YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Walk Up (2022) 720p.mp4

753.73 MB N/A video/mp4 84 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lords of Dogtown
7.1

Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်.. အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊ မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲ File Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Crime • Mystery • Thriller
7.1 2005 107 mins
Lords of Dogtown
365 Days: This Day
5.8

အားလုံးစောင့်မျှော်နေကြတဲ့ အချစ်အနမ်း ခပ်ကြမ်းကြမ်းအခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ 365 DNI ရဲ့ အဆက် 365 Days This Day ဆိုတဲ့ နာမည်နဲ့ ထပ်ထွက်လာပါပြီ။ ဒီဇာတ်ကားမှာလည်း ပုရိသတို့အကြိုက် Masimo & Laura တို့အပြင် တစ်ခြားအလန်းစား ပြိုင်ဘက် Mafia Gang က ဇာတ်ကောင်အသစ်တွေပါ ပါလာပါတယ်။ ပထမကားမှာ ဥမင်လှိုင်ခေါင်းတစ်ခုမှာ ပြိုင်ဘက် ဂိုဏ်းရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ လော်ရာ ဟာ ကိုယ်၀န်ပျက်ကျသွားရကနေ စပါတယ်။ ဒါပေမယ့် ဒီကိစ္စကို မာစီမိုကို မပြောထားခဲ့ပဲ သာမန်ဘ၀အဖြစ်ဖြတ်သန်းဖို့ လော်ရာက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် မာစီမိုရဲ့ ပျောက်နေတဲ့ ညီ ပေါ်လာခဲ့တဲ့အပြင် ... ပြိုင်ဘက် မာဖီးယားဂိုဏ်းရဲ့ နှောက်ယှက်တိုက်ခိုက်မှုတွေ ကြားမှာ မာစီမို နဲ့ လော်ရာတို့ နှစ်ယောက် ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။ 365 ကားရဲ့ထုံးစံအတိုင်း Nude scene တွေအများကြီးကို Soundtrack အငြိမ်လေးတွေနဲ့ တစ်၀ကြီးကြည့်ရမှာပါ။ ဒါက Part 2 ဖြစ်တာကြောင့် ပထမဇာတ်ကားကို မကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=365+days ကြည့်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (1.7 GB)/(740 MB) Quality – Web-DL 1080p/ 720p Duration - 1Hr 46mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – Thiha Yan Naing Encoder – SWM

Drama • Romance
5.8 2022 111 mins
365 Days: This Day
The Sea Beast
7.5

နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့ မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ.... File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson

Documentary
7.5 2022 119 mins
The Sea Beast
Trial Period
6

Trial Period(2023) ------------------ IMDb-7.2/10 အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။ အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Aditi~Zwe~Cherry

Drama • Fantasy
6 2023 125 mins
Trial Period
RRR (2022) R.R.R
8.4

RRR (2022) IMDb Rating -8.4/10 (ခုဗားရှင်းကတော့ အကြည်ဆုံး WEB DL ဗားရှင်းကို Audio 5.1CHနဲ့ 4k Qualityထိ တင်ဆက်ပေးထားပါတယ်) ဘိုင်ယာဘာမင်းသား Konidela Ram Charan Teja နဲ့ ဂမ်ဂုဘိုင် မင်းသမီး Alia Bhatt တို့ရဲ့ ပါဝင်ထားပြီး မင်းသားကြီးအာဂျေးလို ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်ကြီးကပါ ပါဝင်အားဖြည့်ပေးထားပါတယ်) 1920 ခုနှစ် အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေစဥ်အခါက မြို့စားမင်း စကော့နဲ့ အမျိုးသမီးဖြစ်သူ ကတ်သရင်းတို့ဟာ အာသီလာဘတ်တောအုပ်ထဲကိုသွားရင်း မာလီဆိုတဲ့ ကလေးလေးတစ်ယောက်ကို အဆိုကောင်းတာကြောင့် မတရား ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ် မာလီရဲ့ အစ်ကိုဖြစ်တဲ့ ဘင်းတစ်ယောက်ကတော့ သူ့ညီမလေးကို ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေရင်း တစ်နေ့ ရာမာ(ရမ်) နဲ့ ဆုံခဲ့ပါတယ် သူတို့နှစ်ယောက် အလုပ်အတူတူလုပ်ရင်းနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့ကြတာပေါ့ သို့သော် ဘင်းမသိခဲ့တဲ့ ရမ်ရဲ့အကြောင်းကတော့ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက် ဖြစ်နေခဲ့တာပါ ရမ်က ရဲသားတစ်ယောက်ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ ညှာတာခြင်းမရှိ နှိပ်စက်သတ်ဖြတ်နိုင်တဲ့သူတစ်ယောက်ပါ ဒါပေမဲ့ သူ့မှာလည်း လျှို့ဝှက်ချက်တွေအများကြီးရှိနေခဲ့ပါတယ် ဘင်းနဲ့ ရမ်ရဲ့ ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်မှာလဲ… ရမ်နဲ့ စီသာ (မင်းသမီး Alia Bhatt) ကကော ဘယ်လိုဆက်နွယ်မှုရှိနေတာလဲ…. IMDb 8.4/10 ရရှိထားပြီး ဗြိတိသျှအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ အဖိနှိပ်ခံပြည်သူတွေရဲ့ ဇာတ်ကြောင်းနဲ့ ဘဝတွေကို အကောင်းဆုံးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်တာကြောင့် အခုပဲ ကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ (4k Quality ထွက်လာရင်လဲ အမြန်ဆုံး Updateပေးသွားပါမယ်)

