YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI.Vegas.S01E02.720p {CM}.mp4

352.07 MB 720p video/mp4 975 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Prey for the Devil
7.1

ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။ သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.1 2022 93 mins
Prey for the Devil
F9
7.2

ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့ အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ.....အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့ ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း ထူးဆန်းစွာပဲ ဒွန်းတို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်.... ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့ အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့ ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်.... လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ.... ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား... ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့.... F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ် ..ဘရိုင်ယန်မပါတဲ့နောက်ပိုင်း ပေါ့သွားတယ်ဘာညာပေါ့လေ..သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေ အက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ ငြင်းမရပါဘူး....ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ.. File Size :(2.7GB) / (2.6GB)/(1.4GB)/586MB Quality :WEB-DL HEVC / 1080p / 720p / 480p Format…mp4 Duration…02:23:00 Genre : Action, Crime , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Phyo Pyae

Comedy • Drama
7.2 2021 143 mins
F9
Of an Age
7

Of an Age (2022) ============= IMDb Rating – 7.2/10 Rotten Tomatoes – 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် … ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.5 GB) / (955 MB) / (511 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….May Thet Khine Soe Encoder……….Zin Phyo Aung

7 2022
Of an Age
Saw 3D Saw 7
5.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3D The Final Chapter (2010) Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ် ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ် ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ် Plot twist တချို့ကိုလဲချပြသွားပါတယ် သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့် ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

Action
5.6 2010
Saw 3D Saw 7
Garudan
7.5

Garudan 2023 အမှန်တရားဘက်တော်သား IMDb 7.5/10 အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲ‌တွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ် ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ် ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့ သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် .. တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု.. နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲ သူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားက အမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Horror • Thriller
7.5 2023
Garudan
Deadfall
6.2

(function(f,b,n,j,x,e){})(); 2012 ခုနှစ်ထွက် crime/thriller ရုပ်ရှင်ဖြစ်တဲ့ Deadfall ရုပ်ရှင်ကို Eric Bana, Olivia Wilde, Kate Mara တို့ ဦးဆောင်ပါဝင်ထားပါတယ်။ Don’t Worry Darling တို့ Booksmart တို့လို နာမည်ကြီးကားတွေရဲ့ ဒါရိုက်တာ Olivia Wilde မင်းသမီးလုပ်ထားတဲ့ကားတွေထဲက တစ်ကားပါ။ မိဘတွေ သေဆုံးသွားကြပြီဖြစ်တဲ့ Addison နဲ့ Lizaတို့ မောင်နှမ နှစ်ယောက်က ကာစီနို တစ်ခုကို ဝင်လုပြီး နယ်စပ်ကိုကျော်ကာ ကနေဒါထိ ပြေးဖို့ စီစဥ်ထားကြပါတယ်။ ကံဆိုးချင်တော့ နှင်းတောထဲမှာ ကားအက်စီးဒင့်ဖြစ်ပြီး ရဲတစ်ယောက်နဲ့ တိုးပါတယ်။ အဲ့ဒီ ရဲကို Addisonက သတ်လိုက်ပြီး နောက်မှာ ပြည်နယ်ရဲတွေက သူ့ကို ပိုက်စိပ်တိုက်ရှာကြပါတော့တယ်။ တစ်ဖက်မှာလည်း Jayက ထောင်ထဲက ပူပူနွေးနွေးလွတ်လာခါစ ကျေးဇူးတော်နေ့အတွက် အိမ်ပြန်လာနေတဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ Hanna Beckerကတော့ သူ့အဖေရဲအုပ်ဆီက အသိအမှတ်ပြုခံချင်နေတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ ဘယ်လိုဆုံတွေ့ကြမလဲ ဘာဆက်ဖြစ်မလဲကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.3 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

