YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Cute Bodyguard E20 (1080p) CM.mp4

540.99 MB N/A video/mp4 96 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Swallowed
6.3

(ရိုင်းစိုင်းတဲ့စကားလုံး​တွေ၊ ဝတ်လစ်စလစ်အခန်း​တွေပါတာ​ကြောင့် ၁၈နှစ်​အောက် သို့ ၁၈​ယောက်မပြည့်ရင်မကြည့်ကြဖို့ တိုက်တွန်းပါရ​စေ) 2022 မှာထွက်ရှိထားတဲ့ Swallowed ဆိုတဲ့ကား​လေးက သည်းထိတ်ရင်ဖိုအမျိုးအစားတစ်ခုဖြစ်ပြီး BL မကျတကျကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မကြာခင် အပြာကားသရုပ်​ဆောင်အဖြစ်နဲ့ အယ်​လ်​အေမှာ အလုပ်သွားလုပ်​တော့မယ့် အချစ်ဆုံးသူငယ်ချင်း ဘန်ဂျမင်းတစ်​ယောက် သူ့သူငယ်ချင်းဒွန်းနဲ့ အတူနှုတ်ဆက်ပွဲလုပ်​ပြီးအပြန် ဒွန်းရဲ့တရားမဝင်ပစ္စည်းတစ်ချို့ ကယ်လီဖိုးနီးယားဘက်ကို ပို့​ပေးရမယ့်အစီအစဥ်ထဲ ဝင်ပါမိသွားတဲ့အခါ ဘာ​တွေဆက်ဖြစ်မလဲ... သူတို့သယ်​ပေးရတဲ့ပစ္စည်းက​​ရော မူးယစ်​ဆေး​တွေမဟုတ်ပဲ ဘာ​တွေလဲ... ဒွန်းက​ရော ဘာလို့ဒီလို အလုပ်ကို​ရွေးချယ်ခဲ့တာလဲဆိုတာ​တွေကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်ဇာတ်လမ်း​ကောင်း​လေးလည်းဖြစ်ပါတယ်။ ဒွန်းနဲ့ ဘန်ဂျမင်းရဲ့ တစ်​ယောက်ကိုတစ်​ယောက်ချစ်ရဲ့သားနဲ့ ဖွင့်မ​ပြောတဲ့ ​ယောကျာ်း​လေးနှစ်​ယောက်ကြားက အချစ်ကိုလည်း စိတ်ဝင်စားဖွယ်​ကောင်း​အောင် ရိုက်ပြထားပါ​သေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama • War
6.3 2022 95 mins
Swallowed
Get Paid

သိပ်ချစ်ရတဲ့အမျိုးသားနဲ့ သားလေးနဲ့အတူ စီးပွားရေးလည်း အဆင်ပြေလာတဲ့ ဒွန်နီရဲ့ ဘဝက သိပ်ကို သာယာကောင်းမွန်နေခဲ့ ပါတယ်။  သို့ပေမဲ့ တစ်နေ့မှာ အိမ်ဓားပြတိုက်မှုကြောင့် သူမရဲ့သား လေးက သေဆုံးသွားခဲ့ရတာကြောင့် သူမနဲ့ အမျိုးသားဖြစ်သူ ပိတ်တို့က သူငါအပြန်အလှန်အပြစ်တင်ရင်း ခွာပြဲသွားပါတယ်။ စိတ်လေနေတဲ့ ဒွန်နီရဲ့ ဘဝထဲကို ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး၊ ဒွန်နီ့ကိုအချစ်ဆုံးယောကျာ်းတစ်ယောက် ထပ်ရောက်လာခဲ့ပြီး ဒွန်နီ ပြန်လည်ပျော်ရွှင်လာခဲ့ရပေမဲ့၊ သူမရဲ့အချစ်ရေးအသစ်ကရော အဆုံးထိ ပျော်ရွှင်ရတဲ့အချစ်ရေးဖြစ်နိုင်မလား၊ မထင်ထားတဲ့ဇာတ်အလှည့် အပြောင်းနဲ့အတူ သူမသားလေးအသတ်ခံရမှုရဲ့ တရားခံတွေကိုရော ဖမ်းမိနိုင်မလား ဆိုတာကို စောင့်ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(673 MB) / (437 MB) Quality............WEBRIP 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Translator.......NaNa Yuni Encoder..........SWM

