YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Daredevi.2018.Se3 Ep2.WEB-DL.720P.PP(CM).mp4

322.19 MB N/A video/mp4 1638 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Confessions of a Hitman
6.7

ကြေးစားလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဆိုင်ကယ် ဂိုဏ်းအတွက် အလုပ်လုပ်ပေးပြီး မြေအောက်လောကမှာသာမက ရဲ‌တွေကိုပါ ဆယ်စုနှစ်များစွာ လက်တစ်လုံးခြား လှည့်ဖျားခဲ့သူပါ...သူဟာ 25 နှစ်ကျော်မှ လူသတ်မှု 28 မှုအတွက် အဖမ်းခံခဲ့ရပြီး ဒီဇာတ်ကားဟာ  ဖြစ်ရပ်မှန်ကိုအခြေခံ ပြန်လည်ရိုက်ကူးထားတာပါ ။အစကနေအဆုံးကို ဇာတ်ကားရဲ့နာမည်လေးအတိုင်း အဓိကဇာတ်ဆောင်က ဖြောင့်ချက်ပေးရင်း ဆွဲခေါ်သွားမှာပါ။ သူဟာသူ့အမေရဲ့ ချစ်ခြင်းမေတ္တာ တရားတွေကို မရခဲ့သလို ကျောင်းမှာလည်း IQ level က တော်တော်ကိုနိမ့်ပါတယ်။ နောက်အဲ့လိုကောင်းလေးတစ်ယောက်ကနေ ဝါရင့် သွေးအေးကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပုံနဲ့ ကြေးစားလူသတ်သမားတစ်ယောက် သူ့ရဲ့ပြစ်မှုတွေအတွက် ဘယ်လိုများဖြောင့်ချက်ပေးမလဲဆိုတာတော့ File Size : (1.7GB) (467MB) and (187MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae

Action • Drama
6.7 2022 109 mins
Confessions of a Hitman
Cirkus
5.2

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။ အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။ တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ~BpL~Yunni

Comedy • Mystery • Sci-Fi & Fantasy
5.2 2022 140 mins
Cirkus
The Woman King
7.8

~ IMDb - 6.7/10, Rotten Tomatoes - 94% ~ သမိုင်းရုပ်ရှင်ကောင်းတစ်ခု ထွက်လာပါပြီ။ ၁၇ ရာစုနဲ့ ၁၉ ရာစုကြား အနောက်အာဖရိကတိုင်းပြည် ဒါဟိုမီမှာ အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အထူးစစ်တပ်တစ်ခုရှိခဲ့ပါတယ်။ သူတို့တွေဟာ တိုင်းပြည်ကိုကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အရေးပါတဲ့ အင်အားတစ်ခုပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ဒါဟိုမီနဲ့ အိုယိုအင်ပါယာစစ်ပွဲအကြောင်း၊ ကျွန်ကုန်သည်တွေအကြောင်းကို အခြေခံပြီးပြသထားပါတယ်။ ဥရောပသားတွေကတော့ သူတို့ကို အမေဇုံစစ်သည်တွေလို့ ခေါ်ခဲ့ကြပါတယ်။ "ဇာတ်လမ်းအကျဉ်း" ဒါဟိုမီရဲ့ဘုရင်အသစ် ဂယ်ဇိုမှာ အာဂိုဂျေးလို့ခေါ်တဲ့ အမျိုးသမီးအထူးတပ်ဖွဲ့ရှိပြီး နန်နိစကာဆိုတဲ့ မိန်းမစစ်သူကြီးက ဦးဆောင်ပါတယ်။ ဒါဟိုမီရဲ့ရွာ‌တွေကို အိုယိုအင်ပါယာနဲ့ မာဟီမျိုးနွယ်တွေပူးပေါင်းစီးနင်းပြီး ကျွန်တွေဖမ်းရောင်းနေတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာပဲ အာဂိုဂျေးစစ်သည်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ မိန်းကလေးတစ်စုအကြောင်းနဲ့ အာဂိုဂျေးတပ်ဖွဲ့ရဲ့ တိုက်ပွဲတွေအကြောင်းကို မြင်ရမှာပါ။ ဒီရုပ်ရှင်ထဲမှာ အာဂိုဂျေးတွေဟာ ကျွန်ကုန်ကူးဖို့ထက် အုန်းဆီတွေပဲအဓိက ထုတ်ရောင်းချင်တဲ့အကြောင်းပါဝင်တာလည်း ဖြစ်ရပ်မှန်ပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက ကျင့်ဝတ်ကိုနားလည်ခဲ့လို့ ဟုတ်မဟုတ်တော့ မသေချာခဲ့ပါဘူး။ နောက်ပြီးတော့ ရုပ်ရှင်ထဲမှာ ချန်လှပ်ထားတဲ့ဖြစ်ရပ်မှန်တစ်ခုကတော့ ဒါဟိုမီတိုင်းပြည်ရဲ့ လူယဇ်ပူဇော်တဲ့ဓလေ့ပါပဲ။ ဘုရင်ဂယ်ဇို နတ်ရွာစံချိန်မှာတောင် လူပေါင်း ၈၀၀လောက်ကို ခေါင်းဖြတ် ယဇ်ပူဇော်ခဲ့ပါသေးတယ်။ အခုတော့ အက်ရှင်ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းတစ်ခုကိုပဲ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.11GB, 1.1GB, 680MB Quality - 1080p, 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 2H 15Min Genre - Action, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Action • Adventure • Fantasy
7.8 2022 135 mins
The Woman King
Fresh
7

