YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Walk the Line (2005) Extended Cut 1080p.mp4

3.26 GB 1080p video/mp4 118 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Violent Night
7.5

Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး လောဘအိုး လူ့ဂွစာတွေဖြစ်ပြီး ခရစ္စမတ်မှာဆုံတိုင်း ဘာအမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့လူမျိုးတွေပါပဲ။ အခု ခရစ္စမတ်ညမှာတော့ သူတို့မိသားစုစံအိမ်ကြီးကို လက်နက်ကိုင်တစ်ဖွဲ့က ဝင်စီးနင်းပြီး ဒေါ်လာ သန်း ၃၀၀ ကို အလုံခန်းထဲက ဖောက်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဆန်တာလည်း မူးမူးရူးရူးနဲ့အိမ်ထဲပိတ်မိနေပြီး ဓားပြတစ်ဖွဲ့လုံးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဆဲအဆိုတွေ ဟာသတွေ အက်ရှင်ကြမ်းကြမ်းတွေနဲ့မို့ လူကြီးတွေအတွက် ခရစ္စမတ်မှာဖျော်ဖြေနိုင်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ File size…(1.66Gb) / (1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Fantasy
7.5 2022 112 mins
Violent Night
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
The Happy Camper
6.6

The Happy Camper(2023) ************************ ဇာတ်ကားလေးကတော့ ဒေလွန်မိုက်ကယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူဘရန်ဒန့်နဲ့အတူ ဒိတ်တင်း app ကုမ္ပဏီလေးတစ်ခုကိုအတူတူလုပ်ကြတယ်။ ဘရန်ဒန်က အလုပ်ကိုပဲဦးစားပေးလွန်တဲ့အတွက် ဒေလွန်ဟာသူ့ကိုတဖြည်းဖြည်းစိတ်ပျက်လာပါတယ်။ တစ်နေ့ သူတို့ရဲ့ကုမ္ပဏီကိုရင်းနှီးမြှပ်နှံမယ့်သူဟာ ငွေကြေးထပ်မထုတ်ပေးတော့တဲ့အတွက်ကုမ္ပဏီကို ပိတ်ဖို့ဖြစ်လာပါတော့တယ်၊ ဘရန်ဒန်ကလည်း နောက်ထပ်ရင်းနှီးမြှုပ်နှံသူကိုလိုက်ရှာမယ် ၊ ဒေလွန်ကို ခဏအနားယူဖို့ပြောလိုက်တယ်၊ ဒီလိုနဲ့ ဒေလွန်ရဲ့အဖိုးက သူ့မြေးကိုလွမ်းလို့တွေ့ချင်နေကြောင်းအမေဖြစ်သူက ဖုန်းဆက်တယ်၊ လက်ရှိမှာအလုပ်မရှိတာရော စိတ်ညစ်တာရောဖြစ်နေတဲ့အတွက် မွေးရပ်မြေ ဆေးဗားဒေးမြို့ကို ပြန်သွားတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဘဝရဲ့ အလှည့်အပြောင်းမျိုးစုံတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်... File Size :(1.6GB) and (747MBMB) Quality : WEB-DL1080P,720p Format…mp4 Duration…01:25:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6.6 2023 85 mins
The Happy Camper
Shang-Chi and the Legend of the Ten Rings
7.6

အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကို ပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။ အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။ စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက် အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ် ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ် ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့ စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခု ပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (6.7 GB)&(2.59 GB)&(1.57 GB )&(700 MB) Quality –Blu-Ray 4K (IMAX) HEVC , 1080p , 720p, 480p Duration - 2hr 12min Subtitle – Myanmar Hardsub Format – MKV / MP4 Genre : Action, Adventure, Fantasy Translator – Mr.Anderson Encoder – San Win Maung, Phyo Pyae

Drama • Thriller
7.6 2021 132 mins
Shang-Chi and the Legend of the Ten Rings
Spiral: From the Book of Saw
6

