YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Congo.1995.480p.(CM).mp4

890.18 MB N/A video/mp4 172 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Side Effects
6.6

မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ...... ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်... File size…(1.4 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Htet Aung

Comedy • Drama
6.6 2013 106 mins
Side Effects
Nussa
6.7

ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။ နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။ အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 GB) / (520 MB) / (300 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 47mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animcation, Adventure, Comedy Translator.......C'mon Encoder..........SWM

Adventure • Animation • Comedy • Family
6.7 2021 107 mins
Nussa
The Legend Of Aquawitch

ဟိုး....ကိုယ်မမြင်နိုင်တဲ့ ရေအောက်တစ်နေရာမှာ ကိုယ်တွေမသိနိုင်တဲ့ အရာတွေရှိနေတတ်ပါတယ် ထူးဆန်းထွေလာ/သည်းထိတ်ရင်ဖိုဇာတ်ကားတွေ သဘောကျတဲ့သူတွေအတွက်တော့ ဒီဇာတ်ကားလေးက အကြိုက်တွေ့စေမှာအသေချာပါပဲရှင် ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့......, ချန်အန်းမြို့ရဲ့ ညနက်ယံအချိန်ကာလ..., ချွီကျန်းရေကန်မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီးတဲ့နောက် ရေထဲမှ မကောင်းဆိုးဝါးတစ်ကောင်ဟာ လူတွေကို ဝါးမျိုစားသောက်တယ်ဆိုတဲ့ ကိစ္စတစ်ခုဟာ တိုင်းပြည်တစ်ခွင်ပျံ့နှံ့လို့လာခဲ့ပါတော့တယ် တိုင်းပြည်ရဲ့အိမ်ရှေ့စံမင်းသားဟာ ဆောင်းဦးလယ်ပွဲတော်နေ့အချိန်မှာ ထီးနန်းကိုဆက်ခံပြီး ချွီကျန်းရေကန်မှာ မိခင်ဖြစ်သူအတွက် အောင့်မေ့သတိရဖွယ် အခန်းအနားတစ်ခု ကျင်းပဖို့ စီစဥ်ထားတာလဲဖြစ်ပါတယ် အဲ့ဒါကြောင့် ဆောင်းဦးလယ်ပွဲတော်မတိုင်ခင်မှာ တရားရုံးချုပ်ကို ရေထဲကမကောင်းဆိုးဝါးနဲ့ ပတ်သတ်တဲ့အမှုစစ်ဆေးစုံစမ်းဖို့အတွက် အမိန့်ပေးခြင်းခံရပါတယ် အဲ....ဒီလိုနဲ့ , ဆောင်းဦးလယ်ပွဲတော် ညမှာ အိမ်ရှေ့စံရဲ့ လှေဟာ ရေကန်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားတဲ့အချိန်မှာတော့ ဧရာမ ရေသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကို ခံရပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူက ကဘယ်သူဖြစ်မလဲ ဒီကိစ္စကြီးဟာ ကြောက်ဖို့ကောင်းလှတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားတဲ့အချိန်မှာတော့ ....? ❏ သူဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲ ❏ နောက်ကွယ်ကြိုးကိုင်သူတွေကိုရော သူအဆုံးသတ်နိုင်ပါ့မလား ❏ ရေမိစ္ဆာကြီးကို သူနှိမ်နှင်းနိုင်ပြီး အိမ်ရှေ့စံနဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်နိုင်ပါ့မလာဆိုတာ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်ရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080 , 480p Format : mp4 Genres : Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama
0 2022 84 mins
The Legend Of Aquawitch
Oprah + Viola: A Netflix Special Event

