YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Danger.in.the.House.2022.480p.(CM).mp4

412.54 MB N/A video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ride Along
6.2

ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင် ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း တတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေး တစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ် နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူ တစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူ တစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်း ဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူး တစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကို ရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာ အကူအဖြစ်နဲ့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ယောက်ဖလောင်းနှစ်ယောက် ကင်းလှည့်ကြရင်း ဘာတွေများ တလွဲတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဟာသကားကြိုက်တတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Spencer Potato ပဲ ဖြစ်ပါတယ်) File size…1.49GB / 606MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre .....  Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Horror • Mystery • Thriller
6.2 2014 99 mins
Ride Along
Code Name: Tiranga
4.8

အခုတစ်ခေါက်မှာတော့ မင်းသမီးချောလေး ပရီနီသီးချိုပရာရဲ့ စပိုင်အက်ရှင် ရုံတင်ကားသစ်တစ်ကားကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်... စပိုင်တစ်ယောက်ရဲ့တာဝန်က ဘာလဲ စပိုင်တစ်ယောက်ဟာသူ့ရဲ့ တာဝန်နဲ့ပက်သက်လာရင် ဘယ်လောက်ထိကြောက်ဖို့ကောင်းပြီး အရေးပါလဲဆိုတာကို အက်ရှင်ဇာတ်ဝင်ခန်းအလန်းတွေနဲ့ချပြထားပြီး plot twistတွေနဲ့ ကြည့်ရတာမအီစေသွားမယ့် ဇာတ်လမ်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းကိုတော့ ဒေါက်တာမစ်ဇာဆိုတဲ့ လူတစ်ဦးနဲ့စတင်ထားပြီး မစ်ဇာကတော့ ကုလသမ္မဂရဲ့တာဝန်တခုကြောင့် တူရကီကနေ အာဖဂန်နစ္စတန်ကိုရောက်ရှိလာသူပဲဖြစ်ပါတယ်.... သူ့တာဝန်ကိုထမ်းဆောင်ရင်း သူ့ဘဝရဲ့မထင်မှတ်ထားတဲ့ အလှည့်ပြောင်းကိုကြုံတွေ့လိုက်ရပါတယ်... အဲ့တာကတော့သူနဲ့အမှတ်မထင်ဆုံတွေ့ပြီး ရင်းနှီးခဲ့ရတဲ့မိန်းမပျိုလေးဖြစ်ပြီး အဲ့ဒီမိန်းမပျိုကို သဘောကျမိရာကနေ ကံကြမ္မာအပြောင်းလဲကြီးတခုကြုံတွေ့ရပြီး မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားဖွယ်ရုပ်ရှင်တကားကိုတင်ဆက်သွားမှာပဲဖြစ်ပါတယ် File size…1.34GB / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~Yunni

Drama • Mystery • Thriller
4.8 2022 137 mins
Code Name: Tiranga
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
Fanfan
6.4

" ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ " ~ IMDb - 6.7/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီး‌ချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။ အ‌ဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb - 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ‌ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။ တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမ‌တွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ အဆုံးထိကို မျောသွားရတဲ့ကားလေးပါ။ ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာတော့ ဖန်ဖန်ကို မုန်းသွားမလား၊ လောရက်ကိုပဲ သနားသွားမလား၊ အလက်ဇန်းဒါးလိုဇာတ်ကောင်မျိုးကိုပဲ ထရိုက်ချင်မလားကတော့ ခုရုပ်ရှင်ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦး ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 720p, 480p IMDb Rating - 6.7/10 Format - mp4 Duration - 1H 25Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Y

