YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Curtain.Call.2022.EP14.WEB-DL720P.PP(CM)DP.mp4

402.3 MB N/A video/mp4 674 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
Asvins

Asvins ( 2023 ) ============== IMDb 6.9/10 အာသာဝဏီနတ်မင်းရဲ့တန်ခိုးကြောင့် သိဒ္ဓိဝင်နေတဲ့ နတ်ဆင်းတုနှစ်ခု။ အဲဒီဆင်းတုနှစ်ခုထဲက တစ်ခုဟာ နတ်ဆိုးတစ်ကောင်ကြောင့် ကျိန်စာသင့် အပမှီသွားပြီး အဲဒီဆင်းတုတွေရှိနေတဲ့ ရွာတစ်ခုလုံး အငတ်ဘေးကျ ကပ်ဆိုက်ကာ ရွာပျက်သွားတယ်။ အဲဒီနောက်မှာတော့ အဲဒီဆင်းတုတွေလည်း ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ . လူတွေသေဖူးတဲ့၊ အဖြစ်ဆိုးတွေကြုံရဖူးတဲ့နေရာတွေ အိမ်အိုအိမ်ဟောင်းတွေမှာ မှတ်တမ်းတင်ဗွီဒီယိုတွေရိုက်ကြတဲ့ YouTuber အဖွဲ့တစ်ဖွဲ့ဟာ သရဲခြောက်တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အိမ်အိုကြီးတစ်ခုကို မှတ်တမ်းတင်ဖို့ သွားကြရင်း တစ်ယောက်ပြီးတစ်ယောက် အဖြစ်ဆိုးတွေကြုံရပါတယ်။ အဲဒီအဖြစ်ဆိုးတွေရဲ့နောက်ကွယ််မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲ၊ ဘာလို့ ဒီလိုတွေကြုံနေရတာလဲဆိုတာ ဒီ ရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယသရဲကားတွေမှာမြင်ရခဲတဲ့ပုံစံနဲ့တင်ဆက်ထားပြီး စိတ်ဝင်စားစရာလည်းကောင်းတာမို့ ညဘက်တစ်ယောက်တည်း မီးမပြတ်တဲ့နေရာတွေဆို မီးလေးပိတ်ပြီး ကျောတစိမ့်စိမ့်နဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ BpL, ZweYan,V နဲ့ Yunni တို့ပဲဖြစ်ကြပါတယ်။ ) File size…1.34GB / 593.5MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ ZweYan~ V ~ Yunni

Action • Fantasy • Mystery
0 2023
Asvins
Lara Croft: Tomb Raider - The Cradle of Life
5.7

အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး Lara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့် မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။ Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။ BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi

Adventure • Fantasy
5.7 2003 117 mins
Lara Croft: Tomb Raider - The Cradle of Life
All the Bright Places
7.7

နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်း တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် … ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ … ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ … အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်… သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာ ယဉ်သကို ဆိုသလို ဗိုင်အိုလက်က ဖင့်ချ်ကို မောင်းထုတ်လိုက်ပါတယ် … တစ်ခါတစ်ရံမှာ အဖြုရောင်က တကယ်ပဲဖြူသလား အမည်းရောင်က တကယ်ပဲမည်းသလား … ပျော်ပျော်နေတတ်တဲ့ သူရဲ့ နောက်ကွယ်မှာ ဘယ်လိုအမှောင်ဖက်ခြမ်းတွေရှိသလဲ … အမှောင်ထဲကလူတစ်ယောက်ဟာ အလင်းတစ်ခုဖြစ်လာနိုင်သလား ဒါတွေဟာ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့အရာတွေပါပဲ … ရိုးရှင်းသော်လည်း မြင်ရခက််တဲ့ အလင်းရောင်တွေကို ဟောဒီ all the bright places ဆိုတဲ့ ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်လားရွှေပွဲလာ ပရိသတ်ကြီးရေ…. File Size : (1.80 GB) and (850 MB) Quality : NF WEB-DL (1080p 5.1 and 720p) Running Time : 1hr 47min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.Atmos.x264-NTG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.7 2020 108 mins
All the Bright Places
The Addams Family
6.6

