YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Cutie Pie(2022)Ep.2.mp4

986.21 MB N/A video/mp4 917 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Miracle in Cell No. 7
8.8

Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။ အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ သမီးဖြစ်သူ ကာသီကာနဲ့အတူ အဖေတစ်ခု သမီးတစ်ခု နေထိုင်ကြတာပါ။ တစ်နေ့မှာ နိုင်ငံရေးသမားတစ်ယောက်ရဲ့ သမီးဖြစ်သူသေဆုံးမှုထဲ ဒိုဒိုတစ်ယောက် ဝင်ပတ်သက်မိရာကနေ မုဒိမ်းမှုနဲ့ လူသတ်မှုပါအဆစ်ရကုန်ပြီး ထောင်ထဲ‌တန်းရောက်ကာ ‌သမီးဖြစ်သူနဲ့ မတွေ့ရတော့တာပါပဲ။ ကိုယ့်သမီးသေသွားတဲ့အတွက် မဲမဲမြင် ထောင်ထဲထည့်ချင်တဲ့ နိုင်ငံရေးသမား၊ မတရားစွပ်စွဲခံရပြီး သမီးနဲ့ရှင်ကွဲကွဲရတဲ့ ဉာဏ်ရည်မမှီတဲ့ လက်လုပ်လက်စားလေး ဒိုဒို၊ သမီးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး ဒိုဒိုကိုကူညီပေးတဲ့ ထောင်ပိုင်တို့ရဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ဖခင်သုံးမျိုးသုံးစားကို မြင်တွေ့ရမယ့်အပြင် ထောင်သားတွေရဲ့ဒိုဒို့အ‌ပေါ်ထားတဲ့ အကြင်နာတရားကိုကြည့်ပြီး ကိုယ်ပါ သူတို့နဲ့အတူ ဝိုင်းကူချင်စိတ်ပေါက်သွားစေမယ့် ဇာတ်ကားလေးပါ။ မူရင်းဇာတ်လမ်းသွားကိုမှ အင်ဒိုနီးရှား အငွေ့အသက်တွေနဲ့ဆိုတော့ remake လို့တောင် မခံစားရစေမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဒီကားဟာ အရင်ကားတွေလိုမျိုးပဲ ရင်ထဲနင့်စေမယ့်ဇာတ်ကားမျိုးဖြစ်တာကြောင့် တစ်ရှူးလိပ်လေးဆောင်ရင်းကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 2.2GB | 1GB | 515MB Format… mp4 Duration…. 2h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Thriller
8.8 2022 145 mins
Miracle in Cell No. 7
Philomena
7.4

IMDB – 7.6/10 နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ် သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန် တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန် လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့ နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ…. ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက် ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည် အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင် မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့ Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့ ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။ File size…2.06GB / 732MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 38m Genre ..... Biography , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Thriller
7.4 2013 98 mins
Philomena
Hometown
5.3

ဒီတစ်ခေါက်မှာတော့ The Servant, Special Delivery အစရှိတဲ့ရုပ်ရှင်တွေမှာပါဝင်ထားတဲ့ မင်းသား Song Sae Byeok နဲ့ အားလုံးရဲ့အချစ်တော် Ra Mi Ran တို့အဓိကပါဝင်ထားတဲ့ ဟာသ၊ အက်ရှင်ရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ လီကီဆဲဟာ ငယ်ငယ်လေးတည်းက လူရွှင်တော်တစ်ဦးဖြစ်ဖို့ အိပ်မက်ရှိခဲ့ပြီး သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဆိုးလ်မြို့ကြီးကိုတက်လာခဲ့ပါတယ်။ ဒါပေမယ့် အခက်အခဲတွေ၊ မတတ်သာတဲ့အခြေအနေတွေကြုံလာပြီး မွေးရပ်မြေကိုပြန်လာတဲ့အခါမှာတော့ ဖခင်ကြီးရဲ့သေဆုံးမှုကြောင့် သူတို့ဒေသရဲ့အကြီးဆုံးလူမိုက်ဂိုဏ်းကြီးတစ်ခုကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ လူရွှင်တော်အဖြစ် ဘဝကိုဖြတ်သန်းလာတဲ့ လီကီဆဲတစ်ယောက် လူမိုက်ဂိုဏ်းကြီးနဲ့ဘယ်လိုဇယားတွေရှုပ်ပြီး၊ ဘာကိစ္စတွေကိုဖော်ထုတ်မလဲ နှစ်ပေါင်းများစွာနေမှပြန်တွေ့ရတဲ့သူငယ်ချင်းတွေကရော သူ့ကိုဘယ်လိုကူညီကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.5GB } 780MB | 350MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Adventure • Horror
5.3 2022 109 mins
Hometown
The Lord of the Rings: The Return of the King
8.5

