YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Dangerous.Romance.S01E12.END.720p.CM.mp4

264.16 MB N/A video/mp4 66 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Virgin Rose (18+)
4

(၃၀-၄-၂၀၂၃) ဒီနေ့ကတော့ ကျွန်တော်တို့အမျိုးသားထုကြီးရဲ့ရင်ကို မကြာခဏဆွဲကိုင်လှုပ်တတ်တဲ့ ကျူးဘား-စပိန်မင်းသမီးလေး Ana de Armas ရဲ့ အသက်(၃၅)ပြည့်မွေးနေ့ပဲဖြစ်ပါတယ်....ဒီတော့ သူမ အသက် ၁၈ နှစ်မှာ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထွက်ခဲ့တဲ့ ခုဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ ၁၈ နှစ်မပြည့်သေးတဲ့ မင်းသမီးလေးက ၁၆ နှစ်သမီးဇာတ်ရုပ်လေးနဲ့ ဘယ်လောက်တောင် လိုက်ဖက်နေလဲ ကိုယ်တိုင်သာ ကြည့်လိုက်ပါတော့။ ဒီမင်းသမီးလေးက အဖော်အချွတ်လေးတွေနဲ့ မင်းသမီးဘဝစခဲ့ပေမယ့် ဟောလိဝုဒ်မှာတော့ တစ်နေရာ ရသွားသေးတာပဲလေ။ သူ့ကို Blade Runner 2049 မှာ စပြီးသတိထားမိတာ။ ပြေပြစ်တဲ့ကောက်ကြောင်းနဲ့၊ မျက်လုံးရွဲကြီးနဲ့၊ ဘယ်လိုကောင်မလေးလားပေါ့။ Knives Out မှာ ရွှေကမ္ဘာလုံးဆုအတွက် ဆန်ကာတင်စာရင်းဝင်တော့ ကြိတ်ပြီး ရင်ခုန်လိုက်ရသေးတယ်။ No time to Die မှာ bond girl လေးအဖြစ်ပြန်တွေ့လိုက်ရတော့ တော်တော်လေးကို အလွမ်းပြေသွားခဲ့တာ။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကိုယ်ကြိုက်ခဲ့ရတယ်ပေါ့လေ။ နောက်ဆုံး မွန်ရိုး ဝင်လုပ်တော့လဲ ဇာတ်လမ်းကချာပေမယ့် သူမကြောင့်တော့ ရင်တလှပ်လှပ်ဖြစ်ခဲ့ရသေး။ ဒီဇာတ်လမ်းကတော့ crime, drama လေးပါ။ ကျူးဘားနိုင်ငံမှာ အရက်ခိုးချက်တဲ့အမှုထက် လူကုန်ကူးတဲ့အမှုက ပိုများသတဲ့ဗျာ။ လူကုန်ကူးတယ်ဆိုတာ အမေရိကားကို အလုပ်သမားအဖြစ် သွားကြမယ့်သူတွေကို ခိုးသွင်းတဲ့အလုပ်တဲ့။ ဒါပေမဲ့လေ၊ ခရီးသည်တွေကို လှေဝမ်းထဲထည့်၊ လူသူမနီးတဲ့ ကျွန်းတစ်ခုပေါ်မှာ အမေရိကားရောက်ပြီပြောပြီး ဒီအတိုင်းထားခဲ့တာပဲဗျို့။ ကင်းလှည့်ယာဉ်တွေ၊ ငါးဖမ်းသင်္ဘောတွေ တွေ့လို့ကယ်ရင် အသက်ရှင်မယ်ပေါ့လေ။ အကယ်မခံရဘဲ သေကုန်ကြတာတွေလည်း ဒုနဲ့ဒေး။ ဒီမှာ ဇာတ်လိုက်ကျော်နှစ်ပါး ဆင်မွန် နဲ့ အန်ဒရီ က ဒီလိုမျိုး လူကုန်ကူးနေတဲ့သူတွေ။ ဒါတင်မက တောသူမလေးတွေခေါ်လာ၊ အရောင်တင် လှပအောင်ပြင်ပေးပြီး လူချမ်းသာအဘိုးကြီးတွေဆီ လက်ထပ်ဖို့ ရောင်းစားတဲ့အလုပ်ပါလုပ်သေးတယ်။ ဆင်မွန် က တောသူမလေးတစ်ယောက် ဥထားတာရှိတယ်။ အလှဆုံးလေးပေါ့။ ဒီမှာ ဆင်မွန် တို့ လှေကို အမေရိကန်ကင်းလှည့်သင်္ဘောက လိုက်ပစ်လို့ မင်းသားချော အန်ဒရီ ဒဏ်ရာရသွားတယ်။ သူ့ကို အိမ်ခေါ်လာပြီး ကုပေးတော့ ဆင်မွန် ဥထားတဲ့ အလှပဂေး မာရီ နဲ့ အန်ဒရီနဲ့ ဆုံပါလေရော။ လူငယ်နှစ်ဦး ချစ်ခြင်းတွေ ကူးလူးယှက်သွယ်ကြတော့ ဆင်မွန် ကြီး အူနုကျွဲခတ်ပြီပေါ့။ ဒီမှာတင် ဆင်မွန် က မိန်းကလေးကိုမရွေး၊ မိတ်ဆွေဖြစ်တဲ့ အန်ဒရီ ကိုရွေးခဲ့ပေမဲ့၊ အန်ဒရီ ကတော့ မာရီ ကို မင်းမှမင်းပဲတဲ့။ နောက်ဆုံး ဘာဖြစ်ကုန်ကြမလဲဆိုတာ ကိုယ်တိုင်သာ ကြည့်ကြပေတော့ လူကြီးမင်းများ။ ဒီဇာတ်ကားဟာ 18+ အဆင့်မရှိပေမယ့် တစ်ခါတစ်ခါ ပေါ်လာတတ်တာလေးတွေကြောင့် မိသားစုနဲ့တော့ အတူမကြည့်ကြပါနဲ့နော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(1 GB) Quality….WEB-DL 720p Format…mp4 Duration….01:33:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action & Adventure • Crime • Drama
4 2006 100 mins
Virgin Rose (18+)
Mary Queen of Scots
6.6

