YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

CSI.Crime.Scene.Investigation.S06E20.Poppin.Tags.720p.AMZN.WEB-DL.DDP5.1.H.264-NTb.mp4

537.17 MB 720p video/mp4 294 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Holiday
4

၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေး ဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ.. မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာ ထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကို ပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်း ဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာ ပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီး မတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာ ရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia

Comedy • Fantasy • Romance • Science Fiction
4 2006 99 mins
Holiday
Freaky
6.6

ဒီတစ်ခေါက်တော့ဆယ်ကျော်သက် Horror ကားလေးတွေကိုကြိုက်တဲ့ CMပရိတ်သတ်ကြီးအတွက် Horror/Comedy ကားလေးဖြစ်တဲ့ Freaky(2020)ဆိုတဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကိုလည်း အနည်းငယ်တင်ပြပေးလိုပါတယ်။ တစ်နေ့တော့ ဘလစ်ဖီးမြို့လေးမှာ သားသတ်သမားလို့ခေါ်တဲ့ စိတ္တဇလူသတ်သမားတစ်ယောက်လွတ်လာပါတယ်။ ဆယ်‌ကျော်သက်တွေကိုရွေးချယ်သတ်တတ်တယ်ဆိုတဲ့ သူ့အကြောင်းက ပုံပြင်လိုလိုဖြစ်နေကြပေမယ့် ဆယ်ကျော်သက်လေးယောက်ကို တစ်နေ့မှာတော့ တကယ်ကိုရက်ရက်စက်စက်သတ်ပစ်လိုက်ပါတော့တယ်။ အဲဒီအိမ်ကပဲ လာဒီုလာဆိုတဲ့ ရှေးဟောင်းဓားတစ်ချောင်းကိုပါခိုးသွားတာက ပြဿနာကစတာပါပဲ။နောက်နေ့မှာတော့ မီလီဆိုတဲ့‌ကောင်မလေးဆီကို သားသတ်သမားရောက်လာပြီး အဲဒီရှေးဟောင်းဓားနဲ့ထိုးလိုက်ပါတော့တယ်။ အဲဒီရှေးဟောင်းဓားရဲ့အစွမ်းက စိတ်၀ိဥာဥ်ချင်းလဲသွားစေတာပါပဲ။ စိတ္တဇလူသတ်သမားခန္ဓာကိုယ်ထဲက မီလီနဲ့ မီလီ ခန္ဓာကိုယ်ထဲက စိတ္တဇလူသတ်သမား... ဘယ်လိုတွေ့ရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ Teenage ကားလေးတွေကိုကြိုက်သူတွေအဖို့ကတော့ အကြိုက်တွေ့ဦးမှာပါ။ ဒီကားလေးရဲ့နာမည်ကတော့ Freaky(2020)ပါ။ File size…600 Mb Quality…. 1080p , 720p Webrip Format…Mp4 Duration….01:46:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Aye Mon Kyaw

Action & Adventure • Drama • Sci-Fi & Fantasy
6.6 2020 102 mins
Freaky
Loving Vincent
8

သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်.. ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။ သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ... ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။ " လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ... ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ပန်းချီဆရာ.. အဆုံးသတ်တစ်နေ့မှာ.. ပန်းချီဆရာတစ်ယောက်အတွက် သေခြင်းက ဆိုးဝါး ပြင်းထန်လောက်အောင် ခံရခက်တဲ့ အရာဟုတ်ဘူးဆိုတဲ့ သူ့ စကားအတိုင်း သေပြခဲ့သူ။ ဗင်းဆင်းရဲ့ ပန်းချီကားတွေဟာ.. အပေါ်ယံအမြင်နဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ မြင်ရတဲ့ အရာတွေပေါ် ခံစား သိရှိနားလည် သလို ရေးဆွဲထား၏။ စိတ်ကူးယဉ်ရေးဆွဲထားဟန် ရှိပေမဲ့ နားလည်နိုင်အောင် ရေးထားသည်။ သဘာဝနဲ့ကင်းကွာခြင်းမရှိ။ ထိုကဲ့သို့ ဝေဖန်သူများက သုံးသပ်ကြ၏၊ ဗင်းဆင့်ဗန်ဂိုးဟာ အနုပညာကို ခံစားတက်သူတိုင်းရဲ့ သူငယ်ချင်းပါပဲ...။ ဒီတော့ ဒီကားမှာ သူ့ဘဝ သူ့အနုပညာ သူ့အခက်အခဲ သူ့အတွေးအခေါ်တွေကို သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းလို ကျွန်တော်တို့ ခံစားကြရမှာပါ။ တစ်ချို့ မရေရောတဲ့ အချက်တွေကို ဒွိဟ ပြသွားပေမဲ့.. သေချာတာကတော့ ဗင်းဆင့်ကို ကျွန်တော်တို့ လုံးဝ ခံစားမိစေမှာပါ။ ဒီ ဇာတ်လမ်းရဲ့ ဇာတ်လိုက်က ဗင်းဆင့် ဗန်ဂိုး မဟုတ်ပါဘူး။ ဗင်းဆင့် သေပြီး ကာလတစ်ခုမှာ... ဗင်းဆင့်ကို နားမလည်တဲ့ ကောင်လေးတစ်ယောက် သူ့အဖေ ဆန္ဒအရ..ဗင်းဆင့် ကျန်ခဲ့တဲ့စာကို ပို့်ရာက ဗင်းဆင့်ကို စာနာသွားတာကို ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ဗင်းဆင်းရဲ့ ပန်းချီဟန်တွေ အပြင် ဗင်းဆင့်ရဲ့ တကယ့် ပန်းချီကားတွေ အများကြီး ထည့််သုံးထားပါတယ်.. ကြယ်တွေစုံတဲ့ည.. ဂျုံခင်းထဲက ကျီးကန်းများ.. ပန်းအိုးထဲက နေကြာ၁၂ပွင့် ညလုံးပေါက်ကဖေး တဲရေ့စ်ကဖေးရဲ့ ညရှုခင်း အစရှိတဲ့ နာမည်ကျော် ပန်းချီတွေ ပါပါတယ်..။ ထူးခြားတာကတော့ ဒီကားကို အစအဆုံး ဆီဆေးပန်းချီကားပေါင်း ၆၅၀၀၀ကို Animationအနေနဲ့လုပ်ထားပြီး အဲ့ဒီပန်းချီကားတွေကို ကမ္ဘာအနှံ့ကအနုပညာရှင် တစ်ရာကျော်က ရေးဆွဲပေးခဲ့ပါတယ်။ ဒီကားရဲ့ အဓိက ဇာတ်ကောင် အာမန်ရော်လင် အပါအဝင် ဒေါက်တာ ဂါးချက်.. ပီရီ တန်ဂျိုင်း ဇာတ်ကောင်တွေဟာလည်း ဗင်းဆင့် ဆွဲခဲ့တဲ့ ပုံတူတွေကို သုံးထားတာပါ..။ ဗင်းဆင့် ဘာကြောင့် သေဆုံးသွားရခဲ့သလဲ.. အဖြေရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ ဗင်းဆင့် ဘဝကို ရှာပုံတော် ဖွင့်ရမှာပါ.. Live Longer.. You'll see.. Life can even bring down the strong.. ဘဝမှာ အနေကြာလာရင် ဘဝဟာ အခိုင်အမာဆုံး စိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်ပါတယ်... ဗင်းဆင့်ရဲ့ ရင်နင့်စရာ ပြိုလဲမှု အကြီးကျယ်ဆုံး အနုပညာရှင်တစ်ယောက်ရဲ့ ပြိုလဲမှုကို ခြေရာကောက် ကြည့်ချင်ရင် ဒီကားထက် ပိုပြောပြနိုင်မဲ့ကား ရှိမယ် မထင်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 810 MB) and ( 300 MB) Quality__BR-Rip 720p IMDb Rating__7.8/10 Format__mp4 Duration__01:34:43 Type__Animation , Biography , Crime Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Action & Adventure • Drama • Sci-Fi & Fantasy
8 2017 95 mins
Loving Vincent
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Department Q: The Absent One
7.1

