YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI.Vegas.S02E06.720p {CM}.mp4

437.25 MB N/A video/mp4 382 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Butch Cassidy and the Wild Bunch
8

အသစ်စက်စက်ထွက်ထားတဲ့ Butch Cassidy and the wild bunchဟာဆိုရင်ဖြင့် အရင် cowboy ခေတ်မှာဇာတ်လမ်းတည်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကြည့်နေရင်းတန်းလန်းနဲ့တင်ပဲမသိရင် အရင်ခေတ်က ရိုက်ခဲ့တဲ့ ကားလို့တောင်ထင်ရလောက်အောင် ကောင်းလှတဲ့ကားဖြစ်ပါတယ်။ ဇာတ်လမ်းအသွားလေးကတော့ Butch Cassidy ဆိုတဲ့ လူလေးဟာ သူ့ရဲ့မိဘအိမ်ကိုအကြွေးလာသိမ်းမယ်ဆိုတာကို ကြားခဲ့ရပြီးတဲ့နောက်ပိုင်းမှာ ဘဏ်ကိုသူ့သူငယ်ချင်းနဲ့ဓားပြတိုက်ခဲ့တယ်။ နောက် ၅နှစ်လောက်ကြာတဲ့အခါမှာတော့ သူဟာနာမည်ကြီး ဓားပြတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဓားပြတိုက်လိုက်တဲ့ ရထားက လက်မှတ်ဖြတ်တဲ့လူကိုရုတ်တရက်သတ်မိသွားရာကနေပြီးတော့ Pinkertons လို့ခေါ်တဲ့ အဖွဲ့က စုံထောက်တွေက သူ့ကိုလိုက်လံရှာဖွေရာကနေ ဘယ်လိုတွေဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ Butch Cassidyနေရာကိုတော့Ross Jirgl ကသရုပ်ဆောင်ထားတာဖြစ်ပြီးတော့ Charles Siringoနေရာမှာတော့ Jeffrey Combsက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် သင်ဟာ Actionကားတွေကိုကြိုက်နှစ်သက်တဲ့လူဆိုရင်တော့ဒီကားဟာကြည့်သင့်တဲ့ကားတစ်ကားပဲဖြစ်ပါတယ် File size…(802 MB)/(500 Mb) Quality….Webrip 720p / 480p Format…mp4 Duration….01:46:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy
8 2023 106 mins
Butch Cassidy and the Wild Bunch
The Highway Family
6.8

Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။ နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။ အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လို‌ရှေ့ဆက်ဖြတ်သန်းကြမလဲ။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…2.2GB | 960MB | 459MB Format… mp4 Duration….2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August

Drama • Romance
6.8 2022 129 mins
The Highway Family
The Devil's Tail
5.9

ဒါရိုက်တာ၆ယောက် လက်စွမ်းပြပြီး ဇာတ်လမ်း၆ခုကို ရောသမမွှေပြထားတဲ့ ဇာတ်ကားပါ။ ငယ်ငယ်က သူရဇ္ဇတို့ နက္ခတ္တရောင်ခြည်တို့ထဲက သဲထိတ်ရင်ဖိုဇာတ်လမ်းတိုလေးတွေကို သဘောကျတဲ့ လူတွေအတွက် အံကိုက်ပါပဲ။ မြင်သာထင်သာ ရိုးရိုးရှင်းရှင်းရှိတဲ့ ဇာတ်လမ်းတွေရော၊ စိတ္တဇဆန်တဲ့ ဇာတ်လမ်းတွေရော၊ သရဲလိုလိုဇာတ်လမ်းတွေရော၊ ကွင်းဆက်လူသတ်သမားဇာတ်လမ်းတွေရော အစုံတကာ့အစုံရဲ့ သဲထိတ်ရင်ဖိုရသကို တစ်နာရီခွဲလောက် အချိန်ကလေးမှာ ခံစားလို့ရအောင် ပြသပေးထားပါတယ်။ Horror , Thrillerတွေ ကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ မဆိုးလှတဲ့ကားပါပဲ။ ရော်ဘတ်အဂ္ဂါဖန်တွေလည်း သဘောကျကြမှာပါ။ သိသလောက် ၂၀၂၂မှာ ဘာဟော်ရာကားကောင်းကောင်းမှ မရှိသေးပါဘူး။ ဒီရုပ်ရှင်ကို အပြည့်အ၀ Recommend ပေးချင်ပါတယ်။ တစ်ချိန်က သိပ်ခေတ်စားခဲ့တဲ့၊ ခုမရှိတော့တဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းများစွာအတွက် အလွမ်းပြေကြည့်ကြဖို့ပါပဲ... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.22Gb, 552Mb Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Action • Crime • Thriller
5.9 2021 95 mins
The Devil's Tail
Sexy Beast
7.3

