YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Dashing Youth E39 1080p WEB-DL CM.mp4

719.31 MB N/A video/mp4 124 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Leave No Trace
6.8

Leave no trace ရုပ်ရှင်ဟာဆုပေါင်းများစွာသိမ်းပိုက်ထားပြီး rotten tomatoes rating 100%အထိရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ် ပန်းခြံတစ်ခုရဲ့ တောအုပ်ထဲမှာသားအဖနှစ်ယောက်သီးသန့်နေနေရာမှ မထင်မှတ်ထားတဲ့အမှားတစ်ခုကြောင့် တောခေါင်းတွေဖမ်းဆီးတာခံလိုက်ရပြီး လူမှုဖူလုံရေးအဖွဲ့ဆီကိုရောက်ရှိသွားပါတော့တယ်။ လူမှုဖူလုံရေးအဖွဲ့က နေရာအသစ်တစ်ခုမှာအခြေကျဖို့စီစဉ်ပေးသောအခါ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ဖခင်ဖြစ်သူက နေရာအသစ်မှာနေထိုင်ရတာအဆင်မပြေဖြစ်လာပါတယ်။ ထို့ကြောင့် သမီးဖြစ်သူကိုခေါ်ကာ သားအဖနှစ်ယောက်နေရာအသစ်ကနေ ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။သားအဖနှစ်ယောက် တောအုပ်ထဲကိုပဲ အဆင်ပြေပြေပြန်ရောက်သွားမလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(1.9 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Crime • Drama
6.8 2018 109 mins
Leave No Trace
Gardens of Stone
6.3

မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး File size…(1.8 GB)/(1.2 GB)/(660 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aye Thida Kyaw (rivn)

6.3 1987 111 mins
Gardens of Stone
April 9th
6.6

IMDB - 6.6/10 ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ခံတိုက်ရမှာတဲ့ (စစ်ကူတွေရောက်မလာမချင်းပေါ့)။ အဲဒါ ၉ ရက်နေ့ မနက်အစောကြီး ဆရာတွေက နယ်စပ်ကျော်လာတော့ မနိုင်မှန်းသိပေမယ့်လည်း တိုက်ရတော့တာပေါ့ ဒီမှာ ဗိုလ်ကြီးရဲ့ နေရာချမှုတွေ စစ်ရေးဗျူဟာတွေ တိုက်ချိန်တန်တိုက် ဆုတ်ချိန်တန်ဆုတ်နဲ့ ဘယ်လိုအချိန်ထိ ရွပ်ရွပ်ချွံချွံ ခံတိုက်သွားနိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ စစ်ကားကြည့်ခဲ့ဖူးသမျှ ဒီလို စက်ဘီးတပ်စုလေးတော့ မမြင်ဖူးခဲ့ဘူး သူတို့တွေရဲ့အကြောင်းလည်း အတွေ့အကြုံအသစ်တွေ ရသွားကြတာပေါ့။ ရှားရှားပါးပါး ဒိန်းမတ်စစ်ကားကောင်းတစ်ကားပါပဲ။ File size…1.94GB / 750.4MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre .....  Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
6.6 2015 93 mins
April 9th
Lethal Weapon 3
6.7

သေစေတတ်သော လက်နက် တတိယပိုင်းမှာတော့ အမြင်မတော်တာမှန်သမျှ ကိုယ့်ကိစ္စဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ပါတတ်တဲ့ ရစ်ဂ်စ်ဟာ ထုံးစံအတိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ စွန့်စားခန်းတွေဖွင့်ရင်း ပြဿနာကြားထဲ ဝင်ရှုပ်မိနေဆဲပါပဲဗျ။ ပင်စင်ယူဖို့အတွက် ၈ ရက်ပဲကျန်တော့တဲ့ ဆာဂျင်မာတော့ဖ်ဟာလည်း ထုံးစံအတိုင်း သူ့ရဲ့တွဲဖက် ရစ်ဂ်စ်ကြောင့် ပဲလှော်ကြား ဆားညှပ်ကာ ပင်စင်ယူခါနီးမှ ပြေးရ၊ လွှားရ၊ ပစ်ရ၊ ခတ်ရ ဖြစ်နေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို ဝင်တားမိရင်းကနေ လက်နက်မှောင်ခိုတွေလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်ပတ်သက်မိပြီး အရှုပ်အရှင်းတွေ ဖြစ်လာပါတော့တယ်ဗျ...။ File size…(2.24GB)  / (1.18GB) / (705.29MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan Naingv

