YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM)Thor.Ragnarok.(2017).IMAX.720p.mp4

1.26 GB N/A video/mp4 599 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Enough Said
6.7

Genre – Comedy, Romance, Drama IMDB – 7.0/10 အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်း ထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုက ဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲ လက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်း ကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့ သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထား တာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီ သမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ် သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက် ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်က အဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်း ကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်း စာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။ အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ် ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာ ဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့ အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ် အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။ အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမ ဆိုသူက ကိုယ်နှိပ်ပေးနေကြ ဘော်ဒါ မယ်ရီအန်းဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…… ဘာတွေ ဆက်ဖြစ်ကြမလဲ ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့ဆန်ဆန်လေး ကြည့်ရမှာပဲ ဖြစ်ပါတယ်။ အနောက်တိုင်းရဲ့ အိမ်ထောင်ရေး ပြဿနာတွေ၊ ကလေးပြုစုပျိုးထောင်ရေးလေးတွေ၊ သူတို့ဆီက လက်တွဲဖော်ဆိုတာ ဘယ်လိုမျိုးဆိုတာတွေ သိရှိရစေမှာလည်း ဖြစ်ပါတယ်။ မင်းသမီးနေရာသရုပ်ဆောင် Julia ကတော့ မင်းသမီးလေး Anna Kendrick ကို အသက်ကြီး ထားတဲ့ပုံမျိုးပါ ချစ်စရာကောင်းအောင် သရုပ်ဆောင်ထားပါတယ်။ မင်းသားနေရာက James Gandofini ဆိုရင် နာမည်ကြီး Soprano စီးရီးထဲမှာ Tony Soprano နေရာ ပွဲကြမ်းထား သလောက် ဒီထဲမှာတော့ သဘောကောင်းပြီး ကြင်နာ တတ်တဲ့လူဝကြီးအနေနဲ့ သဘာဝကျကျ ပါဝင်ထားပါတယ်။ File size…1.50GB / 689MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ..... Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action
6.7 2013 93 mins
Enough Said
The Longest Nite
6.9

The Longest Nite (1998) ================= IMDb Rating - 7.2/10 Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။ သူလည်းခေတော့မခေဘူး။ Johnnie Toရိုက်တဲ့ ဟောင်ကောင်ဂန်း ကားတိုင်း ကောင်းတယ်ဆိုကြသလို အဲဒီကားတစ်ဝက်လောက်ကို Wai Ka-faiက ဇာတ်ညွှန်းရေးခဲ့ထုတ်ခဲ့တာ။ ဒီကားကလည်း သူတို့ စစပူးတွဲလုပ်ခဲ့တဲ့ကားပဲ။ ပြောရရင် ဒီကားက Johnnie Toနာမည်မခံ ထားခဲ့ပေမဲ့ Johnnie Toအပြည့်ရိုက်ထားတဲ့ကားပဲ။ Johnnie Toက နောက်ပိုင်းကားမရိုက်တော့ပေမဲ့ သူရိုက်ခဲ့သမျှ တစ်ကားမှပစ်စရာ မရှိတာ သူ့ကားတွေကြည့်ဖူးတဲ့လူတွေတော့ ကောင်းကောင်းသိမှာပဲ။ အာရှဖန်တစ်ချို့ဆို သူရိုက်သမျှက မာစတာပိစ်လို့တောင်ပြောကြတယ်။ ဒီကားက ဘယ်လိုကားလဲဥပမာပေးရရင် Face OFf ကို မကာအိုမှာ ဇာတ်အိမ်တည်ထားသလိုလို ကားပဲ။ တစ်ညတည်းဖြစ်နေတာတွေကို ပြထားတာတောင် ဇာတ်က တော်တော်ကြည့်ကောင်းတယ်။ မင်းသား တွေကလည်း စမောလ်တိုနီခေါ် တိုနီလျောင်ချူဝေ နောက် Johnnie Toရဲ့ ပင်တိုင်မင်းသားလိုဖြစ်နေတဲ့ Sean Lau။ ၂ယောက်လုံး ဒိတ်ဒိတ် ကြဲတွေပဲ။ Johnnie To*ရိုက်တာလို့ နာမည်မတပ်ထားပေမဲ့ နောက်ပိုင်း ကားတွေဟာ ဒီကားရဲ့လွှမ်းမိုးမှူမကင်းလောက်ဘူးလို့ ထင်ရတဲ့အထိ သူ့အရသာအပြည့်ပါတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.1 GB) / (913 MB) / (514 MB) Quality............BLU-RAY 1080p / 720p  / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Mystery Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
6.9 1998 81 mins
The Longest Nite
Afternoon Delight
5.8

