YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Creepshow.S01E03.720p {CM}.mp4

413.47 MB N/A video/mp4 1291 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Harry Met Sally...
7.4

ဆယ်လီနဲ့ဟယ်ရီရဲ့ဇာတ်လမ်းဟာ ၁၉၉၇ မှာ စခဲ့တယ်။ ချီကာဂိုတက္ကသိုလ်ကနေ ကျောင်းပြီးလို့ အိပ်မက်မြို့တော်ကြီး နယူးယောက်ကို လာတဲ့လမ်းမှာ သူတို့စတွေ့ခဲ့ကြတယ်။ ဒီနောက် ဘာမှဆက်မဖြစ်ခဲ့ကြဘူး။ ၁၉၈၂ ရောက်တော့ လေဆိပ်မှာ သူတို့ထပ်တွေ့ကြတယ်။ ၂ယောက်စလုံး အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်နေကြပြီ။ အချင်းချင်းမှတ်မိလိုက်ပြီး စကားတွေပြောဖြစ်ကြပေမဲ့ ဘာမှဆက်မဖြစ်လိုက်ဘူး။ ၁၉၈၇ ကျ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဟယ်ရီနဲ့ ဆယ်လီထပ်တွေ့ခဲ့ကြတယ်။ ဟယ်ရီက အိမ်ထောင်ကျပြီးလို့ သူ့မိန်းမက သူ့ကိုထားခဲ့တာတောင် ခံရပြီးပြီ။ ဆယ်လီကလည်း သူ့ရည်းစား ထားခဲ့တာ ခံခဲ့ရတယ်။ ဒီလိုနဲ့ ဒီတစ်ခေါက် သူတို့ပြန်တွေ့တဲ့အချိန်မှာ အသည်းကွဲနေတဲ့လူ၂ယောက် သူ့ဘဝအကြောင်းတွေ ကိုယ့်ဘဝအကြောင်းတွေပြောရင်း သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီနောက် အဆင့်ထက်တက်ရင်း တစ်ယောက်အကြောင်းတစ်ယောက်သိနေတော့ ပြဿနာတွေတက်ပြီး ထပ်ကွဲသွားတယ်။ နောက်ဆုံးအနေနဲ့ ၁၉၈၈ နှစ်သစ်ကူးညမှာ ဟယ်ရီနဲ့ဆယ်လီ ပြန်တွေ့ကြတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်က ဖြစ်ရပ်ပမာဏထက် အချိန်ခြားတဲ့ပမာဏက ပိုများနေတဲ့၊ ကျွန်တော်တို့ကြည့်ဖူးနေကျ အချစ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ အချစ်ဇာတ်လမ်းလို့ပြောလို့ရတယ်။ သူတို့၂ယောက်ရဲ့ဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းတော့ မဟုတ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ဘူး။ ဒီဇာတ်ကြောင်းကို ဒါရိုက်တာဟာ အိမ်ထောင်သက်ကြာပြီဖြစ်တဲ့ အတွဲတွေ ဘယ်လိုစတွေ့ကြလဲ အင်တာဗျူးရင်း အဲဒီအင်တာဗျူးတွေကို ပေါင်းစပ်ပြီး ဒီဇာတ်လမ်းကို အသက်သွင်းထားတယ်။ ဇာတ်ရဲ့သက်ဆိုင်ရာ အခန်းမစခင်မှာလည်း အဲဒီအင်တာဗျူးတွေကို အရင်ပြပေးသွားတယ်။ ဆိုတော့ ဒီကားဟာ အဖြစ်မှန်တွေများစွာကို အလှပဆုံးပေါင်းစပ်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရလိမ့်မယ်။ နောက် ဒါရိုက်တာကိုယ်တိုင်ရဲ့ စိတ်ကူးကနေလာတဲ့ Iconic ဖြစ်တဲ့ ဇာတ်ဝင်ခန်းလှလှလေးတွေလည်း တော်တော်များတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ရှားပါး A+ ကလပ်စစ်ဖလင်စာရင်းထဲ ထည့်ထားကြတယ်။ သရုပ်ဆောင်တွေအနေနဲ့တော့ Meg Ryan တို့၊ Carrie Fisher တို့လို တစ်ချိန်က သိပ်လှခဲ့တဲ့ မင်းသမီးကြီးတွေ၊ Billy Crystal လို ဝါရင့်သရုပ်ဆောင်တွေကို သုံးထားတယ်။ ဘာမှထူးထူးခြားခြားမဟုတ်ပေမဲ့ လူတစ်ယောက်ရဲ့စွန့်လွှတ်မှုကြောင့် စိတ်ထဲနည်းနည်းတော့ အမြစ်တွယ်နေမိမယ့် ဒီလိုနေ့မျိုးမှာ When Harry Met Sally... ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပေါ့။ When Harry Met Sally... ဟာ ရိုမန့်ကားဖြစ်ပေမဲ့ ကျွန်တော်တို့ဘဝတွေကိုကျော်ပြီး အရမ်းခမ်းနားမနေသလို ကျွန်တော်တို့ ဘဝတွေအောက်လည်း မသိမ်နုပ်တဲ့၊ ကျွန်တော်တို့ဘဝတွေကို ပြန်မြင်နေရမယ့် ရုပ်ရှင်မျိုးပါပဲ။ ဟယ်ရီနဲ့ဆယ်လီဟာ ရိုမီရို ဂျူးလိယက်လိုလည်း အသက်ပေးမချစ်ဘူး။ ငြိမ်းချမ်းစွာနဲ့လည်း မပေါင်းဖက်ကြဘူး။ မတူတဲ့အမြင်တွေ မတူတဲ့အတ္တတွေနဲ့ အမြဲတမ်းပြဿနာတက်နေတဲ့ သာမန်လူတွေသက်သက်ပဲ။ ကျွန်တော်တို့တွေလိုပဲ... ဟယ်ရီက ကမ္ဘာကြီးကို ယောက်ျားလေးအမြင်နဲ့ပဲမြင်သလို ဆယ်လီက ကမ္ဘာကြီးကို မိန်းကလေးအမြင်နဲ့ပဲ မြင်တယ်။ ဒါပေမဲ့လည်း ဘာမဆိုပြောပြလို့မရတဲ့ ကမ္ဘာကြီးမှာ တစ်ယောက်အတွက်တစ်ယောက် ဘာမဆိုပြောပြနိုင်တဲ့တစ်နေရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်က တစ်ယောက်အတွက် လဲပြိုရာ ဖြစ်ပေးခဲ့ကြတယ်။ တစ်ယောက်အတွက် တစ်ယောက်က ခြောက်ပြစ်ကင်းနေတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမဲ့လည်း တစ်ယောက်ရဲ့ ခွင့်လွှတ်လို့မရတဲ့အမှားမျိုးကိုလည်း တစ်ယောက်က မမြင်ခဲ့ကြဘူး။ ဟယ်ရီနဲ့ ဆယ်လီမှာ ကျွန်တော်တို့အားလုံးလိုပဲ ပြဿနာတွေရှိတယ်။ ကွာခြားချက်တွေရှိတယ်။ ပြန်ညှိရမယ့်ကာရန်တွေရှိတယ်။ ညှိလို့မရတဲ့ ပုစ္ဆာတွေရှိတယ်။ ဟယ်ရီနဲ့ ဆယ်လီရဲ့ ဇာတ်လမ်းဟာ ကျွန်တော်တို့ အချစ်တွေ ကျွန်တော်တို့ဘဝတွေကို ထောင်ပြထားတဲ့ မှန်တစ်ချပ်လို့ ဆိုလည်းမမှားဘူး။ ကျွန်တော်တို့ အဖြေကိုမတွေ့ခဲ့ကြသလို သူတို့လည်းမတွေ့ခဲ့ကြဘူး။ ဒါမှမဟုတ် အစကတည်းက တွေ့ပြီးသားဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဝူဒီအယ်လန်ပြောသလိုပေါ့... " ကဗျာဆရာတွေ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ အချစ်ဟာ တစ်ခုတည်းသောအဖြေ ဖြစ်ကောင်းဖြစ်နိုင်တာပါပဲ။ " သာမန်နေ့တွေမှာတော့ သာမန်အတိုင်းပဲ ကျွန်တော်တို့ရှင်သန်နေရင်း သတိမရမိတဲ့လူတွေ ရှိကောင်းရှိမှာပါပဲ။ နည်းနည်းထူးခြားသွားတဲ့နေ့တွေမှာတော့ သာမန်ပဲလို့ ကိုယ့်ကိုယ်ကိုယ် ပြောနေရင်းတောင် တစ်ကိုယ်ရေတည်းဆို သတိရမိလောက်တဲ့လူတွေ ရှိကောင်းရှိကြမှာပဲ။ ဟယ်ရီဟာ နာတာလူးပွဲတော်နေ့ကို သာမန်နေ့တစ်နေ့လို့ပဲ ကြိုးစားမြင်ရင်း ဆယ်လီ့ကို သတိရလာသလို ချစ်တဲ့လူတွေကို သတိရမိတဲ့ လူတွေ ရှိကောင်းရှိကြမှာပဲ။ ဒီလိုပဲ ဒီမဆန်းပြားနေတဲ့ ရုပ်ရှင်ကိုကြည့်ပြီး ချစ်တဲ့လူတွေကို သတိရမိကောင်း ရမိကြမှာပဲ။ ဒါကြောင့်မို့ပဲ ဒီရုပ်ရှင်ဟာ နှစ်ခြမ်းကွဲနေခဲ့တယ်။ ရုပ်ရှင်ရဲ့ ပထမခြမ်းကတော့ ဒါရိုက်တာနဲ့ အင်တာဗျူးခံရတဲ့ စုံတွဲတွေဆီက လာပြီး ဒုတိယခြမ်းကတော့ ခင်ဗျားဆီကိုယ်တိုင်ဆီက လာပါလိမ့်မယ်။ ရုပ်ရှင်ဆိုတာလည်း အနာအဆာအပြည့်နဲ့ အသည်းတွေကို တစ်စစီခွဲပြီး ပိုချစ်တတ်လာအောင် တစ်စချင်း ပြန်ဆက်ပေးတဲ့အရာမျိုးပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ ဘဝတွေဟာ ရုပ်ရှင်ကို လိုခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 740MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 35Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 1989 96 mins
When Harry Met Sally...
Summering
4.1

Summering (2022) ဒါကတော့ နွေရာသီတစ်ခုကို ဖြတ်သန်းနေတဲ့ ကလေးတစ်အုပ်အကြောင်းပါပဲ။ ဇာတ်လမ်းအမျိုးအစားကတော့ Adventure, Coming of Age ပါ။ ကလေးတစ်အုပ်ဆိုပေမဲ့ ကလေးမလေးတွေပါပဲ။ နွေရာသီပိတ်ရက်မှာ အတူတူလျှောက်လည်ကြတယ်။ အလောင်းတစ်လောင်းတွေ့တယ်။ ဒီအလောင်းကြောင့် မိဘတွေက သူတို့ကလေးတွေ ထရော်မာရကုန်တယ်ထင်ကုန်မှာစိုးလို့ ရဲမတိုင်ဘဲထားလိုက်တယ်။ သို့ပေမဲ့ ကြင်နာတတ်တဲ့ကလေးတွေဆိုတော့ ဒီလူ့မှာများ မိသားစုရှိခဲ့ရင်ဆိုပြီး သူဘယ်သူလဲအဖြေရှာကြပါတယ်။ အိမ်ကမသိအောင် ခိုးထွက်ပြီး စွန့်စွန့်စားစားအဖြေရှာရင်း ပရလောကလိုလို သည်းထိတ်ရင်ဖို အဖြစ်တွေနဲ့ပါကြုံလာရပါတယ်။ James Ponsoldt ရဲ့လက်ရာပေါ့။ James Ponsoldt ကို The Spectacular Now ဆိုတဲ့ သူ့မာစတာပိစ်ကားနဲ့ လူသိများပါတယ်။ ၂၀၁၃ရဲ့အကောင်းဆုံး ရုပ်ရှင်တွေထဲ The Spectacular Now ဟာလည်း မပါမဖြစ် ဖြစ်ပါတယ်။ ဂျက်စီအိုင်ဆန်ဘတ်နဲ့ The End of the Tour, တွမ်ဟန့်နဲ့ The Circle တို့ကိုလည်း တွဲဖက်ရိုက်ကူးဖူးပါတယ်။ ထူးတာကတော့ ဒီရုပ်ရှင်ဟာ အစကနေ အဆုံးထိ ကလေးတွေရဲ့ဆုံးဖြတ်ချက်တွေကနေ ဘာတွေဆက်ဖြစ်သွားမလဲ စောင့်ကြည့်ရတာ တော်တော်ရင်ခုန်ဖို့ကောင်းပါတယ်။ ဒီကနေမှ နိဂုံးကိုသွားတဲ့အခါ နိဂုံးကလည်း တော်တော်လှပပါတယ်။ ကလေးတွေရဲ့စိတ်ကူးစိတ်သန်းကို အသားပေးပြီး လှလှပပလေး ပုံဖော်သွားတဲ့ဇာတ်လမ်းပါပဲ။ ကလေးတွေနဲ့ဇာတ်အိမ်တည်ထားလို့ဆိုပြီး ကလေးတွေနဲ့‌တော့ တူတူကြည့်ဖို့ အဆင်မပြေပါဘူး။ Thriller ဆန်ဆန်လေးလည်း ပါလို့ပါ။ ဇာတ်လမ်းလည်းဂေါ် ဒါရိုက်တာလည်းကောင်းပေမဲ့ ဘာလို့ rating နည်းသွားလဲတော့ မသိပါဘူး။ သေချာတာကတော့ Coming of Age ကိုမှ ဇာတ်ခပ်ဆန်းဆန်းလေးနဲ့မို့ CoA ကားတွေကို သဘောကျတဲ့သူတွေ ကြည့်သင့်ပါတယ်။ လန့်စရာလည်းကောင်း ချစ်စရာလည်းကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ Rating ကို မယုံပါလေနဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 610MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Comedy • Fantasy
4.1 2022 87 mins
Summering
Hu Ane Tu
8.4

Hu ane Tu (2023) “တစ်လိမ် နှစ်လိမ်” IMDb-8.4/10 အချစ်ဆိုတာ လူငယ်တွေပဲကြည်နူးခံစားတတ်တဲ့အရာတဲ့လား…. အူမီ့ရှ်ဟာ ဇနီးသည်ဆုံးသွားပြီးနောက် သားဖြစ်သူတေဂျာ့စ်ကို တစ်ယောက်တည်းပျိုးထောင်လာတဲ့သူ တေဂျာ့စ်တစ်ယောက်အရွယ်ရောက်လာချိန် ရီဗာဆိုတဲ့ကောင်မလေးနဲ့ချစ်ကြိုးသွယ်မိတယ် တစ်ဖက်မှာလည်း ဖခင်ဖြစ်သူကကီတကီဆိုတဲ့ ငယ်ချစ်ဦးနဲ့ ပြန်တွေ့ပြီး ချစ်ခြင်းတစ်ဖန်ပြန်လည်လန်းဆန်းလာတော့တယ် နားလည်မှုရှိတဲ့သားဖြစ်သူဟာဖခင်ရဲ့ အချစ်သစ်အတွက် ကြည်ဖြူသဘောတူ အဖေကလည်းသားအလိုကျနဲ့ သူတို့ဘဝကြည်နူးသာယာချိန်မှာ မထင်မှတ်တဲ့ အလွဲတွေတစ်ခုပြီးတစ်ခုပေါ်လာချိန်မှာတော့…. လန်းဆန်းတက်ကြွနေတဲ့ လူငယ်အချစ်နဲ့ နှစ်ရှည်ထိန်းသိမ်းလာရပြီးမှ ပွင့်လင်းထွက်ပေါ်လာတဲ့ လူကြီးနှစ်ယောက်ရဲ့အချစ်တွေ အလွဲအချော်ဟာသလေးတွေနဲ့ ခံစားကြည့်ပါဦး (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Crime • Drama • Thriller
8.4 2023
Hu Ane Tu
[18+] 24 Year Old Yoon Yul’s Sexy Breasts
Please Teach Me English
6.5

Please teach me English (2003) ***************************** 2003 ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသားကြီး Jang Hyuk နဲ့ မင်းသမီး Lee Na Young တို့ရဲ့ ဟာသအချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား Jang Hyuk ရဲ့ သရုပ်ဆောင်ကောင်းချက်ကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီဇာတ်ကားမှာလည်း သူ့ရဲ့ပိုင်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာပါ။ ၂၀၀၃ ခုနှစ်၊ ကိုးရီးယားမှာ လူတိုင်းဟာ အင်္ဂလိပ်စာကို လေ့လာနေကြပြီးတော့ အင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်ရင် လူရာမဝင်တဲ့ကာလဖြစ်လာပါပြီ။ လျှပ်စစ်မီတာရုံးမှာအလုပ်လုပ်နေတဲ့ နာယောင်းဂျူဟာလည်း ရုံးကအထက်လူကြီးရဲ့ဖိအားပေးမှုကြောင့် အင်္ဂလိပ်စာသင်တန်းတက်ဖို့ဖြစ်လာပါတယ်။ နာယောင်းဂျူဟာ အချစ်မှာလွယ်လွယ်ကျရှုံးတတ်ပြီးတော့ သူ့ရဲ့ဖူးစာဖက်မင်းသားလေး အိမ်မက်ဆန်ဆန်ရောက်လာဖို့ကို မျှော်လင့်နေတဲ့သူဖြစ်ပါတယ်။ သင်တန်းမှာ ပလေးဘွိုင်းဘတ်မွန်းဆူနဲ့တွေ့ပြီးတော့ ဘတ်မွန်းဆူကို ချစ်မိသွားပါတော့တယ်။ ဘတ်မွန်းဆူဟာ မိန်းမမြင်မနေနိုင် နှာထတတ်ပြီးတော့ သူ့ကိုလူအထင်ကြီးအောင် အရမ်းဟိတ်ဟန်ထုတ်တတ်တဲ့သူဖြစ်ပါတယ်။ ဘတ်မွန်းဆူဟာ အစပိုင်းမှာတော့ မပြင်တတ်မဆင်တတ်တဲ့ နာယောင်းဂျူကို မိန်းကလေးလိုမမြင်ခဲ့ပေမဲ့ သင်တန်းမှာ အင်္ဂလိပ်စာအတူသင်ရင်း နာယောင်းဂျူရဲ့အလွဲတွေလုပ်တတ်တဲ့ပုံစံမှာ ကျရှုံးသွားပါတော့တယ်။ အင်္ဂလိပ်စာသင်ရင်းနဲ့ အလွဲတွေကြားကနေဖြစ်ပေါ်လာတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါး၊ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ ကြည့်ပြီးခွီလိုက်ကြပါဦးခင်ဗျာ။ Movie: Please Teach Me English Genres: Comedy, Romance Country: South Korea Release Date: Nov 5, 2003 Duration: 1 hr. 58 min. Content Rating: 13+ – Teens 13 or older Translated by Yee Wai Encoded by Phyo Pyae

6.5 2003
Please Teach Me English
All of Us Strangers
8

All of Us Strangers (2023) ~ IMDb – 8/10, RT – 96%, Meta – 90% ~ ဂျပန်စာရေးဆရာ Taichi Yamada ရဲ့ ၁၉၈၇မှာထွက်ခဲ့တဲ့ Strangers ဆိုတဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ ရိုက်တဲ့ ဒါရိုက်တာ Andrew Haigh က ရိုက်သမျှကားတိုင်း မှတ်ချက်တွေကောင်းသလို LGBTQ+ ကားတွေပဲ အရိုက်များတဲ့ ဒါရိုက်တာပါ။ Sherlock စီးရီးထဲ မိုရီယာတီအနေနဲ့ လူသိများခဲ့တဲ့ Andrew Scott နဲ့ Normal People နဲ့ လူသိများသလို Aftersun နဲ့ မနှစ်က အော်စကာဆန်ခါတင်ဝင်ပြီး နာမည်လည်း တော်တော်ရလာတဲ့အပြင် ဒီနှစ်လည်း ဒီကားမတိုင်ခင် Foe ထွက်ထားသေးတဲ့ Paul Mescal တို့ အဓိကသရုပ်ဆောင်ထားတယ်။ ဒီရုပ်ရှင်က Queer ကားဆိုပေမဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးထက် အင်ဒရူးစကော့ရဲ့ဇာတ်ကောင် အဒမ်ရဲ့ ထရော်မာကိုပဲ အဓိကထားတင်ဆက်ထားတယ်။ မကြည့်ခင်ကတော့ ဂေးရိုမန့်ကားသက်သက်ထင်ခဲ့ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင်လွဲတယ် ပြောရမှာပဲ။ ရွှေကမ္ဘာလုံးမှာတော့ အင်ဒရူးစကော့က သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပေမဲ့ အော်စကာတော့ ဆန်ခါတင် တစ်ခုမှမဝင်ခဲ့ဘူး။ ဒါပေမဲ့လည်း တချို့ကတော့ လီယိုတို့ ဘယ်ရီတို့ထက် အင်ဒရူးစကော့ ဆန်ခါတင်မဝင်တာက အော်စကာရဲ့ Biggest Snub လို့ ပြောကြတယ်။ အဒမ်နဲ့ ဟယ်ရီဆိုတဲ့ Queer နှစ်ယောက်က လူသူသိပ်မနေသေးတဲ့ နေရာတစ်ခုမှာ အခြေချကြရင်း သူတို့ချင်း ချစ်မိသွားကြတယ်။ သူတို့ရဲ့ အချစ်ဇာတ်ကို အဖြစ်လောက်သာထည့်ထားပြီး အဒမ်ရဲ့မိဘတွေအိမ်ကို အဒမ်သွားတဲ့အကြောင်းတွေ… သူ့ Homosexual ဖြစ်တည်မှုကို သူ့ကိုယ်သူနဲ့ သူ့မိဘတွေ သူ့ဘေးကလူတွေ လက်ခံခြင်း မခံခြင်းအကြောင်းတွေဆီကို ဦးတည်ထားတယ်။ တစ်ခုရှိတာက ဒီကားက ရိုမန့်သက်သက်မဟုတ်ဘဲ Fantasy ပါပါတော့ အရှိတရားကနေ ကင်းလွတ်နေတဲ့ Fantasy ဆန်ဆန်အရာတွေကိုလည်း မြင်ရလိမ့်မယ်။ ဒါပေမဲ့ ဒီကားရဲ့ Genre ကို Fantasy Romance လို့တော့ လက်ခံဖို့ခက်တယ်။ All of Us Strangers ဟာ လူတစ်ယောက်ရဲ့ ထရော်မာတွေအကြောင်းကို သရုပ်ဆောင်‌ကောင်းကောင်း ဇာတ်လမ်းကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့‌ ရုပ်ရှင်ပါပဲ။ မဆန်းတော့တဲ့ဇာတ်ကို ဆန်းတဲ့တင်ဆက်ပုံနဲ့ တင်ဆက်ထားတယ်လို့ ပြောရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 585MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 45Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
All of Us Strangers
Pete’s Dragon
6.7

Disney ရဲ့ ၂၀၁၆ ထွက် လက်ရာကောင်းတစ်ခုပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇတ်လမ်းအကျဉ်းလေးကတော့ ၅ နှစ်သားမှာ ကားမှောက်ပြီးမိဘ၂ ပါးလုံး ဆုံးသွားတဲ့ ကလေးလေး Pete၊ တောနက်ထဲမှာ တစ်ယောက်တည်းဖြစ်နေတုန်း သူ့လိုပဲ တစ်ကောင်တည်းအထီးကျန်နေတဲ့ နဂါးကြီးနဲ့တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ နဂါးကို နဂါးလို့ခေါ်မှန်းတောင် မသိတဲ့ Pete လေးဟာ နဂါးမိတ်ဆွေလေးကို သူ့ပုံပြင်စာအုပ်ထဲက အက်လီရက် ဆိုတဲ့နာမည်ကိုပေးထားပြီ တောထဲမှာ ၂ ကောင်သား ၆ နှစ်တိတိအသက်ရှင်နေထိုင်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်ခုတ်ရင်း တဖြည်းဖြည်း တောနက်ထဲထိ ကျွံဝင်လာတဲ့ အလုပ်သမားတွေနဲ့ သစ်တောအရာရှိမိသားစုလေးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်လာတဲ့အခါ…. File size…(1.7 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Mr. Anderson

6.7 2016
Pete’s Dragon
Kaazh

Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)

0 2024
Kaazh
Deer Camp ‘86

သရဲကား ကြည့်ရတာလည်း ကြိုက်တယ် ရယ်လည်းရယ်ရချင်တဲ့သူတွေအတွက် Horror , Comedy , Thriller အရသာ 3 မျိုးလုံးပေးနိုင်တဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်က 1986ခု ၊ Detroit မြို့က ငယ်သူငယ်ချင်းတွေဖြစ်ကြတဲ့ ငတုံး ၆ ယောက် ၊ အမေရိကန်တွေ ရဲ့ ဆောင်းဦးရာသီရိုးရာတစ်ခုဖြစ်တဲ့ သမင်တွေကို အမဲလိုက်ဖို့ Michigan ကိုထွက်လာခဲ့ကြတယ်။ အမဲလိုက်ထွက်တဲ့ မုဆိုးတွေအနေနဲ့ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ် ။အဲဒါတွေကတော့ – တောထဲကအစောင့်အရှောက်တွေကို လေးစားရမယ် – သမင်အမဲလိုက်တဲ့ရာသီမှာဆိုရင် သမင်တွေကိုဘဲ သတ်ရမယ် – သမင်အထီးတွေကိုဘဲ သတ်ရမယ် အမတွေကို မပစ်ရဘူး – ကိုယ်လိုအပ်သလောက်သာ သတ်ဖြတ်ရမယ် စသဖြင့် အမဲလိုက်တဲ့ စည်းကမ်းတွေရှိတယ်။ အဲဒီနယ်မှာက အရင်ကတည်းက နယ်ခံ အင်ဒီးယန်းလူမျိုး မိန်းကလေးတွေ အသတ်ခံရတာဘဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာဘဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် နောက်ရက်အနည်းငယ်ကြာတဲ့အချိန်မှာ တောထဲမှာ အမဲလိုက်တဲ့မုဆိုးတွေ တနည်းမဟုတ် တနည်းဆိုးဆိုးရွားရွား အသတ်ခံရတယ်။ တစ်ရက် နယ်ခံ အင်ဒီးယန်း မိန်းကလေး အသတ်ခံရတဲ့အချိန် လက်စားချေဖို့အတွက် မကောင်းဆိုးဝါးတစ်ကောင် နိုးထလာတဲ့အချိန်မှာ မုဆိုးကနေ သားကောင်ဘဝ ပြန်ရောက်သွားတဲ့အခါ ၊ငတုံး ၆ ကောင်နဲ့ ဘယ်လိုဆက်စပ်နေသလဲ ၊ စည်းကမ်းဖောက်တဲ့သူတွေကော ဘယ်လိုအပြစ်ပေးခံရမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် IMDB 5.7 , ခရမ်းချဉ်သီး 84% ထိ ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ် ။ စကားပြောကြမ်းတမ်းတာတွေ သတ်တာဖြတ်တာတွေကြောင့် R Rated ဖြစ်ပြီး မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး ။ File size…(825 MB) Quality….Webrip 720p Format…mp4 Duration….01:25:00 Genre… Comedy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thaw Ko Ko Zin

Drama
0 2022
Deer Camp ‘86
Bulletproof Monk
5.8

အက်ရှင်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက်သဘောကျမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်တွင်းမှာ တိဘတ်တောင်တန်းပေါ်မှာ အနန္တစွမ်းအင်တွေရနိုင်မယ့် ပေလိတ်ကိုစောင့်ရှောက်တဲ့ဘုန်းကြီးတွေနေထိုင်ပြီး အနှစ်၆၀တစ်ခါ စောင့်ရှောက်သူလွှဲပြောင်းပါတယ် နာဇီစစ်ဗိုလ်တစ်ယောက်ဟာအဲ့ဒီစွမ်းအင်ကိုတပ်မက်လွန်းလို့ အနှစ်၆၀တိုင်တိုင် ဇွဲကြီးကြီးနဲ့လိုက်နေပါတယ် နာဇီရဲ့အကြံကတော့သူစွမ်းအားတွေရရင် နိမ့်ကျတယ်လို့သူယူဆရဲ့တဲ့လူမျိုးစုတွေ အပြတ်ရှင်းပြစ်ပြီး သူ့စိတ်တိုင်းကျကမ္ဘာတည်ထောင်မှာဖြစ်ပါတယ် ဒါကိုကာကွယ်ဖို့ ဘုန်ကြီးဟာအနှစ်၆၀ထွက်ပြေးရင် နှစ်၆၀ပြည့်တဲ့အချိန်မှာ ဘယ်သူ့ကိုစောင့်ရှောက်သူအဖြစ်လွှဲအပ်မလဲ နာဇီစစ်ဗိုလ်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ပေါ့ပေါ့ပါးပါး အက်ရှင်ကားကောင်းတစ်ကားအနေနဲ့ကြည့်ရမှာပါ ပေလိတ်ကိုစောင့်ရှောက်သူဘုန်းကြီးအဖြစ် Chow Yun Fatကပါဝင်သရုပ်ဆောင်ထားပါတယ်

5.8 2003
Bulletproof Monk
Shriek If You Know What I Did Last Friday the Thirteenth

Shriek If You Know What I Did Last Friday the Thirteenth (2000) ဟော်ရာပရိသတ်တွေဆို Scream, Friday the 13th, I Know What You Did Last Summer အဲဒီဇာတ်ကားတွေကို သိကိုသိကြမှာပါ။ ဒါကတော့ Scary Movie တွေလိုပဲ အဲဒီသုံးကားလုံးကို ဟာသလုပ်ပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် ပိုခွီရပါလိမ့်မယ်။ ဒါပေမဲ့ Friday the 13th ကိုတော့ သိပ်မတွေ့သလိုပါပဲ။ အဲဒီထက် ပိုစိတ်မကောင်းစရာက ၁၈ ပက်လက်မပါတာပါပဲ။ Parody တွေထုံးစံ အနည်းအကျဥ်းတော့ သဘောလောက် ပါတယ်ဆိုပေမဲ့ မူရင်းကားတွေလောက်တော့ အားရစရာကောင်းလောက်အောင် ပါတာမဟုတ်ဘူးပေါ့ဗျာ။ အဲဒီသုံးကားကိုတင်မဟုတ်ဘဲ တခြားကားတွေ၊ လူတွေကိုလည်း ကြုံရင်ကြုံသလို ဖဲ့ပါသေးတယ်။ ဖဲ့တဲ့ထဲမှာ သူ့လိုမျိုး ဇာတ်ကားတွေကို ဟာသပုံစံပြန်ပြောင်ထားတဲ့ ဇာတ်ကားတွေကိုပါ ဖဲ့လိုက်ပါသေးတယ်။ Scary Movie တွေလောက် ကောင်းတဲ့ထဲမှာမပါပေမဲ့ ဖျော်ဖြေမှုအရတော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 910MB Quality – 1080p, 720p IMDb Rating – 4/10 Format – mp4 Duration – 1H 26Min Genre – Parody, Comedy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

0 2000
Shriek If You Know What I Did Last Friday the Thirteenth
The Storm is Coming
5.6

ဒီဇာတ်လမ်းလေးကတော့ တွဲလာတာ4နှစ်ကြာပြီးတဲ့နောက်မှာ ကောင်လေးဘက်ကနေ သတ္တိ‌​မွေးပြီး ကောင်မလေးကို ပရိုပိုစ်လုပ်တဲ့ဇာတ်ကွက်လေးနဲ့ ရိုမန်တစ်ဆန်ဆန်စထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ် ကောင်လေးဘက်က အမှတ်တရဖြစ်စေချင်လို သူစီစဉ်သမျှအကုန်လုံးကို video recording လုပ်ထားခဲ့ပါတယ် ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူrecordလုပ်မိတာက သူတိုအမှတ်တရတွေတင်မကပဲ ရာဇဝတ်မှုနဲ့ဆိုင်တာတွေပါ တိုက်တိုက်ဆိုင်ဆိုင် record လုပ်မိရက်သားဖြစ်သွားတဲ့အချိန်မှာတော့ သူတိုသမီးရည်းစားအတွက် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ရောက်လာသမျှအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ တကယ်ရော ကျော်ဖြတ်သွားနိုင်ရဲ့လားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်

5.6 2024
The Storm is Coming
Girl Online

Girl Online (2024) အွန်လိုင်းက အလှလေး ဖာတီမာဟာ Facebook live လွှင့်ပြီး သူ့နေ့စဉ်ဘဝကို အမြဲမှတ်တမ်းတင် ကြေညာနေသူပါ။ သူ့live ကိုကြည့်ရှုသူတွေနဲ့လည်း သူက ပျော်ရွှင်နေပါတယ်။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေပြေရှိသလို အရာရာ ပြောဆိုတိုင်ပင်ပြီး နေ့ရက်တိုင်းကို ပေါ့ပါးစွာဖြတ်သန်းနေတဲ့ကောင်မလေးပေါ့။ တစ်နေ့ အဆောက်အဦတစ်ခုကအထွက်မှာ သီချင်းသံစဉ်တွေကြားရလောက်ပြီး သူ့ဘဝမှာအပျော်ဆုံးအချိန်ပါလိုထင်ရတဲ့အထိဖြစ်စေတဲ့ ကောင်ချောလေးတစ်ယောက်နဲ့ ဝင်တိုက်မိပါတော့တယ်။ အဲဒီလိုကနေသိကျွမ်းပြီး သူတိုနှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့တွဲလာရင်းနှစ်နှစ်ပြည့်လုဆဲဆဲအချိန်မှာ သူ့ကောင်လေးကသူ့ကို စားသောက်ဆိုင်ကြီးတစ်ခုဆီ ချိန်းဆိုပါတော့တယ်။ သူကတော့သူ့ကို လက်ထပ်ခွင့်တောင်းတော့မှာဆိုပြီး အားလုံးကိုပြောပြပျော်ရွှင်နေတာပါ။ သူငယ်ချင်းတွေကတော့ မဟုတ်နိုင်ကြောင်းပြောလည်း သူကယုံကြည်နေဆဲပါပဲ။ အဲဒီတော့ ကောင်လေးကသူ့ကိုဘာပြောမလို ချိန်းဆိုတာလဲ ဖာတီမာရဲ့ဘဝက ရှေ့ဆက်ဘာတွေကြုံတွေ့မှာလဲ သူဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

0 2024
Girl Online
Kill Bill: Vol. 2
8

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Mystery • Thriller
8 2004 136 mins
Kill Bill: Vol. 2