Viola Davis ဟာ အမေရိကန်ရုပ်ရှင်လောကမှာ အောင်မြင်မှုအင်တန်ကြီးမားတဲ့ လူမဲအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ How to get away with murder, Fences, Ma Rainey’s Black Bottom, Suicide Squad စတဲ့ ဇာတ်လမ်းကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး Academy, Emmy Award, Tony award တို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့သူပါ။ သို့ပေမယ့် သူ့ရဲ့ငယ်ဘဝကတော့ ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ Viola ဟာ အင်မတန်ဆင်းရဲချို့တဲ့ပြီး ကြမ်းတမ်းတဲ့ဖခင်နဲ့အတူ ကြီးပြင်းလာခဲ့ပါတယ်။ ၁၉၆၀ဝန်းကျင်က လူမဲတွေအပေါ် အသားအရေခွဲခြားရှုံ့ချခြင်းတွေကို အလူအလဲခံရင်း အနုပညာလမ်းကြောင်းပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ ပြင်းထန်တဲ့ကြိုးစားအားထုတ်မှုတွေကို ပြုခဲ့ရသူပေါ့။ 2022 April 26မှာ Viola ဟာ Finding Me : A Memoir ဆိုတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ရေးသားထားတဲ့ အကြောင်းအရာတွေ အများကြီးထဲက အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေဖြစ်တဲ့ ငယ်ဘဝကမိသားစုအခြေအနေ၊ အနုပညာပါရမီကို ရှာဖွေတွေ့ရှိခဲ့ပုံ၊ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိရန်ကြိုးပမ်းခဲ့မှု၊ အဖိုးမဖြတ်နိုင်တဲ့လူအချို့နဲ့ တွေ့ဆုံခြင်း စတဲ့အကြောင်းအရာတွေကို အမေရိကန် talkshow host တစ်ယောက်ဖြစ်တဲ့ Oprah Winfrey နဲ့အတူ ဆွေးနွေးသွားတာဖြစ်ပါတယ်။ Zero to hero ဖြစ်လာခဲ့တဲ့ ဒီအမျိုးသမီးရဲ့ပုံပြင်ကို နားဆင်ရင်း လမ်းပျောက်နေတဲ့ လူတိုင်းအတွက် ဘဝခရီးလမ်းပေါ် တွန်းတင်ပေးတဲ့ စိတ်ခွန်အားလေးဖြစ်နိုင်မယ်လို့ ယုံကြည်ရင်း ဒီ talkshow အစီအစဉ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Action • Crime • Thriller
0 2022
Oprah + Viola: A Netflix Special Event
Forgetting Sarah Marshall
7.1

