YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Crushed.S02E05.1080p.WEB DL.YK(CM).mp4

313.3 MB N/A video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
Escape from Alcatraz
7.5

အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။ အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ၁၂ကြိမ်လူစစ်သတဲ့။ ထောင်ဝန်ထမ်းဦးရေကလည်း တခြားထောင်တွေမှာရှိတာထက် နှစ်ဆကျော်ကျော်ခန့်ထားတာပါ။ ဘယ်ထောင်သားမှ အလ်ကာထရက်ဇ်ထောင်ကို ဖောက်မပြေးနိုင်ဘူးလို့အဆိုရှိခဲ့ပါတယ်။ အဲဒီထောင်ထဲကို ၁၉၆၀ခုနှစ်မှာ ဖရန့်ခ်မောရစ်ဆိုတဲ့ ဦးနှောက်ကောင်းကောင်းရှိတဲ့ အကျဉ်းသားတယောက် ထောင်ပြောင်းလာပါတယ်။ လွတ်မြောက်ရာလမ်းကိုကြံစည်ရင်း သူရလာတဲ့ ရန်သူတွေ၊ ဖွဲ့မိတဲ့မိတ်ဆွေတွေအကြောင်း၊ အဲဒီကာလမှာ အားကောင်းနေဆဲဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုအငွေ့အသက်တွေအပါအဝင် မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့ ခဲခဲယဉ်းယဉ်း အားထုတ်ရပုံအကြောင်းတွေကို ဇာတ်ကားကြည့်ရင်းနဲ့ ခံစားနိုင်ကြမှာပါ။ ဖရန့်ခ်တို့တစ်စု တကယ်ပဲလွတ်မြောက်သွားကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကလင့်အိစ်ဝုဒ်ရဲ့ သရုပ်ဆောင်ပုံကိုအသည်းစွဲခဲ့ကြတဲ့ လူကြီးပိုင်းပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်။ လူငယ်တွေအတွက်လည်း Rating ကောင်းတွေရထားတဲ့ ဂန္တဝင်ဇာတ်ကားတစ်ခုကိုကြည့်ရတာထိုက်တန်မှာပါ။ - " Some men are destined never to leave Alcatraz... alive. " - "တချို့က အလ်ကာထရက်ဇ်ကနေဘယ်တော့မှမလွတ်မယ့်ကံပါလာတတ်တယ်၊ အသေထွက်ပဲထွက်ရတာပေါ့" (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 2.7GB, 1.34GB, 620MB Quality - Bluray 1080p, 720p, 480p IMDb Rating - 7.6/10 Duration - 1hr 52mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Biography, Crime Translated by Thaman Myint Encoded by Y

Action • Crime • Drama • Thriller • Western
7.5 1979 113 mins
Escape from Alcatraz
They Cloned Tyrone
7.8

They Cloned Tyrone (2023) ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။

Mystery
7.8 2023 122 mins
They Cloned Tyrone
Spenser Confidential
6.5

Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသား Mark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီး Netflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။ အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။ Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီး ထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာ ရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့ Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File Size : (1 GB , 335 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Lucille Encoded by Moe Myint Lwin

Comedy • Drama
6.5 2020 110 mins
Spenser Confidential
Minamata
6.9

IMDb Rating - 7.9/10 ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံ‌တွေမှာလည်း တံငါလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ် သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာ ဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူ တရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီး Johnny Depp က  အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRay Duration - 1h 55min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – MTA Encoder – SWM

Comedy • Drama • Sci-Fi & Fantasy
6.9 2020 115 mins
Minamata
The Adults
5.9

The Adults (2023) ~ Rotten Tomatoes – 71% ~ လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။ သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ဒီလိုနဲ့ အဲရစ်ရဲ့ ခဏနေမယ့်ခရီးစဉ်က မထင်မှတ်ဘဲ ရက်ရှည်ဖြစ်သွားပါတယ်။ သူတို့ကြားက အစိုင်အခဲတွေကို ချေဖျက်ဖို့ပေါ့။ လက်ရှိဘ၀နဲ့ ငယ်ဘ၀က ကွာခြားချက်ကို မြင်အောင် ပိုင်းခြားပြီး လက်ရှိအတိုင်းရှင်သန်ဖို့ အသိတရား ရစေတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 580MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 31Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.9 2023
The Adults
Natty Knocks

