ်းခံရပြီး the Running Man အစီအစဉ်ထုတ်လုပ်သူ ၊ နာမည်ကျော်အစီအစဉ်တင်ဆက်သူကြီး ဒေမွန် ကီလီယံ ရဲ့လက်ထဲကို ရောက်သွားပါတော့တယ်။ မင်းသားကြီး အာနိုး ရဲ့ နုစဉ်အခါက သရုပ်ဆောင်ပုံဘယ်လိုရှိခဲ့တယ်ဆိုတာ အကဲဖြတ်ခံစားရင်း၊ ဒီဇာတ်ကားထဲက လူတွေရဲ့ အခြေအနေတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ရှုရင်း နဲ့ စိတ်ကူးယဉ်မဆန်တဲ့ စိတ်ကူးယဉ်ဇာတ်ကားလေးကို အားပေးကြည့်ရှုကြပါဦး လို့ တိုက်တွန်းလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားတာပါ။) File size…(10 GB)/(2.6 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:40:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thaman Myint

Science Fiction • Thriller
6.5 1987 101 mins
The Running Man
Z for Zachariah
6

ဒီဇာတ်ကားဟာ နျူကလီးယားကပ်ဘေးဆိုက်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူသုံးယောက်တို့ရှင်သန်ရပ်တည်ဖို့ရုန်းကန်ကြိုးစားကြပုံကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာCraig Zobel ရိုက်ကူးပုံဖော်ထားတဲ့ Black Wheel Awards ,Phoenix Film Critics Society Awards ဆုတွေရရှိထားပြီး rating 6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ ရုပ်ရှင်သရုပ်ဆောင်ကော စာရေးဆရာကော ဒါရိုက်တာအဖြစ်ကော အသက်မွေးပြီးအကယ်ဒမီဆုပေါင်းများစွာ ရရှိထားတဲ့ မင်းသားChiwetel Ejioforအပြင် အခြားအကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားChristopher Whitelaw Pine နဲ့ ဟာလေကွင်းလိုလူသိများတဲ မင်းသမီး Margot Elise Roobie တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအစမှာ နျူကလီးယားကပ်ဘေးသင့်ပြီးတဲ့နောက် ဖာရိုဆိုတဲ့ ခွေးလေးတစ်ကောင်ကို အဖော်ပြုပြီး တစ်ကိုယ်တည်းရှင်သန်ရပ်တည်နေတဲ့ အန်ဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ အစပျိုးထားပါတယ် အဲ့ဒီနောက်အန်ဆန်ဆိုတဲ့ ကောင်မလေးရဲ့ဘဝထဲကို မစ္စတာလူးမစ်နဲ့ ကေလမ်ဆိုတဲ့ အမျိုးသားနှစ်ဦးရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမှာလဲ သူတို့တွေ အသက်ရှင်သန်ဖို့ဘယ်လိုတွေရုန်းကန်ကြိုးစားကြမှာလဲ သူတို့သုံးယောက်ကြားမှာကော အချစ်ဆိုတဲ့ အရာပေါက်ဖွားလာတဲ့အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ပါဝင်စီးမျှောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားထဲမှာ ဒုက္ခရောက်နေတဲ့ အချိန် အသက်ရှင်ဖို့ကြိုးစားတဲ့အခါမှာ တွေ့ရှိရတဲ့ လူတွေရဲ့စိတ်ထားကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားက romance ဇာတ်ကားကောင်းတစ်ကားလို့ပြောရင်လည်းမှားမယ် မထင်ပါဘူး ဒီတော့Drama,Romantic,Sci-Fi,Thriller အမျိုးအစားကိုမှ ကြိုက်နှစ်သက်တွေ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.41GB / 678MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Romance , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6 2015
Z for Zachariah
Off the Stage
5.8