အင်္ဂလန်နိုင်ငံရဲ့ ဂန်းစတာလောကကနေ အနားယူပြီးတော့ စပိန်နိုင်ငံတောင်ပိုင်း ကမ်းခြေမြို့လေးမှာ မိန်းမနဲ့အခြေချပြီး လာနှပ်နေတဲ့ဂယ်လ်… အတိတ်ကအရိပ်မည်းတွေကနေ ရှောင်လွှဲလို့မရနိုင်ခဲ့တော့ တစ်ရက်မှာ အလုပ်ရှင်ဟောင်း ဒေါန်က သူ့ဆီကိုရောက်ပြီး ဘဏ်ဖောက်ဖို့အလုပ်တစ်ခုကို ကမ်းလှမ်းပါတော့တယ်။ မိန်းမဖြစ်သူကလည်း မလုပ်စေချင်၊ ကိုယ်တိုင်ကလည်းမလုပ်ချင်၊ အလုပ်ရှင်ဖြစ်သူကလည်း လူတစ်ကိုယ်စိတ်နှစ်မျိုး၊ သဘောကောင်းလိုက်၊ထဖောက်လိုက်လူမျိုးဆိုတော့ အလုပ်ကိုယတိပြတ်ငြင်းဖို့ ခက်ခဲနေပါတယ်။ ဒီတော့ ဒေါန်ရဲ့ကမ်းလှမ်းချက်ကိုလက်ခံရမလား၊ စွန့်စားပြီးပဲငြင်းလိုက်မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ တကယ်ပဲစိတ်၀င်စားဖို့ကောင်းပါတယ်။ မင်းသားဂယ်လ်နဲ့ ဒေါန်တို့သရုပ်ဆောင်တာ ပီပြင်လွန်းတာကြောင့် တချက်တချက် ကိုယ်တိုင်ပါ ဂယ်လ်နေရာကနေ လိုက်စိတ်ပူသောကရောက်‌ရတဲ့ ခံစားချက်‌မျိုးတွေပါရတာကြောင့် တကယ်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…1.48GB / 428.1 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

7.3 2000
Sexy Beast
Gulmohar
8

Gulmohar 2023 IMDb-8.1/10 မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ် မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ် သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ

8 2023 132 mins
Gulmohar
Irrational Man

Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်… ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာက သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်… ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက် ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် .. ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက် တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်း တစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်.. ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက် စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီး အရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား … အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ.. အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ.. အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ … ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် (P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်.. Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့ Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Comedy,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2015
Irrational Man
Finding Nemo
8.1

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလေးကို မမှီဘူးဆိုတဲ့ စကားလေးအတိုင်းပါပဲ ဒီတစ်ခါတော့ CM ပရိတ်သတ်ကြီးအတွက် အဟောင်းထဲက အကောင်းလေး တစ်ကားကို ပြန်လည် တင်ဆက်လိုက်ပါတယ် … နီမို (Nemo) ဆိုရင် မသိသူမရှိသလောက်ပါပဲ … အောင်မြင်မှုများစွာကိုလည်း ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ် … ဇတ်လမ်းအကျဉ်းလေးကတော့ Clown fish လေး ဖြစ်တဲ့ မိတဆိုးသားလေး နီမိုတစ်ကောင် သူနေထိုင်ရာ သမုဒ္ဒရာကြီးထဲကနေ လူတစ်ချို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရတဲ့အခါ ဖခင်ဖြစ်သူက လိုက်လံရှာဖွေတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်… ဒီသားပျောက်ရှာပုံတော်မှာ စွန့်စားခန်းတွေ တစ်လှေကြီးပါဝင်ပြီး ဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားစရာလည်းကောင်းတာမို့ ပရိတ်သတ်တွေ သဘောကျနှစ်ခြိုက်ကြမှာ အသေအချာပါပဲ … ဒီတော့ အားပေးကြပါဦး.. ဘာသာပြန်သူနဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက်ဖြစ်ပါတယ် File size… 6.5 GB / 2.7 GB / 1.3 GB Quality… BluRay 4k / 1080p / 720p Format… mp4 , mkv Duration…. 1h 40m Genre ….. Animation , Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Ye Kyaw Htet

8.1 2003
Finding Nemo
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Boy Kills World
6.7

