YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Tracker.2024.S01E01.1080p.mp4

907.92 MB 1080p video/mp4 790 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Grown-ups
8

Translator- Son Gohan Review- အိမ်ထောင်တစ်ခုတည်ဆောက်တယ်ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး အထူးသဖြင့် ဘဝမှာရပ်တည်ဖို့အခြေတကျမရှိသေးတဲ့အချိန်မျိုးတွေမှာ ချစ်တဲ့စိတ်တစ်မျိုးတည်းကိုကြည့်ပြီး ဆုံးဖြတ်ချက်တွေချမှတ်လိုက်ရင် မထင်မှတ်ထားတဲ့ပြဿနာမျိုးတွေကြုံတွေ့နိုင်မှာပါ Yumi ဆိုတဲ့ Art ကျောင်းသူဟာသူ့ရည်းစား Naoya နဲ့အတူတကွနေထိုင်လျက်ရှိပါတယ် ဒါပေမယ့်တစ်နေ့မှာ Yumi ဟာမထင်မှတ်ဘဲနဲ့ကိုယ်ဝန်ရှိလာခဲ့ပါတယ်. အရင်ကလည်းရည်းစားဟောင်းနဲ့အတူနေခဲ့ဖူးတာကြောင့် ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်မှန်းမသေချာတော့ပါဘူး. ဒီကိစ္စကို Naoya ကိုပြောပြရာမှာ အစပိုင်းတော့အဆင်ပြေသလိုရှိခဲ့ပေမယ့် အနာဂါတ်အတွက်ကိစ္စတွေကိုစဉ်းစားရာ သဘောထားမတိုက်ဆိုင်မှုတွေရှိလာခဲ့ပါတယ်. ဒီလိုနဲ့အနာဂါတ်တွေဟာမသေမချာဖြစ်လာခဲ့ပြီး ရန်ဖြစ်လိုက် ပြတ်သွားလိုက် သူငယ်ချင်းတွေကမြှောက်ပေးလို့ နောက်တစ်ယောက်နဲ့အတူထပ်နေလိုက်နဲ့ဆိုတော့ ကိစ္စတွေကပိုပြီးတော့ဆိုးလာခဲ့ပါတယ်. ဒီဇာတ်ကားမှာတော့ အိမ်ထောင်တွေကြားထဲမှာဘယ်လိုပဋိပက္ခတွေဖြစ်လေ့ရှိလဲဆိုတာ ပြသပေးမှာဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Son Gohan ပါ ) File Size__(1.5GB) / (600MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:48:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt

Drama
8 2022 108 mins
Grown-ups
Bullet in the Head
7.6

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။ Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။ Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.6GB, 589MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 16Min Type - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 1990 130 mins
Bullet in the Head
Harry Potter and the Prisoner of Azkaban
8

Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ... ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ... သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ယောက်နဲ့အတူ ဒီမှော်ဆရာကြီးနဲ့ အချိန်အကြာကြီး ရင်ဆိုင်ခဲ့ပါတယ် ... အဆိုးနဲ့အကောင်း အမှောင်နဲ့အလင်း အမည်းနဲ့အဖြူလို ဆန့်ကျင်နေတဲ့ ဒီ မှော်ဆရာ ၂ ယောက်ရဲ့ တိုက်ပွဲရှည်ကြီးကို ပြန်လှန်လေ့လာလိုက်ကြပါစို့... မြန်မြန်တက်ကြဗျို့ Hogwarts ရထားကြီး ထွက်တော့မယ် !! File size…(4.3 GB) /(1.7 GB)/(999 MB) Quality….BluRay 4K HEVC/1080p /720p Format…mkv/mp4 Duration….02:21:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo , Mr.Anderson

