YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Dancing Flames S01E12 1080p CM.mp4

710.13 MB N/A video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hidalgo
6.8

ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့ သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ် လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက Frank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့ သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။ အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင် ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့ Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size…2.1GB / 1.1GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 16m Genre ..... Action , Adventure , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Horror • Romance
6.8 2004 136 mins
Hidalgo
HIT: The First Case
6.4

Action, Crime, Drama IMDb 7.8/10 (6.5K) အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ် ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ... တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ် အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ် စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့... ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား.... ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား... နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ... ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch  / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin Ag & BpL

Crime • Drama • Mystery
6.4 2022 136 mins
HIT: The First Case
Road House
6.6

ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင် ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာ အကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊ အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲ မြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့ သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကို ဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကို ကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာ ပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက် ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလို အနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေ အထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကို ရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲ အနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလား ဆိုတာကို စိတ်၀င်တစားကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Horror
6.6 1989 114 mins
Road House
Red Rocket
6.8

ဒီရုပ်ရှင်ကို A24က ရိုက်ကူးဖြန့်ချီခဲ့ပြီး 2021 July လ Cannes ရုပ်ရှင်ပွဲ​တော်မှာ စတင်ပြသခဲ့ပြီး ယူအက်စ် ပြည်တွင်း သီးသန့်ရုံ​တွေမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ် Cannes, Deauvilleလို ရုပ်ရှင်ဆု​ပေးပွဲ​တွေမှာ ဆု​ပေါင်း များစွာရရှိထားပြီးဖြစ်သလို Palme d'Orလို ဆု​​ပေးပွဲကြီး​ ​တွေမှာလည်း ဒါရိုက်တာဆု၊ဇာတ်လမ်းဆုနဲ့ ဇာတ်​ဆောင်ဆု စသဖြင့် Nominationsများစွာ ရရှိထားပါတယ်၊ ဒါ့အပြင် National Board of Reviewရဲ့ တစ်နှစ်တာအ​ကောင်းဆုံး ဇာတ်ကား ၁၀ကားစာရင်းမှာလည်း ပါဝင်​ထားပါတယ်၊ - IMDb အ​နေနဲ့ 7.6 - Rotten Tomatoes - 86%ရထားပြီး ​ရုပ်ရှင်​ဝေဖန်​​ရေးသမား​တွေလက်စွဲ Metacriticမှာ 75% အထိ rating အမြင့်စားကို ရရှိထားပါတယ်၊ ဇာတ်လမ်းအ​ကြောင်း​ ​ပြောရမယ်ဆိုရင် ဒီဇာတ်ကားက လူတိုင်းအတွက် မဟုတ်ပါဘူး၊ Hollywoodရဲ့ porn industryမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်ခဲ့ဖူးသူ၊ လက်ရှိမှာ ဘဝပျက်ပြီးရုန်းကန်​နေရတဲ့ Adult film starအ​ကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်၊ ဒါ​ကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်​တော်တဲ့အခန်း​တွေ ပါဝင်သလို တချို့​သောစကား​ပြော​ခန်း​တွေကလည်း ကြမ်းပါတယ်၊ Mikey David aka Mikey Saberဟာ တချိန်က​​တော့Hollywood adult film​လောကမှာ ဇာတ်ကား​ပေါင်း ၂၀၀၀​ကျော်၊ အမြင့်ဆုံးဆု ၆ဆုပိုင်ရှင် Hall of Fame Nomination ၁၃ကြိမ်ဝင်ခဲ့ဖူးသူဖြစ်ခဲ့​ပေမဲ့ လက်ရှိမှာ​တော့ studio​တွေနဲ့ အဆင်မ​ပြေ​တော့တာတ​ကြောင်း၊ အသက်ရလာတာတ​ကြောင်း​ကြောင့် သူ့ဇနီး​ဟောင်း porn model​ဟောင်း Lexiဆီပြန်လာရင်း ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါ​ပေမဲ့ အပြာကားနဲ့ အပြာကားသရုပ်​ဆောင်​တွေဆိုတာက ကိုယ်တိုင်သာ ခိုးကြည့်ရင်ကြည့်မယ်၊ တကယ်လက်​တွေ့မှာ ကြုံရဆုံရရင်​တော့ အသက်​​မွေးဝမ်း​ကြောင်းတစ်ခုလိုမြင်ဖို့ရာ ခက်တဲ့အလုပ်ဆို​တော့ Mikey​လျှောက်သမျှ ဘယ်အလုပ်မှ သူ့ကိုမ​ရွေးချယ်ခဲ့ပါဘူး၊ သမ္မာအာဇီဝနဲ့ ကြိုးစားလို့မရ​တော့တဲ့အဆုံး အရင်ကလို weedရောင်းရင်း ​အချိန်ကုန်လာခဲ့ရာက​နေ တစ်​​နေ့မှာ Raylee( Strawberry) ဆိုတဲ့ မြီး​ကောင်​ပေါက်အရွယ် အသက်၁၈နှစ်ပြည့်ဖို့ ၃ပတ်အလို က​လေးမ​လေးနဲ့အ​တွေ့မှာ Adult film industryကို က​လေးမ​​လေးနဲ့အတူ ပြန်ဝင်ဖို့ ကြိုးစားပါ​တော့တယ်၊ ဒါ​ပေမဲ့ သူရဲ့ရှုပ်​ထွေးလှတဲ့ မိသားစုပြဿနာ​တွေ၊ weed​သမား​တွေရဲ့ ပဋိပက္ခ​တွေ၊ က​လေးမအ​ပေါ် ထိမ်ချန်ထားခဲ့တဲ့ သူ့ဘဝမှန်အ​ကြောင်း​တွေက တစ်စငင် တစ်စင်ပါ ​နောက်ကလိုက်လာတဲ့အခါမှာ ဘာ​တွေဆက်ဖြစ်သွားမလဲဆိုတာကို Dark comedyဆန်ဆန် ခပ်ကြမ်းကြမ်းကြည့်ရှုရမယ့် Rating ခပ်မြင့်မြင့် Drama ဇာတ်ကား​​ကောင်းပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Thiha Yan Naing တို့ပဲ ဖြစ်ပါတယ်။ Genre.....Comdey,Drama Quality….WEB-DL 1080p and 720p and 360p File size…1.78GB and 1.05GB and 395MB Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX and Thiha Yan Naing Encoder ..... August

