YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Dancing.Queens.on.the.Road.S01E08.1080p.CM.mp4

2.86 GB N/A video/mp4 34 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shot Caller
6.9

ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ် နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင် မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက် တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလို တစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။ အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှ ပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်း မဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင် လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကို ပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။ အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်း မိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hardsub) Translated By Little Twinlay Encode By Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
6.9 2017 121 mins
Shot Caller
Mother’s Day is Cancelled

၂၀၂၃ထွက် စပိန်၂စကားပြော comedy drama ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်လမ်းအကျဉ်းကတော့ မာနွယ်လ်ဆိုတဲ့ RK လေးနဲ့ အက်စ်မရဲဒါ ဆိုတဲ့ကောင်မလေးဟာ ကျောင်းတက်ရင်းတွေ့ဆုံချစ်ကြိုက်ပြီးတော့ မိဘတွေကိုအသိမပေးပဲနဲ့ လက်စ်ဗီးဂတ်စ်မှာ ကောက်လက်ထပ်လိုက်ကြပါတယ် လပိုင်းအကြာမှာတော့ မင်းသားရဲ့အဖေ ဖရန်စစ်စကိုဆိုတဲ့သူဌေးကြီးက သူ့အကိုရင်းကပိုက်ဆံတွေလိမ်ပြေးသွားလို့ ဒေဝါလီခံရတော့မှာပါ ဒီအကြောင်းကိုလည်းသူဌေးကြီးနဲ့သူ့ချွေးမပဲသိတာပါဒီလိုနဲ့သူတို့လူမျိုးတွေအလေးထားကျင်းပကြတဲ့အမေများနေ့အရောက်မှာတော့မိသားစုနှစ်စုဟာအကြောင်းမျိုးစုံနဲ့ထမင်းလက်ဆုံစားဖို့အကြောင်းဖန်လာပါတော့တယ်မိသားစုတွေစုံစုံလင်လင်ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရမဲ့နေ့ပေမဲ့မပျော်နိုင်တဲ့ကိစ္စတွေကမဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့အခါမှာတော့….. ဟာသကားလေးဆိုပေမဲ့အရမ်းရီနေရတာမျိုးထက် အလွဲတွေအစုံနဲ့ မိသားစုကြားကဆက်ဆံရေးတွေကို ရသမျိုးစုံပေါ်လွင်အောင်ရိုက်ပြထားတာမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူတူပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ကားလေးပါ ဒါရိုက်တာJavier Colinasရဲ့လက်ရာဖြစ်ပါတယ် File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing

0 2023
Mother’s Day is Cancelled
Flora and Son
7.1

Flora and Son (2023) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။ ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ဒီလိုနဲ့ သူတို့သားအမိ၂ယောက်ပေါင်းပြီး သီချင်းတွေဖန်တီးဖြစ်သွားတယ်။ သူတို့ကြားက နားလည်မှုကလည်း ခိုင်မာလာခဲ့တယ်။ ရုပ်ရှင်ကတော့ ဒီထက်ပိုပါတယ်။ ဒါကတော့ ကျွန်တော်ပြောပြတတ်သလောက် ဇာတ်ကြောင်းပေါ့။ သေချာတာတော့ ဂီတာသင်ချင်တဲ့လူတွေရော ဂီတကို ချစ်တဲ့လူတွေရော ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းပါပဲ။ ဒီရုပ်ရှင်ကို ရိုက်တဲ့ဒါရိုက်တာ John Carney က Sing Street တို့၊ Once တို့၊ Begin Again တို့လို ဂီတနဲ့မကင်းတဲ့ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဖြစ်သလို အဲဒီကားတွေအကုန် ဘယ်လောက်လန်းလဲ ကြည့်ဖူးတဲ့လူတွေသိမှာပါ။ တော်တော်များများလည်း အဲဒီသုံးကားစလုံးကို ကြည့်ဖူးကြမှာပါ။ Flora and Son ဟာလည်း သူ့ရဲ့အနုပညာအရအောင်မြင်ခဲ့တဲ့၊ ဂီတနဲ့မကင်းတဲ့ရုပ်ရှင် နောက်တစ်ကားအဖြစ် ထွက်ရှိလာပါတယ်။ မင်းသမီးကတော့ Robin Hood (2018), Bridge of Spies (2015) နဲ့ Behind Her Eyes (2021) တို့က မင်းသမီးဖြစ်သလို “(500) Days of Summer” ရုပ်ရှင်မှာ အားလုံးနဲ့ ခံစားချက်ထပ်တူကျခဲ့တဲ့ Joseph Gordon-Levitt ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Midsommar, Sing Street, Transformers: Age of Extinction တို့မှာ ပါဝင်ဖူးတဲ့ Jack Reynor လည်း ပါထားပါတယ်။ ဒါရိုက်တာရော Cast ရော လန်းတဲ့ ဂီတအသားပေးရုပ်ရှင်ကားကောင်းပါပဲ။ ” အစိတ်စိတ်အမွှာမွှာမဟုတ်ပေမဲ့လို့ တတိတိတရိရိ ကြွေခဲ့ရတဲ့နေ့တွေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ တစ်ခုခုရဲ့ လစ်လပ်ခြင်းမျိုးရဲ့ အသိအစွဲတွေ… ကမ္ဘာကို နားမထောင်ချင်ခဲ့တဲ့ အရိအရွဲတွေ။ နေ့တွေ ရက်တွေဟာ အလိုလိုသီချင်းဖြစ်သွားရင် ကမ္ဘာကို ငါနားထောင်ကြည့်ဖို့ မလိုလောက်ဘူး။ သီချင်းကို ငါ နားထောင်ကြည့်ဖြစ်တယ်။ င့ါကိုယ်ငါ ပြန်နားထောင်ကြည့်ဖြစ်တယ်။ သီချင်းထဲမှာ ကိုယ့်အသံတွေ ကိုယ်ပြန်ကြားရခဲ့ရပါတယ် ကမ္ဘာကြီးရေ။ မက်ဖို့ရာပဲ။ “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 37Min Genre – Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 2023
Flora and Son
Dr. Qin : Deadly Novel
5.9

မှုခင်းရုပ်ရှင်တွေကို ကြိုက်တဲ့ပရိသတ်တွေကတော့ ဒီရုပ်ရှင်လေးကို သဲထိတ်ရင်ဖိုနဲ့ သဘောကျမှာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လုံဖန်းမြို့တွင် ဖြစ်ခဲ့တဲ့ လူသတ်မှုတွေဟာ အင်တာနက်ပေါ်က မှုခင်းဝတ္ထုထဲကလူသတ်ပုံအတိုင်း တစ်ပုံစံတည်းဖြစ်နေပါတယ်။ မှုခင်းဆရာဝန် ချင်မင်ဟာ ဝတ္ထုဟာ “စိတ်အဆိပ် ၅ ပါး” ဖြစ်တဲ့ လောဘ၊ ဒေါသ၊ တုံးအ၊ မာန၊ သံသယ တို့ကို အခြေခံပြီး အမှုလုပ်နေတာဖြစ်ကြောင်း သတိထားမိသွားပါတယ်။ ဒါ့အပြင် ဝတ္ထုရဲ့ စာအရေးအသားပုံစံကလဲ ချင်မင်တို့ အထက်တန်းကျောင်းတက်နေချိန်တုန်းက ကျောင်းမဂ္ဂဇင်းမှာ ထည့်သွင်းခဲ့တဲ့ ဆောင်းပါးများရဲ့အရေးအသားနဲ့ အတော်ကိုတူနေပါတယ်။ သဲလွန်စအားလုံးဟာ ချင်မင်ရဲ့ အထက်တန်းကျောင်းမှ သူငယ်ချင်းဖြစ်သူ ဖန်းချီကို ညွှန်ပြနေတဲ့အချိန်မှာ ချင်မင်ရဲ့ အချစ်ဦးဟန်ယွဲ့မှာလည်း အန္တရာယ်ရှိနေသလို ဖြစ်နေပါတယ်။ ချင်မင်နဲ့ ဖန်းချီတို့နှစ်ယောက် တွေ့ဆုံပြီး အချင်းချင်း သံသယမကင်းဖြစ်နေတဲ့အကြောင်းကိုသိရသောအခါမှာတော့ အဖြစ်အပျက်တွေက မရိုးရှင်းတော့မှန်း သတိထားမိသွားပါတယ်။ တရားခံ အစစ်က ဘယ်သူဖြစ်မလဲ…… ကွင်းဆက်လူသတ်သမားဟာ ဘာကြောင့် လူတွေကို လိုက်လံသတ်ဖြတ်နေရတာလဲ…… ချင်မင်တို့ ရဲတပ်ဖွဲ့ကရော တရားခံကို အချိန်မီ ဖမ်းဆီးနိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2023
Dr. Qin : Deadly Novel
Allure
5.1