IMDb Rating (6.7) / Rotten Tomatoes (81%) Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ဘလိုင်းဒိတ်ကနေမဟုတ်ဘဲ ကုန်တိုက်တစ်ခုကနေ စတိဗ်ဆိုတဲ့ကောင်‌ချောလေး‌ကိုတွေ့ပြီးအဆင်ပြေနေသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုကြမ္မာဆိုး ဝင်မွှေမလဲ၊ သူ့သူငယ်ချင်းမော်လီကရော ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မလဲ၊ လူသတ်သမားကရော ဘယ်လောက်ဆိုးပဲ့ယုတ်မာနေမလဲဆိုတာကို Fresh ဆိုတဲ့ကားထဲမှာ ရှုစားရင်တုန်ပေးကြပါဦး။ File size…(1.6 GB)/(540 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Drama • Romance
7 2022 114 mins
Fresh
Ghosts of the Ozarks
5.7

တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ​ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ မြို့လေးတစ်မြို့ ရှိနေခဲ့မယ်ဆိုရင်ရော..။ ဒီနံရံအကာအကွယ်တွေရဲ့ အထဲမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ လူတွေရဲ့ ရင်ထဲက အကြောက်တရားကရော အမှန်တကယ် အစစ်အမှန်ပဲလား..? ဒီဇာတ်လမ်းကို ကြည့်နေရင်းနဲ့ ခြေလေးချောင်းတော်လှန်ရေး (George Orwell) စာအုပ်ကိုတောင် လျှပ်တပြက်သွား သတိရလိုက်သေးတယ်..။ ကြိုက်တယ်.. မကြိုက်ဘူးဆိုတာကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဆိုပေမဲ့ စိတ်ဝင်စားစရာတွေ လွတ်သွားရင်တော့ သိပ်နှမြောဖို့ ကောင်းနေမှာမို့ ဒီဇာတ်ကားကို ကြည့်ဖြစ်အောင် ကြည့်ဖို့ညွှန်းလိုက်ပါ့မယ်..။ အကြောင်းအရာအရ စိတ်လှုပ်ရှားစရာလည်း ကောင်းရမယ်..။ ရင်ထိတ်သည်းဖိုလေးလည်း နည်းနည်းဖြစ်ရမယ်..။ ကျေနပ်စရာကောင်းတဲ့ နှောင်းခေတ်ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းမျိုးတစ်ခု ကြည့်ဖို့ ရှာနေတယ်ဆိုရင်တော့.. ဒီဇာတ်ကားကိုသာ ရွေးလိုက်တော့.. ရွေးလိုက်တော့လို့ ပြောရတော့မှာပဲဗျား..။ File size…(1.3 GB)/(550 Mb)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Drama • Romance
5.7 2022 100 mins
Ghosts of the Ozarks
Deinfluencer