Saw ရုပ်ရှင်တွေရဲ့ ၉ ကားမြောက်ရုပ်ရှင်ဖြစ်တဲ့ Spiral လာပါပြီ။ Spiral ဆိုတဲ့ ခရုပတ်ပုံလေးက ပြောင်းလဲခြင်း၊တော်လှန်ခြင်း၊တိုးတက်ခြင်းတွေကို ရည်ညွှန်းတယ်တဲ့။ ဒီရုပ်ရှင်မှာတော့ လူသတ်သမား ပြောင်းလဲဖို့ကြိုးစားခဲ့တာကတော့ ရဲတွေကိုပါပဲ။ အကျင့်ပျက်ရဲတွေအပြင် ရဲဥပဒေ အပိုဒ်ခွဲ-၈ ဖြစ်တဲ့ မိမိကိုယ်ကိုယ် ခုခံဖို့ လက်နက်သုံးခွင့် ဥပဒေကိုပါ အလွဲသုံးစားလုပ်ခဲ့တဲ့ ရဲတွေ၊ တစ်နည်းအားဖြင့် မလိုအပ်ဘဲ လူမတရားသတ်ပြီး လွတ်မြောက်နေတဲ့ ရဲတွေကို အပြစ်ပေးဖို့ကြိုးစားခဲ့တာပါပဲ။ saw ရဲ့ထုံးစံအတိုင်း သူ့ကို လိုက်ဖမ်းဖို့ကြိုးစားနေကြတဲ့ကြားက တစ်ယောက်ပြီးတစ်ယောက်ကို သူတို့ရဲ့ အတိတ်တွေနဲ့ ပတ်သတ်တဲ့အပြစ်ပေးနည်းတွေနဲ့ ကစားနည်းတွေ ကစားခိုင်းပြီး သတ်ဖြတ်ခဲ့တာကို ကြည့်ရမှာပါပဲ။ ဟော်ရာ ရုပ်ရှင် ပရိသတ်တွေအတွက် ကြည့်စရာ တစ်ကားရပါပြီ။ File size…(1,5 GB) and (1 GB) Quality….Webrip 1080p and 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson

Sci-Fi & Fantasy
6 2021 93 mins
Spiral: From the Book of Saw
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
[18+] Baxter, Vera Baxter
6.1

ဒီကားက ပြင်သစ်ကားဆိုတော့ အားလုံးကြိုက်မယ့် ကားမျိုးတော့ မဟုတ်ဘူး။ ပြင်သစ်ကားပီသစွာပဲ တင်ဆက်ပြသပုံကလည်း ထူးခြား တယ်။ ရိုက်ထားတဲ့သူကလည်း ပြင်သစ်စာရေးဆရာမ Marguerite Duras။ The Loverတို့ Hiroshima, mon Amourတို့ကို ရေးခဲ့တဲ့ စာရေးဆရာမပေါ့။ အဆိုပါကား၂ကားက တန်းဝင်ကားတွေဖြစ်တဲ့အ တွက် ဒီကားတွေကို ရေးတဲ့ စာရေးဆရာမကလည်း သူ့ဇာတ်ကောင် တွေကို သူပိုင်ပိုင်နိုင်နိုင်ပုံဖော်နိုင်တဲ့သူမျိုးပဲ။ ဒီကားမှာဆိုလည်း ဇာတ်ကောင်နည်းနည်းနဲ့တင် တစ်ခါတလေ ဇာတ် ကောင်တွေကိုတောင် သေချာမပြဘဲ စကားပြောနေတဲ့အသံနဲ့ တခြား ကို ပြရင်းတင် ပုံဖော်သွားတယ်။ ဒါပေမဲ့ တရိပ်ရိပ်ကြည့်ရင်းတော့ ဇာတ်ကောင်တွေအကြောင်းကို ကျွန်တော်တို့သိလာလိမ့်မယ်။ ပဟေ ဠိဆန်ဆန်နဲ့ ကြည့်နေရင်း ပဟေဠိကို အဖြေသိသွားသလို သိလာတဲ့ အသိမျိုးပေါ့။ ဒီကားဟာ စာရေးဆရာမရိုက်တဲ့ကားဆိုတော့ ဇာတ်ကောင် တွေကို အသက်သွင်းသွားတာ တော်တော်မိုက်ပေမဲ့ အများကြီးတော့ သွားမျှော်လင့်လို့မရဘူး။ တစ်ခုသတိချပ်ရမှာက ပြင်သစ်ရုပ်ရှင်ဆိုတာ လိင်ဆွဲဆောင်မှုမပါရင်မဖြစ်ဘူးလို့ ယူဆကြတဲ့ဒါရိုက်တာတွေတောင် ရှိတဲ့နေရာဆိုတော့ ဒီကားဟာ အများနဲ့ကြည့်လို့တော့ အပြည့်အဝ အဆင် ပြေမှာမဟုတ်ပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ W ဖြစ်ပါတယ်) File Size……….(1.64 GB) / (415 MB) / (220 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 35Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama Translator…….W Encoder……….Admin X

