YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

CSI.Vegas.S02E14.1080p.AMZN.WEB-DL.DDP5.1.H {CM}.mp4

1.02 GB 1080p video/mp4 186 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bride for Rent

နာမည်ကြီး Bride for Rent ဖိလစ်ပိုင်ဇာတ်ကားကို ပြန်ရိုက်ထားတဲ့ ဗီယက်နမ်ကားလေးပါ။ ဖိလစ်ပိုင်ကားက 2014 မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ ဗီယက်နမ်ကားကာတော့ 2018 မှာ ထွက်ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကားကို ကြည့်ဖူးပြီးသားသူတွေအတွက်တော့ သိပ်မထူးဆန်းပေမယ့် မကြည့်ဖူးသေးတဲ့သူတွေအတွက်တော့ ဟာသ၊ အချစ်ရသကို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွက် အရေးပေါ်ငွေလိုနေတဲ့ Linh ရယ် အိမ်ထောင်ပြုမှ အမွေရမှာမို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ Long ရယ် တွေ့သွားတဲ့အချိန်မှာ အဘွားဆီက အမွေတွေရဖို့ ဟန်ဆောင်လက်ထပ်ဖို့ စာချုပ်ချုပ်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်သွားပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.3GB | 622MB | 308MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Crime • Drama
0 2018 87 mins
Bride for Rent
Friendship!
6.3

အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။ New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကို အူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့က GDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှ မမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီး ဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ် အစစ်ခံရတော့တာပေါ့။ ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။ သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။ အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး) တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျား ခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုး တစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ် ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင် ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစား ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့  Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL 720p / 480p Format…mp4 Duration….1h 50m Genre ..... Adventure / Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Adventure • Comedy • Romance
6.3 2010 110 mins
Friendship!
Good Deal
6.3

ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။ အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။) File Size          : 2.1GB, 723MB, 364MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 58mins Genre              : Drama Translated by Miri Encoded by Kinnov

6.3 2022 118 mins
Good Deal
[18+] Bula
6.8

မယ်လ်ဒီက အဝတ်လျှော်လုပ်ငန်းတစ်ခုမှာအလုပ်လုပ်တဲ့မိန်းမငယ်တစ်ယောက်၊ ခင်ပွန်းသည်ဒုက္ခိတကြီးကိုပြုစုလုပ်ကျွေးနေသူလဲဖြစ်တော့ သူ့ဘဝကရိုးရှင်းဟန်ရှိတယ်။ ဒါပေမယ့်အပေါ်ယံဖြူစင်တဲ့မျက်နှာစာအောက်မှာ သိပ်ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်နေထိုင်တာကို ပတ်ဝန်းကျင်တစ်ခုလုံးမသိရအောင် အနေအထိုင် သိုသိပ်ကျစ်လျစ်ပါတယ်။ သူ့မှာပြင်းပြဖောက်ပြန်တဲ့ တဏှာရမ္မက်တွေရှိတယ်။ သူ့ဖောက်သည်တွေရဲ့အဝတ်အစားတွေ ဝတ်စုံတွေကိုခိုးယူဝတ်ဆင်ပြီး သူပြုသမျှနုရာရှာတဲ့ ခင်ပွန်းသည် ဒုက္ခိတကြီးနဲ့ သူ့ရဲ့ uniform fetish တွေ Roleplay တွေနဲ့ဆန္ဒကိုဖြေဖျောက်ပါတယ်။ ဒါတင်မကပိုကြောက်ဖို့ကောင်းတဲ့အချက်က သူဟာလိုချင်တဲ့အရာတစ်ခုကို သက်မဲ့အရာဝတ္ထုကအစ သက်ရှိဘဝအဆုံး မရရအောင်ယူတတ်တဲ့သူ ရဖို့အတွက်ဘာမဆိုလုပ်ရဲတဲ့သူဖြစ်နေတာပါပဲ။ ဒီလိုနဲ့ သူတို့ရဲ့ဖောက်သည်အသစ်ဖြစ်တဲ့ ရဲအရာရှိနဲ့ချစ်သူမော်ဒယ်မလေးတို့ကိုမြင်ရတဲ့အချိန်မှာ သူဟာ မော်ဒယ်မိန်းကလေးဘဝကိုအားကျပြီး ရဲအရာရှိကိုငမ်းငမ်းတက်လိုချင်လာတဲ့အချိန်... အဲ့ဒါတွေနဲ့ တပြိုင်တည်း သူတို့ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်မှုတွေကိုပါ ဒီရဲအရာရှိက စုံစမ်းစစ်ဆေးဖို့ဖြစ်လာတဲ့အချိန်မှာ သူတို့ချင်းထိပ်တိုက်ဆုံဖို့ ဖြစ်လာပါတော့တယ်။ လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်တဲ့ မင်းသမီးငယ်လေး Ayanna Misola နဲ့ High (School) On Sex ထဲကကျောင်းဆရာမမ Rob Guinto တို့နှစ်ဦးတွဲပွဲကြမ်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အရမ်းကောင်းပါတယ် စတော်ဘယ်ရီလိုပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 690MB Quality - 1080p, 720p Format - mp4 Duration - 1H 44Min Genre - Adult, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Crime • Drama
6.8 2022 104 mins
[18+] Bula
Wolf Hound
6.6