Deinfluencer (2023) ယနေ့ခေတ်မှာ ကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာ Entertainment ကဏ္ဍက‌နေ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာတဲ့အရာကတော့ Social Mediaပါပဲ။ Social mediaနဲ့ Influencer တွေရဲ့အရေးပါမှုက တစ်နေ့တခြား ပိုပိုနေရာယူလာမှုနဲ့အတူ Social media addiction နဲ့ပြဿနာတွေ၊ Cyber Bullying and Abuse တွေ တဖြည်းဖြည်းလိုက်ပါလာတာကိုတော့ ငြင်းမရပါဘူး။ ဒီလိုနဲ့ပဲ Social Media ရဲ့ ပြဿနာတွေကို လူတွေသိအောင် သတိထားမိအောင် ချပြတဲ့‌လူတွေ Influencer တွေကို ဆန့်ကျင်တိုက်ခိုက်မဲ့ deinfluencerဆိုတဲ့လူတွေ နေရာအနှံ့မှာ ပေါ်လာတော့တာပေါ့။ အခုတင်ဆက်ပေးမဲ့ရုပ်ရှင်လေးထဲမှာကတော့ Social media influencer တစ်ယောက်ဖြစ်တဲ့ . ကယ်လီဝီဗာဆိုတဲ့ ကောင်မလေး အစွန်းရောက် Deinfulencer ဖြစ်တဲ့ ချားလ်စ်ရဲ့လက်ထဲမှာ ဖမ်းခံထားရတာနဲ့ အစပျိုးထားပါတယ်။ ကယ်လီက Social Media မှာ ဖော်လိုဝါ ၅ သိန်းလောက်ရှိတဲ့ Cheerleader မလေးတစ်ယောက်၊ တစ်နည်း ကောင်လေးတွေရဲ့အသဲကို ဖမ်းစားထားတဲ့ကောင်မလေးပေါ့။ ကယ်လီတစ်ယောက် ချားလ်စ်ဆိုတဲ့ ဆိုက်ကိုဆန်ဆန် deinfluencerလက်ကနေ လွတ်မြောက်ဖို့ဆိုရင်တော့ ချားလ်စ်ရဲ့social media challenge တွေကို targetပြည့်အောင်လုပ်ရမှာပါ။ challenge ကျရှုံးမှုတိုင်းအတွက် ရက်စက်တဲ့တန်ကြေးတစ်ခုက‌ စောင့်ကြိုနေမှာပါ။ အဲဒီနောက်မှာတော့ …. မုဆိုးကျားကြီးချားလ်စ်ရဲ့ သားကောင်‌လေးလို ပုတ်ခတ်ကစားခံနေရတဲ့ ကယ်လီတစ်ယောက် လွတ်မြောက်မှုရနိုင်မလား။ ဒီလုပ်ရပ်အားလုံးရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုလိုက်ရအောင်ပါ။ Social Media ဆိုတာ မရှိမဖြစ်နီးပါးလောက်ကို ဖြစ်လာတဲ့ ကယ်လီလိုလူမျိုးတွေရှိနေခဲ့ရင်တော့ Awareness တစ်ခုရအောင် ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်တာမလို့ မြည်းစမ်းကြည့်ဖို့ လက်တို့လိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p | 480p File size… 955MB | 459MB | 230MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Comedy • Horror
0 2023
Deinfluencer
Night Moves
6

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

6 2013
Night Moves
Forgotten Experiment
Baby Shark’s Big Movie

Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာ ကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန် သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့ နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီး အားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့ သီချင်း Keep Swimmin’ Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင် Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ် ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါး ကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီး သူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကို Baby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်း နှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက် လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက် လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