Allure (2017) ========== လော်ရာက သူ့အဖေရဲ့သန့်ရှင်းရေးကုမ္ပဏီမှာ အလုပ်လုပ်နေပေမဲ့ သူ့ဘဝကတော့ အစွန်းမရှိ သန့်ရှင်းမနေပါဘူး။ တစ်နေ့မှာ လော်ရာ သန့်ရှင်းရေးလုပ်ပေးရတဲ့အိမ်က စည်းကမ်းတင်းကြပ်မှုကြောင့် သူ့အိမ်ကိုမုန်းနေတဲ့ ဆယ်ကျော်သက်ကောင်မလေး အယ်ဗာနဲ့တွေ့ ခဲ့တယ်။ လော်ရာက အယ်ဗာရဲ့ ဖြူဝင်ရိုးသားမှုကို တွေ့ခဲ့သလို အယ်ဗာကလည်း လော်ရာရဲ့ ပုန်ကန်တတ်တဲ့ရင်ဖိုစရာစရိုက်ကိုမြင်ပြီး အချင်းချင်း စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီသဘောကျမှုတွေက စွဲလမ်းမှုတွေအဖြစ်ပြောင်းသွားပြီး ဘယ်လိုပြဿနာတွေ ကြုံလာရ မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.4 GB) / (452 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance, Thriller Translator…….Thwal Htoo Zin Encoder……….SWM

Drama
5.1 2017
Allure
Nomad
6.8

Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Romance • Comedy
6.8 1982 96 mins
Nomad
Spelling the Dream
6.9