Horror • Thriller
6.7 1992 118 mins
Lethal Weapon 3
Kissable Lips
1

ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေး wpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။ "ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲ ဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ် ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါ ခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ် လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော် ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင် ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p File size…1.23GB and 647MB and 230MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kong Hou Encoder ..... August

Horror
1 2022 86 mins
Kissable Lips
Aquamarine
6.4

ဒီနေ့မှာတော့ CM ပရိသတ်ကြီးတို့ အကျွမ်းတဝင်ဖြစ်နေမဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆံပင်အပြာလေးနဲ့ Aquamarine ဆိုတဲ့ ရေသူ မလေးကို တော်တော်များများ မှတ်မိကြမှာပါ။ ရေသူမကားတွေအကြောင်း ပြောကြရင် Aquamarine က မပါမဖြစ်ပေါ့။ ငယ်ငယ်ကဆို highlight အပြာတွေ အရောင်ပြောင်းတဲ့လက်သည်းတွေ လိုချင်လိုက်ရတာ။ တီရှပ်ကို ဂါဝန်ပြောင်းဝတ်တာကလည်း ကိုယ်တွေအတွက် မျက်လှည့်ပြလိုက်သလို အထူးအဆန်းကြီးကိုဖြစ်လို့ပါပဲ။ ဒါ့အပြင် ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ရဲ့ crush လိုက်နည်းအဖြာဖြာနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ခင်မင် မှုတွေကလည်း ရင်ထဲကျန်နေရစ်ခဲ့တာပေါ့။ မြှောက်ပြောတတ်တဲ့ ကြယ်ငါး လေးတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဟေလီနဲ့ ကလဲရ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မ လေးနှစ်ယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါတဲ့။ အဏ္ဏဝါဇီဝဗေဒပညာရှင် ဖြစ်တဲ့ဟေလီ့အမေက သူ့အလုပ်ကြောင့် ဩစတြေးလျကိုပြောင်းရဖို့ဖြစ်လာ ပါတယ်။ ကလဲရ်နဲ့မခွဲချင်တဲ့ဟေလီက သူ့အမေနဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေတာ ပေါ့။ ဒီလိုနဲ့မုန်တိုင်းထန်တဲ့တစ်ညမှာ အဖေဖြစ်သူစီစဉ်ပေးတဲ့ မင်္ဂလာပွဲကိုလက် မခံဘဲ အချစ်ကိုရှာမယ်ဆိုပြီး အိမ်ကထွက်ပြေးလာတဲ့ ရေသူမလေးအကွာမရင်းက လှိုင်းပုတ်ရာကနေ ကလဲရ်တို့ရေကူးကန်ထဲရောက်သွားပါတယ်။ အဲဒီမှာပဲ အကွာ မရင်းက ဟေလီတို့နဲ့ရင်းနှီးသွားပြီး သူ့ကိုကူညီပေးရင် ဆုတောင်းတစ်ခုပြည့်လိမ့် မယ်လို့ပြောပါတယ်။ မခွဲချင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်က သူတို့အနှစ်နှစ်အလလလေ့လာထားတဲ့ crush လိုက်နည်းအစုံနဲ့ အကွာမရင်းတစ်ယောက် အချစ်ကိုပိုင်ဆိုင်လာအောင် ကူညီပေးပါတော့တယ်။ ကဲ ငယ်ဘဝက ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း အမှတ် တရတွေ ပြန်လည်ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.25 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......EL Encoder..........SWM