Forgetting Sarah Marshall (2008) ~ IMDb – 7.1/10, Rotten Tomatoes – 83% ~ ကိုယ့်ရဲ့ချစ်သူနဲ့လမ်းခွဲရပြီဆိုပါတော့… လူတိုင်းက ပူဆွေးမယ်၊ ဝမ်းနည်းမယ်၊ နာကျည်းမယ်၊ ခံစားရခက်မယ်။ ဒါပေမယ့် တစ်ချိန်ချိန်ကျရင်တော့ ဒီစိတ်ခံစားမှုတွေက ရုန်းထွက်ပြီး ကိုယ့်လမ်းကိုယ်ပြန်လျှောက်ရတာပါပဲ။ ဒီအတိုင်းပါပဲ “ဆာရာမာရှယ်ကိုမေ့ပစ်ခြင်း” ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ချစ်သူ နာမည်ကျော်မင်းသမီး ဆာရာမာရှယ်ရဲ့လမ်းခွဲစကားကိုကြားခဲ့ရပြီးတဲ့နောက် ဂီတသမား ပီတာဘရက်ထာရဲ့ဘဝက စုတ်ပြတ်သွားပါ​တော့တယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် ဟာဝိုင်အီကို ခရီးထွက်ပြန်တော့လည်း အဆက်ဟောင်း ဆာရာမာရှယ်က ကောင်လေးအသစ်နဲ့ ဟာဝိုင်အီကိုရောက်နေပြန်ပါတယ်။ ဒီလိုအဖြစ်မျိုးမှာတောင် သူ့ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်ပုံဘယ်နည်းနဲ့ပြန်ရှာတွေ့သွားလဲဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ရိုးရှင်းတဲ့ ဇာတ်လမ်းဆိုပေမယ့် လူတွေရဲ့ သဘောသဘာဝကို ချပြထားတဲ့ရုပ်ရှင်ဆိုရင်လည်းမမှားပါဘူး။ ချစ်သူရည်းစားတွေကြားထဲမှာ ကိုယ့်အတွက်ကဘာမဟုတ်တဲ့ကိစ္စလေး၊ ကိုယ့်အတွက်လုပ်နေကြကိစ္စလေးဆိုပေမယ့် အချင်းချင်းမပွင့်လင်းကြတဲ့အခါ အမှိုက်ကစ ပြဿာဒ်မီးလောင်သွားတာတွေ၊ ကိုယ့်ဘေးမှာရှိနေခဲ့တုန်းက တန်ဖိုးမထားခဲ့ဘဲ နောင်တစ်ချိန်မှအခါလွန်မိုးရွာချတတ်တာတွေပေါ့။ Frozen Animation ထဲက မင်းသမီးအန်နာအဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kristen Bell အပြင် Black Swan ရုပ်ရှင်မှာ ဇာတ်ပို့မင်းသမီး၊ Friends with Benefits မှာခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးညိုချောလေး Mila Kunis တို့က အဓိကမင်းသမီးနှစ်လက်အနေနဲ့ပါဝင်ထားပါတယ်။ မင်းသားကတော့ မသိပါဘူး။ စတာပါ :3 ပီတာဘရက်ထာအဖြစ် How I Met Your Mother Sit-com ထဲက Marshall တဖြစ်လဲ Jason Segel ကသရုပ်ဆောင်ထားပါတယ်။ ကိုင်း ညွှန်းတာလည်းများပြီဆိုတော့ IMDb – 7.1/10, RT – 83% ရထားတဲ့ ဟာသရိုမန့်စ်ကားလေးကိုကြည့်ရှုခံစားလိုက်ကြပါဦး။ ဪ ဒါနဲ့… ကွက်ကွက်ကွင်းကွင်းအခန်းလေးတွေ အနည်းငယ်ပါတဲ့အပြင် အသုံးအနှုန်းတွေကလည်း နည်းနည်းတော့ကြမ်းပါတယ်လို့ သတိလေးတော့ပေးခဲ့ချင်ပါသေးတယ်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Drama • History • War
7.1 2008 111 mins
Forgetting Sarah Marshall
Other Monsters
4.6

စစ်ထွက် လူပေလူတေကြီးတစ်ယောက် ပိုက်ဆံမရှိ နေစရာမရှိ အလုပ်မရှိ လျှောက်သွား တောင်းစား အရက်ကိုမိုးမလင်းသောက် ဘဝရဲ့ အလင်းရောင် ပျောက်နေရှာသူကြီး…. အဲဒီလူကြီးကို သေဘေးကနေ ကယ်တင်ပေးလိုက်တဲ့ ပြည့်တန်ဆာမလေးတစ်ယောက် နေစရာပေး ပိုက်ဆံပေး အလုပ်ခန့် လစာပေး ခန္ဓာကိုယ်ပါပေး နောက်ဆုံး အချစ်တွေပါ ပေးလိုက်ပါသတဲ့ အဲဒီပြည့်တန်ဆာမလေးကို လူတစ်အုပ်က အနိုင်ကျင့်သတ်ဖြတ်ပြီး စစ်သားထွက်ကြီးကို လူသတ်တရားခံ မုဒိမ်းကောင်အဖြစ် အကွက်ဆင်ထားခဲ့ပြီး နံရံတွေနောက် ၁၄ နှစ် ရောက်သွားရတဲ့ ကံဆိုးသူမောင်ရှင်…. သူထွက်လာတဲ့တစ်နေ့မှာ အဲဒီနေ့က လူတစ်အုပ်ကို တစ်ယောက်ချင်း ရှာဖွေလို့ ပြန်လှန်လက်စားချေတဲ့အခါမှာတော့… စစ်သားအိုကြီး နံရံတွေနောက်ကထွက်လာ ‌ေြခတုန်လက်တုန်နဲ့ သေနတ်ကိုင် လက်စားချေခရီးကြမ်းကို အပြီးထိလှမ်းနိုင်ပါ့မလား… ဒီဇာတ်ကားမှာ အပေါ်ပိုင်းဗလာကျင်းတာတွေ လိင်အသားပေးစကားတွေ အဆဲအဆိုတွေကြောင့် မိသားစုနဲ့ အတူတော့ မကြည့်သင့်ပါဘူး ။ File Size__(1.1GB) / (550MB) Quality__WEB-DL_1080p, 720p IMDb Rating__4.6/10 Format__mp4 Duration__01:32:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Action • Adventure • Science Fiction
4.6 2022 93 mins
Other Monsters
Qodrat
6.5