Drama • Romance
0 2022
Get Paid
The Worst Person in the World
7.6

မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။ " အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ဟန်ဆောင်ခြင်းတောင်တန်းကြီးခြားပြီး လွင်ပြင်ကျယ်ဆီ ဆိုက်ရောက်လာခဲ့တယ်။ ပင်လယ်ရေတွေကတော့ တစိမ့်စိမ့်။ အချိန်ကြာလာတာနဲ့အမျှ ပင်လယ်ရေတွေစိမ့်ဝင် စုစည်းများပြားလာချိန်မှာ လွင်ပြင်ဟာ လွင်ပြင်မဟုတ်တော့လေတော့ ဇာတ်ကောင်ဟာ လွင်ပြင်သစ်ဆီ ကူးဖို့ အကြောင်းဖန်လာတယ်။ ကနဦးမှာတော့ သူတုံ့ဆိုင်းမိနေပေမဲ့ အဆုံးမှာတော့ လွင်ပြင်ကျယ်သစ်ဆီ ရောက်သွားခဲ့တာပါပဲ။ အလှပဆုံးဇာတ်ဝင်ခန်းလို့ဆိုရမယ်။ လောကကို မင်းဂရုစိုက်နေတဲ့အခါ လောကကြီးက ဆက်ရွေ့လျားနေပြီး မင်းကတော့ ရပ်တန့်နေရမှာပဲ။ လောကကို မင်းဂရုမစိုက်တော့တဲ့အခါ လောကကြီးက ရပ်တန့်ပြီး မင်းကတော့ ရှေ့ဆက်နေလိမ့်မယ်။ "ငါအမှားများလုပ်သည်။ ထို့ကြောင့် ငါရှင်သန်နေသည် " လား။ " ငါရှင်သန်နေသည်။ ထိုကြောင့် ငါအမှားများလုပ်သည်" လား။ ထားပါဦး။ ဇာတ်ကောင်ဟာ မမှန်ကန်ဘူးလို့ ဆိုလို့ရမှာပါ။ တစ်ပါးသူအတွက်ပေါ့။ သူ့အတွက်တော့ သူမမှားခဲ့ပါဘူး။ မှားခဲ့သည်ရှိစေ သူ့ရဲ့သက်ဝင်ရှင်သန်လာပုံကို မြင်ရတဲ့အချိန်မှာ အပြစ်လို့လည်း မမြင်နိုင်ပါဘူး။ ဇာတ်ကောင်ဟာ အမှားပေါင်းများစွာကြား ရှင်သန်နေတဲ့ လူသားတစ်ယောက်ပါပဲ။ အမှားကို ထပ်မှားပြန်တဲ့အခါ အမှားက အမှန်ဖြစ်ပြန်ဖြစ်သွားလားတော့ မသိနိုင်ဘူးပေါ့။ မှန်ခြင်းမှားခြင်းများကို ဖယ်ထားပါဦး။ ချစ်ခြင်းဟာ ဒီလိုပါပဲ။ ဒီလိုပဲ ကျော့ဆုံးရေ ဒီလိုပဲ။ ကမ္ဘာမှာ မကောင်းဆုံးလူလို့ ကိုယ့်ကိုယ့်ကိုယ် ခံစားနေရတောင်မှပဲ ချစ်ခြင်းကို ငါတို့ မရပ်တန့်နိုင်ခဲ့ကြရပါဘူး။ တိမ်တွေပဲလွင့်လွင့် လေပြေပဲ၀င့်၀င့်၊ အဓိပ္ပာယ်ရှိခြင်း မရှိခြင်းများ၊ ရှည်ကြာခြင်း တို‌တောင်းခြင်းများ၊ ဆင်ခြင်တုံတရား မောဟများ ဘယ်လိုဘယ်ပုံပဲရှိနေပါစေ၊ ချစ်ခြင်းကတော့ တည်နေဦးမယ်။ ဇာတ်ကောင်ရဲ့ လွတ်လပ်မှုကို ဒါရိုက်တာ Joachim Trier ဟာ ကြည့်ရှုသူပါ ပါဝင်စီးမျောနိုင်အောင် ပြသွားခဲ့တယ်။ ဇာတ်ကောင်ကို မုန်းမရခြင်းမှာ ဒါရိုက်တာရဲ့ စွမ်းရည်ကို အထင်းသား မြင်နိုင်တယ်။ မျက်စိပဒေသာဖြစ်တဲ့ စီနီမာတိုဂရပ်ဖီတွေ၊ နား၀င်လွယ်တဲ့သီချင်းချိုချိုတွေ၊ သိစိတ်အလျဉ်စာရေးနည်းဆန်တဲ့ တင်ဆက်ပြသပုံတွေနဲ့ ဒါရိုက်တာဟာ ရုပ်ရှင်ကို အလှပဆုံးအသက်သွင်းထားတာပါ။ မင်းသမီးကလည်း သူ့ရဲ့ လှပလွန်းတဲ့ ဇာတ်ကောင်ကို ပုံဖော်ရာမှာ တာ၀န်ကျေခဲ့ပါတယ်။ ဒါကြောင့်လည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Best Actress ဆုကိုတောင် ဆွတ်ခူးနိုင်ခဲ့တာပါပဲ။ ရုပ်ရှင်ဟာ Joachim Trier ရဲ့ Oslo Trilogy ရဲ့ နောက်ဆုံးဘိတ်ရုပ်ရှင်ပေမဲ့ Wong Kar Wai ရဲ့ Informal Trilogy လိုပဲ တစ်ကားတည်းကြည့်လည်း အဆင်ပြေတဲ့ Trilogy မျိုးပါ။ ပုဂ္ဂလိကအမြင်အရတော့ 2021 နှစ်ထွက်ခဲ့သမျှထဲ Drive My Car ပြီးရင် The Worst Person in the World ကို သဘောအကျမိဆုံးပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.34GB, 740MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 7Min Type - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery • Thriller
7.6 2021 128 mins
The Worst Person in the World
Winter on Fire: Ukraine's Fight for Freedom
8

