YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) You Are My Glory (2021) Ep10.mp4

301.69 MB 720p video/mp4 2480 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train
8.3

Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train (2021) မိစ္ဆာ နှိမ်နင်းသူ တန်ဂျီရို ကာမာဒို ရဲ့ မူဂန် ရထားပေါ်မှာ မိစ္ဆာ တွေ ကို နှိမ်နင်းတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ မိစ္ဆာနှိမ်နင်းသူ ဘယ်လိုဖြစ်လာလဲ ဆိုတာကတော့ ..... သူ့မိသားစု အသတ်ခံရပြီး သူ့ညီမလေးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူ့ညီမကို မိစ္ဆာအဖြစ် ပြောင်းလဲ ခံလိုက်ရပါတော့တယ်။ ဒါကြောင့် မိစ္ဆာနှိမ်နင်းသူ ဖြစ်ဖို့ အများကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ဒီဇာတ်လမ်းမှာတော့ မူဂန် ရထားပေါ်မက မိစ္ဆာတွေကို နှိမ်နင်းရေး ပြုလုပ်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရဲ့ Box Office မှာ နံပါတ် တစ် ရရှိထားပြီးတော့ ဆုပေါင်း ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားပြီး ဖြစ်တဲ့ Animation ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ IMDb - 8.4/10 ရရှိထားပြီးတော့ Rotten Tomatoes - 99 % (Audience Score) ရရှိထားတာပဲ ဖြစ်ပါတယ်။ Animation ကားတွေထဲက ကားကောင်းတစ်ကောင်း ဖြစ်လို့ လက်လွတ်မခံသင့်ကြောင်းပါ။ File size… 2.59 GB Quality…. 1080p Web-dl Format…mp4 Duration…. 1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Idiot MyoKo Encoder ..... August

Crime • Drama • Mystery
8.3 2020 117 mins
Demon Slayer -Kimetsu no Yaiba- The Movie: Mugen Train
Three Summer Nights
6.7

Three Summer Nights(2015) ************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချော ရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။ မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှ ဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။ တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသော ဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင် အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီး ပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်…. File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by Phyo Pyae

Thriller • TV Movie
6.7 2015
Three Summer Nights
Doctor Qin Ming: Rain Killer
5.9

ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။ အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။ သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်……

5.9 2023
Doctor Qin Ming: Rain Killer
Hell House LLC II: The Abaddon Hotel
5.3

Hell House LLC II: The Abaddon Hotel (2018) ဒီကားက Hell House Franchise ရဲ့ ဒုတိယကားဆိုပေမဲ့ ပထမနဲ့ တတိယကားကို ကြည့်ပြီးရင်တော့ ပိုနားလည်လွယ်ပါလိမ့်မယ်။ ဒီဇာတ်ကားကတော့ Abaddon Hotel အကြောင်း အဓိကပါဝင်ထားပါတယ်။ Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခု… ခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားလေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ်တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုးဝင်လေ့ရှိတယ်။ ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက်ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်းကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်းထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ်ထစ်ချ‌ငြင်းတယ်။ သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စ‌တချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင်ဖို့ ဖြစ်လာတဲ့အခါမှာတော့… ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်းဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကိုလည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင်ဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 810MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 29Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

5.3 2018
Hell House LLC II: The Abaddon Hotel
Twisted Neighbor

စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။ မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။ တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre…Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

0 2023
Twisted Neighbor
LOL
4.4

LOL (2012) ========== ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။ Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်) File Size……….(1.41 GB) / (552 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Miley Cyrus Encoder……….SWM