8 2004 141 mins
Harry Potter and the Prisoner of Azkaban
Our Little Sister
7.5

Our Little Sister ( 2015 ) ————————- Directed by Hirokazu Koreeda IMdb – 7.5 / Rotten Tomatoes – 94% ( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် ) ( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဂျပန်ဟာ ကိုရီးယားထက် နောက်ကောက်ကျသွားပြီပြောကြပေမဲ့ လက်ရှိထိရှိနေတဲ့ ဇာတ်ကားကောင်းတွေထုတ်ပေးနိုင်တဲ့ ဒါရိုက်တာ အင်အားဟာ တော်တော်အားကောင်းတုန်းပါပဲ။ ထွက်လည်းထွက်နေကြတုန်းပါပဲ။ မကျော်တောင် နောက်ကောက်တော့မကျတာ သေချာပါတယ်။ Takashi Miikeတို့ Kiyoshi Kurosawaတို့လို Extremeဆန်တဲ့ ဒါရိုက်တာတွေကလည်း သူ့လိုင်းနဲ့သူအောင်မြင်သလို Hirokazu Koreeda တို့ Shunji Iwaiတို့ကလည်း အသိမ်မွေ့ဆုံး အလှပဆုံး ရုပ်ရှင်တွေကို ထုတ်ပေးနေတုန်းပါ။ Sion Sonoတို့ဆို မနှစ်က နစ်ကေ့နဲ့ ဘိုကားသွားရိုက်ခဲ့သလို Koreedaဆိုလည်း အီသန်ဟန့်နဲ့ ရိုက်ဖူးတဲ့သူပါ။ Kiyoshi Kurosawaရဲ့ cureကိုတော့ david Fincherရဲ့ Se7enထက်တောင် သာတယ်လို့ပြောတဲ့သူတွေမနည်းပါဘူး။ Shunji Iwaiရုပ်ရှင်တွေကတော့ လူ့ပြည်ကနိဗ္ဗာန်ဘုံလို့တောင် ဆိုကြပါတယ်။ ဒီထဲတော့ Personallyအရတော့ Hirokazu Koreedaနဲ့ Shunji Iwaiတို့ရဲ့ ရုပ်ရှင်အေးအေးလေးတွေကိုတော့ သဘောအကျဆုံးပါပဲ။ ဂျပန်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်ကိုလည်း သူတို့ဆီ အပြည့်အဝတွေ့ရပါတယ်။ ဒါကြောင့်ပဲ Shunji Iwaiဟာ last letterကို တရုတ်တွေနဲ့ အရင်ရိုက်ကြည့်တုန်းက မအောင်မြင်ခဲ့သလို korredaရဲ့ Brokerဟာလည်း ထင်သလောက်တော့ မဖြစ်သွားခဲ့တာနေပါမယ်။ သူတို့ရုပ်ရှင်တွေဟာ ဂျပန်အငွေ့အသက်နဲ့ပဲ လုံးဝပနဲပနံသင့်လှပနေတဲ့ ဂျပန်ရုပ်ရှင်အစစ်တွေပါပဲ။ ) Our Little Sisterဟာ korredaရဲ့ ကားကောင်းတွေများစွာထဲက တစ်ကားပါပဲ။ သူ့တခြားကားကောင်းတွေဖြစ်တဲ့ Nobody Knowsတို့ Like Father, Like Sonတို့ Brokerတို့ Air Dollတို့ Shopliftersတို့ Still Walkingတို့ကိုတော့ စီအမ်မှာတင်ထားဖူးတော့ သူ့မသိတောင် ဒီထဲက တစ်ကားကားကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ Koreedaဟာ ozuရဲ့အငွေ့အသက်မကင်းတဲ့သူဖြစ်တာနဲ့အညီပဲ ရုပ်ရှင်အများစုဟာ ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုတစ်ခုထဲက အဖြစ်အပျက်တို့ ဘာတို့ကို ချပြပြီး ဘာမှအဆန်းတကြယ်အဖြစ်အပျက်တွေမပါဘဲနဲ့ကို ဒိုင်ကြောင်တွေမဟုတ်နဲ့ သာမန်စကားလုံးတွေနဲ့ပဲ အဲဒီမိသားစုရဲ့ နောက်က အစိုင်အခဲတွေ သံယောဇဉ်တွေ ချစ်ခြင်းတွေ နားမလည်ခြင်း နားလည်ခြင်းတွေကို ပရိသတ်ရင်ထဲ အရောက်ပို့ပေးနိုင်တဲ့ရုပ်ရှင်တွေပါပဲ။ ကျွန်တော်ကြည့်ဖူးသလောက် သူ့ရုပ်ရှင်တွေထဲ ဒီဓာတ်ရဲ့အသိမ်မွေ့ဆုံးရုပ်ရှင်က still walkingပါပဲ။ နောက်ပိုင်းသိရတာတော့ still walkingဟာ သူ့မိသားစုကို အခြေတည်ရိုက်ထားတယ်ဆိုပါတယ်။ ဒါကြောင့်လည်း ဒီလိုဖြစ်နေတာပဲနေမှာပါ။ our little sisterကတော့ ညီအစ်မသုံးယောက်ဘဝထဲကို သူတို့အဖေရဲ့ နောက်မိန်းမရဲ့ သမီးလေး ရောက်လာတဲ့အကြောင်း ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ သူ့ဟန်အတိုင်း သိမ်သိမ်မွေ့မွေ့လေးနဲ့ပဲ မပြထားတဲ့ နောက်ကြောင်းတွေကို တငွေ့ငွေ့မြင်လာအောင် ပြထားတယ်။ Koreedaပေးတဲ့ အရသာကိုကြိုက်တဲ့သူတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့် ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဂျပန်အကယ်ဒမီမှာ စီနီမာတိုဆု လိုက်တင်ဆု ဒါရိုက်တာဆုတွေအပြင် တက်သစ်စသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။Palme d’Or ပြိုင်ဖို့လည်းအရွေးခံခဲ့ရသလို ပုဂ္ဂလိအမြင်အရတော့ Masami Nagasawaရဲ့ ဆွဲဆောင်မှုကလည်း ဒီရုပ်ရှင်ကို ပိုလှပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ Our Little Sisterဟာ ဘာမှအလွန်အကျူးတွေမပါဘဲ သာမန်အဖြစ်အပျက်တွေ သာမန်ပျော်စရာတွေ သာမန်ဝေဒနာတွေနဲ့ကို ထူးထူးခြားခြားလှပနေတဲ့ KOREEDAရဲ့ မာစတာပိစ်တစ်ကားပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.2GB) / (1.1GB) Quality__BluRay_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__02:07:00 Type__Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Fantasy
7.5 2015
Our Little Sister
Mi Maestra se comiĂł a mi amigo
5.6