6.2 2012
Deadfall
Universal Soldier II: Brothers in Arms
2.8

ဒီဇာတ်ကားက နာမည်​ကြီး Universal Soldier​ (1992) ရဲ့ နောက်​ဆက်​တွဲ​ရုပ်ရှင်ဖြစ်ပြီး ၁၉၉၈ မှာထွက်ရှိခဲ့ပါတယ်။ ရုပ်​သံ​လိုင်း​မှာထုတ်လွှင့်ဖို့ ရိုက်​ကူး​ခဲ့တဲ့ ဇာတ်ကား​ဖြစ်တာကြောင့် ၁၉၉၂ က မူလဇာတ်ကားက သရုပ်ဆောင်​တွေအစား အသစ်တွေထည့်သုံး​ထားပါတယ်။ ဒီဇာတ်လမ်းက ၁၉၉၂ က ရုပ်​ရှင်အပြီးမှာ ဇာတ်​အိမ်တည်ထားပါတယ်။ Luc နဲ့ သတင်း​ထောက်မလေး Veronica တို့ဟာ Luc ရဲ့မိဘတွေအိမ်မှာ ပုန်း​ရှောင်​နေကြဆဲဖြစ်ပြီး ယူနီဗာဆယ်စစ်သည်​ပရိုဂရမ်ကို အစိုးရက ငွေကြေး​မထောက်ပံ့တော့တာကြောင့် ကြေးစားတပ်အဖြစ်ရပ်တည်ဖို့ ဆုံး​ဖြတ်​လိုက်ပါတယ်။ တစ်ချိန်​တည်းမှာ လူရဲ့အစ်ကိုဖြစ်ပြီး စစ်ပွဲ​မှာကျဆုံးခဲ့သူ Eric ​ဟာ Universal စစ်သည်​တွေကို ဖန်တီး​နေတဲ့ရန်သူ့လက်ထဲမှာ အထိန်းသိမ်း​ခံထားရတာကိုသိတဲ့အခါ လုနဲ့ ဗရော်နီကာတို့အနေနဲ့ သူ့ကို​ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တီဗွီမှာပြသဖို့ ရိုက်​ကူး​ထားတဲ့ဇာတ်ကားဖြစ်တာကြောင့် သရုပ်ဆောင်​အသစ်တွေသုံးထားပြီး လု နေရာမှာ မူရင်းသရုပ်ဆောင်သူ ဗန်ဒိန်း​အစား တခြား​တစ်ယောက်ကို​တွေ့နေရလို့ ဗန်ဒိန်း​ဖန်တွေအနေနဲ့ ကြည့်ရတာတစ်မျိုးတော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ Universal Soldier​ franchise ထဲမှာပါဝင်တဲ့ ဇာတ်ကားဖြစ်တာမလို့ Universal Soldier ရုပ်ရှင်​တွေကိုနှစ်သက်ရင် ကြည့်ရှုသင့်ပါတယ်။ ဒီဇာတ်ကားထွက်အပြီး နောက်​တစ်နှစ်အကြာ ၁၉၉၉ မှာ ထွက်ရှိ​ခဲ့တဲ့ Universal Soldier​ : The Return မှာမှ ဗန်ဒိန်း​က Luc အဖြစ်နဲ့ပြန်လာမှာဖြစ်ပါတယ်။ File size…(1.8 GB)/(950 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

2.8 1998
Universal Soldier II: Brothers in Arms
Suspect
6.1

CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်… ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်… ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ… ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့… မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့… ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့… ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ… သူက ဘာလို့ လူတွေကို စီရင်နေတာလဲ… စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား… တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ… ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့…

