YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

CSI - 02x15 - Burden of proof {CM}.mp4

318.31 MB N/A video/mp4 349 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mediterranean Fever
6.5

Mediterranean Fever (2022) ~ IMDb - 6.6/10, Rotten Tomatoes - 80% ~ ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ နောက်ပိုင်း ဂျလဲဟာ စိတ်ရင်းကောင်းပြီး ကူညီတတ်မှန်းသိသွားတဲ့ ဝဲလိဒ်က ဂျလဲကိုသူ့ Circle ထဲဝင်ခွင့်ပြုလိုက်တယ်။ ဝဲလိဒ်တစ်ယောက် အရင်ကနဲ့မတူဘဲ အတော်ပြောင်းလဲလာတယ်။ ပြုံးပြုံးရွှင်ရွှင် တက်တက်ကြွကြွရှိလာတယ်။ သူ့ဇနီးကတော့ ဝဲလိဒ် Depression ကနေသက်သာလာတော့မယ်ဆိုပြီး ဂျလဲကိုကျေးဇူးတင်နေတယ်။ ဒါပေမဲ့ ဂျလဲကြောင့် ဝဲလိဒ်ကပြောင်းလဲသွားတာလား... ဝဲလိဒ်ကဂျလဲကိုပြောင်းလဲလိုက်တာလား... ဇာတ်ကောင်နှစ်ယောက်ရဲ့မတူညီတဲ့အမူအကျင့်တွေနဲ့ Chemistry မိတဲ့သူတို့ရဲ့ Friendship ကို ပီပီပြင်ပြင်ပုံဖော်ထားတာကိုတွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းက Dark ဘက်ကို ဘယ်လိုရောက်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Thriller
6.5 2022 108 mins
Mediterranean Fever
Beauty Bookworm

ကြည့်နေကျမဟုတ်တဲ့ ပေါ့ပေါ့ပါးပါး မှော်ဆန်ဆန် ဟာသကျောင်းသားကားလေး ရှာနေပါသလား ဒီတစ်ခေါက် ထိုင်းနဲ့ ဗီယက်နမ်ပူးတွဲရိုက်ထားတဲ့ Bookworm Beauty ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက ၂၀၂၁ မှာ ပြသခဲ့ပြီး အန်း ဆိုတဲ့ ကျောင်းသူလေးအကြောင်းကို ပုံပြင်တစ်ပုဒ်လို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အန်းဟာ ဟားဗတ်တက္ကသိုလ်ကို တက်ချင်တဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး ယုံကြည်ချက်တွေ ပိုရှိလာဖို့ international school တစ်ခုကို ပြောင်းလာခဲ့ပါတယ်။ အဲ့ကျောင်းမှာ Miss idol ဆိုတဲ့ စံပြကျောင်းသားဆုကို ပေးလေ့ရှိပါတယ်။ အန်း ရောက်လာပြီးမှာတော့ ကျောင်းမှာ အလှဆုံးကောင်မလေးသုံးယောက်ပါတဲ့ beauty club နဲ့ ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ Genius club တို့ဟာ Miss idol ဆုကို ရဖို့အတွက် ယှဉ်ပြိုင်ကြပါတော့တယ်။ ဉာဏ်ကြီးရှင်အဖွဲ့ဟာ အန်းကို အဖွဲ့ဝင်အဖြစ် ဖိတ်ခေါ်ပြီး အဖွဲ့ထဲမှာ ကြည့်အကောင်းဆုံးဖြစ်တဲ့ အန်းကိုပြိုင်ပွဲဝင်အဖြစ် ပြိုင်ဖို့ တိုက်တွန်းပါတော့တယ်။ ဒါပေမဲ့ ရှက်တတ်တဲ့ အန်းလေးက ပြိုင်ပွဲပြိုင်ဖို့ ယုံကြည်ချက်ရှိမနေခဲ့ပါဘူး။ ဒါကြောင့်မို့ အန်းလေးကို အဖွဲ့သားတွေအပြင် ကျောင်းရဲ့ မင်းသားလေး ကွမ် ကပါ ကူညီပြင်ဆင်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အန်း ကို beauty club က ကောင်မလေးတွေက အနိုင်ကျင့်နှိပ်စက်ပြီး အရှုံးပေးချင်အောင် လုပ်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အန်းဟာ မှော်ဆန်ဆန်စာအုပ်လေးတစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စာတစ်လုံးမှမပါတဲ့ စာအုပ်လေးကို စပ်စုရင်း အန်းဟာ စာအုပ်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုဒ်ကို အမှတ်မထင် ဖြည်မိသွားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်လေးက အန်း ရဲ့ ဆန္ဒတွေကို ဘယ်လိုဖြည့်ဆည်းပေးမလဲ၊ ပြိုင်ပွဲကိုရော အဆုံးထိ ယှဉ်ပြိုင်သွားနိုင်ပါ့မလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဆက်လက်ကြည့်ရှုပေးကြဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thada ပဲ ဖြစ်ပါတယ်။ Genre..... Comeday, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 702MB | 337MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thada Encoder ..... August

