YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Cold.Blooded.Intern.S01E07.1080p.CM.mp4

563.83 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lighting Up the Stars
6.9

IMDb Rating - 7.3/10 သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။ လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 GB) / (614 MB) / (425 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM

Adventure • Comedy • Family • Romance
6.9 2022 112 mins
Lighting Up the Stars
Homecoming

Homecoming ကတော့ အင်ဒိုနီးရှားရုပ်ရှင်တစ်ကားဖြစ်ပြီး မူရင်းဇာတ်လမ်း နာမည်ကတော့ Mudik ပါ။ အင်ဒိုရုပ်ရှင်ပွဲတော်မှာ Best Original Screenplay နဲ့ တခြား nomination တွေလဲအများကြီးရထားတဲ့ဇာတ်လမ်းကောင်းပါ။ Mudik ရဲ့ အဓိပ်ပ္ပါယ်က 'အိမ်ပြန်ခရီး' လို့အဓိပ္ပါယ် ရပါတယ်။ အင်ဒိုနီးရှားမှာတော့ အများစုက အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေပါ။ အစ္စလာမ်ဘာသာမှာ တစ်နှစ်မှာတစ်လ ရမ်ဇာန်(ဥပုဒ်)လရှိပြီး ရမ်ဇာန်အပြီးမှာတော့ အိဒ်ပွဲတော်ကိုဆင်နွဲဲကြပါတယ်။ အင်ဒိုမှာမြို့ပေါ်အလုပ်လာလုပ်သူအများအပြားက ရမ်ဇာန်လပြီးခါနီးရင် အိဒ်နေ့ကိုမိသားစုနဲ့အတူဆင်နွှဲနိုင်ဖို့အိမ်ကိုပြန်ကြပါတယ်။ ဒီရက်ပိုင်းတွေကိုတော့ အိမ်ပြန်ခရီး Mudik လို့ခေါ်ပါတယ်။ ဒီ Mudik အချိန်အခါမှာ လမ်းတွေ သိပ်ကြပ်ပြီး အက်ဆီးဒန့်ဖြစ်မှုကလဲတစ်နှစ်တာမှာအများဆုံးပါ။ ဒီဇာတ်လမ်းမှာအိုင်ဒါနဲ့ဖေရ်မန်းဆိုတဲ့ လူငယ်စုံတွဲလေးတစ်တွဲကလဲ ကောင်လေးမိဘအိမ်ကိုအိဒ်မရောက်ခင်ငါးရက်အလိုမှာပြန်ကြပါတယ်။ သူတို့အတွဲကလဲသိပ်အဆင်မပြေပုံပေါက်ပြီး အိုင်ဒါကလဲတော်တော်ကြီးညစ်နေပုံပါ။ ကားကိုအိုင်ဒါကမောင်းရင်း လမ်းမှာအက်ဆီးဒန့်တစ်ခုကြုံပြီး လူတစ်ယောက်သေသွားခဲ့ပါတယ်။ အဲဒီကိစ္စကိုဖြေရှင်းဖို့ သေသွားတဲ့လူရဲ့ရွာကိုဆက်သွားကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးအိမ်ကို အိဒ်အမှီရောက်ပါ့မလား။ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေက ဆွေမျိုးအသိမိတ်ဆွေကြားမှာ အပြစ်အမှားတွေရှိရင်တောင်းပန်ကြတယ် ခွင့်လွှတ်ပေးကြတယ်။ အိုင်ဒါတစ်ယောက်ရော သူ့အပြစ်တွေကိုခွင့်လွှတ်ခံရပါ့မလား အထူးသဖြင့်သူ့ကိုယ်သူရော ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.34GB | 660MB | 304MB Format… mp4 Duration….1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Comedy • Drama • Romance
0 2019 93 mins
Homecoming
Your Christmas Or Mine?
6.4