6.1 1977 95 mins
[18+] Baxter, Vera Baxter
Bunny Drop
7.2

Bunny Drop (2011) ~ IMDb – 7.2/10, RT – 68%, MyDramaList – 8.2/10 ~ ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်ရတာက လွယ်တယ်လို့ထင်ပါသလား။ အဲဒီကလေးက ကိုယ့်ကလေးမဟုတ်ဘဲ တစ်ခြားသူရဲ့ကလေးဖြစ်နေတဲ့အပြင် ပြောစကားနားမထောင်တဲ့ကလေးဖြစ်နေပြန်ရင်လည်း ပြုစုစောင့်ရှောက်ရပိုခက်မှာမလား။ ဒိုင်းကီချိ (Daikichi) တစ်ယောက် သူ့အဘိုးစျာပနအခမ်းအနားကြောင့် အဘိုးဖြစ်သူရဲ့အိမ်ကို ပြန်လာရင်း အသက် ၆ နှစ်အရွယ် ရင်း (Rin) လို့ခေါ်တဲ့ကလေးမလေးတစ်ယောက်ကို တွေ့သွားပြီး ဘယ်သူ့ကလေးလဲဆိုတာမေးတော့ သူ့အဘိုးရဲ့တိတ်တိတ်ပုန်းကလေးဖြစ်နေတယ်။ ဒိုင်းကီချိရဲ့မိဘကအစ သူ့ဆွေမျိုးတွေက ရင်းကို သူတို့မိသားစုမျိုးရိုးရဲ့ အရှက်ရစရာတစ်ခုလို့ သတ်မှတ်ကြပြီး ဘယ်သူမှခေါ်ထားပြီး မစောင့်ရှောက်ချင်ကြဘူး။ အဲဒီမှာ ဒိုင်းကီချိက ချစ်ဖို့‌ကောင်းပြီး အပြစ်မရှိတဲ့ ရင်းကို သနားသွားလို့ ခေါ်ယူကျွေးမွေးစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်တာကို သူ့မိဘတွေရော သူ့ဆွေမျိုးတွေရော အသည်းအသန် တားကြပေမဲ့ ဒိုင်းကီချိကတော့ သူ့ဆုံးဖြတ်ချက်ကိုမပြင်ဘဲ ရင်းကို ခေါ်ယူစောင့်ရှောက်ပါတော့တယ်။ စစချင်းတော့ ကိုယ့်ကလေးမဟုတ်တဲ့သူကို ခေါ်ယူစောင့်ရှောက်တာကမှားသွားပြီလားလို့ လူပျိုဖြစ်တဲ့ ဒိုင်းကီချိတစ်ယောက် နောင်တရနေပေမဲ့ အဆိုးထဲကအကောင်းလို့ပြောရလောက်အောင် သိပ်လိမ္မာတဲ့ ရင်းကို တဖြည်းဖြည်း ကိုယ့်သမီးလို မြင်ယောင်ပြီး သံယောဇဉ်တွယ်လာမိတော့တယ်။ ဟုတ်ပါတယ်… ဇာတ်လမ်းကသိပ်ကိုရိုးရှင်းပါတယ်။ လှည့်ကွက်တွေ၊ ဒရာမာအရမ်းချိုးတာတွေမပါဘဲ ကလေးတစ်ယောက် အထူးသဖြင့် တစ်ခြားသူရဲ့ကလေးကို ကျွေးမွေးပြုစုစောင့်ရှောက်နိုင်မှာလား၊ အလုံးစုံတာဝန်ယူနိုင်မှာလား၊ အဲဒီကလေးအတွက် တစ်ခါတစ်ရံ ကိုယ့်ဘဝကိုယ် အနစ်နာခံနိုင်မှာလားဆိုတာကို ရိုးရိုးရှင်းရှင်း ပုံဖော်ရိုက်ကူးပြထားတာပါ။ ဒီ Usagi Drop ဇာတ်ကားက Yumi Unita ရေးတဲ့ Usagi Drop (2005-2011) Manga ကိုပြန်ရိုက်ထားတဲ့ Live-Action ဇာတ်ကားဖြစ်ပြီး Anime အဖြစ်လည်း ၂၀၁၁ ခုနှစ်မှာ Production I.G စတူဒီယိုကနေ ၁၁ ပိုင်းထွက်ရှိထားပါတယ်။ Usagi Drop ဇာတ်ကားရဲ့ဒါရိုက်တာ Sabu က ဒီဇာတ်ကားကိုရိုက်ကူးခဲ့တုန်းက သရုပ်ဆောင်တွေဆီက သဘာဝကျကျ သရုပ်ဆောင်မှုတွေကို လိုချင်ခဲ့တာဆိုပြီး အစအဆုံးနီးပါး ဇာတ်ညွှန်းအသင့်မရှိဘဲ လက်တန်းရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ Usagi Drop ကို ရိုက်ကူးပြီး ၁၄ ကြိမ်မြောက် Shanghai International Film Festival မှာပြတော့လည်း လှိုက်လှိုက်လှဲလှဲ ချီးကျူးခံခဲ့ရတဲ့ကားကောင်းပါပဲ။ အလုပ်တစ်ဖက် ကလေးတစ်ဖက်နဲ့ တိုင်ပတ်နေတဲ့ လူပျိုကြီး ဒိုင်းကီချိအဖြစ် ပေါ်လွင်အောင် သရုပ်ဆောင်ပြတဲ့သူက တစ်ခြားသူမဟုတ်ပါဘူး… ပထမဆုံး Death Note Live-Action တွေထဲမှာ L အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kenichi Matsuyama ပါ။ ရင်း အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Mana Ashida က ကလေးပီပီ ချစ်စရာကောင်းလောက်အောင် Kenichi နဲ့အပြိုင် သရုပ်ဆောင်နိုင်ခဲ့လို့ အဲဒီနှစ်ကကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် Blue Ribbon Awards ပွဲမှာ Best Newcomer (အကောင်းဆုံးတက်သစ်စသရုပ်ဆောင်) ဆုကို ရရှိခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 54Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

