YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Daredevil.2016.SE2EP11.BLU-RAY720P.PP(CM).mp4

372.1 MB N/A video/mp4 1884 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sherdil: The Pilibhit Saga
5.5

အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Mirzapur ထဲက သဘာဝမင်းသားကြီး ပန်ကခ်ျထရီပတီဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်... ဟိုးဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ ဂျန်ဒိုဆိုတဲ့ရွာလေးတစ်ရွာရှိတယ် မီးမရှိ ဆေးရုံမရှိ စာသင်ကျောင်းမရှိတဲ့ရွာလေးပေါ့ တောနီးချုပ်စပ်ရွာဖြစ်လို့ တောရိုင်းကောင်ကြီးတွေရောက်ရောက်လာတတ်ပြီး ရွာသူရွာသားတွေရဲ့စိုက်ခင်းတွေကို ဖျက်ဆီးသွားတတ်တယ် အဲ့ဒီရွာရဲ့သူကြီးကိုတော့ ဂန်ဂါရာမ်(ပန်ကခ်ျထရီပတီ)လို့ခေါ်တယ် သူဟာ ရိုးသားတဲ့တောသားဖြစ်ပေမယ့် ရပ်ရွာအကျိုးအတွက်ဆို ရှေ့တန်းက ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့... ရွာမှာတောကောင်တွေ သောင်းကျန်းလို့ အစိုးရရုံးတွေဆီတက်တိုင်တော့လည်း အစိုးရရုံးတွေရဲ့ထုံးစံအတိုင်း ဟိုဌာနကဟိုစာတောင်းလာခဲ့ ဒီဌာနကဒီစာတောင်းလာခဲ့နဲ့ ဟိုလွှတ်ဒီလွှတ်ပေါ့.. ဒီလိုနဲ့ သူဟာ အစိုးရရုံးတစ်ရုံးမှာ ကပ်ထားတဲ့ကြေညာစာမှာ တောကောင်အကိုက်ခံရတဲ့သူကို အစိုးရက ရူပီ၁၀သိန်းနစ်နာကြေးပေးမယ်ဆိုတာကို မြင်သွားတယ်... ဒီနစ်နာကြေးကို အရယူပြီး ရွာသားတွေရဲ့ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးဖို့ သူကိုယ်တိုင်တောကောင်အစားခံဖို့ တောထဲထွက်လာတဲ့အခါမှာတော့ ဆက်လက်ပြီး ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါ... ဒီဇာတ်ကားလေးမှာတော့ နုံချာဆင်းရဲပြီး ရိုးသားတဲ့တောသားပင်ဖြစ်လင့်ကစား ခေါင်းဆောင်ကောင်းတစ်ယောက်တို့မည်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံအပ်သလဲဆိုတာကို ဖော်ကျူးရိုက်ကူးပေးထားလို့ ကျေနပ်အားရစေမှာအမှန်ပါပဲ File size…1.67GB / 782MB Quality…1080p HQ HD AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Honeyey

Comedy • Music • Thriller
5.5 2022 121 mins
Sherdil: The Pilibhit Saga
Gerda

ကဲ ဒီတစ်ခေါက်တော့ Moscow မှာ ကျင်းပတဲ့2021ရဲ့ Stalker Human Right Film Festivalကနေ Best Film Award ကို ဆွတ်ခူးထားတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။ Main character ရဲ့ဇာတ်ကြောင်းကိုရည်ညွှန်းထားတဲ့ Gerda ဆိုတဲ့ရုပ်ရှင်ထဲမှာ လာရာလို့လဲအမည်တွင်တဲ့ ဂါဒါရဲ့မိခင်က Miracle တွေကိုယုံကြည်တဲ့သူတစ်ယောက်ဖြစ်ပီး၊ ဖခင်ကတော့ မိသားစုကိုပစ်ထားပီးဖောက်ပြန်နေတဲ့သူပါ။ ခက်ခဲတဲ့ဝမ်းရေးအတွက် ဂါဒါဟာNight Clubတစ်ခုမှာအပျော်မယ် အဖြစ်အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့သူ့ဘဝမှာ အခက်အခဲတစ်ခု ပေါ်လာတိုင်း Dreamland နဲ့တူနဲ့နေရာကို သူ့ဝိဥာဉ်ကရောက်သွား လေ့ရှိတာကြောင့် သူ့ဘဝအခက်အခဲတွေအကြိမ်စိပ်လာတာနဲ့အမျှ အိပ်ပျော်သွားတိုင်း သူ့စိတ်ကတောင့်တနေတဲ့ လွတ်လပ်တဲ့ကမ္ဘာ လေးဆီ ခဏခဏရောက်ဖြစ်နေပါတော့တယ်။ ဒီဇာတ်ကားမှာတော့ Gerda ဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝ စိန်ခေါ်မှုတွေနဲ့အခက်အခဲကြားရုန်းကန်မှုတွေ အပျော်မယ်တွေရဲ့ဘဝ တွေကို ကိုယ်ချင်းစာခံစားနိုင်မဲ့ ရသမြောက်ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အသုံးအနှုန်းတွေကပွင့်လင်းမြင်သာတာမို့ မိသားစုနဲ့အတူ ကြည့်ဖို့မသင့်တော်တာတော့ သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်) File Size..........(1.4 GB) / (600 MB) / (328 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder..........SWM

