YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) World.Famous.Lover.2020.720p.NF.WEB-DL.mp4

1.2 GB 720p video/mp4 7823 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Runaway Bride
6.1

မင်းသားကြီး Richard Gere နဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက် အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက် ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့ သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး Ikeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။ သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက် အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။ မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရော ဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲ သူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Adventure • Fantasy
6.1 1999 116 mins
Runaway Bride
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Eastern Promises
7.4

Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည် Eastern Promises ထဲက promises (ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင် လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့ "အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာ ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။ သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစု ဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့ လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့ သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။ အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်က အသည်းသန် လိုက်ဖမ်းနေတဲ့ဂိုဏ်းဆိုလည်း မမှားပါဘူး။ သေဆုံးသူအမျိုးသမီးဟာ အဲဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မိခဲ့တာလဲ၊ သားဖွားဆရာမအနေနဲ့ကရော အဖြစ်မှန်ကို ဖော်ထုတ်သွားနိုင်မလား၊ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ Eastern Promises ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါ။ File size…1.20GB / 485MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Comedy • Drama • Romance
7.4 2007 101 mins
Eastern Promises
Christmas Bloody Christmas
Bullet in the Head
7.6

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။ Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။ Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.6GB, 589MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 16Min Type - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 1990 130 mins
Bullet in the Head
The Platform
7

ဒီရုပ်ရှင်ကတော့ IDmb rating 7.0 ရရှိထားတဲ့ Netflix စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ ကလေးတွေ မကြည့်သင့်ပါဘူး။ ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းမှာ လူနှစ်ယောက်စီကို နေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီးဆီ Goreng သွားခဲ့တယ်။ သဘောတူညီချက်တစ်ခုနဲ့ လာရောက်ခဲ့တဲ့ Goreng ဟာ အဲ့ဒီနေရာကို ငရဲမှန်း မသိခဲ့ဘူး။ အဲ့ဒီနေရာက တကယ့်ငရဲ၊ "စားသောက်ခြင်း" အမှုနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းတဲ့ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေ စနစ် ကိုလိုက်ပြီး လူတို့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် စနစ်ကို အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... ဇာတ်ကောင်တွေရဲ့ စကားတွေမှာ တွေးစရာ သဘောကျစရာလေးတွေ... အဲ့လို အဲ့လိုတွေကို ဒီရုပ်ရှင်ကနေ ရရှိခံစားနိုင်ပါတယ်။ File Size : ( 886 MB , 324 MB) Quality : WEB-Rip 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lucille Encoded by Moe Myint Lwin

Comedy • Romance
7 2019 95 mins
The Platform
Crazy Little Thing Called Love (2010) First Love
7.6

ယခင်က DVD 720p အရည်အသွေးသာရှိခဲ့ပေမယ့် ယခုအခါ Netflix WEB-DL 1080p Quality ထွက်ရှိလာလို့ Update လိုက်ပါပြီ။ “Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Love မင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ… အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ် အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ် လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား??? အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ… ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။ နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ သက်တန့်လေးလိုပါပဲ… ရင်ထဲမှာမှိုင်းညှို့ပြီး ဝုန်းဒိုင်းကြဲခံစားချက်တွေ သူ့အပေါ်မရဲတရဲရွာသွန်းခဲ့ရပေမယ့် သူလဲကိုယ့်လို ကိုယ်နဲ့ထပ်တူ ခံစားချက်ရမှန်းသိလိုက်ရတဲ့အခါ အချစ်ဆိုတာ…တစ်ခါရေးရုံနဲ့ တစ်သက်စာလုံလောက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်လို… “Crazy Little Thing Called Love” (ရုပ်ရှင်အညွှန်းကို Baifern Myanmar Fans Facebook Page မှကူးယူဖော်ပြပါသည်။) File size…(2.3 GB)/(1 GB) Quality…WEB-DL(NF) 1080p / 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe-Z & Kyi Nue Zin

Drama • Mystery • Thriller
7.6 1900
Crazy Little Thing Called Love (2010) First Love
Christmas Island
7

ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….. File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2023
Christmas Island
Girl with a Pearl Earring
6.9

CM ပရိတ်သတ်ကြီးအတွက် Scarlett Johansson ရဲ့ အရင်က ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 6.9/10, Rt 73 % ရရှိထားတဲ့ Romance/Drama ကားလေးဖြစ်ပြီး မင်းသမီး Scarlett Johansson၊ မင်းသား Colin Firth (Kingsman: Secret Service/ Pride and Prejudice) နဲ့ မင်းသား Cillian Murphy (Peaky Blinders/ Oppenheimer) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒက်ချ် ပန်းချီဆရာ Johannes Vermeer ရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ Girl with a Pearl Earring ဆိုတဲ့ပန်းချီကားကို အခြေခံပြီး ဖန်တီးထားတဲ့ Tracy Chevalier ရဲ့ နာမည်တူဝတ္တုကို ဒါရိုက်တာ Peter Webber က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပြီး ဆုပေါင်း ၁၇ ဆု ရရှိခဲ့ကာ ဆန်ကာတင် ၄၆ ခု (အော်စကာဆု အပါအဝင်) ဝင်ခဲ့တာပါ။ ၁၆၆၅ ခုနှစ်ဆီက ဟော်လန်နိုင်ငံရဲ့ ပန်းချီဆရာတစ်ယောက်အိမ်မှာ အစေခံအဖြစ်ရောက်လာတဲ့ ဂရိဒ်ဆိုတဲ့ ကောင်မလေးနဲ့ ပန်းချီပညာရှင် သူ သခင်ရဲ့ကြားက ဆက်ဆံရေးကို cinematography ကောင်းကောင်းနဲ့ တင်ဆက်ပြနိင်ခဲ့လို့ ဝေဖန်သူတွေရဲ့ ချီးကျူးမှုပေါင်းများစွာကိုလည်း ရရှိခဲ့တာပါ။ မူရင်းပန်းချီထဲက ကောင်မလေးက ပန်းချီဆရာရဲ့အိမ်က အစေခံကောင်မလေး ဟုတ်မဟုတ်ကိုတော့ ဘယ်သူကမှ အတည်ပြုနိုင်ခြင်းမရှိခဲ့သလို ဒီပန်းချီကားက ပန်းချီပညာရှင် Vermeer ရဲ့ နာမည်အကြီးဆုံးပန်းချီကားဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မငြင်းဆိုနိုင်ခဲ့ပါဘူး။ ဂရိဒ် (Scarlett Johansson) တိမ်တွေမှာ အရောင်ရှိတယ်တဲ့။ အရင်ကတော့ သူမ သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် သခင်က ပြောလို့ သေချာခံစားပြီးကြည့်တော့မှ တကယ်ဟုတ်တာပဲ။ တိမ်တွေမှာ အရောင်တွေရှိနေပါတယ်။ အိမ်ရဲ့စားဝတ်နေရေးကြောင့် သူများအိမ်မှာ အစေခံလာလုပ်နေရပေမယ့် သခင့်ရဲ့ပန်းချီတွေက သူမကို အလုပ်လုပ်နေရတယ်လို့ မခံစားရစေခဲ့ပါဘူး။ အရေးကြုံရင်လည်း သခင်က သူမဘက်က ရပ်တည်ပေးတတ်သေးတယ်လေ။ ဗာမီရား (Colin Firth) ပျင်းရိငြီးငွေ့ဖွယ် သူ့ဘဝထဲ သူမ ဝင်လာချိန်ကစပြီး သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတယ်။ အရောင်တွေကို နားလည်ပြီး အနုပညာကို ခံစားတတ်တဲ့ သူမက သူ့ရဲ့လက်ရာအမြောက်ဆုံးဖြစ်လာမယ့် ပန်းချီတစ်ချပ်ကို ဖန်တီးပေးခဲ့သူပေါ့။ ပီတာ (Cillian Murphy) အသားစိမ်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အသားသည်သူ့ဘဝထဲ “အသားကမလတ်ဘူး”လို့ ပြောပြီး သူမ ဝင်လာခဲ့တာပါ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ပင့်ကြည့်ပြီး သူမက ပြောတော့ သူတို့သားအဖ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကောင်းစားအသားကို ထုတ်ပေးလိုက်ကြရတယ်။ သူမ ဘယ်သွားတတ်လဲ၊ ဘာလုပ်တတ်လဲ လိုက်စုံစမ်းပြီး သူမအနားပဲ ရှိနေချင်မိတာ သူ့အမှားမဟုတ်ဘူးလေ။ သူမက လှတာကိုး။ ဇာတ်လမ်းကို spoil မိမှာစိုးလို့ သိပ်အများကြီး မညွှန်းတော့ပါဘူးနော်။ မတ်မတ်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှလေးကို ခံစားရင်း နောက်ဆုံး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးလို့။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Biography, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