~ IMDb - 6.3/10, Rotten Tomatoes - 62% ~ 1500 ပြည့်နှစ်တွေက စကော့တလန်ဘုရင်မ မယ်ရီနဲ့ အင်္ဂလန်ဘုရင်မ အယ်လိဇဘက်တို့အကြောင်းကို ပြန်လည်ပုံဖော်ထားတဲ့ သမိုင်းကားကောင်းတစ်ကားပေါ့။ တိုင်းပြည်နှစ်ခုရဲ့ ကိုးကွယ်တဲ့ဘာသာ အယူအဆတွေ နိုင်ငံရေးရပ်တည်ချက်တွေ ကွဲပြားပုံနဲ့ နှစ်ဖက်ကောင်စီ၀င်၀န်ကြီးတွေရဲ့ နိုင်ငံရေးအရှုပ်အထွေးတွေကြားက ၀မ်းကွဲတော်စပ်တဲ့ ဘုရင်မ၂ဦးအကြောင်းကို ရိုက်ထားတာပါ။ မယ်ရီက ကက်သလစ်ကိုးကွယ်သူဖြစ်ပြီး အယ်လိဇဘက်က ရိုမန်ကက်သလစ်ကိုးကွယ်သူဖြစ်ပါတယ်။ အဲဒီတုန်းက ဘာသာရေးကွဲလွဲချက်တွေပြင်းထန်တဲ့အတွက် ၂နိုင်ငံအမြင်မတူဘဲ စစ်ဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါကို မယ်ရီက ၀မ်းကွဲအမ အယ်လိဇဘက်ဆီကနေ ဆက်ခံသူအဖြစ်တောင်းဆိုတဲ့အခါ ဒီအချက်က နိုင်ငံ၂ခုကြားက တင်းမာတဲ့အခြေအနေကို ပိုလှုံ့ဆော်လိုက်တာပါ။ မယ်ရီက အသက်၁၅နှစ်မှာ ပြင်သစ်သားနဲ့ အိမ်ထောင်ကျခဲ့ပြီး မုဆိုးမအဖြစ်နဲ့ စကော့တလန်ကိုပြန်လာတာပါ။ အယ်လိဇဘက်က အိမ်ထောင်မရှိ ဆက်ခံသူမရှိတဲ့အတွက် မယ်ရီရဲ့ဖြစ်တည်မှုက အယ်လိဇဘက်ရဲ့အာဏာနဲ့ ထီးနန်းကို ခြိမ်းခြောက်နေခဲ့ပါတယ်။ သံတမန်တွေနဲ့ တွေ့ဆုံပြီး မယ်ရီကို သူတို့ကြိုးကိုင်လို့ရမယ့် အင်္ဂလိပ်လူမျိုးမင်းမျိုးနွယ်နဲ့ လက်ဆက်ပေးဖို့ စီစဉ်ပါတယ်။ မယ်ရီကလည်း သူ့တွက်ကိန်းနဲ့သူ လက်ခံခဲ့ပါတယ်။ မယ်ရီဘုရင်မဖြစ်တာကို ရိုမန်ကက်သလစ်တွေက မုန်းတီးပြီး သွေးထိုးလှုံ့ဆော်ကြပါတယ်။ ပြည်သူတွေကြားမှာ သူက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြည့်တန်ဆာသာသာပဲ ရှိပါတယ်။ မယ်ရီနဲ့ လက်ထပ်ရသူက သခင်ဒန်လီဖြစ်ပြီး