ဒီတစ်ခါမှာတော့ CM ကနေတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်ရိုးရာဇာတ်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် သားနှစ်ယောက်နဲ့သမီးတစ်ယောက်ရှိတဲ့ နာမည်ကြီးဇာတ်မင်းသမီးတစ်ယောက် အောင်မြင်မှုရလာတာနဲ့အမျှ ယောက်ျားတွေနဲ့ ပွေလီဖောက်ပြန်တတ်လာပါတယ် အဆိုးဆုံးကတော့ ကလေးသုံးယောက်ကိုပစ်ပြီး ဇာတ်အဖွဲ့ကနေလည်းနှုတ်ထွက်ပြီး အပျော်နောက်ကို လိုက်သွားခဲ့တာပေါ့နော် သားသမီးတွေဒုက္ခရောက်နေချိန်မှာ တစ်ချက်ပြန်မလာဘဲ ငွေပဲပို့ပေးခဲ့တဲ့ အမေတစ်ယောက်ကို သူ့သားအကြီးဆုံးချိုးရှန်းကတော့ အရိုးထဲထိကို မုန်းနေခဲ့ပါတယ် သူ့အမေရဲ့လျစ်လျူရှုမှုတွေကြောင့် သူ့ညီမဖြစ်သူက စိတ်မနှံ့တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်၆နှစ်ကျခဲ့ရပါတယ် သူတို့အမေပြန်လာခဲ့တဲ့အချိန်ကတော့ သူမမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး မကြာခင်သေရတော့မယ်ဆိုတာကိုသိရတဲ့အချိန်ပဲဖြစ်ပါတယ် သူ့သားတွေကတော့ သူ့အမေပြောတာကို ဇာတ်မင်းသမီးပီပီ လီဆယ်ပြောတယ်လို့ပဲမှတ်ပြီး မယုံကြပါဘူး ဒီကားလေးထဲမှာ အောင်မြင်မှုနွံထဲမှာ နစ်ခဲ့တဲ့ ဇာတ်မင်းသမီးတစ်ယောက်ရဲ့ မိသားစုဘဝကို နောက်ခံထားပြီး ဇာတ်ကဖို့ဆိုတာ နောက်ကွယ်‌မှာ အများကြီးကြိုးစားအားထုတ်မှု‌တွေရှိကြောင်းကို သနားစရာဇာတ်လမ်းလေးအဖြစ်ရိုက်ကူးထားတာဖြစ်လို့ ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရှုချင်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့လို့ ကြည့်ရှုခံစားဖို့ CM ကနေတင်ဆက်ပေးလိုက်ပါတယ်နော်

5.8 2024
Off the Stage
Videodrome
7.2

IMDb rating – 7.2 ရထားပြီး Rotten tomato -83% ထိ ရထားတဲ့ Vidoedrome (1983) ဟာ Horror-SiFi ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေရဲ့ဖခင်ကြီးဖြစ်တဲ့ David Cronenberg ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်၊ Cast တွေအနေနဲ့ကလည်း Once Upon A Time in America, Casino စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိ Oscar ဆုရ ရုပ်ရှင်ကြီးဖြစ်တဲ့ Oppenheimer ရဲ့ တွဲဖက် ပရိုဂျူဆာကြီးဖြစ်တဲ့ James Woods က အဓိကဇာတ်ကောင် မက်စ်ရန် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ရုပ်မြင်သံကြားပရိုဂရမ်တစ်ခုကို ထုတ်လွှင့်နေတဲ့ ပရိုဂျူဆာ မက်စ်ရန်ဟာ ပရိတ်သတ်တွေအတွက် ထူးခြား ကွဲပြားတဲ့ ရသကိုပေးစွမ်းနိုင်ဖို့ လူကြီးဇာတ်လမ်းတွေကိုရှာဖွေရင်းက ဗီဒီရိုဒရုန်းဆိုတဲ့ ထူးဆန်းပြီး စက်ဆုပ်စရာ ဗီဒီယိုဖိုင်တစ်ခုကိုအမှတ်မထင်ကြည့်လိုက်မိရာမှ စွဲလမ်းသွားပြီး ထင်ယောင်ထင်မှားတွေဖြစ်လာပါတော့တယ်၊ ဗီဒီယိုထဲကအကြောင်းအရာတွေကို အစဖော်ထုတ်ဖို့ကြိုးစားအဖြေရှာတဲ့အခါ ဘာတွေတွေ့ရှိသွားမလဲ ဗီဒီယိုဒရုန်းရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကရော ဘယ်သူလဲ၊ တိုးတက်လာတဲ့ နည်းပညာက လူသားတွေအတွက် ကောင်းကျိုးတစ်ခုရော တစ်ကယ်ဖြစ်စေရဲ့လားဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရင်း အဖြေရှာကြည့်လိုက်ပါခင်ဗျာ၊ တချို့နေရာတွေမှာ ကြမ်းတမ်းတဲ့ လိင်အသားပေးအပြုအမူတွေပါတာမို့ အသက်မပြည့်သူများ ကြည့်ရှုရန်မသင့်တော်ပါဘူးခင်ဗျာ။ File size…(1.8 GB)/(930 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre… Horror, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry

Drama • History
7.2 1983 88 mins
Videodrome
Lady Scorpions

အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် DEA အေးဂျင့်ဖြစ်သူ Alena ဆိုတဲ့ ဘွားတော်က မူးယစ်ရာဇာတစ်ပါးကို အဆုံးစွန်ထိ လိုက်နေခဲ့ပြီး မိသားစုကို အချိန်မပေးနိုင်တဲ့လူပါ မူးယစ်ရာဇာ လူရှန်ကတော့ သွေးအေးအေးနဲ့ အလုပ်လုပ်တတ်သူဖြစ်ပြီ သူနဲ့ သူ့သားဖြစ်သူအနာဂတ်စိတ်ချရဖို့ နောက်ဆုံးအပေးအယူတစ်ခုဖြစ်ဖို့ မျှော်မှန်းထားသူပါ ဘွားတော် Alena ရဲ့ သမီးဖြစ်သူ Lacy ဟာ ကိုယ်ခံပညာ နည်းပြဆရာမတစ်ယောက်ဖြစ်ပြီး ၁၀ နှစ်အရွယ် မြေးမလေးလည်းရှိပါတယ် အဆုံးစွန်အထိ ယုတ်မာတဲ့ ဒုစရိုက်အုပ်စုနဲ့ သူတို့ကိုဖြုတ်ချမယ့် လေဒီနှစ်ယောက် ဘယ်လိုအားပြိုင်ကြမှာလဲ အက်ရှင်သိုင်းကွက် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားရမယ့် ဇာတ်ကားလေးပါ File size…(1.5 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2024
Lady Scorpions
My Divorce Party

ဇန်ဟာ သူ့ယောက်ျားဖြစ်သူ တိုနီနဲ့ ကွာရှင်းဖို့အကြောင်းဖန်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဆမန်သာ၊ ရန်၊ ဝင်ဒီနဲ့ အစ်စဘယ်လာတို့နဲ့အတူ ကန္တာရဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်လာပါတော့တယ်။ တစ်ဖက်မှာ အစ်စဘယ်လာကလည်း မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ တိုနီက ဘော်ဒါကောင်းတွေဖြစ်လို့ သတို့သားအရံလုပ်ဖို့ ဖိတ်ထားပြီးသားဖြစ်လို့ အစ်စဘယ်လာအနေနဲ့ ဇန်ကို သတို့သမီးအရံလုပ်ခိုင်းရင် ကွာရှင်းတော့မဲ့ လင်မယားကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နေမှာမို့ အခက်တွေ့နေပြီး ဇန်ကို မင်္ဂလာဆောင်ကိစ္စ မပြောသေးပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ပိုဆိုးတာက ဇန်က သူ့စုထားတဲ့ ဒေါ်လာတစ်သိန်းကို ကွာရှင်းပြီးသွားရင် တိုနီကို တစ်ဝက်ပေးရမှာဖြစ်လို့ မပေးချင်တဲ့အတွက် ကန္တာရထဲကို ယူလာပြီး သုံးဖြုန်းပစ်ဖို့ လုပ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့ သူငယ်ချင်းငါးယောက် ကန္တာရထဲက သူစိမ်းပြင်ပြင်ကြားမှာ ဒေါ်လာတစ်သိန်းနဲ့ ဘယ်လို ငါးပါးမှောက်ကြမလဲဆိုတာက အခွီတလိုင်းကြည့်ရမှာဖြစ်လို့ လက်မနှေးပဲ အခုသာ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
My Divorce Party
21 Jump Street
7.2