Horror • Thriller
6.9 2003 101 mins
Girl with a Pearl Earring
Jaws
8.1

စတီဗင်စပီးဘာ့ဂ်ဟာ ရုပ်ရှင်ရိုက်ဖို့ မွေးလာတဲ့သူပါပဲ။ သူ့ပထမဆုံးရုပ်ရှင် The Sugarland Express (1974)တို့ ခု ဒုတိယရုပ်ရှင်ဂျောတို့လိုစစဦးချင်းကားတွေကနေစလို့ နောက်ဆုံး အခု The Fabelmansအထိ ကားတိုင်း မှတ်ကျောက်ထင်ကျန်အောင် လုပ်နိုင်တဲ့ ဒါရိုက်တာဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့သမျှကားတွေကလည်း တစ်ကားနဲ့တစ်ကား ပုံစံ Genre တော်တော်ကွဲထွက်ပေမဲ့ ဘာပဲရိုက်ရိုက် မှော်ဝင်အောင်ရိုက်နိုင်တာက စပီးဘာ့ဂ်ရဲ့ ထူးခြားချက်လို့ ပြောရမယ်။ Jawsတို့ The Lost World: Jurassic Parkတို့လို အကောင်ကားတွေ အင်ဒီယာနာဂျုန်းကားတွေလို စွန့်စားခန်းကားတွေ လင်ကွန်းတို့ ကာလာပါပယ်တို့လို The Postတို့ Schindler’s Listတို့ လို ဘိုင်အိုဂရပ်ဖီကားတွေ The Terminalလို ရိုမန့်သိပ်ဆန်တဲ့ကားတွေ A.I. Artificial Intelligence , E.T. the Extra-Terrestrial , war of the worlds, Close Encounters of the Third Kindတို့လို သိပ္ပံကားတွေ Catch Me If You Canတို့ Saving The Private Ryan တို့လို ကားတွေအထိ တစ်ကားမှမကောင်းမရှိရအောင် ရိုက်ပြနိုင်ခဲ့တယ်။ ကျွန်တော့်ပုဂ္ဂလိက အမြင်အရတော့ Jawsတို့ အင်ဒီယာနာတို့လိုကားတွေက စပီးဘာ့ဂ်ရဲ့ တင်ပြပုံမှော်ဆန်နေတာကြောင့်သာမဟုတ်ရင် ကျွန်တော်တို့မြင်နေကျ ခပ်ပေါပေါငါးမန်းကားတွေ ခပ်ပေါပေါရှေးဟောင်းသုတေသနစွန့်စားခန်းကားတွေ ဖြစ်သွားမှာပဲ။ စပီးဘာ့ဂ်ရဲ့ မှော်ဆန်မှုနဲ့ပေါင်းလိုက်မှသာ ဒီရုပ်ရှင်တွေဟာ ဂန္တဝင်ကားတွေဖြစ်လာခဲ့တာပဲ။ ဂျိမ်းစ်မန်ဂိုးဒ်လို အထင်ကရ ဒါရိုက်တာတစ်ယောက်ရိုက်တာတောင် အဲဒီလိုဆန်သွားတဲ့ အင်ဒီယာနာနဲ့ တစ်ကလွဲ နောက်ပိုင်းကားအကုန် သာမန်ငါးမန်းကားဖြစ်သွားတဲ့ Jawsကိုကြည့်ရင်ပဲ ဒီအချက်က မြင်သာတယ်။ Jawsမှာဆိုလည်း ငါးမန်းကားသက်သက်ပေမဲ့ စပီးဘာ့ဂ်ပေါင်းစပ်ထားတဲ့ Elementတွေဟာ Jawsကို သာမန်ငါးမန်းကားတစ်ကားထက်ပိုစေခဲ့တယ်။ နောက်သူက ပရိုဒတ်ရှင်းကုမ္ပဏီ Amblin Entertainmentကိုလည်း ထောင်ထားသေးတယ်။ အဲဒီကနေလည်း Back to the Futureတို့ Cape Fearတို့လို ရုပ်ရှင်တွေ သူရိုက်ခဲ့တဲ့ ရုပ်ရှင်တွေရဲ့ အဆက်ကို ဆက်ရိုက်ကြတာတွေကို ထုတ်ခဲ့တယ်။ သူ့ဘာသာအနေနဲ့လည်း ရုပ်ရှင်တွေအများကြီး ပရိုဂျူဆာလုပ်ခဲ့တယ်။ စပီးဘာ့ခ်ရဲ့ ရုပ်ရှင်ပိုးကို ဆွပေးခဲ့တဲ့ ရုပ်ရှင်တွေက Godzilla, King of the Monsters (1956)တို့ ကူရိုဆာဝါရုပ်ရှင်တွေတို့ Captains Courageous (1937), Pinocchio (1940)တို့ Lawrence of Arabia (1962)တို့ဆိုတော့ သူရွေးချယ်ထားတဲ့ ရုပ်ရှင်တွေက စုံလင်ဆန်းပြားနေတာလည်း မဆန်းဘူး။ အဲဒီကားတွေနဲ့ခပ်ဆင်ဆင်ကားတွေအကုန် သူရိုက်ပြခဲ့ပြီးပြီ။ Jawsကို ရိုက်တော့ စပီးဘာ့ဂ်က မူရင်းစာအုပ်က အခန်းတွေအများကြီးကို ဖြုတ်ချပြီး ကျောရိုးကိုပဲ အဓိကထားရိုက်ခဲ့တယ်။ ဇာတ်ညွှန်းကိုလည်း မူလက အပ်ထားတဲ့ ဇာတ်ညွှန်းသမားဟာကို အချိတ်အဆက်မမိဘူးလို့ခံစားရတာကြောင့် နောက်တစ်ယောက်ကိုပါ ထပ်အပ်ခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ပြောဖူးသလို ရုပ်ရှင်မှာ အဓိကက တစ် ဇာတ်ညွှန်း နှစ်ဇာတ်ညွှန်း သုံးဇာတ်ညွှန်းပဲ ဆိုသလိုပေါ့။ တကယ်တမ်း Jawsကို ရုပ်ရှင်ရိုက်တော့လည်း အခက်အခဲအများကြီး ကြုံခဲ့ရတယ်။ စပီးဘာ့ဂ်ရဲ့ တိုင်အပတ်ခဲ့ဆုံးတွေထဲက တစ်ကားလို့ပြောရမယ်။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာတော့ အောင်မြင်ခဲ့တယ်။ သိရသလောက်ဆို ရုံထဲကနေ ပရိသတ်တစ်ယောက် ထွက်ပြေးသွားတော့ စပီးဘာ့ဂ်က သူ့ကားဘွန်းပြီလို့ထင်ခဲ့သတဲ့။ ဒါပေမဲ့ ဟိုလူက အန်ပြီး ပြန်လာပြီး ကားပြီးတဲ့အထိ ဆက်ကြည့်မှပဲ သူစိတ်အေးသွားရသတဲ့။ တကယ်လည်း နည်းနည်းလန့်ဖို့ကောင်းတဲ့ အခန်းတွေပါသလို နောက်ခံတီးလုံးက ဂျွန်ဝီလီယမ်လက်စွမ်းပြထားတာဆိုတော့ Jumpscareခန်းတွေမှာ သူ့တီးလုံးနဲ့ တော်တော်လေးအသက်ဝင်နေတယ်။ ငါးမန်းကားဆိုပေမဲ့ သူတို့၂ယောက်လက်စွမ်းကြောင့် ဟော်ရာကားလိုလို အရသာပါရနေတယ်။ Thriller အငွေ့အသက်လည်း အပြည့်ရပါတယ်။ ဒီလိုအသက်ဝင်နေတာကြောင့်ပဲ Jawsဟာ တော်တော်လေး အောင်မြင်ခဲ့သလို Blockbuster ဆိုတဲ့ စကားလုံးဟာ Jawsမှာ ပိုတွင်ကျယ်လာတယ်လို့ပြောကြတယ်။ ဒါတော့မသေချာဘူး။ ဒါပေမဲ့လည်း Jawsဟာ အောင်မြင်ရုံတင်မဟုတ်ဘဲ culture တစ်ခုကိုပါ တည်ဆောက်နိုင်ခဲ့တယ်။ ဇာတ်ကြောင်းကိုတော့ ပြောပြဖို့မလိုလောက်ပါဘူး။ ဒါပေမဲ့လည်း စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။ File size… 3.2 GB / 1.3 GB Quality… BluRay Remastered 1080p / 720p Format… mp4 Duration…. 2h 4m Genre ….. Adventure/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