ခရစ္စမတ်နားနီးလာပြီဆိုတော့ Christmas Vibe လေးရအောင် တင်ဆက်ပေးလိုက်ပါပြီနော်။ ခရစ္စမတ်နဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကြောင်းတွေအများကြီးထဲကမှ ဒီကားလေးကတော့ မိသားစု နှစ်ခုအကြောင်းကို side by side ယှဉ်ပြထားတာမို့ တစ်မူထူးခြားတဲ့ ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် မင်းသားနဲ့မင်းသမီးတို့ရဲ့အလွဲ တွေလည်းပါတာမို့ ကြည့်ရင်းပြုံးစိစိဖြစ်ရမယ့်ကားလေးပါ။ ခရစ္စမတ်အားလပ်ရက်ဆိုတော့ ဂျိမ်းစ်နဲ့ဟေလီတို့ အသီးသီးအိမ် ပြန်ရဖို့ ဘူတာရုံမှာလမ်းခွဲကြပါတယ်။ ချစ်စခင်စကြင်နာစဆိုတော့ မခွဲနိုင်မခွာရက်ဖြစ်ပြီး ခရစ္စမတ်ကိုအတူတူဖြတ်သန်းကြဖို့ စိတ်ကူး မိကြပါတော့တယ်။ အဲ့ဒါနဲ့ ဂျိမ်းစ်စီးမယ့်ရထားပေါ်ကို ဟေလီတက် သွားပြီး ဟေလီ့ရထားပေါ်ကိုလည်း ဂျိမ်းစ်တက်သွားပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဂျိမ်းစ်အိမ်ဆီကိုဟေလီရောက်သွားပြီး ဟေလီ အိမ်မှာ ဂျိမ်းစ်ကဧည့်သည်လုပ်ရတဲ့အခါ... ဘယ်လိုမျိုးပြသာနာတွေ တက်မလဲ? သူတို့ချစ်သူကိုယ်စား မိသားစုနဲ့အတူ ခရစ္စမတ်မှာဘယ်လို မျိုး ဖြတ်သန်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.4 GB) / (572MB) / (344 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Jo Jo Va Encoder...........Zin Phyo Aung

Drama
6.4 2022 94 mins
Your Christmas Or Mine?
Ultimate Avengers: The Movie
6.7

၂၀၀၆ခုနှစ်ကတည်းက ထွက်ရှိခဲ့ပြီး Avengers Animation ရယ်လို့ ပီပီပြင်ပြင်စထွက်ခဲ့တဲ့ Ultimate Avengers ကားကို တင်ဆက်​ပေးလိုက်ပါတယ်။ 2008မှာ Iron Man 1စထွက်ပြီး MCUရယ်လို့ အကြီးအကျယ်​အောင်မြင်တဲ့ Universeကြီးကို အ​ကောင်အထည်​ဖော်နိုင်ခဲ့တဲ့ MarvelဟာAnimationပိုင်းမှာ DCAUရဲ့အရှိန်နဲ့ Fanbaseကို မယှဉ်နိုင်သလို ကားထွက်ရှိမှု အပိုင်းမှာလည်း ​အတော်​အားနည်းခဲ့တာပါ။ ဒီAnimationက Marvelရဲ့ရှားရှားပါးပါး Avengersဇာတ်ကားဖြစ်ပြီး ၂ကား ထွက်ရှိခဲ့တဲ့အထဲက နံပါတ် ၁ ဇာတ်ကားပါ။ Storylineကို​တော့ Avengersအဖွဲ့ကြီး စတင်ဖွဲ့စည်းခြင်းကို အဓိကထားပြီး ဒုတိယကမ္ဘာစစ်မစ်ရှင်အတွင်းမှာ ပျောက်ဆုံး သွားတဲ့ ကပ္ပတိန်အ​မေရိကကိုပြန်လည်ရှာ​တွေ့ခြင်းနဲ့ အစပျိုး ထားပါတယ်။ Live Action နဲ့ Storyline မတူညီမှုနည်းနည်း ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကပ္ပတိန်အ​မေရိကရဲ့ မပြီးပြတ်​​သေးတဲ့ မစ်ရှင်က ဒီ​​နေ့ခေတ်အချိန်အထိ ပါလာပြီး တစ်ကမ္ဘာလုံးပျက်စီးနိုင်တဲ့ အ​ခြေအ​နေ​တွေ ဖြစ်လာတဲ့အခါ ကပ္ပတိန်အ​မေရိကနဲ့ နစ်ဖြူရီတို့ဟာ တစ်ကိုယ်​တော်လှုပ်ရှား ​နေကြတဲ့ စူပါဟီးရိုး​တွေကိုစုစည်းပြီး Avengersအဖွဲ့အဖြစ် ကမ္ဘာဖျက်ရန်စွယ်ကို ကာကွယ်ဖို့ကြိုးစားကြပါ​တော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(1.2 GB) / (620 MB) / (410 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 12mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Adventure Translator.......JimX Encoder..........SWM

Comedy • Horror • Thriller
6.7 2006 72 mins
Ultimate Avengers: The Movie
Land of the Sons
6.3

