YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dead.Boy.Detectives.S01E08.720p.(CM).mp4

409.21 MB N/A video/mp4 353 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Johnny
7.3

ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့ အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊ လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်း လူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်.. File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Crime • Drama
7.3 2022 120 mins
Johnny
The Devil's Tail
5.9

ဒါရိုက်တာ၆ယောက် လက်စွမ်းပြပြီး ဇာတ်လမ်း၆ခုကို ရောသမမွှေပြထားတဲ့ ဇာတ်ကားပါ။ ငယ်ငယ်က သူရဇ္ဇတို့ နက္ခတ္တရောင်ခြည်တို့ထဲက သဲထိတ်ရင်ဖိုဇာတ်လမ်းတိုလေးတွေကို သဘောကျတဲ့ လူတွေအတွက် အံကိုက်ပါပဲ။ မြင်သာထင်သာ ရိုးရိုးရှင်းရှင်းရှိတဲ့ ဇာတ်လမ်းတွေရော၊ စိတ္တဇဆန်တဲ့ ဇာတ်လမ်းတွေရော၊ သရဲလိုလိုဇာတ်လမ်းတွေရော၊ ကွင်းဆက်လူသတ်သမားဇာတ်လမ်းတွေရော အစုံတကာ့အစုံရဲ့ သဲထိတ်ရင်ဖိုရသကို တစ်နာရီခွဲလောက် အချိန်ကလေးမှာ ခံစားလို့ရအောင် ပြသပေးထားပါတယ်။ Horror , Thrillerတွေ ကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ မဆိုးလှတဲ့ကားပါပဲ။ ရော်ဘတ်အဂ္ဂါဖန်တွေလည်း သဘောကျကြမှာပါ။ သိသလောက် ၂၀၂၂မှာ ဘာဟော်ရာကားကောင်းကောင်းမှ မရှိသေးပါဘူး။ ဒီရုပ်ရှင်ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။ တစ်ချိန်က သိပ်ခေတ်စားခဲ့တဲ့၊ ခုမရှိတော့တဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများစွာအတွက် အလွမ်းပြေကြည့်ကြဖို့ပါပဲ... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.22Gb, 552Mb Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Crime • Thriller
5.9 2021 95 mins
The Devil's Tail
Sing A Song
5

အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ် - သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား သူငယ်ချင်းလား.... ဒီကားလေးကို အချစ်, အိပ်မက်,သူငယ်ချင်းတွေရဲ့ကြားထဲက ပဋိပက္ခလေးတွေပါရောပြီး ဒရာမာဆန်ဆန်လေးကြည့်လို့ရပါပြီ သီချင်းဆိုတာဝါသနာပါတဲ့သူတွေနဲ့ Idol fan တွေအတွက်ဆို ကွက်တိပါပဲရှင် Cast တွေလည်း အလန်းတွေပါ။ Kpop Wave 2nd Gen နဲ့ 3rd Gen တွေ ဖြစ်တဲ့ - 4Minute ရဲ့ Gayoon - B.A.P Member Yoo Young Jae - A-Jax ရဲ့ Moon Ji-hoo တို့ပဲ ဖြစ်ကြပါတယ်။ ဒီတော့ သီချင်းတွေ မကောင်းမှာကတော့ စိတ်ပူစရာကို မလိုတော့တာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Htet Eaindray Khin ပဲ ဖြစ်ပါတယ်။ Genre.....Friendship, Musical, Romance Quality….WEB-DL 1080p and 720p and 360p File size…1.4GB and 752MB and 239MB Format…mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hardsub) Translator ..... Htet Eaindray Khin Encoder ..... August

Crime • Drama
5 2022 102 mins
Sing A Song
[21+]While My Girlfriend Was Away {SSNI-516}

