YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Contagion of Fear (2024) WEB-DL,1080p HEVC (CM).mkv

1.34 GB N/A video/x-matroska 223 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Saturday Killer
6.1

Saturday Killer (2010) ဘန်းပလာမာရဲ့ နာမည်ကျော်ကြေးစားလူသတ်သမားဖြစ်တဲ့ ဘဲကြီး Tee Rifle ဟာ သူ့ကိုယ်သူလူဖြစ်ရှုံးတဲ့သူလို့ သတ်မှတ်ထားသူပါ။ ဘာလို့လဲဆိုတော့ သူက စွမ်းဆောင်ရည်မရှိဘဲ ပန်းသေနေလို့ပါပဲ။ ပန်းသေနေတဲ့ ဘဲကြီး Tee Rifleက တစ်နေ့မှာတော့ Chris ဆိုတဲ့ မိန်းမလှလေးကို မြင်မြင်ချင်းကြွေသွားခဲ့ပါတယ်။ Chris ကတော့ သူ့အဖေကိုသတ်သွားတဲ့သူကို ပြန်လက်စားချေချင်နေတဲ့သူပေါ့။ အချစ်ကပေးတဲ့ အားဆေးလို့ပဲဆိုရမလား? Tee Rifleကတော့ Proကျကျ လူသတ်ရင်း Chrisအတွက် ဇွဲမလျှော့ဘဲ သူ့ညီလေးရဲ့ စွမ်းဆောင်ရည် တိုးတက်လာဖို့အရေး အဖြစ်မရှိတဲ့ စာကလေးငှက်လိုဘဝကနေ ကြီးထွားလာတဲ့ နဂါးကြီးဖြစ်အောင် ကြိုးစားမယ့်နည်းမျိုးစုံကို Saturday Killer ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဟာသအနှောလေးတွေနဲ့ ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။) File Size          : 1.3GB, 532MB, 308MB Quality            :1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 36mins Genre              : Action, Comedy, Drama Translated by Khine Khine Wai Encoded by Kinnov

Drama • Thriller
6.1 2010 97 mins
Saturday Killer
Shazam! Fury of the Gods
6.7

ရှဇမ်းရဲ့ ဒုတိယမြောက်ရုပ်ရှင်လာပါပြီ။ ပထမရုပ်ရှင်ရဲ့အဆက်အတိုင်းပါပဲ။ ပထမရုပ်ရှင်ရဲ့ ဒါရိုက်တာက David F. Sandberg ပါပဲ။ ရှဇမ်းလူကြီးအဖြစ်တော့ Zachary Levi ပဲ ပါဝင်ထားပေမဲ့ ကလေးသရုပ်ဆောင်အဖြစ်တော့ အသက်နည်းနည်းကြီးတဲ့ Asher Angel က ပါဝင်ထားပါတယ်။ စူပါဟီးရိုးမမ အလန်းအဖြစ် Grace Caroline Currey ပါပါတယ်။ ပထမကားထက် ဟာသတွေပိုများပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ အပမ်းပြေကြည့်ရှုဖို့သက်သက် ဖန်တီးထားတာပဲဖြစ်ပါတယ်။ မိသားစုပညာပေးကားလေးဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဂရိနတ်ဘုရားတွေနဲ့ တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ရှဇမ်းတို့ကို စွမ်းအားတွေပေးခဲ့တဲ့ မှော်တောင်ဝှေးဟာ ဂရိနတ်ဘုရားတွေရဲ့ အစွမ်းတွေကိုခိုးယူထားပြီး နတ်ဘုရားလောကကို မှော်အစွမ်းတွေမရှိတော့အောင် ဖန်တီးခဲ့တဲ့အရာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ရှဇမ်း (၂၀၁၉) မှာ ဘီလီဘတ်ဆန်က ချိုးပစ်လိုက်တဲ့နော်က နတ်ဘုရားတွေ ကမ္ဘာပေါ်ကို ဆင်းလာနိုင်ပြီး သူတို့ရဲ့အစွမ်းတွေကို ပြန်ယူဖို့ ထိပ်တိုက်တွေ့ကြတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 4k HEVC | 1080p | 720p | 480p File size… 4.96GB | 2GB | 1.1GB | 539MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron, Kagyaung

Crime • Drama
6.7 2023 130 mins
Shazam! Fury of the Gods
Island Keeper
7

IMDb - 5.8/10 6 Wins and 4 Nominations ကျွန်းတစ်ကျွန်းပေါ်မှာ လူမရှိ သူမရှိ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေဖို့ စိတ်ကူးရဲပါသလား? တချို့တွေက ပြစ်မှုကြီးတွေ ကျူးလွန်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရပါတယ်။ ဒါကြောင့် အပြစ်သားတွေကို မီးပြတိုက်ရှိတဲ့ကျွန်းတွေမှာ အစောင့်တာဝန်နဲ့ ချထားတာမျိုးပါ။ တချို့တချို့တွေရဲ့ဘဝကတော့ စားဝတ်နေရေး အခက်အခဲကြောင့် ကျွန်းပေါ်မှာ သွားနေရတဲ့လူတွေ ရှိပါတယ်။ ဒီအထဲမှာ ဝမ်ကျိခိုင် နဲ့ သူ့ဇနီးသည်တို့လည်း ပါခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ၃၂ နှစ်ကျော် နေထိုင်လာခဲ့ပြီး ဒီကျွန်းလေးကို ကိုယ့်အိမ်လို သဘောထားပြီး ခုခံကာကွယ်ခဲ့တဲ့ ဝမ်ကျိခိုင်တို့ မိသားစုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားသလို ဆုပေါင်း ၆ ဆု နဲ့ တစ်ကြိုစာရင်း ၄ ကြိမ် ဝင်ထားတာမို့ မလွဲမသွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုဆိုတာတော့မလွဲတာသေချာပါတယ်။ ဇာတ်လမ်းအညွှန်းကို Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ SST ပဲဖြစ်ပါတယ်။ Genre..... Biography Quality….WEB-DL 1080p and 720p and 360p File size… 1.8GB and 898MB and 300MB Format…mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Lwin Htoo Aung and SST Encoder ..... August

Drama
7 2021 125 mins
Island Keeper
The Crash Reel
8.2

Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့ အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက် ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက် ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေ ကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေ လည်းတသီကြီးရရှိထားပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရ အသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။ မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်း ရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ် ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 1.3 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

8.2 2013 108 mins
The Crash Reel
Friday the 13th: The New Blood
5.2

Friday the 13th: The New Blood (1988) ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။ အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။ နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 865MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 28Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
5.2 1988
Friday the 13th: The New Blood
Zero Fucks Given
6.4

Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်… အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ… နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်… အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Drama • Comedy • Romance
6.4 2021
Zero Fucks Given
Reverse the Curse

2023 ထွက် ဒီရုပ်ရှင်ကားလေးကတော့ အဖေနဲ့ သား ဆက်ဆံရေးကို ဘေ့စ်ဘောနောက်ခံလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ Cast တွေကတော့ David Duchovny, Stephanie Beatriz, Logan Marshall-Green တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အဖေနေရာက သရုပ်ဆောင် David Duchovyရဲ့ ဝတ္ထု ကို သူကိုယ်တိုင်ပဲ Direct လုပ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း အနေနဲ့ Marty ဟာ အဆုတ်ကင်ဆာကို ခံစားနေရပြီး အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ပါဘူး။ သူက ဘေ့စ်ဘောအသင်း Boston Red Sox ကို အရူးအမူး အားပေးပေမယ့် Red Sox ဟာ ချန်ပီယံ မရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သူ့သားဖြစ်သူ Teddy ဟာ Red Sox တွေရဲ့ ပြိုင်ဘက် Yankees တွေရဲ့ ရုံမှာ မြေပဲ လိုက်ရောင်းပြီး စာရေးဆရာ ဖြစ်ဖို့ ကြိုးစားနေသူပါ။ အဖေ နဲ့ သားက စကားမပြော အဆက်အသွယ်မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး Marty ရဲ့ nurse ဖြစ်တဲ့ Mariana က Teddy ကို ဖုန်းဆက်ပြောမှ အဖေဖြစ်သူ Cancer ဖြစ်နေမှန်း သိရတာပါ။ ဒီလိုနဲ့ Teddy က ဖခင်ဖြစ်သူ နဲ့ အတူ သွားနေရင်း Mariana နဲ့လည်း ရင်းနှီးလာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ Teddy သိလာတာက Marty ရဲ့ ကျန်းမာရေးက Red Sox အသင်းရဲ့ အနိုင် အရှုံးနဲ့ ဆက်စပ်နေတယ် ဆိုတာပါပဲ။ Red Sox အသင်းကလည်း အရှုံးများနေတဲ့အတွက် Teddyက သူ့အဖေ ကျန်းမာရေး ကောင်းအောင် လှည့်ကွက်တွေ အမျိုးမျိုးသုံးရပါတော့တယ်။ သားရဲ့ ဘဝမှာ ပျက်ကွက်ခဲ့မိတဲ့ အဖေနဲ့ အဲ့ဒီအတွက် အဖေ့ကို အပြစ်ပေးပြီး ရှောင်ဖယ်နေခဲ့တဲ့ သားရဲ့ ဆက်ဆံရေးက ဝမ်းနည်းစရာလည်း ကောင်းပြီး ကြည်နူးစရာလည်းကောင်းတာမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Reverse the Curse
In the Land of Women
6.4

In The Land Of Women (2007) စာရေးဆရာကောင်လေး Carter က စော်ပစ်ခံရပြီးနောက်ပိုင်း ဒီပျက်ရှင်ဝင်ရာကနေ သူ့ရဲ့နေမကောင်းတဲ့အဖွားကိုပြုစုရင်း တစ်ယောက်တည်းနေတော့မယ်ဆိုပြီး LA ကနေ Michigan မြိုလေးကို ပြောင်းလာခဲ့တယ်။ အဲဒီမှာ Sarah ဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးနဲ့တွေ့ပြီး ရင်ဖွင့်ဖြစ်ရင်း ရင်းနှီးလာရာကနေ Sarah ရဲ့ သမီးနှစ်ယောက်နဲ့ ခင်မင်ပြီး သူ့ရဲ့ စာရေးဖို စိတ်အားထက်သန်မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တယ်။ ဒါပေမဲ့ Carter ရဲ့ Sarah အပေါ် ခံစားချက်တွေက အိမ်နီးချင်းမိတ်ဆွေအဆင့်ထက်ပိုလာရုံတင်မကဘဲ Sarah ရဲ့ သမီးကြီး Lucy ကပါ Carter အပေါ် စိတ်ယိုင်လာတော့ နဂိုကတည်းက ဖောက်ပြန်မှုရှိနေတဲ့ Sarah တိုမိသားစုကြား ဘယ်လိုရှုပ်ထွေးမှုတွေဖြစ်ကုန်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ ဟာသတွေနဲ့နှောပြီး စိတ်ဝင်စားဖွယ်ရာ ဆက်လက်ကြည့်ရှုလိုက်ပါဦးဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(1.3GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Drama , Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

Action • Drama • History
6.4 2007 97 mins
In the Land of Women
What We Find on the Road

ရုတ်တရက် တီဂျေဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အိမ်ကို လူတစ်ယောက်ရောက်လာပြီး ကားသော့တစ်ချောင်းနဲ့ လိပ်စာ စာရွက်တစ်ရွက်ကို အဖေဖြစ်သူကပေးခိုင်းလိုက်တယ်ဆိုပြီး ဇာတ်ကိုအစပျိုးထားပါတယ် တီဂျေရဲ့အဖေဖြစ်သူဟာ မူးယစ်ဆေးအရက်သေစာအစုံပလုံချတဲ့ထောင်ထွက်လူမိုက်တစ်ယောက်ဖြစ်ခဲ့တာပါ တီဂျေ ကလေးဘ၀အရွယ်ကတည်းက အမေဖြစ်သူနဲ့သူ့ကို ဒီအတိုင်းပစ်ထားပြီးထွက်သွားခဲ့တဲ့အတွက်ကြောင့် အဖေဖြစ်သူကိုစိတ်နာနေခဲ့တဲ့ တီဂျေဟာ ရုတ်တရက်လက်ခံရရှိလိုက်တဲ့ ပစ္စည်းပစ္စယာတွေကြောင့် အဖေဖြစ်သူဆီကိုသွားရဖို့ဖြစ်လာပါတော့တယ် တီဂျေတစ်ယောက် အဖေဖြစ်သူကိုတွေ့ဖို့သွားရင်း လမ်းခရီးတစ်လျှောက်ဘယ်လိုကြုံတွေရမလဲဆိုတာကို road trip cinematography ဆန်ဆန် ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…(1.1 GB)/(612 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe Yamone

Comedy
0 2024
What We Find on the Road
Before We Go
6.9

Before We Go ဆိုတဲ့ ရုပ်ရှင်ကားကို ကျနော်တို့ အသဲစွဲ ကတ်ပတိန် အမေရိက (Chris Evans) ကိုယ်တိုင်ရိုက်ကူးထားပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်… သူကိုယ်တိုင်ရိုက်လို့ ဟာ.. ဖြစ်ပါ့မလားဘယ်လိုကြီးလဲ လို့ စိတ်ထဲက တွေးမိလိုက်တယ် ပြီးတော့ ရုပ်ရှင်မကြည့်ခင် ရောဂါ တစ်ခုဖြစ်တဲ့ IMDb ဝင်မွှေကြည့်တော့ Rate က 6.9 ရှိနေတော့ အံ့သြောစရာ ? ရုပ်ရှင်ကားတွင် ပါဝင်တဲ့ မင်းသမီးဖြစ်သူ Alice Eve ကလဲ ခေသူ မဟုတ် Night at the Museum: Secret of the Tomb တို့ She’s Out of My League တို့လို ရုပ်ရှင်ကားကောင်းတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး…. ဇတ်လမ်း အစ မှာ Nick က ဘူတာရုံထဲမှာ ထရန်းပတ် မှုတ်ရင်း ပိုက်ဆံရှာနေစဉ် Brooke က သူ့ရှေ့ကနေ အလောတကြီး ပြေးသွားတာကို မြင်လိုက်ရတယ် သူ့ရှေ့မှာလဲ သူမ ဖုန်းကျပြီး ကွဲသွားပေမယ့် ရထား ကို မှီအောင် ပြေးလိုက်ခဲ့တယ် ဒါပေမယ့် သူမ နောက်ကျသွားတယ် ဘူတာရုံထဲက ပြန်ထွက်လာတော့ Nick က သူမ ဖုန်းကိုပြန်ပေးတော့ ကျေးဇူးတင်ပါတယ်က လွဲရင် ဘာမှ ပြန်မရခဲ့… Nick ပစ္စည်းတွေ သိမ်းရင်း ဘူတာရုံအပြင်ဘက် ထွက်လာတော့ ဘူတာရုံအပြင်ဘက်မှာ နောက်ကျသွားတဲ့ ရထားလက်မှတ် စာရွတ်ဖြတ်ပိုင်းကို ကိုင်ရင်း မတ်တပ်ရပ်နေတဲ့ Brooke ကို မြင်လို့ မေးကြည့်ရာက သူမ ပိုက်ဆံအိတ် ခိုးခံလိုက်ရကြောင်း သူမ အိမ်ပြန်ဖို့ ရထားကလဲ နောက်ကျသွားပြီဖြစ်လို့ ဒုက္ခရောက်နေကြောင်း ပြောပြတယ် … ဒီလိုနဲ့ Brooke ကို ကူညီချင်တဲ့ Nick က Brooke အိမ်ပြန်လို့ရဖို့ အရေး အခိုးခံရတဲ့ အိတ်ပြန်လိုက်ရှာရ သူမ ပြန်ဖို့အတွက် ကားတွေ လိုက်ငှားကြည့်ရနဲ့ အတော်အလုပ်ရှုပ်သွားတဲ့အချိန်မှာ Nick သိလိုက်ရတာက Brooke ဟာ အတော်များများကို သူ့အား အမှန်အတိုင်းမပြောခဲ့ဘူး ဆိုတာပါ …. သူမ ဟာ သတို့သမီးလောင်း ဖြစ်ပြီး မနက်ဖြန် မနက်ဟာ မင်္ဂလာပွဲဖြစ်တဲ့အတွက် မင်္ဂလာပွဲ အမှီ ပြန်ရမှာပါ ကိုယ့်အကျိုးထက် သူများကို ကူညီချင်တဲ့ Nick ရယ် လျို့ဝှတ်ချက်တွေ များလွန်းပြီး လူတိုင်းကို မယုံတက်တဲ့ Brooke ရယ် ပိုက်ဆံမရှိ ဒုက္ခအတိ နဲ့ ဘယ်လိုပြန်ရောက်အောင် စခန်းသွားကြမယ်ဆိုတာ ကြည့်မှ သိမှာမို့ ဒီလောက်ပဲ ညွှန်းပါတော့မယ်.. File Size : 2.5 GB, 850 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 35min Format : Mkv and Mp4 Genre : Animation, Adventure, Comedy Subtitle : Comedy, Drama Translated by : Htoo Htoo Ka Joe Encode by : Thit San Khant

6.9 2014 95 mins
Before We Go
Women from Rote Island
6.7

အမျိုးသမီးများအပေါ်မှာလိင်အကြမ်းဖက်ခြင်းဆိုတာက တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာကြုံတွေ့နေရတဲ့ ဟိုးအရင်ခေတ်ကတည်းကနေ အခုလို တိုးတက်ဖွံ့ဖြိုးတဲ့ခေတ်ကြီးအထိရောက်တဲ့တိုင်အောင် ဖြေရှင်းလို့ မရနိုင်သေးတဲ့ပြဿနာတစ်ခုဖြစ်နေပါသေးတယ်။ အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုခံစားရတဲ့အမျိုးသမီးတွေရဲ့ခံစားချက်တွေ သူတို့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ဒါကြီးကိုတွန်းလှန်ပြီး ရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားပေးပြီးရိုက်ကူးထားတဲ့ 2024 ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Women From Rote Island ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အောပါဆိုတဲ့အမျိုးသမီးရဲ့ခင်ပွန်းဆုံးပါးသွားတဲ့ အတွက် ဈာပနလုပ်ဖို့အချိန်တန်နေပေမဲ့ တစ်နယ်တစ်ကျေးမှာအလုပ် သွားလုပ်နေတဲ့ သမီးကြီး မာသာ အိမ်ကိုပြန်မလာသေးတာကြောင့် တစ်ပတ်ကြာတဲ့အထိရုပ်အလောင်းကြီးကိုမပုပ်သိုးအောင်ထားထားရတဲ့ အပြင် အသုဘလာရောက်တဲ့ ရပ်ရွာဆွေမျိုးတွေလည်း ရက်တွေကြာ လာတော့အခက်တွေ့လို့နေကြပါတော့တယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ မာသာပြန်ရောက်လာခဲ့ပေမဲ့ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့စိတ်ဝေဒနာဖြစ်နေခဲ့ပါတော့တယ်။ဒါပေမယ့်လည်း ဈာပနပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အောပါနဲ့ သမီးဖြစ်သူ မာသာ ဘက်သာတို့နဲ့အတူဒီရွာလေးမှာပဲဆက်နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမယ့် အိမ်မှာယောက်ျားသားလည်းမရှိတော့တဲ့ အောပါတို့အိမ်က မသမာသူတွေအတွက်မျက်စိကျစရာဖြစ်ပြီး သမီးနှစ်ယောက်လုံး လိင် အကြမ်းဖက်ခံခဲ့ရတဲ့အခါမှာတော့ အမေတစ်ယောက်အနေနဲ့ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ရှုစားရမဲ့ ပညာပေး ဒရာမာဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (2.53GB) / (1.27GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Horror
6.7 2024 143 mins
Women from Rote Island