Imdb - 6.1 အီတလီရုပ်ရှင်တွေဆိုရင် ထပ်ညွှန်းစရာမလိုဘူးထင်ပါတယ်။ အစဥ်အလာလည်းရှိပြီးသားရုပ်ရှင်တွေဖြစ်တာရယ် အပြောထက် အပြတွေဦးစားပေးတဲ့ရုပ်ရှင်တွေဖြစ်တာကြောင့် အ​မြဲချီးကျူးတာခံနေရတဲ့ရုပ်ရှင်တွေပါ။ ဒီရုပ်ရှင်မှာဆိုလည်း ဒိုင်ယာလော့တွေ အများကြီးမပါဘူး။ ဇာတ်ကောင်တွေလည်း အများကြီးပါမနေဘူး။ ဇာတ်လမ်းကလည်းရှုပ်မနေဘူး။ ကမ္ဘာပျက်ပြီးချိန် ကျန်ရစ်တဲ့ လူတွေရဲ့ ရှင်သန်ရစ်ဖို့ ကြိုးစားပုံတွေတွေ့ရမယ်။ အဓိကဇာတ်ဆောင်တွေက သားအဖနှစ်ယောက်။ သူတို့နှစ်ယောက်ကြားက သံ​ယောဇဉ်တွေကို တမူထူးခြားတဲ့ပုံစံနဲ့ တင်ဆက်ထားတယ်။ ဘာဆိုဘာမှ မကျန်တော့တဲ့ခေတ်ကြီးထဲမှာ မေတ္တာတရား ဆက်ရှင်သန်နေတာက လူသားတွေအတွက် ဆုလာဘ်ပါပဲ။ ကြည့်ကြည့်ပါ။ ခံစားချက်တစ်စုံတစ်ရာတော့ ရလာမှာ အမှန်ပါပဲ။ File size…(1.5GB)/(834mb)/(385 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:00:00 Genre...Drama /  Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sp

Adventure • Animation • Comedy • Family • Fantasy
6.3 2021 118 mins
Land of the Sons
Little Forest: Winter/Spring
7.6

Little Forest: Winter/Spring (2015) …………………………….. တောအုပ်ငယ်လေးရဲ့ပထမကားဖြစ်တဲ့ (နွေ/ဆောင်းဦး)၂၀၁၄ ရဲ့အဆက်လာပါပြီ။ ဒီဒုတိယကားမှာတော့ အိချိကို ကိုထားရစ်ခဲ့တဲ့ သူ့အမေအကြောင်းနဲ့ အစချီထားပြီးနောက် မြို့ပေါ်မှာအလုပ်လုပ်တုန်းက ကြုံခဲ့ရတာတွေ ခိုမိုရိကိုချစ်ပေမယ့် အခြေမချချင်တဲ့ အိချိကိုတစ်ယောက် သူ့အမေရဲ့စာကိုဖတ်ပြီး နောက်ဆုံးမှာ ဘယ်လိုရွေးချယ်မှုကို လုပ်သွားမလဲဆိုတာကိုကြည့်ရှုရမှာပါ။ ဆိုတော့ကာ…Little Forest ရဲ့ထုံးစံအတိုင်း စိတ်ကြည်လင်စေတဲ့ရှုခင်းလေးတွေနဲ့၊ ချက်ပြုတ်စားသောက်ပြတာတွေကို ဆောင်း/နွေဦးအလှနဲ့အတူ ကြည့်ရှုခံစားပေးကြပါဦးလို့။ (*အဘိဓာန်ထဲမှာမရှိတဲ့ ပန်းနာမည်တစ်ချို့နဲ့ အစားအစာတွေကို လက်လှမ်းမီသလောက်ရှာဖွေပြီး ဆီလျော်အောင် ဘာသာပြန်ဆိုထားရတာဖြစ်လို့ အချို့နေရာတွေမှာ လွဲချော်မှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတောင်းပန်ထားပါရစေ) အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 598MB Format… mp4 Duration….2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Action • Adventure • Science Fiction
7.6 2015 120 mins
Little Forest: Winter/Spring
Magnetic Beats
6.4