SSNI 516 အားလုံးရဲ့ အချစ်တော် ယူရာမီကာမီလေး ပြန်လာပါပြီ မီကာမီလေးက javမင်းသမီးမဖြစ်ခင်မှာ idol အဆိုတော်တစ်ယောက်ဆိုတာ ပရိသတ်ကြီးလဲ သိကြမယ်ထင်ပါတယ် သူ့ရဲ့အလှအပတွေကို ညိုကီတို့အတွက် ညွှန်းစရာမလိုလောက်အောင် သိပြီးသားဖြစ်နေမှာဆိုပေမဲ့ လှပပြီးချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာလေးနဲ့ တကိုယ်လုံး ပန်းပုရုပ်လေးလို အချိုးအဆစ်ကျလွန်းပြီး အသားအရည်လေးကလည်း ဆင်စွယ်သဖွယ် ဖွေးဥနုဖတ်နေတာပဲဖြစ်ပါတယ် ဒီကားလေးထဲမှာတော့ မီကာမီရဲ့ အဆိုတော်ဘဝမှာ သူငယ်ချင်းခရီးထွက်သွားချိန် သူ့ရဲ့ကောင်လေးကို အကြင်နာပိုမိတဲ့ Real life စတိုင်ဇာတ်လမ်းလေးနဲ့အတူ စီးနင်းမျောပါသွားရမှာပဲ ဖြစ်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…3.2GB / 1.5GB Quality…1080p Cencored  /720p Decencored Format…mp4 Duration….3h 33mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama
null 2023
[21+]While My Girlfriend Was Away {SSNI-516}
My Summer of Love
6.7

My Summer of Love (2004) ==================== IMDb Rating – 6.7/10 ဒီကားလေးကတော့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဒရမ်မာရိုမန့်စ် ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။၂၀၀၅ ခုနှစ် BAFTA Awards မှာ Outstanding British Film Award ကို ဆွတ်ခူးထားပါတယ်။ Top Cast တွေသုံးပြီးမှ ရထားတဲ့ ဆုမဟုတ်ပဲ မထင်မရှား Cast တွေရဲ့ သက် ဆိုင်ရာ Role ကိုပီပီပြင်ပြင် သရုပ်ဆောင်မှုကြောင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အဖေအမေ ဆုံးသွားပြီးနောက် အကိုနဲ့ မောင်နှမနှစ်ယောက်တည်း နေနေရတဲ့ မိုနာဆိုတဲ့ ကောင်မလေးနဲ့ နွေ ရာသီကျောင်းပိတ်ရက်၊ နယ်မြို့လေးကိုပြန်လာတဲ့ တမ်မ်ဆင် တို့ ကောင် မလေးနှစ်ဦးကြားက အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ ကွဲပြားတဲ့စရိုက်နဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းကြားမှာ အချစ်တစ်ခုဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့ ဆက်လက်ကြည့် ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(2.17 GB) / (802 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Thetti Tun Encoder……….SWM

Drama • War
6.7 2004 87 mins
My Summer of Love
Appendage
5.5

ဒီဇာတ်ကားက ၂၀၂၃ထွက် horror ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်​သေ​ကြောင်းကြံစည်ဖူးသလို အလုပ်မှာလည်း အဆင်မ​ပြေတဲ့ ဟန်နာတစ်​ယောက် သူ့ရဲ့ဗိုက်​​ပေါ် ရှိတဲ့ ​​မွေးရာပါအမှတ်က အနာတစ်ခုလိုဖြစ်လာရင်း သာမန်အနာလို မဟုတ်ဘဲ သူ့ဗိုက်ထဲက​နေ ကိုယ်ပွားတစ်​ကောင် ပွားထွက်လာသလို ထူးဆန်းတဲ့သတ္တဝါတစ်​ကောင် ထွက်လာပါတယ်။ စကား​ပြောတတ်သလို ဟန်နာရဲ့ စိတ်ဒဏ်ရာ​တွေကို ​ပြော​တတ်တဲ့ အဲဒီ​ကောင်ကို ဟန်နာက ဖမ်းချုပ်ထားပြီး အင်တာနက်​မှာရှာကြည့် တဲ့အခါ အ​မေဗိုက်ထဲမှာ ကိုယ့်ရဲ့အမြွာသ​န္ဓေသားကို ကိုယ့်ကိုယ်ထဲ စုပ်ယူလို့ဖြစ်တတ်တဲ့ ဒီအန်​အေတွဲ ၂ ခုပိုင်ရှင်တွေ ဖြစ်​နိုင်တဲ့​ရောဂါ ဆိုပြီး ​တွေ့ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့လိုမျိုး ဒီအန်​အေတွဲ ၂ခုပိုင်ရှင်၊ ကိုယ်ပွား​ကောင်​တွေ ထွက်ဖူးသူ​တွေဖွဲ့ထားတဲ့ အဖွဲ့ကိုသွား​တွေ့ရင်း သူမထင်ထားတဲ့ဖြစ်ရပ်​တွေ ကြုံလာရပါ​တော့တယ်။ File size…1.05GB / 496MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action • Drama • Romance
5.5 2023 94 mins
Appendage
Everything Is Unknown
5.9

Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်… ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်… ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်… လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့… ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်… ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်… ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယား မသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့… ကဲ ဇာတ်လမ်းလေးက ဒီလောက်ရိုးရှင်းတာလား… ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ… ကလေးလေးကရော ဘာရောဂါဖြစ်နေတာလဲ… ဘာက အမှန် ဘာက အမှားလဲဆိုတာ ဇာတ်လမ်းလေးကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြပါတော့….

