YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dead Man (2024)WEB-DL 1080P(CM).mp4

1.38 GB N/A video/mp4 1470 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Monster Squad
6.7

The Monster Squad ဇာတ်ကားလေးဟာ ဒါရိုက်တာ Fred Dekker ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ သူ့ခေတ်အခါတုန်းကတော့ အတော်အသင့်နာမည်ရခဲ့ပြီးတော့ Box office မှာ ၃.၈ ဘီလီယံ ဒေါ်လာ ရခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ special effects တွေက အရင် ၁၉၈၀ လောက်တုန်းကဆိုတော့ အရမ်းမကောင်းပေမဲ့ ပရိသတ်တွေကို Horror အရသာ အပြည့်ခံစားရစေပါတယ်။ 80s ကားတွေကို ပြန်ပြီး ခံစားကြည့်ချင်တယ်ဆိုရင်တော့ အိမ်မှာ ဇိမ်ခံရင်း ကြည့်လို့ကောင်းတဲ့ ကားတစ်ခုပါပဲ။ လူကြီးသူငယ်မရွေးကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဒရက်ကူလာလို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ဇာတ်လိုက်ဖြစ်တဲ့ ရှောင် နဲ့ သူငယ်ချင်းတွေရှိတဲ့ မြို့လေးမှာ နိုးထလာပြီးတော့ ပျောက်ဆုံးနေတဲ့ ဗန်ဟဲလ်ဆင်ရဲ့ ဒိုင်ယာရီကို လိုက်ရှာပါတော့တယ်။ ဒိုင်ယာရီဟာ ရှောင်တို့လက်ထဲမှာ ရှိပြီးတော့ အထဲမှာ ဒရက်ကူလာကို တားဆီးဖို့ နည်းလမ်းကို ရေးထားပါတယ်။ ဒရက်ကူလာနဲ့ ရှောင်တို့ အားပြိုင်တဲ့အခါမှာ အဆုံးသတ်မှာ ဘယ်သူနိုင်သွားလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ မထင်မှတ်ထားတဲ့ plot twitst တွေလဲထည့်ရိုက်ထားပါတယ်။ ဒီကားလေးကို ဆက်လက်ကြည့်ရှုလိုက်ကြပါ ခင်ဗျာ။ File size…(1.2 GB)/(600 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:22:00 Genre...Comedy, Action, Fantasty Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alexay

Horror
6.7 1987 82 mins
The Monster Squad
Countdown
6.3

CM Fan တွေအတွက် ၂၀၁၉ အောက်တိုဘာ လထဲ ရုံတင်သွားတဲ့ Horror ရုပ်ရှင်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP က ချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ... တကယ်တမ်း ၃ နာရီ အတွင်းသေမလား ရှင်မလား ဆိုတာကိုတော့ CM Fan တွေ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ရုပ်ရှင်ကားကို Htet Wai Lwin နှင့် Chanyein Soe တို့က ဘာသာပြန်ပေးထားပြီး အညွှန်းကို Thit San Khant မှ ရေးပေးထားပါတယ်