Drama • Horror • Mystery
8.4 1900
RRR (2022) R.R.R
Maanagaram
8.1

Maanagaram (2017) “မြို့ပြရဲ့ သားကောင်များ” IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ် ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါ ဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ် Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe – LCU)ဆိုပြီး ကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ရုံတင်ဝင်ငွေ သန်း ၁၁၀ အထိ အမြတ်အစွန်းပြန်ရခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံခဲ့ရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ချန်နိုင်းစီးပွားရေးမြို့ကြီးကို တက်လာတဲ့ အင်ဂျင်နီယာကျောင်းသား Sri ဟာ အလုပ်အင်တာဗျူးအောင်လို့ ဘော်ဒါတွေကိုတစ်ဝိုင်းတိုက်နေရင်း နောက်တော့ ဘားမှာပဲ Sundeep Kishan ဆိုတဲ့လူက ကျောင်းတုန်းက ပြန်မကြိုက်ခဲ့တဲ့ crush လေးအကြောင်း ပြောနေပြန်ပါတယ် အတိတ်က ဖြစ်ရပ်တစ်ခုမှာ လူမိုက်တစ်ယောက်က ကောင်မလေး Regina ကို Sundeep နဲ့ကြိုက်ရင် သတ်ပစ်မယ်ဆိုပြီး အက်စစ်နဲ့မျက်နှာကို ပက်ပစ်မယ် ဆိုပြီး ချိန်းခြောက်တာကြောင့် Sundeep က ဒေါသထွက်ပြီး လူမိုက်ကို ပြန်ရိုက်ရာမှာ လူမိုက်က အခုပစ္စုပ္ပန်မှာ Sundeep ကို ဘားမှာပြန်တွေ့ပြီး ချောင်းရိုက်ဖို့ လူငှားပါတယ် ဖြစ်ချင်တော့ လူမှားပြီး ရိုက်မိလိုက်သူက Sri ဖြစ်နေပါတယ် တစ်ဖက်မှာလည်း သားဖြစ်သူရဲ့ ဆေးဖိုးလိုလို့ PKP ဆိုတဲ့ လက်မရွံ့ ဂန်းစတားရဲ့ ကားကို အငှားမောင်းတဲ့ Charle ဆိုသူက သူ့ရဲ့တက္ကစီပေါ်မှာ Sri ရဲ့ စာရွက်စာတမ်းတွေနဲ့ အိတ်ကို သွားတွေ့ပြီး ရဲတိုင်ပါတော့တယ်… ဒီလို အဆက်အစပ်မရှိတဲ့သူတွေ ဘယ်လို ပတ်သက်မိကြမလဲဆိုတာ ဒီထက် ဆက်ပြောပြရင် ဇာတ်လမ်းသိပြီး အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဖို့ အကြံပေးပါတယ် အတိုချုပ်ကတော့ မတူညီတဲ့ လူလေးယောက် ချန်နိုင်းမြို့ကြီးက ရှုပ်ထွေးလှတဲ့ အမှုတစ်ခုမှာ ဘယ်လို ပတ်သက်ဆက်နွယ်မိသွားလဲဆိုတာပါပဲ ဇာတ်လမ်းဇာတ်အိမ် ရှုပ်ထွေးတာမျိုးကြိုက်တဲ့ သူတွေအဖို့တော့ ထိုင်ခုံအစွန်းနဲ့ မြဲနေအောင် ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 2017 137 mins
Maanagaram
Star Syndrome
9