Comedy • Crime • Drama
6.4 1993 89 mins
Fanfan
The Black Phone
7.3

(imdb 7.3 / 26k) ဟော်ရာကားကောင်းကောင်းတွေ ရှားနေတုန်းမှာ ကောင်းတာလေး ထွက်လာပါပြီ။ စိတ္တဇလူသတ်သမားဇာတ်လမ်းကို ပရလောကနဲ့ ရောမွှေထားတဲ့ ဇာတ်လမ်းပါပဲ။ မူရင်းရုပ်ရှင်ဇာတ်လမ်းတိုလေးကို ပြန်ရိုက်ကူးထားတာပါ။ ဇတ်လမ်းအကျဉ်းကတော့ ဂရက်ဘာ (ဖမ်းဆီးသူ)လို့ လူတွေသိကြတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ ကလေး ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီးခဲ့ပေမဲ့ ဘယ်သူမှ တရားခံကိုရော အလောင်းတွေကိုရော ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၆ ယောက်မြောက်ကလေးကို ဖမ်းမိချိန်မှာတော့ ထူးခြားမှုတွေဖြစ်လာပါတော့တယ်။ ဖမ်းခံရတဲ့ ကလေး ဖင်း ရဲ့ ညီမဟာ လူသတ်ကောင်အကြောင်းအိပ်မက်တွေမက်နေပြီး အဲဒီကနေသဲလွန်စတွေနဲ့ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ ဖင်းကလည်း အဖမ်းခံထားရတဲ့ အခန်းထဲက ဖုန်းအပျက်ကနေ အရင်အဖမ်းခံရပြီး အသတ်ခံခဲ့ရတဲ့ ကလေးငါးယောက်က တလှည့်စီဖုန်းဆက်လာတာကိုကြုံလာရပြီး သူတို့လွတ်မြောက်အောင် ကြိုးစားခဲ့တဲ့နည်းတွေ အသတ်ခံရပုံအမှားတွေကို တစ်ခုပြီးတစ်ခု ပြောပြလာပါတော့တယ်… ဒီဝိညာဉ်တွေရဲ့အကူအညီနဲ့ ဖင်းတစ်ယောက် စိတ္တဇလူသတ်သမားလက်ကနေ ဘယ်လိုအလွတ်ရုန်းမလဲဆိုတာ

Action • Drama • Thriller
7.3 2021 103 mins
The Black Phone
White Noise
5.5

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.5 2005
White Noise
The Switch

ဒီဇာတ်ကားက ၂၀၁၀ က​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Romance​/Comedy အချစ်​ဟာသ​ရုပ်ရှင်​ဖြစ်ပါတယ်။ Jennifer Aniston နဲ့​ Jason Bateman တို့က​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​ကတော့​ ကက်ဆီ​ (ဂျနီဖာအနစ္စတန်)​နဲ့​ ဝေါ်လီ​ (ဂျေဆင်ဘိတ်မန်း)​ တို့က​ သူငယ်ချင်း​တွေဖြစ်ပြီး အရွယ်​ဟိုင်း​နေပေမဲ့​ အိမ်​ထောင်​မကျသေးသူတွေလည်းဖြစ်ပါတယ်။ တစ်နေ့​မှာ​ ကက်ဆီက​ ကလေးလိုချင်ပေမဲ့​ ခင်ပွန်း​မရှာချင်တော့တဲ့အတွက် အမျိုးသား​တစ်ဦး​ဆီက​ သုက်​ပိုး​အလှူ​ခံပြီး​ ဖန်ပြွန်သန္ဓေနည်းနဲ့ ကိုယ်ဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကက်ဆီရဲ့ပါတီမှာ​ အရက်မူးနေတဲ့ဝေါ်လီက ကက်​ဆီအလှူခံထားတဲ့သုက်ပိုးခွက်ကို မှောက်ပစ်ခဲ့တာကြောင့် သူ့သုက်ရည်နဲ့အစားထိုးထားခဲ့ပါတယ်။ ၇နှစ်အကြာမှာ ကက်ဆီမွေးထားတဲ့ကလေး​က​ သူနဲ့ရုပ်ရည်ချင်း အကျင့်စရိုက်ချင်းတူနေတာကိုတွေ့ပြီးတဲ့နောက်မှာ​ ဝေါ်လီ​တစ်ယောက်​ သူ​ရှုပ်ထားတဲ့ဇာတ်လမ်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတာကို​ ဟာသနဲ့ Drama​ စွက်ပြီးတင်ဆက်ထားတာဖြစ်ပါတယ်။ Rom/com​ တွေမှာ​ ပါဝင်နေကျ ဂျနီဖာအနနစ္စတန်နဲ့ ဂျေဆင်ဘိတ်မန်း​တို့ရဲ့​ အတွဲညီညီသရုပ်ဆောင်မှုကြောင့် ကြည့်လို့ပျော်တဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(1.6 GB)/(771 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2010
The Switch
Heaven’s Seven 2
6.5