Thriller
6.8 2021 130 mins
Red Rocket
And Now the Screaming Starts!
5.9

And Now the Screaming Starts! (1973) ငွေရှင်ကြေးရတတ် အမျိုးမြတ်တဲ့အပြင် သူ့အပေါ်မှာလည်းစုံမက်တဲ့ ချားလ်စ်ဖန်ဂရစ်ဖန်နဲ့ လက်ထပ်ဖို့အတွက် ဖန်ဂရစ်ဖန်စံအိမ်ကို လိုက်လာခဲ့တဲ့ ကတ်သရင်းရဲ့ရင်ထဲမှာ ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုတွေသာ အပြည့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စံအိမ်ကိုရောက်လာတဲ့ ပထမဆုံးညမှာပဲ ချားလ်စ်ရဲ့ ဘိုးဘေးအစဉ်အဆက် ပုံတူကားချပ်တွေကို လိုက်ကြည့်ရင်းက ချားလ်စ်ရဲ့အဘိုး ဟင်နရီရဲ့ပုံကိုကြည့်ရင်း တုန်လှုပ်စရာပုံရိပ်တစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရချိန်မှာတော့ သူတစ်သက်လုံးနေသွားရမယ့် ဒီစံအိမ်ဟာ သူစနောက်နေခဲ့တဲ့အတိုင်း သရဲခြောက်တဲ့အိမ်အိုကြီးတစ်လုံး တကယ်ပဲဖြစ်နေမလားလို့ ဒွိဟတွေဝင်လာခဲ့တယ်။ ဒါပေမဲ့ သူနဲ့ချားလ်စ်တို့ရဲ့ မင်္ဂလာဦးညမှာ တစ္ဆေခြောက်လှန့်မှုထက် အပုံကြီးဆိုးဝါးတဲ့အဖြစ်နဲ့ ကတ်သရင်း ကြုံလိုက်ရတဲ့နောက်မှာ ဒီအိမ်ကြီးနဲ့ ချားလ်စ်တို့မိသားစုအပေါ် သူ့ရဲ့မသင်္ကာစိတ်တွေက အချိန်တိုအတွင်း တိုးပွားလာခဲ့ရတယ်။ ဒါပေမဲ့ ချားလ်စ်အပြင် သူတို့နဲ့အနေနီးစပ်သူတွေပါ ထုတ်မပြောရဲအောင် စိုးရွံ့နေကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုအကြောင်းကို သူသိလိုက်ရချိန်မှာ သူ့ကိုကူညီစောင့်ရှောက်ဖို့ ကြိုးစားသူတွေအားလုံး အန္တရာယ်တွေ ဆက်တိုက်တွေ့လာရပြီး သူကိုယ်တိုင်လည်း ဆိုးဝါးတဲ့ကျိန်စာတစ်ခုရဲ့သားကောင် ဖြစ်လာချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 720MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 31Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama
5.9 1972
And Now the Screaming Starts!
[18+] Delta of Venus
6.7