ဟုတ်ကဲ့ စစ်ကားကြိုက်သူများအတွက် ၂၀၂၂အသစ်ထွက် စစ်ကားလေးကို တင်ဆက်ပေးသွားမှာပါ။ ဇာတ်ကားကို စစဖွင့်လိုက်ချိန်မှာ နေဝန်းထဲကို လေယာဉ်သုံးစင်းပျံသွားတာကို တွေ့ရမှာပါ။ ဒီအခန်းကို ကျွန်တော် တော်တော်ရင်းနီးနေပါတယ်။ ဆက်ပျံပြနေပါတယ်။ ရင်းနီးနေပါတယ်။ ဟော သိလိုက်ပါပြီ။ ဘယ်တော့မှ ဘတ်ဂျက်မနိုင်တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ ဒစ်အလည်ခဲ့ဆုံး ရုပ်ရှင်မှာ တွေ့ဖူးတာပါ။ Apocaplyse Nowဆိုတဲ့ ရုပ်ရှင်မှာ ဒီလိုခပ်ဆင်ဆင်အခန်းမျိုးပါပါတယ်။ စစ်ကားချင်းလည်းတူတာဆိုတော့ Apocaplyse Nowလိုများ မာစတာ့ မာစတာပိစ်ဖြစ်သွားမလား ဆက်ကြည့်ကြည့်ပါတယ်။ အဲဒီအချိန်မှာပဲ ဇာတ်ကားနာမည်ကြီးကို နေထွက်တဲ့ဘက်မှာ စာတန်းထထိုးပါတယ်။ WOlF HOUNDတဲ့။ စာလုံးပုံစံကိုက အထင်ကြီးစရာပါပဲ။ တော်တော်ခက်ခက်ခဲခဲလုပ်ယူရမှာ။ ငယ်ငယ်က ကျားကုတ်ကျားခဲကလိဖူးတဲ့သူတွေတော့ သိကြမှာပါ။ မိုက်ခရိုဆော့ ပါဝါပွိုင့်ထဲက 3D EFFECT ရယ် SHADOW EFFCT ရယ်ကိုသုံးထားတာပါ။ လုံးဝကွက်တိချွတ်စွတ်ပါပဲ။ ပေါကားတော့မဟုတ်လောက်ပါဘူး။ အမြင်သစ်နဲ့လုပ်ထားတာပဲဖြစ်မှာပါလေဆိုပြီး ကျွန်တော်ဆက်ကြည့်ကြည့်ပါတယ်။ လေယာဉ်တွေ ပစ်ပါတယ်။ ခတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကားဆိုတော့ နာဇီတွေနဲ့ချတာပါ။ ဘာလို့ချတယ် ဘယ်လိုချတယ်တော့ မပြောတော့ဘူးလေနော့။ အကုန်ပြောမိလို့ တစ်ယောက်မှမကြည့်တော့ရင် အလုပ်ကပြုတ်ဦးမယ်။ ဒီနားကတော့ ကြည့်ရအသေရှုပ်နေပေမဲ့ စစ်ကားကြိုက်ရင်ကြည့်ရတာ သဘောကျကြမယ်ထင်တာပါပဲ။ လေယာဉ်တွေချကြတာကိုး။ Top Gunအကြို ကြည့်ထားပေါ့ဗျာ။ လေယာဉ်ငှားရတန်အောင်လားတော့ မသိဘူးဗျ။ ကားစဖွင့်ကတည်းက ပျံလိုက်တဲ့လေယာဉ် မိနစ်၂၀အကြာမှ ပျက်ကျပါတယ်။ စပွိုင်းသလိုဖြစ်သွားရင်တော့ ဆောရီးဗျာ။ အခုမှမိနစ်၂၀မလား။ ပျက်ကျပြီး နာဇီတွေအဖမ်းခံရတဲ့ကောင်တွေက ခံရပါတယ်။ အဲတစ်ကောင်တော့ လွတ်သဗျ။ ဟိုဘက်ရပ်ကွက်က ကပ္ပတိန်အမေရိကဆိုက်နဲ့ ဘဲပါ။ ကပ္ပတိန်အမေရိက ဘာဆက်ဖြစ်မလဲတော့ မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။ ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းဖြစ်ကြောင်း အမွှန်းတင်ပြောပြပြီးပြီဆိုတော့ အားလုံးပဲကြည့်ချင်နေလောက်ပါပြီ။ ကြည့်ရှုခံစား အဆဲပွားကြလိုက်ပါဦး။ တစ်ယောက်တည်း စိတ်ဆင်းရဲမခံနိုင်လို့ အများနဲ့တကွ စိတ်ဆင်းရဲရဖို့ တင်ဆက်လိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lucifer Morningstar ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, War Quality…. 1080p | 720p | 480p File size… 1.4GB | 1GB | 288MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lucifer Morningstar Encoder ..... Castiel