Heaven’s Seven 2 (2005) ဒုတိယ ကမ္ဘာစစ်က ထိုင်းနိုင်ငံအတွင်း ဂျပန်အင်ပါယာတွေ ကြီးစိုး‌ခဲ့တဲ့ခေတ်ပါ ဂျပန်အင်ပါယာတွေကို တော်လှန်ဖို့ ဖိုက်တာ ခုနှစ်ယောက် (ခေါ်) သူရဲကောင်းခုနှစ်ဖော် ရှိခဲ့ပါတယ် ဂျပန်ဘက်က ဖမ်း၀ရမ်းထုတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ် တစ်နေ့ သူတို့ကို ဖမ်းဖို့အတွက် တရုတ်ပြဇာတ်ရုံကို ဂျပန်တွေ ၀င်တိုက်ရောက်တိုက်ခိုက်ပါတယ် သို့ပေမဲ့ သူရဲကောင်းခုနှစ်ဖော်ကို ဖမ်းမမိတော့ ပြဇာတ်ရုံပိုင်ရှင်ကို ဖမ်းခေါ်သွားပါတယ် ဖမ်းပြီး မီးရထားလမ်းဆောက်လုပ်ရေး စခန်းကို ပို့ဆောင်လိုက်ပါတယ် အဲ့ဒီဆောက်လုပ်ရေးစခန်းမှာ လိင်မှုကိစ္စပြုကျင့်ဖို့အတွက် ထိုင်းအမျိုးသမီးတွေကိုလည်း ဂျပန်တွေ ဖမ်းခေါ်ထားပါတယ် ဆိုတော့ သူရဲကောင်းခုနှစ်ဖော် သူတို့ရဲ့ထိုင်းလူမျိုးကို ဘယ်လိုသွားကယ်ထုတ်ကြမှာလဲ သူတို့နိုင်ငံအတွက် ဘယ်လိုပုန်ကန်သွားမှာလဲ ဆိုတာ စောင့်ကြည့်လိုက်ပါ အညွှန်း န့ ဘာသာပြန်ကတော့ Fake Love ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p File size…1h 28min Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Fake Love Encoder ….. Aaron

Drama • War
6.5 2005 101 mins
Heaven’s Seven 2
Friday After Next
5.8

Friday After Next (2002) IMDb-5.8 ဇာတ်လမ်းအညွှန်း ခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေး ခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီး တိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာ သူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size… 3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Horror • Thriller
5.8 2002 85 mins
Friday After Next
Polytechnique

