YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Crazy.Handsome.Rich.S01E05.720p.CM.mp4

327.36 MB 720p video/mp4 46 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sunny
6.2

အခုတစ်ခေါက် ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama,War,Music ဇာတ်လမ်း အမျိုးအစားလေးတစ်ခုဖြစ်တဲ့ Sunnyဆိုတဲ့ ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းလေးမှာကတော့ မင်းသမီး Soo AE က Sunny အဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး၊ Hospital playlist ရဲ့ ဇာတ်ဆောင် ကြီး Jung Kyung Ho ကလည်း ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါ တယ်။ ဇာတ်လမ်းအကျဉ်း .............................. ဆွန်းရီ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က အချစ်မပါတဲ့ အိမ်ထောင် ရေးတစ်ခုကို ရရှိထားပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းသည်က သူ့ကို အသိမပေးဘဲ ဗီယက်နမ်စစ်‌မြေပြင်ကို စစ်တိုက်ဖို့ ထွက်သွားတဲ့အချိန် မှာတော့... ခင်ပွန်းသည်ကို သူမရဲ့ အချစ်တွေကိုပြသဖို့အပြင်၊ ခင်ပွန်းသည် နဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် စစ်ပွဲတွေမှာ ဖျော်ဖြေကပြတဲ့ အဖွဲ့ထဲဝင်လိုက် တော့တယ်။ သူမက ဗီယက်နမ်တိုက်ပွဲတွေကြားထဲအထိသွားပြီး သူ့ရဲ့ အချစ်တွေကို ဘယ်လို ခိုင်ခိုင်မာမာ သက်သပြသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(2.4 GB) / (1.1 GB) / (720 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 06mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Music, Romance Translator.......June Encoder..........Zin Phyo Aung

Adventure • Drama • Romance
6.2 2008 126 mins
Sunny
Deep Sea Escape
1

ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို ၂၀၂၂ ထွက် Chinese Adventure သည်းထိတ်ရင်ဖို ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ - “အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းဟာ စမ်းသပ်မှုလုပ်နေစဥ်အတွင်းမှာပဲ သူစမ်းသပ်မှု ပြုလုပ်နေတဲ့ ရေပုတ်သင်ကြီးဟာ ပြောင်းလဲမှုတွေ ဖြစ်ပွားလာခဲ့ပြီး လူတွေကို တိုက်ခိုက်လာခဲ့ပါတော့တယ် သူမဟာ ရေပုတ်သင်ကြီးရဲ့ လက်အောက်ကနေ လွတ်မြောက်လာခဲ့ပြီး တစ်ချိန်ထဲမှာပဲ သူမရဲ့ အဖေဟာ လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပါတော့တယ် အဲဒီ နောက်မှာတော့ သူမအဖေနဲ့ သူမကို တိုက်ခိုက်ခဲ့တဲ့ ရေပုတ်သင်ကြီးရဲ့ တည်နေရာကို စုံစမ်းစစ်ဆေးဖို့ သင်္ဘောတစ်စင်းနဲ့အတူ ကျွန်းပေါ်ကို ထွက်ခွာလာခဲ့ပါတယ် သူမစီးနင်းလိုက်ပါလာခဲ့တဲ့ သင်္ဘောပေါ်မှာ လူများက ကိုယ်စီ စိုးရိမ်ပူပန်မှုများနဲ့အတူ ကိုယ်စီအကျင့်စရိုက်များက ရှိလို့နေပါတယ် သင်္ဘောထွက်ခွာရာလမ်းကြောင်းမှာတော့ လုံးဝကို ပုံစံပြောင်းသွားပြီဖြစ်တဲ့ ရေပုတ်သင် မကောင်းဆိုးဝါးကြီးနဲ့ ထပ်မံဆုံတွေ့ခဲ့တဲ့ အချိန်မှာတော့ လိုက်ပါလာသူ လူတစ်ချို့ဟာ ကျွန်းပေါ်ကို ထွက်ပြေးကြပါတော့တယ် အဲဒီနောက်မှာတော့ အဏ္ဏဝါဇီဝဗေဒ သုတေသီတစ်ဦးဖြစ်တဲ့ ဇီရွှမ်းတစ်ယောက်- ❏ သူ့အဖေနဲ့ ပတ်သတ်တဲ့ သဲလွန်စတွေကို တွေ့ရှိနိုင်ပါ့မလား? ❏ ဗီဇပြောင်းလဲချင်းဆိုင်ရာ သဲလွန်စတွေကိုရော သူရှာဖွေနိုင်ပါ့မလား? ❏ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ပြီး သူတို့တွေ လွတ်မြောက်နိုင်ပါ့မလား? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
1 2022 72 mins
Deep Sea Escape
Preman
5.8

ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ သားအဖ နှစ်ယောက်လုံးအတွက် အသက်အန္တာရာယ်နဲ့ ကြုံတွေ့လာတဲ့ အခါမှာတော့ အရင်လို ဘဝမျိုး ပြန်ရောက်ဖို့ အတွက် ဘာတွေကို စတေးပြီး ပျော်ရွှင်မှုကို ရှာဖွေရမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာပဲ ခံစားကြည့်ရှုလိုက်ကြပါဦး .... အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Action, Crime, Drama Quality…. 1080p | 720p | 480p File size… 1.5GB | 665MB | 332MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... August

Comedy • Thriller
5.8 2021 92 mins
Preman
Fantastic Beasts: The Secrets of Dumbledore
6.7

IMDb Rating - 6.5/10 Fantastic Beasts ရုပ်ရှင်တွေရဲ့ ၃ ကားမြောက် ရုပ်ရှင်လာပါပြီ။ အားလုံးသိထားတဲ့အတိုင်း ဒုတိယရုပ်ရှင်မှာ ခရီးဒန့်စ်ရဲ့ ဘဝအမှန် ပေါ်လာခဲ့တယ်။ ဒန်ဘယ်ဒေါ နဲ့ ဂရင်ဒီဝေါတို့လည်း ထိပ်တိုက်ရင်ဆိုင်ရဖို့ ကြုံလာခဲ့တယ်။ နျူတို့တွေလည်း ကွင်နီကိုပါ လက်လွှတ်လိုက်ရပြီး မနည်းလွတ်အောင်ပြေးလာခဲ့ရတယ်။ ဒီအပိုင်းမှာတော့ ဒမ်ဘယ်ဒေါဟာ ဂရင်ဒီဝေါကိုတားဆီးဖို့ နျူ့ထ်တို့ ညီအစ်ကိုရယ်၊ ဂျေကော့ရယ်နဲ့ မှော်ဝင်သတ္တဝါဆန်းတွေရယ်နဲ့အတူ ဘယ်လို ကြိုးစားကြမလဲဆိုတာ ဆက်ပြီး ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဂရင်ဒီဝေါသရုပ်ဆောင်ဟောင်းဖြစ်တဲ့ ဂျွန်နီဒက်ပ် တစ်ယောက် အမ်ဘာနဲ့အမှုကြောင့် ထုတ်ပယ်ခံရပြီး သူ့နေရာမှာ မက်ဒ် မစ်ကယ်ဆန် ပြောင်းလဲပါဝင်လာပါတယ်။ ဒါပေမဲ့ မက်ဒ်နဲ့လည်း အတော်ကိုလိုက်ဖက်တဲ့အတွက် အရသာမပျက်သွားဘဲတော့ ဆက်ပြီး ကြည့်ရှုနိုင်မှာပါ။ အားပေးလိုက်ကြပါဦး.... (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size.............(2.71 GB) / (1.45 GB) / (761 MB) / (516 MB) Quality...............WEB-DL 4K / 1080p / 720p / 480p Duration............2Hr 22Mins Subtitle..............Myanmar Hardsub Format...............MKV / MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM / Nyein Saeya Aung

Drama
6.7 2022 142 mins
Fantastic Beasts: The Secrets of Dumbledore
Dongeng Mistis
6.3

ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။ အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။ အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။ အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 628MB | 324MB 178MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Comedy • Drama
6.3 2018 88 mins
Dongeng Mistis
Incantation
6.5

Incantation (2022) Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။ လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။ စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း … ဇာတ်လမ်း‌ကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို့ သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုမဲ့ Horror ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 2.9GB, 1GB & 444MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 50mins Genre : Horror Translated by Moe Lay Encoded by Kinnov

Drama
6.5 2022
Incantation
Raaz
6.6

Raaz (2002) Horror/Drama IMDb 6.6/10 (3.6K) ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ… ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ… အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်.. အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်… အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး… တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့…..

Drama • Romance
6.6 2002
Raaz
Elephant White

ဒီဇာတ်လမ်းလေးရဲ့‌နေရာကတော့ဘန်ကောက်မြို့တော်ကြီး။ အရောင်တလက်လက်နဲ့အဆောက်အဦးတွေရဲ့အောက်မှာကတော့ လူတန်းစားမျိုးစုံကရှိနေကြတယ်။ ဘန်ကောက်ရဲ့နာမည်ကြီး ညငှက်လေးတို့ရဲ့လောကကလည်းတခုအပါအ၀င်ပေါ့။ ဒီညငှက်လေးတွေရဲ့နောက်က လိင်လုပ်သားလုပ်ငန်းတွေ မူးယစ်ဆေးလုပ်ငန်းတွေ ကလေးသူငယ်လူကုန်ကူးမှုတွေဆိုတာ ခွဲခြားလို့မရနိုင်တဲ့အရာတွေပါပဲ။ ဒီလောကကြီးထဲကိုရောက်လာတာကတော့ကြေးစားလူသတ်သမား ကာတီချက်ခ်ျ။ အလုပ်ရှင်ရဲ့ငှားရမ်းချက်အရ သူ့သမီးဖြစ်သူကို ဆေးစွဲအောင်လုပ်ပြီးခိုင်းစားနေတဲ့ ဂိုဏ်းအဖွဲ့တဖွဲ့ကလူတွေကို သတ်ပေးဖို့။ ဒါပေမယ့် သူလုပ်ခဲ့တဲ့လုပ်ရပ်က ဂိုဏ်အဖွဲ့နှစ်ဖွဲ့ကြား ပြဿနာတွေကိုပိုရှုပ်လာစေခဲ့တယ်။ အရင်ကမိတ်ဆွေလည်းဖြစ် အခုဘန်ကောက်မှာ ကလပ်ဖွင့်နေတဲ့ ဂျင်မီဆိုတဲ့လူရဲ့အကူအညီနဲ့ ဒီအဖွဲ့‌တွေကိုဖြေရှင်းဖို့ကြိုးစားနေချိန်မှာသူ့ဆီဘယ်လိုလိုက်လာ မှန်းမသိတာက မေး ဆိုတဲ့ထိုင်းသူလေး။ သူရှင်းခဲ့တဲ့ နေရာကနေ ဘယ်လိုလိုက်လာမှန်းလဲမသိ ဒီလူကုန်ကူးတဲ့ပြည့်တန်ဆာဂိုဏ်းနဲ့ လည်းပတ်သက်နေပုံရတဲ့ဒီကောင်မလေးကိုပါ ကာတီတယောက် ကာကွယ်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့ကြားမှာ ပိတ်မိနေတဲ့ ကာတီတယောက် ဒီအဖွဲ့တွေကိုရောတားဆီးနိုင်ပါ့မလား။ မေးဆိုတဲ့ကောင်မလေးရဲ့ဇာတ်လမ်းကရောဘာလဲ။ သူ့ကိုငှားခဲ့တဲ့ အလုပ်ရှင်ဆိုတာရဲ့ အစစ်အမှန်ကရောဘာလဲ။ အဆုံးမှာဘာတွေ ဖြစ်သွားမလဲဆိုတာကိုရှူစားပေးကြပါဦး File size…1.64GB / 724MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

0 2011 91 mins
Elephant White
The 6th Day

ခရစ်ယာန် သမ္မာကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းမှာ ပြောထားတာတစ်ခုရှိတယ်။ လူသားတွေကို ဘုရားသခင်က သူ့ရဲ့အသွင်အပြင်အတိုင်း ဆဌမမြောက်နေ့မှာ ဖန်ဆင်းခဲ့သတဲ့။ လူသားတွေဟာ အသိပညာ အတတ်ပညာတွေမှာ တစ်ခေတ်ပြီးတစ်ခေတ် ကြောက်ခမန်းလိလိ တိုးတက်လာပြီး မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတုပခြင်းကို တတ်ကျွမ်းလာတဲ့ အနာဂတ်က အချိန်တစ်ခုမှာပေါ့။ လူသားတွေ မွေးထားတဲ့ အိမ်‌မွေးတိရစ္ဆာန်လေးတွေ အိုမင်းလို့ နေမကောင်းလို့ သေကြရတဲ့အခါ သိပ္ပံပညာရှင်တွေက သူတို့ကို ပုံကြမ်းထည်ကနေ ဆဲလ်ပွားခြင်းနည်းပညာနဲ့ မွေးမြူယူလိုက်ပြီး သေသွားတဲ့ တိလေးတွေနဲ့ ပုံစံတူအောင်လုပ်ကြတယ်။ နောက်ဆုံးအဆင့်အနေနဲ့ တိလေးတွေရဲ့ ဦးနှောက်က မျိုးရိုးဗီဇနဲ့ မှတ်ဉာဏ်ကိုကူးယူပြီး အသစ်မွေးထားတဲ့ကိုယ်ခန္ဓာထဲ ထည့်သွင်းလိုက်တော့ ကျန်းမာပြီးပြည့်စုံတဲ့ အိမ်မွေးတိကလေးကို ပြန်ရတယ်။ သူတို့က ပိုင်ရှင်သင်ထားတဲ့ အကွက်လေးတွေကို အကုန်ပြန်လုပ်တတ်ကြပြီး သူတို့မြှုပ်ထားတဲ့ အရိုးတွေကိုတောင် ပြန်ဖော်စားတတ်ပါသတဲ့။ လူတွေဟာ ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ လူသားတွေကိုပါ ပုံတူကူးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပထမဆုံးစမ်းသပ်ချက်က မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ နိုင်ငံရေးသမားတွေက လူသားပုံတူကူးခြင်းကို ဥပဒေအရ တားမြစ်ခဲ့ပြီး ကိုယ်ပွားဆိုတာရှိလာရင် ဥပဒေအရ ပိုင်ဆိုင်ခွင့်တွေ နေထိုင်ခွင့်တွေမရှိဘဲ ဖျက်ဆီးသတ်ဖြတ်တာခံကြရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူ သူဌေးကြီးတစ်ဦးနဲ့ လူသားပုံတူကူးခြင်းကို အပြည့်အဝ လုပ်ဆောင်နိုင်သူ သိပ္ပံပညာရှင်တစ်ယောက်တို့ ပူးပေါင်းပြီး ဇာတ်ရှုပ်ကြီး လုပ်လိုက်တဲ့အခါ အဒမ် ဂစ်ဘ်ဆင် (အာနိုး) နှစ်ယောက်ဖြစ်လာတဲ့အကြောင်းတွေကို ကြည့်ရှုရမယ့် Old but Gold တစ်ကားဖြစ်ပါကြောင်း။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Science Fiction, Action, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 2000
The 6th Day
Soul Kitchen
7.2

ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေအတွက် ဈေးနှုန်းသက်သာပြီး အဆင်ပြေတဲ့ Soul Kitchen လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဂျာမန်-ဂရိ စားဖိုမှုး ဇီနော့စ် ရဲ့ အချစ် အလွမ်း ဟာသ ဘဝ ဒုက္ခ တွေကို ဟာသလေးနှောပြီးရိုက်ထားတဲ့ Commedy/ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ…. ဇာတ်အိမ်လေးကတော့ Soul Kitchen စားသောက်ဆိုင်မှာ ကိုယ်တိုင်ပိုင်ရှင် ကိုယ်တိုင် စားဖိုမှုးလုပ်နေတဲ့ ဇီနော့စ် ဟာတနေ့တော့ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပကိုထွက်သွားခဲ့တယ် သူလိုက်သွားဖို့လုပ်တော့… – ဆိုင်ကိုလက်လွှဲခဲ့ဖို့အကြံထုတ်ရ…. – သူ့ဆိုင်ကို ရတဲ့နည်းနဲ့ လုဖို့ကြိုးစားနေတဲ့ ငယ်သူငယ်ချင်း လူလည်ပန်ကာ ရန်ကနေလည်းကြောက်ရ….. – တစ်ပိုင်းလွတ်ငြိမ်းချမ်းသာနဲ့ ထောင်ကနေထွက်လာတဲ့ လက်ကြောမတင်းတဲ့ သူ့အစ်ကိုလောင်းကစားသမားရန်ကိုလည်း ကြောက်ရနဲ့ လူရိုး လူမှန် ဒေါသသမား ဇီနော့စ် တစ်ယောက် ဘယ်လို ဟာသအလွဲတွေကိုလုပ်ဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.4GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:39:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

7.2 2009 99 mins
Soul Kitchen
October
8

(Blu Ray 1080p Quality Update) အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။ Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။ လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။ အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှ ပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။ သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုမာဖြစ်သွားခဲ့တာပါပဲ။ အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက် ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)

8 2018 109 mins
October
High Society
5.6

High Society (2018) (ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ) လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါ အိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ် တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး……. မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message တစ်ခုအနေနဲ့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ ဂျန်ထယ်ဂျွန်းအဖြစ် မင်းသားကြီး Park Hae-ll နဲ့ အိုဆူယွန်းအဖြစ် မင်းသမီးကြီး Soo- Ae တို့အပါအဝင် Lee Jin-Uk (Sweet Home) ၊ Park Sung- Hoon (Queen of Tears) တိုကလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်နော်။

5.6 2018 119 mins
High Society
Narc
7.1

Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့ Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။ IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်‌ဆိုင်းခံထားရတဲ့ ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကို ပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။ သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီး ဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ် လက်‌စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့ လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊ အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo

7.1 2004 105 mins
Narc
I am the Secret in Your Heart
6

ရည်းစားတွေဘယ်လောက်ပဲထားထား ငယ်ငယ်ချစ်သူကိုမေ့မရနိုင်ပဲ အတိတ်ကအမှတ်တရတွေကိုပဲပြန်မိနေတာမျိုးရှိကြလား? သွက်လက်တက်ကြွတဲ့အထက်တန်းကျောင်းသူလေး ရှောင်ရှဟာ ကျောင်းပြောင်းလာတဲ့ စာတော်တဲ့ကျောင်းသားအသစ်လေးကို မြင်မြင်ချင်းချစ်မိသွားတယ်။ ရင်ခုန်သံတွေကိုထိန်းမရတဲ့ ရှောင်ရှလေး ကျောင်းသားသစ်လေးချန်ယိရဲ့အချစ်ကိုရဖို့ အသည်းအသန်ကြိုးစားပြီး လိုက်တော့တာပေါ့။ ငယ်ငယ်ကတည်းက ရှောင်ရှနဲ့ရင်းနီးလာတဲ့ သူငယ်ချင်းလေးယို့ကျီကတော့ ဘေးမှာမသိမသာအမြဲအဖော်လုပ်ပေးနေတတ်ပြီးတော့ တစ်ခေါက်တော့ကြိုးစားဖွင့်ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ မြင်မြင်ချင်းချစ်မိတဲ့ကောင်လေးနဲ့ ငယ်သူငယ်ချင်းကြားမှာ ရှောင်ရှတစ်ယောက်ဘယ်လိုရွေးချယ်မလဲ……

6 2024
I am the Secret in Your Heart
Fateh
7.3

Fateh (2025) “အွန်လိုင်းကလူလိမ်များ သတိထား” IMDb – 7.3/10 မင်းသားကြီး ဆိုနူးဆွဒ် ဒါရိုက်တာအဖြစ် ပထမဆုံး ဖန်တီးရိုက်ကူးတဲ့ရုပ်ရှင်။ သူ့ကို မြန်မာပရိသတ်တော်တော်များများသိကြတာ Ramaiya Vastavaiya (2013)ရုပ်ရှင်မှာ ညီမဖြစ်သူကိုသိပ်ချစ်ပြီး မြင်းရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ်နဲ့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူကိုယ်တိုင်ပဲ အဓိကနေရာက ပါဝင်ထားပြီး အကြမ်းစားအက်ရှင်တွေနဲ့ ရှယ်ကြမ်းပြထားတာပါ။မင်းသမီးကလည်း ညှို့အားပြင်းလှတဲ့ ဂျာကွာလင်းဖာနန်ဒက်ပဲဖြစ်ပါတယ်။ ခေတ်မီလာတာနဲ့အလျောက် ရာဇဝတ်မှုတွေကလည်း ခေတ်မီပြောင်းလဲလာခဲ့ကြတယ်။ ဒါကိုအမီမလိုက်နိုင်တဲ့ရိုးအလွန်းသူတွေအတွက်က ငွေကြေးရော အသက်ရောဆုံးရှုံးကြရတာကို ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပေါ့။ နည်းပညာကို တီးမိခေါက်မိရှိပါတယ်ဆိုတဲ့သူတွေတောင် ခံကြရတာ ဒုနဲ့ဒေးလေ။ ဒီရုပ်ရှင်မှာလည်း ဆိုက်ဘာရာဇဝတ်ကောင်တွေက ရိုးသားတဲ့လူတွေရဲ့စိတ်ကိုအသုံးချပြီး သူတို့အကျိုးအမြတ်အတွက် ဘာကိုမှမကြည့်ဘဲ မိုက်ရိုင်းရက်စက်ယုတ်မာကြတာကို မြင်တွေ့ရမှာပါ။ ပန်ဂျပ်က ရွာလေးတစ်ရွာမှာ နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖာတေ့ဂျ်။ ကျေးလက်သဘာ၀အတိုင်းရပ်ဆွေရပ်မျိုးတွေ မိသားစုလို ချစ်ခင်စွာနေထိုင်ကြတာပေါ့။ တစ်နေ့တော့ ရွာသားတွေကို ကူညီချင်တဲ့တောသူမလေး နင်မ်ရတ်ကြောင့် တစ်ရွာလုံး အွန်လိုင်းကနေ လိမ်ညာခြင်းကိုခံလိုက်ရပါတော့တယ်။ ဒီမှာပဲ အထူးတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ခဲ့သူ ဖာတေ့ဂျ်တစ်ယောက် ငြိမ်မနေနိုင်တော့ဘဲ အွန်လိုင်းဒုစရိုက်လုပ်ငန်းကြီးကို ဖြိုဖျက်ဖို့ရာ ကြိုးပမ်းပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Animation • Family • Comedy
7.3 2025 131 mins
Fateh