YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dead.Boy.Detectives.S01E06.720p.(CM).mp4

428.29 MB N/A video/mp4 396 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Unwelcome
5.9

Jamie နဲ့ Maya တို့လင်မယားက Maya ကိုယ်ဝန်ရှိခါစမှာ လူရမ်းကားသုံးယောက်က သူတို့အိမ်ကို အတင်းဝင်လာပြီး သူတို့လင်မယားကို ရိုက်နှက်ခဲ့လို့ စိတ်ဒဏ်ရာတွေကိုယ်စီ ရနေကြပါတယ်။ Maya မီးဖွားခါနီးမှာ အိုင်ယာလန်က Jamie ရဲ့အဒေါ်ဆုံးသွားပြီး အမွေပေးခဲ့တဲ့ ကျေးလက်အိမ်လေးမှာ ဘဝသစ်စလို့ရအောင်၊ ကလေးအေးအေးဆေးဆေးမွေးလို့ရအောင်ဆိုပြီး ပြောင်းလာကြပါတယ်။ သူတို့အဒေါ်အိမ်က ဥယျာဉ်အကျယ်ကြီးရယ် အိမ်အကြီးကြီးရယ်ဆိုတော့ သူတို့လင်မယားပျော်နေကြပါတယ်။ ဒါပေမယ့် သူတို့အဒေါ်က ခြံထဲက သစ်သားအိမ်လေးရှေ့မှာ ညနေတိုင်း အသည်းအစိမ်းချကျွေးတာကို မပျက်မကွက် နေ့တိုင်းလုပ်ဖို့ မှာခဲ့ပါတယ်။ သူတို့တွေက သဘာဝလွန်ကိစ္စတွေကို အယုံအကြည်မရှိတဲ့သူတွေဆိုတော့ နေ့တိုင်းကျွေးဖို့ မေ့တာမျိုးတွေ ရှိလာပြီး ဘာတွေဆက်ဖြစ်လာမလဲ၊ သစ်သားအိမ်လေးနောက်ကွယ်မှာ ဘာသတ္တဝါတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… l.7GB | 814MB | 393MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
5.9 2023 104 mins
Unwelcome
Fraud Crackdown : Unknown Caller

တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဒုစရိုက်သမားတွေအတွက် ဒုစရိုက်လုပ်ဖို့ နည်းလမ်းတွေလည်း များလာပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ဖုန်းနဲ့ လိမ်လည်မှုတွေကို အဓိကထားပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ဖုန်းနဲ့လိမ်လည်တဲ့ ဒုစရိုက်အဖွဲ့ဝင် လေရှောင်ကျွင်းတစ်ယောက် မနက်စာသွားဝယ်နေတဲ့အချိန်မှာ ရဲတွေ အဖွဲ့ကို ဝင်ဖမ်းသွားတဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး လွှတ်မြောက်သွားခဲ့ပါတယ်။ ထို့နောက် သူဟာ နောက်ထပ် လူ ၂ ယောက်နဲ့ ပူးပေါင်းပြီး သူ့ကိုယ်သူ "ဆယ်သိန်းအရင်ရှာဖို့" ဆိုပြီး ဦးတည်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတဲ့ လေရှောင်ကျွင်းတစ်ယောက်ဟာ သူနဲ့ပူးပေါင်းသူအားလုံး ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ လမ်းပျောက်နေတဲ့ လေရှောင်ကျွင်းတစ်ယောက် အန္တရာယ်တွေ ကြားထဲက ညသန်ခေါင်အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီး "ဟုန်လုံ" ရဲ့ ကိရိယာတွေနဲ့ အချက်အလက်တွေကို ခိုးယူပြီး လိမ်လည်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ချင်နေပါတယ်။ သူမသိတာက ပင်းဟိုင်ရဲ့ လိမ်လည်မှုဆန့်ကျင်ရေးရဲတပ်ဖွဲ့က လေရှောင်ကျွင်းရဲ့ အမှားတစ်ခုကြောင့် "ဟုန်လုံ" ကုမ္ပဏီရဲ့တည်နေရာကို သိသွားပြီး တစ်ချက်တည်း အပိုင်သိမ်းဖမ်းဆီးသွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း လေရှောင်ကျွင်းတစ်ယောက် ကံကောင်းစွာနဲ့ လွှတ်မြောက်သွားခဲ့ပါတယ်။ လက်ထဲရောက်လာတဲ့ ငွေတွေကို တစ်ကိုယ်တည်း အပိုင်ယူချင်တဲ့အတွက် လေရှောင်ကျွင်းတစ်ယောက် သူ့အဖွဲ့သားတွေကို သတ်ဖို့ဆုံးဖြတ်လိုက်သောအခါ...... လောဘစိတ်တစ်ခု မထိန်းချုပ်နိုင်တာနဲ့ လူ့အသက်အများအပြား ဆုံးရှုံးနိုင်ကြောင်း ...... ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime , Drama Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Horror • Thriller
null 2018 84 mins
Fraud Crackdown : Unknown Caller
The Goat and Her Three Kids
7.2