Action • Mystery • Thriller
0 2022 85 mins
Beauty Bookworm
Stranger Than Fiction
7.3

လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.9 GB)/(1 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phy Myat Thwe

Fantasy • Horror • Thriller
7.3 2006 113 mins
Stranger Than Fiction
The Nines
5.9

~ IMDb - 6.2/10, Rotten Tomatoes - 64% ~ အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။ မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။ မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ဝေခွဲမရလေ။ အဖြူသက်သက်မီးတောက်ကြီးနဲ့ မင်းကိုဝါးမျိုပစ်လိုက်တယ်။ နာကျင်ခြင်းမဲ့လုပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက် ပေးဆပ်ခဲ့ရတဲ့ မင်းတို့ဘဝတွေ မတန်ခဲ့ပါဘူး မယ်လီဆာ နဲ့ စူဆန်။ (၉) ဂဏန်းသမားကို (၇) ဂဏန်းသမားတွေက ဝိုင်းပေးဆပ်ရတာ သိပ်မုန်းဖို့ကောင်းတဲ့ ဘုရားရှင်ကြီးပဲ။ (၁၀) ဂဏန်းသမားက လစ်လျူရှုထားလို့လား။ သူ့ကိုလည်း "မတရားသူကြီးမင်း" အဖြစ် သတ်မှတ်လိုက်ရအောင်။ ဂါဗန် ဆိုတဲ့ ဂယ်ရီ ရေ... ခင်ဗျားကတော့ ကွက်စိပ်ဆရာပါပဲဗျာ။ The Nines ဆိုတဲ့ ဟောဒီရုပ်ရှင်ကားက ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စိတ္တဇဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဓာတ်ဗူးမင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားပြီး မြင်နေကျ သူ့ပုံစံနဲ့ ကွဲထွက်နေတဲ့ဟန်ကို တွေ့မြင်ရမှာပါ။ ဂျစ်ကန်ကန် ရွှတ်နောက်နောက် လူ့ဂွစာဟန်နဲ့ပဲ ခေါက်ရိုးကျိုးနေသူကြီးရဲ့ ငယ်ရွယ်စဉ်က အနုပညာမြောက်သရုပ်ဆောင်ပုံတွေပေါ့ဗျာ။ ဒီဇာတ်ကားက Psychological Thriller အမျိုးအစားတွေ ရခဲ့သလောက် ပုံမှန် Rating, အောင်မြင်မှုနဲ့ ဝင်ငွေကိုပဲ ရခဲ့ရှာပါတယ်။ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းအကျဉ်းကို ရေးမပြနိုင်ပါဘူး။ သေချာတာကတော့ လူကြီးမင်းပေးလိုက်တဲ့အချိန်ရဲ့ အဆပေါင်းများစွာတန်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လက်ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ကို (၁၀) လို့ တန်ဖိုးသတ်မှတ်တယ်ဆိုပါစို့။ လူကြီးမင်းတို့က (၇) မှတ် ရပါတယ်။ ကဲ ဒီလောက်ဆို ဒီဇာတ်ကားထဲက (၉) မှတ်သမားတွေကို လူကြီးမင်းတို့ ဝေဖန်အကဲခတ်လို့ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 801MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 40Min Genre - Drama, Fantasy, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance
5.9 2007 100 mins
The Nines
Gone Girl
7.9