0 2023
Baby Shark’s Big Movie
Clash of the Titans
6.9

Clash of the titans – 1981 Genre – Action,Adventure,Family IMDb – 6.9/10 ဂရိနတ်ဘုရားတွေရဲ ဒဏ္ဍာရီကို အခြေခံထားတဲ့ ငယ်ဘဝအောက်မေ့ဖွယ် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်က အလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားက ရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်က အမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကို စေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန် ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာ အရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။ သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့ နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီး ကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ဂျော်ပါမြို့သားတွေဟာ ကျီးလန့်စာစားဖြစ်နေကြပြီး ကာလီးဘော့စ်နဲ့ ရည်ရွယ်ထားတဲ့ မင်းသမီးအန်ဒရိုမေဒါကလည်း အကျဉ်းစံသတို့သမီးလောင်းဘဝကိုရောက်နေခဲ့ပါတယ်။ အန်ဒရိုမေဒါနဲ့ လက်ဆက်ဖို့ ကြိုးစားသူတိုင်းကလည်း ကာလီးဘော့်စ်ရဲ့ ပဟေဠိပုစ္ဆာကို မဖြေဆိုနိုင်ကြဘဲမီးတင်ရှို့ယစ်ပူဇော်ခံရစမြဲပါ။ အန်ဒရိုမေဒါနဲ့ လက်ဆက်ရင်း တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးရမယ့်အခွင့်အရေးကို ပါးစီးယက်စ်ကလည်း ကြိုးစားလာပါတယ်။ စီစဉ်သူ ဇုစ်ကနေတစ်ဆင့် နတ်ဘုရားတွေရဲ့လက်ဆောင်ဖြစ်တဲ့ ကိုယ်ပျောက်ခေါင်းဆောင်း၊ ဓားလွတ်တစ်ချောင်းနဲ့ ဒိုင်းကာတစ်ခုကိုပါ ရရှိလာရင်း အန်ဒရိုမေဒါကို မျက်ဝါးထင်ထင်မြင်တွေ့ရချိန်မှာတော့ သူ့အတွက်ဆို ဘာမဆိုလုပ်ရဲတဲ့သတ္တိတွေ ဝင်လာခဲ့ပါတယ်။ စိမ့်မြေသခင် ကာလီးဘော့စ်ကိုပါ တိုက်ခိုက်အနိုင်ယူပြီး အန်ဒရိုမေဒါရဲ့ ပုစ္ဆာကိုဖြေဆိုကာ တိုင်းပြည်တစ်ခုလုံးပါ အပိုဆောင်းရယူနိုင်ခဲ့ပါတယ်။ ရွှေလက်ဆက်ပွဲမှာ အန်ဒရိုမေဒါရဲ့မိခင်၊ ဂျော်ပါရဲ့ဘုရင်မ ကတ်စီရိုပီအာရဲ့ မဆင်မခြင်ပြောဆိုမှုကြောင့် နတ်ဘုရားမတက်တစ်က သားဖြစ်သူအပေါ် ကျူးလွန်ခဲ့တဲ့အပြစ်နဲ့ သူ့အပေါ်စော်ကားမှုအပေါ် ပြန်လည်ပေးဆပ်ရန် အန်ဒရိုမေဒါရဲ့ အသက်ကို တောင်းဆိုခဲ့ပါတယ်။ ဂျော်ပါမြို့သူမြို့သားအားလုံးကို ကရာကန်ဖျက်ဆီးတိုက်ခိုက်မည့်ဘေးမှ လွတ်လိုပါက အန်ဒရိုမေဒါကို ရက် (၃၀) အတွင်း ကရာကန်အား ယစ်ပူဇော်ဆက်သရန် အမိန့်ပေးခဲ့ပါတယ်။ ပါးစီးယက်စ်ကလည်း ဧရာမတိုက်တန်ကရာကန်ကို အနိုင်ယူနိုင်ဖို့ နည်းလမ်းတွေကို ရဲမက်ဗိုလ်ပါတွေနဲ့အတူ တိုင်ပင်စဉ်းစားကြရင်းနဲ့ပဲ ရှာပုံတော်စွန့်စားခန်းခရီးတစ်ခု ထွက်ရန် ဖန်လာပါတော့တယ်… ၈၀ ခုနှစ်က Special Effects တွေ အခုကာလလောက် မဖွံ့ဖြိုးသေးပေးမယ့် Clash of the titans ဟာ လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း ပါးစီးယက်စ်ရဲ့ ရဲရင့်မှု၊ နတ်မြင်းပျံ ပက်ဂဆစ်၊ ဇီးကွက်စက်ရုပ်ကလေး ဘူဘို၊ ကြောက်မက်ဖွယ် ဧရာမတိုက်တန်ကရာကန်၊ အန်ဒရိုမေဒါရဲ့ အလှတရား စတဲ့ ရောင်စုံစုတ်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ ဂန္ထဝင်ပန်းချီကားတစ်ချပ်အဖြစ် ရှိနေဆဲပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ….. Action/Adventure/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