Qodrat (2022) ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p | 480p File size… 1.3GB | 615MB | 308MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

6.5 2022 102 mins
Qodrat
The Doorman (O Porteiro)
6.3

ဗော့ဒီစနေ ဆိုတာက နယ်မြို့လေးကနေ ရီယို ဒီ ဂျနေးရိုးမြို့ကိုတက်လာပြီး ကွန်ဒိုတစ်ခုမှာ ဧည့်ကြိုလုပ်ရင်း မိသားစုဘဝလေးတစ်ခုကို ထူထောင်နေခဲ့တဲ့လူပါ။ ဘရာဇီးသားဗော့ဒီစနေ ကြောက်ရတဲ့အရာကတော့ ပဲခူးသားတွေနဲ့အတူတူပါပဲ၊ မိန်းမပါ။ ဗော့ဒီစနေရဲ့ မိန်းမဖြစ်သူ လော်ရီဇီကတော့ ဗော့ဒီစနေကို နိုင်လွန်းသူဖြစ်ပြီး တစ်နေ့တစ်နေ့ ဆူဆူညံညံဖြစ်နေတဲ့ မိသားစုလေးတစ်ခုပါပဲ။ ဒီလိုရိုးသားပြီး သဘောကောင်းတဲ့ လူရိုးကြီးဖြစ်တဲ့အပြင် ကွန်ဒိုမှာနေတဲ့လူတွေ အကူအညီတောင်းသမျှကိုလည်း မညည်းမညူနဲ့လုပ်ပေးတတ်တာမလို့ ကွန်ဒိုက လူတိုင်းကလည်း ဗော့ဒီစနေဆိုရင် သဘောကျကြပါတယ်။ သူ့ကိုအပြစ်မြင်နေသူကတော့ ကွန်ဒိုမန်နေဂျာအသစ် အက်စတိုဖိုပါ။ ဗော့ဒီစနေက ဧည့်ကြိုဆိုပေမဲ့လည်း တာဝန်ချိန်ဆိုရင် ဝင်ပေါက်နေရာမှာရှိမနေဘဲ ကွန်ဒိုမှာနေတဲ့သူတွေကို ပတ်ကူညီနေတာကြောင့် နောက်ဆို ဝင်ပေါက်မှာရှိမနေရင် အလုပ်ဖြုတ်မယ်ဆိုပြီးတော့ပါ သတိပေးထားခဲ့ပါတယ်။ ကွန်ဒိုအစည်းအဝေးလုပ်မဲ့နေ့မှာ ဗော့ဒီစနေတစ်ယောက် သူ့ရဲ့ပုံမှန်အလုပ်တာဝန်တွေလုပ်နေရင်း ကွန်ဒိုတစ်ခုလုံးကို အနုကြမ်းစီးဓားပြတိုက်ခံရလိုက်ရပါတယ်။ ဗော့ဒီစနေကိုလည်း အတွင်းလူ ကြံရာပါအဖြစ် မန်နေဂျာက တိုင်ချက်ဖွင့်လိုက်တာကြောင့် ဗော့ဒီစနေတစ်ယောက် ရဲစခန်းရောက်သွားခဲ့ပါပြီ။ ဒီလိုနဲ့ ဓားပြမှုကြံရာပါအဖြစ်ကနေ ဗော့ဒီစနေတစ်ယောက် အပြစ်မရှိကြောင်းသက်သေပြပြီး ပြန်လွတ်လာနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ဘရာဇီး ဟာသရုပ်ရှင်ကားဖြစ်တဲ့အပြင် ဟာသတွေကိုလည်း ရုပ်တည်ကြီးတွေနဲ့ဖောက်နေကြတာမလို့ အူနှိပ်နေအောင် ရယ်နေရမှာသေချာပါတယ်။ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