IMDb Rating 8.1 / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်းတိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာတော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက သူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန််ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ အေ့မီရုံးခန်းဝင်ကြည့်တော့မှ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရဆိုတာ သိရ... အဲဒီအချိန်ထိ နစ်က သာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တာတောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက " မရှိဘူးမသိဘူး။" နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ "မသိဘူး"တဲ့။ စုံထောက်မနည်းနည်း စိတ်တိုသွားတယ်။ ဒါဆို "ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ" ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ...ဒါနဲ့သူ့ကိုရဲစခန်းကနေအိမ်လိုက်ပို့လိုက်တယ် တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အဝတ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု... Clue one သဲလွန်စနံပါတ် ၁ တဲ့.... စကားထာကိုဖြေကြည့်တော့ နေရာက သူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမဝတ်အတွင်းခံ Langerie တစ်ထည်.... နောက်ပြီး Clue two .. clue three .. clue ... စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာတယ်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. .... ............ လိမ်ညာခံရတာတွေက" အေမီ ကိုလား .. အေမီ ကလား"... "အေမီကရော နစ်ကိုချစ်သလား".. "နစ်ကရောအေမီကိုချစ်သလား..." ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီး နစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။ သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံနေသလို။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်သွားခဲ့ရင်ရော .... ဒီဇာတ်ကားရဲ့စာရေးဆရာမကို အင်တာဗျူးမှာတော့.. သူမက နောက်ထပ်တစ်ကားထပ်ထွက်ဖို့ ဟ ထားတာမဟုတ်ကြောင်း၊ ရုပ်ရှင်တွေမှာ ဗီလိန်တွေ ရှုံး၊ မင်းသားတွေ ပြုံး အပ်ကြောင်းထပ်နေလို့ အေမီကို ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဟား ငါသိသားပဲ ဆိုတဲ့ သဲလွန်စတွေကိုလည်း တတ်နိုင်သလောက်ဖျောက်ထားကြောင်း၊ ပရိသတ်တွေကရိုးရိုးသားသား ပြောကြကြောင်း ဇာတ်သိမ်းကိုမုန်းကြောင်း တရားမျှတမှုရှိသင့်တယ် ပြောကြကြောင်း၊ ကျွန်မလည်းပြန်ပြောမိတယ် အေမီကို မုန်းပါတယ်ဆိုတဲ့သူတွေတောင် အေမီထာင်ထဲမှာ ငုတ်တုတ်မေ့နေတာကို တွေ့ချင်မှာ မဟုတ်ဘူးထင်တယ်။ စာရေးဆရာမရဲ့ မှော်အောင်ပါတယ်။ အေမီကို သေစေချင်မိသလို သေလည်းမသေစေချင်မိပါ။ ကျွန်မအမြင်ပြောရရင်တော့ အေမီဟာ နစ်ကို အဆုံးအရှုံးမခံနိုင်ပါ။ နစ်ကသူမခွင့်လွတ်နိုင်စရာမရှိသော ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ သူမ သေလောက်အောင်မုန်းသွားတယ်။ ဒါကြောင့်လှလှပပ အပြစ်ပေးခဲ့တယ်။ ဒါပေမဲ့ နစ် တီဗွီကနေ သူမကို ဘယ်လောက်ချစ်ကြောင်း လျှာဖျားကလေသံနဲ့ အပြောမှာတင် သူမပြန်ကြွေသွားတယ်။ (အကောင်းကြွေတာမဟုတ်။) သူမနောက်ကြောင်း ပြန်လှည့်လာတယ်။ တကယ့်မိန်းမသဘာဝ အစစ်ပါပဲ။ဘယ်လောက် နာကျည်းမုန်းတီးနေပါစေ။ အချစ် ဆိုတဲ့ စကားလုံးလေးမှာတင် အကုန်ပြိုကျသွားတယ်။ in this case, different story .. သူမချစ်သူဆီပြန်လာပေမဲ့ အားလုံးသဘောကျတဲ့ပျော်ရွှင်စွာ ဇာတ်သိမ်းဖို့မဟုတ်။ သေချာတာတစ်ခုက သူမ နစ်ကို နောက်တစ်ခါလုံးဝအဆုံးအရှုံးမခံနိုင်တော့ပြီ။ အဲဒါကြောင့် ပင့်ကူအိမ်ထဲကနေမထွက်နိုင်အောင် နစ် ဆိုတဲ့ပိတုန်းကောင်ကို အပြီးအပိုင်ချည်နှောင်ထားလိုက်ခြင်းဖြစ်ပါတယ်။ သူမကလွဲရင် ကျန်တာလုပ်မိတာကို ခွင့်လွှတ်ချင်တယ်။ ခွင့်လည်းခွင့်မလွတ်နိုင်။ ဒါကြောင့် သူမရဲ့အကြံအစည်အကုန်သုံးပြီး ရစ်စက်မှုတွေမှန်သမျှနှင့် နစ်ကို ချည်နှောင်ထားလိုက်တာ။ နစ် ကလည်း responsibility ဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လာတယ်။ နစ်အကြောက်ဆုံးစကားနဲ့သူမကအပိုင်တုတ်ထားလိုက်တာက "နင့်ကိုငါကိုယ်တိုင် မုန်းရုံတင်မဟုတ်ဘူး။ ငါတို့ရင်သွေးကိုမုန်းတတ်အောင် ငါသင်ပေးလိုက်မယ်။ " We love each other ..and we resent each other .. coz we want to control each other ... This is marriage .. အိမ်ထောင်ရေးဆိုတာ စုံတွဲအကဖြစ်သည်။ အချစ်ကအရေးကြီးသလား။ ကျန်တာအရေးကြီးလား။ အကုန်အရေးကြီးပါသည်... အဓိက ကတော့ တစ်ခုတင်းရင် တစ်ခုလျော့ရမယ်။အရေးအကြီးဆုံးစည်းက ဘေးကို ချော်ထွက်လို့မရ။ .... အဓိကက အချစ်တွေရှိနေပါလျက်.. ဘာလို့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူတွေ ဘာလို့အကုန်ပျော်မနေကြပါသလဲ။ အပြစ်ကိုယ်စီကို ခွင့်လွတ်မှုအားနည်းနေလို့ပါ။ သူတစ်လှမ်းတိုးလျှင် ကိုယ်တစ်လှမ်းဆုတ်ရမှာပါ။ ဘေးချော်သွားလို့ကတော့ ကကွက်တစ်ခုလုံး ပျက်ဆီးသွားမှာပါ။ (ရုပ်ရှင်အညွှန်းကို Movie Locos ၏ Facebook Page မှကူးယူဖော်ပြပါသည်။) File size…(1.5 GB) / (1.4 GB)/ (800 MB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Drama • Romance
7.9 2014 149 mins
Gone Girl
Wild Card
5.6