ဒီတစ်ခေါက်မှာတော့ အင်ဒို Musical ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Jay and the others လို့ခေါ်တဲ့ Malay Rock Pop တီးဝိုင်းကတော့ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့ပြီး ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ သူတို့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Simpang Siur ဆိုတာလည်း အင်ဒိုက လူတိုင်းလိုက်ဆိုခဲ့ကြတဲ့သီချင်းအပါအဝင်ပါပဲ။ Vocalist ဖြစ်တဲ့ ဂျေအက်ဒီအနားယူသွားပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဂျေအက်ဒီတစ်ယောက် single တစ်ပုဒ် နောက်ဆုံးအနေနဲ့ ပြချပြဖို့ ကြိုးစားလာပါတယ်။ ဖြစ်ချင်တော့ လူတွေလည်း သူ့ကိုသိပ်မသိတော့တဲ့အပြင် လူကြီးတစ်ချို့သာ သိကြပြီး ပြင်ပ Unplugged ဆိုင်တွေကလည်း သူ့ကိုမခေါ်ချင်ဖြစ်လာပါတယ်။ အဲတော့ သူ့အနေနဲ့ လူငယ်တွေရဲ့ ခေတ်ရေစီးကြောင်းကို အမိအရလိုက်ရပြီး . တွဲဖက်အဆိုတော် အနေနဲ့ နွန် ဆိုတဲ့ ကောင်မလေးကို သူနဲ့တူတူတွဲဆိုစေပြီး သီချင်းကို ပြီးပြည့်စုံစေခဲ့ပါတယ်။ အဲသီချင်းကို ယခုခေတ်လူငယ်ကြားမှာ ဘယ်လိုခေတ်ထအောင်လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေးပဲ ကြည့်ရှုလိုက်ပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ထားတာကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Music Quality…. 1080p | 720p File size… 1.6GB | 519MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

9 2023
Star Syndrome
The Village
5.8

The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 890MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.8 2023 120 mins
The Village
Monsters vs Aliens
6.4

IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်….. ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာ ဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။ သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီး တစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့် ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့် သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီး သူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများက သူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက် Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်…. File size… 1.8 GB / 867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar

6.4 2009 94 mins
Monsters vs Aliens
Rabid
6.3

အဘိုးတို့ခေတ်က အမေရိကန်အပြာသရုပ်ဆောင် မင်းသမီးကြီးမာရီလင်ချိန်းဘားစ်ရဲ့ ခေတ်ဟောင်းဇွန်ဘီးရုပ်ရှပ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဆုတွေအများကြီးရထားပြီး ဟော်ရာရုပ်ရှင်တွေအရိုက်များတဲ့ ကနေဒါလူမျိုးဒါရိုက်တာကြီး ဒေးဗစ်ခရိုနန်ဘာ့ချ်လက်ရာမို့ ခေတ်ဟောင်းကရုပ်ရှင်ဆိုပေမဲ့ အရည်အသွေးကတော့ ထိပ်တန်းပါပဲ။ လမ်းလယ်မှာရပ်ထားတဲ့ ကားတစ်စီးကြောင့် ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲဟာ အတော်လေးဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။အမျိုးသားဖြစ်သူက ကျိုးပဲ့ပြီး သတိလစ်တာလောက် ဖြစ်သွားပေမဲ့ အမျိုးသမီးလေးကတော့ ဆိုင်ကယ်မီးလောင်တာနဲ့အတူ ခန္ဓာကိုယ်နေရာအတော်များများမှာ မီးလောင်သွားခဲ့ပါတယ်။ အနားမှာ ပလတ်စတစ်ဆာဂျရီလုပ်ပေးတဲ့ ဆေးခန်းရှိနေတဲ့အတွက် အမျိုးသမီးဖြစ်သူကို ဘယ်မှာမှမစမ်းသပ်ရသေးတဲ့ အရေပြားအစားထိုးနည်းနဲ့ မလွှဲရှောင်သာပဲ ကုပေးလိုက်ရပါတယ်။ ဒီမှာပဲ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ထူးဆန်းတာတွေဖြစ်လာပြီး တစ်မြို့လုံးရောဂါကူးစက်ဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy • Drama
6.3 1977 91 mins
Rabid
Irena’s Vow
6.2