ယူကရိန်းနိုင်ငံဟာ အရှေ့နဲ့ အနောက် နိုင်ငံတွေကြားထဲမှာ တည်ရှိပါတယ်။ အစက ဆိုဗီယက်ပြည်ထောင်စုထဲမှာ ပါပေမယ့် ၁၉၉၁ မှာ ယူကရိန်းဟာ ဆူဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် ကြေညာခဲ့တယ်။ ဒါပေမယ့် ၂၃ နှစ်လုံး ရွှေရည်စိမ်ဒီမိုကရေစီနဲ့ စီးပွားရေး ချွတ်ခြုံကျနေတဲ့ နိုင်ငံလို့ပဲ ပြောရမှာပါပဲ။ ၂၀၀၄ မှာ ရုရှားဘက်ယိမ်းတဲ့ အမတ်လောင်း ဗစ်တာ ယာနူကိုဗစ်ချ်ဟာ သမ္မတအဖြစ် မဲအနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မသမာကြောင်း ပေါ်ပေါက်ပြီး ပြည်သူတွေ ဆန္ဒပြခဲ့တာကြောင့် နောက်ဆုတ်လိုက်ရပါတယ်။ ၂၀၁၁ မှာတော့ ရာနူကိုဗစ်ချ်ဟာ ယူကရိန်းကို EU အဖွဲ့ဝင်မယ်ဆိုတဲ့ ကတိနဲ့အတူ ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက်မှာ ကတိဖျက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ပဲ ကြိုးစားခဲ့ပါတယ်။ EU သဘောတူညီချက်ကို လက်မှတ်မထိုးခဲ့တာကြောင့် ကျောင်းသားတွေက စပြီး သူတို့အနာဂတ်အတွက် မိန်ဒန်လွတ်လပ်ရေး ရင်ပြင်မှာ ဆန္ဒပြရာကစပြီး တစ်နိုင်ငံလုံးပါဝင်လာတဲ့ သပိတ်ကြီးပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကို သမ္မတက ရဲတွေ ဆန္ဒပြနှိမ်နင်းရေးအထူးရဲတွေ ကြေးစားလူမိုက်တွေနဲ့ ဖြိုခွင်းဖို့ ကြိုးစားလာတဲ့အခါမှာတော့ ဆောင်းတွင်းကာလကြီးမှာ မီးဟုန်းဟုန်းတောက်ခဲ့ရပါတော့တယ်။ အစိုးရကိုဖြုတ်ချတဲ့ တော်လှန်ရေးဆိုတာ မလွယ်ပါဘူး။ အရင်းအနှီးကြီးပါတယ်။ ထိခိုက်သေဆုံးမှုတွေ အများကြီးရှိခဲ့ပြီး မိန်ဒန်ရင်ပြင်တွေမှာ အိမ်မပြန်တမ်း စခန်းချပြီး အဆုံးထိ ဆက်တိုက်ခဲ့လို့သာ သမ္မတရာနူကိုဗစ်ချ် ပြုတ်ကျပြီး ယူကရိန်းတွေ အတွက် လွတ်လပ်ရေးအစစ်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကာလထဲမှာ ပြောခဲ့တဲ့စကားတွေ လှုပ်ရှားခဲ့တဲ့ လူတွေ၊ စတေးခဲ့ရတဲ့လူတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပြီး မျက်ရည်ဝဲစရာ ကြက်သီးထစရာတွေနဲ့ ပြည့်နေတာမို့ ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ရပါတယ်။ Translated by : Mr.Anderson File size… Quality…. 720p Format…mp4 Genre ..... Documentary Duration….1hr 42min Subtitle….Myanmar Subtitle (Hardsub)