လူတွေဟာ စိတ်အလိုမကျမှုတွေ၊ စိတ်မွန်းကျပ်မှုတွေ၊ ဒေါသစိတ်တွေ အဆုံးစွန်ထိများပြားလာပြီး ဘယ်လိုမှမထိန်းနိုင်တော့တဲ့အခါ တစ်နည်းနည်းနဲ့ ပွင့်ထွက်ပေါက်ကွဲတတ်ကြတာ မဆန်းတဲ့ဖြစ်စဥ်တစ်ရပ်ဖြစ်ပါတယ်။ အဲ့လိုဖိစီးမှုတွေများလာတဲ့အခါ အချို့က တရားဓမ္မနဲ့ ပွင့်ထွက်စေသလို၊ တချို့က လောင်းကစား၊ အရက်မူးယစ်ဆေး၊ အပျော်အပါးတွေနဲ့ ဖြေလျှော့တတ်ပြီး တချို့ကျတော့လည်း တေးဂီတ၊ ရုပ်ရှင်တွေနားဆင်ကြည့်ရှုတာမျိုး၊ အပန်းဖြေခရီးထွက်တာမျိုးတွေနဲ့ အဆင်ပြေသွားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာအရမ်း overwhelmed ဖြစ်လာတဲ့အခါ တခြားသူတွေလို နည်းအမျိုးမျိုးနဲ့ဖြေသိမ့်ဖြေလျှော့နိုင်စွမ်းတွေမရှိကြပါဘူး။ သူတို့ဟာ များသောအားဖြင့် စိတ်ပညာသဘောတရားအရ introvert (အတွင်းကြိတ်) တွေဖြစ်လေ့ရှိကြပါတယ်။ အဲ့လိုလူတွေဟာ အတွင်းအဇ္ဈတ္တရဲ့ပူလောင်မွန်းကျပ်မှုကို တကိုယ်လုံး စိတ်ရောကိုယ်ပါ အကူးစက်ခံပြီးတဲ့အဆုံး၊ မတတ်သာတဲ့အဆုံးမှာတော့ နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့ သေကြောင်းကြံတာမျိုးတွေ လုပ်တတ်ကြပါတယ်။ တချို့အဲ့လိုလူမျိုးတွေကတော့ မိမိကိုယ်ကိုလည်း သေကြောင်းကြံသလို မိမိဘက်ကမတရားဘူးလို့ယူဆတဲ့အရာ၊ မိမိဒုက္ခတွေရဲ့ အရင်းအမြစ်လို့ သူ့ဟာသူယူဆတဲ့အရာတွေကိုပါ တပါတည်းအဆုံးသတ်ပြီးမှ သေကြောင်းကြံလေ့ရှိသလို တချို့ကျတော့လည်း အဲ့ဒီအရာတွေပေါ်ကို စိတ်လွှတ်ချပေါက်ကွဲပစ်လိုက်ရုံနဲ့ နှစ်သိမ့်ရာရသွားတတ်ကြတာမျိုးလည်းရှိပါတယ်။ ဒါတွေဟာ ယနေ့ခေတ်မှာ ကျွန်တော်တို့မကြားချင်ဘဲကြားကြားနေကြရတဲ့ လက်နက်မဲ့သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ စာသင်ကျောင်း၊ ပွဲတော်ပစ်ခတ်မှုတွေ၊ တစ်ကိုယ်တော်(lone wolf) တိုက်ခိုက်မှုတွေရဲ့နောက်ခံအကြောင်းတရားတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကနေဒါနိုင်ငံ၊ ကွီးဘက်ခ်ပြည်နယ်၊ မွန်ထရီရယ်မြို့မှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ Ecole Poly technique မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီး ၁၄ ယောက်သေဆုံးကာ နောက်ထပ်အမျိုးသမီး ၁၀ ယောက်နဲ့ အမျိုးသား ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်သူ Marc Lepine ဆိုတာ ဣတ္ထိယပဓာနဝါဒဆန့်ကျင်ရေးသမားတစ်ယောက်ဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်ပြီးတဲ့အခါမှာ သူ့ကိုယ်သူလည်း သတ်သေသွားခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုကြောင့်ပဲ ကနေဒါနိုင်ငံမှာ သေနတ်ကိုင်ဆောင်မှုနဲ့ပတ်သက်ပြီး စည်းမျဥ်း၊ စည်းကမ်းတွေ ပိုတင်းကျပ်သွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဥ်ဟာ ကနေဒါနိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ် Nova Scotia တိုက်ခိုက်မှုမတိုင်ခင်အထိ လူအသေအပျောက်အများဆုံး ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပါတယ်။ အခုဇာတ်လမ်းလေးကတော့ အဆိုပါ ၁၉၈၉ ခုနှစ် ပစ်ခတ်မှုဖြစ်စဥ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို သေနတ်သမားနဲ့ ကျောင်းသားနှစ်ဦးဖြစ်တဲ့ ဂျေအက်ဖ်နဲ့ ဗယ်လာရီတို့ရဲ့ ရှုထောင့်ကနေ တင်ဆက်ပြသထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Maxim Gaudette၊ Sebastien Huberdeau၊ Karine Vanasse၊ Evelyne Brochu၊ Johanne Marie Tremblay၊ Pierre- Yves Cardinal တို့ဖြစ်ပါတယ်။ ဒါရိုက်တာ Denis Villeneuve ကရိုက်ကူးပေးထားပြီး ဇာတ်ညွှန်းကိုတော့ Jacques Davidts နဲ့ ဒါရိုက်တာ Denis Villeneuve တို့ကိုယ်တိုင်က ရေးသားထားပါတယ်။ အင်္ဂလိပ်၊ ပြင်သစ် ဘာသာစကားနှစ်မျိုးနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ပြသခဲ့ပြီး မကြာခင်မှာပဲ ၂၀၀၉ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာပဲ Toronto Film Critics Association ရဲ့ Best Canadian Film ဆုကိုဆွတ်ခူးခဲ့သလို ၂၀၁၀ ခုနှစ်မှာလည်း Genie Awards နဲ့ Juntra Awards ကချီးမြှင့်တဲ့ ဆုအများအပြားကို ရရှိထားပါတယ်။ Genie Awards ဆုကိုးဆုထိရခဲ့ပြီး ထင်ရှားတဲ့ဆုကတော့ Best Motion Picture ဆုဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၆ သန်း အကုန်အကျခံရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး IMDb rating 7.2၊ Rotten Tomatoes 88% နဲ့ Metacritic rating 63% ရာခိုင်နှုန်းရထားပါတယ်။ ဒီဇာတ်ကားကို ဖြစ်စဥ်နဲ့အနီးစပ်ဆုံးတူညီအောင်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး ဖြစ်စဥ်အကြောင်းအရာဘက်ကို အသားပေးတင်ပြထားတာဖြစ်လို့ တခြား drama ပိုင်းတွေကို အနည်းငယ်လျှော့ထားသလို cinematography ပိုင်းမှာလည်း အဖြစ်မှန်ကို ပရိသတ်တစိမ့်စိမ့်ခံစားမိစေဖို့၊ ဒါရိုက်တာပေးချင်တဲ့ message ကို တွေ့ထိခံစားမိစေဖို့ black and white mode နဲ့ scene တစ်ခုချင်းစီအလိုက် သေချာလေးရိုက်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားကြည့်ပြီး ခေတ်မီတိုးတက်လှပါတယ်၊ ဒီမိုကရေစီလူ့အခွင့်အရေးထွန်းကားလှပါတယ်ဆိုတဲ့ ချမ်းသာတဲ့အနောက်နိုင်ငံကြီးတွေမှာ ဘယ်လိုမညီမျှမှုတွေ၊ ဘယ်လို အကျင့်သီလနဲ့ လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ ချွတ်ချော်ဖောက်ပြားမှုတွေ များနေကြပြီလဲဆိုတာ ဆဝါးရင်း အတွေးနယ်ချဲ့ကြည့်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ File size…(1.2 GB)/(624 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