************************ 18 ကိုမှ အလန်းစား ဇာတ်လမ်း အမိုက်စား အလန်းစား ချောမောတဲ့ သရုပ်ဆောင်တွေပါတာမှ ကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်.. အယ်လန်နာမာတင်ဟာ စာရေးဆရာမအလုပ်ကိုဇောက်ချလုပ်ဖို့အတွက် ပဲရစ်မြို့ကိုလာခဲ့ပါတယ်။ ထုတ်ဝေသူ မာဆယ်ဆီကို စာမူတွေရေးပို့ပေမယ့် စစ်ပွဲကြောင့်ဘယ်သူမှအရှုံးခံပြီးစာအုပ်မထုတ်ကြပါဘူး။ နောက်တော့ မာဆယ်ဟာ အယ်လန်နာကို နာမည်ကြီးစာရေးဆရာလောရန့်စ်ပါတီပွဲကိုဖိတ်လိုက်တယ်။ ထူးခြားလှပနေတဲ့ အယ်လန်နာဟာကိုလောရန့်က ရင်းနှီးသွားပါတယ်။ အယ်လန်နာက လောရန့်စ်ရဲ့ စာရေးနည်းတွေကိုလေ့လာရင်းနဲ့ နှစ်ယောက်သားချစ်မိသွားတယ်။ တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးတွေကိုဖလှယ်ရင်း အချစ်တွေတိုးလာကြတယ်။တစ်နေ့မှာ လောရန့်စ်ဟာ ခရီးစဉ်တစ်ခုမထွက်ခွာခင် မိန်းမပျက်တစ်ယောက်နဲ့ဖြစ်နေတာကို အယ်လန်နာတွေ့ပြီးလောရန့်စ်နဲ့အဆက်ဖြတ်လိုက်တယ်။ အယ်လန်နာက တစ်ကိုယ်တည်းနေရတဲ့အပြင် စာမူခမရတဲ့အတွက် ငွေကြေးအခက်အခဲကြုံလာရတယ်။ မာဆယ်ဆီစာပေတဲ့ပက်သက်တဲ့ အလုပ်မေးမြန်းတဲ့အခါမှာတော့ သူ့ဆီကို အပြာစာပေရေးသားဖို့ကမ်းလှမ်းထားရှိတယ်ဆိုတဲ့အကြောင်းသိလိုက်ရတယ်။ အလုပ်ရှင်နာမည်ကိုတော့ မသိရပေမယ့် ပိုက်ဆံကပိုရတဲ့အတွက်အလုပ်ကိုလက်ခံလိုက်တယ်။ ဒီလိုနဲ့ အယ်လန်နာက ကိုယ်တိုင်လက်တွေ့ ခံစားပြီး အပြာစာပေတွေကိုရေးသားတဲ့အခါမှတော့ …… File Size :(2.2GB) and (935 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:42:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