Drama • Horror • Mystery • Thriller
8 2015 98 mins
Winter on Fire: Ukraine's Fight for Freedom
Mummies
7.2

Mummies (2023) ~ TMDb - 66%, Rotten Tomatoes - 70% ~ ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။ အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။ အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။ ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြို့ကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် နက်ဖာအတွက် ကြင်ယာဖက်ရွေးဖို့ အချစ်နတ်ဘုရားမရဲ့ ဖီးနစ်ငှက်ကို ရွေးခိုင်းရင်းနဲ့ တလွဲတွေဖြစ်ပြီး လှည်းပြိုင်သမား သွပ်ကို ရွေးချယ်ခံလိုက်ရပါတော့တယ်။ ဒါပေမဲ့ မင်းသမီးက လက်မထပ်ချင်လို့ ထွက်ပြေးရင်း၊ သွပ်ကလည်း သူ့ကိုသိမ်းဆည်းခိုင်းထားတဲ့ လက်ထပ်လက်စွပ် အခိုးခံရလို့ အပြစ်ပေးခံရမှာကြောက်ပြီး ပြန်လိုက်ရှာရင်း နှစ်ယောက်လုံး လူသားကမ္ဘာထဲကို ရောက်လာပါတော့တယ်။ မံမီတွေ လူသားကမ္ဘာထဲမှာ ဘာတွေတလွဲလုပ်ပြီး ဘာတွေရင်ဆိုင်ရမလဲဆိုတာ... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 820MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 28Min Genre - Animation, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Animation • Family
7.2 2023 88 mins
Mummies
The Exit Row
2