6.3 2019 90 mins
Countdown
Microhabitat
7.4

Microhabitat ( 2017 ) —————————- အိမ်မဟုတ်တောင် လူတစ်ယောက်အတွက် နေစရာ အမိုးတစ်ခု အကာတစ်ခုနဲ့ နေရာတစ်ခုတော့ အနည်းဆုံးရှိဖို့က မရှိမဖြစ်ပေါ့။ မိန်းကလေးတစ်ယောက်အတွက်ဆိုရင်တော့ အမိုးတစ်ခု အကာတစ်ခုထက် ပိုပြီးလုံခြုံတဲ့နေရာတစ်ခု လိုလိမ့်မှာပဲ။ အစစအရာရာဈေးတွေတက်လာပြီး လခတွေမတက်လာတဲ့အခါကျတော့ နေဖို့ထိုင်ဖို့တင် တော်တော်များများသုံးလိုက်ရတဲ့အခါ တခြားကိုယ်နှစ်ခြိုက်တဲ့အရာတွေကို လျှော့ချရဖို့ဖြစ်လာတယ်။ စီးကရက်ဟာ ဈေးတက်တဲ့ခေတ်မှာ ဇိမ်ခံပစ္စည်းပါပဲ။ စီးကရက် တစ်နေ့တစ်ဘူးကို တစ်လစာစုလိုက်ရင် အိမ်ငှားခတစ်လစာလောက်ရှိတယ်။ အကုန်ဈေးတက်လာပြီး နေဖို့စားဖို့နဲ့တင် ရသမျှကုန်တဲ့အခါကျ စီးကရက်တို့ ဝီစကီတို့ကို လျှော့တာလို့ ဖြတ်တာတို့ လုပ်ရမယ့် အခြေအနေဆိုက်သွားပါလိမ့်မယ်။ Microhabitatထဲက “မီဆို” ကတော့ စီးကရက်နဲ့ ဝီစကီကို ဖြတ်မယ့်အစား အိမ်နဲ့မနေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ သူက အရင်က သူ့ဆီလာနေခဲ့ဖူးတဲ့ သူငယ်ချင်းတွေ အိမ် တစ်အိမ်ပြီး တစ်အိမ်သွားနေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ နှစ်တွေလည်းကြာ ဘဝတွေလည်းပြောင်းနဲ့ တစ်အိမ်မှ အဆင်မပြေခဲ့ပါဘူး။ မပြောင်းလဲတဲ့သူဆိုလို့ သူပဲကျန်တာကိုး။ ဒီလိုနဲ့သူ သူ့ဘာသာ အခန်းကျဉ်းလေးငှားဖို့ ရှာခဲ့တယ်။ စုတ်ပြတ်သက်နေတဲ့ အခန်းတောင် သူ တတ်နိုင်တဲ့ဈေးမှာ မရှိနေဘူး။ ဒီအချိန်အထိ မီဆိုရဲ့ ဘဝမှာ အရေးအကြီးဆုံးက သုံးခုပဲရှိတယ်။ စီးကရက် … ဝီစကီ … သူ့ကောင်လေး။ ဒါပေမဲ့ သူ့ကောင်လေးကလည်း လုပ်အားပေးလုပ်ဖို့ ဆော်ဒီအာရေဗျကိုပါသွားတယ်။ ဒီတော့ သူ့မှာ ဘာမှမကျန်တော့ဘူး။ စီးကရက်နဲ့ ဝီစကီပဲ ကျန်တော့တယ်ပေါ့။ ဒီလိုနဲ့ သူ အရက်ဘားကို ရောက်သွားတယ်။ ဝီစကီဈေးကလည်း တက်သွားတယ်။ ဒီလိုနဲ့ မီဆိုဟာ စီးကရက်နဲ့ နေစရာ ဘာကိုရွေးသွားလဲဆိုတဲ့ အကြောင်းကို ဒါရိုက်တာက ပြထားခဲ့တယ်။ ဒါရိုက်တာက IU ရဲ့ Persona ဇာတ်လမ်းတွဲထဲက Kiss Is Sin ဆိုတဲ့ အပိုင်းကို ရိုက်ခဲ့တဲ့တစ်ယောက်ပါပဲ။ Persona ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလေးယောက်လုံးက Art House ဆန်ဆန်တွေ အရိုက်များကြပါတယ်။ ဒီဇာတ်လမ်းမှာ ဒါရိုက်တာက အစစအရာရာဈေးတက်လာခဲ့တဲ့ ကိုရီးယားနဲ့ ပြည်သူတွေအခြေအနေကို ပြချင်တာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒီမှာလည်း မထူးဘူးမို့လား Mevius ၃၅၀၀, Dunhill ၅၀၀၀, တစ်နေ့တစ်ဘူးစာနဲ့ တစ်လဆို တစ်လစာအိမ်လခတော့ကောင်းကောင်းရတယ်။ ခင်ဗျားတို့ ကျွန်တော်တို့သာဆိုလည်း ဈေးပေါတဲ့အိမ်ငှားပြီး ဆေးလိပ်တော့ ဆက်သောက်ဖြစ်နေဦးမပေါ့။ ဒီရုပ်ရှင်ကို ဆေးလိပ်ငါးလိပ်လောက်သောက်ရင်း ကြည့်ပြီးတဲ့နောက် ဆေးလိပ်ဆိုတာ ဇိမ်ခံပစ္စည်းဆန်တာကို ကောင်းကောင်းကြီးပိုသတိထားမိသွားခဲ့တယ်။ ဒီလိုနဲ့ ရုပ်ရှင်အပြီးမှာ ကျွန်တော်သင်ခန်းစာရပြီး စီးကရက်နောက်တစ်လိပ် ထပ်မီးညှိဖြစ်သွားတယ်။ “သူများအိမ်မှာ ကပ်နေပြီး စီးကရက်သောက်နိုင်သေးတယ် ငါ အင်မတန်ကံကောင်းပါလား” ဆိုတဲ့ သင်ခန်းစာကြီးပေါ့။ အားလုံးပဲ ရုပ်ရှင်ကြည့်ပြီး သင်ခန်းစာ ယူနိုင်ကြပါစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.21GB | 555MB | 264MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Action • Crime • Thriller
7.4 2017 105 mins
Microhabitat
Keramat 2 Caruban Larang
6.7