TV Movie • Comedy • Family • Horror
7.2 2011 114 mins
Bunny Drop
Never to Lose
6

Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.65GB / 1.01GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

6 2005
Never to Lose
Jilla
6.2

Jilla (2014) “ဂျီလ်လာ” IMDb 6.2 တမီးလ်မင်းသား Vijay နဲ့ မင်းသမီးချော Kajal Aggarwal တို့ ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဟောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ် ရုံတင်ငွေ ရူပီး ၈၅ ကုဋေရရှိတဲ့ ဒီရုပ်ရှင်လေးမှာ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ရှန်သီက လူမိုက်ခေါင်းဆောင်တစ်ယောက်ရဲ့ ညာလက်ရုံးမွေးစားသားတစ်ယောက် ငယ်ငယ်က သူ့အဖေကို ရဲတစ်ယောက်က သတ်သွားလို့ ရဲဆိုရင်ဇွတ်မုန်းနေပြီး အိန္ဒိယရဲတွေဝတ်တဲ့ ကာကီရောင်ဝတ်လာတဲ့ လုံခြုံရေးကို ရန်လုပ်လို့လုပ် ရဲသားကြီးဖြစ်ချင်တယ်လို့ ထဖြေတဲ့ ကျောင်းသားတစ်ယောက်ကိုလည်း ထောက်ချွန်နဲ့သွားထိုးတဲ့ အထိပါပဲ ဒါပေမဲ့ သူ့မွေးစားအဖေ လူမိုက်ခေါင်းဆောင်က သူအကာအကွယ်ရဖို့ ရှန်သီ့ကို ရဲတပ်ဖွဲ့ထဲ ဝင်ခိုင်းတဲ့အခါမှာတော့ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်ဦးမလဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Bluri ~ Kyaw Htay ~ Yunni တို့မှ ဖြစ်ပါတယ်