Genre – Crime, Mystery, Drama IMDB – 7.1/10 Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ ပထမကားမကြည့်ရသေးတဲ့လူတွေလည်း CM မှာ The Keeper of Lost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှ ဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေ ကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကို အဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန် လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စ ကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီး ကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီး ဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစား ယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထား တာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကို လိုက်ကြတဲ့အခါ ဒီနှစ်လောင်းပြိုင် လူသတ်မှုဆိုတာက ပင့်ကူအိမ်ထဲက အမျှင်တစ်မျှင်သာ ဖြစ်နေတာကို တွေ့ရှိရပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ က ဖုံးကွယ်ထားတဲ့ ရက်စက်တဲ့နောက်ကြောင်းတွေ ပေါ်လာပါတော့တယ်။ ဂရစ်ဖင်ဟွန်းဆိုတဲ့ ဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲ၊ တနင်္ဂနွေဆိုတာကရော ဘာသက်ရောက်မှု ရှိတာလဲ၊ ကင်မီဆိုတဲ့ ကောင်မလေးကရော ဘယ်သူလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့ နောက်ထပ် သပွတ်အူအမှုကို ကားလ်တို့ ၃ ယောက်သား စွန့်စွန့်စားစား ဉာဏ်သုံးအဖြေရှာကြတာကို ဇိမ်ရှိရှိ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ပထမကားလို တရားခံကို နောက်ဆုံးမှ ပြတာမဟုတ်ပဲ အစကတည်းက ပြပြီး ဘယ်လို တစ်ဖက်နဲ့ တစ်ဖက် ဉာဏ်ကစားကြမလဲ ကြည့်ရမှာပါ။ ဒီကားမှာတော့ မုဒိမ်းမှုတွေပါ ပါဝင်တဲ့အပြင် ပြထားတဲ့ ရိုက်ကွက်တွေလည်း ခပ်ရှင်းရှင်းဖြစ်တဲ့အတွက် ကြည့်ရှုသူများအဖို့ သတိပြုစေလိုပါတယ်ဗျ။ File size…1.53GB / 552.7MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 59m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Thriller • Horror
7.1 2014 116 mins
Department Q: The Absent One
Puppy Love
6.1

IMDb – 6.1/10 ဇာတ်လမ်းအညွှန်း single mother မီဂန်နိုလန်ဟာ သူ့ရဲ့ ၁၀နှစ်အရွယ်သမီးလေး ကိတ်လင်းနဲ့အတူ မြို့အသစ် အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်အသစ်မှာ ကိတ်လင်းအတွက် သူငယ်ချင်းအသစ်တွေရမယ်လို့ မျှော်လင့်ထားပေမယ့်လည်း တကယ်တော့ ကိတ်လင်းဟာ အိမ်နီးချင်းရဲ့ခွေးလေးနဲ့သာ ဆော့ကစားနေရပါတယ်။ စိတ်မကောင်း ဖြစ်မိတဲ့ မီဂန်က သူ့သမီးအတွက် ခွေးလေးမွေးစားဖို့ စိတ်ကူးလိုက် ပါတယ်။ အဲ့ဒီမှာ သူတို့က ခွေးထိန်းသိမ်းရေးစခန်းက ခွေးလေးကို မွေးလိုက်ကြပါတယ်။ ဒီခွေးလေးက ရိုးရိုးလမ်းဘေးခွေးလေးမဟုတ် ပါဘူး။ ဒီခွေးလေးရဲ့နာမည်က ဂျိတ်… သူ့သခင်က ဘေ့စ်ဘောအားကစားသမား ဘန်ဖူလာပါ။ ဘန်က ဘေ့စ်ဘောသွားကစားနေတုန်း ဂျိတ်ကို အိမ်မှာ ထားခဲ့ပေမယ့် ဂျိတ်က ဘန်နောက်ကိုလိုက်လာရင်း လမ်းမှာလမ်းပျောက် သွားတာပါ။ ဒါ့ကြောင့် ဘန်ဟာ သူ့ခွေးလေးကို လိုက်ရှာနေတယ်။ ဒီလိုနဲ့ ဘန်နဲ့ မီလန်တို့ သားသမီးနှစ်ယောက်နဲ့ ဆုံတွေ့သွားကြပြီး ဇာတ်လမ်းလေးတစ်ခု ပေါ်လာပါတော့တယ်။ ဘယ်လိုဇာတ်လမ်းလေး ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦးနော်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…1.55GB / 745MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

6.1 2012
Puppy Love
The Hottest Summer
6.5

The Hottest Summer(2023) ************************* ဇာတ်လမ်းကိုတော့ အီတလီနိုင်ငံ ဆစ္စလီမြို့ရဲ့ အပူဆုံးနွေရာသီတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်…။ အဲ့ဒီမှာဆိုရင် နွေရာသီကာလ ကျောင်းတွေပိတ်တော့ ဘုရားကျောင်းတွေမှာ ကလေးတွေအတွက် နွေရာသီကျောင်းလေးတွေဖွင့်လေ့ရှိပါတယ်..။ ကလေးတွေကို ထိန်းကူဖို့ လူငယ်လူရွယ်လေးတွေကလည်း volunteerလာလုပ်ပေးကြတာ‌ပေါ့…။ လူစီယာဟာလည်း အဲ့လိုvolunteerတစ်ယောက်ဖြစ်ပြီး နွေရာသီကျောင်းကိစ္စဆိုရင် တက်တက်ကြွကြွပါဝင်လေ့ရှိသူပါ…။ ဒီလိုနဲ့ အပူဆုံးနွေရာသီတစ်ခုမှာ သူတို့ရဲ့ဘုရားကျောင်းကို ဘုန်းတော်ကြီးအသစ်ရောက်လာပါတယ်…။ ရောက်လာတဲ့ဘုန်းတော်ကြီးက ငယ်ငယ်ရွယ်ရွယ် ခန့်ခန့်ချောချောဆိုတော့ လူစီယာတို့လို မိန်းမငယ်လေးတွေအတွက်တော့ သဘောကျချင်စရာပါ…။ ဘုန်းတော်ကြီးတွေက အိမ်ထောင်သားမွေးအမှုကိုပြုလို့မရဘူးဆိုတဲ့ ဝိနည်းပညတ်တွေရှိပါတယ်…။ သို့ပေမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်က ဒီလိုစလာပြီဆိုတော့လည်း စည်းမျဥ်းတွေကို မြင်နိုင်တော့မယ် မထင်ပါဘူး…။ အတားအဆီး ပညတ်ချက်တွေအကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဘယ်လိုပေါက်ဖွားလာမလဲ၊ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ…။ File Size : (1.6GB) and (771MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:36:00 Genre : Romance, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.5 2023
The Hottest Summer
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
Count Magnus

” A ghost story for christmas count magnus ” ဆိုတာ Horror အမျိုးအစားဇာတ်လမ်းတိုလေးဖြစ်ပါတယ်။ 1863 ခုနှစ်ဆွီဒင်မြို့က‌လေးဟာ လူသိပ်မသိကြဘဲ လာလည်တဲ့လူ သိပ်မရှိတဲ့ဒေသလေးဖြစ်ပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့ မစ္စတာဝက်စ်ဟောက လမ်းမှားရင်းဆွီဒင်ကိုရောက်သွားပြီး အဲ့ဒီက မျိုးရိုးမြင့် ဒယ်လာဂါဒီဆိုတဲ့မိသားစုရဲ့ဘိုးဘေး ကွယ်လွန်သွားပြီဖြစ်တဲ့မြို့စားမင်းကြီးရဲ့အကြောင်းကိုသိချင်မိပြီး သူဘာတွေများအောင်မြင်ခဲ့သလဲ ဘယ်လိုအရာမျိုးတွေလုပ်တတ်တဲ့လူမျိုးလဲဆိုတာကို ရိုးရိုးသားသားသိချင်စိတ်နဲ့ လိုက်လံပြီးစုံစမ်းစပ်စုမိရာကနေ နောက်ဆုံးမှာ မစ္စတာဝက်စ်ဟောတစ်ယောက်ဟာ တန်ကြေးကြီးတဲ့ အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ်။ File size…(465 MB)/(189 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:32:00 Genre… Horror, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2022
Count Magnus
The Number 23

ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ အမျိုးသမီးကို လက်ထပ်ထားပြီး ရော်ဘင်လို့ ခေါ်တဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ထားပြီး မိသားစု ဘဝလေးကို တည်ထောင်ထားပါတယ်။ သူက ပုံမှန်လူတွေလိုပဲ အလုပ်လုပ်မယ် မိန်းမကို ချစ်မယ် သားလေးကို ပျိုးထောင်မယ်၊ ဒီလိုလေးတွေ လုပ်ရင်းနဲ့ပဲ ဘဝကို နေထိုင်လာသူပါ။ ဒါပေမယ့် သူ့ရဲ့ တခုသော မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ် “နံပါတ် ၂၃”ဆိုတဲ့ စာအုပ်ကို ရလိုက်တဲ့အချိန်က စပြီး အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ စိတ်ကူးယဥ်ရေးထားတဲ့ စာအုပ်က သူ့ရဲ့ဘဝနဲ့ ထပ်တူကျနေတဲ့အခါ၊ စာအုပ်ထဲက အကြောင်းရာတွေ အပြင်မှာပါ တအားမှန်လာတဲ့အခါ၊ နံပါတ် ၂၃ကို တဖြည်းဖြည်း စွဲလန်းလာတဲ့အခါ … စွဲလန်းမှုကနေ လူသတ်မှုတွေထိပါ ဆက်နွယ်လာတဲ့အခါ …. ဒီ”နံပါတ်၂၃”စာအုပ်ကို ရေးခဲ့တာ ဘယ်သူလဲ … ဒီစာအုပ်ထဲက အကြောင်းရာတွေက ဘာလို့ ဝေါတာရဲ့ဘဝနဲ့ တထပ်တည်းနီးပါးထပ်တူကျနေတာလဲ … လူသတ်မှုကရော တကယ်ပဲဖြစ်ခဲ့တာလား …. တကယ်ဆိုရင် ဘယ်သူသတ်ခဲ့တာလဲ … လူသတ်သမားက သူ လူသတ်ခဲ့ကြောင်း စာအုပ်ရေးပြီး ဝန်ခံထားတာလား … ဒါဆိုရင် စာရေးဆရာက ဘယ်သူလဲ … ဒါမှမဟုတ် နံပါတ် ၂၃ကို စွဲလန်းလာရာကနေ စိတ်ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား …. ဇာတ်လမ်းကို ကြည့်နေရင်းနဲ့ လူက ဇာတ်ရှိန်နဲ့အတူ မျောပြီးတော့ကို ပါသွားမှာပါ။ ဒီရုပ်ရှင်က Leonardo DiCaprioeရဲ့ Shutter Islandနဲ့တောင် ဆင်တယ်လို့တောင် ခံစားမိပါတယ်။ မတူတာကတော့ တိကျရှင်းလင်းတဲ့ အဖြေတစ်ခုကိုလည်း ပေးသွားတာမို့လို့ ရုပ်ရှင်တစ်ခုရဲ့အနှစ်သာရကို ပြည့်ပြည့်ဝဝ ခံစားရစေမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.9 GB)/(804 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2007
The Number 23
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
Memory Lane De Terugreis
7.4

Memory Lane (2024) IMDb Rating (7.4) နှစ်ပေါင်း၅၀ပေါင်းလာတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ဘဝရဲ့နောက်ဆုံးနေ့တွေကို ဖြတ်သန်းနေတဲ့အချိန်ပေါ့။ ခေါက်ရိုးကျိုးနေတဲ့ဘဝကြီးထဲ နေလာရင်း သူတို့တွေ တော်တော်ပျင်းလာပုံရပါတယ်။ ငြီးငွေ့လာတယ်ပေါ့။ သူတို့ရဲ့ နိစ္စဓူဝတစ်ချို့ထဲကနေ သူတို့ထွက်လာခဲ့ကြတယ်။ ဒီလိုနဲ့ အဘိုးကြီးက သူ့မိန်းမ မှတ်ဉာဏ်သိပ်မကောင်းတော့တာ သူငယ်ပြန်နေတာကို သိလိုက်ရတယ်။ သူ့မိန်းမက မရောက်တာကြာတဲ့ နေရာဟောင်းတွေဆီလည်း သွားချင်လာတယ်။ အစကတော့ အဘိုးကြီးက သဘောမတူပေမဲ့ နောက်ဆုံး မိန်းမသဘောအတိုင်း အောက်မေ့ဖွယ်နေ့တွေထဲ ပြန်သွားကြရင်း အတိတ်ကိုပြန်ရှာတဲ့ ဇာတ်လမ်းပါပဲ။ အေးအေးငြိမ့်ငြိမ့်နဲ့ လူ၂ယောက်ကြားက အရာတွေကိုပဲ ပြထားတဲ့ရုပ်ရှင်တွေကို သဘောကျရင်တော့ သဘောကျကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.1 GB) / (870 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:38:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Thriller • Drama • Mystery • Horror
7.4 2024 98 mins
Memory Lane De Terugreis
Push
5.5

နာမည်ကြီး Horror ဇာတ်ကားတွေကို ရိုက်ကူးနေကျဖြစ်တဲ့ Shudder Film က ထုတ်လုပ်လိုက်တဲ့ Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘတ်ဂျက်ဇာတ်ကားတစ်ခု ဆိုပေမယ့် Jump Scare Vibe ကို ပေးနိုင်တဲ့ ဇာတ်ကားလေးမို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ နောက်ပြီး ဇာတ်လမ်းအဆုံးမှာ ပဟေဠိ အတွေးစတွေ ကျန်ခဲ့မယ့် ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ခင်ပွန်း ဆုံးပါးပြီးနောက်ပိုင်း ကျန်ခဲ့တဲ့ ကိုယ်ဝန်နဲ့အတူ ခင်ပွန်းသည် ဇာတိဖြစ်တဲ့ အမေရိကန်နိုင်ငံ မီချီဂန်ပြည်နည်မှာ လာပြီး အခြေချနေထိုင်ဖို့ ကြိုးစားရင်းနဲ့ အိမ်ခြံမြေအကျိုးဆောင် အလုပ်ကို လုပ်နေတဲ့သူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူမတို့ ကုမ္ပဏီမှာ ဈေးကွက်တင်ထားတာ ကြာပြီဖြစ်ပေမယ့် မရောင်းထွက်သေးတဲ့ အိမ်တစ်လုံးကို အရောင်းဖွင့်ဖို့အတွက် အဲဒီကို လာရောက်ခဲ့ပါတယ်။ ဒီအိမ်ရဲ့ အိမ်ပိုင်ရှင်ဟောင်းတွေက ပုံစံမျိုးစုံနဲ့ မတော်တဆဖြစ် အသတ်ခံခဲ့ရတာမျိုးတွေ ဖြစ်ခဲ့တာမို့ ဒီအိမ်က ကျိန်စာသင့်နေတာရယ်ဆိုပြီး ကောလဟလကြောင့် လူအတော်များများက စိတ်မဝင်စားကြတာပါ။ ဒါတွေကို အယုံအကြည် မရှိတတ်သူ နာတာလီတစ်ယောက် ဧည့်သည်ကို အိမ်လိုက်ပြပြီးတဲ့နောက် ပြန်ဖို့ သူမရဲ့ကားက နှိုးမရတဲ့ အခါမှာတော့…..။ File Size… (775 MB) / (495 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 29m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5.5 2024 89 mins
Push