6.3 2023 83 mins
The Doorman (O Porteiro)
The Fighting Chefs
4.8

The Fighting Chefs (2013) ဟိုးအရင်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ အားလပ်တဲ့အချိန်လေးမှာ အချိန် ၁ နာရီခွဲကျော်ကျော်ပေးပြီး ပေါ့ပေါ့ပါးပါး ကြည့်ရသလို၊ ဖိလစ်ပိုင်မင်းသမီး လှလှလေးတွေကိုလည်း ငမ်းလို့ရမယ့် ရုပ်ရှင်မျိုးပါ။ ဇာတ်လမ်းက ထူးခြား၊ ဇာတ်အိမ်ခိုင်မာလို့ အချိန်ပေးရကျိုးနပ်မယ့် Action, Comedy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ သူဌေးကြီးတစ်ယောက်ရဲ့ မြေပေါ်က အဆောက်အဦးတစ်ခုမှာ စားသောက်ဆိုင်တွေ ကိုယ်စီဖွင့်ကြရင်း တစ်ပိုင်တစ်နိုင်နဲ့ လုပ်စားကြတဲ့ စားဖိုမှူးတွေ ရှိကြပါတယ်။ ဒါပေမယ့် သမ္မာအာဇီဝကျကျ လုပ်စားနေကြတဲ့ သူတို့ဘဝတွေကို ဂြိုဟ်ဆိုးဝင်မွှေပါတော့တယ်။ မြေပိုင်ရှင် သူဌေးကြီးက အဲအဆောက်အဦးကို ဖျက်ပြီးတော့ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်တော့မှာမို့ သူတို့အားလုံးကို အချိန် သုံးလ ပေးပြီးတော့ နှင်ထုတ်ပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးရဲ့ ညီဖြစ်သူကတော့ သုံးလအချိန်ပေးတာကို မကျေနပ်ဘဲ စားဖိုမှူးတွေကို အမြန်ဆုံးထွက်သွားအောင် နှင်ထုတ်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ ထုတ်သုံးတာတဲ့အချိန်မှာတော့ စားဖိုမှူးတွေလည်း သူတို့လုပ်ငန်းရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်…. အညျွန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p File size… 2.7GB | 1.2GB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

4.8 2013
The Fighting Chefs
Once Upon a Time in High School
7.5

ဒီကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ drama အမျိုးအစားကားလေးဖြစ်ပါတယ် ဇာတ်ကားရဲ့အမည်လေးအတိုင်းပဲ အထက်တန်းကျောင်းဇာတ်လမ်း​လေးတစ်ခုပါ ဇာတ်လမ်းရဲ့အစမှာတော့ ဟွန်းဆူဆိုတဲ့ကောင်​လေး တစ်ယောက်ဟာ မိဘတွေကဆိုးလ်ကိုပြောင်းလာတာနဲ့ သူလည်းကျောင်းပြောင်းခဲ့ရတယ် အဲ့လိုနဲ့ ကျောင်းကိုသွားတဲ့ဘတ်စ်ကားပေါ်မှာ မထင်မှတ်ပဲ အွန်းဂျူဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ကြတယ် အွန်းဂျူအပေါ်ကို ဟွန်းဆူကရော ဟွန်းဆူရဲ့သူငယ်ချင်းဝူးရှစ်ကပါ သဘောကျနေမိတဲ့အခါမှာတော့ သူတို့ဘာဆက်ဖြစ်ကြမလဲ အွန်းဂျူကရော ဘယ်သူ့ကိုရွေးချယ်လိုက်မှာလဲဆိုတာတွေကိုတော့ ဒီဇာတ်ကားလေးထဲမှာကြည့်ပေးကြပါဦး ထူးခြားတာက ဒီဇာတ်လမ်းလေးက လူငယ်အချစ်ဇာတ်လမ်းတင်မကဘဲ ကျောင်းတွင်းကြီးနိုင်ငယ်ညှင်း အနိုင်ကျင့်ကြတဲ့အကြောင်းတွေပါထည့်ရိုက်ထားတာမို့ ပိုစိတ်ဝင်စားစရာကောင်းပါတယ် ဇာတ်ကားတစ်ခုလုံးကို ၁၉၉၀ ပတ်ဝန်းကျင်ကိုအခြေခံရိုက်ထားတာမို့ အရင်ခေတ်ကအဝတ်အစား အပြင်အဆင်လေးတွေနဲ့မို့ တစ်မျိုးလေးပိုကြည့်​လို့ကောင်းပါတယ် File size_(1GB) Quality_Blu-Ray 720p Format_mp4 Duration_01:59:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_Sithu Translated by Shwe Yee Oo