The Goat and Her Three Kids (2022) ~ IMDb rating - 7.4/10 ~ ၁၉ ရာစုရဲ့လူကြိုက်အများဆုံး ရောမအိပ်ရာဝင်ပုံပြင်တစ်ပုဒ်ဖြစ်ခဲ့တဲ့ ''The Goat and Her Three Kids'' ရဲ့ Film Adaptation ကိုတင်ဆက်ပေးလိုက်ပါတယ်။ လူသူမနီးတဲ့တောအုပ်ထဲက အိမ်ငယ်လေးတစ်လုံးမှာ မုဆိုးမတစ်ယောက်နဲ့ သူ့သားသုံးယောက်နေထိုင်ကြတယ်။ သားသုံးယောက်ကိုကျွေးမွေးဖို့အတွက် အမေဖြစ်သူက နေ့တိုင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်။ အငယ်ဆုံးသားလေးက လိမ္မာရေးခြားရှိသလောက် အကြီးနှစ်ယောက်က ဆိုးသွမ်းပြီး မိဘကိုကူညီရကောင်းမှန်းမသိပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ အမေဖြစ်သူက ရိက္ခာရှာဖို့ခရီးမထွက်ခင် သူ့သားတွေကို တံခါးဂျက်ချပြီး အိမ်ထဲမှာပဲနေဖို့ သူ့အသံမကြားမချင်း ဘယ်သူလာလာတံခါးမဖွင့်ပေးဖို့မှာခဲ့ပါတယ်။ အမေပြန်အလာကိုစောင့်နေကြတုန်းမှာ အိမ်ရှေ့ကနေ သူတို့အမေဆိုပြနေကျသီချင်းသံကိုကြားလိုက်ရပါတယ်။ သူ့အမေနဲ့သူတို့ပဲသိတဲ့သီချင်းကို ဘယ်သူကများအလွတ်ရနေပါလိမ့်... အကြီးနှစ်ယောက်က စူးစမ်းလိုစိတ်နဲ့ တံခါးကိုဖွင့်ပေးလိုက်ပါတယ်။ သူတို့ရှေ့မှာစောင့်ကြိုနေတဲ့အန္တရာယ်ကိုတော့ မသိခဲ့ကြပါဘူး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 715MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Drama, Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama
7.2 2022 83 mins
The Goat and Her Three Kids
Clerks
7.7

Clerks (1994) IMDb rating ~ 7.7 Rotten Tomatoes ? ~ 90 % 6 wins & 11 nominations Low budget နဲ့ အဖြူအမည်း ဗားရှင်းပဲ ရိုက်ခဲ့ရပေမဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး 2006 မှာ Clerks II နဲ့ 2022 မှာ Clerks III ဆိုပြီး နောက်ဆက်တွဲကားတွေထိ ရိုက်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ ညစ်ညမ်းတဲ့ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီသုံးထားပြီး ဟာသဆန်ဆန် ရိုက်ပြထားတဲ့ အဖြူအမည်း ဇာတ်ကားပါ Quick Stop စတိုးဆိုင်ဝန်ထမ်း ဒန်တီနဲ့ သူ့သူငယ်ချင်း RST ဗီဒီယိုခွေ အငှါးဆိုင်က ဝန်ထမ်း ရန်ဒယ်တို့ရဲ့ တစ်နေ့တာ ဘဝကို ရိုက်ပြထားတာပါ ဒန်တီက တွေ့ဖူးနေကျလူတွေအတိုင်း ဘဝကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပွစိပွစိ ထိုင်ပွါးရုံက လွဲပြီး ဘာမှ မလုပ်တဲ့သူပါ ရန်ဒယ်ကတော့ ဆိုင်ကို လာချင်တဲ့အချိန်မှ လာ ရောက်လာသမျှ customer တွေကို ဘုပြောလွှတ်ပြီး နေချင်သလို နေတဲ့သူမျိုးပါ သူတို့နှစ်ယောက် စကားပြောတဲ့ အခန်း၊ customer တွေနဲ့ စကားပြောတဲ့အခန်း၊ ဒန်တီရဲ့ ရည်းစားတွေနဲ့ စကားပြောတဲ့အခန်း၊ (မပြတ်နိုင်သေးတဲ့ရည်းစားဟောင်း နဲ့ လက်ရှိရည်းစား) အဲဒါတွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတာပါ ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ အရှုပ်ထုပ်တွေ အယူအဆတွေကို စကားပြောခန်းတွေနဲ့ပဲ ချပြသွားတဲ့ ဇာတ်ကားပါ အဖြူအမည်းကို ခံစားတတ်ပြီး စကားပြောခန်းတွေကို ဇိမ်နဲ့ ခံစားတတ်သူတွေ အတွက်တော့ အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားဖြစ်မယ်ဆိုတာ ရထားတဲ့ rating တွေ၊ award တွေ နဲ့ nomination တွေကို ကြည့်ရင် သိနိုင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 3.4GB | 1.7GB | 646MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Comedy • Drama
7.7 1994
Clerks
Fights Break Sphere 3
5.9

CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ် အရှေ့ ၂ကားကိုဒီမှာကြည့်ပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား …… နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

5.9 2024
Fights Break Sphere 3
The Real Bros of Simi Valley: The Movie

ဒီရုပ်ရှင်ကားက 2017 တုန်းက ထွက်ထားတဲ့ season 3ခုပါဝင်တဲ့ Reality Show ရဲ့ အဆက် ရုပ်ရှင်ပါ။ ဒီမှာကတော့ သူတို့ သူငယ်ချင်းအဖွဲ့က အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အလန်းစားပုံစံနဲ့ ပြန်သွားဖို့ အစီအစဥ်တွေ ချတာကို ကြည့်ရမှာပါ။ သူငယ်ချင်း အုပ်စုထဲမှာ Xanderက truckကားတွေကို အရမ်းရူးသွပ်တဲ့သူဖြစ်ပြီး ကျောင်းတွေ့ဆုံပွဲမှာ တစ်နှစ်တာ အမိုက်ဆုံးထရပ်ကား ဆုကို ရဖို့ ထရပ်ကားအသစ်ကြီး ဝယ်လိုက်ပါတယ်။ ဒါပေမယ့် ကျောင်းတုန်းက အတန်းဖော်ဟောင်း Jatthew မှာ သူ့ထပ် ပိုလန်းတဲ့ truck ကားကို တွေ့ပြီးမှာ Simi Valley တစ်ခုလုံးမှာ အလန်းဆုံးဆိုတဲ့ ထရပ်ကားကို ရှာပုံတော် ဖွင့်ပါတော့တယ်။ သူ့ရှာပုံတော်မှာ သူငယ်ချင်းတွေကပါ ပါဝင်အားဖြည့်ပေးကြရင်း အလွဲတွေ ဟာသတွေကို ကြည့်ရမှာပါ။ ဒီကားရဲ့ seriesရော movie ရောရဲ့ program directorကတော့ Xander characterရဲ့ သရုပ်ဆောင် Jimmy Tatro ဆိုတဲ့ နာမည်ကြီး Youtuber ဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Comedy • Drama • Romance
0 2024
The Real Bros of Simi Valley: The Movie
The Human Condition III: A Soldier’s Prayer
8.8

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်” ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.4GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.8 1961
The Human Condition III: A Soldier’s Prayer
Barbie
6.6