Keramat 2 Caruban Larang(2022) ****************************** 2009 ခုနှစ်ကထွက်ခဲ့တဲ့ကားကို ကြည့်ဖူးတယ်ဆိုရင် ဒီကားက သူ့ရဲ့အဆက်ပါ… ဒီဇာတ်လမ်းမှာ အကမေဂျာက ကျောင်းသူတွေနဲ့ ရုပ်ရှင်မေဂျာက ကျောင်းသားတွေပေါင်းပြီး စာတမ်းတွေနဲ့ ဗီဒီယိုတွေလုပ်ဖို့ Cirebon ဆိုတဲ့မြို့ကို ထွက်ခဲ့ပါတယ်… အဲ့ဒီမြို့မှာ တစ်ချိန်က သိပ်ကိုနာမည်ကြီးလှတဲ့ Mimi Kemuning ဆိုတဲ့အကသမားလေးတစ်ယောက်ရှိခဲ့ပါတယ်.. သူဟာ တစ်နေ့မှာ ပြဿနာတစ်ခုတက်ခဲ့ပြီး အကလောကကနေရော Cirebon မြို့ကနေရော အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတယ်… သူ့ရဲ့ကိစ္စကို အကမေဂျာက ကျောင်းသူလေးတွေက သိချင်တာမို့လို့ လိုက်စပ်စုရင်းကနေ ဘာတွေဖြစ်ကြမလဲ။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ ကားထဲက အဖွဲ့နဲ့ရော ဘယ်နေရာမှာ ဘယ်လိုတွေ ပြန်တွေ့ကြမလဲဆိုတာကတော့ … File Size :(1.5GB) and (596MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:34:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
6.7 2022
Keramat 2 Caruban Larang
Marvin’s Room
7

Marvin’s Room(1996) ******************* အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ…. တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin’s Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

7 1996
Marvin’s Room
Ravenous
5.8

Ravenous (2017) ~ IMDb – 5.8/10, Rotten Tomatoes – 88% ~ ဒီကားလေးကတော့ 2017 ခုနှစ်ထွက် ဟော်ရာ ဒရာမာအမျိုးအစား ဇွန်ဘီကားတစ်ကားပါ။ ခေတ်တွေဘယ်လောက်ပြောင်းပြောင်း ရိုးမသွားတဲ့ထဲမှာ ဇွန်ဘီကားတွေကို Horror ပုံစံကနေအစ Comedy, Drama ပုံစံအထိ Genre ပုံစံအမျိုးမျိုးနဲ့ ကြည့်ရတာလည်းပါတယ်မလား။ ဒီကားကိုတော့ ကမ္ဘာပျက်ကပ်အလယ် ဆာလောင်နေတဲ့ဇွန်ဘီတွေကြားမှာ ရုန်းကန်‌နေရတဲ့‌ ကနေဒီယန်ကျေးလက်ဒေသတစ်ခုအပေါ်မှာ အခြေတည်ထားပါတယ်။ ပြီးတော့ ရိုးရာမပျက် ကမ္ဘာပျက်ကပ်မှာ ရှင်သန်နိုင်ဖို့ကြိုးစားရတဲ့ လူတစ်စုနဲ့ပေါ့။ ဇာတ်လမ်းပုံစံလေးကတော့ ဇွန်ဘီတွေက ပုံမှန်အတိုင်းမဟုတ်နေဘဲ လယ်ကွင်းထဲမှာ ပစ္စည်းဟောင်းတွေကို စုပုံနေတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်း တစ်ခုခုတော့ထူးဆန်းနေတယ်ဆိုပြီး လုံခြုံဖို့ခိုလှုံရာအသစ်လိုက်ရှာရင်း နောက်ဆုံးရှာတွေ့သွားမလား… ဖုတ်ကောင်တွေလက်ထဲပဲ အကိုက်ခံလိုက်ရမလား… ဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ ကြည့်ရင်း တစ်ချက်တစ်ချက် The Walking Dead ကြည့်ရသလိုမျိုးဖြစ်ပေမဲ့ ခံစားချက်ကတော့ တစ်မူထူးပြီးကွဲပြားပါတယ်။ Cinematography ကလည်း အရမ်းကိုလှပပြီး ကာရိုက်တာတွေကလည်း သူ့ဟာနဲ့သူ ပြီးပြည့်စုံပါတယ်။ ပျက်ကပ်ကြောင့် တိတ်ဆိတ်နေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အော်ဟစ်သံတွေက ဟော်ရာအရသာကို Perfect ဖြစ်စေတာမျိုးပါပဲ။ Drama ဖက်လည်း မလစ်ဟင်းစေရဘဲ အေးအေးလေးနဲ့ တဖြည်ဖြည်းဇာတ်ရှိန်တက်လာတဲ့ Slow Burn ဇာတ်ကားအမျိုးအစားပါ။ IMDb rating (5.8/10) ရထားပြီး ခရမ်းချဉ်သီး 88% ရထားပါတယ်။ အားလုံးပဲ… ဆုတွေ (၁၆)ခုထိရထားပြီး Nomination (၇)ခုလည်း ၀င်ထားတဲ့ ဒီကားလေးကို မိုးအေးအေးလေးမှာ အိပ်ရာထဲကွေးပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 840MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.8 2017
Ravenous
Precious
7.3