Drama • Romance
6.2 2014 169 mins
Jilla
Lethal Love Affair
3.7

Lethal Love Affair (2024) IMDb Rating (3.7) ဒီဇာတ်ကားလေးကတော့ GL ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ကြည့်နေကြ ရိုမန်တစ်ဆန်တဲ့ အချစ်ကားတွေမဟုတ်ဘဲ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ခရစ်စတယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်က အလုပ်ကြိုးစားတဲ့ အလုပ်ကြမ်းပိုးမလေးပေါ့။ အမြဲတမ်း အလုပ်မှအလုပ်ဖြစ်တဲ့ အလုပ်ကြမ်းပိုးမလေး ခရစ်စတယ်ရဲ့ ဘဝက ဇိုဝီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်မှာ အရာအားလုံးပြောင်းလဲသွားခဲ့တယ်။ အစပိုင်းမှာ ရိုမန်တစ်ဆန်တဲ့ အချစ်ငှက်ငယ်လေးဘဝကနေ အလုပ်နဲ့ပတ်သက်ပြီး ထိခိုက်မှုတွေဖြစ်လာတာကြောင့် ခရစ်စတယ်က ဇိုဝီကို လမ်းခွဲခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ????? (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.6 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:47:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Drama • War • Romance • History
3.7 2024 106 mins
Lethal Love Affair
Swordsman 2 The Legend of the Swordsman
7.1