Mi Maestra se comió a mi amigo (2023) ============================ သောမတ်စ်ဆိုတဲ့ကောင်လေးဟာ မကောင်းဆိုးဝါးမွန်းစတား တွေအကြောင်းကို အရမ်းပဲစိတ်ဝင်စားပြီး အချိန်ရတိုင်း အဲဒီ ဟာနဲ့ပတ်သတ်တဲ့စာအုပ်တွေပဲဖတ်နေလေ့ရှိတဲ့ကောင်လေး ပေါ့။ တစ်မိသားစုလုံးမှာလည်း သူနဲ့ဝါသနာတူတာဆိုလို့ သေ ဆုံးသွားပြီဖြစ်တဲ့သူ့အဖေပဲရှိတာပါ။ တစ်နေ့မှာတော့ သော မတ်စ်တို့အတန်းကိုသင်နေကျ အင်္ဂလိပ်စာဆရာမကရုတ်တ ရက်နှုတ်ထွက်သွားပြီးတော့ အဲဒီနေရာမှာ ဆရာမအသစ်တစ် ယောက် အစားဝင်လာခဲ့ပါတယ်။ အဲဒီနေ့မှာတင်ပဲ ကံဆိုးပြီး သောမတ်စ်တစ်ယောက် သူဖတ်နေကျ မကောင်းဆိုးဝါးကာ တွန်းစာအုပ်ကို ဆရာမအသစ်ဆီမှာအသိမ်းခံလိုက်ရပါတယ်။ မကျေနပ်တာနဲ့ပဲ နောက်ရက်မှာပြန်ခိုးယူဖို့သွားတော့ အဲဒီဆ ရာမရဲ့လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ အဲဒါကတော့ သူ့ဆရာမဟာ ကလေးတွေကိုစားတတ်တဲ့မကောင်းဆိုးဝါးတစ် ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ သူ့ကို လူတိုင်းက စိတ်ကူးယဉ်ကမ္ဘာမှာပဲနေနေတဲ့‌သူဆိုပြီး အမေ နဲ့အစ်ကိုကပါသတ်မှတ်ထားကြတော့ ဒီအကြောင်း‌ကို သောမတ်စ် ပြန်ပြောပြလိုက်မယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ သူ့သူငယ်ချင်း တွေကရောယုံကြည်ပေးနိုင်မှာလား။ ဆရာမအသစ်ရဲ့အန္တရာယ်က နေရော ဘယ်လိုရင်ဆိုင်ကာကွယ်ကျော်လွှားသွားမှာလဲ။ ဒါတွေ အားလုံးကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းနဲ့ပဲအဖြေရှာကြည့် ကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.25 GB) / (415 MB) / (267 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Family Translator…….Fiona Gillen Encoder……….SWM