ဒီဇာတ်ကားက ၂၀၂၃ ထွက် horror / Thriller ဇာတ်ကားသစ်ပါ။ ဇာတ်လမ်းက Slasher themeလည်းပါသလို witch craft​တွေနဲ့ Horrorအ​ငွေ့အသက်​တွေလည်း အစုံပါတယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းက​တော့ ဝိုင်းယက်နဲ့ဂျိုလီ မောင်နှမ၂​ယောက်နဲ့ သူ့ရဲ့က​လေးထိန်း ဘရစ်တို့ဟာ မ​မျှော်လင့်ဘဲနဲ့ လူသတ်မှုတစ်ခုကို မျက်မြင်တွေ့ခဲ့ပြီး​​နောက် လူသတ်သမားရဲ့ လိုက်လံအငြိုးထားမှုကို ခံခဲ့ရပါတယ်။ သူ့လက်​က​ လွတ်​အောင်ကြိုးစားရင်း လူသတ်သမား ဖြစ်သူရဲ့ ဘဝ​ဇာတ်ကြောင်းနဲ့ သူတို့​ရဲ့မြို့​လေးမှာ အရင်ကဖြစ်ခဲ့တဲ့ မှုခင်းတခုအ​ကြောင်းပါ မီးခိုး​ကြွက်​လျှောက်​ပေါ်လာပါ​တော့တယ်။ သူတို့၃​​ယောက် လူသတ်သမားဆီက လွတ်​​အောင်​ ပြေးနိုင်မှာလား။ အဲဒီလူကဘာလို့လူ​သတ်​နေတာလဲ၊ သူ့​နောက်​​ကြောင်းကို သူတို့​တွေ ​​ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုရမှာပါ။ File size…1.58 GB / 653MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Family • Music
0 2023 90 mins
Natty Knocks
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Futureless Things

Futureless Things (2014) ************************ ဒီဇာတ်ကားလေးကတော့ ကုန်စုံဆိုင်လေးက အလုပ်သမားတွေ ကြုံတွေ့ရလေ့ရှိတဲ့အဖြစ်အပျက်လေးတွေနဲ့ … အခက်အခဲလေးတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ သရုပ်ဆောင်မင်းသားချောလေး… ဂုံမြောင်နဲ့ ရှင်းဂျယ်ဟာတို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးဂျောင်ဟယ်အင်းတို့လည်းပါဝင်ပါတယ်… လူမှုပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိတဲ့ လူမှုဆက်ဆံရေးအကြောင်းကို ဟာသ သဘောလေးလည်းနှောပြီး… ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ကုန်စုံဆိုင်လေးမှာအလုပ်လုပ်နေတဲ့သူလေးတွေရဲ့ … နေ့စဉ်ဖိအားပေးမှုတွေကို ရင်ဆိုင်ကြရင်း သူတို့ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေနေကြတာကို တွေ့ရမှာပါ… ဒီဇာတ်ကားလေးဟာ ဟာသအမြင်တခုတည်းမဟုတ်ဘဲ တကယ့်နေ့စဉ်ဘဝမှာရော လူတွေဘယ်လိုခံစားနေရလဲဆိုတာကို… မြင်အောင်ပုံဖော်ပြထားပါတယ်။ ဒါဆိုရင် သူတို့လေးတွေ ဘယ်လိုပြဿနာလေးတွေကိုရင်ဆိုင်ရပြီး… ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ကြည့်လိုက်ရအောင်ပါနော်… ဇာတ်လမ်းအညွှန်းကို Hom မှ ရေးသားပေးထားပါတယ် File Size : 1.65GB / 733MB Quality : WEB-DL 1080p / 720p Duration : 1 hr. 47 min. Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hom Encoded by Heather Oo

Romance • TV Movie
0 2014 107 mins
Futureless Things
The Wild

The Wild (2006) *************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်… File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : 1 hr. 22 min. Genre : Family, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Heather Oo