2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ action ဇာတ်ကားကောင်းဖြစ်ပြီး F&F နဲ့ Transporter တွေရဲ့ အက်ရှင်မင်းသား Jason Statham က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ နစ်ဝိုင်းလ်က လပ်စ်ဗီးဂတ်မှာ မနေချင်ဘဲ နေနေရတဲ့သူဖြစ်ပြီး လောင်းကစားကို အလွန်အကျူး စွဲလန်းနေပုံပါပဲ။ ငါးနှစ်စာ လွတ်လပ်ပျော်ရွှင်စွာနေရဖို့အတွက် ဒေါ်လာငါးသိန်းရှာပြီးရင် ထွက်သွားတော့မယ်လို့ တကြော်ကြော်ပြောနေပေမဲ့ တကယ်တမ်းမှာတော့ လောင်းကစားနွံက မရုန်းထွက်နိုင်သေးပါဘူး။ ဒါပေမဲ့ အထူးအေးဂျင့်ဟောင်းဖြစ်တဲ့သူဟာ အင်မတန် တိုက်ရည်ခိုက်ရည်ရှိပြီး အလွတ်တမ်း သက်တော်စောင့်လည်း လုပ်လိုက် လောင်းကစားလုပ်လိုက်နဲ့ ဘဝကို မွဲမွဲတေတေဖြတ်သန်းနေသူပါ။ တစ်နေ့မှာတော့ သူ့သူငယ်ချင်း ဟော်လီကို ဂန်းစတားတစ်ယောက်က မုဒိန်းကျင့်ပြီး ရိုက်နှက် နှိပ်စက်လိုက်တာကြောင့် ဟော်လီက ကလဲ့စားချေပြန်ချေဖို့ သူ့ကိုအကူညီတောင်းလာတဲ့အခါ … ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.5GB, 568MB & 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 32mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Comedy • Romance
5.6 2015 92 mins
Wild Card
The Princess
6.9