တလောက ရုံတင်သွားခဲ့တဲ့ အဒမ်စ်မိသားစု ကာတွန်းလေး လာပါပြီ။ ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်ပါတယ်။ အဒမ်မိသားစုဟာ သီးခြားဆန်စွာ ထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။ တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ထောင်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။ ဒီကာတွန်းလေးကတော့ သရော်ကာတွန်းအမျိုးအစားပါပဲ။ အချို့သောလူတွေရဲ့အူကြောင်ကြောင်စိတ်ကူးတွေ၊ ဆိုရှယ်မီဒီယာ အယုံလွယ်တာတွေ စတာမျိုးတွေကို အတည်ပေါက်နဲ့ ထိထိမိမိလေးလှောင်ထား တွယ်ထားပါတယ်။ ရယ်လည်းရယ်ရသလို ဆွဲဆောင်မှုလည်းရှိပါတယ်....Animation ကားကြိုက်သူတွေအတွက် လွန်စွာစိတ်ကျေနပ်စေမယ့် ကားလည်းဖြစ်ပါတယ်..

Comedy • Drama
6.6 2019 86 mins
The Addams Family
The Parent Trap
6.6

The Parent Trap (1998) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။ နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ တစ်နေ့တည်းမွေးတဲ့ အမွှာတွေပါ ဖြစ်နေတာပါပဲ။ အဖေနဲ့ပဲ ကြီးပြင်းလာရသူနဲ့ အမေသာ တစ်ကမ္ဘာထင်ခဲ့သူနှစ်ယောက်တို့ မမြင်ဖူးသေးတဲ့မိဘကို မြင်ချင်ရှာလွန်းလို့ ကလေးဉာဏ်လေးတွေနဲ့ ကြိုးစားကြပုံလေးတွေပါ။ The Parent Trap ဇာတ်ကားက ဂျာမန်ဝတ္ထုတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး ၁၉၆၁ ခုနှစ်မှာ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ အခု တင်ဆက်လိုက်တဲ့ဇာတ်ကားကတော့ သူ့ရဲ့ Remake ဇာတ်ကားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ရိုက်ကူးပြသခဲ့တာပါ။ ကုန်ကျငွေရဲ့ လေးဆကျော်ပြန်ရခဲ့ပြီး ကောင်းမွန်တဲ့ ဝေဖန်ချက်တွေနဲ့အတူ အောင်မြင်တဲ့ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေထဲကမှ အမွှာညီအစ်မ ဟယ်လီ နဲ့ အန်နီ အဖြစ် နှစ်ကိုယ်ခွဲသရုပ်ဆောင်ခဲ့သူ Lindsay Lohan ကိုတော့ လူကြီးမင်းတို့ ကြားဖူးမယ်ထင်ပါတယ်။ အမေရိကားရဲ့ အောင်မြင်ကျော်ကြားလှတဲ့ သရုပ်ဆောင် အဆိုတော် မိန်းမလှလေးပေါ့။ သူ့ရဲ့ဇာတ်ကားဖြစ်တာနဲ့အညီ သူ့ရဲ့ဇာတ်ရုပ်နဲ့ ဇာတ်လမ်းကို သယ်တဲ့နေရာမှာ ပိုင်နိုင်မှုရှိပြီး ကြည်နူးဖွယ်ရသကို ပေးစွမ်းနိုင်သူလေးပါ။ ငယ်ရွယ်စဉ်မာန်မာနနဲ့ အချင်းချင်း ကျောခိုင်းခဲ့ကြတဲ့ မိဘနှစ်ပါးကို အမွှာညီအစ်မလေးနှစ်ယောက်က ပြန်လည်ပေါင်းထုပ်နိုင်ဖို့အရေး ပြန်အောင်သွယ်ပေးရတဲ့ ဟောဒီဇာတ်လမ်းလေးက Drama Comedy နှစ်သက်ကြသူတွေအတွက် မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.41GB, 1.21GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 8Min Genre – Adventure, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Adventure • Fantasy
6.6 1998 128 mins
The Parent Trap
Casanova
7

