YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Copy of The.Heirs.EP04.mp4

317.7 MB N/A video/mp4 529 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Legend of Tarzan
5.9

ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ  လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့  အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး  ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့  စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။  အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း……. ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ IMDb Rating (6.3) ရရှိထားပါတယ်..ခံစားအားပေးကြပါဦး။ File size…(4.8 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:49:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Little Neo

Action • Science Fiction
5.9 2016 109 mins
The Legend of Tarzan
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
No Exit
6.9

Hulu ကနေ အသစ်ထုတ်လွှင့်လိုက်တဲ့ Thriller ကားကောင်းတစ်ကားပါ။ ၂၀၁၇ တုန်းက နာမည်ကြီးခဲ့တဲ့ No Exit ဆိုတဲ့ စာအုပ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်လိုက်ကတော့ ဒါဘီဆိုတဲ့ကောင်မလေးပေါ့။ သူက ဆေးစွဲနေလို့ ဆေးဖြတ်စခန်းမှာ ဆေးဖြတ်နေရတာပါ။ ဒါပေမဲ့ သူ့အမေ ဆေးရုံမှာအသည်းအသန်ဖြစ်တဲ့အခါ ဆေးဖြတ်စခန်းကနေ ထွက်ပြေးပြီး သူ့အမေဆီကို သွားပါတယ်။ လမ်းမှာ နှင်းမုန်တိုင်းကျလာလို့ ဂေဟာတစ်ခုမှာ ဝင်နားလိုက်ရတယ်။ ဂေဟာထဲမှာက လူစိမ်း ၄ ယောက် ရှိနှင့်ပြီးသား ဖြစ်နေပါပြီ။ အဲဒီလူစိမ်းတွေကလည်း လျို့ဝှက်ချက်ကိုယ်စီရှိနေတယ်။ ဖုန်းလိုင်းတွေလည်းမမိတော့ဘဲ တစ်ခုခုဖြစ်ရင် ကူညီမယ့်သူလည်း မရှိတဲ့အခြေအနေပဲ။ အဲဒီအချိန်မှာပဲ ဂေဟာရဲ့အပြင်နှင်းတောကြီးထဲက ကားတစ်စီးထဲမှာ ကောင်မလေးတစ်ယောက်ကို ကြိုးချည်ပြီး ဖမ်းထားတာကို တွေ့သွားတဲ့အခါ.... File size…(1.3 GB)/(500 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Action • Adventure • Fantasy
6.9 2022 96 mins
No Exit
Artemis Fowl
5.6

ဒစ်စနေးရဲ့ ရုပ်ရှင်အသစ်ကို တင်ပေးထားပါတယ်။ ဒါကလည်း fantasy အမျိုးအစားပါပဲ။ အာတီမစ် ဖောင်း ဆိုတဲ့ နာမည်နဲ့ သားအဖေ နှစ်ယောက် ရှိပါတယ်။ အဖေက ရှေးဟောင်း ပစ္စည်းတွေ ရောင်းဝယ်တဲ့သူ။ သားကတော့ ဉာဏ်ကြီးရှင်ပါ။ တစ်နေ့မှာ အာတီမစ်စီနီယာ အဖမ်းခံလိုက်ရပြီး အာတီမစ်ဂျူနီယာဆီကို ဖုန်းဆက်လာပါတယ်။ အဖေကို ပြန်ကယ်ချင်ရင် အောကျူလို့ ဆိုတဲ့ ပစ္စည်းနဲ့ လာရွေးခိုင်းတာပါ။ တကယ်တော့ အောကျူလို့ဆိုတာ နတ်မှင်စာ တွေ၊ လူပုတွေ၊ ဂေါ်ဘလင်တွေရဲ့ ကမ္ဘာက အစွမ်းအထက်ဆုံးလက်နက်ပါပဲ။ ဒီတော့မှ အာတီမစ် ဂျူနီယာဟာ သူ့အဖေပြောခဲ့တဲ့ ပုံပြင်တွေဟာ တကယ်ဆိုတာ သိလာပြီး။ နတ်မှင်စာလက်နက် ကို ရှာဖို့ ကြံစည်ရပါတော့တယ်။ နတ်မှင်စာတွေကလည်း ဒီလက်နက် အခိုးခံထားရပြီး အသည်း အသန် ရှာဖွေရေးလုပ်နေချိန်မှာ တိုက်ပွဲတွေဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p  WebRip Duration - 1 hr 35 min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Fantasy, Family Source : 1080p.WebRip Translator – Littleneo Encoder – San Win Maung

Drama • Mystery
5.6 2020 94 mins
Artemis Fowl
Logan Lucky
6.7

အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ မှာ အသစ်စက်စက် ထွက်လာတဲ့ Logan Lucky ဆိုတဲ့ဟာသဆန်ဆန် ဇာတ်ကားကောင်းလေးပါ။ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ညီအစ်ကိုတွေကြားကသံယာဇဉ်လေးတွေကိုမိသားစုစိတ်ဓာတ်လေးတွေကိုရိုက်ပြသွားတာပါ။ ဒီထဲမှာတော့ ဂျင်မီလိုဂန်နဲ့ စလိုက်လိုဂန်တို့ ညီအစ်ကို ၂ ယောက်အဖြစ် Channing Tatum နဲ့ Adam Driver တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အစ်ကိုဖြစ်သူဂျင်မီက ခြေဆာနေပြီး ညီဖြစ်သူ စလိုက်ကတော့ လက်ပြတ်နေသူပါ သူတို့ဟာ မွေးရာပါမဟုတ်ဘဲ လိုဂန်မိသားစုရဲ့ကံဆိုးခြင်းကျိန်စာကြောင့် ဖြစ်ရတယ်လို့ ထင်နေတာပါ တစ်နေ့တော့ ဂျင်မီအလုပ်ပြုတ်သွားတဲ့အခါ သူက ဓားပြတိုက်ဖို့ အစီအစဉ်တွေ ဆွဲပြီး သူ့ညီကို ပါအောင်ဆွဲဆောင်ပါတော့တယ် သူတို့ ၂ ဦးသဘောတူသွားချိန်မှာတော့ ဘဏ်မီးခံသေတ္တာကို ဖောက်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တဲ့ ဂျိုးဘန်းကို လိုအပ်လာပါတယ် ဂျိုးဘန်းနေရာမှာတော့ ဂျိန်းစဘွန်းမင်းသားကြီး Daniel Craig ကသရုပ်ဆောင်ပေးထားတာပါ။ ဒီနေရာမှာဂျိန်းစ်ဘွန်းမင်းသားဟောင်းကြီးရဲ့သရုပ်ဆောင်ဟန်တွေကိုပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ကျရာဇာတ်ကိုသရုပ်ဆောင်ထားပုံကကြည့်ရသူကိုအားရကျေနပ်စေမှာပါ။ ထောင်ကျနေပေမယ့်သူ့ရဲ့geniusအတွေးအခေါ်တွေသိပ္ပံပညာတွေသုံးပြီး ထောင်ကျနေချိန်ဖြစ်နေတာတောင် သူတို့ ဘယ်လိုအစီအစဉ်တွေ ချပြီး ဓားပြတိုက်မလဲ ဆိုတာတော့တကယ်စိတ်ဝင်စားဖွယ်နဲ့ဟာသလေးနှောပဲရိုက်ကူးထားတာလေးတွေကို ကြည့်ရှုကြပါဦး IMDb rating 7.3 ထိရထားတာဆိုတော့Action/Comedyကားအကောင်းစားဆိုတာကတော့လုံးဝသေချာတာမို့ဂျိန်းစဘွန်းမင်းသားကြီးကိုအားပေးရင်း လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်းပြောပါရစေဗျာ။ (ဘာသာပြန်သူတွေကတော့ သူရသရဖီပါ) File Size : (950 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Comedy, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Tharaphi Encoded by Thanhtike Zaw

Drama • Romance • Thriller
6.7 2017 118 mins
Logan Lucky
Guermantes
5.6

Guermantes (2021) =============== စကားပြောဖော်မရှိလို့ တစ်ယောက်တည်း ပျင်းနေရပါတယ်ဆိုတဲ့ သူတွေအတွက် ပျင်းချိန်မရှိလိုက်အောင်ကို ပေါက်ပေါက်ဖောက်ပေးမယ့် ဟာသဇာတ်ကားလေးလာပါပြီ။ အရင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားပြီးမှ ကြည့်ပါ။ မဟုတ်ရင် ဟာသကားကြည့်ရင်း ထစိတ်တိုရတဲ့အဖြစ်တွေ ပေါ်လာနိုင်ပါတယ်။ ဤကားအရိုးရှင်းဆုံး အညွှန်းဖြစ်၏။ ကဲ ဇာတ်လမ်းအကြောင်းလေး ဆက်ရရင်ဖြင့် ဒီကားက ပြင်သစ်ဟာသ ကားလေးပါ။ ကော်မီဒီ-ဖရန်စီ လို့ခေါ်တဲ့ ပြဇာတ်အဖွဲ့တစ်ဖွဲ့ဟာ ရှိုးပွဲအတွက် ရီဟာဇယ်လေ့ကျင့်နေကြရင်း ရုတ်တရက် ရှိုးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခံလိုက်ရပါတယ်။ အဲဒီမှာပဲ ရှိုးကနေ နှုတ်ထွက်မယ့်သူတွေ၊ ဘာလုပ် ရမလဲမသိ လမ်းပျောက်ကုန်တဲ့သူတွေ နဲ့ ဆက်လေ့ကျင့်ချင်တဲ့သူတွေဆိုပြီး အဖွဲ့တွေကွဲကုန်တာပေါ့။ ရှိုးရဲ့ဒါရိုက်တာကတော့ ရီဟာဇယ်ကိုဆက်လေ့ကျင့်စေချင်ပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပဲ ပြောရာကနေ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် ကြမယ့် ဇာတ်လမ်းစတင်လာပါတော့တယ်။ Plot twist တွေမပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ ရယ်ရမယ့်ကားလေးဖြစ်တာမို့ အပန်းပြေ ကြည့်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ သရုပ်ဆောင် ဆယ့်ခြောက်ယောက်တိတိကနေ သင့်ကို မနားတမ်း အဖော်ပြုပေးပါ လိမ့်မယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Crime • Drama
5.6 2021
Guermantes
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
Baby Mama
6

ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးနဲ့ chillရင်းကြည့်လို့ရမယ့် comedyကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းမှာ ကိတ်အဖြစ် သရုပ်ဆောင်ထားတဲ့ Tina Feyကိုတော့ Mean Girlsဇာတ်ကားကနေတစ်ဆင့် လူသိများကြမယ်ထင်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ ကိတ်ဟိုးလ်ဘရွတ်ခ်ဟာ သူ့ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ ဇီဇာကြောင် အပျိုကြီးတစ်ယောက်ပါ။ အသက် ၃၇နစ်ဖြစ်လာပြီးနောက်ပိုင်းမှာတော့ ကိတ်တစ်ယောက် ကလေးလိုချင်တဲ့ ရောဂါထပါတော့တယ်။ ဒါပေမယ့် ကိတ်မှာ ရည်းစားလည်းမရှိသလို ကံမကောင်းစွာနဲ့ သူ့ရဲ့ သားဥတွေကပါ မျိုးမအောင်နိုင်တဲ့ ပြဿနာဖြစ်နေတာကို သိရှိလိုက်ရပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့အဆုံး ကိတ်တစ်ယောက် အငှားကိုယ်ဝန်ဆောင်စနစ်ကိုသုံးပြီး ကလေးယူဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကနေတစ်ဆင့် ရရှိခဲ့တဲ့ အငှားအမေကတော့ ပြာကလူးဆန် ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အန်ဂျီပါ။ အန်ဂျီရဲ့ဗိုက်ထဲကို ကိုယ်ဝန်ထည့်သွင်းမှုအောင်မြင်တယ်လို့ သိလိုက်ရတဲ့အခါမှာတော့ ကိတ်တစ်ယောက် ကလေးအတွက် စိတ်တိုင်းကျပြင်ဆင်ပါတော့တယ်။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်လာတာကတော့ ကိတ်နဲ့ အန်ဂျီတို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေဟာ ပြောင်းပြန်ဖြစ်နေတာပါပဲ။ ဒီလိုနဲ့ အရာရာကို စိတ်တိုင်းကျထိန်းချုပ်ချင်တဲ့ ကိတ်ဟာ မိန်းမဆိုးလေး အန်ဂျီကို ထိန်းကျောင်းဖို့ အခက်တွေ့လာပါတော့တယ်။ ဒါကြောင့် ဒီကိုယ်ဝန်ဆောင်ကာလကို ကိတ်နဲ့ အန်ဂျီတို့ ဘယ်လိုအလွဲအမှားတွေ အရွဲ့အစောင်းတွေလုပ်ကြရင်းနဲ့ ဖြတ်သန်းကြမလဲဆိုတာကို ရယ်မောပျော်ရွှင်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဗျာ။ File size… 1.9 GB / 934 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Romance, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

6 2008
Baby Mama
In The Shadows

ဟာလန်ဟက်ချာဆိုတဲ့ ကလေးလေးက မိသားစုပြဿနာတွေအကြားကနေ စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ဆယ်နှစ်သားကလေးလေး။ တစ်နေ့မှာ အဖေနဲ့အမေ ရန်ဖြစ်နေတုန်းမှာ စိတ်ကိုမထိန်းနိုင်တော့ဘဲ အမေဖြစ်သူကို ဓားနဲ့၀င်ထိုးပြီးသတ်လိုက်တယ်။ တရားခွင်မှာ ဟာလန်ရဲ့အဖေဖြစ်သူက ဟာလန်ကို စိတ်ကျန်းမာရေးဆေးရုံပို့ပြီး တစ်သက်လုံး အချုပ်ကျခံစေဖို့အတွက် တောင်းဆိုခဲ့တယ်။ ဒီလိုနဲ့ နောက်ထပ် ၃၅ နှစ်အကြာမှာ ဟာလန်ဟာ စိတ်ကျန်းမာရေးဆေးရုံကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၄၅နှစ်အရွယ် ဟာလန်ဟာ သူ့အပေါ်ရက်စက်ခဲ့တဲ့ ဟက်ချာတစ်မိသားစုလုံးကို လက်တုံ့ပြန်သတ်ဖြတ်ဖို့အတွက် ပြန်လည်ရောက်ရှိလာတဲ့နောက်မှာတော့ စိတ္တဇလူသတ်သမား ဟာလန်ရဲ့ကလဲ့စားကနေ ဟက်ချာမိသားစု လွတ်မြောက်နိုင်ပါ့မလား၊ အမုန်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ဟာလန်တစ်ယောက် ဘယ်လိုအဖြစ်ဆိုးတွေကို ဟက်ချာမိသားစုဆီ သယ်ဆောင်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.4 GB)/(655 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Animation • Family • Fantasy • Adventure
0 2023 86 mins
In The Shadows
Endless Borders

IMDB 7/10 ရရှိထားပြီး ဆု ၃ ခုနဲ့ Nomination တစ်ဆု ဝင်ထားတဲ့ 2 023 ခုနှစ်ထွက် Thriller/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမှုတစ်ခုကြောင့် နယ်နှင်ဒဏ်ပေးခံထားရတဲ့ အီရန်နိုင်ငံသား ကျောင်းဆရာဖြစ်သူ အာမက်က နယ်စပ်ရွာလေးက အရွယ်စုံ လူမျိုးစုံ ကလေးတွေကို စာသင်ပြပေးသူဖြစ်ပါတယ်။ သူများကို ကူညီတတ်ပြီး စိတ်ရင်းကောင်းတာမို့ ဒုက္ခရောက်နေသူတွေ့ရင် လက်မနှေးတတ်တဲ့ အာမက်က ခါတိုင်းလိုပဲ တာလီဘန်တွေလက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် အာဖဂန်နစ္စတန်မိသားစုကို ကူညီပေးခဲ့ပြန်ပါတယ်။ စိတ်ရင်းအမှန်နဲ့ ကူညီပေးခဲ့ပေမဲ့လည်း အာဖဂန်မိသားစုရဲ့ အရှုပ်အထွေးတွေနဲ့ သွားပတ်သက်မိတဲ့ သူ့တပည့်ဖြစ်သူ ဘာလာ့ဂျ်ကြောင့် တပည့်မကောင်း ဆရာ့ခေါင်းဆိုသလို ပြဿနာတောထဲ ဝင်ပါမိသွားရာက အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် သူတို့နေထိုင်တဲ့ရွာလေးကနေ ထွက်ပြေးဖို့ဖြစ်လာတဲ့အခါမှာတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(789 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
Endless Borders
Uglies
5.8

လွန်ခဲ့တဲ့ နှစ်ရာချီပေါင်းများစွာက လူသားတွေက သဘာဝလောင်စာတွေကို အလွန်အကျွံ မှီခိုခဲ့ကြတယ်။ ဒီလုပ်ရပ်ကြောင့် ကမ္ဘာပေါ်က သဘာဝရင်းမြစ်တွေ ပြုန်းတီးသွားခဲ့တယ်။ ပရမ်းပတာတွေ စစ်ပွဲတွေ ဖြစ်ကုန်တယ်။ အဲဒီလိုဖြစ်အောင် လုပ်ခဲ့တဲ့ လူတွေကို အခု ဇာတ်အိမ်တည်ထားတဲ့ အနာဂတ်မှာ ရက်စ်တီတွေလို့ ခေါ်တယ်။ ရက်စ်တီတွေ ထားခဲ့တဲ့ အရာတချို့ကနေ သိပ္ပံပညာရှင်တွေက အခြေအနေကို ကယ်တင်ဖို့ အရာတစ်ခုကို ဖန်တီးခဲ့တယ်။ ပြောင်းလဲခြင်းဆိုတဲ့ စစ်ဆင်ရေး တစ်ခုပါ။ ထပ်ရှင်းရရင် ၁၆ နှစ်ပြည့်တဲ့သူတိုင် ဘဝပြောင်းလဲရေးစစ်ဆင်ရေး တစ်ခုကို မဖြစ်မနေ လုပ်ရပါတယ်။ ပြီးပြည့်စုံတဲ့လူ ဖြစ်လာဖို့ပေါ့။ ပြီးပြည့်စုံမှုရှိရင် ရက်စ်တီတွေလို ‌ပဋိပက္ခဆိုတာ မရှိနိုင်တော့ဘူး။ အရာရာတိုင်းက လှပလာမယ်ပေါ့။ တစ်နည်းပြောရရင် ပရီးတီးဆိုတဲ့ ရုပ်ရည်အရရော အဘက်ဘက်က ပြည့်စုံသူတစ်ယောက်ဖြစ်လာမယ်။ ပရီးတီးတွေအတွက် သီးသန့်ထားတဲ့ မြို့တော်ဆိုတဲ့ နေရာကို သွားခွင့်ရမယ်။ ဒါပေမဲ့ ပရီးတီးအဖြစ် ပြောင်းလဲရမဲ့ ၁၆ နှစ်ကို မရောက်မချင်းတော့ လူတစ်ယောက်က အားဂလီးဆိုတဲ့ ရုပ်ရှည်အရ အားနည်းချက်ရှိသူ ဖြစ်နေမှာပါ။ မြို့တော်ဆိုတဲ့ အရပ်ကို မသွားရသေးဘဲ ကျောင်းဆိုတဲ့ နေရာတစ်ခုမှာနေရင်း ကိုယ့်အလှည့်ရောက်လာဖို့ စောင့်ကြရတယ်။ တစ်ချိန်တည်းမှာပဲ ဒီကျောင်းသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ စမုတ်လ်ဆိုတဲ့ ပါးစပ်ပြောရာဇဝင်တစ်ခုက ရှိနေပါသေးတယ်။ တချို့ကလည်း ဒါကို တကယ် ရှိတယ်လို့ ယုံကြပြီး တချို့ကလည်း မယုံကြဘူးပေါ့။ ဒီအခြေအနေတွေကို လက်တွေ့မြင်တွေ့နေရသူကတော့ တယ်လီဆိုတဲ့ မျက်မှေးမလေးပါ။ သူကလည်း ပရီးတီးဖြစ်မဲ့နေ့ကို စောင့်နေတဲ့ အားဂလီး တစ်ယောက်ပါပဲ။ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပဲရစ်ဆိုတဲ့ ကောင်လေး ပရီးတီးဖြစ်သွားချိန်မှာ တယ်လီဟာ ကျောင်းမှာ အထီးကျန်ဆန်ခဲ့တယ်။ ဒါပေမဲ့ ရှေးဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထပ်ခင်မင်ခွင့် ရသွားတယ်။ တယ်လီကတော့ ပရီးတီး သိပ်ဖြစ်ချင်နေချိန်မှာ ရှေးကတော့ ကျောင်းရဲ့ ထိန်းချုပ်မှုအောက်က ထွက်ပြေးပြီး စမုတ်ခ်ဆိုတဲ့ အရပ်ကို ထွက်သွားချင်ခဲ့တယ်။ တစ်နေ့ကျ တကယ်လည်း ထွက်သွားခဲ့တယ်။ ရှေးထွက်သွားအပြီး နောက်ရက်မှာ ကျောင်းကြီးကြပ်ရေးမှူးက ရှေးရှာပုံတော် မစ်ရှင်အတွက် တယ်လီ့ကို တာဝန်ပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့ ကျောင်းဆိုတဲ့ အရပ်မှာ ပိတ်မိနေတဲ့ တယ်လီဟာ သူမသိခဲ့တဲ့ အမှန်တရားတွေကို တစ်စတစ်စ သိလာပြီး ဆုံးဖြတ်ရခက်တဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ Rating နည်းပေမဲ့ လူ့သဘာဝကို သိပ္ပံနဲ့နွယ်ပြီး ထောက်ပြထားလို့ အပျင်းပြေ ကြည့်မယ်ဆို ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ…. File size…1.50GB / 865MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Action , Adentrue , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy

5.8 2024
Uglies
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
Blood: The Last Vampire

အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 757 MB / 319 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 48m Genre ….. Action / Animation / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror
0 2000 48 mins
Blood: The Last Vampire
London Fields

London Fields (2018) IMDb တွေ ဘာညာ Rating တွေအသာထားလိုက်. မင်းသမီး Amber Heard ရဲ့ ပုံရိပ်တွေကိုတစ်ခမ်းတနားအလေးပေးပြီး စုပေါင်းရိုက်ကူးပြထားတာနဲ့တင် ဒီကားက နင်းကန်လှနေပါပြီ။ ပုရိသတွေ ကြွေကျ မြေခရမယ့် အလှတရားတွေနဲ့ အဲ့ဒီအချိန်တုန်းကတော့ မမ Amber Heard က နင်းကန်လှခဲ့တာပါ။ ကိုင်း မည်သို့ပင်ဆိုစေကာမူ ဇာတ်လမ်းအကြောင်းလေးကိုနည်းနည်းဆက်ရရင်ဖြင့်…. ဒီကားထဲမှာ မင်းသမီး Amber Heard က ညှို့အားပြင်းထန်လွန်းတဲ့ Nicola Six အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကြီး Johnny Depp လည်း အခန်းအနည်းငယ်ပါဝင်ထားပါတယ်… ဇာတ်ကားက စိတ်ကူးယဉ်ဆန်ပြီး မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ အရောင်အသွေးစုံလင်တဲ့ ရိုက်ချက်တွေ တွေ့မြင်ရမှာပါ။ ဇာတ်လမ်းအစလေးကတော့… ဆမ်ဆင် ယန်း ဆိုတဲ့ သိပ်မစွံတဲ့ အမေရိကန် စာရေးဆရာတစ်ယောက်ဟာ ဝတ္ထုတစ်ပုဒ်ရလိုရငြား လန်ဒန်ကို ထွက်လာခဲ့ပြီး အသိမိတ်ဆွေစာရေးဆရာတစ်ယောက်ရဲ့ နေအိမ်အလွတ်မှာ နေထိုင်နေခဲ့ပါတယ်… တစ်နေ့ အရက်ဆိုင်တစ်ခုမှာ အသုဘတစ်ခုက ပြန်လာတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်… အမျိုးသမီးလေးဟာ စွဲမက်ဖွယ် လှပလွန်းပြီး ဖြစ်ချင်တော့ မိန်းကလေးက သူ့တိုက်ခန်းရဲ့အပေါ်တိုက်ခန်းမှာနေထိုင်တဲ့သူဖြစ်နေတယ်… ဒီထက်ထူးဆန်းတာတစ်ခုက မိန်းကလေးဟာ အနာဂတ်ကိုကြိုမြင်နိုင်ပြီး သူသေမယ့်နေ့ရက်ကိုပါ သူသိထားပြီးဖြစ်နေတယ်.. ဒီကိစ္စကို စာရေးဆရာသိသွားပြီးနောက်မှာ ကောင်မလေး အသတ်ခံရတဲ့အကြောင်း ဖြစ်ရပ်မှန်ဝတ္ထုရေးဖို့ ကောင်မလေးကိုတောင်းဆိုရာကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ…..။ Amber Heard ရဲ့ Nudity အခန်းတွေ တော်တော်များများပါတဲ့အတွက် မိသားစုနဲ့တော့ ကြည့်လို့မပြေပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှ တင်ဆက်ထားပါတယ်။)

0 2018 118 mins
London Fields