Imdb - 5.7 Rotten Tomatoes - 66% ပျင်းရိစရာကောင်းနေတဲ့ အိမ်ထောင်မှုဘဝကို အပြောင်းလဲဖြစ်လိုဖြစ်ငြား အဖော်ချွတ်ကလပ်ကို လင်မယားနှစ်ယောက်လုံး သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဇနီးဖြစ်သူ ရေချယ်တစ်ယောက် ကလပ်မှာလုပ်နေတဲ့ မက္ကန်နာဆိုတဲ့ ကောင်မလေးနဲ့ရင်းနှီးကျွမ်းဝင်ပြီး ကောင်မလေးဒုက္ခရောက်တာနဲ့ကြုံကြိုက်ပြီး ရေချယ်တို့ အိမ်အထိလာနေဖြစ်ရော။ ပိုက်ဆံရရင်ဘာမဆိုလုပ်တဲ့ မက္ကန်နာဟာ ရေချယ်ရဲ့ကယ်တင်ခြင်းကနေ သူ့ဟာသူသိမှန်းမသိပဲထွက်ပြေးနေမိတယ်။ အလုပ်တွေပဲအမြဲတစေပိနေတဲ့ ယောက်ျားဖြစ်သူဂျက်ဖ်နဲ့စိတ်တွေ ကယောက်ကယက်ဖြစ်နေတဲ့ ရေချယ်တို့ လိင်မှုဆက်ဆံရေးကတော့ ဘာမှထူးမလာခဲ့ပါဘူး။ ပတ်ဝန်းကျင်မှာစိတ်အဆင်ပြေချင်ယောင်ဆောင်နေရတဲ့ရေချယ်တစ်ယောက် ဘယ်တော့ပေါက်ကွဲထွက်မယ် မသိတဲ့အစိုင်းခဲကြီးကိုပိုက်ပြီးနေလာခဲ့ရာမှ အကြောင်းတရားတွေတိုက်ဆိုင်သွားတဲ့အခါ ကွဲထွက်လွင့်စင်ကုန်ပါတော့တယ်။ ရုပ်ရှင်ဟာအမျောပုံစံဖြစ်ပြီး အေးအေးဆေးဆေး ပေါ့ပေ့ါပါးပါး ရယ်မောစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  1.59 GB /  790 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 48m Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing

Action • Comedy • Science Fiction
5.8 2013 95 mins
Afternoon Delight
Alexandra's Project
6

IMDb Rating/(6.5) အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ... အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း..... (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်...) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။) File size…(1.2 GB)/(593 MB) Quality….1080p/ 720p Format…mp4 Duration….01:39:23 Genre....Drama,Mystery,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Mugiwara Ya

Action • War
6 2003 103 mins
Alexandra's Project
Isle of Dogs
7.9

Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ် အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ် လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw

Drama
7.9 2018 101 mins
Isle of Dogs
Singappenney

Singappenney (2024)”အာဂအမျိုးသမီးလေးများ” နိုင်ငံတကာအမျိုးသမီးများနေ့မှာ ရုံတင်ပြသခဲ့ပြီး အားပေးချီးကျူးမှုတွေရခဲ့တဲ့ တမီလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်။ ကလေးလေးတွေကို သူတို့ရည်မှန်းချက်တွေ မေးကြည့်ကြရင် ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ် စသဖြင့် လူ့အသိုင်းအဝိုင်းက ဂုဏ်မြင့်ပါတယ်လို့ လက်ခံကြတဲ့အရာတွေကို စိတ်ကူးအိပ်မက်တတ်ကြတယ်။ မိန်းကလေးတစ်ယောက် သူ့ရည်မှန်းချက်ကိုအောင်မြင်ဖို့ဆိုရင်တော့ မိသားစုနဲ့ လူ့အဖွဲ့အစည်းတွေဆီက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ရဖို့ပိုများကြတယ်။ ဒီလိုအခက်အခဲတွေကို ကျော်လွန်ပြီး ရည်မှန်းချက်ထိရောက်တဲ့ အမျိုးသမီးတွေကို “ဆင်ဂါပန်”လို့ခေါ်တယ်။ ဒီရုပ်ရှင်ထဲမှာလည်း အားကစားကိုချစ်မြတ်နိုးတဲ့ အမျိုးသမီးလေးတွေ မိသားစုနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှု တားဆီးမှုတွေကြားက မိမိတို့အိပ်မက်ဆီကိုတက်လှမ်းဖို့ ကြိုးစားကြတာကို အားတက်ဖွယ် ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