Casanova(2005) ************** Heath Ledger ပါဝင်ပြီး ဆုကြီး ၅ ဆုတောင်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်.. ညှို့ဓာတ်ပြင်းလွန်းပြီး မိန်းကလေးတိုင်းလိုလိုကိုဆွဲဆောင်နိုင်တဲ့ ကာဆာနိုဗာ.. အမျိုးသမီးငယ်၊ အပျိုစင်တွေ၊ အိမ်ထောင်ရှိအမျိုးသမီးတွေသာမက မယ်သီလရှင်တွေကိုပါ ဆွဲဆောင်ပြီးအိပ်ရာထဲခေါ်နိုင်တဲ့အတွက် တရားရုံးကပါကြိုးပေးသတ်ချင်နေတဲ့သူ.. အဲဒီလိုလူတစ်ယောက် တစ်နေ့မှာတော့ အရာရှိတွေလိုက်ဖမ်းလို့ပြေးရင်း အမျိုးသမီးတစ်ယောက်ကို အချစ်စစ်နဲ့ချစ်မိသွားပါတော့တယ်.. ထို “ဖရန်ချက်စ်ကာ”ဆိုတဲ့အမျိုးသမီးလေးမှာလည်း စေ့စပ်ထားတဲ့သူရှိတဲ့အခါ.. ကာဆာနိုဗာတစ်ယောက် ဖရန်ချက်စ်ကာ့စေ့စပ်ထားတဲ့သူနေရာက ဟန်ဆောင်ပါတော့တယ်။ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ တခြားမိန်းကလေးတွေနဲ့မတူထူးခြားတဲ့ သူတကယ်ချစ်တဲ့ဖရန်ချက်စ်ကာရဲ့အချစ်ကို ရနိုင်ပါ့မလား.. အလိမ်တွေရောဘယ်လိုပေါ်ကုန်မလဲ.. File Size :(2.04GB)(1.04 GB) and (293 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:52:00 Genre : Adventure, Comedy ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2005
Casanova
The Stratum
4.1

The Stratum (2023) ============== ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။ အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (586 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi Translator……Ngwe Zin Encoder……….SWM

4.1 2023
The Stratum
The League of Extraordinary Gentlemen
5.8

The League of Extraordinary Gentlemen (2003) ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ The League of Extraordinary Gentlemen ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ Watchmen, V for Vendetta, From Hell နဲ့ Batman: The Killing Joke တို့လို ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ ဒီဇာတ်ကိုစစပုံဖော်ချင်းတုန်းကလည်း “Justice League of Victorian England” ဆိုတဲ့ သဘောမျိုးနဲ့ သွားထားတာဖြစ်တယ်။ Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ Watchmen လို မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ အခြေအနေမကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ The Matrix ထဲက Architect ဇာတ်ကောင်ကိုရော The Lord of the Rings ထဲက Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။ ” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွား‌‌လေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။ ( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

5.8 2003
The League of Extraordinary Gentlemen
A Model Murder

Klassy Kara ဆိုတဲ့ နာမည်နဲ့ Modelfans ဆိုတဲ့ websiteမှာ ပုံတွေတင်ပြီး နာမည်ကြီးလာတဲ့ Kara Woods ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်။ သူ့မှာ ဖော်လိုဝါတွေလည်း များသလို model rankingကလည်း top ten ထဲမှာ ရှိပါတယ်။ တစ်ရက် သူ့သူငယ်ချင်း ဖြစ်တဲ့ သူ့လိုပဲ Modelfansက မော်ဒယ်မလေး Maxine Madisonက အသတ်ခံလိုက်ရပါတယ်။ Maxine အသတ်ခံရပြီး Kara ရဲ့ Rankingကလည်း Top Five ထဲ ရောက်သွားတာပါပဲ။ Karaက websiteကနေ ပုံတင်ပြီး ငွေရှာနေပေမယ့် သူတကယ် လုပ်ချင်တာက မင်းသမီးအလုပ်ပါ။ လူရွေးပွဲတွေ ခဏခဏသွားပေမယ့်လည်း သူ့ကို modelfans siteကဖြစ်လို့ အဖော်အချွတ် မော်ဒယ်တစ်ယောက်လို့ပဲ အထင်သေးခံရပါတယ်။ ဒါပေမယ့် Kara က ဇွဲမလျှော့ပါဘူး။ တစ်ရက် ဖန်တွေ ပို့ပေးလာတဲ့ မေးလ်တွေကို ဖွင့်ကြည့်ရင်းနဲ့ ပရိသတ်တစ်ယောက်က သူ့ကို ပို့ထားတဲ့ မေးလ်ကို တွေ့သွားပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးထားပေမယ့်လည်း အဆုံးက စာကြောင်းမှာ “မင်းမရှိရင် ငါဖြစ်မလာဘူး” ဆိုပြီး ရေးထားတာကြောင့် ထူးဆန်းတဲ့သူဆိုပြီး ဘလော့လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီပိရိသတ်က အကောင့် တစ်ခုပြီး တစ်ခု ဖွင့်ပြီး သူ့ကို နှောင့်ယှက်နေတာပါ။ Kara တစ်ယောက် stalkerကို ဘယ်လို ရင်ဆိုင်မလဲ Maxineကရော ဘာလို့ အသတ်ခံရတာလဲ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Mystery, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
A Model Murder
Love Without End