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ Thriller ပရိသတ်ကြီးအတွက် (၂၀၂၃) ထွက် The Exist Row ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် ဆာရှာဒေ့ဒ်က ခင်ပွန်းသည်ရယ် သားတစ်ယောက်ရယ်နဲ့အတူ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလောကမှာလည်း အောင်မြင်တဲ့ ကြော်ငြာလုပ်ငန်းရှင်တစ်ယောက် ဖြစ်ပါတယ်။ ကလင့်ထ်မိုင်ရာကတော့ နာမည်ကြီးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ယောက်ဖြစ်ပြီး ဘဝကိုအေးအေးဆေးဆေး တစ်ယောက်တည်းဖြတ်သန်းနေသူဖြစ်ပါတယ်။ သီးခြားစီဖြစ်တည်နေတဲ့ သူတို့နှစ်ယောက်ရဲ့ကမ္ဘာနှစ်ခုဟာ လေယာဉ်ခရီးစဥ်တစ်ခုမှာ ဝင်ရောက်တိုက်မိခဲ့ပြီး ကလင့်ထ်က ဆာရှာ့ကို ရူးရူးမူးမူးစွဲလမ်းသွားခဲ့ပါတယ်။ ဆာရှာကတော့ အဆင်မချောခဲ့တဲ့ ဒီလေယာဉ်ခရီးစဉ်အပြီးမှာ စိတ်ဒဏ်ရာရသွားခဲ့ပြီး စိတ်ဖိစီးမှုလျော့ကျဆေးတွေ သောက်ရတဲ့အပြင် သူ့နောက်ကိုလူတစ်ယောက်က လိုက်နေပါတယ်ဆိုတဲ့ ခြောက်ခြားစရာစကားတွေကိုလည်း ပြောလာခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုတွေလည်း ဖြစ်လာခဲ့ပြီး အရာရာအဆင်ပြေနေခဲ့တဲ့သူ့ဘဝလေးက ကမောက်ကမဖြစ်လာပါတော့တယ်။ ဆာရှာကြုံနေရတဲ့ ခြောက်ခြားစရာဖြစ်ရပ်တွေက ကလင့်ထ်ရဲ့စွဲလမ်းမှုနဲ့ ဘယ်လိုသက်ဆိုင်နေမလဲ။ ဆာရှာကပဲ စိတ်ကယောင်ခြောက်ချားဖြစ်နေခဲ့တာလား။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

Comedy • Drama • Sci-Fi & Fantasy
2 2023 91 mins
The Exit Row
Cold Pursuit
5.8

ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။ နာမည်ကျော်မင်းသားကြီး Liam Neeson က အဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့ Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့ စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။ နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ် သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်း အေးဆေးစွာနေထိုင်လာခဲ့သူပါ။ ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာ အများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့် တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။ သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့် သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။ သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်း သူဘာတွေသိလာခဲ့ရသလဲ? သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ? သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ? ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက် ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ... File Size : (974 MB) & ( 355 MB) Quality : 1080p HC HDRIP Running Time : 1 hr 59 min Format : Mp4 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Action • Drama
5.8 2019 119 mins
Cold Pursuit
Motherless Brooklyn
6.7

ဒီကားလေးကတော့ Imbd 6.9 ရရှိထားပြီးဂျွန်နသန် ရဲ့ နာမည်ကျော်ဝတ္ထု ကိုအသက်သွင်းထားတာဖြစ်ပါတယ် ဇာတ်လမ်းကို ၁၉၅၀ ဝန်းကျင်ကာလနယူးယောက်မှာ နောက်ခံထားရိုက်ကူးထားပါတယ် အာရုံကြောဆိုင်ရာအားနည်းပြီးအဓိပ္ပါယ်မဲ့ စကားတွေကို ထိန်းမရပဲပြောတတ်တဲ့စုံထောက် လိုင်ရိုနယ်က တဖက်မှာလည်းထက်မြက်ပြီးဉာဏ်ကောင်းနေပြန်ပါတယ် တနေ့မှာ သူ့ရဲ့သူဌေးဖရန့်မီနာ ကမြို့တော်ဝန် မိုးစက်ရဲ့ ကိစ္စမှာဝင်ရှုပ်လို့ အသတ်ခံရပါတယ် အဲ့တာကိုမကျေနပ်ပြီးတော့လိုင်ရိုနယ်ကသတင်းထောက် အနေနဲ့ ဟန်ဆောင်ပြီးစုံစမ်းဖော်ထုတ်ချိန်မှာတော့ အဲ့မြို့ကိုထိန်းချုပ်ထားတဲ့အာဏာပိုင်တွေရဲ့ အရှုပ်တော်ပုံ တွေ့လိုက်ရတဲ့အခါမှာ အာဏာရူးတွေရဲ့ အကြောင်းကို ထဲထဲဝင်ဝင်သိရှိသွားပြီးတော့ လူမည်းတွေကိုခွဲခြား ဆက်ဆံတာတွေ လာဘ်စားမှုတွေ ပါဝါပြမှုတွေကိုပါ ရှာဖွေတွေ့ရှိသွားပြီး မြို့ရဲ့ အန္တရာယ် အရှိဆုံးသော သမိုင်းဝင်မဲ့အာဏာရှင်နဲ့ တည့်တည့်တိုးပါတော့တယ် ဂန္ထဝင်ဆုရ စုံထောက်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုသင့်ပါကြောင်း .......... File Size : ( 1 GB , 434 MB ) Quality : WEB-DL 720p Running Time : 2 hr 24min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Kaung Thant Win Htet Encoded by Moe Myint Lwin