6.7 1995 99 mins
[18+] Delta of Venus
Listen out for Love
5.5

Listen out for Love (2022) ဒီတစ်ခါ​က​တော့ ​ပေါ့​ပေါ့ပါးပါး အချစ်ကား​လေး​တွေကိုကြိုက်တဲ့ကြည့်ရှုသူ​တွေအတွက် အကြိုက်​တွေ့​စေမယ့် Listen Out For Love ဆိုတဲ့ အချစ်ဒရာမာကား​လေးနဲ့ မိတ်ဆက်​ပေးလိုက်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ Podcast ပရိုဂျူဆာတစ်​ယောက်ဖြစ်တဲ့ ​ပေ့ပ် တစ်​ယောက် အလုပ်မှာ ရာထူးတိုးဖို့အတွက် လူ​ပြောများလာတဲ့ အဲလက်ကို ကိုယ့် ကုမ္ပဏီဘက်အပါ​ခေါ်ပြီး ​အောင်မြင်တဲ့ ပရိုဂရမ်တစ်ခု ဖန်တီးဖို့ အ​ကြောင်းပါလာတဲ့အခါ… တစ်​ဖက်မှာလည်း ပွဲတစ်ခုမှာ က​တောက်ကဆတစ်ခုဖြစ်ခဲ့လို့ အလုပ်ထွက်လာလိုက်ရတဲ့ အဲလက်တစ်​ယောက် အလုပ်ရလာတဲ့အခါ… ​ပေ့ပ် နဲ့ အဲလက်တို့ အလုပ်မပြုတ်ဖို့​ရေး ကြိုးစားရင်း ​အဲလက်နဲ့သူငယ်ချင်းလည်းဖြစ် နာမည်ကြီးတဖြစ်လဲ ဂျက်ကီအတွက် ရည်းစားရှာ​ဖွေ​ပေးမယ့် အစီအစဥ်ကိုရိုက်ကူးရင်း ဘယ်လို အလွဲ​လေး​တွေဖြစ်မလဲ… ဘယ်လိုဟာသ​တွေဖြစ်မလဲဆိုတာ ရိုက်ပြထားတဲ့ အချစ်ကား​​ကောင်း​​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 705MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 31Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

5.5 2022 85 mins
Listen out for Love
3 IRON
8.1

ဘွဲ့ရပညာတတ်လူငယ်တစ်ယောက်ဟာ သူစိမ်းတွေရဲ့ အိမ်တွေမှာ သူတို့မရှိတဲ့အချိန်ဆို အကြောင်းအရင်းမသိရပဲ တက်နေပါတယ်။ ဒီလိုနဲ့ သူနေဖို့ရွေးချယ်လိုက်တဲ့ သူဌေးအိမ်တစ်အိမ်က သူဌေးကတော်ငယ်ငယ်လေးဟာ အလိုတူအလိုမပါပဲ ယူထားရတဲ့အတွက် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ပိတ်မိလို့နေပါတယ်။ ဒီတော့ သူဟာ လူလုံးထွက်ပြပြီး သူဌေးကို မေ့လဲအောင် လုပ်ကာ သူဌေးကတော်လေးကို ခေါ်ထုတ်လာခဲ့ပါတယ်။ သူဌေးကတော်လေးကလည်း လှောင်အိမ်ထဲက လွှတ်မြောက်အောင်လုပ်ပေးတဲ့ လူငယ်လေးကို ချစ်မိသွားသလို လူငယ်လေးကလည်း ပြန်ချစ်မိသွားခဲ့ပါတယ်။ ဒီတော့ အတောင်ကျိုးငှက်နှစ်ကောင် ဘယ်လိုများ လွတ်မြောက်အောင် ထွက်ပြေးကြမလဲ၊ သူဌေးကတော်ကရော သူ့ကို လိုက်ရှာနေတဲ့ သူဌေးဆီ ပြန်ပါသွားမှာလား၊ သူများအိမ်မှာ တက်နေတတ်တဲ့လူကို ရဲတွေကလည်း သဲလွန်စရပြီး လိုက်ရှာနေတဲ့အချိန်မှာ သူတို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာကို ပဟေဠိကို အဖြေညှိရင်း ကြည့်ရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Romance, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