Action • Adventure • Comedy • Crime • Thriller
null 2021 120 mins
Gerda
Winnie the Pooh: Blood and Honey
5.6

Winnie-the-Pooh: Blood and Honey (2023) ============================== ဝင်နီ သပုချ်ကာတွန်းရုပ်လေးတွေကိုတော့ လူတိုင်းရင်းနှီးကြမှာပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာအမျိုးအစားဖြစ်ပြီး ဝင်နီသပုချ်ဟာ အရိုင်း စိတ်ဝင်နေတဲ့ စိတ္တဇလူသတ်ဝက်ဝံဖြစ်နေတာကို တွေ့ရမှာပါ။ ပြီးတော့ နောက်တစ်ကားအဆက်လည်း ရိုက်နေပြီဖြစ်ကြောင်းတောင် ပြော ကြားထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း --------------------- ခရစ္စတိုဖာရော်ဘင်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တောထဲမှာ မျိုးစိတ်မတူဘဲ စပ်ပြီးမွေးဖွားလာတဲ့ ရုပ်ပျက်ဆင်းပျက် သတ္တဝါလေး ကောင်နဲ့ မိတ်ဖွဲ့မိခဲ့ပါတယ်။ သူတို့ကိုစားစရာတွေယူပေး၊ အတူကစား ရင်းနဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီးမှ အရွယ်ရောက်လာတဲ့ ခရစ္စတိုဖာ ဟာ ဆေးကျောင်းတက်ဖို့ သူတို့ကိုထားခဲ့ပြီး မြို့တက်သွားရပါတော့ တယ်။ ခရစ်မရှိတော့တဲ့အချိန်မှာ အရမ်းကြမ်းတမ်းတဲ့ဆောင်းရာသီ ကြောင့် ပုချ်တို့တွေ အရမ်းငတ်မွတ်လာပြီး အစာငတ်သေရမလိုဖြစ် လာတဲ့အချိန်မှာ သူတို့လေးကောင်ထဲက တစ်ကောင်ကိုအချင်းချင်း ပြန်စားပြီး အသက်ဆက်လိုက်ရပါတော့တယ်။ ဒီလိုနဲ့ သူတို့စိတ်တွေ ကြမ်းတမ်းရက်စက်လာပြီး သူတို့ကို ထားခဲ့တဲ့ ခရစ္စတိုဖာကိုရော လူသားတွေကိုရော မုန်းတီးလာတဲ့အခါ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.3 GB) / (523 MB) / (300 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........Zin Phyo Aung

Action • Crime • Drama • Thriller
5.6 2023 84 mins
Winnie the Pooh: Blood and Honey
The Vanished
6

ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။

Drama
6 2020 115 mins
The Vanished
Army of Thieves
6.9

ဒီ​နေ့ပဲ ထွက်ရှိလာတဲ့ Army of the Thieves ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါပြီ၊ ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီး Dieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊ မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာ သူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊ သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာ သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲ ခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ... Army of Dead franchise ရဲ့ မူမပျက်​အောင် ​ သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊ အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့ အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Quality….1080p HEVC and 720p File size… 2GB and 1.5GB Format…mp4 Duration…. 2h 7min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... August

