YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Crimson.Rivers.2.Angels.Of.The.Apocalypse.2004.720p.(CM).mp4

1.01 GB 720p video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Resident Evil: Death Island
8.6

Resident Evil: Death Island (2023) Genre – Animation, Action, Adventure IMDB – 6.2/10 Playstation ရဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ Resident Evil ရဲ့ Animation ရုပ်ရှင် ၅ ကားမြောက် အသစ်ထွက်လာခဲ့ပါပြီ (Degeneration, Damnation, Vendetta ရယ် Infinite Darkness ကတော့ စီးရီး ဖြစ်သွားတာပေါ့)။ ဒီ Animation ရုပ်ရှင် အတွဲလိုက်က Paul WS Anderson ရိုက်ပြီး Milla Jovovich သရုပ်ဆောင်တဲ့လူကားနဲ့ Universe အတူတူ မဟုတ်ပါဘူး၊ ဂိမ်းထဲက Universe နဲ့တော့ အတူတူ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီကားထဲမှာ နာမည်ကြီး RE ဇာတ်ကောင်တွေဖြစ်တဲ့ လီယွန်၊ ကလဲလ်၊ ခရစ်စ်၊ ဂျေးလ်နဲ့ ရေဘက်ကာတို့ ပါဝင်ထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး လီယွန်တစ်ယောက် သိပ္ပံပညာရှင် ဒေါက်တာအန်တီနီယိုတေလာ ပြန်ပေးဆွဲခံရမှုတွထူးခြားတဲ့အမျိုးသမီးတစ်ယောက်နဲ့ ပတ်သက်ပြီး အမှုလိုက်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလဲလ်တစ်ယောက် ထူးခြားတဲ့သောင်တင်ဝေလငါးကို စုံစမ်းရာကနေ ထူးဆန်းတဲ့ကိုက်ရာကြီးတစ်ခုကို တွေ့ရှိထားပါတယ်။ နောက်ပြီး ခရစ်စ်တို့ ဂျေးလ်တို့ကလည်း ဆန်ဖရစ္စကိုမြို့မှာ ထူးခြားတဲ့ ကူးစက်မှုတွေကို ခြေရာခံရင်း အရင်ဗိုင်းရပ်စ်နဲ့ မတူဘဲ ကွဲပြားထူးခြားနေတာကို သိရပါတယ်။ ဒီအရာတွေအားလုံးက ရေဘက်ကာရဲ့ ဓာတ်ခွဲခန်း စမ်းသပ်မှုကြောင့် အဖြေတစ်ခု သိလိုက်ရပြီး ဆက်စပ်မှုရှိနေကြတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဆန်ဖရစ္စကိုနားက အယ်ကာထရက်ဇ်ဆိုတဲ့ ကျွန်းကြီး ဖြစ်နေပြီး ဒီကျွန်းပေါ်မှာ ဘာတွေဖြစ်ပျက်နေသလဲ သိရဖို့ ဇာတ်လိုက်ကျော်တသိုက် သွားရောက်စုံစမ်းတဲ့အခါမှာတော့….. ခြောက်ခြားမှုအသစ်တစ်ခုက သူတို့ကို စောင့်ကြိုနေပါတော့တယ်။ ဒီကားကိုတော့ အရှေ့က Infinite Darkness ရိုက်ခဲ့တဲ့ ဒါရိုက်တာ Eiichiro Hasumi ပဲ ပြန်လည်ရိုက်ကူးပေးတာဖြစ်ပါတယ်။ ဒီကားမှာလည်း လူစုံတက်စုံနဲ့ ဗိုင်းရပ်စ်အသစ်ကို ရင်ဆိုင်ကြမှာ Animation အလန်းတွေနဲ့ ကြည့်ရှု ခံစားလိုက်ကြပါဦး။ အညွှန်းကိုတော့ Thura Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Thura Aung, Kasashi, Elizabeth တို့ပဲ ဖြစ်ကြပါတယ်။