8.1 1975 124 mins
Jaws
[18+] Wife’s Friend Reunion

******************************* အီဂျီယောင်းဆိုတဲ့ မိန်းကလေးက ယောက်ျားနှိပ်စက်တာ ခံ‌နေရပြီးတော့ တစ်ကိုယ်တည်း အာမခံလုပ်ငန်းကို လုပ်ကိုင်ရင်း ရုန်းကန်နေရရှာတယ် ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အာမခံသွင်းမဲ့သူကို မရလို့ ကြံရာမရဖြစ်နေခဲ့တယ် တစ်နေ့မှာ သူ့ငယ်သူငယ်ချင်း ဒယ်ချောဆိုသူနဲ့ တွေ့ပြီးတော့ သူက ဖိတ်တဲ့အတွက် ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သွားဖြစ်ခဲ့တယ် အဲဒီမှာ မင်ဂီဆိုတဲ့ လုပ်ငန်းရှင်နှာဘူး တစ်ယောက်နဲ့ တွေ့ပြီးတော့ သူနဲ့ အိပ်ပေးရင် အာမခံသွင်းပေးမယ်ဆိုပြီးတော့ အညှိခံရခဲ့တယ် တစ်ဖက်မှာလည်း နှိပ်စက်နေတဲ့ ယောက်ျားက ပိုက်ဆံ သိန်း ၅၀၀ ပေးရင် ကွာပေးမယ်လို့ ပြောလာတဲ့အခါမှာ ဂျီယောင်းလည်း ကြံရာမရတဲ့အဆုံး မင်ဂီနဲ့ သွားအိပ်လိုက်တယ် အဲဒီလိုနဲ့ မရပ်တန့်နိုင်တော့ ဂျီယောင်းတစ်ယောက် ဘယ်အချိန်ထိ လမ်းမှားကို ဆက်လျှောက်သွားဦးမလဲ ကယ်တင်ရှင် ပေါ်လာဦးမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ဇာတ်လမ်းလေးလည်းမိုက် အခန်းလေးလည်းကြိုက်ချင်နေတဲ့သူတွေအတွက်တော့ရှယ်ပါဗျို့ File Size 1.1GB & 487MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:27:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] Wife’s Friend Reunion
Only You
6.7