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 610MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre …..War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Irena’s Vow
Varshangalkku Shesham
7.2

Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။ သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင် သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ် စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင် ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

7.2 2024
Varshangalkku Shesham
Glory: Who Will Compete
5.6

E- sport ချန်ပီယံအိပ်မက်ကို အခက်အခဲတွေ အမျိုးမျိုးကြားကနေ ရအောင်အကောင်အထည်ဖော်သွားတဲ့ မိန်းကလေးတွေအကြောင်းပဲဖြစ်ပါတယ်။ BOF ဆိုတဲ့အဖွဲ့ဟာ မိန်းကလေး ၄ယောက်၊ ယောင်္ကျားလေး ၁ယောက်နဲ့ဖွဲ့ထားတဲ့ E- sport အဖွဲ့တစ်ခုဖြစ်တယ်။ BOFဟာတွဲဖက်ညီညီနဲ့ ကြိုးစားလာခဲ့ကြတာ ပြိုင်ပွဲကြီးတစ်ခုရဲ့အမှတ်အများဆုံးရပ်တည်နေပါတယ်။ အဲဒီအချိန်မှာခေါင်းဆောင်ဖြစ်တဲ့ ရွေချီရဲ့ရည်းစားဖြစ်တဲ့ လီကျုံးရှော့ကို တစ်ဖက်ပြိုင်ဘက်အသင်းက ငွေနဲ့ပေါက်ပြီး ခေါ်သွားတဲ့အခါ BOFမှာ မိန်းကလေး၄ယောက်ပဲကျန်ခဲ့ပြီး ပြိုင်ပွဲဆက်ပြိုင်ဖို့အခက်အခဲတွေဖြစ်လာခဲ့တယ်။ သစ္စာဖောက်သွားတဲ့ရည်းစားကြောင့်ဖြစ်လာတဲ့ ဒုက္ခတွေကိုကျော်ဖြတ်ပြီး ချန်ပီယံဖြစ်အောင် အဆုံးထိဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

Drama
5.6 2025
Glory: Who Will Compete
The Night of the Skirt
5

ခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဒတ်ချ်စကားပြောအနောက်ဥရောပ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ဘဝလက်တွဲဖော်ရှာမတွေ့နိုင်ဖြစ်နေတဲ့ လူလတ်ပိုင်းအရွယ်တချို့ရဲ့ အခက်အခဲတွေ၊ ဇီဇာကြောင်ပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားငယ်ကြပုံတွေကို ဟာသနှောအရွှန်း ဖောက်ကာ သွက်သွက်လက်လက်တင်ဆက်ပုံဖော်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်,,, Roos ဆိုတဲ့ အမျိုးသမီးဟာ လက်တွဲဖော်ရှာဖို့ခက်ခဲနေတဲ့သူတွေအတွက် Blind Date စီစဉ်ပေးတဲ့သူတစ်ယောက်ဖြစ်ပြီး မေးခွန်းအခု ၅၀၀ ကို ဖြေဆိုပေးရင် လိုက်ဖက်တဲ့စုံတွဲဖြစ်အောင် နေရာချပေးနိုင်တယ်လို့ ယုံကြည်ထားသူတစ်ဦးပါ… ထူးထူးဆန်းဆန်း ရယ်သံပြုတတ်တဲ့ ခွေးအလှပြုပြင်သူ Jenny… လက်ရှိအချစ်ရေးအဆင်မပြေသူ ဘဏ်ဝန်ထမ်း Bob… ပေါက်လွတ်ပဲစားတွေခရားရေလွတ်ပြောတတ်သူ Aldo… မုဆိုးဖိုဖခင်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခံနေရသူ Eefje တို့ Roos ရဲ့ Blind Date အစီအစဉ်ကိုစာရင်းသွင်းကာ ရောက်ရှိလာပါတော့တယ် Roos ဟာ ၎င်းတို့ ၄ ယောက်ကို မေးခွန်း ၅၀၀ ဖြေဆိုစေပြီး လိုက်ဖက်တဲ့သူချင်းနေရာချပေးဖို့ကြိုးစားရာမှာကြုံရတဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ ခေါင်းကိုက်စရာတွေကို ရယ်ရွှင်ဖွယ်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ ပေါ့ပေါ့ပါးပါး ကြည့်ရှုလိုသူ ရုပ်ရှင်ချစ် ပရိသတ်များအတွက် သဘောကျမှာသေချာပါတယ် စုံတွဲနှစ်တွဲအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင် အပြိုင်တင်ပြထားပြီး အမ်စတာဒမ်မြို့ရဲ့ အလှအပတွေ မသိမသာကွဲပြားနေတဲ့ အနောက်ဥရောပရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်တဲ့ ဇာတ်ကားကောင်းလေးကို အချစ်ဟာသကားကြိုက်နှစ်သက်သူပရိသတ်များ လက်မလွတ်ကြစေဖို့ ညွှန်းဆိုပေးလိုက်ပါရစေဗျာ………. File size… (2.05GB) / (1.01GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5 2024
The Night of the Skirt
Bring Them Down
6.6