Action • Romance • Drama
0 2006 82 mins
The Wild
Now It’s My Turn

အချစ်ရဲ့ စေရာ ============ Reset to Rememberထဲမှာ အတွဲညီခဲ့တဲ့ Meenနဲ့ Ameeတို့ရဲ့ နောက်ထပ် GL Series လေး ထွက်ရှိလို့လာပါပြီ။ ဖိုက်ဆိုတဲ့ကောင်မလေးဟာ နပ်ဒေါင်ဆိုတဲ့ ကောင်မလေးကို ကျောင်းတက်စဉ်အရွယ်ကတည်းက ချစ်မြတ်နိုးခဲ့ပြီး သူ့အချစ်ကို ရဖို့အတွက် ကြိုးစားခဲ့သူတစ်ယောက်ပါ။ ကျောင်းတွေပြီးသွားလို့ ဖိုက်နဲ့ နပ်ဒေါင်တို့၂ယောက် ဝေးခဲ့ကြပေမယ့်လည်း ၂နှစ်ကြာပြီးတဲ့အချိန်မှာတော့ မန်နေဂျာနဲ့ အတွင်းရေးမှူးအဖြစ် ပြန်လည်တွေ့ဆုံခဲ့ကြပါတော့တယ်။ ငယ်စဉ်အရွယ်ကတည်းက ချစ်ခဲ့ပြီး ယခုထိတိုင် အချစ်မလျော့ခဲ့တဲ့ မမ ဖိုက်ကတော့ ဒီအခွင့်အရေးကို အသုံးချပြီး နပ်ဒေါင်ရဲ့ အချစ်ကို ပြန်ရနိုင်ဖို့အတွက်ကြိုးစားပါတော့တယ်။ သို့ပေမယ့်လည်း အချိန်တွေ ကြာတဲ့အထိ နပ်ဒေါင်ရဲ့ အချစ်ကို ကြိုးစားရင်း မရတဲ့အခါမှာတော့ မန်နေဂျာမမဖိုက်တစ်ယောက် လက်လျှော့ချင်လာပါတော့တယ်။ ဒီလိုအချိန်ရောက်ခါမှ နပ်ဒေါင်တစ်ယောက် ဖိုက်ကို ချစ်မိသွားပြီဆိုတာ သိလိုက်ရတဲ့အခါ သူ ငြင်းလွှတ်ခဲ့တဲ့ ဖိုက်ကို ပြန်ပြီး လိုက်ဖို့အတွက် ပြန်ကြိုးစားရပါတော့တယ် ကဲဒီလိုနဲ့ မန်နေဂျာမမဖိုက်နဲ့ အတွင်းရေးမှူးမလေး နပ်ဒေါင်တို့နှစ်ယောက် ဘယ်လိုတွေ ချစ်ပြ ရိုပြကြမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးရှင့်။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by CharOu & KIM

Drama • Romance
0 2025
Now It’s My Turn
The Sound
4

The Sound (2025) ဒီဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်း အသူရာတောင်တစ်လုံးပေါ်က အသံကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှောန်လို့ခေါ်တဲ့လူငယ်တစ်ယောက်ရဲ့ အဘိုးကသူ့ခေတ်သူ့ခါက နာမည်ကြီးတဲ့ထိပ်တန်းတောင်တက်သမားတစ်ယောက်ပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ ရာဇဝင်ရှိထားတဲ့ တောင်တစ်တောင်ကို သွားတက်မိတဲ့အချိန်မှာ မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ရှောန်ရဲ့ဖခင်ဖြစ်သူကလည်း ငယ်စဉ်အရွယ်မှာ ကိုယ်တိုင်ရဲ့ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာကြောင့် စိတ်ဒဏ်ရာရနေခဲ့သူပါ။ ဒါပေမဲ့ သားဖြစ်သူကလည်း အဖေဖြစ်သူလိုမျိုး တောင်တက်တဲ့နေရာမှာ ပါရမီပါလာတာကိုတွေ့တဲ့အခါမှာ ကိုယ်ဝါသနာပါရာကို လျှောက်လှမ်းဖို့တိုက်တွန်းခဲ့ပါတယ်။ တစ်နေ့မှာ ရှောန့်အဘိုးတက်ခဲ့တဲ့ ဘယ်သူမှမတက်နိုင်သေးတဲ့ အသူရာတောင်ကြီးကို တက်ဖို့ လက်ရွေးစင်တောင်တက်အဖွဲ့တစ်ဖွဲ့က ဖိတ်ခဲ့ပါတယ်။ မိဘတွေရဲ့ အားပေးမှု သိပ်မရပေမယ့်လည်း ရှောန်ဟာ ဝါသနာကော အလုပ်လိုကောဖြစ်နေတဲ့အတွက် ချက်ချင်းပဲလက်ခံခဲ့ပါတယ်။ ဒါပေမဲ့ တောင်ခြေကိုအရောက် တောင်တက်ဖို့ပြင်နေတဲ့တစ်ညမှာတော့ တောင်ခြေမှာနေတဲ့ ရွာသူကြီးကနေ တောင်ကြီးရာဇဝင်တစ်စွန်းတစ်စကိုပြောခဲ့ပါတယ်။ အဲဒီအခါကျမှ တောင်ရဲ့ dark ဖြစ်တဲ့ရာဇဝင်အကြောင်းကို သိသွားရပါတော့တယ်။ ဒါပေမဲ့လည်း နောက်ဆုတ်ဖို့မဖြစ်နိုင်တော့တဲ့တစ်လျှောက် ရှောန်ဟာတောင်ကိုတက်ရင်း အံ့ဩစရာ အကျည်းတန်တဲ့အဖြစ်အပျက်တွေနဲ့ တွေ့လာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.1 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Thriller Duration…. 01:45:21 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

4 2025 99 mins
The Sound