မယ်ရီအတွက် မျိုးဆက်ဆောင်ယူပေးဖို့နဲ့ ဘုရင်ရာထူးမယူပါဘူးဆိုပြီး ကတိပေးထားပါတယ်။ ဒန်လီကိုလည်း ယောကျာ်းချင်းစိတ်၀င်စားသူအနေနဲ့ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ဒန်လီလည်း သက်ဆိုးမရှည်လှပါဘူး။ ကောင်စီ၀င်တွေရဲ့ နိုင်ငံရေးလှည့်ကွက်ကြားမှာ လုပ်ကြံခံလိုက်ရပါတယ်။ မယ်ရီက သူမသားတော်ရဲ့ ကံကြမ္မာအတွက်ထီးနန်းစွန့်ခဲ့ရပြီး နောက်ဆုံးမှာ အသက်ပါစွန့်ခဲ့ရတဲ့ထိ ပေးဆပ်ခဲ့ရတာကို သံဝေဂရဖွယ် ရှုစားရမှာပါ။ ဒီရုပ်ရှင်ကို ပြဇာတ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Josie Rourke က ရိုက်ထားပြီး ထိတ်ထိတ်ကြဲ မင်းသမီး ၂ယောက်က မယ်ရီနဲ့ အယ်လီဇဘက် ဘုရင်မနှစ်ပါးအဖြစ် အပြိုင်သရုပ်ဆောင်ထားသေးပါတယ်။ အဲဒီ၂ယောက်ကတော့ ရုပ်ရှင်ပရိသတ်တွေအားလုံးချစ်ကြတဲ့ Saoirse Ronan နဲ့ Margot Robbie ပါပဲ။ Tag Line ကိုက Bow To No One ဆိုတော့ သူတို့၂ယောက် အားပြိုင်တာကို ကောင်းကောင်းကြီးမြင်ကြရမှာပါ။ အော်စကာဆန်ခါတင်လည်း ၂ဆုဝင်ထားပါသေးတယ်။ အဆစ်အနေနဲ့ Guy Pearce နဲ့ Gemma Chan ပါ ပါထားပါသေးတယ်။ John Guy ရဲ့ Queen of Scots: The True Life of Mary Stuart ဆိုတဲ့ နာမည်ကြီးစာအုပ်ကို ပြန်ရိုက်ထားတာဆိုတော့ ‌အင်္ဂလန်နန်းတွင်းကားတွေ အလယ်ခေတ်ကားတွေကြိုက်တဲ့လူတွေအတွက် သရုပ်ဆောင်ရော ဇာတ်လမ်းရော ဘာမှမပြောစရာမရှိအောင် ကြည့်ကောင်းမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 670MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama • Fantasy • Romance
6.6 2018 124 mins
Mary Queen of Scots
Divergent
6.9