တော်တော်လည်းဟောင်းနေတဲ့ ဟောင်ကောင်ကားပါ။ ရှားရှားပါးပါးကြည့်ရတာလို့တောင် ပြောရမယ်။ ထူးထူးခြားခြားတော့ မရှိလှတဲ့ ချစ်ခြင်းမေတ္တာတစ်ခုသက်သက်ကိုပဲ ဖော်ကျူးထားတဲ့ရုပ်ရှင်ပေမဲ့ အဖြူအမည်းနဲ့ ရှေးသရုပ်ဆောင်တွေနဲ့ ရှေးကားတစ်ကားရဲ့ ဇာတ်အိမ်မျိုးနဲ့။ ရှေးတော်တော်ကျတဲ့ အာရှရုပ်ရှင်ဟောင်းတစ်ခုကို ကြည့်ရတဲ့အရသာကတော့ ထူးတယ်လို့ပြောရမယ်။ ဒီကားက ရှေးတုန်းက မြန်မာကားတွေကို ကြည့်ရတဲ့အရသာနဲ့တောင် ခပ်ဆင်ဆင်တူလိမ့်မယ်။ ဒါပေမဲ့ ကြည်ကြည်လင်လင်တော့ ကြည့်ရတာပေါ့။ ဇာတ်လမ်းတည်ဆောက်ပုံတို့ဘာတို့ကတော့ ချက်ကော့ရဲ့ သေနတ်ကို ပစ်ကိုပစ်ရမယ်ဆိုတဲ့ အယူအတိုင်းပဲ သွားထားတယ်။ ဒီလိုမသွားလိုက်ရင်တော့ ဒီရုပ်ရှင်က မတူတဲ့အရသာတစ်ခုတော့ ပေးနိုင်မှာပဲ။ အခုဇာတ်လမ်းကတော့ အချစ်ဆိုတဲ့ အသိရအခက်ဆုံးအရာကို သစ္စာတရားတွေနဲ့ အနစ်နာခံခြင်းတွေနဲ့သက်သက် ဖော်ကျူးသွားတယ်။ ဒါပေမဲ့လည်း အချစ်နဲ့စစ်ကပဲ ကဗျာတွေစလာခဲ့သလို အချစ်နဲ့စစ်ကပဲ ရုပ်ရှင်တွေစလာခဲ့သလို အကြောင်းအရာပေါင်းစုံဆီ မစီးကူးသွားသေးခင် ကျော်ဖြတ်ရတဲ့ကာလတစ်ခုရဲ့ ခေတ်အခါပေါ့။ ဒီလိုပုံစံနဲ့ ယုံကြည်ခဲ့ကြတဲ့အချစ်တွေဆီကနေ ပိုနားလည်လာရင်း ပိုအသိရခက်လာရင်းဖြစ်လာတဲ့အရာဆိုတာကို တင်ပြလာကြတဲ့ အချိန်တစ်ခုမရောက်လာခင် ကျော်ဖြတ်ခဲ့ရတဲ့ မှတ်တိုင်တစ်ခုပေါ့။ File Size : 1.6 GB / 825 MB Quality : WEB-DL 1080p / 720p Running Time : 1hr 57min Format : Mp4 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