Spelling the dream (2018) ========================= Documentary ကြိုက်နှစ်သက်သူ CM ပရိသတ်ကြီးများအတွက် Netflix က ထုတ်လွှင့်တဲ့ Spelling the Dream ကို တင်ဆက်ပေးချင်ပါတယ်။ ထူးခြားတစ်ခုက ပရိသတ်ကြီးတို့ ပုံမှန်မြင်တွေ့နေကျ ပျင်းစရာနောက်ခံစကားပြောသံကြီးနဲ့ documentary မျိုး မဟုတ်ဘဲ Horror ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသလို အသည်းတယားယား ခံစားရမှာပါ။ ကမ္ဘာ့အရပ်ရပ်က အိန္ဒိယလူမျိုးတွေ နယ်ပယ်မျိုးစုံမှာ ထူးချွန်ထက်မြက်ကြောင်းကို လူတိုင်းနီးပါး သိကြပါတယ်ဗျ။ ဥပမာ နည်းပညာ၊ ဆေးပညာ အစရှိသဖြင့် နယ်ပယ်အတော်အများရဲ့ ထိပ်သီးနေရာတွေ ခေါင်းဆောင်နေရာတွေမှာ အိန္ဒိယလူမျိုးတွေရှိကြတာ ထုံးစံလို ဖြစ်နေပါတယ်။ ခင်ဗျားတို့ရော တွေးကြည့်ဖူးလားဗျ သူတို့မှာ ဘာလျှို့ဝှက်ချက်တွေများရှိနေမလဲ၊ ဉာဏ်ကောင်းဆေးတွေ ထူးချွန်ထက်မြက်ဆေးတွေ လျှို့ဝှက်ဖော်စပ်ပြီး သောက်နေကြတာများလား။ ဒီ Documentary မှာတော့ အိန္ဒိယ-အမေရိကန် ဆယ်ကျော်သက်ကလေးတွေဟာ လူတိုင်းသိချင်နေကြတဲ့မေးခွန်းတွေကို ပြန်ဖြေပေးထားပါတယ်။ Scripps National Spelling Bee ဆိုတာ အမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး စာလုံးပေါင်းပြိုင်ပွဲဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ စာလုံးပေါင်းချန်ပီယံတွေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ ပွဲပေါ့။ ချန်ပီယံတွေဟာ ကျွန်တော်တို့ ခင်ဗျားတို့ ကြားတောင်မကြားဘူးတဲ့ ရှည်လျားထွေပြားနက်နဲတဲ့ စာလုံးတွေကို အမှားအယွင်းမရှိ ပေါင်းနိုင်ကြတဲ့လူတွေပါ။ ဒီကားထဲမှာ Scripps National Spelling Bee ပြိုင်ပွဲအအတွက် ပြင်ဆင်နေကြတဲ့ အိန္ဒိယ-အမေရိကန် ကလေး ၄ ယောက်ရဲ့ အံ့ချီးလောက်စရာ ထူးချွန်မှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ပြိုင်ပွဲဝင်တဲ့နေ့အထိ အသေးစိတ်ရိုက်ကူးတင်ဆက်ထားပါတယ်။ အဲဒီတော့ ရာချီတဲ့ချန်ပီယံတွေကြားမှာ ဒီ ကလေး ၄ ယောက်ထဲက တစ်ယောက် ပြိုင်ပွဲမှာ ဗိုလ်စွဲသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲဗျာ။ စာလုံး တစ်လုံးပေါင်းလိုက်တိုင်း နှလုံးပြုတ်ထွက်မတတ် ရင်ခုန်စိတ်လှုပ်ရှားချင်တယ်ဆိုရင်တော့ လက်မလွှတ်တမ်း ကြည့်ရှုအားပေးသင့်ပါတယ်နော်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size… 1.8 GB / 768 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thet Hnin Hsu

6.9 2018
Spelling the Dream
The Bravest Escort Group II: Howling Wind
5.8

2018 မှာထွက်ခဲ့တဲ့ The Bravest Escort Group ( 2018 ) ရဲ့ အဆက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို လိုရင်းတိုရှင်းပြောရရင် ကိုယ်ရံတော်လိုလို အထောက်တော်လိုလို အဖွဲ့ခေါင်းဆောင် ယန်လျိုဖန်းဟာဆိုရင် အမိန့်တော်အရ မိဖုရားတစ်ပါးနဲ့ ပျောက်ဆုံးနေတဲ့ ရတနာမြေပုံကို လိုက်ပါပို့ဆောင်ပေးရာကနေ မာစစ်သူကြီးက လက်နက်ချ တိုက်ပွဲကို ရပ်စဲလိုက်တာနဲ့ကြုံတွေ့ခဲ့ရတာပေါ့… ဒါပေမယ့် တစ်ဖက်က စစ်ပွဲအေးချမ်းမှာကို မလိုချင်တဲ့ မနာလိုသူတွေကတော့ ဒီကိစ္စကို လက်မခံနိုင်ဘဲ မိဖုရားနဲ့ ရတနာမြေပုံကို အလုအယက် လိုက်ရှာနေကြတာပေါ့… ဒီလို တိုင်းရေးပြည်ရာပြဿနာတွေကြားထဲမှာ ယန်လျိုဖန်းတစ်ယောက် ရင်းလိုက်ရတာကတော့ ယန်တစ်အိမ်သားလုံးရဲ့အသက်အပြင် သူ့ဇနီးသည်ရဲ့ အရှက်ဂုဏ်သိက္ခာပါ အဆစ်ပါသွားခဲ့တာပေါ့… လျိုဖန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ… ဒီတိုင်းပြည်ရေးရာအမှုတွဲထဲကနေ ရှောင်နိုင်ပါ့မလား… နောက်ပြီး သူ လက်စားချေနိုင်ပါ့မလား..