စာရေးဆရာ Veronica Roth ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထု “Divergent” ကို ဒါရိုက်တာ Neil Burgerက ပြင်ဆင်ညှိုနှိုင်းပြီး ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။ “The Hunger Games” နဲ့ယှဉ်ရင် “Divergent”ဟာ အနာဂတ်ဘက်ပိုရောက်ပါတယ်။ ချီကာဂိုလို့ သတ်မှတ်ရခက်ခက် မြို့မှာပေါ့။ စစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီး ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် တိုက်ခိုက်မှု ဖြစ်လာနိုင်သမျှ လက္ခဏာတွေကို အမြစ်ဖြတ်ခြေမှုန်းဖို့ အစိုးရက ကြိုးစားလုပ်ဆောင်ခဲ့တယ်။ အဲ့ဒီ့မှာ ဂိုဏ်းကွဲမှုတွေဖြစ်လာပြီး ချီကာဂိုမှာ ဂိုဏ်း ၅ဂိုဏ်းဖြစ်လာတယ်။ ဂိုဏ်းကိုယ်စီမှာ တစ်ခြားဂိုဏ်းတွေထက် ပိုတန်ဖိုးထားကြတဲ့ အချက်တွေရှိတယ် ။ ပရဟိတ၊ အားပေးကူညီမှု နဲ့ သနားကြင်နာမှု စတာတွေပေါ့။ အဲ့ဒီ့ အနာဂတ်ကာလမှာ Beatrice Prior, a.k.a Tris (Shailene Woodley) အမည်ရှိကောင်မလေးတစ်ယောက်အတွက် Choosing Day လို့ခေါ်တဲ့ ဘယ်ဂိုဏ်းကိုဝင်မှာလဲ ဆိုတာ ရွေးရတဲ့နေ့ ကျရောက်လာခဲ့တယ်။ အသက် ၁၆နှစ်အရွယ် ကောင်လေး၊ ကောင်မလေး ကိုယ်စီဟာ သူတို့ကိုမွေးဖွားပေးခဲ့တဲ့ အုပ်စုကို ထာဝရစွန့်ခွာပြီး အုပ်စုသစ်တစ်စုကို ပြောင်းဖို့ ရွေးကြရတဲ့နေ့ပေါ့။ အဲ့ဒီ့မှာ Beatrice Prior, a.k.a Tris အတွက် ပြဿသ နာတွေရှိခဲ့တယ်။ ဂိုဏ်းတစ်ခုတည်းအတွက် မကိုက်ဘဲ ၃ခုဖြစ်နေလို့ သူမအတွက် ကွဲလွဲမှု ဖြစ်စေခဲ့တယ်။ အစိုးရဂိုဏ်းတွေ အခရာကျတဲ့ ကမ္ဘာကြီးတစ်ခုမှာ Divergentတွေဟာ စနစ်ကြီးကို ခြိမ်းခြောက်ခဲ့တယ်။ သူတို့ကို လွယ်လွယ်နဲ့တော့ ထိန်းချုပ်လို့ မရဘူး။ သူမရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့အတွက် သူမဟာ အကြောက်အရွံ့ကင်း ဂိုဏ်း(Dauntless)ကို ဝင်လိုက်တယ်။ မကြာမီမှာပဲ သူမဟာ သေနတ်ပစ်၊ လက်သီးထိုး တွေတတ်လာပြီး သူမ ဝင်တိုက်ရမယ်လို့ သိမထားတဲ့ စစ်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်သလို ဖြစ်နေခဲ့တယ်။ Dauntless နည်းပြ Four (Theo James) နဲ့ ဆုံခဲ့ပြီး လျှို့ဝှက်မှုတစ်ရပ်ကို ဖုံးကွယ်ထားရတာ သူမတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ........။ Tariq L Walker File Size : 1GB / 407 MB Quality : HD 720P Running Time : 2hr 19minutes Format : Mp4 Genre :    Adventure, Mystery, Si-Fi  Encoder :Tariq L Walker Translator : Ko Ko Latt