Barbie (2012) **************** အပြင်မှာ ညီအစ်မ အရင်းတွေ ဖြစ်ကြတဲ့ Kim Sae Ron နဲ့ Kim Ah Ron တို့ရဲ့ ရုပ်ရှင်လေးဖြစ်ပြီး ဒီကားလေးမှာတော့ .. ကျပ်မပြည့်တဲ့အဖေနဲ့အတူနေတဲ့ အီဆွန်းယောင်းနဲ့ အီဆွန်းဂျာတို့ ညီအစ်မနှစ်ယောက်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားပါတယ်။ သူတို့ရဲ့အမေဖြစ်သူက ငယ်ငယ်ကတည်းက သေဆုံးသွားပြီး သူ့အဖေဖွင့်လှစ်ခဲ့တဲ့ တည်းခိုခန်းကိုပဲ ဆက်ဖွင့်ရင်း ဘဝကို ရရာငွေလေးနဲ့ ရှင်သန်နေကြရတဲ့ ဆင်းရဲတဲ့မိသားစုပါ။ သူ့အဖေရဲ့ညီဖြစ်သူ ဦးလေးကလည်း တစ်ဖက်တစ်လမ်းက ဝင်ကူပေးတယ်ပြောရမလိုပေမဲ့ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားတတ်တဲ့လူမျိုးဖြစ်တာကြောင့် ကျပ်မပြည့်တဲ့အဖေနဲ့ နေမကောင်းခဏခဏဖြစ်တဲ့ ညီမဖြစ်သူကို ကျွေးမွေးပြီး ပြုစုစောင့်ရှောက်ဖို့အတွက် ဆွန်းယောင်းတစ်ယောက်တည်းကပဲ အရွယ်နဲ့မမျှအောင် တာဝန်ယူထားရပါတယ်။ အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ဦးလေးက သူ့အချိတ်အဆက်နဲ့သူ အမေရိကက စတိဗ်နဲ့ သူ့ရဲ့သမီး ဘာဘီဆိုတဲ့ သားအဖနှစ်ယောက်ကို ခေါ်လာပါတယ်။ သူ့ဦးလေးက ဆွန်းယောင်းရဲ့ဘဝကောင်းစားဖို့အတွက် အဲဒီသားအဖဆီ မွေးစားဖို့ ပေးလိုက်မှာဖြစ်ကြောင်း ပြောပါတယ်။ ဆွန်းယောင်းက မိသားစုတာဝန်ထမ်းရဦးမှာမို့လို့ လုံးဝမသွားချင်ဘူးပြောပေမဲ့ ကြားထဲမှာ ခဏခဏတွေ့ပြီး ခင်မင်သွားတဲ့ ဘာဘီက ဆွန်းယောင်းကိုသဘောကျပြီး အရခေါ်သွားချင်နေတာပါ…ဖြစ်ချင်တော့ အငယ်မဖြစ်သူ ဆွန်းဂျာက တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲကြည့်တတ်တာမို့ သူ့အစ်မအစား မွေးစားဖို့အတွက် အမေရိကကို သူ့ခေါ်သွားပါလို့ ပြောပါတော့တယ်… ဆွန်းဂျာကို လုံးဝသဘောမကျလို့ အတိုက်အခံလုပ်တဲ့ ဘာဘီနဲ့ ဆွန်းဂျာကိုခေါ်သွားလည်းဖြစ်တယ်ဆိုတဲ့ စတိဗ်တို့ကြားက ဆုံးဖြတ်ချက်က ဘာဖြစ်မလဲ… တကယ်ပဲ အမေရိကကို ဘဝကောင်းစားရေးအတွက် ခေါ်မွေးစားတာလား… ဆွန်းယောင်းတို့မိသားစုကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဒီရုပ်ရှင်လေးမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဆင်းရဲတဲ့သူနဲ့ ချမ်းသာတဲ့သူတွေကြားက ကွာခြားချက်တွေ၊ ဘဝကြီးရဲ့ မတရားမှုတွေကို မီးမောင်းထိုးပြနေတဲ့ရုပ်ရှင်လို့ပြောရင်လည်း မမှားတာမို့ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုကျန်ခဲ့မှာတော့ အသေအချာပါပဲ။ (အညွှန်းကို Chothet_mlmt မှ ရေးသားထားပါတယ်) File size…1.17GB / 494MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 38m Genre ….. Youth, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by AHtet

Comedy • Drama
6.6 2012 97 mins
Barbie
Hawaizaada
5.5

Hawaizaada (2015) “လွတ်လပ်သော နှလုံးသား” ၂၀၁၅ တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော စိတ်ကူးယဉ်ဒရာမာရုပ်ရှင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ တည်ထားပြီး ဆက်တင်အရောင်အသွေးစုံလင်စွာနဲ့ ဖန်စီဆန်ဆန်ရိုက်ကူးထားပေမဲ့ အပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ကို အခြေခံထားတဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှီဗီဟာ ၄ တန်းရှစ်ခါကျပြီး သူ့မိသားစုအပါအဝင် ဘယ်သူမှသူ့ကိုသဘောမကျပေမဲ့လို့ အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်တဲ့ လူငယ်လေးပါ တစ်နေ့တစ်နေ့ အလေလိုက်ရင်း ရှာစထွီဆိုတဲ့ အင်္ဂလိပ်စစ်သားတွေလိုက်လံစုံစမ်းနေတဲ့ ခပ်ရူးရူးသိပ္ပံပညာရှင်တစ်ယောက်နဲ့ ပတ်သက်မိသွားတဲ့နောက်မှာ သူတို့နှစ်ယောက်ပေါင်းပြီး ဘာကိုတီထွင်ကြမှာလဲ ပရိသတ်တို့ကပဲ ဆက်ကြည့်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Drama • Romance
5.5 2015 157 mins
Hawaizaada
No One Like Me
5.8