Drama • Mystery
6.6 2022 127 mins
Wolf Hound
Drifting Home
7.6

အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ... တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတိုရှာတွေ့သွားကြတယ်။ ‌နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲကမယုံတာမို ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ ... ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီးယူဇုရု၊ ပြဿနာအိုးရဲအိနာနဲ့ ကြင်နာတတ်တဲ့ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ ‌တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့ အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ? အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇာတ်လမ်းလေးက သံယောဇဉ်နဲ့ အမှတ်တရအကြောင်းမလို့ ရိုးရိုး ကလေးကြည့် fantasy ထက်တော့ ပိုပါတယ်။ A whisker away တို Penguin Highway, Typhoon Noruda တိုရဲ့ ဒါရိုက်တာ Colorido Studio က Hiroyasu Ishida ရဲ့လက်ရာမလို့ Animation နဲ့ plot ကတော့ စိတ်ချရမှာ အမှန်ပဲဗျာ။ ခိုဆုခဲတို့ ခုနစ်‌ယောက်နဲ့အတူ တိုက်ခန်းကြီးထဲမှာ လိုက်ပါရင်း သေချာစီးမျောပေးကြပါဦးဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Chevy က ရေးထားပါတယ်။) File Size          : 1.1GB, 480MB, 276MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Comedy Translated by Chevy & Hnin Wut Yi Encoded by Kinnov