5.8 2021
The Bravest Escort Group II: Howling Wind
Mr. Bachelor

Mr.Bachelor (2023) “၃၁ယောက်မြောက် သတို့သမီး” ရယ်ရင်းပြုံးရင်း စိတ်အမောပြေစေဖို့ ခင်ဗျားတို့အတွက် ကန်နေဒါစကားပြော အိန္ဒိယဟာသအချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်တယ်။ သူများတွေ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး၊ ကျောင်းဆရာကြီးဖြစ်ဖို့ ငယ်ဘ၀အိပ်မက်ရှိကြချိန်မှာ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ကာသစ်ခ်အတွက်က အိမ်ထောင်ပြုဖို့။ ဒီအိပ်မက်ဖြစ်တည်လာရတာလည်း အမေဖြစ်သူကြောင့်။ တစ်ရက်ထမင်းစားရင်း အမေဖြစ်သူကို ကာသစ်ခ်တစ်ယောက်မေးတာက အိမ်ထောင်ပြုတယ်ဆိုတာ ဘာလဲ အမေတဲ့။ အမေဖြစ်သူ ပြန်ဖြေတာက အိမ်ထောင်ပြုတယ်ဆိုတာ ပွဲတော်ကြီးတစ်ခုလိုပဲတဲ့၊ ပွဲတော်တွေဆိုတာ တစ်နှစ်မှတစ်ကြိမ်ပဲပျော်ရပေမဲ့ အိမ်ထောင်ရေးကတော့ နေ့တိုင်းပျော်ရွှင်မှုကိုခံစားနေရတာမျိုးတဲ့။ ဒီမှာပဲ မောင်ကာသစ်ခ်တစ်ယောက် သူများတွေ ထွေထု၊ သားရေပင်ပစ်နေတဲ့အရွယ်ကတည်းက မက်လာလိုက်တဲ့အိပ်မက်ကြီးက အိမ်ထောင်ပြုဖို့။ အချိန်တန်အရွယ်ရောက်လို့ အလုပ်ကောင်းကောင်းရပြီး မိန်းမရဖို့အရေး မိဘတွေကို ပူဆာပေမဲ့ သွားတွေ့သမျှ မိန်းကလေးတိုင်းမှာ တစ်ယောက်မှအဆင်မပြေ။ အကြောင်းအရင်းကို အဖြေရှာကြည့်ချိန်မှာတော့ အဘိုးဖြစ်သူရဲ့အမှားကြောင့် တိုက်ခံရတဲ့ကျိန်စာကြောင့်ပါတဲ့။ ဒီကျိန်စာကို ပျက်ပျယ်ဖို့ အိမ်ထောင်ပြုချင်သူ လူပျိုကြီးမောင်ကာသစ်ခ် အသည်းအသန်ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2023
Mr. Bachelor
Family of Two (A Mother and Son’s Story)
6.7

ဖိလစ်ပိုင် Drama ကားဖြစ်တဲ့ Family of Two ( A Mother and Son Story) ကတော့ ငယ်ငယ်ကတည်းက ဖခင်ဆုံးပါးသွားတာကြောင့် အမေတစ်ခုသားတစ်ခုနေလာခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သားအမိနှစ်ယောက်အကြောင်း ရိုက်ကူးပြထား ဖြစ်ပါတယ်။ အမေဖြစ်တဲ့မာရီကာက အလုပ်မျိုးစုံလုပ်ပြီး သား​ဖြစ်တဲ့မတ်တီကို တစ်ယောက်တည်းပြုစုပျိုးထောင်ပေးခဲ့တဲ့ ခေတ်မီတဲ့အမြင်ရှိတဲ့ မိခင်တစ်ယောက်ပါ။ မတ်တီကို အစစအရာရာနားလည်မှုပေးနိုင်ခဲ့ပြီး ချွေးမကိုလည်း နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့ပါတယ်။ တစ်ရက်မှာတော့ မတ်တီက အောင်မြင်မှုလမ်းကြောင်းအတွက် စင်ကာပူမှာအလုပ်သွားလုပ်ရဖို့ဖြစ်လာခဲ့ပါတယ်။ အားလုံးနားလည်ပေးနိုင်ပေမယ့် မတ်တီနဲ့မခွဲနိုင်တဲ့အမေ့ကို ဝမ်းနည်းစွာနေရစ်ခဲ့ရမှာစိုးတာကြောင့် မတ်တီက နောက်အိမ်ထောင် ပြုခိုင်းဖို့စီစဥ်ပါတော့တယ်။ ဒါပေမဲ့ မတ်တီရဲ့လုပ်ရပ်ကြောင့် မာရီကာဟာ ဒေါသအကြီးအကျယ်ထွက်ပြီး သိပ်ချစ်ကြတဲ့ သားအမိနှစ်ယောက်ပြဿနာတက်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မာရီကာတစ်ယောက် မတ်တီရဲ့ကောင်းတဲ့ရည်ရွယ်ချက်ကို လက်ခံပေးခဲ့ပါတယ်။ နှစ်ပေါင်းများစွာသားဖြစ်သူရဲ့ကမ္ဘာထဲမှာ အချိန်ပြည့်လည်ပတ်နေခဲ့တဲ့ မိခင်တစ်ယောက်အတွက် ကိုယ်ကိုယ်တိုင်ရဲ့ဘဝအဓိပ္ပါယ်ကို ပြန်လည်ရှာဖွေခဲ့ရပုံကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ File size… (1.78GB) / (906MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023 101 mins
Family of Two (A Mother and Son’s Story)
Timber Falls
5.2

