YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Continental Split (2024) WEB-DL,720p(CM).mp4

610.94 MB N/A video/mp4 473 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Side Job
6.1

Kanojo no Jinsei wa Machigai ja Nai" ဝတ္ထုစာအုပ်ကို အခြေခံရိုက်ကူးထားပြီး ဝတ္ထုရေးဆရာပဲ ပြန်လည်ရိုက်ကူးထားတာပါ ဆူနာမီကြောင့် အမေဆုံးရှုံးသွားပြီးနောက်ပိုင်း မီယူကီဆိုတဲ့ ကောင်မလေးက ဖူကူရှီမာမြို့မှာ သူ့အဖေနဲ့အတူ နေထိုင်ပါတယ် အရင်တုန်းက လယ်သမားဖြစ်တဲ့ အဖေက နေ့တိုင်းအရက်သောက်ပြီး ငလျင်ဒဏ်ကြောင့် ပြန်လည်ရရှိခဲ့တဲ့ ထောက်ပံ့ငွေတွေကို ဂိမ်းကစားပစ်ပါတယ်... မီယူကီတစ်ယောက် အိမ်စရိတ်ကာမိဖို့အတွက် တိုကျိုမြို့မှာ ပြည့်တန်ဆာအဖြစ် ရုန်းကန်ရင်း ဘဝကို ရှေ့ဆက်ရပါတယ်... မီယူကီတစ်ယောက် ဘဝကို ရှေ့ဆက်ဘယ်လိုဖြတ်သန်းမလဲ ဆက်လက်ကြည့်ရှုကြပါအုန်း ။ File Size__(2.1GB) / (1GB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:00:00 Type__Adult, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Parris99

Comedy • Romance
6.1 2017 120 mins
Side Job
The Mist
6.9

ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင်ပေါ့) :P ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ... တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့ အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါ....

Crime • Drama
6.9 2007 126 mins
The Mist
Burning Blue
6.2

ဒီဇာတ်လမ်းကတော့ တင်းကြပ်စွာ တားမြစ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကြားထဲက ပေါက်ဖွားလာတဲ့ နူးညံ့တဲ့ အချစ်တစ်ခု အကြောင်းပဲ ဖြစ်ပါတယ် တူညီတဲ့ရည်မှန်းချက်ကိုယ်စီနဲ့ ရေတပ်လေယာဉ်မှူးတွေအဖြစ် ဝေဟင်ကနေ အာကာသအထိ အတူတူသွားဖို့ ဆန္ဒရှိကြတဲ့ ဒန် နဲ့ ဝေလ် တို့ သူငယ်ချင်း ၂ ဦး. ၂ ယောက် တတွဲတွဲရှိနေခဲ့ကြပေမယ့် သူတို့ကြားထဲကို မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုကြောင့် မတ်တစ်ယောက် ဝင်ရောက်လာချိန်မှာတော့ ဒန် နဲ့ မတ်တို့ကြားက ရင်းနှီးမှုတွေတစ်ဆင့်တက်ခဲ့ကြပါတယ် သူတို့ရေတပ်အတွင်း မတော်တဆဖြစ်ရပ် ၂ ခု အပြီးမှာတော့ ရေတပ်မှုခင်းစစ်ဆေးရေး ကိုယ်စား ဂျွန်ကိုခလီက အသွင်ယူဝင်ရောက် စုံစမ်းဖို့ ဖြစ်လာပါတော့တယ် ကိုခလီရဲ့ စစ်ဆေးရေးကတစ်ဆင့် ဒန် နဲ့ မတ်တို့ရဲ့ ဆက်ဆံရေးကောလဟာလတွေဆီကို ဦးတည်လာစေခဲ့ပါတယ် မတ်အနေနဲ့လည်း သူ့မိန်းမကို ထားခဲ့ပြီး ဒန်နဲ့အတူ ပေါင်းနေဖို့ ဆုံးဖြတ်ပြီးချိန် တတိယ မတော်တဆဖြစ်ရပ် ဖြစ်လာချိန်မှာတော့ ဒန့်အပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြင်းထန်လာခဲ့ပါတော့တယ်. ဒီအချိန်မှာ ဒန့်အနေနဲ့ တာဝန်နဲ့ဝတ္တရား. ဘဝရည်မှန်းချက်တွေကိုပဲ ရွေးချယ်မလား. ရူးမိုက်ခဲ့တဲ့ နယူးယောက်က ညတစ်ညမှာ ပေါက်ဖွားလာတဲ့ အချစ်ကို ဆက်လက်ဖယ်တွယ်ထားမလားဆိုတာ ဆုံးဖြတ်ဖို့ ဖြစ်လာပါတော့တယ် အပြစ်ကင်းတဲ့ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ် File size… 2 GB / 743 MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Horror • Thriller
6.2 2013
Burning Blue
My Best Friend’s Wedding
6.3

My Best Friend’s Wedding (1997) ~ IMDb – 6.3/10, Rotten Tomatoes – 74% ~ တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…” မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…” ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

6.3 1997 105 mins
My Best Friend’s Wedding
Thudikkum Karangal
7.5

Thudikkum Karangal 2023 IMDb-7.5/10 အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေ ထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။ ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။ မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။ တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့ လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့… အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> Click Here)

7.5 2023
Thudikkum Karangal
Dick Figures: The Movie
6.6

Dick Figures: The Movie (2013) ======================= ဒီကာတွန်းရုပ်ရှင်က Visual artist တွေအပျင်းကြီးလို့ တုတ်ချောင်း တွေပဲ လုပ်ထားတာလားမသိပေမယ့်၊ သူ့ရဲ့ theme နဲ့သူရပ်တည်ပြီး Dick figure ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲတွေ အများကြီးထွက်ပြီး အောင်မြင်ထားတာပါ။ Rick and Morty, Family Man Dark Joke ဆန်ဆန် Humor တွေကို ကြိုက်နှစ်သက်တဲ့ animation fan ဆိုရင် သေချာပေါက်မြည်းစမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအညွှန်းက ရက်ဒ်နဲ့ ဘလူးဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကောင်မလေးကို မွေးနေ့လက်ဆောင်ပေးဖို့အတွက် အပေါင်ဆိုင်သွား ရင်း အပေါင်ဆိုင်က ရက်ကွန်းဘိုးတော်က ဂျပန်ပြည်က နှစ်တစ်ထောင် ကံကြမ္မာဓားကြီးကို သူဆီယူလာပေးရင် မင်းကောင်မလေး လုံးဝကြွေ သွားစေမယ့် လက်ဆောင်ကြီးကို ပေးမယ်လို့ပြောလိုက်တာကနေစပါ တယ်။ တစ်ခုရှိတာက ဒီဓားကို နတ်ဆိုးနင်ဂျာစစ်တပ်ကြီးက စောင့်ရှောက် ကာကွယ်နေတဲ့အတွက်လွယ်လွယ်နဲ့ရမှာ မဟုတ်ပါဘူး။ ရက်ဒ်နဲ့ဘလူး နှစ်ယောက် အလွဲအလွဲအချော်အချော်တွေလုပ်ရင်း ဓားတစ်ချောင်းအ တွက်စွန့်စားခန်းတွေ ထွက်ခဲ့ကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.2 GB) / (512 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thiha Yan Naing Encoder……….SWM

6.6 2013 73 mins
Dick Figures: The Movie
Carriers

ကမ္ဘာပျက်ကိန်း Apocalypse နဲ့ပတ်သက်တဲ့ဇာတ်ကားတွေကြိုက်သူများအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားမှာ မင်းသား Chris Pine က Lead အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်တွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်ဗိုင်းရပ်စ်တစ်မျိုးရဲ့ရန်ကနေ ရှောင်ရှားထွက်ပြေးရင်း လမ်းပေါ်မှာတွေ့ကြုံရတဲ့ အခက်အခဲများစွာကို ကြိုးစားဖြတ်ကျော်ပုံတွေကို သဘာဝကျကျ ရိုက်ကူးတင်ပြထားတာပါ။ Survival of the fittest ဆိုတဲ့စကားအတိုင်း ဗိုင်းရပ်စ်ဆီကနေရှောင်ရှားဖို့အတွက် ကျန်ရစ်သူတွေက စည်းမျဥ်းတွေအတိုင်းလိုက်နာပြီး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာနေနိုင်မှသာ အသက်ရှင်နိုင်မှာပါ။ ဒါကြောင့်မို့ အသက်အန္တရာယ်နဲ့တွေ့ရတဲ့အခါ လူသားအချင်းချင်းတောင် ကိုယ်လွတ်မြောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုမှ မငဲ့ညှာဘဲ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပုံများနဲ့ အဖြူအမဲဒွန်တွဲနေတဲ့လူ့သဘာဝကို အပြင်လောကကြီးအတိုင်း လက်တွေ့ဆန်စွာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader

0 2009
Carriers
Dogville
8

IMDb 8/10 မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါ နှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ် ဒေါ့ဗေးလ် မြို့မှာ လူ့ကျင်ဝတ်အကြောင်းကိုဟောပြောလေ့ရှိတဲ့ စာရေးစရာပေါက်စ တွမ် ဟာ ဂရေ့စ် နဲ့တွေ့ခဲ့ပြီး ဂရေ့စ် ကို ဒေါ့ဗေးလ် မြို့မှာနေထိုင်နိုင်ဖို့နဲ့ မြို့သူမြို့သားတွေလက်ခံလာနိုင်ဖို့အတွက် ကြိုးစားကြပါတော့တယ် တွမ် ကလည်း ဂရေ့စ် ကိုအကြံပေးရင်းနဲ့ မြို့သူမြို့သားတွေကိုလည်း လက်ခံလာနိုင်အောင်စည်းရုံးနဲ့ပေါ့လူဆိုးတွေရဲ့လက်ထဲကိုပြန်မရောက်ချင်တဲ့အချက်က ဂရေ့စ် အတွက်အားနည်းချက်တစ်ခုဖြစ်နေခဲ့ပြီး မြို့သူမြို့သားတွေက အဲဒီအားနည်းချက်ကိုချနင်းပြီး လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ခံရတဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းဟာ ရင်နာစရာ၊ စိတ်နာစရာ၊ သံဝေဂရစရာ၊ ဒေါသထွက်စရာ၊ ကိုယ်ချင်စာစရာ စတဲ့ ရသပေါင်းစုံကိုပေးစွမ်းနိုင်တဲ့လက်ရာကောင်းတစ်ခုပါ ကျွန်တော်တို့လူသားတွေရဲ့ အမှောင်ဘက်ခြမ်းဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာအောင်ရိုက်ကူးထားပါတယ် လောကနိယာမရဲ့ တူသောအကျိုးကိုပြန်ခံစားရမယ်ဆိုတာကိုပါမြင်ရတာကြီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ် Director Lars Von Trier ရဲ့ဘယ်လိုတင်ဆက်ထားသလဲဆိုတာကိုတော့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:58:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

8 2003 178 mins
Dogville
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush
Fungus
5.2

Fungus (2024) ကူးစက်တတ်ပြီး သေစေနိုင်တဲ့ မှိုမျိုးမှုန်တွေပါတဲ့ တိမ်တွေက ဆွီဒင်နိုင်ငံကိုရုတ်ရက်ရောက်လာခဲ့တဲ့အခါ အားလုံးကဘေးလွတ်ရာကို တိမ်းရှောင်ကြရပါတော့တယ်။ ဘေးကင်းဖို့အတွက် လူတွေတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြချိန် သိပ္ပံပညာရှင်အချို့ ကုသဆေးရှာဖို့အတွက် ကြိုးစားကြရပါတော့တယ်။ တစ်နေ့သူတို့နေတဲ့နေရာက မလုံခြုံတော့တာကြောင့် အခြားဘေးကင်းတဲ့ ကဒုတ်ကျင်း K76 ကိုရွှေ့ပြောင်းခဲ့ရပါတယ်။ ရွှေ့ပြောင်းနေစဥ်လမ်းမှာပဲ သလင်းကျောက်အမျိုးအစားတစ်ခုကို အားကိုးပြီး မှိုအန္တရာယ်ကနေ လွှတ်ကင်းနေတဲ့ ကျွန်းလေးပေါ်ကို ရောက်သွားတဲ့အခါမှာတော့ ဒီကျွန်းရဲ့သရုပ်မှန်ကို ဖော်ထုတ်ရင်း ဘေးကင်းတဲ့ K76 ကဒုတ်ကျင်းကိုရောက်ဖို့ လမ်းမှာဘယ်လိုမျိုးကြုံတွေ့ရမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ပဲဖြစ်ပါတယ်။) File size…(1.7 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure,Sci-Fi, Thriller Duration….01:32:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

5.2 2024 88 mins
Fungus
Supernova
4.8

Supernova (2000) ဒီတစ်ခါတော့သိပ္ပံစိတ်ကူးယဥ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။Supernova ဆိုတာက ကြယ်ပေါက်ကွဲမှုဖြစ်ပါတယ် ။ ကြယ်ဆိုတာကနေပါပဲ။နေတွေမှာသက်တမ်းရှိပါတယ်။လက်ရှိကမ္ဘာရဲ့နေကကြယ်ဝါပု( yellow dwarf)ပါ။ ကြယ်တွေမှာဟိုက်ဒရိုဂျင်တွေလောင်ကျွမ်းပြီးလောင်စရာကုန်တော့ ဟီလီယမ်တွေပါ ဆက်fusionဖြစ် ပိုလေးလံတဲ့အောက်ဆီဂျင် ကာဘွန်နဲ့တစ်ခြားလေးလံတဲ့ဒြပ်စင်အဖြစ်ဆက်fuseဖြစ်ပြီး စွမ်းအင်တွေအများကြီးထွက်လာပြီးကြယ်တွေရဲ့အပြင်လွှာကအပြင်ကိုအရှိန်အဟုန်နဲ့ပြန့်ကားထွက်လားထွက်လာပါမယ်။ အနီးအနားကဂြိုလ်တွေလတွေကိုဝါးမြိုသွားမှာပါ။အဲဒီအဆင့်က ကြယ်နီကြီး(Red Giant)ပါ ။ပြန့်ကားတာကြာလာတဲ့အခါဒြပ်ဆွဲအားသက်ရောက်တာနည်းပြီးစကြာဝဠာထဲကိုလွတ်ထွက်သွားပါမယ်။ အရွယ်အစားကအဆပေါင်းများစွာသေးတဲ့ ကြယ်ဖြူပုဖြစ်လာပြီးအဲဒီကြယ်ဒြပ်ထုတစ်ဝက်ကအပြင်ခွံလွှာမှာပါသွားပြီးအဲဒီဒြပ်မှုန်လွှာတွေကဓါတ်ငွေ့ဖုန်မှုန့်အစုအဝေး planetry nebulaဖြစ်လာပါမယ်။ အဲဒီနက်ဗျူလာက ကြယ်ဖြူပုကိုပတ်နေပါမယ်။နှစ်ဘီလီယံ ထရီလီယံကြာပြီးနောက်တော့ တောက်လောင်တာချုပ်ငြိမ်းပြီးကြယ်ပုမည်းဖြစ်ပြီးအပြီးပျောက်ကွယ်သွားပါမယ်။ လက်ရှိ ကမ္ဘာဂြိုလ်ရဲ့နေထက် အဆ ၂၅ဆ ၃၀ဆကြီးတဲ့ ကြယ်တွေသေဆုံးရင်တော့ Supernova အဖြစ်ပေါက်ကွဲပါတယ်။ ပေါက်ကွဲမှုကထွက်လာတဲ့ရောင်စဥ်တွေက ဂလက်ဆီတစ်ခုလုံးကိုလင်းလက်တောက်ပသွားနိုင်ပါတယ်။ပေါက်ကွဲမှုပြီးရင် မြို့တစ်မြို့စာအကျယ်ရှိတဲ့ နျူထွန်ကြယ်သေအဖြစ်ရှိနေပါမယ်။ အဆ၃၀နီးပါးကြီးတဲ့ကြယ်တွေက အာကာသတွင်းနက်တွေအဖြစ်ရှိနေပါမယ်။ကြယ်တာရာသချိုင်းမှာရှိတဲ့ ရုပ်ကြွင်းနက်ဗျူလာတွေ ဓါတ်ငွေ့တိမ်တိုက်အစုအဝေးတွေကစကြာဝဠာထဲခရီးဆက်သွားပြီး စုမိပေါင်းမိပြီးကြယ်တွေကိုထပ်မွေးဖွားပါမယ်။ စကြာဝဠာထဲက ဒြပ်စင်တွေ ကမ္ဘာပေါ်ကဒြပ်စင်တွေ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ ဒြပ်စင်တွေက ကြယ်သေဆုံးမှုကလွင့်လာတဲ့အမှုန်အမွှားတွေလို့ဆိုပါတယ်။ ဒီအကြောင်းလေးကိုဘာလို့ ပြောပြရသလဲဆိုတော့ ဒီသဘောတရားတွေကိုရုပ်ရှင်ထဲမှာ ပြောပြထားလို့ပါပဲ။ဒါတွေကိုသိထားရင် ရုပ်ရှင်ရဲ့ အနှစ်သာရကလည်း ပိုကောင်းလာနိုင်ပါတယ်။ ဇတ်လမ်းအကျဥ်း ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးအာကာသယာဥ် နိုက်တင်းဂေးလ်ဟာ အာကာသထဲမှာတစ်ရက်မှာအက်စ်အိုအက်စ်(အရေးပေါ်အကူညီတောင်းခံခြင်း)ဆစ်ဂနစ်တစ်ခုကိုတိုက်ရိုက်လက်ခံရရှိပါတယ် ။ အဲဒါက အလင်းနှစ်၃၄၃၂ ကွာဝေးတဲ့တိုင်တန်လပေါ်ကမိုင်းတွင်းဟောင်းတစ်ခုကလာတာပါ။ အကူညီတောင်းခံတဲ့ ကားလ်လာဆန်ဆိုတဲ့လူကို ဒေါက်တာ ခေးလာအဲဗားစ်(အိန်ဂျယ်လာ ဘက်စ်ဆက် Angela Basset)ကသိပါတယ်။ အဲဒီကိုသွားကယ်ဖို့ဆိုရင်သူတို့တွေကhyperspaceလို့ခေါ်တဲ့ဒိုင်းမန်းရှင်းမတူတဲ့နေရာမှာဒိုင်မန်းရှင်းဒရိုက်ရဲ့အကူနဲ့အလင်းထက်မြန်အောင်သွားနိုင်မှရောက်မှာဖြစ်ပါတယ် ။ ဒိုင်းမန်းရှင်းခုန်(အလင်းထက်မြန်အောင်ခရီးသွား)ပြီးတိုင်တန်လနားကိုရောက်တဲ့အခါ အခက်အခဲတွေကြုံရပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ယာဥ်မှုး သေသွားသလိုလပါတ်လမ်းထဲက အမှုန်တွေအခဲတွေနဲ့တိုက်မိပြီး လောင်စာကန်ပေါက်ပြီးလောင်စာတွေလည်းတော်တော်ဆုံးရှုံးသွားပါတယ်။ လနဲ့လည်းတိုက်မိမလိုဖြစ်ပါတယ်။ အဲဒါနဲ့ ခဏအစမ်းခန့်တဲ့သဘောနဲ့ ယာဥ်ပေါ်ကိုရောက်နေတဲ့ဒုပိုင်းလော့နစ်ခ်ဗန်ဇန့်(ဂျိမ်း စပက်ဒါ James Spader) က ယာဥ်မှူးတာဝန်ကိုယူလိုက်ရပါတယ်။ တိုင်တန်လကနေ ယာဥ်တစ်စင်းရောက်လာပြီးယာဥ်ပေါ်ကလူကသတိမေ့နေပါတယ်။အကူညီတောင်းတဲ့ ကားလ်လာဆန်လည်းမဟုတ်ပါဘူး ။သူ့ရဲ့သားထရွိုင်လို့ဆိုပါတယ်။ ထရွိုင်ရဲ့ ယာဥ်ပေါ်ကိုရှာတဲ့အခါထူးဆန်းတဲ့ပစ္စည်းတစ်ခုကိုသွားတွေ့ပါတယ်။ ထရွိုင်က တိုင်တန်လ မိုင်းတွင်းဟောင်းထဲမှာ လောင်စာတွေရှိတယ်ပြောတာကြောင့်နစ်ခ်က ကယ်ဆယ်ရေးယာဥ်တစ်စင်းနဲ့ သွားယူပါတယ်။ အဲဒီထူးဆန်းတဲ့စ္စည်းကဘာလဲ ထရွိုင်ရဲ့လျို့ဝှက်ချက်ကဘာလဲ နစ်ခ်တိုင်တန်ပေါ်ကနေလောင်စာတွေရမလား ယာဥ်အမှုထမ်းတွေကမ္ဘာမြေကိုပြန်ရောက်မလားဆိုတာကိုတော့ဆက်လက်ပြီးဖန်သားပြင်ပေါ်မှာကြည့်နိုင်ပါတယ်။ ဒါရိုက်တာက Walter Hill ပါ။ ဒီဇာတ်ကားမှာ သဘောကျတာက ရူပဗေဒနဲ့ဆိုင်တဲ့ သဘောတရားတွေ ကြယ်တာရာတွေဂြိုလ်တွေကိုပါ။ ဇတ်ကောင် ထရွိုင်ပြောတာက “ကိုယ့်ကိုအခုထိတူညီတဲ့ပစ္စည်းတွေနဲ့ပဲဖွဲ့စည်းထားတာ ကယ်လဆီယမ် အိုင်းရွန်း ဇင့်ဒြပ်စင်တွေအားလုံး ဒါအကုန်လုံးကကြယ်တွေရဲ့ဖုန်တွေ ကိုယ်တို့တောင်မှပဲကြယ်တွေသေလို့ကိုယ်တို့အသက်ရှင်နိုင်တာပြီးတော့ကိုယ်တို့သေတယ်အဲဒါကြောင့်ကြယ်တွေကိုပြန်မွေးဖွားနိုင်တယ်” ရုပ်ရှင်ကြည့်ရင်း ဒြပ်စင်တွေနဲ့ဖွဲ့စည်းထားပြီးစကြာဝဠာထဲက ဖုန်တစ်မှုန့်နဲ့တူတဲ့လူတွေရဲ့မမြဲတဲ့သဘောတရားလေးကိုပြေးမြင်မိလိုက်တာက ကိုယ့်အတွက်တော့အနှစ်သာရပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (1.6 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Sci-Fi, Thriller Duration….01:31:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Drama
4.8 2000 91 mins
Supernova
Life Risking Romance
6.4

Life Risking Romance (2016) *************************** IMDb… 6.4 လျှို့ဝှက်သည်းဖိုမှုခင်းဇာတ်လမ်းကို ဟာသလေးနှောပြီး ကြည့်ရှုလို့ရနိုင်မယ့် ဒီရုပ်ရှင်ကားမှာတော့ အားလုံးသိကြတဲ့ အမြဲနုပျိုလှပနေတဲ့မင်းသမီး Ha Ji Won, မင်းသား Chun Jung Myungနဲ့ ထိုင်ဝမ်မင်းသား Chen Bolinတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟန်ဂျယ်အင်း (Ha Ji Won) ဟာ လျှို့ဝှက်ဆန်းကြယ်မှုခင်းဝတ္ထုတွေကိုရေးတဲ့ စာရေးဆရာမဖြစ်ပြီး လူတွေကို သံသယစိတ်လည်းများတာကြောင့် အမြဲမှားယွင်းပြီး ရဲတိုင်နေတတ်သူပါ။ သူမရဲ့တစ်ဦးတည်းသောငယ်သူငယ်ချင်းကတော့ ရဲအရာရှိ ဆောရို့ဟွမ် (Chun Jung Myung) ဖြစ်ပြီး ငယ်ငယ်လေးတည်းက သူမကို တစ်ဖက်သတ်ချစ်နေတဲ့သူပေါ့။ ဒီသူငယ်ချင်းနှစ်ယောက်နေထိုင်တဲ့ အီထယ်ဝန်မြို့မှာ အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူမနေတဲ့အိမ်အလွတ်တွေမှာ လာလွှင့်ပစ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ ဂျယ်အင်းဟာ သူမနေတဲ့တိုက်ခန်းရဲ့အပေါ်ထပ်ကနေ အော်သံတစ်ခုကြားလိုက်ရတာကြောင့် ရဲတိုင်လိုက်ပေမဲ့ ဘယ်သူမှမယုံပေးခဲ့ကြပါဘူး။ ဒါ‌ကြောင့် အဲဒီတိုက်ခန်းမှာနေတဲ့ FBI အေးဂျင့် ဂျေဆင်ချန် (Chen Bolin) ကို ကွင်းဆက်လူသတ်သမားပဲလို့ ယုံကြည်ပြီး ရို့ဟွမ်နဲ့အတူ နောက်ယောင်ခံလိုက်ကြပါတော့တယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဂျယ်အင်းတစ်ယောက်‌ ချောမောခန့်ညားတဲ့ ဂျေဆင်ချန်ကို ကြွေမိသွားတဲ့အခါမှာတော့… ကွင်းဆက်လူသတ်သမားက ဘယ်သူလဲဆိုတာကို ခန့်မှန်းရင်းနဲ့ စိတ်ဝင်စားဖို့လည်း‌ကောင်း ရယ်လည်းရယ်ရတာမလို့ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.46GB/ 740MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:43:49 Genre : Thriller, Mystery, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Drama • Romance
6.4 2016
Life Risking Romance