Drama • Mystery
6.4 2006 104 mins
Aquamarine
Annabelle Comes Home
6.4

ဒီကြားထဲမှာပဲ ပရလောက ကိုစပ်စုတက်တဲ့ ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးက ၀ါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီး အရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီး ဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ၀ါရန်း အိမ်ကြီးသို့ မရရအောင် ဝင်လာခဲ့ပါတယ်..... ၀ါရန်းလင်မယားက လျို့ဝှတ်အခန်းကို ဘယ်လောက်ပဲ သော့တွေ အထပ်ထပ်ပိတ်ပြီး တားဆီးထားပါစေ အန်နာဘယ် အရုပ်ထဲ ဝင်နေတဲ့ မကောင်းဆိုးဝါး က ဒန်နီရယ်ကို လမ်းပြပြီး သူ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်ခဲ့သော အခါမှာတော့..... ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် Htoo Htoo Ka Joe တို့က ဘာသာပြန် တင်ဆက်ပေးထားပါတယ်

Action & Adventure • Drama • War & Politics
6.4 2019 106 mins
Annabelle Comes Home
Dumbo
6.6

90's born အစောပိုင်း ကလေးတွေ ကာတွန်းကားအဖြစ် ခဏခဏ ပြန်ကြည့်ပြီး အသည်းစွဲကြိုက်ခဲ့ရသလို၊ အရမ်းချစ်စရာကောင်းတဲ့ 1941 ခုနှစ်ကထွက်ထားတဲ ့ Disney's Dumbo ကိုအခြေခံပြီး ယခုလက်ရှိမှာတော့ ဒါရိုက်တာ Tim Burton ကနေပြန်လည်အသက်သွင်းထားပါတယ်။ 1941 ခုနှစ်တုန်းက Dumbo ကားဟာ ကာတွန်းအနေနဲ ့အောင်မြင်မှုတွေရယူခဲ့ပြီး ယခု Dumbo (2019) ဇာတ်ကားကိုတော့ 3D Animation ရယ် Human Characters တွေရယ် ပေါင်းစပ်ထားပြီး Live Action အနေနဲ့ Walt Disney Studios Motion Pictures ကနေ ဇာတ်လမ်းအတွက် US 170 milion လောက်ကို သုံးထားပြီး ရိုက်ကူးဖြန့်ချီထားတယ်လို ့လည်းသိရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Colin Farrell, Michael Keaton, Danny DeVito နဲ့ Eva Green တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းကြာချိန်ကတော့ 112 minutes လောက် ကြာမြင့်မှာဖြစ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Dumbo လေးကို အမှတ်မထင််ရထားပေါ်မှာတွေ့မိပြီး မွေးကတည်းက နားရွက်ကလေးက ကြီးနေလို့ အထူးအဆန်း ဆင်ပေါက်ကလေးအနေနဲ့ မိခင်နဲ့ခွဲခံရကာ ဆပ်ကပ်အဖွဲ့ထဲရောက်ခဲ့ရပါတယ်။ အဲ့အချိန်မှာ Dumbo လေးက သူ့ဟာသူရော ဘယ်သူကမှပါ ပျံသန်းတတ်တာမသိကြသေးပါဘူး... Dumbo လေးက ချစ်စရာလေးမို ့ကလေးလေးတွေနဲ ့ဆော့ရင်း မတော်တဆပျံသန်းမိခဲ့သလို ့ဖြစ်ခဲ့ရာကနေ Dumbo ရှိတဲ့ ့ဆပ်ကပ်လေးက လူသိများလာတဲ့အခါ...ဆပ်ကပ်အဖွဲ့ရဲ့နောက်ကွယ်ဇာတ်လမ်းတွေအပေါ်မှာ Dumbo လေး ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့။ (ရုပ်ရှင်အညွှန်းကို Yangon Directory မှကူးယူဖော်ပြပါသည်။) File size…(1.8 GB) and (900 MB) and (500 MB) Quality….Blu-Ray 1080p 5.1CH and 720p and 480p Format…mp4 Duration….01:52:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo

Action & Adventure • Drama • War & Politics
6.6 2019 112 mins
Dumbo
Dreamin’ Wild
6.7

Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။” တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 930MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2022 110 mins
Dreamin’ Wild
Water Lilies
6.7

Water lilies (2007) IMDb rating – 6.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ် ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။ မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။ မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး ‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာ တသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့ သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။ မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာ ဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်က ဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေ အဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကို လှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီး runtime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။ awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 2.1 GB / 854 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.7 2007 85 mins
Water Lilies
Touch Guy Sniper
5.7