အရိုးရဲ့ “ဟိုဖက်ခြံထဲက ကြက်ဖနဲ့ ကျုပ်ကြက်မနဲ့ညား”ဆိုတဲ့ ကြက်ဥကိစ္စ ခွက်စောင်းခုတ်တဲ့သီချင်းကို မကြားဖူးတဲ့လူတော့ ရှိလောက်မယ်မထင်ပါဘူး။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေး ကလည်း ဒီသီချင်းနဲ့ခပ်ဆင်ဆင်ပါပဲ။မတူတာကတော့ သီချင်းက ကြက်တွေအကြောင်းဖြစ်ပြီး ဒီကားကတော့ သိုးထီးတွေ အကြောင်းဖြစ်နေတာပါပဲ။အဓိကအကြောင်းအရင်းကတော့ ကျေးလက်ဒေသက သိုးမွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကြားက အားပြိုင်မှုတွေ မသမာမှုတွေ ခွက်စောင်းခုတ်ကြပုံတွေကို စိတ်ဝင်စားစရာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ကတော့ Bring Them Down ဖြစ်ပြီး လက်ရှိ IMDb Rating 6.6 အထိရရှိထားတဲ့အတွက် အဖြစ်သဘော မဟုတ်တဲ့ ဇာတ်ကားဆိုတာတော့သိသာနေပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း It Comes At Night တို့ Poor Things တို့လိုဇာတ်ကားကြီးတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ Christopher Abbott တို့ နာမည်ကြီးဇာတ်လမ်းတွေတော်တော် များများမှာပါဝင်ခဲ့ဖူးတဲ့ Barry Keoghan တို့အပြင် တခြားသော နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင် ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း ဖြစ်ပြီး အဓိက မွေးမြူရေးခြံပိုင်ရှင် ၂ ယောက်ကတော့ မိုက်ကယ်နဲ့ဂယ်ရီတို့ဖြစ်ပြီး ဂယ်ရီရောင်းတဲ့သိုးတွေထဲမှာ မိုက်ကယ်က သူ့ရဲ့အမှတ်အသားလုပ်ထားတဲ့ သိုး ၂ ကောင်ကို တွေ့ရာကနေစတာပါပဲ။မိုက်ကယ်က အေးအေးလူလူသမားပေမဲ့ ဂယ်ရီက ပိုက်ဆံနောက်လိုက်ပြီး ပေါက်ပန်းလေးဆယ်တွေ လိုက်လုပ်နေတဲ့လူဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီသိုး ၂ ကောင်ကအစ ပြုပြီး မွေးမြူရေးခြံ ၂ ခုကြားမှာ ဘယ်လိုမကျေမချမ်းတွေ ပြဿနာတွေဖြစ်လာမလဲဆိုတာတွေအပြင် ဒရာမာပေါင်း သောင်းခြောက်ထောင်ကို စိတ်ဝင်စားစရာကောင်းစွာ ရှုစားရဦး မှာပဲဖြစ်ပါတယ်။ File size… (1.25 GB) / (793 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2024 105 mins
Bring Them Down