Drama
7.5 2004
Once Upon a Time in High School
The Nomad

ဒီဇာတ်ကားကတော့ 2023 ခုနှစ်ထွက် Crime/Drama ကားဖြစ်ပါတယ် ဒနင်း ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှုအပြီးမှာ အယ်လ်ရွန်က အရမ်း ဒေါသထွက်ပြီး ဘုန်းတော်ကြီးတွေကို လိုက်သတ်တော့တယ် သတင်းထောက်မလေး လေယာက အယ်လ်ရွန် လူသတ်မှုကို ဗီဒီယို မှတ်တမ်း အရယူလိုက် နိုင်တယ် ဒါပေမဲ့ လီယာက အယ်လ်ရွန် အဖမ်းခံရဖို့ထက် ပိုအရေးကြီးတဲ့ Personal ကိစ္စလေးတွေရှိနေပြန်တယ် အဲ့တော့ ဒီကနေ ဘယ်လိုဘာဆက်ဖြစ်ကြမလဲ သူတို့ ရှာဖွေတွေ့ရှိမှုကရော ဘာမို့လို့ အယ်လ်ရွန်က ဘုန်းတော်ကြီးတွေကို လိုက်သတ်နေတာလည်း သတင်းထောက်လေးကရော အယ်လ်ရွန်ကို ရဲလက်အပ်မှာလား အသုံးချမှာလား ဒနင်းကရော ဒီ အရှုပ်ထုပ်ထဲ ဘယ်လို ၀င်ပတ်သက်မှာလည်း ကြည့်ရမှာ ဖြစ်ပါတယ်… ဘာသာရေး/ဘ၀ရဲ့ အဓိပွါယ် စတဲ့ themes တွေနဲ့ပတ်သက်ပြီး တွေးစရာ dialgoues တစ်ချို့ပါပါတယ် File size…(896 MB)/(440 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by BB

Science Fiction • Action • Drama • Fantasy • Thriller
0 2023
The Nomad
The Ice Harvest

ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ကြည့်ရှု​ရမှာ​ဖြစ်ပါတယ်။ ဇာတ်လမ်း​က ရှုပ်ထွေး​မှုမရှိပေမဲ့ ဇာတ်​ကောင်​တွေရဲ့စရိုက်ကြောင့် စိတ်မအီမသာဖြစ်တဲ့ ခံစား​မှု​မျိုး​ကိုပေးပြီး တစ်ချိန်​တည်း​မှာ Dark​ Humor တွေနဲ့အတူ Crime/Thriller​ ဇာတ်ကား​တစ်​ကား​ရဲ့ရသကိုလည်း ပေးနိုင်​တဲ့ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်​တစ်ခု​လုံး​မှာ အပေါ်​ယံရွှေမှုန်ကြဲထားပေမဲ့ အတွင်း​မှာလှိုက်​စားပျက်စီးနေတဲ့ Wichita လူအဖွဲ့အစည်းကို ဖော်ညွန်းထားပြီး အဲဒီအသိုင်းအဝိုင်းကနေ ထွက်​ပြေးဖို့ကြိုးစားနေတဲ့ Charlie နဲ့ သူငယ်ချင်း​ဖြစ်သူ​ Pete ကို တွေ့မြင်​ရမှာဖြစ်ပါတယ်။ ရုန့်ရင်း​ကြမ်းတမ်း​တဲ့ စကားလုံး​တွေပါဝင်တာကြောင့် ကလေး​တွေ ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(1.4 GB)/(633 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