5.6 2023 92 mins
Mi Maestra se comiĂł a mi amigo
A Million Miles Away
7.6

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက် ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.6 2023 122 mins
A Million Miles Away
Snake and Crane Arts of Shaolin
6.4

သိုင်းလောကမှာ ကျော်ကြားတဲ့ သိုင်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ကျင်းပနေကျ ဆောင်းဦးရာသီ သိုင်းပညာဖလှယ်တဲ့ပွဲတော် တစ်နှစ်မှာတော့ ဒီကျောင်းရှစ်ကျောင်းက ဆရာသခင်တွေက မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး သူတို့ရဲ့ကိုယ်ခံပညာတွေကို စုပေါင်းပြီးတော့ ပြိုင်စံရှားတဲ့ မြွေကြိုးကြာပေါင်းစပ်ဟန် သိုင်းရှစ်ကွက်ကို တီထွင်လိုက်ပြီး သိုင်းကျမ်းစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဆရာရှစ်ဆူက အကြောင်းအရင်းမသိရဘဲ ဆိုင်းမဆင့်ဗုံမဆင့် လောကကြီးကနေ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်အပြီး မကြာပါဘူး ကျောင်းတိုင်း ဂိုဏ်တိုင်းက လိုချင်တဲ့ မြွေကြိုးကြာသိုင်းကျမ်းဟာ ရင်ဖန်းဆုဆိုတဲ့လူငယ်တစ်ယောက်နဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ ရင်ဖန်းဆုက တစ်ပြည်နယ်လုံးက သိုင်းကျမ်းတပြပြနဲ့ လှည့်လည်သွားလာနေပြီး သိုင်းကျမ်းလိုချင်တဲ့လူတွေအားလုံးကို တိုက်ခိုက်အနိုင်ယူလျက်ရှိပါတယ်။ ဒီအချိန်မှာ သိုင်းကျောင်းရှစ်ကျောင်းရဲ့ တပည့်တွေရော ဂိုဏ်းအသီးသီးကပါ စာအုပ်ကိုလိုချင်နေကြပြီး သူတို့ရဲ့ဆရာသခင်တွေ ဘာဖြစ်သွားတာလဲဆိုတာကို အသည်းအသန်သိရဖို့ ကြိုးစားကြပါတော့တယ်။ ဒီတော့ ရင်ဖန်းဆုက ဘာလို့ သိုင်းကျမ်းတပြပြ လျှောက်သွားနေရတာလဲ သူ့ဆီမှာကရော ဘာလို့သိုင်းကျမ်းရှိနေတာလဲ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ ဆရာရှစ်ဆူကရော ဘာလို့ပျောက်ကွယ် သွားရတာလဲ ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး ဂျက်ကီချန်းပရိသတ်တွေကတော့ ဂျက်ကီချန်းငယ်စဉ်တုန်းက ငယ်ရွယ်ပျိုမျစ်မှုကို ပြန်လည်းတမ်းတလို့ရမှာဖြစ်လို့ အခုပဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…(1.8 GB)/(934 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.4 1978 96 mins
Snake and Crane Arts of Shaolin
French Girl
5.5

ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ် ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်… ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့……. ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ? ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ? ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား? ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား? ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi

5.5 2024 106 mins
French Girl
Parshawan
6.8

Parshawan2024 (ညီအစ်ကို ချစ်သံယောဇဉ်) ဟာမန်နဲ့ ဂုရုတို့ဟာ မိဘတွေမရှိတော့ကတည်းက အတူတူနေထိုင်လာကြပြီး အရမ်းကိုချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့။ ဟာမန့်မှာတော့ ချစ်စရာဇနီးလေးရှိပြီးတော့ ဂုရုကတော့ မိဘတွေရဲ့ဆန္ဒအတိုင်း အရာရှိစာမေးပွဲဖြေဆိုဖို့အတွက် စာအုပ်ပုံကြားထဲနစ်နေသူတစ်ဦးပေါ့။ဒီလိုနဲ့နေလာကြရင်း မရီးဖြစ်သူက ဂုရုအပေါ်မှာ စာအုပ်ပုံတွေကြားပဲနေနေပြီး အစ်ကိုဖြစ်သူကို အလုပ်ကူမလုပ်တဲ့အတွက် အမြင်မကြည်မှုတွေဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာ မရီးဖြစ်သူဟာ သူ့ညီမဖြစ်သူနဲ့ ဂုရုကို ပေးစားပြီးတော့ အိမ်ကြီးကို အုပ်စိုးချင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ မရီးဖြစ်သူနဲ့ ဂုရုတို့ ပြဿနာဖြစ်ကြရင်း ဂုရုရဲ့စာအုပ်တွေကို မရီးဖြစ်သူက မီးရှို့ပစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဂုရုတစ်ယောက်အိမ်ပေါ်ကနေ ဆင်းလာခဲ့တော့တာပေါ့။ အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်အတွက်နဲ့ ဝေးကွာသွားပြီး ဘယ်လိုတွေ ခရီးဆက်ကြမလဲ ……. ဂုရုတစ်ယောက်ရော သူရည်မှန်းထားတဲ့ အရာရှိစာမေးပွဲကို အောင်မြင်အောင်လုပ်နိုင်မှာလား …… ဂုရုရဲ့ ချစ်ခရီးလမ်းကရော ဘယ်လိုတွေ ကြမ်းတမ်းပြီးတော့ သူတို့ မိသားစုတွေ ပြန်လည်ပြေလည်သွားကြမလား ….. ဆိုတာတွေကို ကြည့်ရှုရမယ့် ပန်ဂျာပီကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ V~ Alex ဖြစ်ပါတယ်)