Crime • Drama • Thriller
7.6 2022 121 mins
Drifting Home
Art of Love
5

Art of Love (2022) တက္ကသိုလ်ပရော်ဖက်ဆာတစ်ဖြစ်၊ စာရေးဆရာအဖြစ် ကျင်လည်နေတဲ့လူတစ်ယောက်ဟာ လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့မလွယ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ အိမ်နီးချင်းတွေနဲ့လည်း အဆက်ဆံမလုပ်တတ်တဲ့ တစ်ကိုယ်တည်းသမားကြီးတစ်ယောက် တစ်နေ့မှာတော့ စာအပိုင်းအစလေးတွေနဲ့ နောက်‌ယောင်ခံဆက်သွယ်မှုကို ကြုံလာရပါတော့တယ်။ ပဟေဠိဆန်ဆန် လှည့်ကွက်တွေနဲ့ နောက်ကွယ်ကလူကို တဖြည်းဖြည်း စွဲလမ်းမိလာပြီးနောက်မှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ ဘယ်လို အဆုံးသတ်သွားကြမလဲ? ဆိုတာကို ဆက်လက် ရှုစားလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hae Areum က ရေးထားတာပါ။) File Size : 797MB, 376MB Quality : 720p WEB-DL, 480p Format : mp4 Duration : 1hr & 56min Genre : Romance, Thriller Translated by Hae Areum Encoded by Kinnov

Action • Thriller
5 2022
Art of Love
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
68 Kill
6

68 Kill (2017) IMDb-6/10 Horrorကားတွေနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာကြီးTrent Haagaရဲ့ ကားကောင်းတွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသတ်အဖြတ်ကြမ်းပြီး အဖော်အချွတ်တွေပါတဲ့အတွက် အသည်းငယ်သူများ သတိထားကြည့်စေလိုပါတယ်။ 68 Killဆိုတဲ့အတိုင်း ဒေါ်လာခြောက်သောင်းရှစ်ထောင်အတွက်နဲ့ သတ်ကြဖြတ်ကြတာတွေကို ရှုစားကြရမှာပါ။ ချစ်ပ်တစ်ယောက် စမူအကြောင်လွန်ပြီး ချစ်လှပါချည်ရဲ့ဆိုတဲ့စော်က လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ပြနေတာမြင်ပြီး သွား မချစ်တော့ဘူးဖြစ်ကရော။အသည်းနုတတ်လွန်းတော့လည်း နောက်ထပ်တစ်ယောက်နဲ့တွေ့လို့ ချစ်မိသွားပြန်ပေမယ့် အရင်စော် လူကြမ်းမကြီးက နင်ရော နင့်ကောင်မရောအရှင်မထားဘူးဆိုပြီး လိုက်သတ်တဲ့အခါမှာတော့…။ အသက်ဘေးကလွတ်အောင် ပြေးရင်းနဲ့ဘဲ ဒေါ်လာခြောက်သောင်းရှစ်ထောင်နဲ့ ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)

Action • Thriller • Comedy • Drama • Crime
6 2017 92 mins
68 Kill
Slow Video
6.3

၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားက အူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကို အသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုး မြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူက လုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်း အလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာ ပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ် ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.53GB / 736MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Comedy • Drama
6.3 2014
Slow Video
Safehouse

Safehouse (2023) ကာလာဆိုတဲ့ အမျိုးသမီးလေးဟာ မက္ကဆီကိုက မက်ဆီကာလီမြို့မှာ အစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ပြီး အလုပ်လုပ်ရင်း ဆရာဝန်ဖြစ်ဖို့ကြိုးစားနေပါတယ်။ မိသားစုထဲမှာ ပညာရေးထွန်းထွန်းပေါက်ပေါက်ဆိုလို့ သူတစ်ယောက်ပဲ ရှိတဲ့အတွက် အမေဖြစ်သူက အလုပ်ကြိုးစားပြီး ဆေးကျောင်းတက်ဖို့ ထောက်ပံ့ပေးနေတယ်။ အစ်ကိုဖြစ်သူက မူးယစ်ဂိုဏ်းတွေကြားမှာ ဝင်ရှုပ်မိတာကြောင့် အိမ်ကို သေနတ်တွေနဲ့လာဝိုင်းတဲ့အချိန် မောင်နှမနှစ်ယောက်ထွက်ပြေးရင်း အစ်ကိုဖြစ်သူ အသတ်ခံလိုက်ရပါတယ်။ ဒီကနေ ကာလာတစ်ယောက် ထွက်ပြေးရင်း ကန္တာရထဲက ဥမင်တစ်ခုကိုတွေ့လို့ ဝင်ပုန်းရာမှာ ဥမင်အတိုင်း အဝေးကြီးထိ ဝင်လာခဲ့မိတော့ အမေရိကန်နယ်စပ်က အိမ်တစ်လုံးဆီကိုရောက်သွားရာကအစ စီအိုင်အေ၊ မူးယစ်ဂိုဏ်းကသတင်းပေးတွေနဲ့ မူးယစ်ဂိုဏ်းတွေကြားမှာ ပိတ်မိသွားတဲ့အခါမှာတော့ … ( aungmo3han အညွှန်းရေး ဘာသာပြန်ထားပါတယ်) Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.1GB | 594MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Horror • Thriller • Fantasy
0 2023
Safehouse
Retreat
5.8