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(9.8 GB) and (4.2 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….04:23:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Documentary • Music
8.5 2003 201 mins
The Lord of the Rings: The Return of the King
The Exchange
5.6

The Exchange (2021) =============== ဒီဇာတ်ကားလေးကတော့ လူငယ်ကားလေးမို့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ တင်မ်လောင်း ဆိုတဲ့ ဟိုးဘတ်အထက်တန်းကျောင်းက ကောင်လေး တစ်ယောက်က ဘော်ဒါဘော်ကျွတ်မရှိတဲ့ ကြေကွဲလူငယ်လေးတစ် ယောက်ပေါ့။ သူနဲ့တည့်တဲ့ အတန်းဖော်ရယ်လို့လည်း မရှိဘူးပေါ့လေ။ တစ်ရက်ကျ ဒီဒုက္ခတွေကနေ ငါ့ကိုကယ်တင်ပေးမယ့်သူ ပေါ်လာပါစေဆိုပြီး ကျောင်းပြောင်းပရိုဂရမ်တစ်ခုမှာ ဖောင်တင်လိုက်ရာကနေ မေခလာနတ်သမီး မလာဘဲ စတက်ဖန်ဆိုတဲ့ ဘောလိဝုဒ်ဘဲကြီး ရောက်လာပြီး ဇာတ်လမ်းက စတော့တာပါပဲ။ တင်မ်လိုချင်တဲ့ သူငယ်ချင်းမျိုးမဟုတ်ဘဲ type လုံးဝမတူတဲ့သူတစ်ယောက် သူ့အိမ်ရောက်လာချိန်မှာ ကြုံတွေ့ရတဲ့ ဒုက္ခသုခပေါင်းစုံကို ဟာသနှောပြီး ရိုက်ပြထားတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအမည်ပေးရရင်တော့ တင်မ်နဲ့ စတက်ဖန်ရဲ့ အရှုပ်တော်ပုံပဲ ဆိုပါတော့။ ဒီဇာတ်ကားထဲမှာတော့ တင်မ်အဖြစ် Ed Oxenbould နဲ့ စတက်ဖန်အဖြစ် Avant Jogia တို့က ပါဝင်သရုပ်ဆောင်ထားပြီး comedy-drama ကား ကောင်းတစ်ခုဖြစ်ကြောင်း ပြင်သစ်ပရိသတ်တွေက ညွှန်းဆိုပေးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naing တို့ဖြစ်ပါတယ်)

Drama
5.6 2021 93 mins
The Exchange
Operation Fortune: Ruse de Guerre
6.4

ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။ File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre…action/ Thriller / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