5.9 2023
Everything Is Unknown
Dangerous Evidence
5.8

ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ…… ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ…… ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ….. အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ……

5.8 2024
Dangerous Evidence
Code Unknown
7.1

ဒီတစ်ခါတော့ ပြင်သစ်လမ်းမကြီးပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ ဇာတ်လမ်းတွေကိုစုပေါင်းပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်က လမ်းဘေးမှာ မာရီယာ လို့ခေါ်တဲ့ပိုက်ဆံတောင်းတဲ့အမျိုးသမီးကို ရိုင်းပြတဲ့အပြုအမူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို အာမန်ဒူက ဝင်ဖြေရှင်းပေးခဲ့ပေမယ့် သူကလူမည်းတစ်ယောက်ဖြစ်နေတော့ ပတ်ဝန်းကျင်က သူ့ကိုပဲအပြစ်တင်ခဲ့ပါတယ်။ နောက်ဆုံး ရဲတွေရောက်လာပြီးနောက် ဂျွန်၊ အာမန်ဒူ နဲ့ မာရီယာတို့ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လူဖြူလူမည်းခွဲခြားမှုတွေ ၊ ဆင်းရဲချမ်းသာမမျှတမှုတွေနဲ့ နေထိုင်မှုပုံစံကွဲပြားခြားနားမှုတွေကို အသားပေးရိုက်ပြထားတာမို့ ရဲစခန်းရောက်ပြီးနောက်ပိုင်း သူတို့သုံးယောက်ရဲ့ အနေအထားက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးနော်…. File size… 2.7 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

7.1 2000
Code Unknown
Our Meal for Tomorrow
6.4

Our Meal for Tomorrow (2017) **************************** စောင့်မျှော်နေသော ငါတို့ရဲ့မနက်ဖြန် အထက်တန်းကျောင်းသား ဘဝမှာ ညီလေးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် စာသင်ခန်းထဲမှာ အမြဲလိုလို ဝမ်းနည်းပူဆွေးနေပြီး တစ်ယောက်တည်း သီးသန်နေတတ်တဲ့ ‘ဟာရမ’တစ်ယောက် ကျောင်းအားကစားပြိုင်ပွဲတစ်ခုမှာ ဆန်အိတ်ခုန်ကစားနည်းကို ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. “ဆန်အိတ်ခုန်” ပြိုင်ပွဲပြိုင်နေတုန်း ညီလေးအကြောင်းတွေးလိုက်လို့ အားမလို အားမရ ဖြစ်လာပြီး အစွမ်းကုန်ကြိုးစားလိုက်တဲ့ပုံစံကို အူအဲမူရလို့ခေါ်တဲ့ အတန်းဖော်ကောင်မလေးက ကြွေသွားပါတော့တယ် .. ချစ်ရတဲ့သူတွေကို တစ်နေ့ကျရင် ဆုံးရှုံးရမယ်ဆိုတဲ့ နှလုံးသားထဲက အစိုင်အခဲတုံးကြောင့် ချစ်ရမှာကြောက်နေတဲ့ ဟာရမနဲ့ .. သွက်လက်ချက်ချာပြီး ဘဝကို ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အူအဲမူရတို့ဟာ နောက်တော့ ချစ်သူတွေဖြစ်သွားကြပါတယ် ။ ချစ်သူသက်တမ်းဟာ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လာပြီးနောက်မှာ .. သဘောထားချင်းမတိုက်ဆိုင်တာတွေ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ကြည့်လိုက်တော့နော် .. ။ (အညွှန်းကို KHHZ မှ ရေးသားထားပါတယ်) File size…1.7GB / 702MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Romance, Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by KHHZ Encoded by AHtet