ဒီကားက အက်ရှင် ဟာသ စိတ်ကူးယဉ်ကားပါ။ တကယ့် ငစားကားလို့ ပြောလို့လည်းရတယ်။ ဒါရိုက်တာ Moritz Mohr ကလည်း ရုပ်ရှင်အများကြီး ရိုက်ဖူးတာမရှိဘူး။ ဒါပေမဲ့ Bullet Train တို့ ဂျွန်ဝစ် တို့ရဲ့ ဒါရိုက်တာလိုမျိုး စကေးတွေ ပြသွားတယ်။ မင်းသားကတော့ IT ထဲက ပန်နီဝိုက်စ်ကြီး Bill Skarsgård ပါပဲ။ The Raid ထဲက ဆရာကြီး Yayan Ruhian လည်းပါပြီး Action တွေကလည်း The Raid ကို မှီနေတယ်။ ပါဏာတိပါတာတွေ အနိဌာရုံတွေကတော့ အရမ်းများတာ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ***************** ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကို ချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်း မြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာ လုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကို ဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက် ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံး ဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာ တောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီး လက်စားချေဖို့ မြို့တက်လာပါတယ်။ ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီး အသားကုန် ချကြတာ အဆုံးအထိပါပဲ။ အက်ရှင် ဟာသ ကောင်းကောင်းကြည့်ချင်ရင် သေချာပေါက်ကြည့်ဖြစ်အောင်သာ ကြည့်ပါ။ File size…5.1GB/2.01GB / 933MB Quality…WEB-DL 4K HEVC/1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.7 2024 110 mins
Boy Kills World
The Corpse Washer
7

The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူ Imdb 7.1/10 ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ် လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် )

7 2024 107 mins
The Corpse Washer
The Dead Don’t Hurt

မင်္ဂလာပါ The Dead Don’t Hurt” ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူ​​ဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။ Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် တဲလေးကို သန့်ရှင်းအောင်လုပ်ပြီး၊ ချက်ရုံ၊ စိုက်ပျိုးရုံများလုပ်ပြီး Holgerရဲ့ဘဝကိုပြောင်းလဲပေးခဲ့ပါတယ်။ Holger က ပြည်တွင်းစစ်မှာ တိုက်ခိုက်ဖို့ စစ်သားအဖြစ် စစ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ သူမဟာ သူ့ကို ဆွေးနွေးပြီး ထွက်မသွားဖို့ကြိုးစားခဲ့ပါတယ်။ Holger စစ်ထဲမှာဖြစ်စဉ်၊ Vivienne နေထိုင်ရတဲ့ မြို့လေးကို လေ့လာရင်း၊ ဆိုးရွားတဲ့ မြို့တော်ဝန် Schiller (Danny Huston) နဲ့ သူ့ရဲ့ လောဘကြီးတဲ့ လုပ်ဖော်ကိုင်ဖက် Alfred Jeffries (Garret Dillahunt) တို့ဟာ လူအများရဲ့ အခက်အခဲကို အသုံးချပြီး သူတို့ရဲ့ ချမ်းသာမှုကို တိုးမြှင့်ဖို့ ကြိုးစားနေကြတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားလေးကတော့ ဖြစ်စဥ်တွေကို linear ရိုက်ပြထားတာမဟုတ်ပဲနဲ့ pastနဲ့presentကို random ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။၁၈၀၀ ခုနှစ်သမရိုးကျcowboy ဇာတ်လမ်းtypeမဟုတ်ပေမဲ့ တမျိုးတဖုံတော့စိတ်ဝင်စားမှုရရှိစေမှာပါ။ကိုယ်တိုင်ကြည်ရှူပြီးခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Fantasy • Science Fiction
0 2024
The Dead Don’t Hurt
It Comes
6.2