0 1961
Love Without End
New York Stories
6.4

New York Stories (1989) ~ IMDb – 6.4/10, Rotten Tomatoes – 76% ~ New York Stories ကို အမေရိကရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေဖြစ်တဲ့ Martin Scorsese, Francis Ford Coppola နဲ့ Woody Allen တို့ သုံးယောက်တွဲ ရိုက်ထားတယ်။ ဒီ Anthology Film မှာ Life Lessons, Life Without Zoë, Oedipus Wrecks ဆိုတဲ့ ဇာတ်လမ်း၃ခုပါတယ်။ ဒီသုံးခုလုံးမှာ တူညီတာဆိုလို့ နယူးယောက်မှာ ဇာတ်အိမ်တည်ထားတဲ့အချက်ပဲရှိတယ်။ ထိတ်ထိတ်ကြဲဒါရိုက်တာကြီးတွေချည်း ရိုက်တာပေမဲ့ အများကြီးတော့ မမျှော်လင့်ထားစေချင်ဘူး။ ပထမဆုံးဇာတ်လမ်းဖြစ်တဲ့ Life Lessons ကိုတော့ Martin Scorsese က ရိုက်ထားတယ်။ ဇာတ်လမ်းကိုတော့ ဒီမတိုင်ခင် သူ့ကို The Color of Money (1986) မှာ ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Richard Price က ရေးပေးထားတယ်။ သူတို့၂ယောက်က The Color of Money မှာ အတွဲညီသလို ဒီမှာလည်းညီတယ်ပြောရမယ်။ တကယ်လို့သာဆို ဒီဇာတ်နဲ့ ဒီဇာတ်ကောင်တွေက စကောဆေးစိထက် ကော်ပိုလာ့ဟန်နဲ့ သွားတူမယ်။ ဇာတ်အကြောင်းအရာကတော့ ဂျက်ဆန်ပေါလော့လို Abstract Expressionism ပန်းချီဆရာတစ်ယောက်ရဲ့ နယူးယောက်က ဘဝနဲ့ သူ့ရူးသွပ်မှုအကြောင်း ရိုက်ပြထားရုံပဲ။ မင်းသားကိုတော့ Nick Nolte ကို သုံးထားတယ်။ ဒီကားပြီးတဲ့နောက်ထွက်တဲ့ Cape Fear မှာလည်း သူ့ကို ထပ်ထည့်ရိုက်ခဲ့သေးတယ်။ နယူး‌ယောက်စတိုရီဆိုတာနဲ့ အလိုက်ဖက်ဆုံးဇာတ်လမ်းလည်းဟုတ်တယ်။ Life Without Zoë ကတော့‌ ကော်ပိုလာနဲ့ သူ့သမီးဆိုဖီယာကော်ပိုလာက ဇာတ်ညွှန်းရေးထားပြီး ကော်ပိုလာက ရိုက်ထားတယ်။ ဇာတ်တော့ စိတ်ဝင်စားစရာကောင်းမလိုလေးနဲ့ နည်းနည်းဆန်းပြားမလိုလေးနဲ့ အားရစရာမကောင်းဆုံး ဇာတ်ဖြစ်သွားတယ်။ သူတို့သားအဖ၂ယောက်တွဲလုပ်ရင် အကျိုးမပေးတာတော့ အမှန်ပဲ။ ၁၂နှစ်သမီးလေးရယ် သူ့အဖေနဲ့အ‌မေရဲ့ အရှုပ်တော်ပုံတွေရယ် ‌အကြောင်းပေါ့။ ကော်ပိုလာရိုက်တယ်လို့ မထင်အောင် စုတ်ပြတ်တယ်လို့ ပြောချင်ပေမဲ့လည်း ကော်ပိုလာက မထော်မနန်း လုပ်ချင်တာလုပ်တဲ့ဘဲဖြစ်သလို သူ့သမီးဇာတ်ကိုပဲရိုက်ချင်လို့ ပိုမထော်မနန်းလုပ်ချလိုက်လားတော့ မသိဘူး။ စုတ်ပြတ်ပေမဲ့လည်း