21 Jump Street (2012) IMDb Rating (7.2) / Rotten Tomatoes (85%) ဒီတစ်ခေါက်ကတော့ ဟာသဇာတ်လမ်းတွေကြားမှာ နာမည်ကြီးပြီးသားရုပ်ရှင်ဖြစ်တဲ့ 21 jump street ရုပ်ရှင်ပဲဖြစ်ပါတယ်။ ရှမစ် နဲ့ ဂျန်ကို တို့နှစ်ယောက်ဟာ အထက်တန်းကျောင်းတုန်းက အစေးမကပ်ခဲ့ကြပေမယ့် နှစ်ယောက်လုံး ရဲ ဖြစ်လာတဲ့အခါမှာတော့ ပါတနာတွေ အဖြစ် အတူတာဝန် ထမ်းဆောင်ရပါတော့တယ်။ စိတ်ထင်ရာနင်းကန်ချကြလို့ အထက်လူကြီးက တကယ့်နေရာကိုပို့လိုက်ပါတော့တယ်… ဒါကတော့ အထက်တန်းကျောင်းတစ်ခုမှာ ပျံ့နေတဲ့ မူးယစ်ဆေးအသစ်တစ်မျိုးအတွက် တာဝန်ရှိတဲ့သူကို ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့အတွက် ရှမစ် နဲ့ ဂျန်ကိုတို့ဟာ အထက်တန်းကျောင်းကို ကျောင်းသားအသစ်အဖြစ် ဟန်ဆောင်ဝင်ရောက်ပြီး လျှို့ဝှက်ထောက်လှမ်းရေး လုပ်ရပါတော့တယ်။ ရုပ်ရှင်ကြည့် ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Jonah Hill နဲ့ Channing Tatum တို့ ဦးဆောင်ပါဝင်ထားပြီး ဘော်ဒါနှစ်ကောင် အထက်တန်းကျောင်းမှာ ဘယ်လိုတလွဲတချော်တွေ ဖြစ်မလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပါ။ Brie Larson , Dave Franco , Ice Cube , Dakota Johnson တို့လို နာမည်ကြီးသရုပ်ဆောင်တွေလဲကူညီအားဖြည့်ထားတာမလို့ တကယ့်ကိုကြည့်ပျော်တဲ့ရုပ်ရှင်ပါပဲ။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။ Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)

Horror • Comedy • Thriller
7.2 2012 109 mins
21 Jump Street
[18+] Introspectum Motel