ဒီ ဇာတ်ကားကတော့ horror/thriller ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။ Mike နဲ့ Sheryl လို့ခေါ်တဲ့ စုံတွဲဟာ တနေ့မှာ မြို့ပြရဲ့ စိတ်ဖိစီးမှုတွေဆီကနေ လွတ်မြောက်ချင်တဲ့အတွက် Appalachian လို့ခေါ်တဲ့ အရမ်းလှပြီးတော့ တောတောင်ရေမြေပေါတဲ့ တောထဲကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အကြံပေးချက်တွေကို နားမထောင်ပဲ မဟုတ်တဲ့ လမ်းကိုမှ ရွေးပြီး သွားမိတာကြောင့် အရမ်းကိုမှ ဘာသာရေးတင်းကြပ်တဲ့ လင်မယားနဲ့တိုးပြီးတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ ဒီလိုတွေ ဖြစ်လာတာနဲ့ အမျှ Mike နဲ့ Sheryl တို့ သူတို့အား သူတို့ကိုးပြီးတော့ ဘယ်လိုရုန်းထွက်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ဇာတ်လမ်းအစကနေ အဆုံးထိ ကြည့်ရှုသူကို ဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းဆိုလဲ မမှားပါဘူးခင်ဗျာ။ ရင်တမမနဲ့ ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့ ဇာတ်လမ်းမျိုးကို ကြည့်ရတာကြိုက်တဲ့လူဆိုရင်တော့ လုံးဝကို ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျာ။ File Size : 2.3 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr. Zac Encode by : Thit San Khant

Drama
5.2 2007
Timber Falls
Morrison
6.5

Morrison (2024) *************** Morrison သည် ပြင်သစ်နိုင်ငံက ထုတ်လုပ်သူနဲ့ပူးတွဲ တင်ဆက်ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပါတယ်… Mystery ဆန်ဆန် ဂီတကို နောက်ခံပြု ရိုက်ကူးတဲ့အပြင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ထိုင်းနိုင်ငံရဲ့လူတွေ ဂီတအပေါ်မှာ ဘယ်လိုခံစားကြသလဲဆိုတာကိုပါ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်…သူ့မိခင်ဆုံးပါးသွားချိန်မှာ မွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်…အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကို ပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်…အဲဒီဟိုတယ်ကို သူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်…ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်း ပြည့်နှက်နေခဲ့ပါတယ်…ဟိုတယ်ကို မွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင် ပြင်ဆင်ပေးနိုင်ပါ့မလား…သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာ အဖြေရှာရင်း ခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ် File Size : 1.49GB / 674MB Quality : WEB-DL 1080p /720p Genre : Drama Duration : 1hr 46mins Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Thriller • Drama
6.5 2024 106 mins
Morrison