Action & Adventure • Crime • Drama • Mystery
6.9 2014 139 mins
Divergent
Talk to the Dead

Talk to the Dead (2013) ကိုယ်တန်ဖိုးထားရတဲ့သူတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ သူ့ကို ပြောချင်တဲ့စကားတွေအများကြီး ကျန်နေခဲ့ဦးမှာပါ။ ဒီလိုပဲ ဒီဇာတ်ကားမှာလည်း ယူရီဆိုတဲ့ ကောင်မလေးက မောင်လေးဖြစ်သူကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး မပြောလိုက်ရတဲ့ စကားတွေကို ပြောပြချင်နေခဲ့တဲ့သူတစ်ယောက်ပါ။ ယူရီဟာ ဆိုးသွမ်းတဲ့ မိခင်ကြောင့် အကြွေးတွေပိနေခဲ့ပြီး call girl အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း မောင်လေးဖြစ်သူကို စောင့်ရှောက်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာ မောင်လေးကို ရုတ်တရက်ဆုံးရှုံးလိုက်ရပြီး အချိန်မီမကယ်တင်လိုက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နောင်တတွေနဲ့ ရှင်သန်နေခဲ့ရပါတယ်။ အဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မာယူဆိုတဲ့ မိန်းကလေးက ထူးဆန်းတဲ့ App တစ်ခုအကြောင်းကို ပြောလာခဲ့ပါတယ်။ အဲဒီ App က သေသွားတဲ့သူတွေကို ဖုန်းဆက်ပြီး စကားပြောလို့ရတဲ့ App ဖြစ်နေခဲ့ပါတယ်။ တစ်ခုရှိတာက စကားပြောလို့ရပေမယ့် သေသွားတဲ့လူဘက်က “တွေ့ချင်တယ်” လို့ပြောတဲ့အခါမှာ ပြန်မပြောရပါဘူး။ မောင်လေးနဲ့ဆက်သွယ်ခွင့်ရဖို့ဆို ဘာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ယူရီဟာ အဲဒီ App ကို Down ပြီး အသုံးပြုလာပါတော့တယ်။ ဒီ App ဟာ တကယ်ပဲ သေသွားတဲ့သူတွေကို ဆက်သွယ်လို့ရတာလား၊ တွေ့ဖို့ပြောတာကို လက်ခံလိုက်တဲ့အခါမှာရော ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ ရင်ဖိုဖိုနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ Genre….. Horror Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thada NL Encoder ….. Aaron

Drama
0 2013
Talk to the Dead
Bunny Drop
7.2

Bunny Drop (2011) ~ IMDb – 7.2/10, RT – 68%, MyDramaList – 8.2/10 ~ ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်။ ဟုတ်ပါတယ်… ဇာတ်လမ်းကသိပ်ကိုရိုးရှင်းပါတယ်။ လှည့်ကွက်တွေ၊ ဒရာမာအရမ်းချိုးတာတွေမပါဘဲ ကလေးတစ်ယောက် အထူးသဖြင့် တစ်ခြားသူရဲ့ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်နိုင်မှာလား၊ အလုံးစုံတာဝန်ယူနိုင်မှာလား၊ အဲဒီကလေးအတွက် တစ်ခါတစ်ရံ ကိုယ့်ဘဝကိုယ် အနစ်နာခံနိုင်မှာလားဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ရိုက်ကူးပြထားတာပါ။ ဒီ Usagi Drop ဇာတ်ကားက Yumi Unita ရေးတဲ့ Usagi Drop (2005-2011) Manga ကိုပြန်ရိုက်ထားတဲ့ Live-Action ဇာတ်ကားဖြစ်ပြီး Anime အဖြစ်လည်း ၂၀၁၁ ခုနှစ်မှာ Production I.G စတူဒီယိုကနေ ၁၁ ပိုင်းထွက်ရှိထားပါတယ်။ Usagi Drop ဇာတ်ကားရဲ့ဒါရိုက်တာ Sabu က ဒီဇာတ်ကားကိုရိုက်ကူးခဲ့တုန်းက သရုပ်ဆောင်တွေဆီက သဘာဝကျကျ သရုပ်ဆောင်မှုတွေကို လိုချင်ခဲ့တာဆိုပြီး အစအဆုံးနီးပါး ဇာတ်ညွှန်းအသင့်မရှိဘဲ လက်တန်းရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Usagi Drop ကို ရိုက်ကူးပြီး ၁၄ ကြိမ်မြောက် Shanghai International Film Festival မှာပြတော့လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးခံခဲ့ရတဲ့ကားကောင်းပါပဲ။ အလုပ်တစ်ဖက် ကလေးတစ်ဖက်နဲ့ တိုင်ပတ်နေတဲ့ လူပျိုကြီး ဒိုင်းကီချိအဖြစ် ပေါ်လွင်အောင် သရုပ်ဆောင်ပြတဲ့သူက တစ်ခြားသူမဟုတ်ပါဘူး… ပထမဆုံး Death Note Live-Action တွေထဲမှာ L အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kenichi Matsuyama ပါ။ ရင်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Mana Ashida က ကလေးပီပီ ချစ်စရာကောင်းလောက်အောင် Kenichi နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့လို့ အဲဒီနှစ်ကကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် Blue Ribbon Awards ပွဲမှာ Best Newcomer (အကောင်းဆုံးတက်သစ်စသရုပ်ဆောင်) ဆုကို ရရှိခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