Action • Crime • Thriller
6.9 2021 127 mins
Army of Thieves
Train to Busan
7.8

(Busan ရထားကြီး ထွက်ပါပြီ။ အားလုံး စောင့်မျှော်တောင်းဆိုနေတဲ့ ဒီဇာတ်ကားကို မြန်မာစာတန်းထိုး HD နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို အတော်များများတော့ ကြားဖူးနေကြလောက်ပါပြီ။ အများကြီးတော့ ညွှန်းစရာမရှိပါဘူး။ ကိုရီးယားကားတွေထဲမှာတော့ ထိပ်တန်းအဆင့်ရှိတဲ့ ဇာတ်ကားတစ်ခုပါပဲ။ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ စိတ်ဓာတ်ပေါင်းစုံနဲ့ လူတွေ ကြောက်မက်ဖွယ် အန္တရာယ်တွေ ကြုံလာတဲ့အချိန်မှာ တစ်ဦးချင်းစီရဲ့ စရိုက်၊ စိတ်ထားတွေ အပြောင်းအလဲတွေနဲ့ သူတို့ရဲ့ ဘဝတွေကို ကောင်းကောင်းကြီး ပြသသွားတာပါပဲ။ ကြောက်ရွံ့မှု ရဲရင့်မှု ပျော်ရွှင်မှု ကြေကွဲမှု တကိုယ်ကောင်းဆန်မှု စွန့်လွှတ်အနစ်နာခံမှုတွေကို တနေရာတည်းမှာ စုစည်းခံစားလိုက်ကြပါစို့။ File Size       :  900MB/ 440 Mb Duration      :  1hr 58 min Quality         :  Webrip 1080p Translators  :  Moe Oo Mann, Moe Myint Lwin Encoder       :  Thanhtike Zaw

Comedy • Drama • Family
7.8 2016 118 mins
Train to Busan
Paa (2009) Father
7.1

IMDb Rating (7.1) အမီတာဘဂျမ်းတို့ သားအဖ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အငိုရဆုံးနဲ့အထိဆုံးပါပဲ။ ဒီထဲမှာတော့ အမီတာဘဂျမ်းက ၁၂ နှစ်အရွယ် သားအဖြစ် သရုပ်ဆောင်ထားပြီး အဗီရှိတ်ဘဂျမ်းက ဖခင်နေရာကနေ ပြောင်းပြန် သရုပ်ဆောင်ထားကြပါတယ်။ အမီတာဘဂျမ်း တဖြစ်လဲ Auro ဆိုတဲ့ကောင်လေးဟာ ရှားပါးရောဂါဖြစ်တဲ့ Progeria (မျိုးဗီဇချို့ယွင်းမှုကြောင့် အိုမင်းမြန်တဲ့ရောဂါ) ခံစားနေရတာကြောင့် အသက် ၁၂ နှစ်မှာပဲ အလွန်အမင်းအိုမင်းရင့်ရော်တဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ကောင်လေးဖြစ်ပါတယ်။ အဗီရှိတ်ဘဂျမ်း တဖြစ်လဲ Amol Arte ကတော့ တက်ကြွတဲ့နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး Auro ရဲ့ဖခင် ဖြစ်ပေမယ့် လူသိမခံထားပါဘူး။ မင်းသမီး Vidya Balan တဖြစ်လဲ Dr. Vidya ကတော့ Auro ရဲ့မိခင်ဖြစ်ပြီး ရောဂါသည် သားလေးကို စောင့်ရှောက်နေသူလေးပါ။ ထူးဆန်းတဲ့ရောဂါသည်သားလေးနဲ့ သားကိုသိပ်ချစ်တဲ့မိခင်နဲ့ သားကို လူသိမခံဝံ့တဲ့ ဖခင်နိုင်ငံရေးသမားနဲ့တို့ကြားမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……….။ ဒီဇာတ်ကားက ဆုပေးပွဲများစွာမှာ Best Actor,Best Actress ဆုတွေနဲ့ တခြားဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်ကားကို Zwe Mann မှ ဘာသာပြန် ခံစားတင်ဆက်ထားပါတယ်။)

Science Fiction
7.1 1900 133 mins
Paa (2009) Father
There’s Something Wrong with the Children
4.9

အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။ horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။ File size…(1.92GB) / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

4.9 2023 92 mins
There’s Something Wrong with the Children
Wish You Were The One
6.3

Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 625MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 49Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

6.3 2023 109 mins
Wish You Were The One
Trafficked
5.8

Trafficked (2017) Genre – Drama, Thriller တကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့ လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးက မိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါ ကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေ လူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကို မချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီး ဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူက ဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့ မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီး အခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေ ထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ File size… 3 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5.8 2017
Trafficked
Acoustic
6.9