ဒီတခါတော့ cm ပရိသတ်ကြီးကို မိုးအေးအေးလေးမှာ ရိုမန့်စ် ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နယူးရီးယား ညတစ်ညမှာ သူငယ်ချင်းအိမ်မှာ သောက်စားပြီး ပြန်လာတဲ့ အယ်လီနာဆိုတဲ့ ကောင်မလေး အငှားကားလု တားရာကနေ ဂျိတ်ခ်ဆိုတဲ့ သူ့ထက်အများကြီး ငယ်တဲ့ ကောင်လေးနဲ့ စပြီး ဆုံဖြစ်ခဲ့ကြပါတယ်။ ကားအတူစီးပြီးတဲ့နောက် လမ်းမခွဲဖြစ်ဘဲ ဇာတ်လမ်းလေးတစ်ခုကို စမိခဲ့တဲ့ အချစ်ဇာတ်လမ်း ရိုမန့်စ် ဒရာမာ ကားကောင်းလေးပါ။ ဒီဇာတ်ကားမှာ စုံတွဲတွေ ချစ်ခင်စုံမက် အတူနေကြပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေ၊ လက်တွဲဖော်ရဲ့ အားပေးမှုက ဘယ်လောက်အရေးပါသလဲဆိုတာကို မီးမောင်းထိုးပြထားနိုင်ပါတယ်။ RS သမားတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။ မရှိတဲ့သူတွေကတော့ ကြိုကြည့်ထားတာပေါ့နော်။ Infertility နဲ့ ပတ်သတ်ပြီး အမျိုးသမီးငယ်တွေ ခံစားရတဲ့ အပိုင်းတွေနဲ့ မိဘတွေဆီက တစ်ဆင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေ ထည့်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ရှုခံစား ကြည့်ကြပါဦးလို့…။ File size…1.62GB / 784MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 59m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.7 2018 119 mins
Only You
Attack Jiajin Mountain
5.7

တရုတ်ကွန်မြူနစ်တပ်တွေရဲ့တော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့နှင်းတောင်ကြီးဖြစ်တဲ့ ကျာကျင်းတောင်ကိုကျော်နိုင်ဖို့လမ်းကြောင်းရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ကျာကျင်းတောင်ရှိရာနယ် ရွာလေးမှာနေတဲ့တိဘက်တန်ရွာသားလေးက ကူမင်တန် စစ်သားစုဆောင်းရေးမှာပါသွားပြီး သူ့ဆန္ဒမပါပဲစစ်တက်ထဲဝင်ခဲ့ရတယ်။ အခွင့်အရေးရတာနဲ့ သူတို့ညီအစ်ကိုကထွက်ပြေးခဲ့ကြတယ် ဒါပေမယ့် အစ်ကိုဖြစ်သူက ကူမင်တန်တွေရဲ့သေနတ်အောက်မှာ သေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ လူတစ်စုရောက်လာပြီး သူတို့ကိုကျာကျင်းတောင်ကိုခေါ်သွားပေးဖို့ လမ်းပြအဖြစ်ငှါးခဲ့တယ်။ လမ်းတစ်လျှောက် ရွာလုံးကျွတ်သတ်ဖြတ်တဲ့ ကူမင်တန်တွေရဲ့ စက်ဆုတ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုမြင်ကြရတယ်။ ကူမင်တန်တွေရဲ့ရန်ကလွတ်အောင်ရှောင်ပြေးရင်း ကြမ်းတမ်းတဲ့တောလမ်းခရီးကို ကျော်ဖြတ်ရင်း တပ်ဖွဲ့ကြီးအတွက် ကျာကျင်းတောင်ကို မရောက်ရောက်အောင်သွားတဲ့ ကွန်မြူနစ်တွေရဲ့ဇွဲကိုပြတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