Peaky Blinders ထဲမှာ သောမတ်စ်ရှယ်လ်ဘီနေရာက သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှင် ဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာ တန်စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးက နည်းနည်းယိုယွင်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဇာတ်ကား နာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက် ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိုသွားခဲ့ကြပါတော့တယ်။ အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာ လင်မယားနှစ်ယောက် အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့ မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာတာပဲ ရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်း ရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလည်းပျက်နဲ့ တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစ်ယောက်သား အဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။ အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီး အပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခု ကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယ် လို့ ပြောခဲ့ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေ သုံးယောက်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာ အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.56GB / 584MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2011 89 mins
Retreat
Alive

Alive (2014) ************ 2014 ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ဒါရိုက်တာ Park Jung Bumရိုက်ကူးထားတဲ့ Alive ရုပ်ရှင်ကား… သရုပ်​ဆောင် Park Jung Bum, Lee Seung Yeon, Park Myoung Hoonနဲ့ … က​လေးသရုပ်​ဆောင် Shin Haet Bitတို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ​ အလုပ်ရှားပါးတဲ့ ​ဆောင်းရာသီမှာ ရရာအလုပ်လုပ်ပြီး ကြိုးစားရှာ​ဖွေရုန်းကန်​နေရတဲ့ ​ဂျောင်​ချော… စိတ်မနှံ့ဖြစ်​နေတဲ့ အစ်မဖြစ်သူ ဆူ​ယောင်းက ဆိုးလ်ကို​ပြောင်း​နေချင်​ပေမဲ့… အတိတ်ကဖြစ်ရပ်ဆိုးထဲ ပိတ်မိ​နေခဲ့ပါတယ်။ ​ဂျောင်​ချောရဲ့ တူမဖြစ်သူ ဟာနာကလည်း… အ​မေဖြစ်သူ ပြဿနာရှာတိုင်း ဦး​လေးဆီ​မှာ အကူအညီ​သွားတောင်းရ​တဲ့… အရွယ်နဲ့မလိုက်​အောင် ရင့်ကျက်တဲ့က​လေးတစ်​ယောက်ဖြစ်တယ်။ ​အော်တစ်ဇင်သူငယ်ချင်း ​မြောင်ဟွန်းကလည်း… ​ဂျောင်​ချော​နောက်တ​ကောက်​ကောက်လိုက်ရင်း အစ်မဖြစ်သူကို သ​ဘောကျ​နေတာပါ။ ​ ဂျောင်​ချောက ရည်းစားဖြစ်သူနဲ့ အ​ခြေချ​ချင်​ပေမဲ့ ပိုက်ဆံအလိမ်ခံရတာ​ကြောင့် ​ရှေ့ဆက်မတိုးနိုင်ဖြစ်​နေချိန်… ပဲပိစပ်အလုပ်ရုံတစ်ခုမှာ ​ဂျောင်​ချောတစ်​ယောက် အလုပ်လုပ်ဖို့ အခွင့်အ​ရေးရလာတဲ့အခါ… ပိုက်ဆံစုမိပြီး ရည်းစားနဲ့အတူတူ အ​ခြေချနိုင်မလား ဒါမှမဟုတ် လွဲချော်သွားနိုင်မလားဆိုတာကို… ​ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 1.8GB / 850MB Quality : WEB-DL 1080p / 720p Duration : 2 hr. 46 min. Genre : Drama/Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by Stary Encoded by Heather Oo