The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်း လှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်... အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ် ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့ မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။ File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt

Drama • War
6.9 2022 94 mins
The Princess
Taken 2
6.2

Taken 2 (2012) Unrated Extended Cut Old but gold ကားဟောင်းတွေကို Quality Update လုပ်ပြီး တင်ဆက်ပေးနေရာမှာ ဒီတစ်ခါ အလှည့်ကျလာတာကတော့ မင်းသားကြီး Liam Neeson ရဲ့ Taken Trilogy Franchise ပဲ ဖြစ်ပါတယ်။ Liam Neeson နဲ့အတူ မင်းသမီး Maggie Grace လည်း ပါဝင်ပြီး ကြည့်ပြီးသားသူတွေအတွက်တော့ အထူးပြောစရာမလိုသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်း အချိန်ပေးရကျိုးနပ်စေမယ့် ကားတွေပါပဲ။ Taken ရုပ်ရှင်ကား ၃ ကားရှိပြီး 4K Quality ကိုမှ Unrated Extended Cut Version နဲ့ ၃ ကားလုံးတင်ဆက်ထားပါတယ်။ ၃ ကားလုံးကို ဒီမှာ https://channelmyanmar.to/?s=taken+trilogy ဒေါင်းပါ။ Taken 1 မှာတုန်းက ခရီးထွက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သူ့သမီးကို CIA အေးဂျင့်ဟောင်းဖြစ်သူ ဘရိုင်ယန်က လူ ၁၂ သန်းလောက်ရှိတဲ့မြို့ထဲ ၇၂ နာရီအတွင်း ရှာတွေ့ခဲ့ပြီး ပြန်ပေးဆွဲဂိုဏ်းခေါင်းဆောင် မာကိုနဲ့ အပေါင်းအပါတွေကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ အခု Taken 2 မှာတော့ မာကို့ရဲ့အဖေဖြစ်သူ အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် မူရတ်က သူ့သား သေဆုံးရမှုအတွက် ဘရိုင်ယန်တို့ မိသားစုကို ကလဲ့စားချေဖို့ ကြိုးစားမှာပဲဖြစ်ပါတယ်။ အစ္စတန်ဘူလ်ကို ခရီးထွက်နေတဲ့ ဘရိုင်ယန်၊ သူ့မိန်းမနဲ့ သမီးဖြစ်သူတို့ကို အကွက်ကျကျ စီစဉ်ပြီး ပြန်ပေးဆွဲ သတ်ဖြတ်ဖို့ကြံနေတဲ့ မူရတ်ရဲ့အစီအစဉ်ကြားက ဘရိုင်ယန်တစ်ယောက် ဘယ်လိုဖောက်ထွက်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနှင့်ဘာသာပြန်ကိုတော့ Emily မှ တင်ဆက်ထားပါတယ်။)