Introspectum Motel (2021) ဒီ Introspection Motel ဆိုတဲ့ဇာတ်ကားလေးကတော့ ကြည့်တဲ့သူရဲ့ အမြင်ပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးပေါ်လွင်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ လူတွေဖောက်ပြန်တဲ့အခါမှာ တဒင်္ဂသာယာမှကြောင့် စိတ်သွားရနောက် ကိုယ်ပါလာတတ်ပေမယ့်​ နောက်ဆက်တွဲတွေရှိလာတတ်ပါတယ်။ လူ့ကျင့်ဝတ်အရ ဖောက်ပြားပြီးတဲ့အခါမှာ အကျိုးဆက်တွေကို အကြီး အသေး အလျောက်ခံစားကြရပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အပြစ်ကြောင့် ဝမ်းနည်းပူဆွေးခြင်း၊ နောင်တ အစရှိတာတွေ မရှိလာတဲ့သူတွေ တစ်နည်းအားဖြင့် စိတ်မာကျော ခက်ထန်တဲ့သူအချင်းချင်းတွေ့လာကြတဲ့အခါ ဒေါသ၊ မောဟ အစရှိတဲ့အရာတွေ သံသယအဖန်တလဲလဲထပ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါကို ဇာတ်လမ်းရဲ့ နာမည် ဖြစ်တဲ့ introspection ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်ခြင်းလို့ အဓိပ္ပါယ်ရပြီး ဒါကို ဇာတ်လမ်းသဖွယ် ပြန်လည်သရုပ်ဖော်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ အမျိုးသားတစ်ယောက်ကဖောက်ပြန်တဲ့အပေါ် အခြေခံထားတာပါ။ ဖိလစ်လို့ခေါ်တဲ့သူ အလုပ်ကိစ္စနဲ့ အလုပ်ခရီးထွက်ဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ အစည်းအဝေးတက်ဖို့ ခရီးသွားရာကနေ အစည်းအဝေးပျက်သွားတဲ့အခါ အပျော်ရှာဖို့ဖြစ်ပါတော့တယ်။ ဖြစ်ချင်တော့လည်း ဖိလစ်သွားတည်းတဲ့ မိုတယ်ဟာ ဖိလစ်နဲ့ပတ်သက်ပြီး သမိုင်းကြောင်းရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ (အဖော်အချွတ်ခန်းတချို့ပါဝင်တာကြောင့်မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။) Dark Side Production မှ တင်ဆက်သည်။

0 2021
[18+] Introspectum Motel
Hu Laoshi’s Wake
5.8

ပရလောကသားတွေကို မမြင်ဖူးလို့ မရှိဘူးလို့ထင်လား…တကယ်မရှိတာလား… ရှိပြီး မမြင်ရတာလားမသိပေမယ့်… ၁၉၂၀ ခုနှစ်က ဆင်းရဲသားရွာလေးကတော့… မမြင်ဖူးတဲ့ ပါးစပ်ရာဇဝင်ထဲက ကြောင်မိစ္ဆာကြောင့် အလုပ်အကိုင်ရှားပါးနေတယ်… ဒီထဲမှာ ဆင်းရဲလို့ ငွေရှင်တွေလက်အောက် အလုပ်လုပ်နေရပြီး… ငွေရှင်ရဲ့ ခေါင်းပုံဖြတ် အနိုင်ကျင့်တာကို ခံနေရတဲ့ မိသားစုတွေလည်းရှိတာပေါ့… လောင်စစ်တို့မိသားစုလည်း ဒီလို ဖိနှိပ်ခံဆင်းရဲသားမိသားစုတွေထဲက တစ်မိသားစုအပါအဝင်ပေါ့… လောင်စစ်ခဗျာ လုပ်အားခကို နေ့ရွေ့ညရွေ့နဲ့ အချိန်မှီမရတဲ့ဒုက္ခအပြင်… ဈာပနမှာ အလောင်းစောင့်ဖို့ပါ လိမ်လည်ပြီးစေခိုင်းခံရပြန်သေးတယ်… ဒီလောကကြီးမှာ မမြင်ရတဲ့ ပရလောကသားတွေက ကြောက်ဖို့ကောင်းတာလား…. ပရလောကသားတွေကိုကြောက်နေတဲ့ လူသားတွေကပဲ ကြောက်ဖို့ကောင်းတာလား…. အလောင်းစောင့်တဲ့ညမှာ ဘယ်လိုကိစ္စတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာတော့… ဇာတ်လမ်းအဆုံးလေးကို စောင့်မျှော်ကြည့်ကြတာပေါ့…