0 2014
Alive
I Am DB Cooper

‌လေယာဉ်တစ်စီးလုံးကိုအပိုင်စီးပြီး ဒေါ်လာ၂သိန်းဓားပြတိုက်သွားကာ လေယာဉ်ပေါ်ကခုန်ချသွားတဲ့ ဒီဘီကူပါးအကြောင်းဟာ အခုအချိန်ထိမဖြေရှင်းနိုင်သေးတဲ့အမှုတစ်ခုဆိုတာ တော်တော်များများလဲကြားဖူးကြမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ဒီဘီကူပါးအကြောင်းကိုပဲ Documentaryပုံစံသဘောနဲ့ပြန်ရိုက်ထားပြီး IMDb 4.4/10ရရှိထားပါတယ်။ သူလေယာဉ်ကို ဓားပြမတိုက်ခင်ဘာတွေလုပ်ခဲ့လဲ၊ ဓားပြတိုက်ပြီးနောက်ဘယ်လိုဆက်ဖြစ်လဲဆိုတာကို စိတ်ကူးပုံဖော်ကာရိုက်ပြထားတာပါ။ ဒီဘီကူပါးအကြောင်းစိတ်ဝင်စားသူတွေကတော့ ဒီဇာတ်ကားကိုကြည့်ရင်းတစ်ခုခုအဖြေရနိုင်မလားဆိုတာ အဖြေရှာလိုက်ကြတာပေါ့။ File size…(1.6 GB)/(975 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Documentary Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

0 2022
I Am DB Cooper
Because I Hate Korea
6

Because I Hate Korea (2024) ****************************** မိမိ မွေးဖွားလာခဲ့တဲ့ အမိမြေဆိုပေမဲ့ မနေချင်လောက်အောင် မုန်းမိတဲ့ အချိန်ဆိုတာမျိုး ရှိကြမှာပါ။ အကြောင်းပြချက် ကိုယ်စီကြောင့် မွေးရပ်မြေကို စွန့်ခွာပြီး ဘဝတိုးတက်ရာ လမ်းကြောင်းကို ရှာဖွေဖို့ နိုင်ငံရပ်ခြားမှာ ပြောင်းရွှေ့နေထိုင်ကြသူတွေလည်း ရှိကြတာပေါ့။ အခုတင်ဆက်ပေးမဲ့ ဒီဇာတ်ကားလေးကလည်း အဲဒီလို ပုံစံမျိုးပါပဲ။ ဂျူဂယ်နာရဲ့ နေ့စဉ် ရုံးတက် ရုံးဆင်းဘဝဟာ အသွားအလာ လုပ်ချိန်နဲ့တင် ၂နာရီ နီးပါး ကြာတဲ့အထိ စိတ်ညစ်ညူးစရာ ဖြစ်လို့နေပါတယ်။ လူအများနဲ့ ကွဲထွက်ပြီး ဇီဇာကြောင် လက်ပေါက်ကပ်တတ်သူလည်း ဖြစ်တာမို့လို့ သူ့ဘဝက သူ့စိတ်တိုင်းကျ ဖြစ်မနေပါဘူး။ တဖြည်းဖြည်းနဲ့ ဘဝတက်လမ်း မရှိဘူးလို့ ခံစားလာရတဲ့ ဂယ်နာဟာ အမိမြေ ကိုရီးယားကို စွန့်ခွာပြီး နယူးဇီလန်မှာ အခြေချ နေထိုင်ဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ မိသားစုနဲ့ ချစ်သူကိုပါ စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း နေထိုင်သွားရင်း သူ လိုချင်တဲ့ ပျော်ရွှင်မှုနဲ့ ဘဝရဲ့ အနှစ်သာရတွေကို ခံစားနိုင်မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူခံစားလိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်…) File Size : 1.30GB/ 520MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Drama, Life Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Hsu Pyae & Hnin Wai Oo Encoded by Tiff

6 2024
Because I Hate Korea