အော်စကာဆု ၂ ခုကို ဆွတ်ခူးထားခဲ့ပြီး IMDb Rating 7.3 ထိ ရထားတဲ့ ဒီဇာတ်ကားဟာဆိုရင် Claireece Precious Jones ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း‌ပဲ ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Precious ဟာ အဝလွန်တဲ့ လူမည်းတစ်ယောက်ဖြစ်ပြီး ကျောင်းတက်ပေမဲ့ ဘာစာမှမတတ်တဲ့ ကောင်မလေး၊ အသက် ၁၇ နှစ်အရွယ်မှာတင် Down’s Syndrome ရှိတဲ့ ကလေးတစ်ယောက်မွေးထားပြီး ဒုတိယကိုယ်ဝန်ကို လွယ်ထားရတဲ့သူ ဖြစ်တယ်။ ဒုတိယကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာပဲ ကျောင်းက သူ့ကို လက်မခံနိုင်တော့တာကြောင့် ကျောင်းက အထုတ်ခံခဲ့ရပြန်တယ်။ အဲကိုယ်ဝန်ဟာ ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ အဖေအရင်းဖြစ်သူဆီကပါ။ ငယ်ငယ်လေးကတည်းက အဖေအရင်းဖြစ်သူဆီမှာ အကြမ်းဖက်အနိုင်ကျင့်ခံခဲ့ရသလို အမေဖြစ်သူကိုယ်တိုင်ကလဲ သိရက်နဲ့ တားဆီးခြင်းမရှိတဲ့အပြင် သမီးဖြစ်သူကိုပါ သူ့ယောက်ျားကို ခိုးတယ်ဆိုပြီး မုန်းတီးနေခဲ့တယ်။ Precious ဟာ အကြမ်းဖက်ခံရမှုတွေကြားထဲမှာ ကိုယ့်ဘာသာပဲ Daydreaming လုပ်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ခဲ့တယ်။ ကျောင်းက အထုတ်ခံခဲ့ရပေမဲ့ ကျောင်းအုပ်က သူ့ကို Alternative School တစ်ခုဆီ ပို့ပေးခဲ့တယ်။ အဲကျောင်းမှာ Precious ဟာ သူ့ဘဝအတွက် အလင်းရောင်ဖြစ်တဲ့သူကို ရှာတွေ့ခဲ့တယ်။ Alternative School မှာတက်ပြီးနောက်ပိုင်း Precious တစ်ယောက် ဒီနွံထဲက သူ့ဘဝကိုယ်သူ ဘယ်လိုမျိုး ရုန်းထွက်မလဲ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