TV Movie • Comedy • Family • Horror
7.2 2011 114 mins
Bunny Drop
The Boys in the Boat
7.1

The Boys in the Boat (2023) ~ IMDb – 7.1/10, Rotten Tomatoes – 57% ~ George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက အဖွဲ့ကြီးမဟုတ်ဘူး။ နယ်ဘက်လို ဘက်က ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက ဂျူနီယာကောင်လေးတွေအကြောင်း။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက လူသစ်စုဖို့ လူရွေးပွဲလုပ်တယ်။ လာတဲ့လူတွေတော့ အများကြီးပဲ။ အဲဒီထဲကနေမှ သူတို့က ၈ယောက်လှေလှော်အသင်းအတွက်လိုတဲ့ ရှစ်ယောက်ကိုပဲရွေးမှာ။ သူတို့ထဲက တချို့ဆို ပိုက်ဆံပေး နေစရာပေးတယ်ဆိုလို့ အဲဒါကိုမက်ပြီး ရောက်လာကြတာ။ လှေလှော်တဲ့အားကစားကို ချစ်ဖို့မပြောနဲ့ သေချာတောင်သိကြသေးတာမဟုတ်ဘူး။ ဆိုတော့ လှေလှော်အားကစားအကြောင်း နကန်းတစ်လုံးမှ မသိသေးတဲ့ဇာတ်ကောင်တွေနဲ့အတူတူ လှေလှော်တဲ့အားကစားအကြောင်းကြည့်ရင်း သူတို့ဒီအားကစားကိုချစ်လာပုံကို ကြည့်ရမှာဆိုတော့လည်း အားကစားဒရာမာတစ်ကားအနေနဲ့ ကြည့်ရတာ တော်တော်တော့ အဆင်ပြေတယ်။ ဆိုခဲ့သလို လှေခတ်တဲ့အကြောင်း ဘာမှတောင်မသိခဲ့တဲ့ကောင်လေးတွေကို လှေလှော်အသင်းနည်းပြက သေချာသင်ပေးရင်း ဒီအားကစားကို ချစ်တတ်လာအောင်ပါ သင်ပေးတာကို မြင်ရလိမ့်မယ်။ ရှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ချက်တောင် ရစ်သမ်မလွတ်သွားဘဲ တစ်သားတည်းဖြစ်အောင်လှေခတ်နိုင်တဲ့အခါကျ လှေခတ်တာက အားကစားတစ်ခုဆိုတာထက် ကဗျာတစ်ပုဒ်သီရသလိုဖြစ်သွားလိမ့်မယ်တဲ့။ လူ၈ယောက် တစ်ယောက်နဲ့တစ်ယောက် မတိမ်းမစောင်း ဟန်ချက်ညီနေဖို့က တော်တော်ခက်လိမ့်မယ်။ ဒါကြောင့် နည်းပြက ၈ယောက်လှေလှော်တာက ကမ္ဘာ့အခက်ဆုံးအားကစားလို့ဆိုခဲ့တယ်။ ဒီလိုခက်ခဲတဲ့အားကစားနဲ့ ဘာမှမသိတဲ့ကလေးတွေကို 1936 Summer Olympics ကို ဝင်ပြိုင်နိုင်အောင် နည်းပြတစ်ယောက်ရဲ့ အားထုတ်မှုတွေကိုလည်း မြင်ရလိမ့်မယ်။ နောက်ထပ်တော့ အားကစားကားဆိုတဲ့အတိုင်း အားကစားစိတ်ဓာတ်အကြောင်း အားကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းတွေကိုလည်း ပါးပါးလေးပြတယ်။ သရုပ်ဆောင်တွေကတော့ လောက်လောက်လားလားဆိုလို့ Joel Edgerton နဲ့ Callum Turner တို့ပဲပါမယ်။ သူတို့လည်းထူးထူးခြားခြားတော့ ကောင်းတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရှာရှားပါးပါး လှေလှော်အသင်းတွေ တက္ကသိုလ်တွေနဲ့ လှေလှော်အားကစားအကြောင်းကို ကြည့်ရမှာဖြစ်ပြီး အိုလံပစ်အထိပါ သမိုင်းဝင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ရိုက်ပြထားတာဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်။ ဂျော့ကလူးနေးရဲ့ ဒါရိုက်တင်းစကေးကတော့ ထူးပြီးလည်းကောင်းမနေသလို ထူးပြီးလည်းညံ့မနေတော့ ကြည့်ကောင်းတဲ့ကားတစ်ကားအဖြစ်တော့ ရှိနေတယ်။ အမှန်ဆို ဒီရုပ်ရှင်ကို ၂၀၁၁ကတည်းက ဝင်းစတိန်းကုမ္ပဏီက ရိုက်ဖို့ကြံခဲ့ဖူးတယ်။ စာရေးဆရာဆီက ရိုက်ခွင့်လည်း ဝယ်ထားခဲ့တယ်။ စာအုပ်က ၂၀၁၃မှ ထွက်တာဆိုတော့ မရေးခင်ကတည်းက ရိုက်ခွင့်ကြိုဝယ်ထားသလား မထုတ်ခင်ဝယ်ထားသလားတော့ မသိပါဘူး။ စစတော့ Kenneth Branagh ကို ဒါရိုက်တာလုပ်ခိုင်းဖို့လုပ်ခဲ့တယ်။ အကြောင်းကြောင်းနဲ့ မရိုက်ဖြစ်ရင်း မတ်လ ၂၀၂၀မှာတော့ ဂျော့ကလူးနေးရိုက်ဖို့ ကြေညာခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ ဒစ်ဂျစ်တယ်အနေနဲ့ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ Kenneth ဗားရှင်းဆို ပိုကောင်းမှာဖြစ်လို့ နှမြောတော့ နှမြောစရာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.4GB, 2.3GB, 1.2GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 3Min Genre – Biography, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2023 124 mins
The Boys in the Boat
Touch Guy Sniper
5.7