0 2024
Singappenney
Both Sides of the Blade
6.1

ဒီကားကတော့ လူလတ်ပိုင်းအရွယ်တွေအတွက် ပညာပေးဇာတ်လမ်းတစ်ခုပါ ကိုယ်ချစ်တဲ့သူနဲ့ အတူမနေရဘဲ အတူနေတဲ့သူကိုလည်း မချစ်ပေမယ့် လက်မလွှတ်နိုင်တဲ့အခါ အားလုံးဟာ ရင်နာ စရာတွေပဲပေါ့ သူငယ်ချင်း ၂ယောက်ကိုမှ မပြတ်မသား ပတ်သက်မိတဲ့ ဆာရာ……. လုပ်ငန်းရှင် တစ်ဖြစ်လဲ အချစ်ဟောင်း ဖရန်ဆွာ……. ထောင်ထွက် သားတစ်ယောက်အဖေ တစ်ခုလပ် ဂျင်း……… ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဘယ်လို ပြသနာတွေ ကြုံရမလဲ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ကြမလဲ ဆိုတာ အားပေးလိုက်ကြပါအုံး File size…(1.7 GB)/(845 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Drama, Romance, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

War • Drama • Science Fiction
6.1 2022 117 mins
Both Sides of the Blade
Sars Wars: Bangkok Zombie Crisis

SARs War : Bangkok Zombie Crisis (2004) ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ …… ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ … ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 932MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat, Mary, Char Ou, Dao Phyo Encoder ….. Aaron

Fantasy • Romance • Comedy • Drama
0 2004
Sars Wars: Bangkok Zombie Crisis
A.I. Artificial Intelligence
7.1

A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb….7.1,,,,Rotten….73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်.. ..ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်.. .ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့ တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်… ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်. .ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်… ..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်… ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်… ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး. ..ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်… တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး… ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်… ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား .. သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်… .အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် . .အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး… File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe

Thriller • Comedy • Romance • Horror
7.1 2001 146 mins
A.I. Artificial Intelligence
I Am Happy
6

I Am Happy (2008) ********************** ကျွန်တော်တို့ CM ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးက ငိုရမှကြည့်ချင်ပါတယ် ဇာတ်နာမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် ဇာတ်ကားကောင်းလေး တစ်ပုဒ်ဖြစ်တဲ့ I am happy ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့လည်း ဂျိုမန်ဆူအဖြစ် ကျွန်တော်တို့ မိန်းမလှလေးတွေ အသည်းစွဲ ဗိုလ်ကြီးမင်းသား Hyun Bin နဲ့အတူ အီဆူဂယောင်းအဖြစ် Hide ထဲက မင်းသမီးချော Lee Bo Young တို့လို ရေလည်မိုက်တဲ့ မင်းသားမင်းသမီးတွေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့.. သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့ လောင်းကစားစွဲနေတဲ့ အစ်ကိုဖြစ်သူတို့ကြောင့် စိတ်ဒဏ်ရာပေါင်းများစွာရထားတဲ့ ဂျိုမန်ဆူ တစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ အရူးတစ်ပိုင်းလိုဖြစ်ပြီး စိတ်ရောဂါကုဆေးရုံကို ရောက်လာတော့ပါတယ်။ ထိုဆေးရုံက သူနာပြုမလေး အီဆူဂယောင်းကတော့ ကင်ဆာရောဂါသည် ဖခင်ဖြစ်သူကို ပြုစုရင်း ဆေးရုံခရဖို့ အကြွေးတွေပိကာ စိတ်ဖိစီးမှုကို ပြင်းပြင်းထန်ထန် ခံစားနေရသူတစ်ဦးပါ။ စိတ်ကျန်းမာရေးထိခိုက်ထားသူ ဂျိူမန်ဆူတစ်ယောက် ဆေးရုံကိုရောက်ရောက်ချင်း တာဝန်ကျသူနာပြုမလေး အီဆူဂယောင်းကို ချစ်မိသွားတဲ့အခါ ဘယ်လိုတွေပြုမူမလဲ.. ဂျိုမန်ဆူနဲ့ အီဆူဂယောင်းတို့ရဲ့ ဘဝတွေကရော ဘယ်လောက်တောင်ကြမ်းတမ်းသလဲဆိုတာကို ဇာတ်လမ်းနာမည်နဲ့ မလိုက်တဲ့ I Am Happy ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှူလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size…1.84GB / 650MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Theint & Saung Yupar