7.3 2009
Precious
Rhinegold

IMDb 6.8 || Rotten Tomatoes 71% ဂျာမန် rapper နဲ့ တေးသံသွင်းပိုင်ရှင် Xatar (Giwar Hajabi)ရဲ့ အထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ Crime/Drama ဖြစ်ပါတယ် ရပ်ဂီတနဲ့ ဒုစရိုက်ဆိုတာ လိုက်ဖက်ညီတဲ့ အဓိပ္ပာယ်နှစ်ခုလို့ ပြောလို့ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာဆိုရင် rap အပိုင်းထက် Xatar ရဲ့ ဘဝဇာတ်ကြောင်းနဲ့ ဝရမ်းပြေးဘဝ/ဒုစရိုက်လောကထဲ ပါဝင်ပတ်သက်မိပုံတွေ အဓိကအလေးပေးပြီး ဖော်ပြထားတာပါ G ရဲ့ အစောဆုံးမှတ်ဉာဏ်တွေက ထောင်ထဲမှာပါပဲ အီရန်-အီရတ် ပဋိပက္ခတွေရဲ့ အလယ် အကျဥ်းထောင် မွေးဖွားခဲ့ပြီး လွတ်မြောက်လာတော့ ဒုက္ခသည်စခန်း၊ ဒီကနေတစ်ဆင့် ဥရောပ ဂျာမနီကို ရွှေ့ပြောင်းလာခဲ့ရတယ် သူ့ရဲ့အဖေက သူတို့ Kurd မျိုးနွယ်တို့ လေးစားကြတဲ့ နာမည်ကြီး ဂီတဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သား G ကို ငယ်ငယ်လေးကတည်းက classical ဂီတကို လက်ဆင့်ကမ်းဖို့ရည်ရွယ်ချက်နဲ့ စန္ဒရားသင်ပေးခဲ့ပေမဲ့ သူတို့နေထိုင်ရာ ဂျာမန်ရပ်ကွက်လေးရဲ့ စရိုက်ဆန်မှု၊ လူနေမှုဘဝတွေက Giwar ကို rap ဂီတ ဝါသနာပါအောင် တွန်းပို့ခဲ့တယ် ငယ်ငယ်ကတည်းက အပေါင်းအသင်းကြောင့် ဆေးခြောက်ရောင်းခဲ့ပြီး မဟုတ်တာတွေလည်း အစုံတတ်ခဲ့တဲ့နောက် ကြီးလာတော့ အမှုတစ်ခုကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးခဲ့ရတယ် ဟော်လန်မှာ ငယ်သူငယ်ချင်းရဲ့ကောင်းမှုနဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ပတ်သက်မိပြန်ပြီး ဂျာမနီကို ပြန်ရောက်တယ် သူချစ်ရတဲ့ ကောင်မလေးက သူ့ရဲ့စရိုက်ကို မကြိုက်ခဲ့ပေမဲ့ Giwar က စိတ်ရင်းကောင်းပြီး သူ့ရဲ့ ရည်ရွယ်ချက်က အခွေမထုတ်နိုင်တဲ့ rapper တွေကို တေးသံသွင်းကုမ္ပဏီထောင်ပြီး စင်တင်ပေးချင်တာပါ ဒီအတွက် ပိုက်ဆံရှာဖို့ လုပ်မိလုပ်ရာတွေ လျှောက်လုပ်မိရင်း သူ့ရဲ့အိပ်မက်ကို တက်လှမ်းနိုင်မှာလား သူ့ဘဝခရီးတစ်လျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ လူနေမှုဘဝ ပုံစံ၊ သူတို့ဝန်းကျင်နဲ့ အသိုင်းအဝိုင်း ယဥ်ကျေးမှုတွေကို တဝကြီး ခံစားရမှာဖြစ်ပြီး ဖျော်ဖြေရေးဆန်အောင်လည်း တင်ဆက်ထားတာမို့ မပျင်းစေရမဲ့ ကားလေးပါ File size…(2.2 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:18:00 Genre…Biography, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