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်

Science Fiction • Horror • Action
5.7 2024
Touch Guy Sniper
Women’s Prison Massacre
5.1

တစ်ချိန်က ကာလသားတွေကြားထဲနာမည်ကျော်ခဲ့တဲ့ မိန်းမထောင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ Black Emanuelle ဇာတ်ကားတွဲတွေနဲ့ နာမည်ကျော်ခဲ့တဲ့ အင်ဒိုနီးရှား-ဒတ်ချ် မင်းသမီး Laura Gemser ခေါင်းဆောင်ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ Emanuelle ဟာစရိုက်ကြမ်းရက်စက်တဲ့အမျိုးသမီးအကျဉ်းထောင်တစ်ခုကို ပို့ဆောင်ခံလိုက်ရပါတယ်။အဲ့ဒီမှာပဲ အကျဉ်းသူလူမိုက်ခေါင်းဆောင် အယ်လ်ဘီနာနဲ့ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ခဲ့ပြီးထောင်အာဏာပိုင်တွေရဲ့နှိပ်စက်မှုကိုလည်းခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ မိုက်ရူးရဲဆန်လွန်းတဲ့ စိတ္တဇသမား သေဒဏ်ကျခံထားရတဲ့အကျဉ်းသားလေးယောက်ကို သူတို့ထောင်ထဲမှာထိန်းသိမ်းထားဖို့ စေလွှတ်လိုက်ပါတယ်။ထောင်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီအကျဉ်းသားလေးယောက်ဟာ ထောင်တစ်ခုလုံးကို အပိုင်စီးပြန်ပေးဆွဲပြီး လွတ်လမ်းကိုရှာပါတော့တယ်။ ဒီဇာတ်ကားမှာတော့ လက်မရွံ့လူသတ်ကောင်တွေလက်က ထောင်တစ်ခုလုံးနဲ့ဘ၀တူအကျဉ်းသူတွေကိုကယ်တင်ဖို့ကြိုးစားတဲ့ Emanuelle ရဲ့စွန့်စားခန်းကိုရှုစားကြရမှာဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.7 GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adult, Crime, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.1 1983 88 mins
Women’s Prison Massacre
[18+] Backrider
5