5.7 2024
Attack Jiajin Mountain
[18+] Sponsor
7.8

Sponsor (2025) IMDb Rating (7.8) ဂျပ်စမင်းနဲ့အဲလိစ်တို့ဟာ ညီအစ်မတွေဖြစ်ပြီး ဂေါက်ရောဂါနဲ့လမ်းမလျှောက်နိုင်တဲ့ဖခင်ကြီးနဲ့ကျောင်းပညာရေးထူးချွန်တဲ့ ညီမငယ် အဲလိစ်တို့ကို ဂျပ်စမင်းကပဲ ဦးဆောင်နေရပါတယ်။ ဂျပ်စမင်းအလုပ်ကလည်းအချိန်ပိုင်းမော်ဒယ်ဖြတ်လျှောက်သဘောဆိုတော့ ရံဖန်ရံခါအဆင်မပြေလှပါဘူး။ ဒါပေမယ့်လည်း ရှေးရိုးစွဲပြီးကိုယ်ကျင့်တရားကိုအလေးပေးသွန်သင်ခဲ့တဲ့ မိဘတွေကြောင့် လမ်းမှားမရောက်အောင်ထိန်းသိမ်းနိုင်ခဲ့သလိုသူ့ကိုတစ်ဖက်သက်ချစ်နေတဲ့ ငယ်သူငယ်ချင်း အားရီးစ်ကိုလည်း ဂျပ်စမင်းက အခွင့်အရေးမပေးခဲ့ပါဘူး။ ဒါပေမယ့် သူတို့အဖေရောဂါသည်းထန်လာပြီး မဖြစ်မနေဆေးရုံတင်လိုက်ရချိန်မှာတော့ သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အပြင်မှာသွားတွေ့ရုံ၊တွဲပြီးပွဲတက်ရုံဆိုတဲ့ အလုပ်တစ်ခုကို လက်ခံလိုက်မိရာကနေ အဲ့ဒီဖောက်သည်က သူ့ကိုတန်းတန်းစွဲလာချိန်မှာတော့ ဂျပ်စမင်းတစ်ယောက်အရင်လို ရုန်းထွက်နိုင်ဦးမလား၊သူ့ညီမငယ်ဖြစ်သူ အဲလိစ်မှာရော ငွေရှာဖို့ဘယ်လိုအကြံအစည်တွေရှိနေဦးမလဲ? ဝါရင့်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ Angela Morena နဲ့ Micaella Raz တို့ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

7.8 2025 118 mins
[18+] Sponsor
He Got Game

ဒီတစ်ခုကတော့ ကြာပြီပေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ Spike Lee ရိုက်ကူးထားပြီး American sports flim မျိုးပါ။ Plot အရဆိုရင် ဂျိတ်ခ်ရှက်တာဝေါ့ဆိုတဲ့လူက မိန်းမဖြစ်သူကို သတ်မှုနဲ့ အကျဉ်းကျနေတဲ့ထောင်သားတစ်ယောက်ပါ။ ဂျိတ်မှာ သားနဲ့သမီး နှစ်ယောက်ရှိပြီး သူ့ရဲ့သားဖြစ်သူဂျီးဆပ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘက်စကက်ဘောမှာ တော်တော်လေးကို တော်တဲ့ကစားသမားဖြစ်တာကြောင့် ကျောင်းအကုန်လုံးနီးပါးက သူ့ကိုမျက်စိကျနေကြပါတယ်။ ဂျီးဆပ်ကိုယ်တိုင်ကလည်း ဘ၀ရဲ့အရေးအကြီးဆုံးဆုံးဖြတ်ချက်ဆိုတဲ့စကားတွေကြားမှာ ဘယ်တက္ကသိုလ်တက်ရမလဲ ဝေခွဲမရဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကဂျီးဆပ်က ဂျိတ်ခ်ရဲ့သားမှန်းသိတော့ သူတက်ခဲ့တဲ့ တက္ကသိုလ်ဘစ်စတိတ်ကို တက်ဖို့ သူ့သားကို သိမ်းသွင်းနိုင်ရင် ဂျိတ်ခ်ရဲ့ထောင်ဒဏ်သက်တမ်းလျှော့ချပေးမယ်ဆိုပြီး အပေးအယူလုပ်ခဲ့ပါတယ်။ ဂျိတ်ခ်က အဲဒါကိုလက်ခံလိုက်ပြီး ခံ၀န်တစ်ပတ်နဲ့လွတ်လာပြီး သူ့သားဖြစ်သူနဲ့ ဆက်ဆံရေးအဆင်မပြေတဲ့ကြားက ဘစ်စတိတ်ကို တက်ဖို့ သိမ်းသွင်းသွားနိုင်မှာလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ File size…(2.7 GB)/(1.4 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet khin

Drama • Comedy
0 1998
He Got Game