Music • Drama
6.4 2017 109 mins
Our Meal for Tomorrow
Scarecrow
7.2

လမ်းမှာ မထင်မှတ်ဘဲ ကြုံတွေ့ရတဲ့ လူနှစ်ယောက်အကြောင်းပါ။ မက်စ်က ထောင်က ထွက်လာတာဖြစ်ပြီး ခြင်္သေ့က သင်္ဘောသားဟောင်း လေလွင့်နေသူပါ။ ကားကြုံအတူ စီးမိရင်း ရေဆေးခုံအတူဖွင့်ဖို့အထိ ဖြစ်လာကြပါတယ်။ စုငွေက ပစ်စဘာ့ဂ်က ဘဏ်မှာဆိုတော့ မက်စ်က သူ့ညီမအိမ်အရင်ဝင်ပြီး နောက်တစ်မြို့ဖြစ်တဲ့ ဒီထရွိုက်မှာ ခြင်္သေ့ရဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ မိန်းမနဲ့ မမြင်ဖူးသေးတဲ့ ကလေးကို ဝင်တွေ့ကြဖို့ပါ။ သူတို့ ခရီးလမ်းအဆင်ပြေမှာလား။ ဘာအခက်အခဲတွေ ဘာအပြောင်းအလဲတွေနဲ့ ကြုံရမလဲဆိုတာကို ကြည့်လိုက်ပါဦး။ ဒီကားမှာ အော်စကာ ၂ဆုရှင် The French Connection, Unforgiven, Behind Enemy Lines တို့နဲ့ ရင်းနှီးပြီးသား Gene Hackman ရယ် အော်စကာ ၁ဆုရှင် God Fatherရဲ့ မိုက်ကယ်ဖြစ်တဲ့ Al Pacinoရယ်တို့ပါဝင်ထားလို့ ဇာတ်ကားကောင်းဆိုတာတော့ မကြည့်ခင်ကတည်းက သိကြမှာပါ။ မင်းသားကြီး Gene Hackman ကတော့ ၂၀၂၅ ခုနှစ် အသက် ၉၅နှစ်အရွယ်မှာ ကွယ်လွန်သွားပြီပဲ ဖြစ်ပါတယ်။ RIP ပါ Gene Hackman File size…(1.8 GB)/(714 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:52:00 Genre… Road Trip, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Boomer

Drama • Romance
7.2 1973 112 mins
Scarecrow
Melukis Harapan Di Langit India
8

Melukis Harapan Di Langit India 2024 (အဖေဖြစ်သူကို ရှာဖို့ အိန္ဒိယကို သွားရာဝယ်) မွေးလာကတည်းက မိခင်ဖြစ်သူရဲ့ အပြောကြောင့် သူ့ကိုယ်သူ အမီတာဘချမ်းရဲ့ သမီးလို့ ထင်နေတဲ့ ကောင်မလေး ဒေဗီ၊ ဒေဗီ့မှာ သူငယ်ချင်းနှစ်ယောက်ရှိပါတယ် အမီရ်နဲ့ အူလီ သူတို့ကတော့ ညီအစ်ကိုတွေပါ။ အမီရ်ကတော့ ဘရုစ်လီရူးရူးနေပြီး အူလီကတော့ သီချင်းရေးဖို့ ကြိုးစားနေသူတစ်ယောက်ပေါ့။ ဒေဗီတစ်ယောက် အမေဖြစ်သူရဲ့ ငယ်စဉ်ကတည်းက ရိုက်သွင်းထားတဲ့ စကားတွေအရ သူ့ဖခင်လို့ထင်နေသူ အမီတာဘချမ်းကို တွေ့ချင်လို့ အိန္ဒိယကို သွားပြီး ဖခင်ဖြစ်သူကို သွားရှာချင်နေသူတစ်ယောက်ပါ။ သူ့အိပ်မက်ကို အမီရ်တစ်ယောက်ကလည်း ကူညီအားဖြည့်ကာ ဒေဗီနဲ့အတူ အိန္ဒိယကိုလိုက်ပြီး ဖခင်ဖြစ်သူကို ကူရှာပေးမယ်ဆိုပြီး ငယ်စဉ်ကတည်းက ပြောထားသူပေါ့။ ဒီလိုနဲ့ ဒေဗီတို့ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ဖခင်ရှာပုံတော်ကြီးဖွင့်ဖို့ အိန္ဒိယကို သွားရောက်တဲ့အချိန်မှာတော့ …… ဘာတွေ ဘယ်လို ဆက်ဖြစ်မလဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်)

8 2024 97 mins
Melukis Harapan Di Langit India