Comedy
0 2009
Polytechnique
Memory Journey
5.7

ဒီဇာတ်ကားလေးကတော့ duration တိုတိုလေးနဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောတရားထားသင့်တယ်ဆိုတဲ့ အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ မန်မိုရီ ( မှတ်ဉာဏ် ) ဟော်တယ်မှာ လူကြီးမင်းယန်က ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ပါတယ် ။ သူကဟော်တယ်ကို ရောက်လာတဲ့သူတွေကို သူတို့စိတ်ထဲကအရောက်ချင်ဆုံးနေရာတွေကို ဖော်ပြပေးတဲ့ မှတ်ဉာဏ်အခန်းတွေဆီ ခေါ်သွားပြီးတော့ ဟော်တယ်ဝန်ဆောင်မှုပေးတဲ့သူပါ ။ အဲဒီလိုနဲ့ ဟော်တယ်ကိုရောက်လာတဲ့ တည်းခိုသူတွေကို သူတို့မှတ်ဉာဏ်တွေဆီခေါ်သွားပေးတဲ့အချိန်မှာတော့… မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး ထားသင့်တဲ့စိတ်နေသဘောထားတွေ လူတွေရဲ့နောင်တဲ့ဝမ်းနည်မှုအကျိုးဆက်တွေကို လိုတိုရှင်းလေး အဓိပ္ပာယ်ဖွင့်ဟထားလို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်လို့ လိုက်ပါကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။