0 2022
Rhinegold
Dummy
6.6

Dummy (2002) ============== IMDb Rating – 6.6/10 ဒီဇာတ်ကားလေးကတော့ The Pianist နဲ့ Oscar ရခဲ့တဲ့ Adrien Brodyတို့၊ Resident Evil မင်းသမီးကြီး Vera Farmiga တို့အပြင် Resident Evil မင်းသမီး Milla Jovovich ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance-Comedy ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ 2000ခုနှစ်အငွေ့အသက်တွေအများ ကြီးပါပြီး အဲဒီခေတ်ကခေတ်စားတဲ့ pop-rockဇာတ်ဝင်တေးလေးတွေနဲ့ Nostalgicဖြစ်ဖြစ်နဲ့ ခံစားကြည့်ရှုရမယ့် ကားဟောင်း၊ကားကောင်းလေးတစ် ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ စတီဗင်က ငယ်ငယ်ကတည်းက ရုပ်သေးနဲ့ အသံတုလုပ်ပြီးဖျော်ဖြေသူတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် သာမန်အလုပ်လေး တစ်ခုမှာပဲ လုပ်နေခဲ့တဲ့ ခပ်အေးအေးကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာသူငယ်ချင်းဆိုလို့ သူနဲ့ဘဝတူ မိဘအိမ်မှာပဲနေနေတဲ့ အဆိုတော်ရူးမလေး တစ်ယောက်ပဲရှိပါတယ်။ စတီဗင်တစ်ယောက် အလုပ်ထွက်ပြီး အိပ်မက်နောက် လိုက်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာ သူကြုံရတဲ့အခက်အခဲတွေကြားထဲကနေ မိန်းက လေးတစ်ယောက်ကိုပါ သဘောကျမိသွားပြန်ပါသေးတယ်။ အလုပ်အကိုင်မယ် မယ်ရရမရှိ၊ မိဘအိမ်မှာနေနေတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ရဲ့ဘဝအကြောင်း တွေ၊ မိသားစုပြဿနာတွေနဲ့ တခြားလေးနက်တဲ့အကြောင်းအရာတွေကို တင်ဆက် ထားလို့ Rom-Comဆိုပေမယ့် Dramaအရသာတွေလည်းခံစားရမယ့် ဇာတ်ကား ကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zayar Maw ဖြစ်ပါတယ်) File Size……….(1.95 GB) / (792 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Zayar Maw Encoder……….SWM

6.6 2002 91 mins
Dummy
Chinese Zodiac
6

ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ် ဂျက်ကီချန်းအနေနဲ့ “စတန့်အများဆုံး” နဲ့ “ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး” ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ် မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ် ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ Coco ရှိတဲ့ ပဲရစ်ကို ရောက်လာခဲ့ပြီး ကြေးခေါင်းတွေပိုင်ထားတဲ့ ပြင်သစ်သူလေး ကတ်သရင်းရဲ့ စံအိမ်ကိုပါ ရောက်သွားပါတယ် ဒီကနေ သူတို့တွေလူစုပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ရွှေတုံးတွေရှာတဲ့ဇာတ်လမ်းနဲ့ ကြေးခေါင်းအရှုပ်တော်ပုံ စွန့်စားခန်းတွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး… နာမည်ကြီးကားမို့လို့ ကြည့်ပြီးသားဆိုတဲ့ သူတွေကိုလည်း နောက်တစ်ခေါက် ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Animation • Family • Comedy • Adventure
6 2012 122 mins
Chinese Zodiac
Double Down South
6.2

တရားမဝင်လောင်းကြေးမြင့် ဘိလိယက်လောင်းကစားအိမ်ကို ဒိုင်ယာနာဆိုတဲ့အမျိုးသမီးငယ်လေးတစ်ယောက် ဘိလိယက်ထိုးဖို့ ရောက်လာရာမှ သူမရဲ့အရည်အချင်းကို ဘိလိယက်ခုံပိုင်ရှင်ဖြစ်သူ နစ်ခ်မှ သဘောကျကာ သူ့အတွက်လောင်းကြေးမြင့် ဘိလိယက်ကစားပေးပြီး အကျိုးအမြတ်ခွဲယူကြရန် ကမ်းလှမ်းပါတော့တယ်။ ဒိုင်ယာနာတစ်ယောက် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် သူမမျှော်လင့်ထားသလို အကျိုးအမြတ်ရလာမလား။နစ်ခ်ရဲ့ နိုင်ထက်စီးနင်းပြုမှုတွေ လောင်းကစားရဲ့မထင်မှတ်ထားတဲ့အချိုးအကွေ့ နဲ့ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Eunice

6.2 2022
Double Down South
Tuesday

A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ် ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre… Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Thriller
0 2024
Tuesday
Seven Days 7 Days (Aka) Les 7 jours du talion
6.5