6.4 2023
Operation Fortune: Ruse de Guerre
Foe
5.8

Foe (2023) Foe ကို ရိုက်တာက Lion (2016) နဲ့ Mary Magdalene (2018) တို့ရဲ့ ဒါရိုက်တာ Garth Davis ဖြစ်ပြီး မနှစ်က A24 ရဲ့ Aftersun နဲ့ လူကြိုက်များခဲ့သလို မင်းသားဆုလည်း အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့၊ Normal People စီးရီးရဲ့ အဓိကဇာတ်ကောင်လည်းဖြစ်ခဲ့တဲ့ Paul Mescal နဲ့ သူ့အရွယ်တန်းမင်းသမီးတွေထဲ သူ့ကိုမီတဲ့လူ ဘယ်သူမှမရှိတဲ့၊ ဟိုးငယ်ငယ်ကလေးကတည်းက Atonement မှာ အားလုံးမြင်ကတ်လောက်အောင် ပညာပြခဲ့သလို Little Women, Lady Bird, The Grand Budapest Hotel, Loving Vincent စစသဖြင့် ရိုက်သမျှကားတိုင်းမကောင်းမရှိသလို သရုပ်ဆောင်လည်း သိပ်ကောင်းတဲ့ Saoirse Ronan တို့က ပါဝင်သရုပ်ဆောင်ထားတယ်။ ဒီ၂ယောက်ရဲ့ Acting စကေးနဲ့တင် ဒီကားက တန်ပေမဲ့ ဝေဖန်ရေးသမားတွေဆီမှာတော့ မျက်နှာပန်းမလှခဲ့ပါဘူး။ ဇာတ်ကလည်း ပြချင်တာတော့ ကောင်းပေမဲ့ နည်းနည်းတော့ မနိုင်သလိုဖြစ်သွားတာကြောင့်လည်း ပါချင်ပါလိမ့်မယ်။ ဒါပေမဲ့ ဇာတ်က မဆိုးနေပြန်တော့ တန်တယ်ပြောရမှာပဲ။ ဇာတ်ကတော့ Psychological Thriller ဇာတ်။ မူရင်းစာအုပ်ကလည်း ဆုတွေဘာတွေရထားသေးတယ်။ ပြထားတာတွေကတော့ သိပ်မကြာသေးခင်က နည်းနည်းဟောင်းတဲ့ကာလတွေဆန်ပေမဲ့ ကာလကတော့ လူသားတွေ အာကာသထဲ အခြေချဖို့ကြိုးစားနေကြတဲ့ ဒီခေတ်အလွန်ကာလ။ ကျေးလက်ထဲမှာ ရိုးရိုးကုတ်ကုတ်နေနေတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ ပြောရရင် အမေရိကကို ဒီဗွီပေါက်သလို အမေရိကကနေ အာကာသထဲကိုသွားဖို့ ယောက်ျားဖြစ်သူက ဒီဗွီပေါက်သွားတယ်။ အာကာသထဲသွားနေရတော့မယ်ပေါ့။ ဒီမှာ ကျန်ခဲ့ရမယ့်သူနဲ့ ထွက်သွားရတော့မယ့်သူကြား ပြဿနာစတက်တယ်။ ဆန်းတော့ဆန်းသား… ဒီကားက သိပ္ပံစိတ်ကူးယဉ်အမျိုးအစားလည်း သွင်းလို့ရပေမဲ့ ပေါလ်ရဲ့ ရိုနန်တို့ရဲ့ သရုပ်ဆောင်စကေးကို ပြလို့ရမယ့် ဒရာမာခန်းတွေချည်း ဖောဖောသီသီသုံးသွားတယ်။ ဒီနောက် သူတို့ကို လာစောင့်ကြည့်တဲ့လူထည့်ပြီး ဒီသုံးယောက်ကြားက ပဋိပက္ခတွေကို ဆက်ပြတယ်။ သုံးယောက်စလုံး သရုပ်ဆောင်ကောင်းနေလေတော့ စကားပဲများနေတာပေမဲ့ ကြည့်လို့တော့ကောင်းနေတယ်။ နောက် ထွက်သွားရတော့မယ့် ယောက်ျားနေရာမှာ အစားထိုးဖို့ လူလုပ်အသိဉာဏ်နဲ့ ခန္ဓာကိုယ်ပါရှိတဲ့ သူ့ယောကျ်ားနဲ့တစ်ထေရာတည်းတူတဲ့ လူလုပ်လူတစ်ယောက်ထားခဲ့ဖို့လုပ်တယ်။ အဲဒီလူလုပ်လူအတွက် လိုအပ်တဲ့ မှတ်ဉာဏ်တွေ ဗီဇတွေ ပင်ကိုစရိုက်တွေကို ပေါလ်ရဲ့ဇာတ်ကောင်ဆီက ယူဖို့လုပ်ရင်း မထင်မှတ်ထားတဲ့အရာတွေ ကြုံလာရတယ်။ ဒါပါပဲ။ တစ်ခါတလေ ဉာဏ်စဉ်မမီနိုင်တော့တဲ့ အချစ်တွေရှိလိမ့်မယ်။ ဆန်းပြားစွာပဲ သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတယ်။ ဘယ်လိုပုံစံမျိုးနဲ့ရှိနေလဲ ကျွန်တော်တို့ကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အရာတွေပေါ့။ ဘောင်တွေထဲဝင်ရင်းတိုးရင်း ကျွန်တော်တို့ဘယ်လိုလူတွေလဲ ကျွန်တော်တို့မသိနိုင်တော့တဲ့အထိ အဲဒီအချစ်တွေ ခက်ခဲလွန်းတယ်။ ဒီရုပ်ရှင်ရဲ့ တစ်စိတ်တစ်ဒေသဟာ အဲဒီလိုအချစ်တွေကို ပုံဖော်သွားခဲ့တယ်။ မှန်ခြင်းမှားခြင်းတွေပါလာတဲ့အခါ ဒီရုပ်ရှင်က ဇာတ်ကောင်တွေဟာ အဲဒီအချစ်တွေကို ဘာမှမတတ်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ခဲ့ဘူး။ သဏ္ဍာန်တွေ သဏ္ဍာန်တွေ ဘယ်လိုပဲ ကွဲကြပါစေပေါ့… အချစ်ဆိုတဲ့အရသာဟာ ဘယ်တော့မှ ဟောင်းမသွားဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 2.2GB, 1.05GB Quality – 4K HEVC, 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 50Min Genre – Drama, Thriller, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y, Ka Naung