Drama
6.7 2019 145 mins
Motherless Brooklyn
Front of the Class
8.1

Front of the Class (2008) “Hichki” ဆိုတဲ့ ဘောလိဝုဒ် ဇာတ်ကားတစ်ကားကို လူကြီးမင်းတို့ မှတ်မိကြမှာပါ။ အကြောဆွဲရောဂါရှိပြီး လည်ပင်းတဆတ်ဆတ်၊ အသံပေါင်းစုံ ထွက်နေတဲ့ ဆရာမလေးတစ်ယောက်က လူဆိုးတွေစုဝေးတဲ့ အတန်းတစ်တန်းကို ဘယ်လိုထိန်းကျောင်း သင်ကြားသွားတယ်ဆိုတာပေါ့။ အခုတင်ဆက်မယ့် ဇာတ်ကားကတော့ ဟောလိဝုဒ် ဇာတ်ကားဖြစ်ပြီး အကြောဆွဲရောဂါရှိတဲ့ ကလေးလေးတစ်ယောက်အကြောင်းပါပဲ။ သူများနဲ့မတူ ထူးဆန်းနေပြီး စိတ်အနှောင့်အယှက်ဖြစ်စရာအသံဗလံတွေထွက်နေတဲ့ ကလေးငယ်ဟာ မိဘအတွက်၊ ဆရာတွေအတွက်၊ အတန်းဖော်တွေအတွက် စိတ်ပျက်စရာ ဒုက္ခအိုးလေးဖြစ်နေခဲ့ပါတယ်။ ဒီကောင်လေးကို မိဘက ဆူငေါက်၊ ဆရာတွေက အပြစ်ပေး၊ အတန်းဖော်ချင်းက အနိုင်ကျင့်ကြတယ်။ အချိန်မရွေး ခွေးဟောင်သံလိုလို အသံဗလံတွေ ထွက်နေလေ့ရှိတဲ့သူ့ကို စိတ်ပျက်ကြ၊ ဒေါသဖြစ်ကြ၊ ရွံရှာကြ။ ဒီကလေးက လောကငရဲမှာ လူလားမြောက်ခဲ့ရတဲ့သူ။ ဒီအချိန်မှာ သူ့ကိုနားလည်ပြီး၊ သူ့အခက်အခဲ၊ သူ့သိမ်ငယ်မှုကို အများသိအောင် ပညာသားပါပါ ကြေညာမောင်းခတ်နိုင်တဲ့သူ၊ သူ့ရဲ့ကျေးဇူးရှင် ကျောင်းအုပ်ကြီးကို လေးစားအားကျလွန်းလို့ သူ့ဘဝရည်မှန်းချက်ကို ဆရာတစ်ယောက်ဖြစ်လာစေရေး ပန်းတိုင်သတ်မှတ်ခဲ့တယ်။ သာမန်လူတွေအတွက်တောင် မလွယ်ရေးချမလွယ်တဲ့ ဆရာအလုပ်ကို ဒီအကြောဆွဲရောဂါသည်လေး ဘယ်လိုရအောင်လုပ်မလဲ။ သူ့ကလေးတွေနဲ့ ဘယ်လိုနှစ်ပါးသွားမလဲဆိုတဲ့ ရသမျိုးစုံ ဇာတ်ကွက်လေးတွေကို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပါပဲ။ မူရင်းစာရေးဆရာ ဘရက်ဒ် ကိုဟန် ရေးခဲ့တဲ့ Front of the Class နာမည်ကိုပဲ တိုက်ရိုက်ပြန်ယူပြီး ဇာတ်ကောင်နာမည်ကလည်း ဘရက်ဒ် ကိုဟန် ပါပဲ။ “ကျွန်တော်မတွေ့ခဲ့ဖူးတဲ့ဆရာတစ်ယောက် ကျွန်တော်ဖြစ်ရမယ်” ဆိုတဲ့စာသားကို ကျွန်တော် သိပ်သဘောကျတာပေါ့။ ဒီဇာတ်ကားက Rating 8.1 ကို ထိုက်ထိုက်တန်တန်ရထားတယ်လို့ ဆိုချင်ပါတယ်။ မင်းသားကြီး James Wolk ရဲ့ လက်ဖျားခါလောက်စရာ သရုပ်ဆောင်ချက်က ဒီဇာတ်ကားကို အဓိက သယ်သွားတာပါ။ သူ့ရဲ့အကြောဆွဲရောဂါကို သူကနာမည်ပေးထားတယ်။ “ထာဝရအဖော်မွန်”တဲ့။ ခြောက်ပေလေးပေ မြေကြီးထဲရောက်တဲ့အထိ အပါခေါ်သွားရမယ့် ရောဂါပေါ့။ ဒီရောဂါက သူ့ကို အနိုင်မယူစေဖို့အရေး၊ ဒီရောဂါက သူ့အိပ်မက်တွေ မတားဆီးနိုင်စေရေး၊ သူကျော်ဖြတ်ခဲ့ရတဲ့ နာရီ တစ်နာရီချင်းစီကို ကျွန်တော်တို့ ကိုယ်ချင်းစာကြည့်လိုက်ရအောင်လားဗျာ။ အညျွန်း နဲ့ ဘာသာပြန်ကတော့ Arr Khun Winchester ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama Quality…. 1080p | 720p | 480p File size… 2.9GB | 1.1GB | 537MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Arr Khun Winchester Encoder ….. Aaron