6.1 2024
Suspect
Love and Shukla
7.3

Love and Shukla (2017) “ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်

7.3 2017 117 mins
Love and Shukla
Treasure Planet
7.1

ဒီဇာတ်လမ်းလေးဟာ 2002 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး Disney ရဲ့ အသပ်ရပ်ဆုံးသော Animation တွေထဲက တစ်ကားလို့ တင်စားခံထားရပါတယ် မူရင်းဇာတ်လမ်းကတော့ “Treasure Island” တဲ့ခင်ဗျ… ဒီမှာ ထူးခြားသွားတာက ဇာတ်ကွက်တွေကို အာကာသထဲ ပြောင်းလိုက်ပြီး ဂြိုဟ်သားတွေ၊ နဂါးငွေ့တန်းတွေနဲ့ အသက်သွင်းထားတာပါ အဲ့လိုနဲ့ ဇာတ်လမ်းလေးက “Treasure Planet” ဆိုပြီး ဖြစ်သွားတယ်ပေါ့ဗျာ Rating တွေအနေနဲ့ကြည့်ရင်လည်း IMDb 7.1 Tomatoes 69% နဲ့ခင်ဗျ ဝေဖန်သူတော်တော်များများရဲ့ Positive Review တွေ ရထားတဲ့ ဇာတ်လမ်းလေး ဆိုပါတော့… ကလေးဘဝက အိပ်ရာဝင်ပုံပြင်တွေ၊ အာကာသ စွန့်စားခန်းတွေ၊ ဒရာမာကို ခုံမင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ အသက် ၁၅ နှစ်အရွယ် ချာတိတ်ကလေး ဂျင်မ်ဟော့ကင်းန်စ်ရဲ့ မဟာစွန့်စားခန်းကြီးတစ်ခု… ငယ်ငယ်ကတည်းက အာကာသ ခရီးသွားတစ်ယောက် အရမ်းဖြစ်ချင်ခဲ့သူ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီး ကောင်းကင်ပျံဝဲလေ့ရှိတဲ့ ချာတိတ်ကလေး ယာဉ်စည်းကမ်းတွေကို (တမင်မဟုတ်တောင်) ကျူးလွန်လေ့ရှိတာကြောင့် အမြဲတမ်း ပီကယ်တွေနဲ့ ငြိနေတဲ့ ချာတိတ် မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်နေရတဲ့မိခင်ကို အမြဲတမ်း ဒုက္ခပေးနေမိသလို ဖြစ်နေတာကြောင့် မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတဲ့ ချာတိတ်ကလေး ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ သူအလွန်ကိုမှ သွားချင်နေတဲ့ အာကာသဟင်းလင်ပြင်ကြီးထဲကို ရွက်လွှင့်ဖို့အကြောင်းဖန်လာပါတော့တယ် အဲ့ခရီးစဉ်မှာ ကောင်းတဲ့သူတွေနဲ့ ဆုံခဲ့သလို လူဆိုးတွေနဲ့လည်း ကြုံခဲ့ရပြီး ဘဝသင်ခန်းစာတွေ အများကြီး ရသွားခဲ့ပါတယ် ကိုယ့်ခံယူချက်နဲ့ကိုယ် သွားနေတဲ့ လူဆိုးမဟုတ် လူကောင်းမဟုတ်တဲ့သူလည်း ပါသေးတာပေါ့ သူငယ်ငယ်က စိတ်ဝင်တစား ဖတ်ခဲ့ရတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ် အပြင်လောကမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုဆိုတာ သိလိုက်ရပြီးတဲ့နောက်… ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်၊ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမယ် ဆိုတာကတော့ ကြည့်ရှုခံစားလိုက်ကြပါဦး CM Fan တို့ရေ… *ဇာတ်ဝင်ခန်းသီချင်းလေးကလည်း အတော်ကောင်းဗျ…

7.1 2002 96 mins
Treasure Planet
Revolver
7

Revolver (2024) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ ခပ်မိုက်မိုက် Action Crime Movie လေး တင်ဆက်ပေးထားပါတယ်။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသား Ji Chang Wook၊ The Glory ထဲက မင်းသမီး Lim Ji Yeon၊ Kill Boksoon ထဲက မင်းသမီးကြီး Jeon Do Yeon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အပြင် Lee Jeong Jae, Jeon Hye Jin တို့ကလည်း Cameo ပါထားပြီး အရန်ဇာတ်ဆောင်တွေ အားလုံးကလည်း ရှယ်တွေမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ Movie လေးပါနော်။ ဇာတ်လမ်းအကျဉ်း စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့ အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။ ဒါပေမဲ့၂နှစ်ကြာလို့ ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့ အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့ ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကို ရနိုင်ဖို့ လက်မရွံ့ကြိုးစားပါတော့တယ်။ သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာ သရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)က ဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသော အကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။ ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်း ပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာ ဘယ်လိုလက်စားချေသွားမလဲ…။ အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်း နောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့ နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.53GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa Han, Yupar, Emily Muse & Miri Toe