မထော်မနန်းလုပ်တတ်တဲ့ ကော်ပိုလာရဲ့စရိုက်နဲ့ချိန်ကြည့်ရင် ဖြစ်တတ်ပါတယ်လို့ တွေးရမယ့်ဇာတ်ပဲ။ ဒီထဲက အညံ့ဆုံးဇာတ်လည်းဟုတ်တယ်။ Adrien Brody အတွက်‌တော့ ဒီဇာတ်လမ်းက သူ့အတွက် ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်ခဲ့တယ်။ Oedipus Wrecks ကိုတော့ ဝူဒီအယ်လန်ကိုယ်တိုင် ရေးပြီး ရိုက်ပြီး သရုပ်ဆောင်ထားတယ်။ ဒီဇာတ်အတွက်စကားကတော့ ဝူဒီအယ်လန်ကတော့ ဝူဒီအယ်လန်ပဲ။ ဒီဇာတ်နဲ့ ခုနောက်ပိုင်းထိ သူရိုက်နေတဲ့ဇာတ်တွေနဲ့ သူ့ဟန်က သူ့ဟန်အဖြစ်မြင်သာထင်နေတုန်းပဲ။ အယ်လန်ဟာ ပိုစတာမြင်ရင်တောင် သူ့ကားလို့ အလိုလိုသိစေမယ့်ဘဲပီသစွာပဲ ဒီနယူးယောက်စတိုရီရဲ့ ပိုစတာကလည်း သူ့ဟန်လို့ မြင်သာတယ်။ ဇာတ်က‌တော့ တကျီကျီနားပူ လူကြားသူကြားထိပါနားပူ လိုက်အရှက်ခွဲ‌နေတဲ့ အမေကြောင့် တိုင်ပတ်နေတဲ့ အသက်၆၀အရွယ် လူကြီးတစ်‌ယောက်ရဲ့ အဖြစ်ပေါ့။ အသက်သာ ၆၀ဖြစ်လာတယ် သူ့ကိုကလေးလို့ထင်နေသေးတဲ့ သူ့အမကြောင့် သူတိုင်ပတ်ရပုံတွေကိုပြထားတယ်။ ဝူဒီအယ်လန်ရဲ့ဇာတ်လို့ မြင်သာထင်သာရှိတဲ့ဇာတ်ပါပဲ။ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ ဒီဇာတ်က ဒီထဲ ကျွန်တော့်အကြိုက်ဆုံးဇာတ်ပဲ။ ဝူဒီအယ်လန် ပရိသတ်ဖြစ်နေတာကြောင့်လည်းပါပါလိမ့်မယ်။ နယူးယောက်စတိုရီဆိုတဲ့ နာမည်နဲ့လိုက်ဖက်တဲ့အရသာတော့ ပေးနိုင်တယ်မမြင်ဘူး။ အဲဒီအရသာကို သူတို့ထဲ စကောဆေးစိတစ်ယောက်ပဲ ပေးနိုင်ခဲ့တာပါပဲ။ ဝူဒီ့ဇာတ်မှာ သရုပ်ဆောင်တွေအဖြစ် သူကိုယ်တိုင်ပါထားသလို သူ့အချစ်တော် Mia Farrow နဲ့ Julie Kavner တို့လည်းပါဝင်ထားတယ်။ Kirsten Dunst ရဲ့ ပွဲဦးထွက်ဇာတ်လမ်းလည်းဟုတ်တယ်။ New York Stories ကို ဒါရိုက်တာကြီး၃ယောက်ရဲ့ လက်ရာတွေကို တစ်ကားတည်းကြည့်ရမယ့် မျှော်လင့်ချက်ကြီးနဲ့တော့ ကြည့်လို့မဖြစ်ပါဘူး။ ပုဂ္ဂလိက အမြင်အရတော့ ဒီထဲ ကိုယ့်ဟန်ကိုယ်ထိန်းထားနိုင်တာ ဝူဒီအယ်လန်ပဲရှိတယ်။ သူတို့၃ယောက်ကို ချစ်လို့ပဲ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဒီလို ထိတ်ထိတ်ကြဲ၃ယောက်တွဲရိုက်ထားတဲ့ ရုပ်ရှင်က မရှိသလောက်ရှားတယ်မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 955MB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.4 1989 124 mins
New York Stories
Great Nobody
5.9