7 Days (2010) Les 7 jours du talion IMDb Rating (6.5) / Rotten Tomatoes (86%) ဒီတခါတင်ဆက်မဲ့ကားလေးက ဇကာတင်ဆု ၉ဆုထိရခဲ့တဲ့ Horror, Thriller အမျိုးအစား ပြင်သစ်စကားပြော ကနေဒီယန် ရုပ်ရှင်ကားလေးတစ်ကားပါ…ဇာတ်ကား နာမည်ကလည်း ၇ရက်တာပါတဲ့…… ဒေါက်တာ ဘရူနိုဟာမယ်ဆိုတာ မိန်းမရယ် သိပ်ချစ်ရတဲ့သမီးလေးရယ်နဲ့ သာယာတဲ့ဘဝလေးတခုပိုင်ဆိုင်ထားတဲ့သူပါ……တနေ့ သူ့သမီးလေး အသက် ၉ နှစ် ပြည့်မွေးနေ့လုပ်ဖို့ ၂ပတ်အလိုမှာ သူ့သမီးလေး မွေးနေ့ပွဲဖိတ်စာဝေချင်လို့ သူ့ကိုအဖော်ခေါ်တော့ ခွဲခန်းထဲကအခုမှထွက်လာတဲ့ သူလည်း ပင်ပန်းနေတာကြောင့် မလိုက်နိုင်လို့ သူ့မိန်းမကို ပြောပေမဲ့ သူ့မိန်းကလည်း ဆရာဝန်ဆိုတော့ ရတဲ့အချိန် နှစ်ကိုယ်တူနေချင်တာကြောင့် သူလည်း မလိုက်သွားခဲ့ပါဘူး…… အဲဒီလိုနဲ့ ညနေ ကျောင်းလွှတ်ချိန်ရောက်တော့ သူ့သမီးလေးရဲ့ သူငယ်ချင်းက သူ့သမီးလေး ကျောင်းမလာလို့ဆိုပြီး အိမ်စာတွေယူလာပေးတဲ့အချိန်ကျမှ သူ့သမီးလေး မုဒိန်းကျင့်အသတ်ခံလိုက်ရတယ်ဆိုတာ စုံစမ်းရင်းသိသွားခဲ့ရပါတယ်…….အဲဒီကနေမှတဆင့် လူသတ်သမားကိုလည်း သိသွားတော့ ပညာတွေအထပ်ထပ်သင်ယူခဲ့ရတဲ့ သူတစ်ယောက် တခုခုဆို စဉ်းစားခြင်ဆင်ပြီး ဆုံးဖြတ်တတ်တဲ့သူတစ်ယောက်က အထိမခံတဲ့ သူ့သမီးလေးကိုမှ ထိခဲ့မိတဲ့သူကို ဘာပြန်လုပ်မလဲ ဘယ်လိုလက်စားချေမလဲ ပညာတတ်တဲ့သူရဲ့လက်စားချေမှုက ပိုကြောက်စရာကောင်းတယ်ဆိုတာ အပြောပဲမဟုတ် လက်တွေ့ပါပြသွားတဲ့ကားလေးမို့ ကျောတစိမ့်စိမ့်ကြည့်ချင်သူများ ကြည့်လို့ရပါပြီ။ (အသည်းငယ်တဲ့သူတွေ ရွံရှာတတ်တဲ့သူတွေ နှလုံးရောဂါရှိတဲ့သူတွေ မကြည့်သင့်တဲ့ဇာတ်ကားမလို့ Don’t Watch လို့တော့ Label တပ်ထားပေးပါတယ်။ )

6.5 2010 105 mins
Seven Days 7 Days (Aka) Les 7 jours du talion
The Last Journey aka Den Sista Resan
8.2

The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက် ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူ ပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက် Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူ အဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာ highest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။

Drama • Comedy • Romance
8.2 2024 90 mins
The Last Journey aka Den Sista Resan
Street Fighter II: The Animated Movie
7.2