5.8 2024
Hu Laoshi’s Wake
Bureau 749
5.9

တရုတ်နိုင်ငံမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေအားလုံးကို ခေါ်ရိုက်ထားသလားထင်ရအောင် နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းအားဖြည့်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ TF boys အဖွဲ့ဝင် Karry Wang က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင်စွန့်စားခန်းရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ အနာဂတ်ခေတ်မှာ ကမ္ဘာပေါ်မှာ အမည်မသိသက်ရှိတွေ ထွက်ပေါ်လာတဲ့အတွက် ၇၄၉ သက်ရှိသုတေသနစခန်းကို ဖွဲ့စည်းခဲ့ပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းပြိုကျပြီးနောက် သတ္တုတွင်းတစ်ဝိုက်မှာ မြူငွေတွေ ထွက်ပေါ်လာပါတယ်။ အဲဒီမြူငွေ့တွေက လူတွေအတွက် အန္တရာယ်မရှိပေမဲ့ တဖြည်းဖြည်းပိုပြီး သိပ်သည်းလာပါတယ်။ ဟုန်ခွမ့်သတ္တုတွင်းထဲမှာလည်း ထူးဆန်းတဲ့ သက်ရှိတစ်မျိုးကို တွေ့ခဲ့ပြီး အဲဒီသက်ရှိဟာ သတ္တုရော ပရိုတင်းဓာတ်ကိုရော စုပ်ယူဝါးမြိုနိုင်ပြီး အဲဒီအကောင်ကို အနိုင်ယူနိုင်တဲ့အရာမရှိ ဖြစ်နေပါတယ်။ အဲဒီသက်ရှိကို အမှတ်သုညသက်ရှိအဖြစ် နာမည်ပေးခဲ့ပါတယ်။ အမှတ်သုညသက်ရှိက ကြီးလာတာနဲ့အမျှ လူတွေအတွက် အန္တရာယ်ရှိလာခဲ့ပါတယ်။ သတ္တုတွင်းထဲက ပြဿနာကို ဖြေရှင်းဖို့ သာမန်ကောင်လေးတစ်ယောက်အဖြစ် ဘဝကို အေးချမ်းစွာဖြတ်သန်းနေတဲ့ မာရှန်းကို ၇၄၉ စခန်းက လိုအပ်လာတဲ့အတွက် မာရှန်းရဲ့ဘဝဟာ စတင်ပြောင်းလဲရပါတော့တယ်။ မာရှန်းရဲ့ လျှို့ဝှက်ချက်က ဘာလဲ…… သတ္တုတွင်းထဲက သက်ရှိကိုရော ဘယ်လို အနိုင်ယူရမလဲ…… ၇၄၉ စခန်းက ဒီအန္တရာယ်ဘေးက ကျော်ဖြတ်နိုင်မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller • Science Fiction • Drama • Mystery
5.9 2024
Bureau 749
Anomalisa
7.1