6.8 2024
Parshawan
Apartment 7A
5.8

Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary’s Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.3GB, 1.45GB, 735MB Quality – 4K HEVC, 1080p HEVC, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Psychological Horror, Psychological Thriller, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.8 2024 106 mins
Apartment 7A
Holiday Adventure
5.5

ကျောင်းပိတ်ရက်မှာ အဖွားအိမ်ကိုပို့ခံရတဲ့ ကလေး၂ယောက်ရဲ့စွန့်စားခန်းဇာတ်လမ်းဖြစ်ပါတယ်။ ဟောင်ရှောင်ကျင့်နဲ့ ကျော်ထျန်းရီးတိူ့ရဲ့အဖေဟာ နိုင်ငံခြားကိုအလုပ်နဲ့သွားရမှာဖြစ်တဲ့အတွက် သူတို့၂ယောက်ကို အဖွားအိမ်မှာထားခဲ့ရပါတယ်။ ထျန်းရီးကအဖွားအိမ်မှာလုံးဝမနေချင်ပဲ ငြင်းဆန်ပြီးပုန်ကန်နေခဲ့တယ်။ အဖွားအိမ်ကနေထွက်ပြေးသွားလို့လိုက်ရှာရတဲ့အထိဖြစ်ခဲ့တယ်။ သူငယ်ချင်းအသစ်တွေရလာပြီး တဖြည်းဖြည်းနဲ့ အဖွားကိုနားလည်သွားတဲ့အခါမှာတော့ ဒီပတ်ဝန်းကျင်အသစ်မှာပျော်လာပါတယ်။ သူတို့မောင်နှမ၂ယောက်ဟာ အဖွားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ ခရီးစဉ်တစ်ခုကို သူတို့ရဲ့သူငယ်ချင်းအသစ်လေးတွေနဲ့စပြီး အစီအစဉ်ဆွဲပါတယ်။ ကလေးတွေရဲ့ဒီအစီအစဉ်ဟာ တကယ်ဖြစ်လာနိုင်ပါ့မလား။ သူတို့စွန့်စားခန်းရဲ့အဆုံးသတ်ကရော ဘယ်လိုဖြစ်လာမလဲ။