ဒီဇာတ်လမ်းရဲ့တည်နေရာကတော့ ပြင်သစ်နိုင်ငံက မြို့လေးတမြို့မှာပါ။ ဒီမြို့မှာက ဂျရုံးနဲ့ ဖီးလစ်ဆိုတဲ့ အရမ်းချစ်ကြတဲ့ညီအကိုနှစ်ယောက်ရှိကြတယ်။ ဖီးလစ်ကလည်း ဂျရုံးကိုစံပြပုဂ္ဂိုလ်တယောက်လိုမျိုးမြင်သလို ဂျရုံးကလည်း သူ့ကိုအမြဲဂရုစိုက်ပေးတဲ့သူ့ညီလေး ဖီးလစ်ကို အရမ်းချစ်တယ်။ သူတို့နှစ်ယောက် အတူတူဖန်တီးခဲ့ကြတာက ရေဒီယို ဝါးဆောဆိုတဲ့ ရေဒီယိုအစီအစဉ်လေးတခု။ ဒီရေဒီယိုက နေအကိုဖြစ်သူဂျရုံးက သူ့ရဲ့အာဘော်တွေ ကမ္ဘာကြီးရဲ့ဂီတ လက်ရာတွေကို ပြောပြလေ့ရှိသလိုသူ့ရဲ့ နောက်ကွယ်ကနေ ညီဖြစ်သူ ဖီးလစ်ကတော့ တိပ်ခွေတွေ စက်ခုံတွေကြားနစ်မြုပ်နေပြီး ကိုယ့်အသံကိုယ် မုန်းတီးနေခဲ့မိတယ်။ ဒီလိုနဲ့ပဲ သူတို့ညီအကိုကြားထဲ ကိုတနေ့မှာ ၀င်ရောက်လာခဲ့တာက မာရီယာနာဆိုတဲ့ ဂျရုံးရဲ့ ရည်းစားကောင်မလေး။ ဂျရုံးရဲ့ကလေးနဲ့အတူ ဆံပင်ညှပ်သင်ဖို့ ဒီမြို့လေးကိုရောက်လာခဲ့တယ်။ ဖီးလစ်တယောက် ကတော့ မြင်မြင်ချင်းမှာပဲ သူမကိုချစ်မိသွားပြီ။ ဒါပေမယ့် သူ့အကိုကိုအရမ်းချစ်တဲ့ ဖီးလစ်အတွက်ကတော့ ကျော်လို့ မဖြစ်တဲ့စည်းလေးတခုဖြစ်လာခဲ့တယ်။ ဖီးလစ် အသက် ၂၀မှာတော့ ပြင်သစ်စစ်တပ်ရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် တပ်ထဲ၀င်ရဖို့ အကြောင်းဖန်လာခဲ့တဲ့အချိန်မှာမာရီယာနာကလည်း တိတ်တိတ်လေး သူ့ကို၀န်ခံခဲ့တယ်။ ဒီလိုနဲ့ပဲ ဖီးလစ်တယောက် အကိုကို့ချစ်တဲ့စိတ်နဲ့ မာရီယာနာ့ကိုချစ်တဲ့စိတ်တွေအကြား လွန်ဆွဲရဖို့ဖြစ်လာပါတော့တယ်။ စစ်မှုထမ်းကာလအပြီး အဆုံးသတ်မှာ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းလေး တပုဒ်က ဘယ်လိုမျိုးအဆုံးသတ်သွားမလဲ။ အဆုံးသတ်မှာ ဖီးလစ် တယောက် ဘာကိုရွေးချယ်သွားမှာလဲ။ မာရီယာနာကရော ဘာကို ရွေးချယ်သွားမလဲဆိုတာကို CM ပရိတ်သတ်ကြီးကMagnetic Beats ဆိုတဲ့ ပြင်သစ်ဇာတ်ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး။ File size…1.26GB / 426MB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 38m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Crime • Drama • History • Thriller
6.4 2021
Magnetic Beats
American Wedding American Pie 3

American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။ American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ – American Pie (1999) – American Pie 2 (2001) – American Wedding (2003) – American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။ လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ခံစားမိစေမှာပါ။ ဒီရုပ်ရှင်ကား ၄ ကားစလုံးရဲ့ ကုန်ကျစရိတ်က Budget $147 million ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ Box office $989.5 million ပြန်ရတဲ့ထိ အောင်မြင်ခဲ့ပြီး Rating တွေလဲ ထိုက်သင့်သလောက်ကောင်းမွန်ခဲ့သလို ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ နောက်တပိုင်းကတော့ American Pie ရဲ့ Spin-off ဇာတ်ကားတွေဖြစ်တဲ့ American Pie Presents ဇာတ်ကားတွေပါ။ – American Pie Presents: Band Camp (2005) – American Pie Presents: The Naked Mile (2006) – American Pie Presents: Beta House (2007) – American Pie Presents: The Book of Love (2009) – American Pie Presents: Girls’ Rules (2020) ဒီ American Pie Presents ဇာတ်ကားတွေကတော့ ဇာတ်လမ်းတွေ ဆက်စပ်မှုသိပ်မရှိတော့ဘဲ ဆယ်ကျော်သက် ပါတီတွေ၊ နောက်ပြောင်မှုတွေ၊ လိင်မှုဆိုင်ရာ ဟာသတွေကိုသာ အသားပေး တင်ဆက်ထားပါတယ်။ မူလဇာတ်ကြောင်းထဲက Jim ရဲ့ အဖေဖြစ်သူနဲ့ Stifler ရဲ့မိသားစုကိုသာ အခြေခံထားပြီး Stifler ရဲ့ညီဝမ်းကွဲတွေက အဓိကဇာတ်ကောင်အဖြစ်ပါဝင်သွားပါတယ်။ ဒီ American Pie Presents ဇာတ်ကားတွေကတော့ direct-to-video(DVD)လိုအဖြစ်သာ ရိုက်ကူးထားတာဖြစ်လို့ Rating တွေလဲ သိပ်မကောင်းခဲ့ဘဲ ကျောင်းသားဟာသဇာတ်ကားတွေအဖြစ်သာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ +++++++++++++++ American Wedding (2003) IMDb Rating (6.3) ဒီကားကိုတော့ တနည်းအားဖြင့် American Pie 3 လို့ခေါ်ရမှာဖြစ်ပြီး ရှေ့ ၂ ကားတုန်းက ဟိုလိုဒီလိုဖြစ်နေတဲ့ ဂျင်မ်နဲ့မီရှယ်လ်တို့ ဒီအပိုင်းမှာတော့ အတည်လက်ထပ်ပါတော့တယ်။ ဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို အူတက်အောင်ခွီရင်း ကြည့်ရမှာဖြစ်လို့ အစာတွေနှင့် ရေတွေမသီးအောင် သတိထားကြည့်ကြဖို့ အကြုံပြုချင်ပါတယ်။ ဘာသာပြန်လက်စွမ်းပြထားတဲ့သူကတော့ ကျွန်တော် Matteo ဖြစ်ပါတယ်။ ဘာဆင်ဆာမှမဖြတ်ထားတဲ့ Unrated Version ကို တင်ဆက်ထားပြီး CM အနေနဲ့ မြန်မာစာတန်းထိုးကိုလဲ ယခင်ကထက်ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပေးထားပါတယ်။ (American Pie ဇာတ်ကားတွေက အဖော်အချွတ်ခန်းတွေနဲ့ အပြောအဆိုတချို့ကြောင့် R-Rated အဆင့်ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါဘူး။) File size…(1.7 GB)/(927 MB) Quality….BluRay Unrated 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2003
American Wedding American Pie 3
An American Werewolf in London
7.5

Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီး သူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင် အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီး ဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့် undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှ ကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size : 10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and Mp4 Audio : AAC, E-AC-3 Genre : Comedy, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

7.5 1981
An American Werewolf in London
How to Lose a Guy in 10 Days
6.5

How to Lose a Guy in 10 Days (2003) ~ IMDb – 6.5/10, Rotten Tomatoes – 42% ~ Kate Hudson နဲ့ Matthew McConaughey တို့လို နာမည်ကျော်ထဲက နာမည်ကျော်သရုပ်ဆောင်တွေ ဇာတ်ဆောင်လုပ်ထားတဲ့ ရိုမန့်တစ်ဟာသကားပေါ့။ ဘာထူးခြားလဲဆိုရင်တော့ အခုထိ မကြည့်ဖြစ်သေးရင်တော့ မရတာကြာတဲ့အရသာတစ်ခုပြန်ရလိမ့်မယ်။ ဟိုးတုန်းက ကျွန်တော်တို့ကြည့်ဖူးခဲ့တဲ့ ဟောလိဝုဒ်အချစ်ရိုမန့်တစ်ကားတွေက တခြားကထွက်တဲ့ရိုမန့်တစ်ကားတွေနဲ့ မတူတဲ့အရသာတစ်ခုရှိတယ်။ အဲဒီလိုအရသာမျိုးကို ၂၀၀၀ခုနှစ်ပတ်လည်နားက ကားတွေမှာတော့ ကျွန်တော်တို့ရခဲ့ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ အဲဒီလိုပုံစံတွေ ပြန်ရိုက်ရင်တောင် အဲဒီအရသာပါမလာတော့တာ သတ်လတ်ပိုင်းတော်တော်များများတော့ သိကြမှာပါ။ How to Lose a Guy in 10 Days (2003)က ထူးထူးခြားခြားကောင်းနေတဲ့ ရုပ်ရှင်တော့ မဟုတ်ပေမဲ့ အဲဒီလိုအရသာမျိုးကို ပြန်ပေးနိုင်တဲ့ ကြည့်ကောင်းတဲ့ဇာတ်လမ်းဆိုတော့ ကြည့်ကိုကြည့်သင့်တယ်လို့ ပြောရမှာပါပဲ။ Kate Hudson ရဲ့အလှတွေကိုလည်း ပြန်လည်ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်တယ်။ ဇာတ်လမ်းနောက်ခံကတော့ ကြော်ငြာလောကနဲ့ မဂ္ဂဇင်းလောကပေါ့။ မင်းသားက ကြော်ငြာသမား၊ မင်းသမီးက အမျိုးသမီးမဂ္ဂဇင်းက ဆောင်းပါးရှင်။ မင်းသမီးက How to ဆောင်းပါးတွေကို ကိုင်ထားတဲ့သူ။ How to ဆောင်းပါးဆိုတာက How to Flirt with Your Crush (ခွက်ရှ်နဲ့အီနည်း) How to Clean a Toilet the Right Way (နည်းမှန်လမ်းမှန် အိမ်သာတိုက်နည်း) တို့လို နည်းပေးလမ်းပြဆောင်းပါးတွေပေါ့။ ဒီတစ်ခါ မင်းသမီးလက်တွေ့ကွင်းဆင်းပြီး ရေးဖို့ ရွေးလိုက်တဲ့ဆောင်းပါးက How to Lose a Guy in 10 Days (၁၀ရက်အတွင်း ဘဲဖြတ်နည်း) ဒီတော့ မင်းသမီးက မရှိတဲ့ဘဲကို အရင်မဖြတ်ခင် ဘဲအရင်ရဖို့ ပါတီတစ်ခုမှာဖန်တယ်။ အဲဒီပါတီမှာရှိနေတဲ့ မင်းသားက သူလိုချင်တဲ့ ကြော်ငြာရဖို့ သူ့အလုပ်ရှင်နဲ့သူ့ပြိုင်ဘက်တွေနဲ့ အလောင်းအစားလုပ်လိုက်တယ်။ သူက ဘယ်မိန်းမကိုမဆို သူ့ကိုချစ်လာအောင် လုပ်နိုင်တယ်အာချောင်ထားတာ။ နောက်၁၀ရက်နေ သူတို့အလုပ်ကလုပ်မယ့် ကြော်ငြာပွဲရှိတယ်။ အဲဒီမတိုင်ခင် သူက မိန်းမတစ်ယောက်က သူ့ကိုချစ်မိသွားအောင်လုပ်ရမှာ။ ဒီတော့ ၁၀ရက်အတွင်း ဘဲဖြတ်ဖို့ ဘဲအရင်ရှာနေတဲ့မင်းသမီးနဲ့ ၁၀ရက်အတွင်း မိန်းမတစ်ယောက်ရဲ့အချစ်ကိုရဖို့လုပ်မယ့်မင်းသားနဲ့ အဲဒီပါတီမှာ တစ်ယောက်ကိုတစ်ယောက် ပစ်မှတ်လုပ်လိုက်ကြတယ်။ ပြီးတော့ သူတို့တွဲဖြစ်သွားတယ်။ How to Lose a Guy in 10 Days ဟာ ၁၀ရက်ဆိုတဲ့ အချိန်အတွင်း တစ်ယောက်ကချစ်လာအောင်၊ တစ်ယောက်ကစိတ်ကုန်အောင် အပြိုင်အဆိုင်လုပ်ကြတဲ့အကြောင်းကို ဟာသတွေအပြည့်နဲ့ ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ ဟောလိဝုဒ်ရဲ့ ရိုမန့်တစ်ဟာသအရသာဟောင်းကို အပြည့်အဝရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ခေတ်ကြီးနဲ့ ခဏလောက်ဖြစ်ဖြစ် ကတ္တားခြားသွားအောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.9GB, 1.3GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 56Min Genre – Feel-Good Romance, Romantic Comedy, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.5 2003 116 mins
How to Lose a Guy in 10 Days
[18+] Silip

Silip (2024) ဂျိုဝယ်ဟာ လမ်းဘေးစားသောက်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်ရင်ကျောင်းတက်ဖို့ငွေစုနေတဲ့ကောင်လေးတစ်ယောက်ပါ။ သူနဲ့အတူတူတွဲအလုပ်လုပ်တဲ့ ကန်ဒီဆိုတဲ့ကောင်မလေးက သူ့ကိုကြိတ်ကြွေနေပေမယ့် နည်းနည်းမှစိတ်မဝင်စားပဲ တကယ်တမ်း သူမှန်းနေတဲ့သူကတော့ သူတို့မျက်နှာချင်းဆိုင်တိုက်မှာနေတဲ့ ကြေးကြီးဇိမ်မယ်လေးတစ်ယောက်ဖြစ်တဲ့ ရိုစ့် ဖြစ်ပါတယ်။ တစ်ခါမှအတွေ့အကြုံမရှိတဲ့ မနူးမနပ်ကလေးဟာ ဂျိုဝယ်ဟာ သူ့အနေအထားနဲ့ မှန်းလို့မရတဲ့ ဇိမ်မယ်လေးကို ဒီဘ၀ကနေ ဆွဲထုတ်ကယ်တင်ရှင်ကြီးလုပ်ဖို့စိတ်ကူးတွေပေါ်ပေါက်လာချိန်မှာတော့ စပြီး ဇယားတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(870 MB) / (440 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:03:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024 61 mins
[18+] Silip
Chasing Stars
4