Swordsman 2 (1992) The Legend of the Swordsman IMDb Rating (7.1) ဒီဇာတ်ကားကတော့ သိုင်းလောကစိန်ခေါ်သံထဲက လင့်ဟူချုန်းနဲ့ တုန်ဖန်းပုပိုက်တို့ရဲ့ ဇာတ်လမ်းပါပဲ။ ဂျက်လီက လင့်ဟူချုန်းအဖြစ်ပါဝင်ထားပြီး တုန်ဖန်းပုပိုက်အဖြစ်အားလုံးရဲ့ရင်ထဲအစားထိုးမရတဲ့ထိ ကြမ်းချသွားတာကတော့ မင်းသမီး Brigitte Lin ပဲဖြစ်ပါတယ်။ တုန်းဖန်းပုပိုက် သိုင်းလောကသားတွေကို ဒီနေ့ မျှဝေပေးချင်တာက မိန်းမလျာသိုင်းသမားကြီး တုန်းဖန်းပုပိုက်ရဲ့ အကြောင်းပါ။ တုန်းဖန်းပုပိုက် (Dongfang Bubai) ဟာ စာရေးဆရာ ကျင်းယုံရဲ့ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲက နာမည်ကျော် ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ The Smiling၊ Proud Wanderer ကို တက္ကသိုလ်ဝင်းကြွယ်က ၁၉၈၁ ခုနှစ်မှာ “သိုင်းလောကပြက်လုံး” လို့ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီး တက္ကသိုလ်နေလင်းအောင်ကလည်း ၁၉၈၁ ခုနှစ်မှာပဲ “သိုင်းလောက၏ စိန်ခေါ်သံ” လို့ ဘာသာပြန်ဆိုထုတ်ဝေခဲ့ပါတယ်။ [တုန်းဖုန်းပုပိုက် ဆိုတဲ့ အမည်ကိုတော့ တက္ကသိုလ်ဝင်းကြွယ်က “တုန်းဝှမ်းပုပိုက်” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “တုံးဖန်းပု” လို့ ဘာသာပြန်ပါတယ်] သိုင်းလောကထဲမှာ ကုန်းကုန်းလို့ ခေါ်တဲ့ နန်းတွင်းမိန်းမစိုး (Eunuch) တွေ ပေါများပေမယ့် တုန်းဖန်းပုပိုက်လို LGBT ဇာတ်ကောင်မျိုးကတော့ ရှားပါတယ်။ နာမည်ကျော် နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်အောင်မြင်ထားသူ တုန်းဖန်းပုပိုက်ဟာ နေလဂိုဏ်းရဲ့ (Sun Moon Holy Cult) ဂိုဏ်းချုပ် ဖြစ်ပါတယ်။ [နေလဂိုဏ်းကို တက္ကသိုလ်ဝင်းကြွယ်က “သူရိန်မျက်နှာမူဂိုဏ်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေမင်းသခင်ဂိုဏ်း” လို့ ဘာသာပြန်ပါတယ်] ကနဦးမှာ လက်ထောက်ဂိုဏ်းချုပ်အဖြစ် နေလဂိုဏ်းချုပ် လိမ့်ဝေါ်ရှင်း (Ren Woxing) ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဆရာဖြစ်သူကို အကျဥ်းချပြီး ဂိုဏ်းချုပ်နေရာ ရယူခဲ့သူပါ။ [လိမ့်ဝေါ်ရှင်းကို “လင့်ဝေါစိမ်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “လင်းရှင်” လို့ သုံးပါတယ်] ပြီးတော့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းရဲ့ ဘက်တော်သားတွေနဲ့ သူ့ကို သစ္စာမခံကြသူတွေကို ဘိန်းမည်းရောစပ်ထားတဲ့ အဆိပ်ဆေးကျွေးပြီး ထိန်းချုပ်ခဲ့သူ ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ နေကြာသိုင်းကျမ်း (Sunflower Manual) ကို လေ့ကျင့်ဖို့အတွက် ယောက်ကျားဘဝကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတစ်ယောက်သဖွယ် ပြုမူ နေထိုင်ခဲ့ပါတယ်။ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းကတော့ နေကြာသိုင်းကျမ်းရဲ့ အစွမ်းထက်မှုကို သိရှိထားပေမယ့် ယောက်ကျားဘဝကို မစွန့်လွှတ်နိုင်တာကြောင့် ကြယ်ငင်မိစ္ဆာသိုင်း (Star-Absorbing Skill) ကိုပဲ အထူးပြု လေ့ကျင့်ခဲ့သူပါ။ [နေကြာသိုင်းကျမ်းကို တက္ကသိုလ်ဝင်းကြွယ်က “ပန်းနေကြာစွယ်စုံသိုင်း” လို့ ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်ကတော့ “နေကြာပန်းသိုင်းပေါင်းချုပ်” လို့ ဘာသာပြန်ပါတယ်] နေကြာသိုင်းကျမ်းကို လေ့ကျင့်အောင်မြင်သွားပြီးတဲ့နောက် အနီရောင်အပ်ချည်နဲ့ ပန်းထိုးအပ်ဟာ တုန်းဖန်းပုပိုက်ရဲ့ ထူးခြားတဲ့ လက်နက်ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ချစ်သူကတော့ နေလဂိုဏ်းသား တစ်ဦးဖြစ်သူ ရန်လျန့်ထင်း (Yang Lianting) ဖြစ်ပါတယ်။ တုန်းဖန်းပုပိုက်ဟာ ရန်လျန့်ထင်းနဲ့ ချစ်ကြိုက်ခဲ့ပြီးနောက် ဂိုဏ်းကိစ္စအားလုံးကို ရန်လျန့်ထင်းရဲ့ လက်ထဲ ပုံအပ်ခဲ့ပါတယ်။ [“ယန်းလျန်ထိန်” လို့ တက္ကသိုလ်ဝင်းကြွယ်က ဘာသာပြန်ပြီး တက္ကသိုလ်နေလင်းအောင်က “ရန်လင်း” လို့ သုံးပါတယ်] နောက်ဆုံးမှာတော့ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဂိုဏ်းချုပ်ဟောင်း လိမ့်ဝေါ်ရှင်းဟာ လင့်ဟူချုန်း (Linghu Chong) နဲ့တွေ့ပြီး လွတ်မြောက်လာခဲ့တယ်။ အဲဒီနောက် တုန်းဖန်းပုပိုက်နဲ့ ရင်ဆိုင်ခဲ့ကြတယ်။ အဲဒီတိုက်ပွဲဟာ လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ပါဘူး။ လင့်ဟူချုန်း၊ လိမ့်ဝေါ်ရှင်းနဲ့ ရှန်းဝိန့်ထျန်း (Xiang Wentian) တို့ သုံးယောက်ပေါင်းပြီး အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရတဲ့အပြင် လိမ့်ယဥ်ယဥ်ကပါ ဉာဏ်ကူပြီး ရန်လျန့်ထင်းကို တိုက်ခိုက်တော့မှ အာရုံများသွားရတဲ့ တုန်းဖန်းပုပိုက် တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒါတောင် တုန်းဖန်းပုပိုက်ရဲ့ လက်ချက်ကြောင့် လိမ့်ဝေါ်ရှင်းလည်း မျက်လုံးတစ်ဖက် ကန်းသွားခဲ့ရပါတယ်။ တုန်းဖန်းပုပိုက် ဆိုတာ “အရှေ့ကျွန်း အရှုံးမရှိ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီခေတ် အဲဒီအခါက သိုင်းလောကမှာ တုန်းဖန်းပုပိုက်ကို တစ်ယောက်ချင်း ယှဥ်နိုင်သူ မရှိပါဘူး။ ဒါကြောင့် လင့်ဟူချုန်း နဲ့ လိမ့်ဝေါ်ရှင်းတို့ကိုယ်တိုင်က တစ်ယောက်ချင်း မယှဥ်နိုင်တဲ့အကြောင်း၊ သိုင်းလောက ပထမဘွဲ့ကို ရသင့်ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ကြရပါတယ်။ တုန်းဖန်းပုပိုက်ဟာ ထက်မြက်သူ၊ ရက်စက်သူ ဆိုပေမယ့် တစ်ဖက်မှာလည်း ချစ်တတ်တဲ့ နှလုံးသားရှိသူပါ။ သူ သေဆုံးခဲ့ရတာဟာ ရန်လျန့်ထင်း အပေါ် ငဲ့ညှာတဲ့ အချစ်စိတ်ကြောင့်လို့ ပြောနိုင်ပါတယ်။ သေဆုံးကာနီး အချိန်မှာတောင် ရန်လျန့်ထင်းကို လွှတ်ပေးဖို့ တဖွဖွ တောင်းဆိုနေခဲ့ပါသေးတယ်။ သိုင်းလောက၏ စိန်ခေါ်သံ (The Smiling၊ Proud Wanderer) ဝတ္ထုထဲမှာ တုန်းဖန်းပုပိုက်ရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲဖြစ်ပေမယ့် သူ့အကြောင်းကို အသားပေးပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကြောင့် နာမည်ပိုကျော်ပါတယ်။ ၁၉၉၂ ခုနှစ်ထွက် Swordsman 2 ရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ လင်ချင်းရှာ (Brigitte Lin Ching-Hsia) ဟာ တုန်းဖန်းပုပိုက် ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ခဲ့ပါတယ်။ အဖြူရောင်သိုင်းလောကကြီး အဓွန့်ရှည် တည်တံ့ပါစေ။ #တုန်းဖန်းပုပိုက် #DongfangBubai #wikiwuxiathinelawka (တုန်ဖုန်းပုပိုက်အကြောင်းကိုတော့ သိုင်းလောက FB Page ကနေ ကူးယူဖော်ပြထားပါတယ်။)