Comedy • Drama
8.6 2023 91 mins
Resident Evil: Death Island
Someone Borrowed
5.6

Someone Borrowed (2022) Rsတစ်ခုမှာ 6 လကြာရင်တော့ အချစ်စစ်တွေပေါက်ဖွားလာပါတယ်တဲ့(FAတွေတော့ ဘယ်သိမလဲ?)။ ဒီတော့ အချစ်ဆိုတာကို ကစားစရာလို့ယူဆထားတဲ့ ကိုယ့်ကိုယ်ကိုယ် Gentleman ကြီးလို သတ်မှတ်ထားတဲ့ ပလေးဘွိုင်းကြီး လူဝိဇ်ကတော့ မိန်းကလေး ၁ ယောက်ကို ၃ လထက်ပိုမတွဲဘဲ ရည်းစားတွေမှိုလိုပေါက်အောင် ထားလေ့ရှိသူပါ။ ဒါပေမဲ့ ၃ လကြာရင်ဖြတ်မယ်ဆိုတာကို ကြိုအသိပေးတတ်တဲ့သူ့ကိုယ်သူတော့ ဆရာကြီးက လူကြီးလူကောင်းလို့မှတ်ယူပြီး Mr. Perfect Guyပီပီ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းကြီး ၃ ရပ် ချမှတ်ထားပါသတဲ့။ လူဝိဇ်ဟာ အိမ်မှာလည်းအစ်မတွေကြားက အငယ်ဆုံးလေးလည်းဖြစ် တစ်ဦးတည်းသောသားယောက်ျားလေးကလည်းဖြစ်တော့ မားဘွိုင်းလေးဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အလုပ်မလုပ် မိန်းမလည်းမယူချင်တဲ့ ရေပေါ်ဆီသားဖြစ်သူကို အမေတောင်မှ စိတ်ကုန်ချင်ချင်ရယ်ပါ။ ဒီလိုနဲ့ အမေဖြစ်သူ ၆ လပဲအသက်ရှင်တော့မယ်ဆိုတဲ့ သတင်းဆိုးနဲ့အတူ မိခင်ရဲ့နောက်ဆုံးဆန္ဒက လူဝိဇ်ရဲ့ခံယူချက်တွေအားလုံးရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇနီးတစ်ယောက်ရှာဖို့ ဖြစ်နေတဲ့အခါမှာတော့ ဇနီးအငှားလိုက်သည်ဆိုတဲ့ မိန်းမချောလေးလီနာနဲ့ဆုံစည်းရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေဖြစ်သူကို စိတ်ကျေနပ်စေဖို့ကနေ စတင်လိုက်တဲ့ သူတို့နှစ်ယောက်ကြားက ၆ လပတ်သတ်မှုတစ်ခုနဲ့ ဆန့်ကျင်ဘက်စရိုက်တွေကြားကအလွဲအချော်ပေါင်းစုံကတစ်ဖက်၊ လူဝိဇ်နဲ့မတည့်တဲ့အစ်မဖြစ်သူအင်နက်ဇ်ရဲ့အမျိုးမျိုးစောင့်ကြည့်မှုတွေကတစ်ဖုံကြားက သူရဲ့သတ်မှတ်ချက်အတိုင်း ၆ လအကြာမှာ သူတို့နှစ်ယောက်ကြားမှာ အချစ်စစ်တွေပေါက်ဖွားလာမလားဆိုတာကိုတော့ အတူတူကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size… 1.75GB | 950MB | 516MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. August