6.9 1981
Clash of the Titans
[18+] Amazon Jail
5

80,90 ခုနှစ်တွေဆီက ကာလသားတွေကြားမှာရေပန်းစားတဲ့ မိန်းမထောင်ကားလို့ သညာပြုကြတဲ့ ဇာတ်ကားမျိုးတစ်ကားဖြစ်ပါတယ်။ အက်ဂါဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကမ္ဘာအနှံ့က မိန်းမချောတွေကို ဝင်ငွေကောင်း၊သက်သာတဲ့အလုပ်ရမယ်လို့ဆွယ်ပြီး တကယ်တမ်းမှာတော့ သူဌေးကြီးတွေကို လိင်ကျွန်အဖြစ်နဲ့ရောင်းစားနေတာပါ။ သူဌေးကြီးတွေက မိန်းကလေးတွေကိုရောင်းကုန်ပစ္စည်းလို လာမရွေးခင် စပ်ကြား သူတို့ကိုတောနက်ထဲမှာ လှောင်အိမ်ထဲထည့်လှောင်ထားလေ့ရှိပါတယ်။ အဲ့ဒီထဲကမှ မိမိကိုယ်ကိုလိင်ကျွန်အဖြစ်မခံနိုင်တဲ့ မိန်းကလေးတစ်စုဟာ ဒီလက်နက်ကိုင်တွေရန်က လွတ်မြောက်အောင်ထွက်ပြေးရင်း တောနက်ထဲက အန္တရာယ်တွေကိုပါ ရင်ဆိုင်ကျော်လွှားကြပုံကို အဖော်အချွတ်တွေ ဖောဖောသီသီနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ကြည့်ရကျိုးနပ်အောင်ကိုကြမ်းပါတယ်။ ခံစားကြည့်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.6GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 1982
[18+] Amazon Jail
Descendants: The Rise of Red