5.5 2024
Holiday Adventure
Polar Opposites
6.1

Polar Opposites (2025) IMDb Rating (6.1) Hallmark Channel ရဲ့ ရုပ်ရှင်ဇာတ်ကားဟာ အားလုံးကို စိတ်ဝင်စားစရာနှင့် ချစ်ခြင်းမေတ္တာအပြည့်အစုံနဲ့ ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းမှာ Emma ဆိုတဲ့ မိန်းကလေးဟာ သူ့အဖေနဲ့ ပြန်တွေဖို့အန္တာတိကပြည်ကို ခရီးထွက်ပြီး Andy ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ တွေ့ဆုံလာပါတယ်။ သူတို့နှစ်ယောက်ဟာ အစပျိုးမှုကွာဟမှုများပေမယ့်၊ ခရီးစဉ်အတွင်း ပိုပြီးနားလည်လာပြီး ချစ်ခြင်းမေတ္တာတစ်ခုတည်ဆောက်ကြပါတယ်။ ဇာတ်လမ်းကတော့ စိတ်လှုပ်ရှားဖွယ်ဖြစ်ပြီး၊ ရုပ်ရှင်မှာ မြင်ရတဲ့ အန္တာတိက၏ ရှုခင်းလှပမှုတွေဟာ အရမ်းထူးထူးခြားခြားပါပဲ။ ဇာတ်သိမ်းမှာတော့ ချစ်ခြင်းနှင့် လူမှုရေးအခြေအနေတွေကို ပြသပြီး၊ လူတွေ အားလုံးက ပိုပြီးနားလည်လာတဲ့အခါ ဘယ်လိုချစ်ခြင်းမေတ္တာတစ်ခု ဖော်ဆောင်နိုင်သလဲဆိုတာကို ပြသပါတယ်။ Emma နဲ့ Andy တို့ရဲ့ ပုံပြင်ကတော့ ချစ်ခြင်း၊ ယုံကြည်မှု၊ နှစ်သက်မှု၊ ရင်သပ်ရှုမောဖွယ် ဇာတ်လမ်းဖြစ်ပြီး၊ ဒီဇာတ်ကားက အန္တာတိက ရှုခင်းလှပမှုနဲ့ လွတ်လပ်မှု့တွေကို ပေါင်းစပ်ပြီးပြထားပါတယ် ဇာတ်ကောင်တွေ ကောင်းမွန်တာကို ခံစားရသလို၊ ချစ်ခြင်းမေတ္တာနဲ့ ရင်သပ်ရှုမောမှုကိုလည်း ရနိုင်ပါတယ်။ Polar Opposites က ချစ်ခြင်းနှင့် စိတ်ဝင်စားစရာဇာတ်လမ်းကို ခံစားချင်သူတွေအတွက် အကောင်းဆုံး ရုပ်ရှင်တစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:24:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

Comedy • Drama
6.1 2025 84 mins
Polar Opposites
Confessions of a Romance Narrator
5.9

Confessions of a Romance Narrator (2025) အသံစာအုပ်ဖတ်ပြရတဲ့သူတစ်ယောက်ရဲ့ ဒုက္ခသုခတွေနဲ့ ရှင်သန်ဖြတ်သန်းရပုံပေါ့။ “ဂျော”ဆိုတဲ့နာမည်ကို အသုံးပြုပြီး အသံစာအုပ်ဇာတ်ကြောင်းပြောသူအဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ဂျောဆလင်း။ သူဖတ်ပြရတဲ့စာအုပ်က အချစ်ဇာတ်လမ်းတဖြစ်လဲ အပြာစာအုပ်ဆန်ဆန်တွေ။ ဒီတော့ သူအလုပ်လုပ်နေတဲ့အချိန် ထွက်နေတဲ့အသံတွေကိုကြားပြီး အပေါ်ထပ်ခန်းကိုပြောင်းလဲတဲ့လူသစ်ရဲ့ အမြင်စောင်းမှုတွေ။ အတူတွဲလုပ်တဲ့လူရဲ့ ဒုက္ခပေးမှုတွေနဲ့အတူ အလုပ်အပ်ရမဲ့ ဒတ်လိုင်းမီဖို့ ကြိုးစားရတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size… (1.5 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:16:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Horror • Thriller
5.9 2025
Confessions of a Romance Narrator
Rattled!
4.6

Rattled! (2024) IMDb Rating (4.6) / Rotten Tomatoes (67%) ဗေးကတ်က ရာဇဝတ်သားအုပ်စုက ပြန်ပေးဆွဲဖို့ အလုပ်ရလာခဲ့တယ်။ ဒါပေမဲ့လူမှားပြီး ပြန်ပေးဆွဲမိပြီးတော့ မှုခင်းနေရာမှာ ကျန်ရစ်ခဲ့တဲ့ သက်သေခံပစ္စည်းတွေကြောင့် တစ်အုပ်စုလုံး ဒုက္ခရောက်ပါတော့တယ်။ ဒီဇာတ်ကားလေးက comedy-drama လေးမလို့ အမှားတွေလုပ်နေရင်းနဲ့ သူတို့ ဘယ်လိုဟာသတွေ ဖြစ်ဦးမလဲဆိုတာကိုလဲ တွေ့ရဦးမှာပါ။ မှားပြီးပြန်ပေးဆွဲမိတဲ့သူက ဘယ်သူလဲ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်ကားလေးကြည့်ရင်း မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.3 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:17:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

4.6 2024 83 mins
Rattled!