8.1 2004 88 mins
3 IRON
Nightmare Pageant Moms
5.1

Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။ တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့… File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Romance
5.1 2023 90 mins
Nightmare Pageant Moms
Paid in Full
7

Paid in Full (2002) IMDb Rating (7.0) / Rotten Tomatoes (53%) ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။ ၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။ မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း – အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ “မစ်”ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။ နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ “ရီကို” နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့ သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။) File size…(3.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration….01:38:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Soe Thiri Swe

7 2002 98 mins
Paid in Full
Remo Williams: The Adventure Begins
6.4

ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။ နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။ CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။ အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့် CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်. သူတို့ကိုယ်တိုင် ထောက်လှမ်းဖို့ နည်းလမ်းရှာမတွေ့နိုင်သေးတဲ့ လက်နက်ကုမ္ပဏီတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနိုင်ဖို့ ရီမို့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်.။ The Destroyer ဆိုတဲ့ ဝတ္ထုစီးရီးရဲ့ ရုပ်ရှင်အဖြစ် ပထမဦးဆုံးခြေလှမ်းလည်းဖြစ်တဲ့ Remo Williams : The Adventure Begins ဆိုတဲ့ ၁၉၈၅ ခုနှစ်က အက်ရှင်ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Comedy • Romance • Drama
6.4 1985 121 mins
Remo Williams: The Adventure Begins
The Invisible Raptor
5.6

The Invisible Raptor (2024) IMDb Rating (5.6) ဒိုင်နိုဆောရုပ်ရှင်တွေကြိုက်တတ်တဲ့သူတွေအတွက် The Invisible Raptor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ တခြားဒိုင်နိုဆောအတော်များများလိုပဲ မျိုးသုဥ်းသွားပြီဖြစ်တဲ့ဒိုင်နိုဆောတစ်ကောင်ကိုဖန်တီးမွေးမြူရာကနေ မထိန်းချုပ်နိုင်တော့ဘဲအပြင်ကိုလွတ်သွားပြီး လူတွေကိုလိုက်သတ်တဲ့ပုံစံမျိုးလေးကို ဟာသနှောပြီးရိုက်ကူးထားတာပါ။ ဒါပေမဲ့ ဒီကားရဲ့ထူးခြားချက်က ဒီထဲမှာပါတဲ့ဒိုင်နိုဆောက ရိုးရိုးသာမန်မဟုတ်ဘဲ “ကိုယ်ပျောက်ဒိုင်နိုဆောကြီး”ဖြစ်နေတာပါ အဲ့ဒါကြောင့် သူ့ကိုရှင်းပစ်ဖို့လည်းပိုခက်သလို ပိုပြီးလည်းအန္တရာယ်များပါတယ်။ ဒိုင်နိုကမ္ဘာဆိုတဲ့ဒိုင်နိုဆောပြတိုက်မှာအလုပ်လုပ်နေတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်ဒေါက်တာ”ဂရန့်ဝေါ်ကာ”နဲ့ လုံခြုံရေးအစောင့်”ဒန်နီ”တို့က ကိုယ်ပျောက်ဒိုင်နိုဆောတစ်ကောင်က လူတွေကိုလိုက်သတ်နေတယ်လို့သတိပေးခဲ့ပေမဲ့ ဘယ်သူကမှမယုံကြည်ခဲ့တာကြောင့် သူတို့ကိုယ်တိုင်ပဲဒိုင်နိုဆောကိုလိုက်ဖမ်းပြီး တစ်မြို့လုံးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Mystery, Thriller Duration….01:54:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

Thriller • Crime • History • Drama
5.6 2024 113 mins
The Invisible Raptor
Glass Garden
6.3

