YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Crazy.Beautiful.2001.1080p.AMZN.WEB-DL.(CM).mp4

2.87 GB 1080p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Eradication
6.7

Eradication (2022) ============== ကမ္ဘာတစ်ခုလုံး ဗိုင်းရပ်စ်ကပ်ရာဂါကြီးဖြစ်လာတဲ့အခါ လူဦးရေလည်း လျော့နည်းသွားပြီး လူအချင်းချင်းလည်း ထိတွေ့ခွင့်မရှိတော့ပါဘူး။ ရောဂါရဲ့သဘာဝက လူချင်း ထိတွေ့တာနဲ့ ကူးစက်မှုဖြစ်ပြီး ခဏအတွင်းသေပါတယ်။ ဒီရောဂါကို immune ( ခုခံကာကွယ်နိုင်)တဲ့လူက ဒေးဗစ် ဆ်ုတဲ့ လူတစ်ယာက်ပဲရှိပါတယ် ။ ဒေးဗစ်ကို အစိုးရအဖွဲ့က သီးသန့်လူသူကင်းတဲ့အိမ်ကြီး မှာထားပြီး နေ့စဉ်သွးဖောက်ထုတ်ခိုင်းပါတယ်။ ဒေးဗစ် ရဲ့မိန်းမ ဆမ်က ဒီစမ်းသပ်ချက်မှအလုပ်လုပ်နေတာကြောင့် ဒေးဗစ်ကလည်း ယုံယုံကြည်ကြည်နဲ့သွေးကိုပေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတာ့ သူထင်ထားသလို မဟုတ်ဘဲ အကုန်လွဲမှားနေကြာင်းသိလိုက်ရတဲ့အခါ ဒေးဗစ်တစ်ယာက် ဘာတွေရှေ့ဆက်ရင်ဆ်ုင်သွားရမ လဲကြည့်ရမှာဖြစ်ပါတယ် ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.2 GB) / (414 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM

6.7 2022 84 mins
Eradication
The Baader Meinhof Complex
7.3

၁၉၆၀ ကနေ ၁၉၇၀ကြား ဂျာမနီမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံရဲ့ အကျော်မော် အနုပညာရှင် သရုပ်ဆောင်တွေဖြစ်တဲ့ Martina Gedeck၊ Moritz Bleibtreu၊ Johanna Wokalek၊ Nadja Uhlနဲ့ Bruno Ganz တို့က ပါဝင်သရုပ်ဆောင်ထားပြီး IMDb 7.3 နဲ့ RT 85% အထိ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံက သမိုင်းဖြစ်ရပ်တွေကို ပြန်လည်ရိုက်ကူးရာမှာ အင်မတန်လက်စွမ်းထက်တဲ့ နိုင်ငံအဖြစ် နာမည်ကြီးပါတယ်။ ဆိုတော့ကား ဇာတ်လမ်းအကြောင်း မပြောခင်မှာတင် ရုပ်ရှင်ကို ကြည့်ဖို့က အခုကတည်းက စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ဟစ်တလာရဲ့ Third Reich ( တတိယ အင်ပါယာ ) ကျရှုံးပြီးနောက်မှာ ဂျာမနီနိုင်ငံက အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီဆိုပြီး ၂နိုင်ငံ ကွဲထွက်သွားပါတယ်။ အရှေ့ဂျာမနီကတော့ ဆိုဗီယက်ဝါဒ လက်အောက်မှာဖြစ်ပြီး အနောက်ဂျာမနီကတော့ အမေရိကန်ရဲ့ နယ်ချဲ့ဝါဒ လက်အောက်မှာ ကျရောက်နေပါတယ်။ ယခု ရုပ်ရှင်မှာ ပါတဲ့ အဖြစ်ပျက်က အနောက်ဂျာမနီမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေဖြစ်ပါတယ်။ အမေရိကန်တွေ ကြီးစိုးတဲ့ အနောက်ဂျာမနီက ဒီမိုကရေစီကို ကျင့်သုံးပေမယ့် ဟစ်တလာရဲ့ ဖက်ဆစ်စနစ်ယန္တရားရဲ့ လက်ကျန်လေးကတော့ အနောက်ဂျာမနီ-အနောက်ဘာလင်အစိုးရဆီမှာ ကျန်ရှိနေပါသေးတယ်။ အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဂျာမနီ ကျောင်းသားတွေ ဆန္ဒပြရာကနေ အရေးခင်းတွေ စတင်ဖြစ်ပွားတော့ပါတယ်။ ဂျာမနီအစိုးရရဲ့ ဖိနှိပ်မှုတွေ၊ အစိုးရရဲ့ ဖိနှိပ်မှုတွေကို မျက်နှာလွှဲပေးထားတဲ့ အမေရိကန်တွေ၊ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာ သတင်းစာတိုက်တွေရဲ့ မုသားတွေ အမျိုးမျိုးကို ရတဲ့ဘက်ကနေ လူပေါင်းစုံ အထူးသဖြင့် ကျောင်းသားတွေက တော်လှန်နေကြပါတယ်။ အဲဒီလို တော်လှန်နေတဲ့ လူတွေထဲမှာမှ ဂျာနယ်လစ်ဖြစ်တဲ့ အိုရီခါ မိုင်းဟဖ့်နဲ့ တော်လှန်ရေးကျောင်းသား Baaderတို့ ပူပေါင်းမိကြတဲ့အခါမှာတော့ …. Baader-Meinhof အဖွဲ့က အစိုးရကို ဘယ်လိုတိုက်ထုတ်သွားမလဲ၊ အစိုးရရဲ့ ဖက်ဆစ်ယန္တရားကို ရပ်တန့်သွားအောင် ဘယ်လိုကြိုးစားကြမလဲ … အမေရိကန်ရဲ့ နယ်ချဲ့ဝါဒနဲ့ အနောက်ဂျာမန်အစိုးရရဲ့ ဖက်ဆစ်စနစ်ကို ရဲရဲရင့်ရင့် တိုက်ခိုက်ကြပုံတွေ၊ သူတို့ရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်တွေ၊ ခိုင်မာတဲ့ ပေါ်လစီတွေ၊ တရားမျှတမှုကို လိုချင်ကြပုံတွေကို ယခု ရုပ်ရှင်ထဲမှာ အားပါတရ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Action, Biography, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win

7.3 2008
The Baader Meinhof Complex
Hereafter
6.5

Hereafter (2010) ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ… ဘာအကြောင်းကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.55GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 9Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 2010
Hereafter
Escalation
5.5

Genre – Action ခရစ္စတိုဖာဆိုတာက ရဲတွေရဲ့ လုပ်ရိုးလုပ်စဉ်ကို သဘောမကျလို့ ရဲအလုပ်ကထွက်ပြီး အားကစားခန်းမ ဖွင့်ထားကာ ဒဿနနဲ့ ကိုယ်ခံပညာ သင်ကြားပေးနေသူတစ်ယောက်။ အဖေ ဖြစ်သူက ရဲတစ်ယောက် ဖြစ်ပြီး အစ်ကိုကလည်း ရဲတစ်ယောက် ဒါပေမဲ့ အဖေ ဆုံးပါးပြီး အစ်ကိုနဲ့ စကားသိပ်မပြောဖြစ်ခဲ့ဘူးပေါ့လေ။ တစ်ရက်ကျ အဖေရဲ့ မိတ်ဆွေဖြစ်သူ ဗိုလ်တစ်ယောက်က ခရစ္စတိုဖာကို အပြင်လူအနေနဲ့ နည်းပြလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီမှာ စကားမပြောဖြစ်တဲ့ အစ်ကိုကလည်း တာဝန်ကျနေတယ်။ ဒီလိုနဲ့ ပထမရက် ပြီးတဲ့အချိန် ညရောက်တော့ အစ်ကို ဖြစ်သူက သွေးသံတရဲရဲနဲ့ ရောက်ချလာပြီး ပစ္စည်းတစ်ခုကို ပေးအပ်ရင်း သေဆုံးသွားတော့တယ်။ သူကိုယ်တိုင်လည်း စွပ်စွဲခံ သံသယရှိသူ ဖြစ်လာပြီး ထွက်ပြေးကာ သူ့အစ်ကို လူသတ်မှုအတွက် တရားမျှတမှုကို သူ့ကို ယုံကြည်တဲ့ စုံထောက်မလေးတစ်ယောက်နဲ့ ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်…။ File size…1.04 GB / 433 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

5.5 2023
Escalation
The Devil’s Own
6.2

အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ.. ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ တံငါမိသားစုလေးပေါ့.. တစ်ညမှာအိမ်ထဲကို လူတစ်ယောက်ဝင်ချလာပြီး မျက်စိရှေ့တင် အဖေဖြစ်သူကိုပစ်သတ်သွားပါတော့တယ်.. သူ့အဖေက သမ္မတစနစ်ထောက်ခံသူမလို့ပါတဲ့.. အနှစ်၂၀ကြာပြီး ၁၉၉၃မှာတော့ ဖရန်ကီ နယူးယောက်ကို ရောက်လာပါတယ်.. အသိရဲ့အကူအညီနဲ့ တွမ်(Harrison Ford)ရဲ့ မြေအောက်ခန်းထဲမှာ အလကားနေခွင့်ရခဲ့ပါတယ်.. တွမ်က ဖြောင့်မတ်ပြီးသဘောကောင်းတဲ့ ရဲအရာရှိပါ.. ဖရန်ကီကိုလည်း သားတစ်ယောက်လို သဘောထားပါတယ်.. ဒါပေမယ့် ဖရန်ကီရဲ့ သရုပ်မှန်ကို သိသွားတဲ့အချိန်မှာတော့…. ဖရန်ကီက ဘယ်သူလဲ… နယူးယောက်ကို ဘာလာလုပ်တာလဲ… ဖရန်ကီသရုပ်မှန်ကို သိသွားတဲ့တွမ်ကရော ဘာဆက်လုပ်မှာလဲ….. စိတ်ဝင်စားစရာကောင်းပြီး မင်းသားကြီး၂ယောက် အပြိုင်ကြဲထားတာမလို့ အချိန်ပေးရကျိုးနပ်မှာ အသေအချာပါပဲ File size…(1.6 GB) / (840 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

6.2 1997
The Devil’s Own
Be My Friend
5.9

CM တရုတ်ကားဖန်တို့ သတိထားမိမှာပါ တရုတ်ကားတွေက အချိန်ခရီးသွားလိုက် အမေနဲ့ပြန်ဆုံလိုက် အဖေနဲ့ပြန်ဆုံလိုက် အစုံကို ဇာတ်လမ်းမျိုးစုံရေးပြီး ရိုက်ကူးလာတာများတယ်.. ဒီနေ့မှာတော့… အမေတစ်ခု သမီးတစ်ခု ဘဝမို့ အမေကို ပိုချစ်တာတော့မဟုတ်ဘဲ… ဒီအမေကို မလိုချင်ဘူး.. ဒီအမေရဲ့သမီးဖြစ်မယ့်အစား ဒီလူ့ဘဝကြီးထဲ မရောက်လာရင်ပိုကောင်းဦးမယ်ဆိုတဲ့ လီကျင့်ပုတစ်ယောက် အမေနဲ့ စကားများကြီး အိမ်ကဆင်းသွားတဲ့အကြောင်းပေါ့… အားလုံးအပြိုင်လောကအကြောင်းသိကြမှာပါ… ဒီကားလေးကတော့ အိမ်ပေါ်ကဆင်းသွားတဲ့ လီကျင့်ပုတစ်ယောက် အပြိုင်လောကရောက်ပြီး သူ့အမေငယ်ဘဝနဲ့ ဆုံတဲ့အကြောင်းရိုက်ကူးထားတာပေါ့… လီကျင့်ပုလေးက ငယ်ငယ်တည်းက အဖေဘယ်သူဆိုတာ မမြင်ဖူးဘူးသလို နာမည်တောင် အမေမပြောပြလို့ ကွာရှင်းစာချုပ်မှာ ခိုးကြည့်ခဲ့ရသူပေါ့… တစ်ကိုယ်တော် အမေ၊ အလုပ်အတည်တကျမရှိတဲ့ အမေ၊ နေ့နေ့ညည အရက်နာကျနေတဲ့အမေကြောင့်… ငယ်ငယ်တည်းက ကျောင်းတွေခဏခဏပြောင်းပြီး သူငယ်ချင်းဆိုပြီး မူးလို့ရှူစရာတောင်မရှိခဲ့သူပေါ့… ဒါပေမယ့် သန္ဓေကောင်းလို့ စာတော်ပြီး ပညာသင်ဆုနဲ့ သူ့အမေဆီက ထွက်ပြေးမယ်လုပ်ခဲ့တဲ့အစီစဉ်ပါ ပျက်စီးသွားလို့… အိမ်ပေါ်က ဆင်းဖို့အထိဖြစ်သွားတာပေါ့… အမေငယ်ဘဝနဲ့ဆုံချိန်မှာပဲ သူ့အမေကွာရှင်းစာချုပ်ထဲက အဖေဆိုသူပါ ဆုံခဲ့ရတယ်… ဒီလိုနဲ့ပဲ လီကျင့်ပုတစ်ယောက် သူ့ရဲ့ အမေနဲ့အဖေ မေတ္တာမမျှဖို့နဲ့ သူမမွေးလာနိုင်ဖို့အတွက် မဟာစီမံကိန်းကြီး ဆောင်ရွက်တော့တာပေါ့… ကဲ လီကျင့်ပုတစ်ယောက် အောင်မြင်မှာလား… ဘယ်လို အဆုံးသတ်တွေ့ရမလဲ… ကြားထဲ ဘယ်လို လှည့်ကွက်တွေရှိနေမလဲ… လီကျင့်ပု တစ်ယောက်မသိတဲ့ ဘာအကြောင်းတွေရှိနေဦးမလဲ…. ဇာတ်လမ်းလေးက ဖြေပေးသွားပါလိမ့်မယ်.

5.9 2024
Be My Friend
Haunted Universities 3
6.1

Haunted Universities 3 (2024) IMDb Rating (6.1) Haunted Universities 1 နဲ့ 2 ထွက်အပြီး အခုဆိုရင် နံပါတ်3ကားထပ်မံထွက်ရှိလို့လာပါပြီ။ ဒီဇာတ်လမ်းရဲ့ ထုံးစံအတိုင်းပါပဲ တက္ကသိုလ်တွေတိုင်းမှာ ရှိတတ်တဲ့ ကြောက်မက်ဖွယ်ရာ သရဲဇာတ်လမ်းတွေထဲကနေ ကောင်းနိုးရာရာ ဇာတ်လမ်း၃ခုကို ရွေးချယ်ပြီးတော့ တင်ဆက်ပေးထားပါတယ်။ *ပထမဇာတ်လမ်းအနေနဲ့ ပညာသင်ဆုတစ်ဆုပဲပေးမယ့်ဟာကို လူက နှစ်ယောက်ဖြစ်နေတော့ သူငယ်ချင်းနှစ်ယောက် အတွဲတွေအတွက် ဆုတောင်းပြည့်တယ်ဆိုတဲ့ နေရာကို သွားဆုတောင်းရင်း ဘယ်လိုဂြိုဟ်ဆိုးတွေ ဝင်လာမလဲ …* **ဒုတိယဇာတ်လမ်းအနေနဲ့ကတော့ ကျောင်းမှာ လူသစ်တွေအတွက် စောင့်ရှောက်သူဆိုပြီး လူဟောင်းတွေကို ပြန်လုပ်ခိုင်းရာကနေ ကျောင်းမှာ လူသစ်တွေကို အနိုင်ကျင့်လွန်ပြီးတော့ သူ့ကိုသူ အပြစ်လွတ်အောင် သတ်သေသွားတဲ့ စီနီယာကြီးရဲ့ ဝိညာဉ်နဲ့ ဘယ်လိုတွေ စခန်းသွားကြမလဲ …** ***နောက်ဆုံးတစ်ပုဒ်အနေနဲ့ကတော့ မမြင်နိုင်တဲ့နတ်ကွန်းလို့ နာမည်ပေးထားခံရတဲ့ နတ်ကွန်းတစ်ခု၊ အဲဒီနတ်ကွန်းဆီကနေ ပန်းကုံးကို ယူလိုက်မိရာကနေ ဘယ်လိုတွေ ပြဿနာတက်ကြမလဲ …*** အစရှိတဲ့ ဇာတ်လမ်း ၃ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou, Mary Christ ဖြစ်ပါတယ်။) File size…(2.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….02:00:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou, Mary Christ

Drama
6.1 2024
Haunted Universities 3
Chatrapathi
7.6

Chatrapati 2005 (ချတ်တရာပါတီ) ယခုတစ်ခါမှာတော့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ မင်းသား Prabhasနဲ့ Drishyam(လေးတန်းအောင်)ဇာတ်ကားထဲက ဇနီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Shriya Saranတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ရှီဗာဆိုတဲ့ကောင်လေးဟာ အမေရယ် သူ့ညီလေးရယ်နဲ့ သီရိလင်္ကာကမ်းခြေက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့သူပေါ့။ သူတို့ရွာလေးကို နယ်ခံတွေက သိမ်းပိုက်ချင်နေတာကြောင့် ခဏခဏ လာရောက်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ရွာလေးပါ။ ရှီဗာရဲ့ညီဖြစ်သူ အာရှုတ်ခ်ကလည်း ရှီဗာက သူ့အမေရဲ့ သားအရင်းမဟုတ်ဘဲ သူ့အမေယူလိုက်တဲ့ သူ့ပထွေးကပါလာတဲ့သားဖြစ်တာကြောင့် သူ့အမေက ရှီဗာကို ချစ်နေတဲ့အပေါ် မနာလိုအူတူနေတဲ့ကလေးလေးပါ။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ရွာလေးကို နယ်ခံတွေက လာရောက်သိမ်းပိုက်ခံလိုက်ရပြီး အကုန်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတဲ့အချိန် ရှီဗာနဲ့ သူ့အမေရယ် သူ့ညီလေးရယ်နဲ့ လူစုကွဲသွားခဲ့ပါတော့တယ်။ ရှီဗာပါသွားတဲ့လှေထဲကလူတွေဟာ အိန္ဒိယဘက်ကိုရောက်လာပြီးတော့ ဘာဂျီရောင်ဝ်အုပ်ချုပ်တဲ့ တရားမဝင်လုပ်ငန်းလုပ်တဲ့နေရာတစ်ခုမှာ မတရားအလုပ်လုပ်ခိုင်းခြင်းကို ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန်မှာတော့ ရှီဗာဟာ ကျန်းမာသန်စွမ်းပြီးတော့ စွမ်းရည်အပြည့်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ရှီဗာတစ်ယောက် လူတွေကို ကူညီကယ်တင်ပေးရင်းနဲ့ ငယ်ငယ်က ကွဲကွာသွားတဲ့ သူ့အမေနဲ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့ …… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Horror • Crime • Thriller • Drama • Fantasy
7.6 2003 158 mins
Chatrapathi
Virgin Bhanupriya
5.5

Virgin Bhanupriya (2020) ************************* ဘာနူးပရီယာဆိုတဲ့မိန်းကလေးဟာ အပျိုတစ်ယောက်ဖြစ်ပြီး သူဟာအပျိုစင် ဘဝကို ဆုံးရှုံးချင်စိတ် စမ်းသပ်ချင်စိတ်ဖြစ်နေတယ်…. သူ့သူငယ်ချင်းတစ်ယောက်ကလည်း ဒီဖြစ်စဉ်ကြီး အောင်မြင်စေဖို့ နင်းကန်ကူညီပါတယ်… သို့ပါသော်လည်း ပိုးသာကုန်မောင်ပုံစောင်းမတတ်ဆိုသလို လွဲပြီးရင်လွဲနေလေရဲ့… တစ်နေ့မှာအူကြောင်ကြောင်ကောင်လေးတစ်ယောက်ကိုစာကြည့်တိုက်မှာချိန်းတွေ့ဖို့ လုပ်ရာကနေ ပြဿနာမျိုးစုံတက်ပါတော့တယ်… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး… ဘာသာပြန်သူကတော့ Thaik San ပဲဖစ်ပါတယ်။ File Size : 2.24GB/ 990MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:51:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Tiff

5.5 2020
Virgin Bhanupriya
Ready to Rumble

Ready to Rumble ဆိုတဲ့ “လုံးသတ်ဖို့အသင့်ပဲ” လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ…… File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

0 2000
Ready to Rumble
The Lines That Define Me
6.6

The Lines That Define Me (2022) ******************************** IMDb….. 6.6 ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိတဲ့ Drama အမျိုးအစား The Lines That Define Me ဆိုတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ အနုပညာအမျိုးအစားထဲမှာမှ ပန်းချီပညာဟာ လူတွေနဲ့စိတ်နှလုံးကို နှစ်သိမ့်ကြည်နူးစေတဲ့ ရသမျိုးပေးစွမ်းနိုင်တာကို ဒီဇာတ်ကားလေးမှာ ခံစားကြရမှာဖြစ်ပါတယ်။ Drama ဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ဖွဲ့တည်ဖန်တီးတင်ပြပုံကောင်းတဲ့ဇာတ်ကားလည်း ဖြစ်တာကြောင့် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ -ဇာတ်လမ်းအကျဉ်း- အာအိုယာမ ဆိုဆုခဲ ဆိုတဲ့ ဥပဒေကျောင်းသားလေးဟာ သူငယ်ချင်းဖြစ်သူ ခိုမေးရဲ့ တောင်းဆိုချက်ကြောင့် ဂျပန်ရိုးရာပန်းချီပညာရှင် ခိုဇန် ရှီနိုဒါ ရဲ့ ကိုယ်တိုင်ရေးဆွဲတင်ဆက်တဲ့ ပန်းချီပြပွဲမှာ သွားကူညီပေးခဲ့ပါတယ်။ ပန်းပုံပန်းချီမြင်ချိန်မှာ ခံစားချက်များ ပေါက်ကွဲသွားတဲ့ ဆိုဆုခဲကို မြင်သွားတဲ့ ဆရာခိုဇန်ဟာ ဆုခဲကို သူ့တပည့်ခံဖို့ရာ ကမ်းလှမ်းခဲ့ရာကနေ ဂျပန်ရိုးရာပန်းချီနဲ့ပတ်သက်ပြီး သေချာမသိတဲ့ ဆိုဆုခဲတစ်ယောက် ဆရာခိုဇန်ဆီမှာ ဂျပန်ရိုးရာပန်းချီကို လေ့လာဖြစ်သွားပါတော့တယ်။ ဂျပန်ရိုးရာပန်းချီပညာကို ဆရာခိုဇန်က ဆိုဆုခဲကို ဘယ်လိုတွေ သင်ကြားပေးမှာလဲ… ပန်းချီထဲက လေ့လာရသမျှက ဆိုဆုခဲရဲ့စိတ်ဒဏ်ရာ ဘဝအတွေးအမြင်ကို ဘယ်လိုတွေ ပြောင်းလဲပေးနိုင်မှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ DaoPhyo ပဲ ဖြစ်ပါတယ်။) File Size : 1.29GB/ 650MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:47:00 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by Tiff

6.6 2022 107 mins
The Lines That Define Me
The Diplomat
7.4

The Diplomat 2024 သံအမတ်တစ်ယောက်ရဲ့ဘဝခရီး IMDb – 7.4/10 မင်းသားကြီး John Abraham ရဲ့ positive reviewတွေပိုင်ဆိုင်ထားတဲ့ The Diplomat ဆိုတဲ့ ဇာတ်ကားလေး ထွက်ထွက်လာချင်းမှာပဲ CM Bollywood ပရိသတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီဗျ။ ဒီဇာတ်ကားလေးကတော့ မျိုးဆက်ပေါင်းများစွာ အာဃာတတွေထားပြီး အမြဲအင်အားချင်းပြိုင်နေတဲ့ နိုင်ငံနှစ်နိုင်ငံကြားက သံအမတ်တစ်ယောက်ရဲ့ဘဝကို ပုံဖော်ထားတာဖြစ်ပြီး ပါကစ္စတန်ကို ဖျားယောင်းခေါ်ဆောင်သွားခံရတဲ့ အိန္ဒိယနိုင်ငံသူလေးကို အိန္ဒိယကို ပြန်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့တဲ့ အိန္ဒိယသံအမတ်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံထားတာဖြစ်ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်လို့ပြောလိုက်ရင် နိုင်ငံချင်းကပ်ရပ်ဖြစ်နေပေမဲ့ ၃ နဲ့ ၄ လိုမျက်နှာချင်းမဆိုင်ကြတာ အားလုံးအသိပါပဲ။ ဒီတော့ ပါကစ္စတန်နိုင်ငံထဲက အိန္ဒိယသံရုံးက သံအမတ်တစ်ယောက်အတွက်တော့ အရာရာဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့ဘဝပါ။ ဒီလိုနဲ့တစ်နေ့ သံရုံးထဲကို အုဇ်မာဆိုတဲ့အမျိုးသမီးတစ်ယောက် ရုတ်တရက်ပြေးဝင်လာပြီး ကူညီဖို့ ငိုယိုအကူအညီတောင်းခံပါတော့တယ်။ ပါကစ္စတန်မှာ ဒါမျိုးတွေကြုံနေကြအပြင် စာရွက်စာတမ်းနဲ့တူတာ အိန္ဒိယပတ်စပို့ပဲရှိနေပါသတဲ့။ ဖြစ်နိုင်ခြေနည်းတဲ့ သူ့ရဲ့ထွက်ဆိုချက်တွေကြောင့် သူ့ကို ဘယ်သူမှမယုံကြပေမဲ့ စစ်ဆေးကြည့်တဲ့အခါ ဖျားယောင်းခံရ လိမ်ညာလက်ထပ်ခံရ လိင်အကြမ်းဖက်ခံရတဲ့ သနားစရာမိန်းကလေးမှန်းသိသွားတဲ့နောက် သံအမတ်ကြီးဂျေပီဆင်းဂ်က သူ့ကိုကူညီဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့… နိုင်ငံနှစ်နိုင်ငံကြား သံတမန်ရေးရာကိစ္စတွေ ပဋိပက္ခတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝ မိသားစုရေးရာတွေကြား အုဇ်မာကို သူဘယ်လိုကယ်ထုတ်မလဲဆိုတာ လှလှပပ ပုံဖော်ထားတဲ့ Political drama ‌ကောင်းတစ်ကားကို အခုပဲ CMနဲ့အတူ ရှုစားလိုက်ကြပါဦးစို့။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ Cym ~ ToMo ~ Star ~ Zweတို့ပဲဖြစ်ပါတယ်)

Comedy
7.4 2024 132 mins
The Diplomat
Kingston

Kingston (2025) (ပင်လယ်ဘုရင်) သိုရ်ဗာသူရ်ရွာလေးဟာ ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပင်လယ်ဘေးက ရွာလေးတစ်ရွာပေါ့။ တံငါရွာဖြစ်တဲ့အတိုင်းပဲ ဒီရွာလေးက ရွာသားတွေဟာ ငါးဖမ်းတာကိုပဲ ကျွမ်းကျင်ပြီး တခြားအလုပ်ဆိုလို့ မလုပ်တတ်ကြပါဘူး။ တစ်ရက်ကျတော့ ဒီရွာလေးမှာ ကံကြမ္မာဆိုးကြီး ဝင်လာပါတော့တယ်။ အဲဒီ ကံကြမ္မာဆိုးကြီးကတော့ အရမ်းကို ရက်စက်တဲ့ဝိညာဉ်ဟာ ဒီမြေပေါ်မှာ သူ့ခန္ဓာတည်သရွေ့ ဒီရွာသားတွေ ပင်လယ်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်လို့မရအောင် ကျိန်စာတိုက်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ငါးဖမ်းခြင်းလုပ်ငန်းကို အားပြုပြီး စီးပွားရှာကြတဲ့ ဒီရွာလေးမှာ ပင်လယ်ကို ထွက်လိုက်တာနဲ့ အဲဒီလူက ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်ခဲ့ရာက ပြည်တွင်းရေးဝန်ကြီးမှ ဒီရွာကို ငါးဖမ်းမစားရဘူးဆိုတဲ့အမိန့်နဲ့ ပင်လယ်ကို ချိတ်ပိတ်လိုက်ပါတော့တယ်။ ဒီလိုအဖြစ်ဆိုးနဲ့ ကျိန်စာတိုက်ခံလိုက်ရတဲ့အချိန်မှာ ပင်လယ်ထဲရောက်နှင့်နေပြီးသား သူတွေလည်း ဒီရွာကို ပြန်မလာနိုင်ခဲ့ပါဘူး။ အဲဒီသူတွေအထဲမှာ ချာလီဆိုတဲ့သူလည်း ပါဝင်ပါတယ်။ ချာလီ့မှာ သားလေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ ကင်းလို့ခေါ်ပါတယ်။ ကင်းဟာ ဖခင် ပင်လယ်ထွက်သွားရာက ပြန်မလာနိုင်ပေမဲ့ သေသွားတယ်လို့ လက်မခံဘဲ တစ်နေ့တော့ ဖခင်ဖြစ်သူကို ပြန်ခေါ်နိုင်ဖို့ ပင်လယ်ထဲကို ထွက်မယ်ဆိုပြီး လုပ်ထားသူပါ။ ဒီလိုနဲ့ ကင်းတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ တစ်ရွာလုံး တားမြစ်ခံထားရတဲ့ ပင်လယ်ထဲကို ထွက်နိုင်မှာလား ……… သူတို့ရွာရဲ့ ကျိန်စာဆိုးကြီးကိုရော ချေဖျက်ပေးလိုက်နိုင်မှာလား …… ဆိုတာကို ဆက်လက်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Action • Drama • History • War
0 2025 139 mins
Kingston
Bank Attack
6.5

Bank Attack (2007) ********************* IMDb – 6.5 ဒီကားလေးမှာတော့ မင်းသမီး Kim Yoo jung ရဲ့ ငယ်ဘဝပုံရိပ်လေးများကို မြင်တွေ့ရမှာဖြစ်ပြီး တခြားသော ဝါရင့်မင်းသားကြီးများရဲ့ သရုပ်ဆောင်ချက်များကို ရူစားကြရမဲ့ ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူးနော်။ ဇာတ်လမ်းအညွှန်း *************** ဘဲ့ဂီယိုနဲ့ ဘဲ့ယွန်းဟီးတို့ဟာ အဖေတစ်ခု သမီးတစ်ခုဘဝဖြင့် နေထိုင်နေကြတာဖြစ်ပြီး သေရာပါရောဂါဖြစ်နေတဲ့ ၉နှစ်သမီးလေးရဲ့ ခွဲစိတ်စရိတ်ကြောင့် အခက်တွေ့နေပါတော့တယ်။ ရိုးသားဖြောင့်မတ်တဲ့ ဘဲ့ဂီယိုတစ်ယောက် သမီးဇောဖြင့် ကြံရာမရဖြစ်ကာ ဘဏ်ဓားပြသွားတိုက်ရာမှ တစ်နေ့တည်းမှာပဲ ရောက်လာတဲ့ တကယ့်ဓားပြအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ထိုဘဏ်ဓားပြတိုက်စဥ်အတွင်းမှာပဲ ကြုံတွေ့ရမဲ့ ပြဿနာများစွာကိုဟာသလေးနှောကာဖြင့် အနိမ့်အမြင့်အတက်အကျများစွာနဲ့ ရသပေါင်းစုံကို ခံစားရမှာဖြစ်လို့ ကြည့်ရှုဖို့ရာ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်) File Size – 2.93 GB/ 1.21 GB Quality – WEB-DL 1080p/ 720p Duration – 1h 55m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Khin Ni Encoded by – Treasure Htet

Drama • Romance
6.5 2007 111 mins
Bank Attack
Mukadderat
6.8

Mukadderat (2024) / Fate (2024) ******************************** ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ တူရကီနိုင်ငံက ရိုက်ကူးတဲ့ Mukadderat ဆိုတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်။ အိမ်ရှင်မအဖြစ် သမရိုးကျ နေလာတဲ့ ဆုလ်တန်ရဲ့ ဘဝက ယောက်ျားဖြစ်သူ ဆုံးပါးပြီး အသက် ၆၅ နှစ်မှ ဘဝအချိုးအကွေ့ဖြစ်ခဲ့ရပုံကို ရိုက်ကူးတင်ဆင်ပြထားပါတယ်။ ဒီဇာတ်ကားလေးက အမျိုးသမီးများ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ့်အစွမ်းအစလက္ခဏာနဲ့ အမျိုးသမီးအခန်းက္ဍကို ပေါ်လွင်စေတဲ့ ဇာတ်ကားကောင်းဖြစ်တဲ့အတွက်ကြည့်ရှုသူပရိသတ်များ စိတ်ခွန်အားရစေမယ့် ဇာတ်ကားဖြစ်မှာအသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်း ************** အိမ်ထောင်သည် သားနဲ့ သမီး ရှိတဲ့ သာမန် အိမ်ရှင်မ ဆုလ်တန် ဆိုသူဟာ .. နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုရင်းနေလာခဲ့ပါတယ်။ ၂ နှစ်အကြာမှာ ခင်ပွန်းသည်က ကွယ်လွန်အနိစ္စရောက်သွားခဲ့ရာ သား သမီး မြေးတွေပါနာရေးကို လာရောက်လုပ်ကိုင်ပေးခဲ့ကြပါတယ်။ ခင်ပွန်းသည် သေဆုံးပြီး ၂ ရက်အကြာမှာ ဆုလ်တန်က ယောက်ျားယူချင်ကြောင်း၊ အထီးကျန်ပြီး တစ်ယောက်တည်း မသေသွားလိုကြောင်းပြောပြီး ကိုယ်တိုင်ကလည်း ငယ်စဉ်က သူ့ကိုချစ်ခဲ့သူ မုဆိုးဖို ရူစ်တမ်ဆီကို သွားပြီး သူနဲ့လက်ထပ်ချင်လား မေးခဲ့ရာ အငြင်းခံလိုက်ရပါတယ်။ ဒီအချိန်မှာ ကွယ်လွန်သူ ခင်ပွန်းရဲ့ သေတမ်းစာအတွက် သားနဲ့သမီးက ရှေ့နေဆီမှာ သွားဖတ်ကြတဲ့အခါ ဆုလ်တန်ကို နောက်‌အိမ်ထောင်ပြုရင် အမွေမပေးလိုကြောင်း သိသွားခဲ့ပါတယ်။ အမွေပေးတာ မမျှတတဲ့အတွက် စကားများနေတဲ့ သားနဲ့သမီး၊ ရူစ်တမ်ဆီက အငြင်းခံလိုက်ရတဲ့အပြင် သေသွားတဲ့ခင်ပွန်းဖြစ်သူကပါ သူ့ကို အမွေမပေးလိုတဲ့အတွက် သူ့အပေါ် မတရားလုပ်သလို ခံစားလာရတဲ့ ဆုလ်တန် သူ့ဘဝ ကျန်နေသေးတဲ့ နေ့ရက်များစွာအတွက် ဘယ်လိုတွေ စီမံလုပ်ဆောင်သွားမလဲဆိုတာ ရှုစားကြည့်လိုက်ကြရအောင်ပါ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.63GB / 715MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Family, Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Drama • History • War
6.8 2014 90 mins
Mukadderat