It Comes (2018) ဟိဒဲကိဟာ သိပ်ချောလှပြီး ချစ်ရတဲ့ ဇနီးလောင်းလေး ကာနာနဲ့အတူ ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိတ်ကူးပျော်ရွှင်နေသူတစ်ယောက်… လက်ထပ်ပြီး မကြာခင် ဟိဒဲကိရဲ့အလုပ်ထဲကို ဧည့်တွေ့တစ်ယောက် ရောက်လာခဲ့ပြီး မဆုံလိုက်ရပေမဲ့ ချိဆာဆိုတဲ့ နာမည်တော့ ပြောသွားခဲ့တယ်။ ဧည့်သည်ရောက်နေကြောင်း အသိပေးလာတဲ့ လုပ်ဖော်ကိုင်ဘက်ကတော့ မကြာခင်မှာပဲ ထူးဆန်းတဲ့ ရောဂါနဲ့ ဆုံးပါးသွားခဲ့တယ်။ အမှုမဲ့အမှတ်မဲ့နေခဲ့ပေမဲ့ သမီးလေး မွေးလာချိန်မှာ ချိဆာလို့ မှည့်ခဲ့တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း တစ်နေ့ တစ်နေ့ သူ့မိသားစုနဲ့ ဘာတွေလုပ်တယ်၊ ဘယ်လိုအတွေးတွေ ရှိတယ်၊ သမီးလေးကို ဘယ်လိုထိန်းကျောင်းတယ်ဆိုတာ ဘလော့ဂ်ထဲ အမြဲရေးတင်တတ်သူ… မိတ်ဆွေ သူငယ်ချင်းတွေ ဘ‌လော့ဂ် ဖတ်သူတွေ အနေနဲ့တော့ ဟိဒဲကိဟာ ဖခင်ကောင်းတစ်ယောက် အများက အားကျရတဲ့မိသားစုလေးပိုင်ဆိုင်ထားသူ… သမီးလေး ၂နှစ်အရွယ်ရောက်ချိန်မှာ သူတို့မိသားစုအပေါ် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်လာပါတော့တယ်။ ဒါတွေကို ကိုင်တွယ်ပေးနိုင်ဖို့ နိုဇာကိနဲ့မာကိုတို တို့ကို အကူအညီတောင်းပြီးနောက်တော့… သမားရိုးကျထက် မထင်မှတ်ထားတဲ့ Plot Twists တွေပါတာမို့ Horror Fans တွေ အတွက် စိတ်ထဲစွဲစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thu Thu မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 15Min Genre – Drama, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Thu Thu Encoded by Y

6.2 2018
It Comes
Battle for Sevastopol

IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ (Littleneo ဘာသာပြန်ပေးထားပါတယ်) File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… War, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2015
Battle for Sevastopol
Endless Summer Syndrome

IMDb rating – 6.3/10, RT – 83% Awards – 1wins and 4 Nominations ဒီကားလေးကတော့ 2023 ထွက် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားကတော့ မွေးစားကလေးနှစ်ယောက်ရဲ့အမေ ဒက်ဖနီရဲ့ဇာတ်ကောင်ကို ဗဟိုပြုထားပါတယ်။ သူမမှာ မွေးစားကလေးနှစ်ယောက်ပါဝင်တဲ့ မိသားစုတစ်ခုရှိပြီး၊ သားဖြစ်သူ နယူးယော့ခ်ကိုမသွားခင် အတူအပန်းဖြေနေခိုက်မှာ အမည်မသိဖုန်းတစ်ကောလ်၀င်လာပြီး သူ့ယောက်ျားက မွေးစားကလေးထဲမှ တစ်ဦးနဲ့ သံသယ၀င်စရာဆက်ဆံရေးရှိတဲ့အကြောင်း သိရှ်ိသွားပုံကနေ ဇာတ်လမ်းကိုစတည်ထားပါတယ်။ ဒိီဇာတ်လမ်းကို မိသားစုသံယောဇဉ်နဲ့ ယုံကြည်မှုအကြောင်းကို လှည့်ကွက်များစွာနဲ့ရိုက်ကူးထားပါတယ်။ သရုပ်‌ဆောင်များကလည်း ‌ပြေပြစ်ပြီး အထူးသဖြင့် အဓိကဇာတ်ဆောင်ဖြစ်သူက ထိမိစေမယ့်သရုပ်ဆောင်မှုနဲ့ ဒက်ဖနီဆိုတဲ့ဇာတ်ကောင်ကို လှလှပပဖန်တီးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းဟာ တဖြည်းဖြည်း မိုးတိမ်ထူလာသလို အတွင်းထဲက သံသယတွေနဲ့ စိတ်ဖိစီးမှုတွေ သက်တမ်းတိုးလာပြီး မျှတမနေတဲ့ တရားမျှတမှုကြားမှာ ရုန်းကန်နေရတဲ့ မိခင်တစ်ယောက် မယားတစ်ယောက်ရဲ့အပူတွေကိုခံစားရမှာပါ။ Endless Summer Syndrome ဟာ တကယ်လူ့စိတ်ကို ထိခိုက်စေပြီး တဖြည်းဖြည်းနဲ့ အမှန်တရားတစ်ခုခုကို ရှာဖွေနေရမယ့် ခံစားမှုကို ရှုမြင်စေသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Soe Thiri Nwe

0 2024
Endless Summer Syndrome