ဒီနေ့မှာတော့ ဖန်သားပြင်ပေါ်မှာ ပျောက်ကွယ်သွားတာကြာပြီဖြစ်တဲ့ Tiny Times ထဲက ကုလီ (Amber Kuo) ရဲ့ ရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းလေးကတော့… တိုးတက်နေတဲ့ခေတ်ကြီးမှာ… ဘတ်ထရီတစ်တောင့်ဝယ်တာနဲ့ တစ်သက်လုံးသုံးနိုင်မယ်ဆို စိတ်ဝင်စားကြမလား… ဟုတ်ပါတယ်.. စိတ်ဝင်စားကြလောက်မယ့် စူပါဘတ်ထရီကို လုံထန်လုပ်ငန်းစုက တီထွင်နေတာဖြစ်ပါတယ်… ဈေးကွက်ထဲ မိတ်ဆက်မယ်ဆိုတဲ့နေ့မှာပဲ… ယန်ရှောက်ရှောက်၊ မာလီ၊ ဟုတ်ကျစ် ၃ ယောက်ကို အလုပ်ထုတ်လိုက်ပါတော့တယ်… နောက်ပြီး စီအီးအို လုံပိုင်ချွမ်ကိုယ်တိုင်ကလည်း ကုမ္ပဏီက နှုတ်ထွက်ပြီး ဘတ်ထရီက မအောင်မြင်ဘူးလို့ကြေညာခဲ့တယ်… အဲ့တော့ မတရားအလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်လက်မဲ့ ၃ ယောက်ပေါင်းပြီး…. လုံပိုင်ချွမ်ဘာကြံနေတယ်ဆိုတာကို လိုက်ရှာဖွေတော့တာပါပဲ… ဘဝသမား ၃ ယောက် သူဌေးတွေရဲ့ အကျိုးအမြတ်ပြိုင်ပွဲ ဝဲကရက်ထဲ ဘယ်လို ချာလပတ်လည်မယ်ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာမို့… ဘဝအမောတွေကို CM နဲ့အတူ ဒီ Great Nobody လေးကြည့်ပြီး ဖြေဖျောက်လိုက်ကြတာပေါ့

Science Fiction • Comedy • Fantasy
5.9 2024
Great Nobody
Vattara Vazhakku
7.7

Vattara Vazhaku (2024)’အမုန်းမီးတောက်” ================================ အသစ်ထွက်လာတဲ့ တမီလ်စကားပြော ကျေးလက် အက်ရှင်ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် အိန္ဒိယတောင်ပိုင်းရွာတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတာပါတဲ့။ ဇာတ်လမ်းကတော့.. တမီလ်နာဒူးပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ လုံးဝမတည့်ကြတဲ့ မိသားစုနှစ်ခုရှိတယ်။ သူတို့ဟာ အစတုန်းက ဆွေမျိုးတွေဖြစ်ခဲ့ကြပေမဲ့ ပြဿနာလေးတစ်ခုကနေစပြီး တစောင်းစေးနဲ့ မျက်ချေးလိုမျိုး တွေ့တဲ့နေရာတိုင်းပြိုင်ဆိုင်၊ မနိုင်ရင်ညစ်၊ လစ်ရင်လစ်သလို ဦးတဲ့သူက ခုဝာ်ထစ်နေကြတဲ့အထိ အာဃာတရန်ငြိုးတွေပွားနေခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့မိသားစုနှစ်ခုထဲက အဓိကကျတဲ့ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် မေတ္တာမျှဖို့ဖြစ်လာတဲ့အခါမှာတော့ ရန်ငြိုးတွေကြောင့် အလွမ်းဇာတ်သိမ်းရမှာလား၊ ဒါမှမဟုတ် အချစ်တွေနဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေနိုင်မလားဆိုတာကို တောင်ပိုင်းကျေးလက်အငွေ့အသက်တွေပြည့်နေတဲ့ ဒီရုပ်ရှင်လေးထဲမှာ ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2023
Vattara Vazhakku