4.4 2012
LOL
A Town Called Panic
7.4

ဒီ​ကား​လေးကတော့ ၂၀၀၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ပြင်​သစ်​စကားပြော​ stop motion animated ဇာတ်​ကားလေးဖြစ်ပါတယ်။ သမားရိုးကျ​ animation ကားမဟုတ်ဘဲ ပလတ်စတစ်အရုပ်တွေကိုအသုံးပြုထားတဲ့အပြင်ဇာတ်လမ်း​တည်ဆောက်​ရာမှာလည်း ပုံမှန်​မဟုတ်​တဲ့ non sensical​ storyline ဇာတ်အိမ်ပုံစံမျိုးဖြစ်ပြီး Physical Comedy​ လို့​ခေါ်​တဲ့ လှုပ်ရှား​မှုများများသုံးပြီး ဟာသကိုသရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ အင်ဒီးယန်း၊ ကောင်း​ဘွိုင်​နဲ့ မောင်​မြင်း​ဆိုတဲ့​ ပလတ်စတစ်​ရုပ်​ကလေးသုံးရုပ်က ကျေး​လက်​ဒေသ​က ရွာလေးတစ်ရွာမှာ အတူနေကြပါတယ်။ တစ်နေ့ မောင်​မြင်း​ရဲ့မွေးနေ့မှာ အင်​ဒီးယန်းနဲ့ ကောင်း​ဘွိုင်​တို့က မွေးနေ့​လက်​ဆောင်​မဝယ်ရသေးမှန်းသတိရပြီး အများ​နဲ့မတူတဲ့ လက်ဆောင်​တစ်ခုပေးဖို့ ရေးကြီး​သုတ်ပျာပြင်ဆင်ကြပါတယ်။ လက်ဆောင်​အဖြစ်​ ဘာဘီကျူးလုပ်တဲ့ အကင်ဖိုတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်​လိုက်ပြီး လိုတဲ့​အုပ်ချပ်ရေ ၅၀ ကို အွန်လိုင်း​ကနေမှာယူလိုက်ပါတယ်။ ဒါပေမဲ့​ အမှားအယွင်းဖြစ်ပြီး အုတ်​ချပ်​၅၀ အစား သန်း၅၀ ရောက်​လာရာက အစပြု​ပြီး ပြဿနာ​တွေတစ်ခုပြီးတစ်ခုတက်ကာ သူငယ်ချင်း​သုံးယောက်​ တလွဲတွေဖြစ်ကြုံရတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အမျိုး​အစားက Adventure/Comedy အပြင်​ Farce လို့ခေါ်​တဲ့ ဗရုတ်သုတ်ခ​ဟာသပြဇာတ်ပုံစံကိုမှ ယုတ္တိ​နည်း​မကျတဲ့ Non sensical​ ဟာသတွေကို အသုံးပြု​ထားတာကြောင့် ပုံမှန်​နဲ့မတူဘဲ ကွဲထွက်နေပါတယ်။ ဥပမာ​ မြင်း​အိမ်​နဲ့နေပြီး လူလိုရေချိုးတဲ့အခန်းမျိုးကို ယုတ္တိ​မရှိပေမဲ့​ ကြည့်လို့ကောင်းအောင် ပုံဖော်​ထားတာမျိုး၊ ခေါင်း​ပြောင်​သိပ္ပံပညာ​ရှင်​နှစ်ယောက်က ဧရာ​မပင်ဂွင်းရုပ်ကြီးဆောက်ပြီး ဧရာမ​နှင်း​လုံး​ကြီးတွေနဲ့ မဆီမဆိုင်​ ပလိန်းကြီးလိုက်ပစ်နေတာမျိုးတွေပါ။ ဒါကြောင့်​ သမားရိုးကျ Animated ရုပ်ရှင်​တွေလို ယုတ္တိ​မတန်​ဘူးလို့ မြင်​ကောင်း​မြင်​ပါလိမ့်မယ်။ ဇာတ်​အိမ်​ကရိုးရှင်းပေမဲ့ ဇာတ်​လမ်း​ကို အသေး​စိတ်​ပြင်​ဆင်တည်ဆောက်ထားလို့ ဇာတ်​အိမ်​က ပေါ့​ပါးပြီးပြေပြစ်ပါတယ်။ ခြုံ​ပြောရရင်​ stop motion ဖြစ်​တဲ့အပြင် ပလတ်စတစ်​အရုပ်​အစစ်တွေကို ပုံဖော်​ရိုက်​ကူးထားတာဖြစ်လို့ ကလေး​ကိုမှ ငယ်​ငယ်​လေးတွေ​ပဲ ကြည့်ဖို့ရိုက်ကူးထားတယ်လို့ ထင်နိုင်စရာရှိပေမဲ့ ပရိတ်သတ်​အရွယ်​အား​လုံး​ကြည့်ရှုနိုင်ပါတယ်။ ပရိသတ်​အားလုံးအတွက်တော့ မဟုတ်​ပေမဲ့ stop motion ရုပ်​ရှင်တွေကို ကြိုက်နှစ်သက်ရင်တော့ မဖြစ်​မနေကြည့်ရှုသင့်ပါတယ်။ ဇာတ်လမ်း​ကလည်း တစ်​နာရီ​စွန်း​စွန်း​စာပဲရှိတာကြောင့် ဥရောပ​ Animated​ ဇာတ်ကား​တွေကို​မြည်းစမ်း​လိုသူ​များလည်း​ ကြည့်ရှုသင့်တဲ့ဇာတ်ကားမျိုးပါ။ File size…(994 Mb)/(497 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:15:00 Genre…Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.4 2009
A Town Called Panic
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Do the World Darts 6
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ၆ကားမြောက်ဖြစ်ပါတယ် အရှေ့က ကားတွေအားလုံးကိုတင်ဆက်ပြီးဖြစ်ပါတယ် ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဒီကားကတော့ ထျန်းရှပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးဝမ်ကျောက်ရှင်းရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပါ။ ဝမ်ကျောက်ရှင်းမှာ ငယ်ငယ်ကတည်းကရင်းနီးခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ရှိခဲ့တယ်။ မိတ်ဆွေဟောင်းလို့ဆိုပေမယ့် ခံယူချက်ချင်းမတူတာကြောင့် သူတို့ကမတည့်ပါဘူး။ ဒါပေမယ့် မိတ်ဆွေဟောင်းဟာ ရောဂါအပြင်းအထန်နဲ့ သေလုဆဲဆဲဖြစ်နေချိန်မှာ သူ့ရဲ့အရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဇာတိမြေရှန်းရှီးကိုပို့ပေးဖို့အပ်ခဲ့တယ်။ ဒါပေမယ့် ဘာပစ္စည်းမှန်းမသိတဲ့အတွက် ဝမ်ကျောက်ရှင်းကလက်မခံခဲ့ပါဘူး။ အကြောင်းရှိလို့ ဝမ်ကျောက်ရှင်းကရှန်းရှီကိုပြန်တဲ့အချိန်မှာ သူ့နောက်ကိုကလေးလေးတစ်ယောက်ကလိုက်နေတာကိုသိလိုက်ရတယ်။ ဒီကလေးလေးက သူ့မိတ်ဆွေဟောင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံမယ့်သားဖြစ်နေတာကိုသိသွားပြီးတဲ့နောက်မှာ ဇာတိမမြေရှန်းရှီးကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကိုလက်ခံလိုက်တဲ့အချိန်ကစပြီးတော့ လမ်းမှာအတားအဆီးတွေ အန္တရာယ်တွေအမျိုးမျိုးနဲ့ကြုံကြပါတော့တယ်။ ဒီကလေးလေးတစ်ယောက်ကိုဘာကြောင့် လူတွေအများကြီးကလိုက်ဖမ်းနေတာလဲ…… အသက်(၅၀)ကျော်အဖိုးကြီးနဲ့ အသက်(၁၀)နှစ်ကျော်ကလေးတစ်ယောက်ဟာ ခရီးစဉ်တစ်လျှောက်ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ……. အဖိုးကြီးရဲ့ငါ့မအိုသေးဆိုပြီးတော့ အစွမ်းတွေပြသွားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။