ကဲ ဒီတစ်ခါမှာတော့ Descendants ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်ဖြစ်တဲ့ မင်းသမီးရက်ဒ် ရဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် Descendants ရုပ်ရှင်ကားတွေကို Descendants (2015) – https://www.channelmyanmar.to/descendants-2015/ Descendants 2 (2017) – https://www.channelmyanmar.to/descendants-2-2017/ Descendants 3 (2019) – https://www.channelmyanmar.to/descendants-3-2019/ ဆိုပြီး အစဥ်လိုက်ကြည့်ရှုနိုင်ပါတယ်။ ဒီရုပ်ရှင်က အရင်ရုပ်ရှင်တွေလိုမျိုးပဲ ဇာတ်ကောင်အသစ်တွေကို ဒစ်စနီဇာတ်ကောင်ဟောင်းတွေရဲ့ မူရင်းအရသာမပျက်အောင် မတူညီတဲ့ ဇာတ်အိမ်အသစ်လေးတွေနဲ့ မိတ်ဆက်ပေးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ အဓိက ဇာတ်ဆောင်တွေဖြစ်တဲ့ နှလုံးသားတို့ရဲ့ ဘုရင်မ သမီးဖြစ်တဲ့ မင်းသမီး ရက်ဒ် နဲ့ စင်ဒရဲလားရဲ့ သမီးဖြစ်တဲ့ မင်းသမီး ကလိုဝီ တို့နှစ်ယောက်အပေါ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီတစ်ခါမှာ သူတို့နှစ်ယောက်ပေါင်းပြီး အချိန်နောက်ပြန်သွားကာ အော်ရာဒွန် တိုင်းပြည် ကို ကယ်တင်ကြပုံကို ခံစားကြည့်ရှုကြရမှာပါ။ Movie runtime က တိုပေမယ့် အပိုမဆလာမရှိ ဇာတ်အိမ်ကို ခပ်သွက်သွက်လေးသွားထားတာမလို့ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ရုပ်ရှင်ထဲမှာ ပါတဲ့ သီချင်းတွေ ကကွက် တွေနဲ့ ရိုက်ချက်တွေကလည်း တစ်ခြားကားတွေနဲ့ မတူတဲ့ ရသတစ်မျိုးကို ပေးစွမ်းနေပါသေးတယ်။ ကြည့်ရတာတော့ နောက်တစ်ကား ထပ်လာဦးမယ့်ပုံပေါက်လို့ ၂၀၁၅ ခုနှစ်ထွက်ကနေ ပြန်ကြည့်ကြဖို့ ရီကွန်မန်းပေးချင်ပါတယ်။ ကျွန်တော်တို့အားလုံးက ပုံပြင်လေးတွေနဲ့ကြီးပြင်လာရတာဖြစ်လို့ မင်းသမီးလေးရက်ဒ်ရဲ့ ဒီပုံပြင်လေးကိုလည်း အချိန်ပေးပြီး ခံစားကြည့်သင့်ကြောင်း ပြောရင်းနဲ့ပဲ ခံစားလိုက်ကြပါဦးဗျာ။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Fantasy, Adventure, Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2024
Descendants: The Rise of Red
Moro

ဒီဇာတ်ကားလေးကတော့ မိခင်တစ်ယောက်ရဲ့သားသမီးတွေအပေါ်ထားတဲ့ မိဘမေတ္တာ၊ စိုးရိမ်ပူပန်မှုတွေကိုအခြေခံပြီး နိုင်ငံရေးမတည်ငြိမ်မှုအကျိုးဆက်ကြောင့် မိခင်တစ်ယောက်သောကပွေရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ဒီဇာတ်ကားမှာ ညီအစ်ကိုနှစ်ယောက်အနက် ညီဖြစ်သူ အက်ဒဲလ်က လောင်းကစားခုံမင်သူဖြစ်ပြီး အစ်ကိုဖြစ်သူ ဂျက်ဆင်းက ရိုးသားကြိုးစားသူဖြစ်ပါတယ်။ မုဆိုးမမိခင်ကြီးက အိပ်မက်တွေ မကောင်းတာကြောင့် သားငယ် အက်ဒဲလ်ကို ခေါ်ကာ သားကြီးဂျက်ဆင်းဆီကို သွားပြီး ညီအစ်ကိုတွေ ပြန်ပြေလည်ဖို့ လုပ်ခဲ့ပါတယ်။ ညီအစ်ကိုချင်းမပြေလည်ခဲ့ရတဲ့အကြောင်းကလည်း မိဘပိုင်မြေတွေကို ညီလုပ်သူကပေါင်နှံခဲ့တာကြောင့်ဖြစ်ပါတယ်။ မြေပြန်ရွေးနိုင်ဖို့အတွက် အစ်ကိုဖြစ်သူက မိသားစုလိုက် အလုပ်ကြိုးစားနေကြရပါတယ်။ သူတို့ညီအစ်ကိုတွေဟာ မိခင်ကြီးရဲ့အိပ်မက်နိမိတ်ဆိုးတွေ တကယ်ဖြစ်မလာဖို့အတွက် ကန်ဒူလီဆိုတဲ့ ရိုးရာဓလေ့အရ လှူဒါန်းပွဲလုပ်ခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ စစ်တပ်က သူတို့မြို့တွေဆီကို လာရောက်တိုက်ခိုက်ကြတဲ့အခါ ညီအစ်ကိုချင်း ပြန်ပြေလည်အောင် လုပ်နိုင်ကြပါ့မလား… ဒီစစ်ပွဲကနေ သူတို့မိသားစု ဘေးကင်းစွာနဲ့ နေနိုင်ကြပါမလား… အညွှန်း နဲ့ ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 880MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