6 2008 113 mins
I Am Happy
Point Break

Point Break(1991) ******************* IMDb….7.3 1991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့mငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ … စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုမှ အလုပ်ထဲ စဝင်ခါစ…သင်တန်းသားဘဝမှာ… အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ… ဘဏ်ဓားပြတိုက်မှုတွေ စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်တိုက်ဆိုင်တယ်ပြောရမလား.. အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်။ စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာ… အချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်။ သဲလွန်စဆိုလို့… လောက်လောက်လားလားမကျန်ခဲ့…ဒီအဖွဲ့ဟာ ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့… ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်။ အဲဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း… တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်။ File Size : 2.72GB , 1.20GB Quality : 1080 , 720p Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Heather Oo

Comedy
0 1991 122 mins
Point Break
Hyena Road
6.5

ဒီဇာတ်ကားလေးကတော့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ War/Drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်‌ရေး တပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ခေတ်သစ် စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်း‌စဉ်တွေအကြောင်း ကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်.. တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာ‌ဒေသမှာ စစ်ဆင်ရေး‌ ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ် ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့ အပြင် တောင်စွယ်၊ တောင်ကုန်း၊ လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့‌ မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို ၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်‌ဆောက်ခဲ့ရပါတယ်.. ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ Ryan Sanders နဲ့ သူ့အဖွဲ့ဟာ တောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့ နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ ဖြစ်ကြပါတယ်… တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိ Pete Mitchell ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့ ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာ ဗျူဟာဖော်ဆောင်နေခဲ့ပါတယ်.. လမ်းမကို စောင့်ကြပ်နေရင်း တနေ့မှာတော့ Ryan Sanders တို့ အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ် အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာ တာလီဘန်တွေကို ခံပစ် ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာတစ်နေရာ အရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအို တစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှ လွတ်အောင်ဝှက်ပေးခဲ့ပါတယ်… ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ Pete Mitchell တစ်ယောက် သိရှိသွားရာမှာတော့… ဒီရုပ်ရှင်ကားလေးဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ဗျူဟာတွေအကြောင်းနဲ့ စစ်ပွဲရဲ့ ပကတိဂုဏ်ယူစရာမရှိပုံတွေ မြေစာပင်ဖြစ်ရတဲ့အရပ်သားတွေရဲ့ အကျပ်အတည်းနဲ့ဆင်းရဲဒုက္ခ တွေကို အရင်းအတိုင်းတင်ပြထားလို့ စစ်ဆန့်ကျင့်ရေးရုပ်ရှင်ကား တကားအနေနဲ့လည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး‌ ဖြစ်တာ‌ကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (2.03GB) / (1.07GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.5 2015
Hyena Road
The Greatest
6.6