5.8 2007
Do the World Darts 6
Charade
7.8

IMDb 7.8 , ခရမ်းချဉ်သီး RT 94% – Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ – ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။ – ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက – အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ – အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ် – သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ? – ယောင်္ကျား‌ သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့‌ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။ – သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Comedy, Mystery, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

Action • Drama
7.8 1963 113 mins
Charade
Darkest of Lies
4.2

Darkest of Lies (2023) Primeကနေ ပြနေတဲ့ရုပ်ရှင်ပါ။ Horror , Suspense , Thriller ဇာတ်ကို အေးအေးငြိမ့်ငြိမ့်နဲ့ သို့လော သို့လော တစိမ့်စိမ့်ချင်း သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ပြထားတယ်။ Thrillerကြိုက်တဲ့လူတွေတော့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ အာဖဂန်စစ်ပြန် တစ်ယောက်ရှိတယ်။ စစ်ပွဲထဲက ဒဏ်တွေကြောင့် သူက ဆေးနည်းနည်းစွဲနေတယ်။ သူ့မိန်းမက သူ့ကိုနာလန်ထူအောင် ပြန်ကြိုးစားလုပ်ပေးရင်း သူတို့တွေ ဘဝကို အသစ်က အတူတူပြန်စဖို့ကြိုးစားခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့တွေ နယူးယောက်ကနေ နယ်ဘက်ရောက်တဲ့မြို့ကလေးကိုပြောင်းပြီး သူ့မိန်းမအလုပ်က ပေးတဲ့အိမ်မှာ အတူတူသွားနေကြတယ်။ အဲဒီအိမ်ကို သူ့မိန်းမရဲ့ ကောလိပ်က သူငယ်ချင်းတွေကလည်း အမြဲလာလည်ကြတယ်။ သူ့မိန်းမကလည်း အလုပ်ကနေ တော်တော်နဲ့အိမ်ပြန်မလာတတ်ဘူး။ ဒီအိမ်ကြီးထဲမှာ သူတစ်ယောက်တည်းနေနေရင်း ဒီအိမ်ထဲ တစ်ခုခုရှိနေသလို သူခံစားခဲ့ရတယ်။ ဒီလိုနဲ့ သူဟာ နယ်အသစ်မှာ အလိမ်ပေါင်းများစွာနဲ့ သူကြုံနေရတာ သူသတိထားမိသွားခဲ့တယ်။ သူ့မိန်းမ သူ့ကိုလိမ်ထားတဲ့အလိမ်တွေ , သူ့မိန်းမသူငယ်ချင်းတွေရဲ့အလိမ်တွေ, သူ့မိန်းမရဲ့အလုပ်ကလူတွေရဲ့အလိမ်တွေ ဒီလိုအလိမ်တွေကြားမှာ သူအမှန်ကို သိအောင်လုပ်ဖို့ကြိုးစားရင်း အိမ်ကြီးရဲ့လျှို့ဝှက်ချက်နဲ့ သူ့မိန်းမရဲ့လျှို့ဝှက်ချက်တွေကို တူးဖော်မိတဲ့အကြောင်းကို သည်းထိတ်ရင်ဖိုကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.2 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:52:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Adventure • Drama
4.2 2023 116 mins
Darkest of Lies
9 Windows

ဉာဏ်အရမ်းကောင်းပြီး Liza လို့‌‌ ခေါ်တဲ့‌ကောင်မလေးဟာ ကားမတော်တဆမှုနဲ့ မိဘတွေဆုံးသွားပြီး ကိုယ်တိုင်လည်းဒုက္ခိတဘဝရောက်သွားခဲ့ပါတယ်။ ဒါကြောင့်သူမဟာ စိတ်ဓာတ်တွေတအားကျပြီးစိတ်ကျန်းမာရေးကုထုံးပါခံယူလိုက်ရပါနယ်။ ဒါ‌ပေမယ့် လိုင်းပေါ်က ကွန်မြူနီတီဂရုတစ်ခုမှာ စိတ်ဓာတ်ကျနေတဲ့သူတွေကိုအားပေးရမယ့်အစား လိုက်ပြီးဝေဖန်တိုက်ခိုက်တာတွေလုပ်နေခဲ့ပါတယ်။ တစ်နေ့တော့ လူတစ်ယောက်ကခွေးလေးတစ်ကောင်ကိုရက်ရက်စက်စက်မီးရှို့သတ်ပြတာကိုလိုင်းပေါ်တင်တဲ့အတွက် Liza တစ်ယောက်တွေ့ပြီး ရဲတိုင်ခဲ့ပေမယ့်ဘယ်သူမှမယုံခဲ့ပါဘူး။ နောက်နေ့တွေမှာ ခွေးမဟုတ်တော့ဘဲ လူတွေကိုပါသတ်ပြလာတဲ့အခါ Liza တစ်ယောက်ဘယ်လိုမျိုး ရဲတွေနဲ့ပေါင်းပြီး လူသတ်သမားကိုဖမ်းပြမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…(900 MB)/(500 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw For Life