Thriller • Drama
6.2 2012 91 mins
Taken 2
Dhanussh

Dhanussh (2024) လွတ်လပ်မှု ပတ်ဝန်းကျင်ရဲ့အမြင်တွေ ယူဆချက်တွေ လွှမ်းမိုးနေတဲ့ လောကကြီးမှာ မရှင်သန်နိုင်ခဲ့တဲ့ အိပ်မက်တွေ အများကြီး ရှိမှာပါ။ အဲဒီထဲကမှ ရုန်းထွက်ပြီး အိပ်မက်တွေရှင်သန်ဖို့ ကြိုးစားတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ရည်မှန်းချက်က လောကသတ်မှတ်ချက်တွေနဲ့ ကွဲထွက်နေတဲ့အခါ…. နောက် ကျေးလက်တောရွာက ရွာသားဖြစ်နေလို့ တက္ကသိုလ်မှာ ဝိုင်းအနိုင်ကျင့်တာတွေ ခံရတဲ့အခါ… မိသားစုတာဝန်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြား လွန်ဆွဲရတဲ့အခါ… ဘယ်လိုတွေ ကြုံဆုံရမလဲ ဘယ်လိုတွေ ဆုံးဖြတ်ရမလဲ ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တဲ့အဖြစ်အပျက်တွေ ပါတဲ့ကားမျိုး ကြည့်ချင်ရင်တော့ ဒီဇာတ်ကားက ရွေးကိုရွေးသင့်တဲ့ထဲ ပါပါတယ် လွယ်မလိုနဲ့ ရဖို့ခက်တဲ့ လွတ်လပ်မှု, ပြီးတော့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခြေအနေမှာ မှ ပိုင်ဆိုင်ရတဲ့ ငယ်ရွယ်မှု အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲ နောက်ဆုံးဘာဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပြီး အကဲဖြတ်ပေးကြဖို့ တိုက်တွန်းပါရစေ (အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

0 2024
Dhanussh
Officer Black Belt
7

Officer Black Belt (2024) ************************* ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့ အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင် Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ‌ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။ တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ ၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့ အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ.. ပေါ့ပေါ့ပါးပါး‌နေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ.. ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်‌မောမောနဲ့ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို May Thet မှ ရေးသားပေးထားပါတယ်။) File size…2.45GB / 740MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri, May Thet, Yati, Treasure Htet, Zuri Theint & Licien

Drama
7 2024
Officer Black Belt
I’m From the Mountains
5.7

တန်းနစ်အားကစားကို “တော်ဝင်အားကစား” လို့ ခေါ်ကြပြီး လူချမ်းသာတွေသာ ထိတွေ့လို့ရတဲ့ အားကစားလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောမျိုးက မှားနေကြောင်းကို တရုတ်နိုင်ငံတောတောင်ထဲက ဝ လူမျိုး ပလိုင်းလွယ်တဲ့ လူငယ်လေးတွေက သက်သေပြခဲ့ပါတယ်။ ငယ်စဉ်က အားကစားကျောင်းက ထွက်လာခဲ့ပြီး အခွင့်အရေးမရတာကြောင့် မိသားစု စားဝတ်နေရေးအတွက် အားကစားအိပ်မက်ကို လက်လျှော့ခဲ့ပြီး ကုန်ကားမောင်းနေတဲ့ နည်းပြကျန်းရှောင်ဟုန်ဟာ တပည့်ဖြစ်သူစွန်းချန်ကို ချန်ပီယံဖြစ်အောင် လေ့ကျင့်ပေးခဲ့ပေမဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒါကို မကျေနပ်တဲ့ နည်းပြကျန်းဟာ ယူနန်တောင်ထဲက သွက်လက်တဲ့ ကလေးတွေကို တန်းနစ်ကစားသမားဖြစ်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ နည်းပြကျန်းနဲ့ ကလေး ၄ ယောက် တန်းနစ်အားကစားကို ကစားရဖို့အတွက် ဘယ်လို အခက်အခဲတွေ အထင်သေးခံရမှုတွေနဲ့ ကြုံတွေ့ရမလဲ …… တောတောင်ထဲက ကလေးတွေက သာမန်လူတွေထက် ဘယ်လောက် ကြိုးစားအားထုတ်မှုတွေ လုပ်ရသလဲ…… ဆိုတာကို ဖြစ်ရပ်မှန်ရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2024
I’m From the Mountains
White Snake: Afloat
6.8

