YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Conquer.Lahad.Datu.2024.1080p.HEVC.WEB.AAC5.1-[RMC].mp4

2.21 GB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Golden Robbery

ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့ မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေး လျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့ စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။ နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက် ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကို Golden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Romance
null 2023 70 mins
Golden Robbery
365 Days: This Day
5.8

အားလုံးစောင့်မျှော်နေကြတဲ့ အချစ်အနမ်း ခပ်ကြမ်းကြမ်းအခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ 365 DNI ရဲ့ အဆက် 365 Days This Day ဆိုတဲ့ နာမည်နဲ့ ထပ်ထွက်လာပါပြီ။ ဒီဇာတ်ကားမှာလည်း ပုရိသတို့အကြိုက် Masimo & Laura တို့အပြင် တစ်ခြားအလန်းစား ပြိုင်ဘက် Mafia Gang က ဇာတ်ကောင်အသစ်တွေပါ ပါလာပါတယ်။ ပထမကားမှာ ဥမင်လှိုင်ခေါင်းတစ်ခုမှာ ပြိုင်ဘက် ဂိုဏ်းရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ လော်ရာ ဟာ ကိုယ်၀န်ပျက်ကျသွားရကနေ စပါတယ်။ ဒါပေမယ့် ဒီကိစ္စကို မာစီမိုကို မပြောထားခဲ့ပဲ သာမန်ဘ၀အဖြစ်ဖြတ်သန်းဖို့ လော်ရာက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် မာစီမိုရဲ့ ပျောက်နေတဲ့ ညီ ပေါ်လာခဲ့တဲ့အပြင် ... ပြိုင်ဘက် မာဖီးယားဂိုဏ်းရဲ့ နှောက်ယှက်တိုက်ခိုက်မှုတွေ ကြားမှာ မာစီမို နဲ့ လော်ရာတို့ နှစ်ယောက် ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။ 365 ကားရဲ့ထုံးစံအတိုင်း Nude scene တွေအများကြီးကို Soundtrack အငြိမ်လေးတွေနဲ့ တစ်၀ကြီးကြည့်ရမှာပါ။ ဒါက Part 2 ဖြစ်တာကြောင့် ပထမဇာတ်ကားကို မကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=365+days ကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (1.7 GB)/(740 MB) Quality – Web-DL 1080p/ 720p Duration - 1Hr 46mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – Thiha Yan Naing Encoder – SWM

Drama • Romance
5.8 2022 111 mins
365 Days: This Day
Cobalt Blue
6.5

"ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့ မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလို ခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ.... ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကို ဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။ "ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။ IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။ File size…1.6GB / 800MB Quality…1080p NF WEB DL  AAC 5.1CH / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Shwe Pyae & Yate

6.5 2022 112 mins
Cobalt Blue
Gamanam
8

ပွဲဦးထွက်ရုပ်ရှင်မှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့တဲ့ ဒါရိုက်တာ Sujana Rao ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဟိုက်ဒရာဘတ်မှာ ကြုံခဲ့ရတဲ့ မိုးကြီးရေလွှမ်းမှုကိုအခြေခံပြီး ဆုံးပါးသွားခဲ့ရတဲ့ အသက်တွေကို ဂုဏ်ပြုမှတ်တမ်းတင်ချင်တာကြောင့် ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။ ဇာတ်အိမ်က ဖြစ်ရပ်မှန်ကိုအခြေခံထားတာမျိုးမဟုတ်ပေမယ့် တကယ့်လက်တွေ့ဘဝက လူတွေရဲ့အခက်အခဲတွေ၊ ဘဝရဲ့ ဒုက္ခသုခ မျိုးစုံကို သရုပ်ဖော်ထားတာမျိုးပါ။ ကာမာလာဆိုတဲ့ နားမကြားတဲ့ ကလေးတစ်ယောက်အမေက ဒူဘိုင်းကိုထွက်သွားပြီး ဘာအဆက်အသွယ်မှမရတော့တဲ့ ခင်ပွန်းကိုစောင့်ရင်း အခက်အခဲတွေကိုခါးစည်းခံပြီး အကြားအာရုံလေးများ ပြန်ရမလား မျှော်လင့်နေတာပေါ့။ ခရစ်ကတ်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တဲ့ အိပ်မက်နဲ့ လူငယ်တစ်ယောက် အာလီ၊ ပြီးတော့ သူ့ချစ်သူ ဇာရာ။ နောက်ပြီး ခြေသလုံးအိမ်တိုင် မိဘမဲ့ကလေးလေး ၂ ယောက်။ မတူညီတဲ့ ဘဝအခြေအနေတွေက သူတို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုတွေ။ လောကဓံကြားထဲက မျှော်လင့်ချက်။ ဒီလို လက်လျှော့ချင်စရာ အခြေအနေမှာတောင် တင်းခံရင်းရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ ဇွဲတွေ။ ပြီးတော့ ဒီလူအဖွဲ့အစည်းရဲ့ အခွင့်ထူးခံတွေနဲ့ကွာခြားမှုတွေ ဒါတွေကို မီးမောင်းထိုးပြထားတာပါ။ ရုပ်ရှင်ကောင်းတစ်ခုလို့ညွှန်းရင်းပဲ IMDb မှာလည်း 8 ထိရထားတာမို့ ခုပဲ Channel Myanmar မှာလာရောက် ကြည့်ရှူလိုက်ပါခင်ဗျာ။ File size…1.95GB / 1Gb Quality…1080p True HD AAC 5.1Ch / 720p Format…mp4 Duration….1h 54mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by : Haruko & HM & Yunni

Crime • Horror • Thriller
8 2021 114 mins
Gamanam
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
Riders of Justice
7.3

IMDb....7.7 ,,,Rotten...93% ဒီကာလမှာ ဂျင်းကားတွေခပ်များများကြားထဲက ဒီလို လတ်ဆတ်ကြမ်းထော်နေတဲ့ ratingတွေလာတဲ့ အက်ရှင်ကားက ခပ်ရှားရှားရယ်.... မားကပ် ဆိုတဲ့ စစ်သားကြီးမှာ မိန်းမနဲ့ သမီးတစ်ယောက်ရှိတယ်။ တစ်နေ့မှ ရထားချင်းမတော်တဆ တိုက်မှုမှာ မိန်းမကသေသွားပြီး သမီးနဲ့သူပဲ ကျန်ခဲ့တယ်။ အဲဒီရထားပေါ်မှာပဲ အချက်အလက်တွေကိ တွက်ချက်လေ့လာတတ်တဲ့ ပညာရှင်တစ်ယောက်ပါ ပါလာတယ်။ သူက မသေဘဲ ကျန်ခဲ့ချိန်မှာ ဒီရထားတိုက်မှုဟာ မတော်တဆမဟုတ်ဘူးလို့ သံသယဖြစ်လာတာကြောင့် ဆက်ပြီး စုံစမ်းခဲ့ပါတယ်။ စုံစမ်းရင်းနဲ့ ဒီအမှုဟာ ဆိုင်ကယ်လူဆိုးဂိုဏ်းနဲ့ပတ်သတ်နေတာကို သိလာတဲ့အခါ သိပ္ပံကြမ်းပိုးတွေနဲ့ စစ်သားကြီးပေါင်းပြီး လူဆိုးဂိုဏ်းကို ဘယ်လိုတွေဗျင်းကြမလဲဆိုတာကိုတော့.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Mr.Andersonပဲဖြစ်ပါတယ်... File Size : (1.7 GB) and ( 1 GB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:56:00 Genre :  Action, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae

Crime • Drama
7.3 2020 116 mins
Riders of Justice
Black Warrant

Black Warrant (2022) 2022 က ထွက်ရှိထားတဲ့ ခုကားလေးက​တော့ အက်ရှင်ကား​တွေ ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား​လေးပါ။ ကမ္ဘာ​ကို မီးဖျက်ဖို့ကြိုးစား​နေတဲ့ အကြမ်းဖက်သမား​တွေရဲ့အကြံကို တားဖို့ အ​သေဖမ်းဝရမ်းနဲ့ တာဝန်​ပေးခံရတဲ့ အ​ဖေဖြစ်သူနစ်ခ် နဲ့ နှစ်​ပေါင်းများစွာ အ​ဖေဖြစ်သူနဲ့ကွာ​ဝေး​နေပြီး မူးယစ်ရဲ ဖြစ်​နေတဲ့သားဖြစ်သူ အန်တိုနီတို့ မစ်ရှင်တစ်ခုတည်းကို ဘယ်လိုပူး​ပေါင်းပြီး တားမလဲဆိုတာကို အက်ရှင်ဆန်​ဆန်ရိုက်ပြ​ထားတဲ့ ကားလေးပါပဲ။ အ​ဖေနဲ့သားအကြားက နားလည်မှုလွဲတာ​တွေကို ဘယ်လိုပုံစံနဲ့ ​​ဖြေရှင်းကြမလဲ… ​ပေးထားတဲ့မစ်ရှင်ကိုလည်း သားအဖနှစ်​ယောက် ဘယ်လို အကြံ​ကောင်း​ကောင်း နဲ့ရင်ဆိုင်ရမလဲဆိုတာ​​တွေကို ​တွေ့ရမှာမို့လို့ တစ်​ခေါက်​လောက်​တော့ကြည့်သင့်တဲ့ အက်ရှင်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 700MB Quality – 1080p, 720p Format – mp4 Duration – 1H 34Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2022
Black Warrant
Past Lives
8.4

Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲ အစိမ်းသက်သက်မျက်နှာကလေးကို ဘဝပျက်သွားအောင် ငေးမောရင်း အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.7GB, 2.35GB, 995MB Quality – 4K HEVC, 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 1H 45Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 2023 106 mins
Past Lives
Alien Planet
5.5

ဇာတ်လမ်းလေးကတော့ ရာစုနှစ်ပေါင်းများစွာ ခမီးန်မျိုးနွယ်တွေက လို့ခ်ကိုင်းမျိုးနွယ်ကို ဖိနှိပ်ထားတဲ့အတွက် လို့ခ်ကိုင်းတွေမကျေနပ်တော့ တွန်းလှန်တဲ့အခါ စစ်ပွဲတွေစဖြစ်ပါတော့တယ်။ လို့ခ်ကိုင်းတွေဟာ စစ်ပွဲမှာအများအပြားကျဆုံးခဲ့ကြပြီး စစ်ရှုံးကာ ရော့ကာချီဆိုတဲ့ဂြိုလ်ကိုထွက်ပြေးပါတော့တယ်။ အဲ့ဂြိုလ်မှာက အာဟာရဓာတ်မပြည့်စုံတဲ့အတွက် ဇာ့ထ်ဆိုတဲ့ရေကိုပဲ သောက်ရတဲ့အတွက် Rejuvenation Vial ဆေးရည်ကို အသုံးပြုပြီးလိုအပ်တဲ့ ရေကိုရယူကြရတယ်။ တစ်ဖက်မှာ ခမီးန်တွေနေထိုင်တဲ့ဂြိုလ်ဟာ တလွဲ အသုံးချမှုတွေကြောင့် ရေအရင်းအမြစ်ဆုံးရှုံးလာပါတော့တယ်။ ခမီးန်ခေါင်းဆောင်ဟာ လို့ခ်ကိုင်းတွေမှာရှိတဲ့ Rejuvenation Vial ဟာဂြိုလ်တစ်ခုလုံးကို ပြန်လည်ရှင်သန်လာအောင်လုပ်နိုင်တယ်ဆိုတာသိထားတဲ့အတွက် အတော်ဆုံး စစ်သည်တော်ဖြစ်တဲ့ ဘရိုချိကိုသွားယူခိုင်းလိုက်ပါတယ်။ ဘရိုချိတစ်ယောက်တည်း ဆေးရည်ကိုအရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ File size…2.16GB / 796MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.5 2023
Alien Planet
Venus
5.5

သွေးသံတရဲရဲကြမ်းကြမ်းတမ်းတမ်း Horror ကားတွေကိုမှကြိုက်တဲ့ လူတွေအတွက် Venus ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာ Rating 5.5 ရရှိထားပြီးသူ့အနေအထားနဲ့ သူတော့ကြည့်လို့ ကောင်းတယ်လို့ပြောလို့ရပါတယ်။ နာမည်ကြီး Horror ကားတွေကြည့်ရတာ အကုန်ကုန်ပြီးတော့ ကြည့်စရာရှာနေရတယ်ဆိုရင် ဒီကားလေးကိုတော့စမ်းကြည့်ကြည့်လိုက်ကြပါ။ ဇာတ်လမ်းအစမှာတော့ လူစီယာလို့ခေါ်တဲ့ကလပ်မှာကပြဖျော်ဖြေရတဲ့ ကောင်မလေးတစ်ယောက်က ကလပ်ကနေမူးယစ်ဆေးတွေခိုးပြီး ထွက်ပြေးလာခဲ့တာကိုတွေ့ရမှာပါ။အဲ့ဒီဆေးတွေကြောင့် သူ့အလုပ်ရှင်တွေက သူ့နောက်ကိုလိုက်လာတဲ့အတွက် ကြံရာမရတဲ့အဆုံးသူ့ အစ်မတိုက်ခန်းဆီ သွားခဲ့ပါတော့တယ်။နောက်နေ့မနက်မှာတော့ သူ့အစ်မပျောက်နေပြီး ပြန်မလာတဲ့အပြင် သူ့ကိုလိုက်ရှာနေတဲ့လူတွေရဲ့ရန်ကို ကြောက်တဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ ဆက်နေခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီတိုက်ခန်းကသူ့ကို လိုက်ဖမ်းနေတဲ့ လူတွေထက်အများကြီး ပိုကြီးမားတဲ့ပြဿနာဆိုတာကို လူစီယာတစ်ယောက်သိခဲ့ရပါတော့တယ်။အဲ့ဒီပြဿနာကြီးကတော့ အဲ့ဒီတိုက်ခန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ပြည့်နှက်နေတာပဲဖြစ်ပါတယ်။ လူစီယာတစ်ယောက် တွေ့ကြုံနေရတဲ့ကြောက်မက်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့ အရာတွေက ဘယ်လောက်တောင်ဆိုးတဲ့အရာတွေလဲ သူ့နောက်ကိုလိုက်ဖမ်းနေတဲ့ လူတွေကရော သူ့ကိုရှာတွေ့သွားကြမလား အရေးကြုံနေတဲ့အချိန်မှာ ပျောက်သွားတဲ့ သူ့အစ်မကရော ဘယ်တွေကိုရောက်နေပြီး အချိန်မှီရောပြန်လာနိုင်ပါ့မလားဆိုတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ကြည့်ရှုရမဲ့သည်းထိတ်ရင်ဖိုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 629MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2022
Venus
To All a Good Night
7.7

To All a Good Night (2023) =================== To All A Good Night ဇာတ်ကားကတော့ ခရစ်စမတ်ဒရာမာ ကားလေးပါနော်။ လျှို့ဝှက်ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ဇာတ်အိမ်ကို စစ်မှုထမ်းဟောင်းတွေရဲ့ စိတ်ဒဏ်ရာတွေမှာ သွားပြီး တော့ လျှို့ဝှက်အခြေတည်ထားပါတယ်။ မိသားစုနဲ့အတူ ကြည့်ဖို့ သင့်တော်တဲ့ခရစ်စမတ်ကားလေးပါ။ ခရစ်စမတ်က မိသားစုတွေ အားလုံးအတွက် အမှတ်တရတွေကို ပြန်ပြီးအမှတ်ရစေပါတယ်။ အဲဒီအခါမှာ ဝမ်းသာစရာတွေချည်း မဟုတ်ဘဲ ဝမ်းနည်းစရာတွေပါ ရှိနေတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းစရာတွေကိုကျော်ဖြတ် ပြီးသွားရင်တော့ ခံနိုင်ရည်ရှိတဲ့သူအဖြစ်ရောက်ရှိသွားကြတာပါပဲ။ ဒီလိုကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ့်အနားမှာ အားပေးမယ့်သူလိုအပ် ပါတယ်။ ဆမ် နဲ့ စီစိီတို့ ဘယ်လို ကျော်ဖြတ်သွားကြပါသလဲ ။ ဒီရုပ် ရှင်ကို ဒါရိုက်တာ Andy Mikita က ရိုက်ကူးထားပြီးတော့ IMDb rating 7.7 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.97 GB) / (722 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thy Santa Encoder……….SWM

7.7 2023
To All a Good Night
The Wild Blade of Strangers
6.1

ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။ အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ ‌သုတ်သင်ခံလိုက်ရပါတော့တယ် ။ မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်‌သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။ အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။ အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ

Drama • Music • Romance
6.1 2024
The Wild Blade of Strangers
Sherina’s Adventure 2
7.2

Sherina’s Adventure 2 (2023) အင်ဒို musical ကားလေး Sherina’s Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။ Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီး အထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့ အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။ တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲက မျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။ အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာက သူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ… သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ သီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Drama Quality…. 1080p | 720p File size… 2.6GB | 1.1GB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.2 2023
Sherina’s Adventure 2
11 A.M.
5.6

11 A.M (2013) ************** အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားလေးက သိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် .. ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young, High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့ Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအကျဉ်း ************ ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့ အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် .. ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ .. ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) က ဆေးကျောင်းကနေထွက်ပြီး သိပ္ပံပညာဘက်ကိုလေ့လာရင်း အချိန်ခရီးသွားစက်တီထွင်တဲ့ စီမံကိန်းမှာ ပါဝင်ဖို့ရာဖြစ်လာခဲ့တယ် .. ရုရှားကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုပြီး စီမံကိန်းကို ၃နှစ်တာကြိုးစားခဲ့ပေမဲ့ သိသာတဲ့ရလဒ် မရှိတဲ့အတွက် စာချုပ်သစ်ထပ်ချုပ်ဖို့ ခက်ခဲနေတဲ့ သူတို့အဖွဲ့ဟာ ဓာတ်ခွဲခန်းကနေ ပြန်လည်ထွက်ခွာပေးဖို့ရာဖြစ်လာခဲ့တယ် .. ဒါပေမဲ့ စီမံကိန်းကို လက်မလျှော့ချင်သေးတဲ့အတွက်ကြောင့် စာချုပ်အသစ်ချုပ်ဆိုဖို့အတွက် အချိန်ခရီးသွားစက်ကို စမ်းသပ်လည်ပတ်မှုပြုလုပ်ဖို့ ဖြစ်လာပြီး မနက်ဖြန်ကို အချိန်ခရီးသွားခဲ့ကြတယ် .. မနက်ဖြန်ကို ရောက်သွားတဲ့ အချိန်မှာ သူတို့ရဲ့ဓာတ်ခွဲခန်းကြီးက မီးလောင်ပြီး ပြိုကျနေတာကိုတွေ့ခဲ့ရတယ် ဘယ်လိုဖြစ်လို့ ဓာတ်ခွဲခန်းက အဲဒီလိုဖြစ်သွားရတာလဲဆိုတာကို စုံစမ်းရင်း မထင်မှတ်ထားတဲ့ အမှန်တရားတွေကိုတွေ့ပြီး ထိတ်လန့်သွားကြရတဲ့ သူတို့တွေ .. ဘယ်လိုဆက်လုပ်ကြမှာလဲဆိုတာကိုတော့ 11 A.M ဆိုတဲ့ Sci-fi / Thriller ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Vanessa မှရေးသားထားပါတယ်) File size…1.68GB / 643MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 39 min. Genre ….. Thriller, Mystery, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by AHtet

5.6 2013
11 A.M.