0 2005
The Ice Harvest
First Daughter

ဒီဇာတ်ကားလေးက ၂၀၀၄ ခုနှစ်ကထွက်ရှိထားပြီး IMDB 5.1 ရရှိထားတဲ့ ကောလိပ်ကျောင်းသူဇာတ်ကားလေးပါ။ ကောလိပ်ကျောင်းသူဘဝဆိုပေမယ့် ခေါင်းကြီးတို့မျှော်လင့်သလို ဘာညာတွေပါမှာမဟုတ်ဘဲ အချစ်ဆိုတာနဲ့ ဘဝဆိုတာကြီးကိုပထမဆုံးကြုံတွေ့ရတဲ့ သမ္မတသမီးလေးတစ်ယောက်အကြောင်းကိုတွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းကတော့ အရွယ်ရောက်လို့ကျောင်းသွားတက်တဲ့ သမ္မတသမီးလေး Samantha ဟာ ကောလိပ်တက်ရင်း သူလိုချင်တဲ့ သာမန်ဘဝနဲ့အပေါင်းအသင်းဆိုတာကတစ်ဖက်၊ ရင်ခုန်တက်စအရွယ်မှာပဲ သူကြိုက်မိတဲ့ကောင်လေးက သူ့အဖေရဲ့လျှို့ဝှက်အေးဂျင့်ဖြစ်နေလို့အသည်းကွဲတာကတစ်ဖက်၊ သူ့အဖေရဲ့သမ္မတဖြစ်ရေးကိုပံ့ပိုးပေးချင်တဲ့စိတ်ကတစ်ဖက်နဲ့ သူ့ဘဝရဲ့ကျောင်းသူဘဝကိုဘယ်လိုတွေကျော်ဖြတ်မလဲ ဆိုတာကတော့ ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ပြောရရင်တော့ အချစ်ဆိုတာကို ဂုဏ်ပကာသနအောက်မှာချုပ်တည်းရင်း ရင့်ကျက်တဲ့ကောလိပ်ကျောင်းသူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံလေးကို ဆွတ်ပျံ့ဖွယ်ရှုစားရမှာဖြစ်ပဲပါတယ်။ ဟုတ်ကဲ့ ကျွန်တော်ကတော့ Alex 666 ပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Family, Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alex