0 2023
Moro
Our Departures
7

Our Departures (2018) *********************** IMDb….. 7.0 ရှူဟေးရဲ့ဇနီးသည်ဟာ သားလေးရွှန်ယာကို မွေးဖွားပြီးမကြာခင်မှာပဲ ဆုံးပါးသွားခဲ့ပါတယ်။ ကလေးကို တစ်ယောက်တည်း ကြိုးစားပျိုးထောင်ရင်း အာကိရာဆိုတဲ့ ကောင်မလေးနဲ့အကြောင်းပါပြီး လက်ထပ်လိုက်ဖြစ်သွားပါတော့တယ်။ ရှူဟေးဟာ ရထားတွေကို ချစ်တဲ့သူတစ်ယောက်ဖြစ်သလို သားလေးရွှန်ယာဟာလည်း ရထားတွေကို ချစ်မြတ်နိုးပါတယ်။ ဒီလိုနဲ့ မိသားစု၃ယောက် ပျော်ပျော်ရွှင်ရွှင်နေလာရင်း ကံဆိုးမိုးမှောင်ကျပါတော့တယ်။ ရှူဟေးတစ်ယောက် ဦးနှောက်သွေးယိုစိမ့်မှုဖြစ်ပြီး ဆုံးပါးသွားခဲ့တာပါပဲ။ ယောက်ျားဖြစ်သူဟာလည်း ဆုံးပါးသွား ကလေးတစ်ဖက်ရယ် ၏ အကြွေးတွေကလည်းရှိနေပြန်တော့ အာကိရာတစ်ယောက် မတတ်သာတဲ့အဆုံး ရှူဟေးရဲ့ ဖခင်ဖြစ်သူရှိရာဆီကို သွားရောက်အကူအညီတောင်းရင်း နေထိုင်ခွင့်တောင်းခဲ့ပါတယ်။ အာကိရာနဲ့ ရွှန်ယာတို့ ရှူဟေးအဖေရဲ့ အိမ်မှာနေထိုင်ရင်း ရထားတွေကိုချစ်တဲ့ သားလေး ရွှန်ယာရဲ့ တိုက်တွန်းမှုနဲ့အတူ အာကိရာတစ်ယောက် ရထားမောင်းသမားတစ်ယောက်လုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ အာကိရာတစ်ယောက် ကိုယ်တိုင်က ကလေးမမွေးဖူးပေမဲ့ ယောက်ျားရဲ့သားဖြစ်သူ ရွှန်ယာလေးကို ဘယ်လိုပျိုးထောင်ပေးသွားမလဲ… ယောက်ျားရဲ့ ဖခင်ဖြစ်သူနဲ့ရော အာကိရာတို့ သားအမိ အဆင်ပြေပါ့မလား… ရထားချစ်တဲ့ ယောက်ျားနဲ့ သားဖြစ်သူကြောင့် လုပ်ခဲ့တဲ့ ရထားမောင်းတဲ့အလုပ်မှာရော ဘယ်လိုတွေဖြတ်သန်းရမလဲ… ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Char Ou ပဲ ဖြစ်ပါတယ်။) File Size : 1.55GB/ 720MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:၀6 Genre : Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Tiff