Acoustic (2010) ***************** ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ High Kick ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့ကြတဲ့ မင်းသမီး Shin Se Kyung, Baek Jin Hee အပါအဝင် နာမည်ကြီး အဆိုတော်အဖွဲ့ 2 AM အဖွဲ့ဝင် Im Seul Ong ၊ CN Blue အဖွဲ့ဝင် Kang Min Hyuk နဲ့ အဖွဲ့ဝင်ဟောင်း Lee Jong Hyun တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ဂယောင်းလို့ ခေါ်တဲ့ မိန်းကလေးဟာ အလွန်ရှားပါးတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး ခေါက်ဆွဲပြုတ်တစ်မျိုးတည်းကိုသာ စားလို့ရတဲ့သူဖြစ်ပါတယ်။ သူ့အတွက် နောက်ဆုံးလို့ဆိုရမယ့် သီချင်းတစ်ပုဒ်ကို လူတွေဆီ ချပြချင်တဲ့စိတ်နဲ့ ဆေးရုံကထွက်ပြေးလာတဲ့သူပါ။ ဆောင်းဝန်းနဲ့ ဟယ်ဝန်းတို့ ၂ ယောက်ဟာ ဂီတသမားတွေဖြစ်ကြပေမဲ့ စားဝတ်နေရေးခက်ခဲ လာတဲ့အတွက် သူတို့ရဲ့ဂီတာကို ရောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ သတိမေ့တတ်တဲ့ ဟယ်ဝန်းကြောင့် ဂီတာသွားရောင်းတဲ့လမ်းမှာပဲ ဂီတာပျောက်ခဲ့ပါတော့တယ်။ ဂျင်ဟီးဆိုတဲ့ မိန်းကလေးကတော့ အမှတ်တရသီချင်းတစ်ပုဒ်ကို ထိန်းသိမ်းထားချင်ပြီး ဂျီဟူကတော့ ဂျင်ဟီးကို သဘောကျနေတာပဲဖြစ်ပါတယ်။ အပိုင်း ၃ ပိုင်းပါဝင်တဲ့ ဒီဇာတ်ကားလေးကတော့ အချစ်၊ မျှော်လင့်ချက်နဲ့ ဂီတကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါင်းချုပ်ပုံစံ ရိုက်ကူးထားတာမျိုးလေးပါ .. စိတ်ဝင်စားစရာ ဇာတ်လမ်းတွေနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ .. သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို .. ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါနော်။ (အညွှန်းကို Nyein Sandi မှ ရေးသားထားပါတယ်) File size…1.82GB / 739MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Music, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Nyein Sandi Encoded by AHtet

Action • Crime
6.9 2010 88 mins
Acoustic
Detective Chinatown (2025)
6.1

ကမ္ဘာတဝှမ်းမှာရုံတင်ပြသတုန်းက ဒေါ်လာ ၄၈၅.၆ သန်းဝင်ငွေရရှိထားပြီး တရုတ်ပြည်တွင်းမှာလဲ ယွမ် ဘီလီယံချီပြီး ဝင်ငွေရရှိထားတဲ့ လူကြိုက်များလှတဲ့ စုံထောက်ဇာတ်လမ်း Detective Chinatown ရုံတင်ကားကြီးလာပါပြီ အရင်ရုပ်ရှင်တွေနဲ့မတူဘဲ 1900 ခုနှစ်များကို နောက်ခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ထုတ်လုပ်သူနဲ့ ရိုက်ကူးတင်ဆက်သူဖြစ်တဲ့ Chen Sicheng ကတော့ ဒီရုပ်ရှင်ဇာတ်ကားကို သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုအဖြစ်လဲပြောဆိုထားပါတယ် Chow Yun Fat နဲ့ မင်းသားချောလေး Liu Hao Ran, Zhang Xin Cheng တို့ကလဲ အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားကြပါတယ် ရှေ့က Detective Chinatown ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်တွေလောက်သာ တူညီပြီး အရင် ၃ ကားနဲ့ဆက်စပ်မှုမရှိတဲ့ သီးသန့်ရုပ်ရှင်ဖြစ်ပြီး Detective Chinatown 4 & 5 ထပ်မံထွက်ရှိလာဦးမယ်လို့ သိရှိထားရပါတယ် ဇာတ်လမ်းအညွန်းကတော့၁၉ရာစုအစောပိုင်းဆန်ဖရန်စစ္စကိုမြို့မှာ လူဖြူမလေးအဲလစ်နဲ့အင်ဒီးရန်းမျိုးနွယ်စုခေါင်းဆောင်တစ်ယောက်သတ်ခံရပါတယ်။ ဒီလူသတ်မှုကြောင့် တရုတ်တွေကိုလူဖြူအသိုင်းအဝိုင်းကဆန့်ကျင်လာကြပါတယ်။ ဒီအမှုကြောင့် တရုတ်အင်ဒီးရန်းအားကွေနဲ့ အမေရိကားမှာ ပညာလာသင်တဲ့ချင်ဖူတို့တွေဆုံကြပြီးတော့အတူပူးပေါင်းပြီးအမှုလိုက်ဖို့ဖြစ်လာပါတယ် လူငယ်လေးနှစ်ယောက်ရဲ့သူမတူတဲ့အတွေးအခေါ်တွေနဲ့ အမှုကိုဖော်သွားတဲ့ခရီးတစ်ခုကိုရယ်မောစရာတွေနဲ့ချပြသွားတာပဲဖြစ်ပါတယ်။

Action
6.1 1900
Detective Chinatown (2025)
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa