YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

CSI.Crime.Scene.Investigation.S04E03.Homebodies.720p {CM}.mp4

431.33 MB 720p video/mp4 692 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
The Birdcage
7

"ကမ္ဘာပေါ်မှာ ငါ့အတွက်အိမ်လို့ခေါ်နိုင်တဲ့နေရာက တစ်ခုတည်းပဲရှိတယ် အဲဒါကမင်းရှိနေတဲ့နေရာပဲ" Armand Goldman (Owner of the Birdcage) IMDB 7.2, Rotten Tomatoes 83% ရထားတဲ့ ဒီ The Birdcage (1996)ဆိုတဲ့ LGBT/Comedyကားလေးမှာတော့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Nathan Lane (Mouse huntမင်းသားကြီး)နဲ့ Robin Williams (Jumamji 1995မင်းသားကြီး)တို့က အဓိကပါဝင်ထားကြတာပါ.. "ဇာတ်လမ်းအကျဉ်း" အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေဝတ်ပြီးကပြဖျော်ဖြေရတဲ့ Dragလို့ခေါ်တဲ့အကရဲ့ Birdcageကလပ်ပိုင်ရှင် တစ်ဖြစ်လည်း ဒါရိုက်တာအာမန်နဲ့ ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်တို့က အတွဲညီတဲ့ အတူနေလိင်တူချစ်သူတွေပေါ့.. စိတ်ခံစားချက် နုနယ်ပြီး ထိလွယ်ရှလွယ် အဲဘ်ဘတ်နဲ့ ရင်ထဲကစကားတွေကို တော်ရုံထုတ်မပြတတ်ပေမယ့် ဂရုစိုက်တတ်တဲ့ အာမန်တို့က လူလတ်ပိုင်းအရွယ်လိင်တူလင်မယားအဖြစ်နဲ့ သားလေးတစ်ယောက်လည်း မွေးထားခဲ့တာပါ.. တစ်ဦးတည်းသော သားလေးကို တုန်နေအောင်ချစ်လို့မဝသေးခင် အခုမှ အသက် ၂၀ အရွယ်သားဖြစ်သူက တစ်နေ့မှာတော့ သူ လက်ထပ်ချင်တဲ့သူရှိပါပြီလို့ တောင်းဆိုလာတဲ့အခါ... ရင်ကွဲပက်လက်ဖြစ် ဟတ်ထိသွားကြပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာဖို့အရေး လိုက်လျောဖို့တွေးရပါတော့တယ်.. ဒါပေမယ့်လည်း သူတို့သားဖြစ်သူ လက်ထပ်မယ့်သူက ရိုးရိုးသတို့သမီးမဟုတ်ဘဲ ဂုဏ်သရေရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတဲ့အခါမှာတော့... တစ်ဖက်မိဘတွေက ဒီမင်္ဂလာပွဲကို အကန့်အကွက်မရှိ ခွင့်ပြုနိင်ဖို့အရေး ဘယ်လိုတွေလုပ်ဇာတ်ခင်းကြမလဲ.. အဖေနှစ်ယောက်ရှိနေတာကို အသိမပေးဘဲ အဖေတစ်ယောက် အမေတစ်ယောက်လို့ထင်ဖို့အရေး ဘယ်လို အမျိုးမျိုးသော ကလိမ်ကကျစ်နည်းပေါင်းစုံနဲ့ လှည့်စားကြမလဲ... လွှတ်တော်အမတ်တွေဘက်ကရော သူတို့လို လိင်တူစုံတွဲရဲ့သားကို သူတို့သမီးနဲ့ လက်ထပ်ဖို့ခွင့်ပြုနိင်ပါ့မလား.. ဒါရိုက်တာအာမန်နဲ့ တင်ဆက်သူအဲလ်ဘတ်တို့ တတ်ထားတဲ့ပညာတွေကိုသုံးပြီး အဆုံးထိ ပိပိရိရိလှည့်စားလိုက်နိုင်ပြီး လက်ထပ်ခွင့်ရသွားကြမလား... တစ်ဝက်တစ်ပျက်နဲ့ အလိမ်ပေါ်ပြီး အရှက်တကွဲ အကျိုးနည်းဖြစ်သွားကြမလား.. ဆိုတာကိုတော့ အလွဲလွဲအချော်ချော်ပေါင်းများစွာကို အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ အခွီတစ်လိုင်း ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာမို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်) File size…(2.78GB)  / (1.26GB) /698MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Emily

Comedy • Horror
7 1996 119 mins
The Birdcage
Haunted Valley
5

သရဲခြောက်တယ်လို့ သတင်းကြီးတဲ့ Haunted Valley လေးကို ခံစားကြည့်ကြပါဦး။ အဲ့ဒီတောင်ကြားမြို့ရဲ့ လမ်းမထက်မှာ ဒါမှ မဟုတ် လမ်းကြိုလမ်းကြားမှာ လေလွင့်နေတဲ့ဝိဉာဉ်တွေ သွားလာ နေတတ်ကြပါတယ်။ သူတို့ဝင်ပူးလို့ရမယ့်သူကို ရှာနေရင်းနဲ့ မကောင်း ဆိုးဝါးတွေကို ဗိုင်းရပ်ပိုးလို ဖြန့်ဖို့အခွင့်ကောင်းကို စောင့်နေကြတယ် လို့ဆိုပါတယ်။ ဘက်သနီတို့အိမ်က သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးအိမ်တွေ ထဲကတစ်အိမ်နဲ့ တစ်လမ်းတည်းရှိပါတယ်။ စစဦးဆုံးသတိထားမိတာ ကတော့ ဘက်သနီရဲ့ သားနဲ့သမီးပေါ့။ တစ်ခါတစ်လေ ပုံစံမမှန်တဲ့ဝိဉာဉ် ကိုတွေ့ရသလို၊ တစ်ခါတစ်လေ မိန်းမကြီးပုံစံလည်းတွေ့ရတတ်ပါတယ်။ ဘက်သနီကလည်း သူ့ခင်ပွန်းကနောက်အိမ်ထောင်ပြုတော့မှာမို့ စိတ် ရှုပ်နေပြီး စိတ်ဓါတ်အကျဆုံးအချိန်ကိုရောက်နေတာမို့ လေလွင့်နေတဲ့ ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုမျိုးအခွင့်အရေးရှာပြီး ဝင်ပူးဖို့လုပ် မလဲဆိုတဲ့အဖြေကို စောင်လေးခြုံ၊ မီးလေးပိတ်ပြီး ကြည့်ကြည့်လိုက်ပါ တော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.79 GB) / (660 MB) / (424 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Jo Jo Va Encoder..........SWM

Comedy • Drama • Romance
5 2022 93 mins
Haunted Valley
Stand Up Guys
6

ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့ Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော် ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ် Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် Crime/Comedy ဇာတ်ကားကောင်းလေးတစ်ကားမို့အရမ်းကြည့်သင့်ပါကြောင်း လက်တို့လိုက်ပါရစေ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်

Drama • History
6 2012 95 mins
Stand Up Guys
Riverdance: The Animated Adventure
5.9

ချစ်စရာ ကာတွန်းကားလေးတစ်ခုတင်ဆက်ပေးထားပါတယ်။ Magical Fantasy အမျိုးအစားပါပဲ။ ကီဂန်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိဘမရှိလို့ အဖိုးနဲ့အဘွားက မွေးစားထားခဲ့ရတာပါ။ သူ့ရဲ့အဖိုးကတော့ မီးပြတိုက်စောင့်တဲ့အလုပ်ကိုလုပ်ပါတယ်။ ပြီးတော့ အဘိုးကအမြဲပြောတယ်၊ မီးပြတိုက်ရဲ့အလင်းရောင်ဟာ အမှောင်ထုကြီးကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို အမြဲဟန့်တားပေးနေတဲ့ အရာပါပဲတဲ့။ မီးပြတိုက်အလင်းရောင်သာ မရှိတော့ရင် မုဆိုးကြီးဟာ မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်၊ မှော်သမင်ကြီးတွေသာ မရှိတော့ရင် မြစ်တွေလည်း ရေတွေခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်လေးက ဒါကို ပုံပြင်လိုပဲ သဘောထားပြီး မယုံခဲ့ပေမဲ့ တစ်နေ့မှာတော့ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းဖို့ ပျက်ကွက်ခဲ့တဲ့အခါ.... အကအလှလေးတွေ ရယ်စရာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကာတွန်းရုပ်ရှင်ဖြစ်လို့ ကလေးရော လူကြီးရော သဘောကျကြမယ်ထင်ပါတယ် File size…(1.7 GB)/(700 Mb)/(350 Mb) Quality….HDrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Animation, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Comedy • Crime • Thriller
5.9 2021 86 mins
Riverdance: The Animated Adventure
Smokin’ Aces
7.4

Smokin’ Aces(2006) အညွှန် ************************ Ryan Reynolds နဲ့ Ben Affleck တို့တွေအပြင်အခြားနာမည်ကြီးတွေအများကြီးပါတဲ့ ဒီဇာတ်ကားဟာ ကြမ်းလည်းကြမ်းသလို ဆုကြီး ၄ ဆုလည်းရရှိခဲ့တယ်… ဒီကားမှာတော့ မာဖီးယားတွေ ကြေးစားလူသတ်သမားတွေနဲ့ FBI တွေရဲ့ အားပြိုင်မှုကိုတွေ့မြင်ရမှာပါ ဘတ်ဒီအစ်စရယ်လို့ခေါ်တဲ့ဖျော်ဖြေရေးသမားက မာဖီးယားဂိုဏ်းခေါင်းဆောင်အပေါ်သစ္စာဖောက်ခဲ့တာကြောင့် သူ့နှလုံးကိုရဖို့ဆုငွေတစ်မီလီယံထုတ်ထားပါတယ် ဆုကြေးရချင်နေတဲ့ ကြမ်းကြမ်းရမ်းရမ်းကြေးစားအဖွဲ့တွေကလည်း သူ့နောက်လိုက်ပြီးသတ်ဖို့ကြိုးစားပါတယ်.. မာဖီးယားခေါင်းဆောင်ရဲ့လျှို့ဝှက်ချက်တွေသိရဖို့နဲ့ သက်သေထွက်ဆိုဖို့အတွက် သူ့ကိုကာကွယ်ပေးဖို့ အေးဂျင့်မက်စ်နာနဲ့အေးဂျင့်ကော်ရတ်သာတို့က တာဝန်ယူထားရပါတယ်… လူသတ်သမားကခုနစ်ယောက် အေးဂျင့်ကနှစ်ယောက်နဲ့ အစ်စရယ်မသေစေဖို့ကြိုးစားရပါတယ်.. အဲဒါအပြင် ဆွီဒင်လူမျိုးဆိုတဲ့ ထူးဆန်းတဲ့ဇာတ်ကောင်က ဘာဖြစ်နေမလဲ… တဖြည်းဖြည်းနဲ့ သူတို့ FBI ကြားက အရှုပ်အရှင်းတွေပေါ်လာချိန်မှာတော့ မာဖီးယားတွေနဲ့ဘယ်လိုပတ်သက်နေတာလဲ လျှို့ဝှက်ချက်တွေကဘာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါ File Size : (2.7GB)(1.1GB) and (379 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Action , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Poant Encoded by Phyo Pyae

Action • Drama • History • Thriller
7.4 2006
Smokin’ Aces
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
Eye of the Storm
6

SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။ အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ (၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့် ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့ ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့ သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။ ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။ ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့ ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ် မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ် ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။

6 2023
Eye of the Storm
Two Weddings and a Funeral
6.2

Two Weddings and A Funeral (2012) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ တေုင်ကိုရီးယားရဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်လောက်က Homosexual တွေရဲ့ဘဝကိုရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီနေ့ခေတ်တောင်ကိုရီးယား လိုမျိုးပွင့်လင်းမြင်သာမှုမရှိသေးတဲ့အချိန်တုန်းက Homosexual ဆိုရင်ရှက်စရာ လူသိမခံချင်စရာကိစ္စလို့သတ်မှတ်နေတဲ့အချိန်မှာ Homosexual ကောင်လေးတစ်ယောက်က မိဘတွေကအိမ်ထောင်ပြုရင် အိမ်ဝယ်ပေးမယ်ဆိုလို့ သူ့လိုပဲ Homosexual ဖြစ်ပြီး ကလေးမွေးစားချင်နေတဲ့ ဆရာဝန်မလေးတစ်ယောက်နဲ့ဟန်ဆောင် လက်ထပ်လိုက်ပါတော့တယ် လက်ထပ်ပြီးနောက်သူတို့ရဲ့မိဘတွေကို အရူးလုံးလုံးပဲလုပ်နိုင်မလား သူတို့ရဲ့ပတ်ဝန်းကျင်မှာရော မရိပ်မိအောင်နေနိုင်ကြပါ့မလားဆိုတာအပြင် တောင်ကိုရီးယား ရဲ့ Homosexual တွေရဲ့ပွင့်လင်းပြီးချစ်စရာကောင်းမှုကို ဟာသလေးရောပြီးကြည့်ရှုရမှာမို့ Bl fan တွေလည်းစမ်းပြီးကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 720p File size… 785MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator …..Thae Thae Encoder ….. Aaron

6.2 2012
Two Weddings and a Funeral
Sorority Row

Sorority Row ဟာ 1982 ရုပ်ရှင် The House on Sorority Row ရဲ့ Remake ဖြစ်ပြီးရှားရှားပါးပါးမူရင်းကိုလိုက်မှီတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ရော့စ်မန်းတက္ကသိုလ် Theta P Sorority ညီအစ်မတစ်စုဖြစ်တဲ့ Cassidy, Jessica, Ellie, Claire, Chugs နဲ့ Megan တို့ဟာ စီနီယာပါတီကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီညမှာပဲ ချက်ဂ်ရဲ့မောင်ဖြစ်သူ ဂဲရတ်အပေါ်သူ့ရည်းစား မီဂန်နဲ့ပေါင်းပြီး ဇာတ်လမ်းဆင်ဟာသတစ်ခုလုပ်ပြီး စနောက်ရာကနေ မီဂန်သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီမှာပဲအားလုံးတိုင်ပင်ပြီးတော့ မီဂန်အလောင်းကို မိုင်းတွင်းဟောင်းကြီးထဲပစ်ချဖျောက်ဖျက်ခဲ့ပြီးနောက်အားလုံး ဘာမှမဖြစ်သလိုပြန်နေခဲ့ကြပါတယ်။ အဲ့ဒီဖြစ်ရပ်အပြီးနောက်ရှစ်လအကြာ သူတို့ရဲ့ကျောင်းဆင်းပွဲပါတီနေ့မှာတော့ ခေါင်းစွပ်ဘွဲ့ဝတ်စုံနဲ့မီဂန်ကိုသေဆုံးစေခဲ့တဲ့ တာယာတံတစ်ချောင်းကိုကိုင်ထားတဲ့လူသတ်သမားဟာ သူတို့အုပ်စုကိုအမှည့်ချွေပါတော့တယ်။ Horror ကားပီသစွာ Rated R ကိုယူထားတဲ့အတွက် သတ်ခန်းဖြတ်ခန်းတွေ ရှယ်ကြမ်းပါတယ်။ အမျိုးသမီးဆောင်ကိုအခြေခံပြီး ဗရုတ်ကျကျမိန်းကလေးငယ်တစ်စုဦးဆောင်တဲ့အတွက် အဖော်အချွတ်လေးတစ်ချို့လည်းပါပါသေးတယ်။ Slasher ကားကောင်းငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် Old but gold တစ်ကားပါပဲ။ File size…(1.7 GB)/(894 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Mystery, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Action • Comedy • Crime • Drama
0 2009
Sorority Row
Election
6.6

Election (2024) ============= ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ အကြမ်းဖက်မှုတွေ ယှဉ်ပြိုင်မှုတွေ သစ္စာဖောက်မှုကို ကြုံတွေ့လာရတဲ့အခါ….. ဘာတွေများ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုအားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်။

6.6 2024
Election
The Critic
6.2

လန်ဒန်မြိုက အထင်ကရသတင်းစာတိုက်ကြီးမှာ ပြဇာတ်ဝေဖန်ရေးမှူး အနေနဲ့ သုံးသပ်ချက်တွေရေးရတဲ့ ဂျင်မီ အက်စကင် ဒီလူက သူ့ရဲ့စံချိန် စံနှုန်းတွေနဲ့ မကိုက်ညီဘူးလိုယူဆတဲ့ ပြဇာတ်တွေ၊ သရုပ်ဆောင်တွေကိုဆို ပိုးစိုးပက်စက် ဝေဖန်ရေးသားတတ်တာကြောင့် လူသိများပါတယ်။ အဖေဖြစ်သူ ဆုံးပါးသွားလို သတင်းစာတိုက်ပိုင်ရှင်ဖြစ်လာတဲ့ ဒေးဗစ်ဘရွတ်ခ်က သူ့ကို ပျစ်ပျစ်နှစ်နှစ်ရေးသားတာတွေ လျှော့ဖိုပြောပေမဲ့လည်း အချည်းနှီးပါပဲ… သတင်းစာတိုက်ပိုင်ရှင် ပြောင်းသွားတာနဲ့အမျှ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘဝင်မကျဖြစ်နေတဲ့ ဂျင်မီ အက်စကင် တစ်ယောက် တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ချစ်သူလိုပါ ပြောရမယ့် တွမ် တန်နာနဲ့အတူ လိင်တူနှစ်သက်မှုနဲ့ ဖမ်းဆီးခံရပါ တော့တယ်။ နဂိုကတည်းက သတင်းစာတိုက်နာမည်ပျက်မှာကို မလိုလားတဲ့ ဒေးဗစ်ဘရွတ်ခ်က ရဲဖမ်းခံရတဲ့ ဂျင်မီကို အလုပ်နားခိုင်းလိုက်တဲ့အခါ… ဒါကိုမကျေနပ်တဲ့ ဂျင်မီတစ်ယောက် ဘယ်သူတွေကိုအသုံးချပြီး ဒေးဗစ်ဘရွတ်ခ်ကို လက်တုံပြန်ဖိုကြိုးစားမလဲ…… ဒီကြိုးစားမှုကနေ ဘယ်သူတွေနစ်နာပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို The Critic ရုပ်ရှင်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်……. File size… (1.06GB ) / (620MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.2 2023
The Critic
Enter the Dragon
7.6

Enter the Dragon (1973) IMDb Rating (7.6) / Rotten Tomatoes (88%) ဒီကားလေးကတော့ Bruce Lee မသေဆုံးခင်မှာ နောက်ဆုံးရိုက်ကူးခဲ့တဲ့ကားလေးဖြစ်တဲ့အပြင် Rating ကလည်း IMDb 7.6/10 နဲ့ Rotten Tomatoes 88% ရထားတဲ့ ကားကောင်းတစ်ခုပါပဲ။ ကိုယ်ခံပညာရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့တောင် သတ်မှတ်ခံထားရတဲ့ကားလေးပါ။ Bruce Lee ကိုတော့ မသိသူမရှိတာမို့ အတိုက်အခိုက်တွေကတော့ ထွေထွေထူးထူးပြောပြနေရစရာမလိုအောင် ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရှောင်လင်ကိုယ်ခံပညာရှင်တစ်ယောက်က ကိုယ်ခံပညာပြိုင်ပွဲကြီးကို တက်ရောက်သလိုဟန်ဆောင်ပြီး ရှောင်လင်ကျောင်းရဲ့ ဘုန်းကြီးဟောင်းတစ်ယောက်ဖြစ်တဲ့အပြင် သူ့ရဲ့ကိုယ်ရံတော်အိုဟာရာက အစ်မဖြစ်သူသေဆုံးမှုနဲ့ပါ ပတ်သက်နေတဲ့ အဲ့ကျွန်းပိုင်ရှင်ဟန်ဆိုတဲ့ လူရဲ့ တရားမ၀င်လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ ကျွန်းတစ်ကျွန်းပေါ်သွားရောက်တဲ့အကြောင်းပါပဲ။ ဒီဇာတ်ကားကတော့ အရင် ၂ကားနဲ့ မတူတာက နိုင်ငံရပ်ခြားမှာ သွားရောက်ရိုက်ကူးထားခြင်းပဲ ဖြစ်ပြီး ဘရုစ္စလီ ရဲ့ ပြောင်မြောက်လှတဲ့ကိုယ်ခံပညာ စွမ်းရည်တွေကိုမြင်တွေ့ကြရမှာမို့ ပရိတ်သတ်ကြီးထဲက အသတ်အပုတ် ဝာသနာပါတဲ့သူတွေအနေနဲ့ကတော့လက်လွတ်မခံသင့်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PhuThetKhin ဖြစ်ပါတယ်။) File size…(3 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Thriller Duration….01:43:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by PhuThetKhin

7.6 1973 102 mins
Enter the Dragon
All We Imagine as Light
7.4

All We Imagine as Light (2024)”တံလျှပ်” ================================ မွမ်ဘိုင်းဆိုတာ အိပ်မက်တွေရဲ့မြို့။ စိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လို့ရတဲ့နေရာတဲ့။ အဲဒီလို ယုံကြည်ပြီး အိန္ဒိယနိုင်ငံရဲ့ လူကြီးလူငယ်ပေါင်းမြောက်များစွာက မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်ကြတယ်။ ရုန်းကန်ကြတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ မွမ်ဘိုင်းမြို့ကြီးမှာ အသားကျဖို့ကြိုးစားကြရင်း တစ်ရက်စာတစ်ရက် ရှင်သန်ဖို့က အရေးကြီးလာပြီး မျှော်လင့်ချက်တွေက မှေးမိန်လာကြတယ်။ အဲဒီလိုပဲ မျှော်လင့်ချက်တွေနဲ့ မွမ်ဘိုင်းကိုတက်လာတဲ့ ပရာဘာနဲ့ အာနူဆိုတဲ့ စီနီယာ ဂျူနီယာသူနာပြုနှစ်ယောက် တိုက်ခန်းတစ်ခုကို စကပ်တူငှားပြီးတူနေထိုင်ကြတယ်။ အဲဒီလို နေလာရင်း ဘယ်ကမှန်းမသိတဲ့ ပါဆယ်ပုံးတစ်ခုသူတို့ဆီကို ရောက်လာချိန်ကစပြီး သူတို့ဘဝအတွက် အလှည့်အပြောင်းဖြစ်စရာ ကိစ္စတွေကြုံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် မာလျာလမ်စကားပြော အင်ဒီးရုပ်ရှင်တစ်ခုဖြစ်ပြီး မွမ်ဘိုင်းမြို့ကြီးမှာ ရုန်းကန်လှုပ်ရှားနေကြရတဲ့ဘဝတွေကို narrative ကောင်းကောင်းနဲ့ပုံဖော်ပြထားတဲ့အပြင် Indie ရုပ်ရှင်ဆုတွေလည်း အများကြီးရထားတဲ့အတွက် အချိန်ပေးရတန်စေမယ့် ရုပ်ရှင်ကောင်းလေးဖြစ်လို့ ချန်နယ်မြန်မာပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

TV Movie • Comedy • Drama • Romance
7.4 2024 118 mins
All We Imagine as Light
War of the Worlds: Extinction

War of the Worlds: Extinction (2024) ဒီရုပ်ရှင်က ကမ္ဘာဂြိုလ်ပေါ်ကို တခြားဂြိုလ်သားတွေ ကျူးကျော်လာတာမဟုတ်ဘဲ အမ်မီယိုစ်ဆိုတဲ့ဂြိုလ်ကို ကမ္ဘာဂြိုလ်သားတွေ သွားကျူးကျော်တဲ့ရုပ်ရှင်ပေါ့။ ကမ္ဘာကြီးက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတော့မှာမို့ နေလို့ရမဲ့ဂြိုလ်ရှာရင်း ကမ္ဘာဂြိုလ်သားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ အမ်မီယိုစ်ဂြိုလ်သားတွေရဲ့ ဂြိုလ်ကို မောင်ပိုင်စီးဖို့ကြိုးစားပါတော့တယ်။ နှစ်ဘက်စလုံး တိုက်ကြခိုက်ကြရင်း အထိနာလာကြချိန် အပစ်အခတ်ရပ်စဲရေးကြေငြာချိန်မှာပဲ အမ်မီယိုစ်ဂြိုလ်သား ဗိုလ်ချုပ်စကာလာရဲ့ သမီးဖြစ်သူ ကမ္ဘာဂြိုလ်ကလက်နက်ကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စကာလာက သမီးဖြစ်သူသေဆုံးရမှုကြောင့် အပစ်အခတ်ရပ်စဲရေးဆိုတာကို ဂရုမစိုက်တော့ဘဲ ကမ္ဘာဂြိုလ်ပေါ်က သက်ရှိမှန်သမျှကို အပြတ်ရှင်းဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

Romance
0 2024 84 mins
War of the Worlds: Extinction