5.8 2023
Foe
Axone
6.9

Axone (2019) “အာစွန်း” IMDb – 6.9/10 အိန္ဒိယအရှေ့မြောက်ပိုင်းကနေ ပြောင်းလာတဲ့ သူငယ်ချင်းတစ်စု ဒေလီမှာ အခြေချဖို့ တိုက်ခန်းငှားပြီး စုနေကြတာပေါ့။ ဒီလိုနဲ့ သူတို့အဖွဲ့ထဲက မီနမ်က လက်ထပ်တော့မယ်ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတစ်စုလည်း အိန္ဒိယမြောက်ပိုင်းရိုးရာဟင်းတစ်ခွက်ကို မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ချက်ပြုတ်ဖို့ပြင်ဆင်ကြပါတော့တယ်။ ဖြစ်ချင်တော့ ဟင်းလျာမှာ မဖြစ်မနေပါရမယ့်အရာက အာစွန်းလို့ခေါ်တဲ့ ပဲငပိဖြစ်နေတော့ အနံ့ကပြင်းတဲ့အပြင် အပ်ဆနာနဲ့ ရှန်ဘီးတို့ကလည်း ဟင်းချက်ဆို ကြက်ဥတောင်တူးမယ့်သူတွေဖြစ်နေလေတော့ ချက်မယ့်လူကမရှိ၊ အိမ်ရှင်ကလည်း ပဲငပိဟင်းချက်ဖို့ကိုလက်မခံ၊ ချက်တတ်တဲ့သူက ချက်မယ့်နေရာကိုလာလို့မရနဲ့ လွဲပြီးရင်လွဲနေ၊ တစ်ဖက်ကလည်း မီနမ်ကလက်ထပ်မယ့်နေ့ကျမှ အလုပ်အင်တာဗျူးသွားနေရလို့ မရှိနေလေတော့…. သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ မြောက်ပိုင်းအငွေ့အသက်လေးပါစေချင်တဲ့ အပ်ဆနာတို့တစ်သိုက် အာစွန်းနဲ့ဝက်သားဟင်းကို အဆင်ပြေပြေချက်ပြုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ V ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Romance • Comedy • Drama • TV Movie
6.9 2019 96 mins
Axone
Tomb Guarding Man
5.7

ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေက ရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ – သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးက သင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊ မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူ စစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူက လက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာ သင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီး မြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေက အမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး

5.7 2024
Tomb Guarding Man
Once Upon a Time in Mexico
6.4

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ Once Upon a Time in Mexico (2003) IMDb Rating (6.6) / Rotten Tomatoes (63%) ဒီဇာတ်ကားကတော့ Mexico Trilogy ရဲ့ နောက်ဆုံးဇာတ်ကားပါ။ မင်းသားကြီး Johnny Depp , Antonio Banderas တို့အပြင် မင်းသမီးတွေဖြစ်တဲ့ Salma Hayek နဲ့ Eva Mendes တို့လို နာမည်ကျော်တွေနဲ့အပြင်းစားရိုက်ကူးထားတာပါ။ ဒီခါတော့ CIA တွေရော မက္ကဆီကိုရဲ့နိုင်ငံရေးတွေရောစတဲ့ ကိစ္စအကြီးကြီးတွေကိုပါ ပေါ်တင်ဒဲ့ရှင်းကြမှာမလို့ Cast အမိုက်စားတွေနဲ့ အက်ရှင်အလန်းတွေကြည့်ရမှာပါ။

6.4 2003
Once Upon a Time in Mexico
Kanguva
5.3

Kanguva (2024) “ကံကြမ္မာပဟေဠိ” (WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ ထပ်မံUpdateပေးထားပါတယ်) IMDb – 5.3/10 ၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။ တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။ သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်)

Drama
5.3 2024 154 mins
Kanguva
1134
6.7

1134 (2024) “ဒုစရိုက်အမှောင်” ပရိသတ်ကြီးအတွက် ခပ်ဆန်းဆန်း တေလဂူး မှုခင်းရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လေးလအတွင်း ATM စက် ခိုးယူမှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ ထူးဆန်းတဲ့ ဂိုဏ်းတစ်ဂိုဏ်းကို ဖော်ထုတ်ရာမှာ သဲလွန်စတစ်ခုမှမရှိဘဲ ဖြစ်နေပါတယ် ထူးဆန်းတာက ဒီထဲမှ ပါဝင်တဲ့အဖွဲ့ဝင်သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ အတူတူတွဲလုပ်နေမှန်းလည်း မသိသူတွေပါ သူတို့ကို ဘယ်သူက ဘယ်လိုခိုင်းတာလဲ ပါဝင်ကြတဲ့ အဖွဲ့ဝင်တွေကရော ဘယ်သူတွေလဲ နောက်ကွယ်ကအကြောင်းရင်းမှန်ကရော ဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Romance • Drama
6.7 2024 103 mins
1134
The Party
6.6

The Party (2017) IMDb – 6.6 လူမှုရေးဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ The Party (2017) ဟာ ဗြိတိသျှ အနုပညာလက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး ပြသချိန် ၇၁ မိနစ်ပဲကြာပေမဲ့ သရုပ်ဆောင်တွေရဲ့ အထူးချွန်ဆုံး ပါဝင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရေးသမားတွေရဲ့ အပြည့်အဝချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရရှိခဲ့သောဆုများ – Berlin International Film Festival (2017) – Silver Bear for Best Script (Sally Potter) – British Independent Film Awards (2017) – Best Supporting Actress (Patricia Clarkson) – အခြားဆန်ကာတင်စာရင်းဝင် ဆုများစွာ သရုပ်ဆောင်တွေကတော့ – စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ အောင်မြင်တဲ့ နိုင်ငံရေးသမား ဂျန်းနက်အဖြစ် Kristin Scott Thomas – ဂျန်းနက်ရဲ့အရက်လွန်ကျွံသောက်ပြီးစိတ်ဓာတ်ကျနေတဲ့ခင်ပွန်း ဘေလ် အဖြစ် Timothy Spall – ပါးနပ်ပြီး ပွင့်ပွင့်လင်းလင်းနဲ့မဟုတ်မခံစိတ်ရှိတဲ့ အေပရယ်အဖြစ် Patricia Clarkson – အေပရာယ်ရဲ့အမျိုးသား lofe coach ဂေါ့ဒ်ဖရီးအဖြစ် Bruno Ganz – အစိုးရဘဏ္ဍာရေးအရာရှိ တွမ်အဖြစ် Tom Shelby စတဲ့နာမည်ကြီး အနုပညာရှင်များစွာပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဂျန်းနက်ရဲ့နိုင်ငံရေးအောင်ပွဲအနေနဲ့ ဂျန်းနက်နဲ့ဘေလ်တို အိမ်မှာကျင်းပတဲ့ပါတီ တစ်ခုဟာ မိနစ်ပိုင်းအတွင်း အရှုပ်တော်ပုံကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဂျန်းနက်ရဲ့ နိုင်ငံရေးအောင်မြင်မှု၊ ဘေလ် ရဲ့ ကျန်းမာရေးပြဿနာ၊ မိတ်ဆွေတွေရဲ့ လျှိဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေဟာ ပါတီမှာအကုန်ပေါ်ပေါက်လာပြီး အချင်းချင်းဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ ” Party ဟာ ဘဝရဲ့ အမှောင်ဆုံးနဲ့ ဟာသဆန်ဆန် မိနစ်တွေကို ရောစပ်ထားတယ်” ဆိုတဲ့ ဝေဖန်သူတွေရဲ့ မှတ်ချက်အတိုင်း ဒီဇာတ်ကားလေးဟာ လူမှုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ထောက်ပြတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါကြောင့် Dark Comedy ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတိုင်း မပြတ်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size – 1GB/ 405MB Quality – BluRay 1080p/ 720p Duration – 1h 11m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Vic Encoded by – Treasure Htet