Drama • Romance
0 2024
9 Windows
Old Men in New Cars: In China They Eat Dogs II

ဒိန်းမတ်ထောင်ကနေ ထွက်လာတဲ့ ဟာရန်းက ဆေးရုံတက်နေတဲ့ သူ့မွေးစားအဖေ မွန့်ကို သွားတွေ့ခဲ့တယ်။ မွန့်ဟာ သေခါနီးနောက်ဆုံးဆန္ဒအဖြစ် သူ့သားအရင်းနဲ့ တွေ့သွားချင်ခဲ့တာကြောင့် သူ့ရဲ့ မွေးစားသား ဟာရန်းက သားအရင်းရှာပုံတော်ကို ဖွင့်ခဲ့ရပါတယ်။ မွန့်ရဲသား လူဗစ်က လက်ရှိမှာ ဆွီဒင်ထောင်ထဲမှာ ထောင်ကျနေတာကြောင့် ဟာရန်းက သူ့မိတ်ဆွေ စာဖိုးမှူးနှစ်ယောက်ဖြစ်တဲ့ ပီတာနဲ့ မာတင်တို့ကို ခေါ်ပြီး‌ ထောင်ဖောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အဖေနဲ့သား ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး ဖခင်ဖြစ်သူမွန့်ဟာ အသည်းအစားထိုးဖို့ ပိုက်ဆံလိုတာကြောင့် ဟာရန်းတို့တတွေဟာ ဘဏ်ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့ကြတယ်။ ဘဏ်ဓားပြတိုက်နေစဉ်မှာ မေလီနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့အဖွဲ့ဟာ အုတ်အော်သောင်းနင်းနဲ့ ဘယ်လိုတွေ တလွဲတချော် လုပ်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

0 2002
Old Men in New Cars: In China They Eat Dogs II
Lost Bullet
6.2

လီနိုဟာ ဘာမှမတော်တဲ့ ညီလေးတစ်ယောက်ကို ကူညီပေးရာကနေ ထောင်ကျသွားပါတယ်။ ကွန်ကရစ်လေးထပ် ကာထားတဲ့ ရတနာဆိုင်ကို ကားလေးတစ်စင်းနဲ့ ဝင်တိုက်ပြီး ဖောက်ခဲ့တာ ဒဏ်ရာလေးတောင် မရခဲ့ပါဘူး။ ဒါကို အမြန်တပ်ဖွဲ့က သဘောကျသွားပြီး သူတို့အတွက် အလုပ်လုပ်ပေးဖို့ ချာရက်ဆိုတဲ့ အဖွဲ့ခေါင်းဆောင်က လီနို့ကို လာပြီး သိမ်းသွင်းပါတယ်။ လီနိုနဲ့ ချာရက်က အချိန်ကြာလာတာတဲ့ တကယ့်လူရင်းတွေလို ဖြစ်လာကြတယ်။ တစ်ရက်တော့ ချာရက်လိုက်နေတဲ့အမှုက အဆုံးသတ်ခါနီးဆဲဆဲမှာ သူတို့အဖွဲ့ထဲက တစ်ယောက်က သူလုပ်ထားတာ အကုန်ပေါ်မှာစိုးပြီး ချာရက်ကို သတ်ပစ်တယ်။ သတ်ပြီးတာနဲ့ လီနိုကို ချောက်ချတော့တာပဲ။ ဒီကိစ္စကို ထောင်ထွက်တစ်ယောက်ဖြစ်တဲ့ လီနိုက ဒီကိစ္စကို ဘယ်လိုပြန်ဖြေရှင်းမလဲ။ သူ့စကားကိုရော ဘယ်သူတွေက ယုံမှာတဲ့လဲ။ ကြည့်ရှူခံစားလိုက်ကြပါဦးနော်။ Quality – 720p WebRip Duration – 1 hr ၃၂min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Crime, Thriller Translator – Elizabeth Encoder – Littleneo