CM ချစ်ပရိသတ်တို့ရေ Guardians of the Dafeng မှာ မျက်နှာမပြဘဲ မွှေသွားတဲ့ နောက်ကျောအရှင် ဆရာတူအစ်ကိုကြီးရဲ့ ဇာတ်လမ်းလေးလာပြီနော်… တဖုန်းရဲ့ အလေးစားခံ ဆရာတူအစ်ကိုကြီးဘဝဟာဆိုရင်… ယန်ချန်းဟွမ့် ဆိုပြီး ကဗ္ဗည်းထိုးခံရတဲ့အထိကို လေးစားခံခဲ့ရတဲ့သူပါ… သင်ကြားသူအားလုံးကြားထဲမှာ အစွမ်းအထက်ဆုံး အတော်ဆုံးလို့လည်း ပြောစမှတ်တင်ပြီးတော့ အားလုံးက လေးစားအတုယူအထိ ပါးစပ်ဖျားက မချလောက်တဲ့စံပြပုဂ္ဂိုလ်ပေါ့ တစ်နေ့တော့ တဖုန်းကို ၂၁ ရာစုက ရွှီချီအန်းတစ်ယောက် ရောက်လာချိန်ကစပြီး ဘဝ ဈာန်လျှောသွားတာဆိုတာလေ…. အလေးစားခံ အချစ်ခံကနေ ချောင်ထိုးခံ အပယ်ခံဘဝကိုရောက်သွားရော… ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကဝေဂိုဏ်းက တဖုန်းပြည်သူပြည်သားတွေကို ဒုက္ခပြုနေတယ်ဆိုတော့… ငါ့အစွမ်းပြချိန်တန်ပြီဆိုပြီး သူ့မှာ အစွမ်းလက်နက်တွေပြင် ကြိုးစားပြန်တော့လည်း… မျက်နှာကောင်းမရ… အသိမှတ်ပြုမခံရနဲ့…ဒီလိုနဲ့ တစ်ချိန်က ဆရာတူအစ်ကိုကြီးဘဝကို ပြန်ရဖို့ ယန်ချန်းဟွမ့်တစ်ယောက် ဘယ်လိုတွေ ကြိုးစားအားထုတ်တယ်ဆိုတာကို ဒီကားလေးမှာ တွေ့ရမှာမို့… လာမလာမသေချာသေးတဲ့ အတွဲ ၂ ကို စောင့်ရင်း ဒီမူဗွီလေးနဲ့ အရင် ဖြေသိမ့်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

Drama • Thriller
5.8 2025
No One Like Me
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Wife peke Husband Theke

Wife peke Husband Theke (2025) “လင်နဲ့မယား လျှာနဲ့သွား” ဒီတစ်ခါမှာတော့ CM ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ရယ်ရယ်မောမောကြည့်ရမဲ့ ပန်ချာပီဟာသဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဆိုပေမဲ့ အဓိကကအိမ်ထောင်းရေးနဲ့ ဘ၀မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကိုပါ ဟာသနှောတင်ဆက်ထားတာပါ။ ဟာဂျိဟာ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားတစ်ယောက်ပါ။ အိမ်မှာလည်း မိန်းမနဲ့တကျက်ကျက်၊ ရုံးမှာလည်း အထက်လူကြီး အထုအထောင်းခံနေရသူပေါ့။ တစ်ဖက်မှာတော့ ရာမန်ဆိုတဲ့ကောင်မလေးဟာ ပညာကိုအရမ်းကြိုးစားတဲ့ ကောလိပ်ကျောင်းသူလေးပါ။ သူ့အဘွားဖြစ်သူကတော့ မိန်းကလေးတစ်ယောက်အတွက် ပညာတတ်ဖို့မလို၊ ယောက်ျားကောင်းရဖို့သာ အဓိကဆိုတဲ့ ရှေးရိုးစွဲဝါဒကို လက်ကိုင်ထားသူမို့ အိမ်ထောင်ပြုဖို့ အမြဲဖိအားပေးတတ်ပါတယ်။ အဲဒီလိုနဲ့ မိန်းမတွေကို ပညာဘယ်လောက်တတ်တတ် အချိန်တန်ရင် ကလေးဒိုင်ပါလဲရမှာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ကျား/မ ခွဲခြားလွန်းတဲ့ သူတို့အသိုင်းအဝိုင်းရဲ့အိမ်ထောင်ရေးကိစ္စတွေမှာ ဘာတွေဘယ်ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ရယ်ရယ်မောမောဆက်လက်ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Animation • Comedy • Family
0 2025
Wife peke Husband Theke