7 2018 120 mins
Our Departures
We Girls
6.2

ကျောက်မင်းသမီးကတော့ ဒီတစ်ခေါက်လည်း သဘာဝဆန်တဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပုံဖော်ထားတဲ့ ကားလေးနဲ့ ပိတ်ကားပေါ် ပြန်လာပြန်ပါပြီ… ဒီကားလေးကတော့ အမျိုးသမီးထောင်မှာ ကြုံတွေ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ဘဝကိုပုံဖော်ထားတာဖြစ်တယ်… ဟုတ်ပါတယ်… ထောင်လို့ပြောတာနဲ့ ဆိုးတဲ့သူတွေ မကောင်းတဲ့သူတွေရှိနေတယ်လို့ ထင်မှတ်တတ်ကြပါတယ်… ဒါပေမယ့် ထောင်ကျတိုင်း တကယ်ဆိုးတာလား… ဆိုးသွမ်းမိုက်မဲတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ… အဖိနှိမ့်ခံလူသားတွေရဲ့ ကြုံတွေ့ရတဲ့ ဘဝတွေအကြောင်း ဘယ်သူသိမှာလဲ… ဘယ်သူကမြင်မှာလဲ… ဒီလိုမလုပ်သင့်ဘူး… ဒီလမ်းမရွေးသင့်ဘူး ဆိုတဲ့စကားကတော့ အပြောလွယ်ပေမယ့်… တကယ် လောကဓံနဲ့ ကြုံချိန်မှာတော့… ထားပါတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆို… မြေခွေးဖြူလို့ခေါ်တဲ့ ကောင်းယွဲ့ရှန်းက ရှောင်ကော်ကော်တို့ဆိုပြီး အဖော်အချွတ်ဝတ်ပြီး ကပြဖျော်ဖြေတဲ့သူပေါ့… ဒီလိုမျိုး ခန္ဓာကိုရင်းပြီးတော့ လအလုပ်ရှာနေခဲ့တာကတော့ သူ့ရဲ့ နားမကြားတဲ့သမီးလေးကို နားကြားစက်ဝယ်ပေးချင်လို့ပါ… ဒါပေမယ့် တရားမဝင် ဥပဒေမဲ့ပစ္စည်းတွေကို ကူရောင်းပေးမိလို့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာတဲ့သူပေါ့… ဒီလိုနဲ့ ထောင်ထဲမှာ သူ့သမီးလေးလိုမျိုး နားမကြားတဲ့တစ်ယောက်ကို ကာကွယ်ပေးဖြစ်ခဲ့တယ်… သူကတော့ မှင်နက်လို့ခေါ်တဲ့ မောင်အားမေ့… ဆွံ့အနားမကြားလေးပေါ့… ဒီကိုက ခန္ဓာကိုယ်ဗန်းပြပြီးတော့ ပစ္စည်းခိုးမှုနဲ့ ထောင် ၂ နှစ်နဲ့ ၄ လ ကျလာသူပေါ့… ထောင်ထဲ သူတို့ကို သင်ပြပေးနေတဲ့ အရာရှိကတော့ တိန့်ဟုန်တဲ့… ဘာကြောင့်မှန်းတော့မသိပေမယ့် အမျိုးသမီးချင်းစာနာစိတ်ကြောင့်လား… သူကိုယ်တိုင်လည်း ဘဝသမားဖြစ်လို့လားမသိ စေတနာပိုပြီး လမ်းမှန်ပေါ်တင်ဖို့ ကြိုးစားနေတဲ့ အရာရှိကောင်းပေါ့… တစ်ချိန်တည်းမှာပဲ ထောင်ထဲ သူတို့ကိုအနိုင်ကျင့်နေတဲ့ ဆေးမှုနဲ့ ထောင်ကျတဲ့ သက်ကြီးသမား ဟူဖျင်ကလည်း ဒီဇာတ်လမ်းမှာ အရေးကြီးတဲ့ အခန်းက ပါထားပြန်တယ်…

Horror • Thriller
6.2 2025
We Girls