Anomalisa (2015) **************** ၂၀၁၅ ခုနှစ်က ထုတ်လွှင့်ခဲ့တဲ့ အမေရိကန် comedy-drama အမျိုးအစား ကာတွန်းကားဖြစ်ပါတယ်… Michael Stone ကစီးပွားရေးလောကမှာ ဝန်ဆောင်မှုလုပ်ငန်းများတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သလို ဝန်ဆောင်မှုများအကြောင်း စာအုပ်များရေးသားနေသူလည်းဖြစ်ပါတယ်…ဇာတ်လမ်းအစကတော့ Ohio မှာ ကျင်းပပြုလုပ်မယ့် သူ့စာအုပ်မိတ်ဆက်ပွဲအခမ်းအခန်းအတွက် Cincinnati မြို့လေးကို ခရီးထွက်လာတာပဲဖြစ်ပါတယ်… သူ့မှာ မိန်းမနဲ့ သားတစ်ယောက်ရှိနေပေမဲ့လည်း သူ့ကိုယ်သူ လူအားလုံးနဲ့ကွဲပြားနေသူလို့ ယူဆထားသူဖြစ်ပါတယ်… ဒါပေမဲ့လည်း သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲကို လာနားထောင်တဲ့ Lisa ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီးချိန်မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပါတယ်…ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါကုန်… ဒီကားက Best Animated Feature Film of the Year မှာ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း ၂၅ဆုလည်းရရှိခဲ့ပါတယ်… မှတ်ချက်….ဒီကားက လူကြီးတွေပဲကြည့်သင့်တဲ့အပြင် မိသားစုနဲ့ အတူမကြည့်သင့်တဲ့အခန်းတချို့လည်းပါလေတော့ ဒေါင်းကြည့်တဲ့နေရာမှာ သတိချပ်စေလိုကြောင်းပြောကြားပါရစေ… File Size : 791MB / 340MB Quality : 1080p / 720p Duration : 01:30:00 Genre : Animation, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by Heather Oo

TV Movie • Drama
7.1 2015 91 mins
Anomalisa
National Lampoon’s Christmas Vacation
7.5

မျှော်လင့်ခြင်းတွေကို ဆောင်ကျဥ်းပေးလာတဲ့ နေ့တစ်နေ့ဖြစ်သလို မျှော်လင့်ထားတာတွေကို ပြည့်ဝစေချင်မိတဲ့ နေ့တစ်နေ့လည်းဖြစ်တဲ့ ခရစ္စမတ်နေ့လေးကို လူတိုင်း မျှော်လင့်မိကြပါတယ်။ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ချစ်ရသူတွေနဲ့ အားလပ်ရက်အခိုက်အတန့်ကို ဖြတ်သန်းကြတယ်။ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသော အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့။ ခရစ္စမတ်နေ့နဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေဟာ ဘယ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားနေနေ ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားတာမို့ ဒီဇာတ်ကားလေးထဲမှာလည်း ခရစ္စမတ်ရဲ့ အဓိပ္ပာယ်၊ ဒီနေ့လေးကြောင့် နားလည်လာရတဲ့ တန်ဖိုးတွေကို တလွဲဖြစ်လွန်းတဲ့ ဂရစ်ဝေါမိသားစု အဖြစ်အပျက်လေးကနေတဆင့် ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ မိသားစုကို သိပ်ချစ်တတ်လွန်းသူကြီး ကလာ့ခ်တစ်ယောက် ခရစ္စမတ်အခိုက်အတန့်မှာ ဘာတွေကိုများ မျှော်မှန်းထားပါလိမ့်။ သူတို့မိသားစုရဲ့ ခရစ္စမတ်အခါသမယက စီစဥ်ထားသလို စိတ်ကူးယဥ်ထားသလို ချောချောမွေ့မွေ့နဲ့ ကုန်ဆုံးသွားမှာမဟုတ်တာတော့ သေချာတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ ကလာ့ခ်ဂရစ်ဝေါတို့ ဂရစ်ဝေါမိသားစုရဲ့ ခရစ္စမတ်လေးက ဘယ်လို အဖြစ်အပျက်တွေနဲ့ ဘယ်လို ခံစားချက်တွေကို ယူဆောင်လာပေးမလဲဆိုတာကို (၁၉၈၉)ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “National Lampoon’s Christmas Vacation” ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားလို့ရပြီပဲ ဖြစ်ပါတယ်။ File size… 1.99 GB / 837 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Horror
7.5 1989 97 mins
National Lampoon’s Christmas Vacation
The Story of Us

အခုဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကြမ်းတွေရဲ့မင်းသားကြီး Bruce Willisရဲ့ ၁၉၉၁က ထွက်လာတဲ့ Drama Romanceလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဘန်နဲ့ ကေတီတို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့နဲ့အယ်ရင်လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီး အသက်သွင်းဖို့ကြိုးစားကြရပါတယ်။ ကံကြမ္မာနဲ့အချစ်တစ်ခုကြောင့် ပေါင်းဖက်လာကြတဲ့ လူနှစ်ယောက် သဘောမတူညီမှုတွေ၊ အခက်အခဲတွေကြားထဲမှာ အတူတူရှိနေမယ့်လူတစ်ယောက်ကို ရထားတာ ဘယ်လောက်တောင်ကံကောင်းလဲဆိုတာကို နားလည်သွားဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။ ပြသာနာတွေကြားကအိမ်ထောင်ရေးတစ်ခုမှ အချစ်ကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာကို ပြသထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ File size… (1.8 GB) / (905 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lwin

0 1999
The Story of Us
The Devil and the Daylong Brothers

ဖအေတူ ၊ မအေကွဲ Daylong ညီအစ်ကိုသုံးယောက်ဟာ သူတို့မမွေးခင်ကတည်းက သူတို့ဝိညာဉ်တွေကို နတ်ဆိုးဆီမှာ ရောင်းစားခဲ့တဲ့ အဖေဖြစ်သူကြောင့် ကျိန်စာနဲ့အတူ ယှဉ်တွဲမွေးဖွားလာခဲ့ပါတယ်။ အမေရိကန်တောင်ပိုင်း ကျေးလက်ဒေသကို ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းဟာ အရွယ်ရောက်လာတဲ့ Daylong ညီအစ်ကိုတွေ သူတို့အဖေ သူတို့ဆီက ခိုးယူသွားတဲ့အရာကို ပြန်ယူဖို့နဲ့ လက်စားချေဖို့အတွက် အဖေရှာပုံတော်ခရီးဖွင့်တဲ့ Musical Horror ရုပ်ရှင်ဇာတ်လမ်းပါ။ သူတို့ရဲ့ ခရီးလမ်းတစ်လျှောက်မှာ အသက်ဘေးအန္တရာယ်တွေအပြင် အပြစ်ရှိစိတ်တွေ ၊ ဒေါသတွေနဲ့ လုံးထွေးသတ်ပုတ်ခဲ့ရပြီး သူတို့ရဲ့ ဝိညာဉ်တွေက တန်ဖိုးရှိရဲ့လားလို့လည်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် မေးခွန်းပြန်ထုတ်ခဲ့ရပါတယ်။ Cast တွေအနေနဲ့ Daylong ညီအစ်ကိုသုံးယောက်အဖြစ် Brendan Andolsek Bradley , Jordon Bolden , Nican Robinson တို့အပြင် The substance ဇာတ်ကားနဲ့ နာမည်ကြီးထားတဲ့ မင်းသမီး Margaret Qualley ရဲ့ ညီမ Rainey Qualley တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ကိုယ်က အမေရိကန်တောင်ပိုင်း ဓလေ့ထုံးစံတွေ ရောနှောထားတဲ့ Musical Storytelling ဆန်ဆန် သဘာဝလွန် Horror ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီရုပ်ရှင်က ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ File size…(1.1 GB) Quality….Webrip 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

0 2025
The Devil and the Daylong Brothers
The Descent: Part 2
5.8

The Descent: Part 2 (2009) IMDb Rating (5.8) နာမည်ကြီးခဲ့တဲ့ The Descent (2005) ရဲ့အဆက်အနေနဲ့ထွက်ရှိလာတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ…အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ် (သွေးထွက်သံယိုပြကွက်တွေ အများအပြားပါဝင်တာကြောင့်နှလုံးမခိုင်သူများ မကြည့်ရှုသင့်ပါ။)

Comedy • Drama
5.8 2009 94 mins
The Descent: Part 2