ဖိတ်သ်က အနှိပ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်‌ပြီး ငွေပိုရရင် ခန္ဓာကိုယ်ကိုယ်ပါ ပေးလေ့ရှိပါတယ်။ သူဒီလိုကြိုးကြိုးစားစားငွေရှာနေတာ တစ်ချိန်မှာ သူ့ချစ်သူနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပဲဖြစ်ပြီး သူ့ချစ်သူကို အွန်လိုင်းလုပ်ငန်းတစ်ခုမှာ ရင်းနှီးဖို့အတွက်ရသမျှငွေကို အပ်ပါတယ်။ သူက ငွေကိုနည်းပေါင်းစုံနဲ့ရှာနေပေမယ့် သူ့ချစ်သူဖြစ်တဲ့ ရေမွန်ကတော့ ငွေရှာတယ်ပြောပြီး အမြဲတမ်းဂိမ်းဆော့ ဘိလိယက်ထိုး အရက်သောက် အမြဲတမ်းအပျော်ရှာနေတဲ့သူပါ။ သူ့ချစ်သူကိုတစ်စစ စိတ်ကုန်လာရင်း ဖောက်သည်အသစ်လူချောတစ်ယောက်ကို ရင်ဖွင့်မိရင်း တစ်ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူတို့နှစ်ယောက်ဟာ ဘ၀တူတွေဆိုတာသိလိုက်ရပါတော့တယ်။ ကားရိုက်ကြဲသလို မတွေ့ရတာလည်း နည်းနည်းကြာသွားတဲ့ မမ Jenn Rosa ဦးဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias

5 2024 63 mins
[18+] Backrider
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
The Last Journey aka Den Sista Resan
8.2

The Last Journey (2024) Den Sista Resan လို့ခေါ်တဲ့ ဒီကားလေးဟာ ၂၀၂၄ခုနှစ်ထွက် ဆွီဒင် Documentary Film တစ်ခုဖြစ်ပါတယ်။ Filip Hammar နဲ့ Fredrik Wikingsson တို့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဒီ film မှာတော့ အငြိမ်းစားယူသွားပြီဖြစ်တဲ့ Filip Hammar ရဲ့ အဖေဖြစ်သူ ပြင်သစ်ဆရာ Lars Hammar ကို သူ့ဘဝရဲ့ နောက်ထပ်အလင်းရောင်ကိုမြင်နိုင်စေဖို့အတွက် Filip Hammar က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း Fredrik Wikingsson နဲ့အတူတူ အဖေဖြစ်သူချစ်တဲ့ ပြင်သစ်နိုင်ငံဆီ အလည်ခေါ်သွားရင်းနဲ့ သူတို့ရဲ့ငယ်ဘဝ အမှတ်တရတွေကို ပြန်လည်ဖော်ထုတ်တဲ့ ခရီးစဉ်အကြောင်းကိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ IMDb 8.2/10 ရထားတဲ့ ဒီကားဟာ ဆွီဒင် documentary film သမိုင်းမှာ highest-grossing ဖြစ်လာတဲ့ film တစ်ခုလည်းဖြစ်ပါတယ်။

Drama • Comedy • Romance
8.2 2024 90 mins
The Last Journey aka Den Sista Resan
American Girl
7.8

American Girl (2024) IMDb Rating (7.8) ပထွေးဖြစ်သူနဲ့ရန်ဖြစ်ပြီး အိမ်ကနေထွက်လာတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဆစ်နေ ဆိုတဲ့ကောင်မလေးက ပထွေးဖြစ်သူနဲ့ စကားများပြီး အိမ်ကနေ ထွက်ပြေးလာခဲ့ပြီး အတ္တလန္တာဆိုတဲ့ မြို့ကြီးကို ရောက်လာခဲ့ပါတယ်.. အတ္တလန္တာမြို့မှာနေတဲ့ အဖေဖြစ်သူကိုရှာရင်း သူလုပ်ချင်တဲ့အလုပ်တစ်ခုကို လုပ်ရင်း ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်လို့ တွေးခဲ့တဲ့သူမ.. အတ္တလန္တာလမ်းမထက် အန္တရာယ်များတဲ့လောကကြီးအလယ်မှာ ကောင်မလေးငယ်ငယ်လေးတစ်ယောက်အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:40:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Thriller • Drama
7.8 2024 99 mins
American Girl