8.1 2008 95 mins
Front of the Class
One Summer Night
5.5

ဒါရိုက်တာ Kim Hunရိုက်ကူးပြီး သရုပ်​ဆောင် Kim Tae Hoon, Shin Won Ho, Choi Jae Sung တို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ BL Romance Dramaဖြစ်ပါတယ်.. ဇာတ်လမ်းအကျဥ်းက​တော့ မြောက်ကိုရီးယားစစ်တပ်က စစ်သား​တွေဖြစ်တဲ့ ယောင်းဂျွန်းနဲ့ ဂျယ်​ဆောင်းတို့ ချစ်ကြိုးသွယ်​နေစဥ်မှာပဲ အထက်လူကြီးက သိသွားခဲ့တာ​ကြောင့် ​ယောင်းဂျွန်းတစ်​ယောက် ​တောင်ပိုင်းကို ​ထွက်​ပြေးလာခဲ့ပါတယ် ​​ အဲဒီ​နောက်မှာ ထယ်ဂယူဆိုတဲ့ ​သဝန်အရမ်းတိုတတ်တဲ့ ခပ်ဆိုးဆိုးကောင်​လေးနဲ့ ​ တွေ့ပြီး ချစ်မိသွားကြပါတယ် ​ယောင်းဂျွန်းက ထယ်ဂယူဆိုးသမျှ သည်းခံပြီး ထယ်ဂယူရှာသမျှ ပြဿနာ​တွေကို လိုက်​ဖြေရှင်း​ပေးရင်း ဒုက္ခ​များခဲ့ပါတယ် နှစ်နှစ်ကြာပြီးတဲ့​နောက်မှာ ဂျယ်​ဆောင်းတစ်​ယောက် ​တောင်ပိုင်းကို ထွက်​ပြေးပြီး ​ ယောင်းဂျွန်းကို လိုက်ရှာပါ​တော့တယ် ​ယောင်းဂျွန်းနဲ့ ​တွေ့ပြီး​​နောက်ပိုင်း ထယ်ဂယူရဲ့ အထင်လွဲမှု​တွေ ​ဖြစ်​ပေါ်လာခဲ့သလို ယောင်းဂျွန်းမှာလည်း ငွေ​ကြေးအခက်အခဲတစ်ချို့ ဖြစ်လာခဲ့ပါတယ် ​ဒီပြဿနာ​တွေကို ​​ ယောင်းဂျွန်းတစ်​ယောက် ဘယ်လို​ဖြေရှင်းသွားမလဲဆိုတာကို ​ကြည့်ရှူခံစား​​ပေးကြပါဦး File size…1.81GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Stary