5.7 2024
Memory Journey
[18+] An Affair
5.5

An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊ သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့ စိတ်အာသာပြေစေမှာပါ………..

Mystery • Family • Fantasy • Comedy • Horror
5.5 2018
[18+] An Affair
Dharmaveer 2
7.1

Dharmaveer 2: Mukkam Post Thane (2024)”စံပြ ၂” ======================================== အိန္ဒိယနိုင်ငံရေးမှာ လွှမ်းမိုးမှုကြီးခဲ့တဲ့ နိုင်ငံရေးသမားကြီး အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်း အပိုင်းနှစ်ကို စီအမ်ကနေ ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဓမ္မဝီရလို့ နာမည်ရခဲ့တဲ့ အာနန်ဒီဂေဟာ အိန္ဒိယနိုင်ငံရေးလောကမှာ အင်မတန်လေးစားခံရတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး အိန္ဒိယရဲ့ လက်ရှိ မျက်မှောက်ခေတ်ရွေးကောက်ပွဲတွေအထိ သူ့ရဲ့ လွှမ်းမိုးမှုတွေ ကျန်ရှိနေဆဲပါပဲ။ ဒီ ဓမ္မဝီရ အပိုင်းနှစ်မှာလည်း ပထမပိုင်းတုန်းကလိုပဲ အာနန်ဒီဂေရဲ့ နိုင်ငံရေးအတွေးအခေါ်တွေ၊ ဘာသာရေးအယူအဆတွေ၊ လွှမ်းမိုးမှုကြီးပုံတွေကို ထပ်မြင်ရမှာဖြစ်ပြီး ရုပ်ရှင်တစ်ခုတည်းနဲ့ အလုံးစုံအောင်မပြနိုင်ခဲ့တဲ့ ဓမ္မဝီရခေါ် အာနန်ဒီဂေရဲ့ ဘဝဇာတ်ကြောင်းကို ဆက်လက်မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni ~ KKKZ တို့ပဲဖြစ်ပါတယ်။)

7.1 2024 157 mins
Dharmaveer 2
Preminchoddu aka Don’t Love
7

Preminchoddu 2024 ငယ်နုသူတို့ရဲ့ချစ်မာယာ IMDb -8.0/10 အချစ်ကိုမထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်အရွယ် အပျိုဖြန်းလေးတွေဆိုတာ သစ်ရွက်လေးလှုပ်ရင်တောင် ရယ်မောမိတတ်တဲ့ စိတ်ကစားတတ်တဲ့အရွယ်ပေါ့။ ဒီအချိန်မှာ ဆယ်ကျော်သက်အချစ်ကို ကိုးကွယ်လို့ နှလုံးသားက ဦးနှောက်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးလွှမ်းသွားတဲ့အခါ ဖြစ်လာတတ်တဲ့ ပြဿနာတွေကို မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ ညီမလေးဖတ်ဖို့ တေလဂူဗားရှင်း ရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ လာလာစာဆိုတဲ့ကောင်မလေးဟာ သူငယ်ချင်းတွေကြားမှာ မအူမလည်နဲ့ ခိုင်းဖတ် တောက်တိုမယ်ရလေးပေါ့။ တက္ကသိုလ်ဆိုတော့ ထုံးစံအတိုင်းပဲ အကြီးတန်းတွေက စော်လေးတွေကိုမြင်ရင် ပါးစပ်အငြိမ်မနေ ကျီစယ်နှောင့်ယှက်တတ်တာ အစဉ်အလာကြီးလိုဖြစ်နေတော့ လာလာစာတစ်ယောက် အတော်လေး စိတ်ညစ်နေတဲ့အချိန် ကာမဲဆိုတဲ့ စီနီယာက သူ့ဘက်ကရပ်တည်ပေးတာမြင်တော့ ကာမဲကို ဟီးရိုးကြီးလိုမြင်သွားတာပေါ့။ ဖြစ်ချင်တော့ အကြီးတန်းထဲက ဇိုးစော်ကြီးက ကာမဲကိုကြူဖို့ လာလာစာကနေ တစ်ဆင့်ဆက်သွယ်ရာကနေ နဂိုကတည်းက ကာမဲကိုရင်ထဲမှာကြိတ်ပြီး အမှတ်တွေပေးနေတဲ့ လာလာစာတစ်ယောက် ကာမဲရဲ့ ယောက်ျားမာယာသဲကိုးဖြာထဲကို ငြိတွယ်မိသွားချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama
7 2024 177 mins
Preminchoddu aka Don’t Love
Re-encounter
6.8