Glass Garden (2017) ******************* သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************** “လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား” ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။ တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ… သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် Jae-Yoon ကို ဝတ္ထုစာအုပ်အသစ်မှာ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့…. သုတေသနဟာ အောင်မြင်သွားပြီးတော့ တကယ်ပဲ လူတွေဟာ သစ်ပင်အဖြစ်နဲ့ အလင်းမှီအစာချက်ခြင်းပြုလုပ်နိုင်သွားမှာလား … Ji-Hoon နဲ့ Jae-Yeon ကြားထဲမှာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို မျက်လုံး အေးအေး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ Mystery , Drama ဆိုတဲ့အတိုင်း လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.72GB / 644MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 56 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama • Mystery • Thriller
6.3 2017 117 mins
Glass Garden
Jewel Thief – The Heist Begins
4.2

Jewel Thief – The Heist Begins (2025) “လက်ဝတ်ရတနာသူခိုးလေးရေဟန်” မင်းသား ဆေ့ဖ်အလီခန်း ခေါင်းဆောင်ပါဝင်ထားတဲ့ Netflix က အသစ်ထွက် ဟင်ဒီအက်ရှင် ရုပ်ရှင်လေးကို တင်ဆက်လိုက်ပါပြီ လက်ဝတ်ရတနာ ပရော်ဖက်ရှင်နယ်သူခိုး ရေဟန်ဟာ နိုင်ငံခြားမှာ ကိုယ်ယောင်ဖျောက်နေတာ သုံးနှစ်ရှိပြီးမှ သူ့မိသားစု ထိပါးခံရတော့ အိန္ဒိယကို ပြန်ရဖို့ဖြစ်လာပါတယ် အကြောင်းကတော့ အာဖရိကမှ သယ်လာတဲ့ Red Sun အမည်ရ တန်ဖိုးကြီးစိန်ကို ခိုးယူဖို့ရာ ဂန်းစတားတစ်ယောက်ဖြစ်တဲ့ ရာဂျန်က ကျွမ်းကျင်လိမ္မာတဲ့ ရေဟန့်ကို အသုံးချချင်လို့ပါ သူခိုးဖြစ်နေလို့ဆိုပြီး သူ့ကိုစွန့်လွှတ်ခဲ့တဲ့ မိသားစုကို ပြန်ကယ်ရတဲ့အခါ ဘယ်လိုဒရာမာတွေဖြစ်လာမှာလဲ Red Sun စိန်ကြီးကိုရော ဘယ်လိုစွန့်စားခန်းတွေနဲ့ ခိုးမှာလဲ ဆိုတာကတော့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama • Adventure
4.2 2025 118 mins
Jewel Thief – The Heist Begins
Aku Jati, Aku Asperger
7.8

Aku Jati, Aku Asperger (2024) IMDb Rating (7.8) ဒီဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် Jati ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် ကောင်လေးက သူ့မှာ အခြားသူတွေနဲ့ ဆက်ဆံရေးခက်ခဲတဲ့ Asperger’s syndrome ဆိုတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိတယ်။ အဲဒီရောဂါကြောင့် Jati က နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ၊ အချိန်ဇယားတွေကို အလွန်အမင်းအားကိုးပြီး သူ့ရဲ့အချိန်ဇယားတွေ ပျက်သွားရင် စိတ်မထိန်းနိုင်ဖြစ်တတ်တယ်။ Jati က သူ့အစ်ကို Daru နဲ့ Daru ရဲ့ချစ်သူ Kiara နဲ့ တစ်အိမ်တည်းမှာ အတူနေတယ်။ ဒါပေမဲ့ Daru နဲ့ Kiara ပြတ်သွားပြီး Kiara အိမ်ပေါ်ကနေ ဆင်းသွားပြီးနောက်မှာတော့ Jati ရဲ့ နေထိုင်မှုပုံစံကလည်း အကုန်ပြောင်းသွားတယ်။ သူ့အတွက် ဒီအပြောင်းအလဲဆိုတာက လက်မခံနိုင်တဲ့ ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေတော့ Jati တစ်ယောက် သူ့အစ်ကိုအတွက် ချစ်သူအသစ်ရှာပေးဖို ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ထူးဆန်းပြီး ရယ်စရာကောင်းတဲ့ ချစ်သူအသစ်ရှာခရီးစဉ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (760 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:21:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Drama • Horror
7.8 2024 88 mins
Aku Jati, Aku Asperger