Comedy • Romance
7.1 1992 107 mins
Swordsman 2 The Legend of the Swordsman
Friendship
7.4

IMDb 7.4 , Rotten Tomatoes 88% ရရှိထားတဲ့ ဒီဇာတ်ကားမှာဆိုရင် Tim Robinson အတူ နာမည်ကြီးမင်းသားကြီး Paul Rudd ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်.. ဇာတ်လမ်းအကျဉ်း ++++++++++ ခရစ်ချ်ဝါးတားမန်းဆိုသူက ကင်ဆာပျောက်ကင်းခါစ မိန်းမဖြစ်သူ၊ ဆယ်ကျော်သက်သားငယ်တို့နဲ့ အတူနေထိုင်တဲ့ မားကတ်တင်းပိုင်းလုပ်တဲ့ ကုမ္ပဏီ၀န်ထမ်းတစ်ဦးပေါ့ ။ နေတဲ့အိမ်ကိုရောင်းပြီး ပြောင်းရွှေ့ဖို့ပြင်ကာမှ သူတို့အိမ်နားကို လူသစ်တစ်ဦးပြောင်းလာတယ် ။ စာပို့သမားကောင်းမှုကြောင့် ခရစ်ခ်ျက အော်စတင်မည်တဲ့ အဲ့လူသစ်ကို မြန်မြန်ဆန်ပဲ ခင်မင်သွားခဲ့ပြီး လူမှူဆက်ဆံရေးမှာ သိပ်ညံ့တဲ့ ခရစ်ခ်ျနဲ့ပြောင်းပြန် လူချစ်လူခင်ပေါအောင်နေတတ်တဲ့လူသစ်ကြောင့် ခရစ်ခ်ျက သူ့ကို အတော်သဘောကျသွားတယ် ။ ပြိုပျက်မလိုဖြစ်နေတဲ့ သူ့အိမ်ထောင်ရေးအပြင် အလုပ်ဆက်ဆံရေးမှာပါ အော်စတင်ကို အတုယူပြီး ခရစ်ခ်ျအတွက် အဆင်ပြေစပြုလာတယ် ။ ဒါပေမဲ့ တစ်နေ့ကျ ကိစ္စတစ်ခုဖြစ်သွားပြီးနောက်မှာ ရှေ့တင်ရော နောက်ကွယ်မှာပါ အော်စတင်က သူ့ကိုရှောင်တော့တာပဲ ။ ဒါကိုလက်မခံနိုင်တဲ့ အစွဲအလမ်းသိပ်ကြီးတဲ့ ခရစ်ခ်ျကလည်းထူးထူးဆန်းဆန်းတွေစလုပ်လာချိန်မှာ ပြန်ကောင်းမလိုဖြစ်နေခဲ့တဲ့ သူ့မိန်းမနဲ့ကြား အိမ်ထောင်ရေးက ပိုပြီးတောင် ယိုယွင်းသွားခဲ့တာကပဲ ခရစ်ခ်ျကို အဆုံးစွန်ထိဖြစ်အောင် တွန်းပို့သလိုဖြစ်သွားတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ ဒီကားလေးက cringe comedy ဖြစ်သလိုပဲ ပုံမှန်လူနေမှုဘ၀က မျက်မှောက်ခေတ်လူတစ်ဦးရဲ့ အထီးကျန်ဆန်မှုတွေကိုပါ ကွက်ကွက်ကင်းကင်းပြသ‌ပေးထားတယ် ။ အားကျမှုကနေတစ်ဆင့်ပြောင်းလာတဲ့ စွဲလမ်းမှုတွေက လူတစ်ဦးကို ဘယ်လောက်ထိအစွန်းရောက်‌စေလဲ‌ဆိုတာကို ဖော်ကျူးထားခြင်းပါပဲ ။ File Size… (2.19 GB) / ( 856 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 40m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet Khin

Comedy • Drama
7.4 2025 100 mins
Friendship
The Jolly Monkey
4

The Jolly Monkey (2025) လူသူမရှိဘဲ မြို့နဲ့လည်းဝေးတဲ့ သီးခြားဖြစ်နေတဲ့နေရာမှာ “ဂျိုလီမန်းကီး”ဆိုတဲ့မိုတယ်တစ်ခုရှိပါတယ်။ သူတိို့မိုတယ်အနှံ့မှာ ဂျိုလီမန်းကီးမျောက်ရုပ်တွေနဲ့အလှဆင်ထားပါတယ်။ ဒါ့အပြင် အဲ့မိုတယ်အနီးမှာ ခရီးထွက်လာကြတဲ့မိသားစုဝင်တွေတော်တော်များများ ပျောက်ချင်းမလှပျောက်ဆုံးသွားကြတယ်။ ဒီလိုနဲ့ နှစ်40အကြာမှာ ဂျန်နီနဲ့မာရှယ်ဆိုတဲ့မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရော သူတို့အဒေါ်တို့မိသားစုရောနဲ့ပါ အဘိုးအဘွားတွေပိုင်ဆိုင်ခဲ့တဲ့ အဆိုပါမိုတယ်ကြီးမှာမိသားစုတွေဆုံတွေ့ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။ မိုတယ်ကိုရောက်တဲ့အခါ ဒီမိုတယ်ကြီးကိုရောင်းဖို့ မရောင်းဖို့ ညှိနှိုင်းကြရင်းကတောက်ကဆတွေဖြစ်ကြပါတယ်။ ဂျန်နီတစ်ယောက် ပျောက်ဆုံးသွားတဲ့မိသားစုတွေအကြောင်း ဖော်ပြထားတဲ့သတင်းစာတွေကိုမြင်ပြီး သံသယတွေဝင်လာပါတယ်။ ဒါ့အပြင် အဲ့မိုတယ်မှာ လူတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံရတဲ့အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size… (1 GB) / (530 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:34:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Rubyjane

Drama
4 2025 93 mins
The Jolly Monkey