Re-encounter (2011) ******************** ဒီတစ်ခါ တင်ဆက်ပေးမဲ့ ကားလေးမှာတော့ ဟယ်ဟွာ အဖြစ် မင်းသမီး Yoo Da-In သရုပ်ဆောင်ထားပြီး ဟန်ဆူအဖြစ် မင်းသား Yoo Yeon-Seok (When the Phone Rings) တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။ ဟယ်ဟွာအမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်လျက်ရှိပြီး လေလွင့်ခွေးလေးတွေ နေစရာအိမ်မရှိရင် သူ့အိမ်ခေါ်ထားပြီး စောင့်ရှောက်ပေးတတ်တဲ့သူလေး ဖြစ်ပါတယ်။ သို့သော်လည်း အတိတ်အဖြစ်ဆိုးကြောင့် ဘဝမှာ ပျှော်ရွှင်မှုဆိုတာကို မေ့လျော့စွာ ဖြတ်သန်းနေခဲ့သူပါ တစ်နေ့မှာတော့ ခွေးလေးတစ်ကောင်ကို ကယ်တင်ပြီးအပြန်လမ်းမှာ လွန်ခဲ့တဲ့ ၅ နှစ်က ရူးရူးမူးမူးချစ်ခဲ့ကြတဲ့ ချစ်သူဟောင်း ဟန်ဆူ နှင့်ပြန်ဆုံခဲ့ပါတယ် .. ကိုယ်ဝန်ဆောင်ခဲ့ရပြီး မီးဖွားခါနီးအချိန်မှာမှ စွန့်ခွါသွားခဲ့တဲ့သူ့ချစ်သူအပေါ် နာကျည်းချက်တွေ ရှိရုံမက ကလေးဆုံးရှုံးသွားခဲ့တဲ့အတွက် စိတ်ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဟယ်ဟွာတစ်ယောက်ဟာ ဟန်ဆူကို မျက်နှာမမြင်ချင်လောက်အောင် ဖြစ်ခဲ့ရပါတယ် .. အဲဒီအချိန်မှာပဲ ဟန်ဆူက ဟယ်ဟွာကို သူတို့ကလေးက မသေဘဲ မွေးစားခံလိုက်ရတာဖြစ်ကြောင်း လာပြောပြချိန်မှာ ဟယ်ဟွာတစ်ယောက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုပြန်ရရှိသလို ခံစားလိုက်ရပြီး အပူတပြင်း လိုက်ရှာပါတော့တယ် .. ဟန်ဆူနဲ့ဟယ်ဟွာတို့ သူတို့ကလေးလေးကို ရှာတွေ့သွားမလား .. နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှူနိုင်မယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် .. (အညွှန်းကို Thinn Thinzar မှ ရေးသားထားပါတယ်) File size…1.33GB / 554MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Melodrama, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded by AHtet

Action
6.8 2011 108 mins
Re-encounter