The Greatest (2009) IMDb – 6.6 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~ ကျွန်တော်တို ချစ်ရတဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုးရတဲ့အခါမှာ ပထမဆုံးအခြေအနေကိုလက်မခံနိုင်တာမျိုး လက်ခံဖိုခက်တာမျိုးဖြစ်မယ်။ “တကယ်ကြီး သူ့ကိုနောက်ထပ်မတွေ့ရတော့ဘူးလား” ဆိုတာမျိုးပေါ့။ နောက်တော့ “ဘာလိုငါ့ကျမှဖြစ်ရတာလဲ”ဆိုပြီး ဒေါသတွေထွက်မယ် ပေါက်ကွယ်မယ်။ အဲ့စိတ်နဲ့ပဲ Depression တွေဝင်လာမယ်။ တဖြည်းဖြည်းနဲ့ ကုစားရမယ်။ ဒဏ်ရာကနက်လေ ကုဖိုအချိန်ယူရလေပေါ့။ နောက်ဆုံးတော့မှ တဖြည်းဖြည်းနဲ့ လက်ခံနိုင်လာတယ်။ “ဪ ငါတော့ သူ့ကိုတကယ်ကိုဆုံးရှုးလိုက်ရပြီ” ဆိုတာမျိုးကို လုံးဝလက်ခံသွားနိုင်တယ်။ အဲ့လိုလက်ခံနိုင်ပြီဆိုမှလည်း ဆက်ပြီးလုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်နိုင်မှာပါ။ ဒီလိုလက်ခံလိုက်တာဟာ Move on နိုင်ဖိုအတွက်ပထမဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားမှာတော့ ဆုံးရှုးမှုကြောင့် ခွဲခွါခြင်းတွေကြောင့်ဖြစ်ပေါ်လာရတဲ့ ပူဆွေးသောကဟာဘယ်လောက်တောင် အန္တရာယ်များတယ်… ဘယ်လိုဖြတ်ကျော်ရမယ်… ဆိုတာမျိုးတွေကို သူပြောချင်တဲ့ဘက်ကနေ ကောင်းကောင်းကြီးကိုချပြထားနိုင်ပါတယ်။ တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို မစွန့်လွှတ်နိုင်ဘဲ ရှေ့ဆက်ဖိုခက်နေတဲ့သူတွေဆို ဒီကားကိုကြည့်ပြီး တစ်စုံတစ်ခုရသွားမယ်ဆိုတာ သေချာပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက်ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက်လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ကျန်ရစ်သူမိသားစုတွေ ဆောက်တည်ရာမရဖြစ်နေတဲ့အချိန်မှာ ရိုစ်ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားနက်တိုမိသားစုဆီကိုရောက်လာခဲ့ပြီး သူ့မှာ ဘားနက်နဲ့ရထားတဲ့ကိုယ်ဝန်လွယ်ထားရကြောင်းပြောလာပြီး အကူအညီတောင်းရှာပါတယ်။ ဘားနက်တိုမိသားစုလည်း တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ပြီး ကောင်မလေးကိုလည်း အိမ်ပေါ်မှာလက်ခံထားပြီး စောင့်ရှောက်ရပါတော့တယ်။ ဒီလိုသောကမီးတွေလောင်မြိုက်နေရတဲ့ မိသားစုဝင်အချင်းချင်းကတောက်ကဆတွေဖြစ်ကြရင်း သူတိုဘယ်လိုရှေ့ဆက်လိုမရနိုင် ဖြေဆည်လိုမရနိုင်ဖြစ်နေကြပါတယ်။ ဒီအခြေအနေကို သူမိသားစုကျော်လွှားနိုင်ပါ့မလား။ ရင်သွေးလေးကိုလွယ်ထားရတဲ့ ရိုစ်အနေနဲ့ရောဘယ်လိုမျိုးပြဿနာတွေရင်ဆိုင်ရဦးမှာလဲ။ ပူဆွေးသောကရောက်ခြင်း၊ လေးစားအားကျမှုနဲ့မနာလိုမှုကြားက အားပြိုင်မှု၊ ချစ်ခြင်းမေတ္တာနဲ့မိခင်မေတ္တာကိုဖော်ကျူးထားပုံတွေကို သေသေချာချာကိုမြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီဇာတ်လမ်းကနေတစ်ဆင့် ကျွန်တော်တိုဟာ တစ်ခုခုကိုလက်လွှတ်ဆုံးရှုးလိုက်ရတဲ့အခါ ကြုံတွေ့ရမယ့် ပူဆွေးခြင်း ဝမ်းနည်းအားငယ်ခြင်း မခံမရပ်နိုင်ဖြစ်ခြင်းတွေကနေပြီး ရုန်းထွက်နိုင်ဖို မေတ္တာတရားနဲ့ မျှော်လင့်ချက်မပျောက်ပျက်ခြင်းတိုက ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို တွေ့ရမှာဖြစ်ပြီး CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဇာတ်လမ်း အညွှန်းကိုတော့ Pyae Hein Kyaw မှရေးသားထားပါတယ်။) File Size – 1.38 GB/ 563 MB Quality – BluRay 1080p/ 720p Duration – 1:41:50 Format – mp4 Genre – Romance. Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Pyae Hein Kyaw Encoded by – Treasure Htet

Drama
6.6 2009 99 mins
The Greatest