Drama
6.2 2020 92 mins
Lost Bullet
The Wedding Banquet
6.7

The Wedding Banquet (2025) **************************** IMDb… 6.7 The wedding banquet ကတော့ 1993 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The wedding Banquet ဆိုတဲ့ ဇာတ်လမ်းကို remake ရိုက်ကူးထားတဲ့ အမေရိကန် LGBT ရိုမန့်တစ်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် လူငယ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိန်ဂျယ်လာက သူ့ရဲ့ကောင်မလေးဖြစ်သူ လီရဲ့ မိသားစုအိမ်မှာ လီနဲ့အတူတူ နေနေတယ်.. အိန်ဂျယ်လာနဲ့ လီတို့အတွဲက ဖန်ပြွန်သန္ဓေသားထည့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နှစ်ကြိမ်တိုင်တိုင် ကျရှုံးပြီး ကလေးမရသေးတဲ့ အခြေအနေမှာဖြစ်နေတယ်.. အိန်ဂျယ်လာရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ခရစ်ဟာလည်း လီတို့ရဲ့အိမ် စတိုခန်းမှာ သူ့ရဲ့ကောင်လေးဖြစ်သူ မင်နဲ့ အတူတူနေနေကြတယ်.. မင်ကတော့ ကိုရီးယားကနေ လာခဲ့တဲ့ အနုပညာကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဗီဇာဟာ သက်တမ်းကုန်လွန်ခါနီးဖြစ်နေတာကြောင့် ခရစ်ကို လက်ထပ်ဖို့တောင်းဆိုခဲ့ပေမဲ့ ဂေးဖြစ်ကြောင်း မိသားစုကိုအသိမပေးသေးတဲ့ မင်နဲ့ ခရစ်ဟာ လက်မထပ်ချင်သေးဘူး ဖြစ်နေခဲ့တယ်.. အဲဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်လာနဲ့ ခရစ်တို့ဟာ သူတို့အတွဲ၂တွဲလုံးအတွက် အဆင်ပြေစေနိုင်မယ့် နည်းလမ်းကိုကြံစည်ခဲ့ကြတယ်.. အိန်ဂျယ်လာကတော့ မင်ရဲ့ဗီဇာအတွက် မင်နဲ့လက်ထပ်လိုက်မှာဖြစ်ပြီး မင်ကတော့ ဖန်ပြွန်သန္ဓေသားအတွက် စရိတ်ကိုထောက်ပံ့ပေးဖို့ပဲပေါ့.. အဲဒီလိုနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ကြတဲ့အခါ အိန်ဂျယ်လာနဲ့ မင်တို့ရဲ့ မိသားစုဝင်တွေကို ဘယ်လိုအယုံသွင်းပြီး သူတို့တွေ လက်ထပ်ဖို့ကို စီစဉ်သွားကြမှာလဲ… အိန်ဂျယ်လာနဲ့ လီတို့ရဲ့ ဖန်ပြွန်သန္ဓေသားထည့်သွင်းမှုကရော ဘယ်လိုတွေဆက်ဖြစ်သွားမလဲ… သူတို့လက်တွဲဖော်တွေ အချင်းချင်းကြားမှာရော ဘယ်လိုကိစ္စတွေကြုံတွေ့လာမလဲဆိုတာကို ဟာသလေးတွေနဲ့ စိတ်အပန်းဖြေရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Vanessa မှ ရေးသားထားပေးပါတယ်။) File Size : 1.37GB/ 670MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:43:48 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, Lai Laii, Hazelle & Vanessa Encoded by Tiff

Drama • Romance
6.7 2025 103 mins
The Wedding Banquet