Drama • Thriller
5.6 2022
Someone Borrowed
Motion Detected

ခေတ်မီသူတိုင်း AIကြိုက်ကြတဲ့ ITခေတ်ကြီးမှာ လူတိုင်းဟာ ကိုယ်နဲ့သက်ဆိုင်တဲ့fieldတစ်ခုစီမှာ AIကိုမှီခိုနေကြပါတယ်။ ဒါကြောင့်လည်းပဲ လူသားတွေတီထွင်ခဲ့တဲ့ AIက overpowering ဖြစ်လွန်းပြီး လူသားတွေကို ကျော်လွန်တော့မှာလားဆိုတဲ့မေးခွန်းတွေ၊ ဒီAIသာ စနစ်တစ်ခုခုချို့ယွင်းခဲ့ရင် errorတက်ခဲ့ရင် human best friend ကနေ အဆိုးဆုံးလူသတ်သမားဖြစ်လာမှာလားဆိုတဲ့ idea‌တွေ ထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်လေးကလည်း American Horror stories ရဲ့ Alexaအကြောင်းရိုက်ထားတဲ့ရုပ်ရှင်လိုပဲ Diablo Controlsဆိုတဲ့ကုမ္ပဏီက AI security system အကြောင်း ရိုက်ကူးထားတာပါ။ အဲဗာဟာ အိမ်ဖောက်ထွင်းအကြမ်းဖက်မှုတစ်ခုရဲ့ ထူးဆန်းစွာ အသက်ရှင်ကျန်နေခဲ့တဲ့လူပေါ့။ ထူးဆန်းစွာလို့ပြောရတာကတော့ အတော်ကိုသွေးဆာနေတဲ့လူသတ်သမားက အဲဗာတို့အိမ်ထဲကို ဖောက်ဝင်ပြီး အဲဗာကိုအကြမ်းဖက်ခဲ့ပေမဲ့ သူ့ကိုမသတ်ဘဲကျော်သွားပြီး တခြားအမျိုးသမီး 2 ယောက်ကိုပဲ သတ်သွားတာပါ။ ဒါပေမဲ့လည်း အဲဗာတစ်ယောက် PTSDနဲ့ သံသယလွန်ကဲရောဂါတွေကြောင့် ဆွေးနွေးကုသမှု ခံယူနေရပြီးတော့ ခင်ပွန်းဖြစ်သူကလည်း အဲဗာကို နေရာသစ် အိမ်သစ် ပတ်ဝန်းကျင်သစ်မှာ စိတ်သစ်လူသစ်နဲ့နားနေနိုင်ဖို့ ကယ်လီဖိုးနီးယားကအိမ်တစ်လုံးကို ခေါ်လာခဲ့ပါတယ်။ အတော်လေး နေရာကျယ်တဲ့ အိမ်ကြီးတစ်လုံးဖြစ်တဲ့အပြင် အဆင့်မြင့်ပရိဘောဂနဲ့ စက်ပစ္စည်းတွေကိုသုံးထားတဲ့ဒီအိမ်ကြီးဟာ အဲဗာတို့ဇနီးမောင်နှံအတွက်တော့ သဘောကျစရာဖြစ်နေတာပေါ့။ အထူးသဖြင့် အိမ်မှာတပ်ဆင်ထားတဲ့ Diablo Controlsရဲ့အဆင့်မြင့်လုံခြုံရေးစနစ်က အိမ်ဖောက်ထွင်းခံရဖူးတဲ့ စိတ်ဒဏ်ရာရှိနေတဲ့အဲဗာအတွက် အသင့်တော်ဆုံးလို့ မီဂေးလ်ကတထစ်ချတွက်နေတာပေါ့။ သူတို့ထက်အရင် ဒီအိမ်မှာနေသွားတဲ့မိသားစုက ပျောက်ချင်းမလှပျောက်သွားတယ်ဆိုတဲ့အချက်ကတော့ ဘဝင်မကျစရာဆိုပေမဲ့ အိမ်ကမျက်စိကျစရာကောင်းလောက်အောင် ခမ်းနားပြီးဆန်းသစ်နေတဲ့အတွက် ငှားဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အိမ်ငှားပြီးပြီးချင်းညမှာပဲ ချက်ချင်းဆိုသလို အရင်မြို့ကို အလုပ်ကိစ္စနဲ့ ပြန်သွားရဖို့ဖြစ်လာတဲ့ ခင်ပွန်းဖြစ်သူကြောင့် အဲဗာတစ်ယောက် 3 ထပ်အိမ်ကြီးထဲမှာ တစ်ယောက်တည်းကျန်နေခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ပဲ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…(1.1 GB)/(600 MB)/(290 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre…Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2023
Motion Detected
18+ Resemblance

(18+) Resemblance (2023) ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။ ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။ သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။ သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။ မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့ အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Top ပဲ ဖြစ်ပါတယ်။ Genre….. Horror, Crime, Sci-fi Quality…. 1080p | 720p File size… 1.3GB | 677MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Top Encoder ….. Blank

0 2023
18+ Resemblance
Saw 3D Saw 7
5.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3D The Final Chapter (2010) Saw franchise ရဲ့ ၇ ကားမြောက်ဖြစ်တဲ့ဒီကားဟာလဲ saw ဖန်တွေအကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ် ရှေ့ကားတွေနဲ့ပြန်ချိတ်ထားတာတွေကလဲ သေသပ်သလို ဇာတ်ကောင်တွေလဲအများကြီးပါဝင်ထားပါတယ် ပြီးတော့ saw ကားတွေရဲ့ထုံးစံအတိုင်းတစ်ကားနဲ့တစ်ကားမှာ အသုံးပြုတဲ့လက်နက်တွေ စက်ပစ္စည်းတွေမတူတာကြောင့် စိတ်ဝင်စားစရာကောင်းပါတယ် Plot twist တချို့ကိုလဲချပြသွားပါတယ် သွေးထွက်သံယိုအခန်းတွေအများအပြားပါဝင်ပြီး တကယ်ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြထားတာကြောင့် ကြောက်တတ်သူများနဲ့နှလုံးရောဂါအခံရှိသူများမကြည့်သင့်ပါဘူး။

Action
5.6 2010
Saw 3D Saw 7
The Perfect Dinner
6.4

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးက အီတာလျံ အစားအစာတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးတဲ့ အီတလီနိုင်ငံ နာပိုလီမြို့နဲ့ ရောမမြို့ကို အခြေပြုရိုက်ကူးထားတဲ့ ဟာသ၊ ဒရာမာ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အီတလီနိုင်ငံ နာပိုလီမြို့မှာ ကမ်မီလိုလို့ ခေါ်တဲ့ မာဖီးယားဂိုဏ်းက အုပ်စိုးနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှု နဲ့ တခြားဒုစရိုက်မှု မျိုးစုံကို လုပ်နေပါတယ်။ ကားမီရဲဆိုတဲ့ ကောင်လေးက ဖခင်ဆုံးပါးပြီးကတည်းက ခေါင်းကိုင်ဖခင်ဖြစ်တဲ့ ကမ်မီလိုဂိုဏ်းခေါင်းဆောင်က ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ နေခဲ့တာပါ။ နဂိုစိတ်ကောင်းရှိတဲ့ ကားမီရဲက သူ့ပတ်ဝန်းကျင်က မကောင်းမှု လုပ်သူတွေနဲ့ သဟဇာတမဖြစ်တာ မထူးဆန်းပါဘူး။ တနေ့တော့ သူငယ်ချင်းဟောင်းကို သေနတ်နဲ့ ပစ်သတ်ဖို့ ငြင်းဆန်ခဲ့တဲ့ ကားမီရဲကို အပြစ်ပေးတဲ့အနေနဲ့ ရောမမြို့က ငွေကြေးခဝါချတဲ့ စားသောက်ဆိုင်ကို ဟန်ပြဦးစီးဖို့ လွှတ်လိုက်ပါတယ်။ ဟင်းလျာချက်ပြုတ်မှုမှာ တော်ပေမယ့် ခေါင်းမာပြီး လုပ်ချင်ရာ လုပ်တတ်တဲ့ စားဖိုမှူး ကွန်ဆွယ်လို ဆိုတဲ့ မိန်းကလေးနဲ့ ရောမမြို့မှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ်။ မစ်ရှီလင်ကြယ်ပွင့်ရဖို့အထိ ရည်မှန်းချက်ကြီးတဲ့ ကွန်ဆွယ်လိုကို ကြိုက်မိသွားတဲ့ ကားမီရဲတစ်ယောက် ဘယ်လိုဘယ်ပုံ ရှေ့ဆက်ကြမလဲ ဆိုတာကို ဟာသလေးတွေနှောပြီး ရိုက်ကူး တင်ဆက်ထားတာကို ကြည့်ရှုရမှာပါ.. File size…2.13GB / 1.01GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

TV Movie • Drama • Romance
6.4 2022
The Perfect Dinner
[18+] Mapanukso
5.5

ကာလိုက ဘားတစ်ခုမှာ အကသမားအဖြစ် အလုပ်လုပ်ပါတယ်။ လူသိမခံချင်တဲ့ ဩဇာကြီး လူ့မလိုင်အလွှာက ဒိတ်ဒိတ်ကြဲ အမျိုးသမီးတွေ စိတ်လွတ်ကိုယ်လွတ်အပျော်ရှာဖို့ဖွင့်ထားတဲ့ ဘားဖြစ်ပြီးငွေပေးနိုင်ရင် ဘာမဆိုအကုန်ရပါတယ်။ ကာလိုနဲ့အတူအလုပ်လုပ်နေတဲ့ တစ်ခြားလူငယ်တွေ အများကြီးရှိပြီး အားလုံးဟာ ကိုယ့်ဦးတည်ချက်နဲ့ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ။ ဒီဇာတ်ကားမှာတော့ သူတို့တွေအလုပ်သဘောအရဆက်ဆံနေရတဲ့အမျိုးသမီးတွေက တစ်ဖက်၊ ကိုယ့်အိမ်သူ၊ ချစ်သူတွေကတစ်ဖက်နဲ့ ဝါသနာနဲ့အလုပ်ကြား မျှတအောင်ထိန်းကျောင်းနေရတဲ့ ဘ၀တွေကိုတွေ့မြင်ရပါမယ်။ သူတို့နဲ့ပတ်သက်ဆက်ဆံနေရတဲ့ အထက်တန်းစားအမျိုးသမီးတွေဟာ သူတို့ဘ၀ကိုကောင်းနေချိန်မှာမြှင့်တင်ပေးနိုင်သလို အမြင်မကြည်ချိန်မှာပဲ အသက်ကိုပါရန်ရှာတဲ့အထိဒုက္ခပေးနိုင်လို့ပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:36:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Drama • Fantasy • Romance
5.5 2024 95 mins
[18+] Mapanukso
Snooker Man

ဒီရုပ်ရှင်ကတော့ စနူကာချန်ပီယံတစ်ဦးဖြစ်တဲ့ ရိုနီအိုဆူလီဗန်နဲ့ ရုပ်ချင်းဆင်တဲ့ အတုဝိဇ္ဇာတစ်ဦးအဖြစ် လုပ်ကိုင်သူ စနူကာမန်းလို့သမုတ်ကြတဲ့ ဂျော်နီဘိုနာလို့အမည်ရတဲ့သူအကြောင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုနီအိုဆူလီဗန်ရဲ့ UK ရဲ့ အဆင့် ၁၇ မြောက် ပုံစံတူ အတုဝိဇ္ဇာတစ်ဦးဖြစ်တဲ့ ဂျော်နီဟာ UK ရဲ့ အဆင့်အနိမ့်ဆုံး အတုဝိဇ္ဇာအေဂျင်စီတစ်ခုမှာအလုပ်လုပ်ပါတယ်။ ဂျော်နီဟာ သူ့ရဲ့ပင်ကိုအရည်အချင်းအစစ်အမှန်ကိုပြသဖို့အတွက် ကမ္ဘာ့အဆင့် အသေးစားစနူကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နောက်မှာတော့ စနူကာမန်း ဂျော်နီရဲ့ နောက်ကြောင်း၊ အတုဝိဇ္ဇာ သရုပ်ဆောင်လောကအကြောင်း၊ အသေးစားစနူကာ အားကစားအကြောင်းတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.4 GB)/(773MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Snooker Man
The Searchers
7.8

The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.31GB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 59Min Genre – Adventure, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1956 119 mins
The Searchers
Whispers in the Wind
5.6

Whispers in the Wind (2024) IMDb Rating (5.6) ဂျပန်နိုင်ငံမှာနေထိုင်တဲ့ ဟန်နာဆိုတဲ့ဖိလစ်ပိုင်သူလေးဆရာမလေးဟာ တစ်ရက်မှာဆူနာမီဖြစ်ပေါ်ခဲ့ပြီး သူ့ချစ်သူအီမီးက သေသွားပြီး သူက အသက်ရှင်လျက်ကျန်နေခဲ့ပါတယ်။ တစ်ရက်မှာ ရန်ဆိုတဲ့ ဖိလစ်ပိုင်သားကလည်း သူ့အဖေမသေခင် ၀ေးကွာနေတဲ့သူ့အမေကိုရှာဖို့မှာခဲ့တာကြောင့် ဂျပန်မှာနေတဲ့သူ့အမေကို လာရှာရာ ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။ ရန် အမေကို ဂျပန်မှာနေတာကြာတဲ့ ဟန်နာကလည်းလိုက်ရှာပေးရင်း နောက်ဆုံးမှာသူ့အမေနဲ့ ဆုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေအိမ်ကိုရောက်တော့ ဖြစ်ပျက်နေတဲ့အခြေအနေတွေက ထင်ထားသလိုမဟုတ်ဘဲ ဟန်နာ ဟာထင်ယောင်ထင်မှားဖြစ်နေတဲ့ အမှန်တရားကိုတွေ့ရမှာပါ။ ဒီတော့ ဘယ်လိုအမှန်တရားမျိုးလည်းဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုကြပါဦး… (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:36:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Son Gohan

5.6 2024 96 mins
Whispers in the Wind
Rambut Kafan
5

Rambut Kafan (2024) IMDb Rating (5.0) အောင်​မြင်နေတဲ့ ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်သူ Anwar နဲ့ သူ့ဇနီးသည်က ကိုယ်ဝန်ပျက်ကျမှုကို ဆက်တိုက်ကြုံရပြီး ဇနီးသည်က နေမကောင်းဖြစ်သွားခဲ့တယ်။ တဖြည်းဖြည်းနဲ့ Anwar ရဲ့ သမီးဖြစ်သူ Tari က သူ့အမေ နေမကောင်းဖြစ်တာ သာမန်ရောဂါကြောင့်မဟုတ်ဘဲ တစ်ယောက်ယောက်အောက်လမ်းနည်းနဲ့ ပြုစားထားတာလို့ သံသယဝင်လာပါတော့တယ်။ Tari ရဲ့ သံသယဝင်သူကတော့ အမွေအိမ်ကို ရောင်းပြီးဝေစုခွဲဖို့ ပိုက်ဆံခဏခဏလာတောင်းတဲ့ သူ့အဖေရဲ့ညီ ဦးလေး Subhan ပါ။ ဒါပေမဲ့ Tari ထင်ထားသလို သူ့အမေကို အောက်လမ်းနည်းနဲ့ပြုစားနေတာ တကယ်ပဲ အမွေလိုချင်နေတဲ့ သူ့ဦးလေးလား ဒါမှမဟုတ် သူမသိထားတဲ့ သူ့အဖေစည်းစိမ်ချမ်းသာမှုတွေရဲ့ နောက်ကွယ်က မသမာတဲ့သမိုင်းကြောင်းတွေရှိနေလားဆိုတာကို ဒီ horrorဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(820 MB) / (390 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5 2024 98 mins
Rambut Kafan