Street Fighter II: The Animated Movie (1994) IMDb Rating (7.2) / Rotten Tomatoes (80%) ၉၀ ခုနှစ်များဆီက ကလေးတိုင်းရဲ့ အသည်းစွဲ ဂိမ်းမြောက်များစွာကို ထုတ်လုပ်ပေးနိုင်ခဲ့တဲ့Capcom ရဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Street Fighter ဟာလည်း အောင်မြင်ခဲ့တဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ဂိမ်းမှာလည်း အောင်မြင်ခဲ့သလို ရုပ်ရှင်တွေ၊ Animation Movie တွေမှာလည်း လူကြိုက်များခဲ့ပါတယ်။ 1991 ခုနှစ်က ထွက်ရှိခဲ့တဲ့ Street Fighter II – The World Warrior ဂိမ်းရဲ့ အောင်မြင်မှုကြောင့်ပဲ Street Fighter II The Movie ဆိုပြီး Animation ရုပ်ရှင်တစ်ကား ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်အချစ်တော် ဇာတ်ကောင်တွေ ဖြစ်တဲ့ Ryu နဲ့ Ken၊ Chun-Li၊ Guile၊ Fei Long၊ Dhalsim၊ Honda တို့အပြင် Zangief ကိုပါ မြင်တွေ့ခဲ့ရပြီး ငွေကြေးအရလည်း အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ – တရားရေးဌာနဝန်ကြီးကို အမ်အိုင်-၆ အေးဂျင့် တစ်ယောက်ဖြစ်တဲ့ ကမ်မီဝှိုက်က လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အင်တာပိုအေးဂျင့်တစ်ယောက်ဖြစ်တဲ့ ချွန်းလီက ဒီလုပ်ကြံမှုကို အမေရိကန်စစ်တပ်အဖွဲ့အစည်းနဲ့ ပူးပေါင်းဖော်ထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ အမေရိကန်လေတပ်က ကပ္ပတိန် ဂိုင်းလ်ကတော့ သူ့သူငယ်ချင်းသေဆုံးရမှုအတွက် ကိုယ်တိုင်သာ လက်စားချေချင်နေသူ ဖြစ်ပါတယ်။ အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ချွန်းလီရဲ့ဖြောင့်ဖြနားချမှုကြောင့်ပဲ ဘိုင်ဆန်ဦးဆောင်တဲ့ ရှဲဒိုးလော အဖွဲ့အစည်းကို ဖြုတ်ချဖို့ ပူးပေါင်းခဲ့ပါတယ်။ မကောင်းမှုဒုစရိုက်မှန်သမျှ လက်မလွတ်တမ်း ကျူးလွန်နေတဲ့ ရှဲဒိုးလော အဖွဲ့အစည်းရဲ့ ပဲ့ကိုင်ရှင်ဘိုင်ဆန်ကတော့ သူကြိုးဆွဲရာကမယ့် အကောင်းဆုံးတိုက်ခိုက်ရေးသမား ရုပ်သေးရုပ်ကို ဖန်တီးဖို့ ကြံစည်နေခဲ့ပါတယ်။သူ့တပည့်ဖြစ်သူ ဆာဂတ်ကို အနိုင်ယူသွားနိုင်ခဲ့ပြီးတော့ ကမ္ဘာပတ်ပြီး ထိုက်တန်တဲ့ပြိုင်ဘက်ကို လိုက်ရှာနေတဲ့ ရူကို ဒီပရောဂျက်အတွက် မျက်စိကျလာခဲ့ပါတယ်။ ရူရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်တဲ့ ကန်ကတော့ ချစ်သူနဲ့အတူ အခြေကျနေပေမယ့် ဒိုဂျိုတစ်ခုတည်းမှာကိုယ်ခံပညာသင်ခဲ့တဲ့ ရူကို မပြတ်သတိရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့စောင့်ကြည့်ရေးဆိုင်ဘော့ဂ်တွေကနေတစ်ဆင့်ကန်ရဲ့ တိုက်ခိုက်ပုံတွေကို တွေ့မြင်သွားတဲ့ ဘိုင်ဆန်က သူ့ရဲ့ဆိုက်ကိုစွမ်းအားနဲ့ ကန်ကိုသူ့ကိုယ်ပိုင် လူသတ်စက်တစ်ခုအဖြစ်ဖန်တီးဖို့ ကြိုးပမ်းလာပါတော့တယ်။ စိတ်စွမ်းအားရှင် ဘိုင်ဆန်နဲ့ အပေါင်းအပါတွေကို ဖြုတ်ချဖို့ ရူ နဲ့ ဟွန်ဒါတို့ကတစ်ဘက်၊ ချွန်းလီနဲ့ ကပ္ပတိန်ဂိုင်းတို့ အင်တာပိုအဖွဲ့အစည်းက တစ်ဘက် ဘယ်လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Sumali ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Animation Duration….01:41:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Sai Sumali

Horror • Comedy
7.2 1994 101 mins
Street Fighter II: The Animated Movie