Drama
5.5 2016
One Summer Night
Suitable Flesh
5.4

Suitable Flesh (2023) ~ IMDb – 5.4/10, Rotten Tomatoes – 84% ~ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့… တော်တော်လေး ပုံပျက်ပန်းပျက် အသေဆိုးနဲ့သေထားရတဲ့ လူငယ်လေးတစ်ယောက်အလောင်းကို ရင်ခွဲမယ့်ဆရာဝန်ရယ်၊ စိတ်ရောဂါအထူးကုဆရာဝန်မရယ်က ကြည့်နေကြတယ်။ အဲဒီလူငယ်လေးကို သတ်လိုက်တဲ့သူကိုလည်း ထိန်းသိမ်းထားပြီးသားပါ။ သူကတော့ တခြားသူမဟုတ်ဘဲ ခုန စိတ်ကုဆရာဝန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ တစ်ခါက တော်တော်လေး အောင်မြင်ခဲ့တဲ့ စာအုပ်ကိုရေးသားခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ အဲလိဇဘက်ဒါဘီဆိုတဲ့ ခပ်ချောချောအမျိုးသမီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို သင်တို့ဆီ ခေါ်ဆောင်လာပေးတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒီတော့ လူသတ်သမားတစ်ဖြစ်လဲ ဒေါက်တာဒါဘီပြောပြမယ့်ဇာတ်လမ်းက ဘာများလဲ။ ဇာတ်ဖွင့်ဖွင့်ချင်းမှာတွေ့ခဲ့တဲ့ အလောင်းဖြစ်ပြီးသား လူငယ်လေးကရော အသက်ရှင်စဉ်က ဒေါက်တာဒါဘီနဲ့ ဘယ်လိုများ ပတ်သက်ခဲ့မလဲ။ လူနာတွေရဲ့ စိတ်သောကအပူအပင်တွေ၊ စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တဲ့ ဒေါက်တာဒါဘီတစ်ယောက် လူသတ်သမားဖြစ်သွားလောက်တဲ့ထိဖြစ်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်သောက,ကရော ဘာများဖြစ်မလဲ..။ ဆိုတော့ ဒါဟာ စိတ်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းပဲလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး၊ ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုလည်း ပါဦးမှာမို့ ဟော်ရာဖန်တွေကြိုက်မှာပါ၊ တစ်ခုရှိတာကတော့ Jump Scare တွေ မပါဝင်သမို့ အဲဒီလိုမျိုးမှ ကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ အိုခေမှာမဟုတ်ပါဘူး။ အဲဒီအစား Erotic Scene တွေတော့ ဟိုနားဒီနား ပါသမို့ ကြောက်စရာလေးကြည့်ရင်း စိတ်အမှောင်အမိုက်ကိုလည်း အလိုလိုက်ပေးလို့ရပါတယ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 785MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.4 2023
Suitable Flesh
O2
7.5

O2 (2024) “အသက်ကယ်ဆေး” အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယကန်နာဒါ နောက်ခံစကားပြော ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Raghav Nayak နဲ့ Prashanth Raj တို့က ရိုက်ကူးပေးထားပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့အပြင် Ashika Ranganath, Praveen Tej နဲ့ Raghav Nayak တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအငယ်ဆုံး ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရှာရဒါလေးဟာ ငယ်ဘဝတုန်းက ဖခင်သေဆုံးမှုကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ကုသနိုင်ဖို့အတွက် သေဆုံးသွားတဲ့လူကို O2 ဆေးရည်ထိုးသွင်းပြီး ပြန်လည်အသက်ရှင်အောင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဒေါက်တာဒေ့ဗ်၊ ဒေါက်တာဗန်ကီ၊ဒေါက်တာရှရီရတီတို့နဲ့အတူတူ ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ ဒီလိုမျိုး အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ရင်ဆိုင်ရင်း နောက်ဆုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့ O2 ဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Drama • History • Horror
7.5 2024 105 mins
O2
Menjelang Ajal aka Nearing Death
6.7

Menjelang Ajal 2024 Imdb 6.7 အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ် မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ် ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ … ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်)

6.7 2024
Menjelang Ajal aka Nearing Death