YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dangerous.Romance.S01E12.END.1080p.CM.mp4

590.28 MB N/A video/mp4 28 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) 2 Days in the Valley
6.2

IMDb Rating - 6.5/10 မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size..........(1.78 GB) / (718 MB) / (406 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Act Molemy Encoder..........Admin X

Action • Comedy
6.2 1996 104 mins
(18+) 2 Days in the Valley
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Sanju
7.3

ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ============================================ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး ============================================ AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ... ============================================ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးရေးပေးထားတာပါ) (ဘာသာပြန်သူတွေကတော့ CM ရဲ့ အိန္ဒိယလိုင်းဆရာကြီးနှစ်ပါးဖြစ်တဲ့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ) File Size : (1.2 GB) Quality : NF WEB-DL 720p Running Time : 2hr 35min Format : Mkv Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.H264.DDP5.1.DTOne Translated by Zaw Htoo & Nyi Nyi KOe Encoded by Thanhtike Zaw

Crime • Drama
7.3 2018 161 mins
Sanju
Polar
6.2

Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)

Comedy
6.2 2019 118 mins
Polar
Instant Karma
5.6

Instant Karma(2021) Imdb-5.6/10 Type-Comedy,Drama,Fantasy,Mystery Jeffလို့ခေါ်တဲ့ လူတစ်ယောက်ကအလုပ်‌ကောင်းကောင်းတခုရဖို့ကြိုးစားခဲ့ပေမယ့် တခုပြီးတခုပြုတ်ခဲ့လို့စိတ်ညစ်နေတဲ့သူတစ်ယောက်ပါ အခုလည်းအလုပ်ထပ်ပြုတ်လို့LiftဆီမှာFreelancerလုပ်ရင်းကားမောင်းပြီးလိုက်ပို့တဲ့အလုပ်ကိုစလုပ်ကြည့်ပါတယ် ဒါပေမဲ့“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဆိုသလို မောင်းနေတဲ့ကားစုတ်လေးပါရုတ်တရက်ပျက်သွားလို့ မရှိမဲ့ရှိမဲ့အလုပ်လေးတောင်ဆက်မလုပ်နိုင်တော့ပါဘူး ကိုယ့်ကိုကိုယ်ဝင်ငွေမရှိရင်ချစ်သူနဲ့ပါ အတူမနေနိုင်တော့ဘဲအိမ်ခြေရာမဲ့ဖြစ်ရတော့မယ်ဆိုပြီးစိတ်ညစ်နေတုန်း သူ့ချစ်သူရဲ့သူငယ်ချင်း‌တစ်ယောက်ကဇာတိမြို့ကိုပြန်ရင်၃လ‌လောက်ကြာမှာဖြစ်လို့ သူတို့ကို သူ့ကားပေးထားခဲ့ပါတော့တယ် ကားပျက်နေလို့အလုပ်ဆက်မလုပ်နိုင်တဲ့Jeffလည်;သူ့ဘဝမှာပထမဆုံးကံကောင်းမှုဖြစ်လာတဲ့ကားကိုယူမောင်းရင်းထင်မှတ်မထားတဲ့ ကုသိုလ်ကံအကျိုးပေးတွေပါ အဲ့ဒီကားထဲမှာ ဖြစ်ပျက်လာပါတော့တယ် သူတို့ချက်ချင်းအကျိုးပေးတဲ့ကံကောင်းမှုနောက်ကွယ်က အကြောင်းရင်းကို ဂျက်နဲ့သူချစ်သူတို့ နောက်ဆုံးရှာတွေ့နိုင်မှာလား အဲ့ဒီကားရဲ့လျို့ဝှက်ချက်ကရောဘာဖြစ်နိုင်မလဲ File size…(1.86GB)/(834MB)/(403MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre…Comedy / Drama / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by …Kelvin

Drama • Family
5.6 2021
Instant Karma
Kanmani Pappa

Kanmani Pappa(2022) ==================== ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ် ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်‌တစ်ယောက် ‌ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ် အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ….။ ။….

Drama • History • Romance
0 2022
Kanmani Pappa
Baragaki: Unbroken Samurai
6.3

Baragaki: Unbroken Samurai (2021) ~ IMDb – 6.3/10, MyDramaList – 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။ ၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.3 2021 148 mins
Baragaki: Unbroken Samurai
Raquel 1:1
6.8

Raquel 1:1 (2022) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 680MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by M Encoded by Y

6.8 2022 90 mins
Raquel 1:1
Fight Through The Yin-Yang House
5.7

ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ “ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်” ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။ မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား…… သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။ အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။

5.7 2023
Fight Through The Yin-Yang House
Heroic
7

Heroic (2023) ~ IMDb – 7/10, Rotten Tomatoes – 81% ~ ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 915MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 28Min Genre – Drama, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Action
7 2023 88 mins
Heroic
Heart of the Hunter
5.5

ဇူကိုဟာ South Africaရဲ့ အထူးတပ်ဖွဲ့ဝင်‌ဟောင်း Assassinတစ်ယောက်ဖြစ်ပါတယ်…။ သူဟာနိုင်ငံတော်ကို ဖျက်ဆီးနေတဲ့အကြမ်းဖက်သမားတွေ၊ ခြစားနေတဲ့ နိုင်ငံ‌ရေးသမားတွေကို လုပ်ကြံသတ်ဖြတ်ရသူပါ…။ ကိုယ်ပိုင်မိသားစုလေးနဲ့အေးအေးချမ်းချမ်းနေချင်တဲ့ဇူကိုဟာ ဒီအလုပ်ကနေ အနားယူလိုက်တာ အချိန်အတော်ကြာခဲ့ပါပြီ…။ သို့ပေမယ့် ဒုစရိုက်သမားတွေကတော့ ပပျောက်မသွားပါဘူး…။ အခုလည်း ဇူကိုတို့နိုင်ငံမှာ သမ္မတဖြစ်ဖို့ရွေးကောက်ပွဲအနိုင်ရသူဟာ အကျင့်ပျက်ခြစားမှုတွေအများကြီးလုပ်ထားတဲ့မှတ်တမ်းရှိသူ ဒုစရိုက်သမားဖြစ်နေပြန်ပါတယ်…။ ဒီမှတ်တမ်းတွေကို သေချာဖုံးထားဝှက်ထားတော့ တော်ရုံလူမသိကြပါဘူး…၊ ဒါကို ဇူကိုတစ်ယောက်ဘယ်လိုတားဆီးသွားမလဲ…။ သူ့ရန်ဘက်တွေကရော အလွယ်တကူအလျှော့ပေးပါ့မလားဆိုတာကို ကြည့်ရှုရမယ့် crime actionကားလေးဖြစ်ပါတယ်…. File size…1.47GB / 640MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 45m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024
Heart of the Hunter
Zero Fucks Given
6.4

Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်… အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ… နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်… အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Drama • Comedy • Romance
6.4 2021
Zero Fucks Given
My Little Bride
7.1

My Little Bride (2004) IMDb Rating (7)/Rotten Tomotoes (70%) ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးတခုဖြစ်ပြီး ငယ်ဘဝရဲ့အမှတ်တရဇာတ်ကားလေးမလို့ 1080p Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။

Drama • Fantasy
7.1 2004 115 mins
My Little Bride