CM ပရိသတ်တွေ မေးမေးနေတဲ့ မြွေဖြူမလေး အတွဲ ၃ ရောက်လာပါပြီ… ပထမတွဲမှာ ဆုံတွေ့ခဲ့တဲ့ ယုံကျိုးက မြွေဖမ်းသမားလေး အားရွှမ်းကတော့ ရှောင်ပိုင်အတွက် အသက်စတေးခဲ့တယ်… ဒုတိယတွဲမှာ သူ့မမ မြွေဖြူမလေးကို ရှာပုံတော်ထွက်တဲ့ ရှောင်ချင်းနဲ့ ရှောင်ပိုင် ပြန်ဆုံစည်းခဲ့တယ်… ဒီတတိယတွဲမှာ မဆုံးသေးတဲ့ အားရွှမ်းရှာပုံတော်ကို မြွေဖြူမလေးက ဆက်ဖွင့်ခဲ့ပါတယ်… ကျောက်စိမ်းဆံထိုးလေးရဲ့ လမ်းပြမှုကြောင့် စေတနာသမားတော်လေး ရွှီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး… မြင်လျှင်မြင်ချင်း လွန်ခဲ့တဲ့ နှစ် ၅၀၀ က အားရွှမ်းဆိုတာကို သိခဲ့တယ်… ဖူးစာလူးလာ ဒူးကာမရဆိုသလို မြင်မြင်ချင်းပဲ ချစ်မိတယ် ဖြစ်သွားတဲ့ ရွှီရှန်းဟာဆိုရင် သူ့ပိုင်မိန်းကလေးကို ဇနီးမယားဖြစ်လက်ထပ်ယူဖို့ ခဲအိုနဲ့ မိတ်ဆက်ပေးပြီး အကြင်လင်မယားဖြစ်သွားခဲ့တယ်… နောက်တော့ အားလုံးသိတဲ့အတိုင်း ရွာထဲ ပလိပ်ရောဂါတွေ စဖြစ်လာပြီး ရွှီသမားတော်က ဆေးဖော် ဆေးရှာ ဆေးကုနဲ့ အလုပ်များသလို ပါရမီဖြည့်ဖက် မြွေဖြူမလေးလည်း တတ်စွမ်းတဲ့ဖက်က ကူခဲ့ပါတယ်… နောက်တော့ … ဖာဟိုင်နဲ့ တွေ့ရမှာပေါ့… ဘယ်လိုတွေ့မလဲ… ရွှီရှန်းကရော မူရင်းဝတ္ထုထဲကလိုမျိုး မြွေဖြူမလေးကို ရိုက်သတ်မှာလား… ဇာတ်လမ်းတွေထဲကလိုမျိုး ကာကွယ်မှာလား… ဖာဟိုင်ကရော ရှောင်ချင်းနဲ့ မေတ္တာမျှမှာလား… ဒါမှမဟုတ် ထန်စန်းကိုယ်တော်လိုမျိုး မေတ္တာရှေ့ထား မိစ္ဆာတိုင်းကိုသနားပြီး လွှတ်ပေးတတ်တဲ့ မေတ္တာရှင်ဖြစ်မှာလား… အတူတူကြည့်ပြီး မျှဝေကြတာပေါ့

Horror • Thriller
6.8 2024
White Snake: Afloat
Rachel Getting Married
6.7

Rachel Getting Married (2008) ****************************** 2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ဟာ သူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်း မင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့ Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကို သူတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…2.29GB / 1.01GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama
6.7 2008 113 mins
Rachel Getting Married