Gran Turismo(2023) ******************* ကားပြိုင်ဂိမ်းသမားအဖြစ်မှ ကမ္ဘာ့အဆင့်ပြိုင်ကားသမားဖြစ်လာသူ ယန်း မာဒန်ဘိုရော့ အကြောင်း ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်ပါတယ်။ ကားပြိုင်ပွဲတွေရဲ့ ရင်ခုန်ရတဲ့အရသာကိုလိုချင်ရင် ဒီရုပ်ရှင်လည်း ကြည့်ကိုကြည့်ရမှာပါပဲ။ ယန်းဟာ ကားပြိုင်ဂိမ်းတွေထဲမှာ နာမည်ကြီးဖြစ်တဲ့ ဂရန် တူရစ္စမို ဂိမ်းကို စွဲစွဲလမ်းလမ်း ကစားခဲ့သူဖြစ်ပြီး အကောင်းဆုံးဂိမ်းသမားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ ဂရန်တူရစ္စမိုဂိမ်းဟာလည်း တကယ့်ပြိုင်ကားတွေ၊ ပြေးလမ်းတွေကို အသေးစိတ်လေ့လာပြီးမှ ထုတ်လုပ်ထားတဲ့ဂိမ်းဖြစ်လို့ အရမ်း လက်တွေ့နဲ့နီးစပ်ပြီး လူသန်းပေါင်းများစွာ ကစားနေကြတဲ့ဂိမ်းပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး နစ်ဆန်းကားကုမ္ပဏီနဲ့ ဆိုနီဂိမ်းတို့ ပူးပေါင်းပြီး ဂိမ်းသမားတွေကို တကယ့် ပြိုင်ကားပရော်ဖက်ရှယ်နယ်ဖြစ်လာအောင်လေ့ကျင့်ပေးတဲ့ GT အကယ်ဒမီအစီအစဉ်ကိုစတင်ခဲ့ပါတယ်။ ယန်း မာဒန်ဘရော့ကလည်း ဒီအစီအစဉ်မှာ ပါသွားခဲ့တဲ့ လူငယ်တစ်ယောက်ပါ။ ဂိမ်းသမားကနေ ပြိုင်ကားအစစ်ကိုတက်မောင်းပြီး ဆုတွေယူဖို့ဆိုတာ ဘယ်သူမှ မယုံကြည့်ခဲ့ပေမဲ့ ယန်းကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာပါ ဆုတွေရအောင်စွမ်းဆောင်နိုင်ခဲ့တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ပြိုင်ကားရုပ်ရှင်တွေထဲမှာ အကောင်းဆုံးတစ်ကားဖြစ်တဲ့ Ford vs Ferrari ရုပ်ရှင်လိုမျိုးပဲ အတော်ကို ကောင်းတဲ့ရုပ်ရှင်တစ်ကားပါပဲ။ IMDb မှာလည်း 7.4 အထိ ရရှိထားပါတယ်။ ဒါရိုက်တာကတော့ Elysium တို့ District 9 တို့ရဲ့ ဖန်တီးရှင် Neill Blomkamp ပါပဲ။ ယန်းမာဒန်ဘိုရော့အဖြစ် Archie Madekwe က သရုပ်ဆောင်ထားပြီး သူ့ရဲ့နည်းပြ၊အင်ဂျင်နီယာခေါင်းဆောင်အဖြစ် Stranger Things ရဲ့ မင်းသားကြီး David Harbour ပါဝင်ထားပါတယ်။ GT အကယ်ဒမီကို စီစဉ်သူ Cox အဖြစ် မင်းသားကြီး အော်လန်ဒို ဘလွန်းက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဂရန် တူရစ္စမို ဂိမ်းဖန်တီးသူ Kazunori Yamauchi ကိုလည်း ဆူရှီဆိုင်ကလူကြီးအဖြစ် ဧည့်သည်သရုပ်ဆောင်ထည့်သွင်းသွားပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File Size : 1GB | 2.2GB | 6.24GB Quality : WEB-DL720p | 1080p | 4k Format…mp4 Duration…02:14:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mr.Anderson Encoded by Phyo Pyae, Aaron
7.4
2023
135 mins