Thriller • Crime • Action
6.6 2017 71 mins
The Party
Your Lie In April
6.8

ဧပြီလ… ဂျပန်နိုင်ငံမှာ ဆာကူရာပန်းလေးတွေ ဖွေးဖွေးလှုပ်လှုပ်နဲ့ ပွင့်နေချိန် မကြာခင်မှာပဲ ပန်းလေးတွေ ပြန်လည်ကျမလားဆိုတာကို အာရုံစိုက်နေချိန်မှာ… ဒီဇာတ်ကားလေးကတော့ ဆာကူရာပန်းတွေနဲ့ အလှကို အခြေခံထားတဲ့ အချစ်၊ သံသယ၊ နာကျင်မှု၊ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ် မင်းသား – ဂျပန်နာမည်ကြီးမင်းသား Yamazaki Kento က “ကိုးဆေး” အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်ငယ်ကတည်းက မိခင်ရဲ့သင်ကြားမှုကြောင့် စန္ဒရားကို အထူးကျွမ်းကျင်တဲ့ ကိုဆဲအိတစ်ယောက်ဟာ… တစ်နေ့မှာတော့ မိမိအကြိုက်ဆုံး စန္ဒရားတီးခြင်းကို စွန့်လွတ်လိုက်ရတယ် ဘာကြောင့်လဲ မထင်မှတ်ပဲ ကိုဆဲအိရဲ့ ဘဝထဲကို ဝင်ရောက်လာတဲ့ တယောဆရာမလေး “ခါအိုရီ” သူမက ဘယ်သူလဲ? သူမရဲ့ ရှိနေမှုက ကိုးဆေးရဲ့ ဘဝကို ပြန်လည်အလင်းရောင်ဖြစ်လာစေမလား? အဲဒီအချိန်မှာပဲ… ကိုးဆေးရဲ့ငယ်သူငယ်ချင်း “ဆုဘာကီ” ဟာ သူ့ကိုချစ်နေပေမယ့် မရနိုင်တဲ့အချစ်နဲ့ရင်ဆိုင်ရတယ် ကိုးဆေးရဲ့နှလုံးသားဟာ ဘယ်ဖက်ကိုဆုတ်သွားမလဲ ဂျပန်မန်းဂမှ ပြုပြင်ထားပြီး လူငယ်ပရိတ်သတ်တွေအကြား ထင်ရှားသံကြားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဆာကူရာပန်းပွင့်လှုပ်လှုပ်အချိန်မှာ မျှော်လင့်ချက်နဲ့အတူ နာကျင်မှုကိုလည်း ခံစားစေမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတယ် ထပ်ပြောနေရင် စပွိုင်းတယ်ဖြစ်မှာစိုးလို့ မပြောတော့ဘူး သေချာတာတစ်ခုကတော့ ဒီဇာတ်ကားလေးဟာ ရ င်ထဲတခုခုကျန်ထားစေမယ့် ကားကောင်းတစ်ခု ဖြစ်တယ်ဆိုတာပါပဲ…

Drama • Crime • Thriller • Mystery
6.8 2016 122 mins
Your Lie In April