7 2024
Revolver
Songs of Earth
7.1

Songs of Earth (2023) IMDb Rating (7.1) / Rotten Tomatoes (100%) “Song of the Earth” (2023, Norway) Documentary ဟောဒီ ရုပ်သံမှတ်တမ်းက နော်ဝေရဲ့ အံ့ချီးလောက်စရာ အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအကြောင်းပါပဲ။ လွန်လွန်ကျူးကျူးပြောရရင် အိပ်မက်မြေလို့ခေါ်နိုင်မယ့် သဘာဝအလှတွေ ပတ်ဝန်းကျင်တွေနဲ့ လူသားတို့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ အနက်ရှိုင်းဆုံးသရုပ်ဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကျောက်တုံးထူထပ်တဲ့ တောင်တန်းများကနေ ရေခဲတောင်တွေဖြစ်လာပုံတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝတရားရဲ့ ကောင်းကျိုးဆိုးကျိုးများကိုပါ ပြသပေးထားတာမလို့ သဘာဝရဲ့ လှပမှုနဲ့ တန်ဖိုးကို လူတွေစိတ်ဝင်စားအောင် သွေးဆောင်နိုင်တဲ့မှတ်တမ်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ သဘာဝအပေါ်ကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားတစ်ရပ် လူကြီးမင်းရင်မှာ အမြစ်တွယ်စေမှာလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဘာလို့ကြည့်သင့်လဲလို့ မေးလာရင်တော့ နော်ဝေနိုင်ငံရဲ့ သဘာဝတရားအပေါ် ဘယ်လိုထိန်းသိမ်းထားသလဲဆိုတဲ့ မူဝါဒကိုမြင်နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ ရာသီဥတုပြောင်းလဲမှုအပေါ် လူသားတို့လုပ်ရပ်‌တွေက ဘယ်လို သက်ရောက်မှုမျိုးဖြစ်‌စေတယ်ဆိုတာ လေ့လာနိုင်ပြီး ကမ္ဘာ့အနာဂတ်အပေါ်မှာ အာရုံစိုက်မှုတစ်ခုကို ဖော်ကျူးနိုင်လို့ပါ။ ဆွစ်ဇာလန်ကိုပဲ လှတယ်လို့သက်မှတ်ထားရင် ဒီမှတ်တမ်းရုပ်ရှင်ထဲက နော်ဝေရဲ့ တောင်တန်းတွေ ရေခဲ‌တောင်တွေ၊ သိပ်ကိုပြေပြစ်အချိုးကျတဲ့ မြက်ခင်း‌တွေရဲ့အလှတရားကို ခံစားကြည့်လိုက်ပါဦးနော်။ ဒီမှတ်တမ်းထဲမှာတော့ သမီးနဲ့ အဖေတို့နှစ်ယောက်သား တစ်နှစ်တာ အတူစကားပြော၊ အတိတ်တွေဖလှယ်ပြီး နေထိုင်ရာမြေသမိုင်း၊ မိသားစုနောက်ခံသမိုင်းတွေ ပြန်လှန်ပြောပြသွားတာ တွေ့ရမှာပါ။ လှပတဲ့ရှုခင်း‌များနဲ့ ဗဟုသုတများ ပေးစွမ်းနိုင်တဲ့မှတ်တမ်းရုပ်ရှင်မလို့ ရွေးချယ်ကြည့်ရှုသင့်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….BLU-RAY 1080p HEVC / 720p Format…. mkv/mp4 Duration….01:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Action • Thriller • Mystery
7.1 2023
Songs of Earth
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis
Tomb of King Chu You
5.8

ဒီတစ်ခါမှာတော့ ချူးယိုးဘုရင်ရဲ့ သင်္ချိုင်းကို ဖောက်တဲ့ ခရီးစဉ်ကို အခြေခံရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ချူးယိုးဘုရင်နဲ့အတူ သူ့ပြည်ထောင်က အမှုထမ်းတွေ ခြွေရံတော်တွေ အားလုံးကို အရှင်လတ်လတ်နဲ့ သင်္ချိုင်းဂူထဲ သင်္ဂြိုလ်ခံခဲ့ရတာပေါ့လေ… အဲ့ သင်္ချိုင်းကို ဘယ်လိုရောက်သွားလဲဆိုရင်တော့ မျက်မမြင် ဗေဒင်ဆရာကြီးကနေစရမယ်… လင်အရာရှိမင်းရဲ့သမီး လင်ကျန်းကျန်းကို ကပ်ဘေးကြုံ သေကိန်းဆိုက်မယ် ဟောပြီး ချစ်သူဖူးစာရှင်ကယ်မှ လွတ်မြောက်မယ် ဟောပြီး… တစ်ဖက်က ဝူချီကိုလည်း သူရှာနေတဲ့ သူ့ပျောက်ဆုံးနေတဲ့ ဆရာကို ရှာတဲ့ ခရီးလမ်းက အစမှာကောင်းပေမယ့်လည်း အဆုံးသတ်က မလှခဲ့ဘူးတဲ့ ဟောပြန်ရော…. ဒီလိုနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် ဆရာရှာပုံတော်က သင်္ချိုင်းဖောက်ခရီးလိုက်ဖို့ဖြစ်လာပြီး… တစ်ဖက်က လင်ကျန်းကျန်းကလည်း အဆိပ်သင့်ခဲ့တာကြောင့် သူရော သူ့အဖေတင်မကဘူး သူ့အဖေ စစ်သည်တစ်ဖွဲ့လုံးလည်း သင်္ချိုင်းဖောက် ခရီးစဉ်နောက်ပါသွားလေရဲ့… ဒါတွေရဲ့ နောက်ကွယ်ကြိုးကိုင်သူကတော့ ဟုန်လင်ဆိုတဲ့ အမျိုးသမီးပါပဲ… ကဲ ဟုန်လင်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မှာလဲ… နောက်ပြီး ဒီသင်္ချိုင်းဖောက်ခရီးစဉ်ကရော ရိုးရှင်းရဲ့လား… ဝူချီရှာနေတဲ့ ဆရာကိုရော ပြန်တွေ့ပါ့မလား…

Crime • Drama • History
5.8 2025
Tomb of King Chu You