Chasing Stars (2024) ဆယ်ကျော်သက်အရွယ်လေးတွေ အိပ်မက်နောက်လိုက်နေရင်း တကယ့်လောကကြီးက ကိုယ်ထင်ထားတာနဲ့မတူတာကိုသိသွားပြီးနောက်မှာ ကိုယ့်ပိုင်ဟန်တွေပျောက်ဆုံးပြီး သူများစိတ်တိုင်းကျလိုက်နေရင်းကနေ ကိုယ်စခဲ့တဲ့နေရာနဲ့ ကိုယ်ဖြစ်ခင်ခဲ့တာတွေကိုပါ မေ့ပျောက်သွားခဲ့တယ်။ ဝဲလ်လိုဆိုသူ ဆယ်ကျော်သက် ပေါ့ပ်စတားမလေး‌ဟာလည်း သူ့အိပ်မက်အတိုင်း လူတကာချစ် အောင်မြင်ကျော်ကြားနေပေမဲ့ ငယ်ဘ၀အိပ်မက်က အနှစ်သာရမရှိတော့ဘူးလိုခံစားရပြီး လမ်းပျောက်နေချိန် မာရာမာဆိုတဲ့ကောင်းမလေးတစ်ယောက်ရဲ့ ကလေးဆန်ကာ မစဉ်းစားဘဲလုပ်လိုက်တဲ့ အပြုအမူကြောင့်ပဲ သူ့ပုံစံမှန်အတိုင်း ပြန်နေနိုင်ဖို ကြိုးစားတိုက်ခိုက်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (1.6 GB) / (690 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:21:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su

Action • Thriller • Crime
4 2024 78 mins
Chasing Stars
[18+] Rapsa
6.3

Rapsa (2025) IMDb Rating (6.3) အယ်လာဟာ ကော်ဖီဆိုင်တစ်ခုရဲ့စားပွဲထိုးဝန်ထမ်းမလေးဖြစ်ပြီး ဆိုင်မှာလာလာထိုင်ပြီး သူ့ကိုငေးကြည့်တတ်တဲ့ ဖောက်သည်မမလှလှတစ်ယောက်ကိုသတိထားမိနေပါတယ်။ အဲ့ဒါကိုဆိုင်ရှင်အစ်မက မကြိုက်သလို အဲ့ဒီဖောက်သည်နဲ့မရောဖို့လည်း အယ်လာကို မှာလေ့ရှိပါတယ်။အဲ့ဒီမှာ အယ်လာ တစ်ဖြည်းဖြည်းရိပ်စားမိလာတာကတော့ သူ့ဆိုင်ရှင်အစ်မနဲ့ ဖောက်သည် မမလှလှကြားက ဆက်နွယ်မှု တစ်စုံတစ်ရာကိုပါပဲ။ အဲ့ဒီနောက်ပိုင်းမှာတော့ အယ်လာနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီနို၊ ဆိုင်ရှင်အစ်မနဲ့ဖောက်သည်လှလှလေး ရီတာတို့ကြားမှာ ပတ်လည်ရိုက်နေတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (500 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:15:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Mystery • Thriller • Crime
6.3 2025 73 mins
[18+] Rapsa
Angela’s Ashes