0 2004
First Daughter
Love The Stars
5.7

CM ရဲ့ ဇာတ်ကားတွေကို အားပေးနေတဲ့ ချစ်ပရိတ်သတ်တို့ရေ… အခန်းတစ်ခန်းထဲမှာ မတူညီတဲ့အချိန်နှစ်ခုက လာတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်တယ်နော်… ဘတ်ဂျက်ကားလေးဆိုပေမယ့် ရူပါတွေက နွံထဲက ပတ္တမြားခဲလေးမို့အရှုံးမရှိသလို… ဇာတ်လမ်းလေးကလည်း မဆိုးလှဘူး ဘာဖြစ်မလဲ တွေးတွေးရင်း ဇာတ်သိမ်းသွားတာတောင်မသိလိုက်ဘူးဖြစ်မယ်… ဇာတ်လမ်းလေးကတော့ အင်္ဂလန်မှာ ကျောင်း၅ နှစ်တက်ပြီး ပြန်လာတဲ့ ရှန်ကျန့်ဆိုတဲ့ ကောင်လေးဟာ… အမေတစ်ခု သားတစ်ခုမို့ သူ့အပေါ် အမှီခိုလွန်တဲ့ အမေကို ဆန့်ကျင်ဖို့ တစ်ယောက်တည်း အခန်းငှားခဲ့ရာက စတာပါပဲ… တစ်မနက်ခင်းလုံး အကောင်း အကျိုးဆောင်နဲ့ အိမ်အတူတူကြည့်ပြီး စိတ်တိုင်းကျလို့တောင် စာချုပ်ချုပ်ပြီးပြီ…. ပြောင်းပြီးလာလည်းလာရော ည ၉ နာရီရောက်မှ ထူးထူးခြားခြား သူပြင်ဆင်ထားတဲ့ အခန်းအပြင်အဆင်တွေအားလုံးပြောင်းသွားတဲ့အပြင် သူ့အခန်းထဲမှာ ပိုင်မုန့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ ပေါ်လာတယ်… နောက်တော့ အဲ့ပိုင်မုန့်ဆိုတဲ့အမျိုးသမီးက ဒီအခန်းရဲ့ပိုင်ရှင်တဲ့… သာမန်အနေအထားဆို အခန်းလိမ်ခံရပြီး စာချုပ်မှားချုပ်မိတာပေါ့… ဒါပေမယ့် ထူးခြားတာက သူက ဩဂုတ်လ ၁ ရက်နေ့မှာရှိနေပြီး သူ့ကိုရန်လုပ်နေတဲ့ အမျိုးသမီးက ဇွန်လ ၁ ရက်နေ့မှာ ရှိနေတာပါပဲ… ဘာလို့ သူတို့ကြားမှာ ဒီလို ကိစ္စပေါ်လာတာလဲ… ဘာလို့ အချိန်နှစ်ခု တိုက်ခန်းတစ်ခန်းဖြစ်နေတာလဲ… ပိုင်မုန့်နဲ့ ရှန့်ကျန့်ကြားမှာ ဘာပတ်သက်မှုရှိနေလို့လဲ… ဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြတော့နော်

5.7 2024
Love The Stars
Unknown Soldier

Unknown Soldier (2017) ************************ IMDb….7.7 Hacksaw Ridge နောက်ပိုင်း စစ်ကားကောင်းတွေ မထွက်တာတော့ စစ်ကားကြိုက်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာပါပဲ.. သို့ပေမဲ့ ဝမ်းသာစရာကောင်းတာ က ဒီဇာတ်ကားဟာ စစ်ကားကောင်းစာရင်းထဲပါသလို အကောင်းဆုံးမင်းသားဆု၊တည်းဖြတ်ဆု၊ အသံတည်းဖြတ်ဆုနဲ့ မိတ်ကပ်ဆုလည်း ရခဲ့တဲ့အပြင် အခြားဆု (၆) ဆုလည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်…. ဖင်လန်နိုင်ငံရဲ့ နာမည်ကြီးအရောင်းရဆုံးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကတော့ ၁၉၄၁ ဂျွန်လလောက်တွင် ဖင်လန်နိုင်ငံဟာ နာဇီဂျာမန်နဲ့ မဟာမိတ်ဖွဲ့ခဲ့ရတယ်.. ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရုရှားဆိုဗီယက်တို့ရဲ့ နယ်မြေသိမ်းတိုက်ခိုက်မှုတွေနဲ့ အပြင်းအထန် ကြုံတွေ့ခဲ့ကြရတယ်.. ၁၉၃၉ ခုနှစ်တုန်းက ဆောင်းတွင်းတိုက်ပွဲမှာဆုံးရှုံးသွားတဲ့ ကာရီးလီးယားနယ်မြေကို ရုရှားတို့ဟာ ပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ခဲ့ကြပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပါတယ်… စစ်ပွဲကာလ အတောအတွင်းမှာ ဖင်လန်ရဲဘော်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်မှုတွေကိုအဓိကထားပြီးရိုက်ကူးထားတာပါ… ဒီကားက ပေးချင်တဲ့ Message လေးတွေအရမ်းကောင်းတယ်… ဇာတ်ကားက စဆုံးကို တိုက်ပွဲတွေပြည့်နှက်လို့နေပါတယ်….. စစ်ကားကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်..) File Size : 3.50GB/ 1.64GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…03:00:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

0 2017 179 mins
Unknown Soldier