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်

Science Fiction • Horror • Action
5.7 2024
Touch Guy Sniper
The Emu War

Emu Warဆိုတာ 1932ကဖြစ်ခဲ့တဲ့ ဩစတေးလျက မပျံနိုင်တဲ့ငှက်ကြီးတွေနဲ့ လယ်သမားတွေကြားကတိုက်ပွဲပေါ့။ လယ်သမားတွေရဲ့ ကောက်ပဲသီးနှံတွေကိုခိုးစားတဲ့ ငှက်ကြီးတွေရဲ့ မျိုးပွားနှုန်းက မယုံနိုင်လောက်အောင်များပြားလို့ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ သုတ်သင်ရှင်းလင်းခဲ့ကြတာ။ ဒါကို သတင်းတွေမှာ Emu Warဆိုပြီးရေးသားဖော်ပြခဲ့ကြတယ်။ ဒီရုပ်ရှင်မှာတော့ အဲဒီ Emu Warကို သရော်ပြီးရိုက်ကူးတင်ဆက်ထားတာ။ အီမျူတွေနဲ့ လူသားတွေကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေပါတယ်။ သားဖြစ်သူကလေးဘ၀ကတည်းက အီမျူတွေခေါ်သွားတာခံလိုက်ရတဲ့ စစ်ဗိုလ်ကြီးကတော့ အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့ အားသန်လို့နေပါတယ်။ အထက်ကအမိန့်မနာခံဘဲ အီမျူတွေကိုဝင်တိုက်ဖို့ အမိန့်ပေးရာမှာ တပ်သားပေါင်း ၃၇၀၀၀အသက်ဆုံးရှုံးခဲ့ရပေမဲ့ ဗိုလ်ကြီးကတော့ ရှင်ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဟစ်တလာကိုသတ်ခဲ့တဲ့သူမို့ အရေးယူမခံရဘဲ တပ်သားသစ်စုဆောင်းပြီး အီမျူတွေကို သုတ်သင်ရှင်းလင်းဖို့အရေး ထပ်မံစေလွှတ်ခြင်းခံရပါတော့တယ်။ ရိုင်းစိုင်းတဲ့အပြောအဆိုတွေဖောဖောသီသီနဲ့ လူကြီးခန်းတွေပါဝင်တာကြောင့် အသက်မပြည့်သေးသူတွေနဲ့ ခံစားချက်မြင့်မားသူတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.4 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

0 2023
The Emu War
Detective Di Renjie: The Deadly Monk
5.8

ဒီတစ်ခေါက်မှာတော့ စုံထောက်ကြီးဒီးက ဘုရင့်အမိန့်အရကျန်းနန်နယ်တစ်ဝိုက်ကို လှည့်လည်စစ်ဆေးရပါတယ်။ လင်အန်းမြို့ကိုရောက်တဲ့အခါမှာ မိန်းကလေးတွေထူးထူးဆန်းဆန်းပျောက်နေတာကိုတွေ့ရတယ်။ လင်အန်းတာဝန်ကျတရားသူကြီးကျိုးကလဲ အပျင်းကြီးပြီး အပျော်အပါးမက်တဲ့ ခပ်ညံ့ညံ့အရာရှိတစ်ယောက်ဖြစ်နေတော့ လင်အန်းကဒီအမှုကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ မသင်္ကာစရာတွေနောက်လိုက်စုံစမ်းရင်း နတ်ကိုအယောင်ပြပြီး ရိုးသားတဲ့ပြည်သူတွေကိုလှည့်စားပြီးတော့ ဥစ္စာပစ္စည်းတွေလိမ်ယူနေတဲ့ လူအုပ်စုရှိနေတာကိုသိလိုက်ရပါတယ်။ အသက်အန္တရာယ်အကြိမ်ကြိမ်ကြုံရပေမယ့် စုံထောက်ကြီးဒီးက ဇွဲမလျှော့ပဲ ပြည်သူတွေအတွက် အမှန်တရားကိုဖော်ထုတ်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Crime • Thriller • Western
5.8 2024
Detective Di Renjie: The Deadly Monk
Singham Again
5.8

Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ….. အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီ ဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ် 2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ် Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ ဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ဇာတ်ကား ပရိသတ်ကြီးလည်း ကာလရှည်စွာစောင့်မျှော်နေရတဲ့ဇာတ်ကား Police Universe ကို အားပေးစောင့်မျှော်နေကြသူတွေအတွက်မို့ CM ကနေ အချိန်မနှေးပဲ ပရိသတ်ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

Animation • Science Fiction • Family
5.8 2024 145 mins
Singham Again
Gintama: The Movie
7.6

IMDB – 7.6/10, MyAnimeList – 8.5/10 Anime လောကမှာတော့ Gintama ဆိုရင် မသိကြတဲ့လူ တော်တော်ကို ရှားပါတယ်။ ဒီကောင်က သူများ Anime တွေကို ခဏခဏ Reference ယူယူပြီး ဟာသလုပ်လေ့ရှိတဲ့အပြင် Deadpool တို့လိုလည်း 4th Wall Breaking လုပ်ပါသေးတယ်။ နောက်ပြီး သူ့ရဲ့ဟာသတွေက တော်တော်ကို ရယ်ရတဲ့ထဲမှာ ပါဝင်တာပါ။ ဟာသဆိုလို့ ဟာသတွေပဲပါတာမဟုတ်ပါဘူး ချကြပြီဆိုရင် တကယ်ဖိုက်ကြပါတယ်။ ဒါကတော့ သူတို့ရဲ့ ပထမဆုံး ထွက်ရှိလာတဲ့ Movie ပဲ ဖြစ်ပါတယ်။ အစမှာတင် ဇာတ်လမ်းက မစသေးဘူး ဟောလိဝုဒ်က Warner Bros ကို ထိုင်ဖြုတ်နေကြတာ အခွီတစ်လိုင်းပါ။ ဒီ Movie မှာတော့ Series မကြည့်ဖူးလည်း ဇာတ်လမ်းက သီးခြားလေးဖြစ်နေတော့ အဆင်ပြေပါတယ်။ Gintama ဆိုတာက အနာဂတ်ခေတ်လွန်ကာလ Edo က ဆာမူရိုင်းတွေအကြောင်းကို ဇာတ်တည်ထားတာပါ။ MC လုပ်တဲ့ ခေါင်းဖြူကြီး Gintoki ဆိုတာက Yorozuya ဆိုတဲ့ဆိုင်လေးဖွင့်ထားတာပါ အခကြေးငွေယူပြီး ဘာအလုပ်နေနေ လုပ်ပေးတာပေါ့။ သူ့လက်အောက်မှာတော့ Shinpachi ဆိုတဲ့ မှန်ကြောင်လေးရယ် Kagura ဆိုတဲ့ ကောင်မလေးရယ် ရှိပြီး အဓိကဇာတ်ကောင် ၃ ယောက်ပေါ့လေ။ ဒီ Movie ရဲ့ ဇာတ်အိမ်ကကျ သူတို့မြို့မှာ ထူးဆန်းတဲ့ ဓားတစ်လက်နဲ့ လူသတ်မှုတွေ ဖြစ်နေကြတယ်။ သူတို့ဘော်ဒါတစ်ယောက်ကလည်း ထူးထူးဆန်းဆန်း အတိုက်ခိုက်ခံရပြီး သေတာလိုလို ပျောက်တာလိုလို ဖြစ်နေတဲ့အချိန်။ မသမာသူလူတစ်စုကလည်း ခိုးကြောင်ခိုးဝှက် တစ်ခုခု ကြံစည်နေကြတဲ့အချိန်။ Gintoki တစ်ယောက် အဲဒါ ထူးဆန်းတဲ့ ကျိန်စာသင့်ဓားအကြောင်း အလုပ်လက်ခံရရှိလို့ လိုက်လံစုံစမ်းရာကနေ အကုန်လုံး ဘယ်လိုဆက်စပ်သွားပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာတော့…..။ File Size : 1.3 GB, 591 MB Quality : WEB-DL 1080p / 720p Running Time : 1hr 36min Format : Mp4 Genre : Action, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Adventure • Drama
7.6 2010
Gintama: The Movie