“Angela’s Ashes” (1999) ဇာတ်ကားကို Frank McCourt ရဲ့ Pulitzer Prize ဆုရထားတဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို အခြေခံပြီး Alan Parker က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက 1930 ခုနှစ်ဝန်းကျင် အိုင်ယာလန်နိုင်ငံ Limerick မြို့မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ မက်ကော့မိသားစုရဲ့ ဘဝကို လှလှပပပြသထားတယ်။ ဇာတ်လမ်းက ဖရန်ကီ မက်ကော့ဆိုတဲ့ ကောင်လေးရဲ့ ငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်ထိ သူ့မိသားစုနဲ့အတူ ဆင်းရဲမွဲတေမှု ရောဂါ သေဆုံးမှုတွေနဲ့ ရင်ဆိုင်ရင်း ဘယ်လိုရုန်းကန်ရသလဲဆိုတာကို ပြသထားတယ်။ ဇာတ်လမ်းအစမှာ ဖရန်ကီတို့မိသားစု နယူးယော့ခ်ကနေ အိုင်ယာလန်ကို ပြန်လာကြတယ် ဒါပေမယ့် အဲဒီမှာ ဘဝက ပိုဆိုးသွားတယ်။ ဖရန်ကီရဲ့ဖခင် မလက်ချီ (Robert Carlyle) က အရက်စွဲနေတဲ့သူဖြစ်ပြီး အလုပ်မရှိ ရှိရင်လည်း ရတဲ့ပိုက်ဆံကို အရက်သောက်ပစ်တယ်။ မိခင် အန်ဂျလာ (Emily Watson) ကတော့ သားသမီးတွေအတွက် အရာရာကို သည်းခံရင်း မိသားစုကို ထိန်းသိမ်းထားရတယ်။ ဖရန်ကီကို အသက်အမျိုးမျိုးမှာ သရုပ်ဆောင်သုံးယောက် (Joe Breen, Ciaran Owens, Michael Legge) က သရုပ်ဆောင်ထားပြီး သူ့ရဲ့ ကြီးပြင်းလာပုံကို သဘာဝကျကျပြသထားတယ်။ ဒီဇာတ်ကားက ဆင်းရဲမွဲတေတယ်ဆိုတာရဲ့ ရက်စက်တဲ့အမှန်တရားကို ဖော်ပြထားပြီး Limerick ရဲ့ မိုးစိုစိမ့်နေတဲ့ ဆင်းရဲရပ်ကွက်တွေကို ပြန်လည်ဖန်တီးထားတာ တကယ်ကို ထိမိတယ်။ ဒ ါပေမယ့် စာအုပ်ထဲက ဟာသဆန်ဆန် ပေါ့ပါးတဲ့ အသံသြဇာကို ရုပ်ရှင်မှာ သိပ်မမိဘူးလို့ ဝေဖန်သူတွေက ပြောကြတယ်။ Emily Watson ရဲ့ အန်ဂျလာသရုပ်ဆောင်ချက်တွေက ဒုက္ခတွေကြားထဲက မိခင်တစ်ယောက်ရဲ့ ခံနိုင်ရည်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ ဖရန်ကီကတော့ ဆင်းရဲတဲ့ဒဏ်တွေက ရုန်းထွက်ဖို့ စာဖတ် စာရေးပြီး နောက်ဆုံးမှာ အမေရိကကို ပြန်ရောက်နိုင်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒီဇာတ်ကားက ၂ နာရီ ၂၅ မိနစ်ကြာပြီး R-rated ဖြစ်ပါတယ်။ ရုပ်ရှင်က စာအုပ်ရဲ့ အနှစ်သာရကို ဖမ်းယူထားပေမယ့် အချို့ဝေဖန်သူတွေက စာအုပ်ရဲ့ ဟာသရောစွက်ထားတဲ့ ခံစားချက်ကို မရနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြတယ်။ Rotten Tomatoes မှာ 52% သာ ရရှိထားပေမယ့် ဆင်းရဲမွဲတေတာတွေနဲ့ မိသားစုရဲ့ ရုန်းကန်ရှင်သန်ရတာကို ခံစားကြည့်ရှုချင်သူတွေအတွက် ဒီဇာတ်ကားက တကယ်ထိမိတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(3.4 GB)/(1.7 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
Angela’s Ashes
The Pickup
6.7

The Pickup ကတော့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ အမေရိကန်လုယက်မှုဟာသဇာတ်ကားဖြစ်ပြီး Tim Story ကဒါရိုက်တာလုပ်ကာ Eddie Murphy ၊ Pete Davidson နဲ့ Keke Palmer တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Russell (Eddie Murphy) က အနားယူဖို့အချိန်နီးနေပြီဖြစ်တဲ့လုံခြုံရေးကားမောင်းသမားတစ်ဦးဖြစ်ပြီး သူ့ဇနီး Natalie (Eva Longoria) နဲ့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်အထိမ်းအမှတ်အတွက် အချိန်မီအိမ်ပြန်ဖို့ပဲ စိတ်အားထက်သန်နေခဲ့ပါတယ်။ ဒါပေမဲ့ ရဲဖြစ်ဖို့ကြိုးစားရင်း ကျရှုံးနေတဲ့ Travis (Pete Davidson) နဲ့တွဲလုပ်ရတဲ့အခါ အခက်အခဲတွေစတင်ဖြစ်ပေါ်လာပါတော့တယ်။ တစ်နေ့မှာ သူတို့ရဲ့ငွေသယ်ယာဉ်ကို Zoe (Keke Palmer) ဦးဆောင်တဲ့လုယက်သူတွေက ဝင်ရောက်တိုက်ခိုက်ပြီး သူတို့ကို Atlantic City မှာရှိတဲ့ ကာစီနိုတစ်ခုက ဒေါ်လာသန်း ၆၀ ခိုးယူရာမှာပါဝင်ဖို့ အတင်းအကျပ်စေခိုင်းခဲ့ပါတယ်။ Zoe ရဲ့ရည်ရွယ်ချက်ကတော့ သူ့အဖေကိုကာစီနိုက မတရားဆက်ဆံခဲ့တာကို လက်တုံ့ပြန်ဖို့ပဲဖြစ်ပါတယ်။ Russell တစ်ယောက် ဇနီးနဲ့နှစ်ပတ်လည်အတွက် အိမ်ပြန်နိုင်မှာလား၊ Travis ကရော သူ့အိပ်မက်ဖြစ်တဲ့ရဲဖြစ်လာနိုင်မလား၊ Zoe ကတော့ လက်စားချေနိုင်မှာလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size… (1.66GB) / (982MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 34m Genre ….Comdey , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Thriller • Mystery
6.7 2025 94 mins
The Pickup