YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]The.Violence.Action.2022.720p.WEB-DL.mp4

991.31 MB N/A video/mp4 1238 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
D@bbe 5: Curse of the Jinn
5

ဇာတ်ကားရဲ့အစမှာ မိန်းမတစ်ယောက် ကလေးမွေးနေတဲ့ အခန်းနဲ့ စထားတယ်။ဘေးမှာလည်း မိန်းမဖော်တွေအများကြီးနဲ့ပေါ့ ။ ညွှစ်ထား ထွက်တော့မယ် အားတင်းထား စသဖြင့် အသံတွေ ဆူညံလို့။အဲ့အသံတွေကြားထဲမှာမှ ကိုယ်ဝန်သည်မိန်းမရဲ့ နာကျင် လွန်းလို့ အော်ညည်းသံကတော့ အကျယ်ဆုံးပဲ။သိပ်မကြာလိုက်ပါဘူး။ ထွက်လာပြီဆိုတဲ့ ဝမ်းဆွဲသည်ရဲ့ အသံနဲ့အတူ ကလေးငိုသံလေးကို ကြားလိုက်ရတယ်။ကိုယ်ဝန်သည်မိန်းမဟာ ပင်ပန်းလွန်းလို့ ခြေပစ်လက်ပစ်ပေါ့။အဲ့ဒီအချိန်မှာပဲ မွေးခန်းထဲကို လူတွေ သုတ်သုတ်ပြာပြာ ဝင်လာတယ်။ပေး ပေး ဆိုပြီး ဝမ်းဆွဲသည်ဆီက ကလေးကို လုသွားတယ်။ ပင်ပန်းလွန်းလို့လှဲနေတဲ့ကလေးမိခင်ဟာ ထိတ်ထိတ်ပြာပြာနဲ့ ခေါင်းထောင်လာတယ်။ရှင်တို့ ဘယ်သူတွေလဲ ကျွန်မကလေးကို ဘယ်ခေါ်သွားကြမလို့လဲ မလုပ်ကြပါနဲ့ စသဖြင့် တစာစာအော်လို့။ ဒါပေမယ့် ဟိုလူတွေကတော့ ဂရုမစိုက်ပါဘူး။ခုမှမွေးထားတဲ့ကလေးကို သွေးနုသားနုမိခင်ဆီက ရက်ရက်စက်စက်ပဲ ခေါ်ယူသွားကြတယ်။ ဝမ်းဆွဲသည်တွေကလည်း ဟိုလူတွေကို တားရမယ့်အစား ကလေးမိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ နောက်တစ်ခန်းမှာတော့ အိုမာ နဲ့ ဒီလေ့ဆိုတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်ကိုပြတယ်။အခုတလောမှာ ဒီလေ့ဟာ ညဘက်ဆို အိပ်မက်ဆိုးတွေ မက်လာတယ်။သူ့အိပ်မက်ထဲမှာ လူတစ်စုက ကလေးတစ်ယောက်ကို မိခင်ဆီက လုသွားတဲ့ ပုံရိပ်တွေကို ထပ်ခါထပ်ခါမြင်နေတယ်။နောက်တော့ ဒီလေ့ဟာ ဒီစိတ်နဲ့ပဲ ကျန်းမာရေးချို့ယွင်းလာတယ်။မမြင်သင့်တာတွေကို မြင်လာရတယ်။ သူ့ယောကျ်ား အိုမာကတော့ ဒီလေ့ကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်တယ်။ ဒါပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်း စုံတွဲကတော့ ဒီကိစ္စကို ပယောဂဆရာနဲ့ ပြကြည့်ဖို့ အကြံပေးတယ်။ ဒီလေ့ဟာ အဲ့ဒီအိပ်မက်တွေကို ဘာလို့ မက်နေတာလဲ။အဲ့ဒီအဖြစ်အပျက်ဟာရော ဒီလေ့နဲ့ ဘယ်လို ပက်သက် နေသလဲ။အိုမာထင်သလိုမျိုး ပင်ပန်းလွန်းလို့ စိတ်ဂယောက်ဂယက် ဖြစ်တာလား။ဒါမှမဟုတ် တကယ်ပဲ ပယောဂလား။ (သရဲကားဆိုမှတော့ သရဲပဲပေါ့နော့် :3) ကျွန်တော်ပြန်ရတဲ့ Dabbe ကားတွေကို Ratting ပေးရရင် ဒီကောင်က နံပါတ်(၂)မှာ ချိတ်တယ်။ သရဲကားဆိုတာထက် လျှို့ဝှက်သဲဖိုဘက် ပိုသွားတယ်။မထင်ထားတဲ့ လှည့်ကွက်တွေများတယ်။ ကြောက်လည်းကြောက် စိတ်လည်းစိတ်ဝင်စားနဲ့ ကြည့်ရမယ့် ကားမျိုးမို့ ညွှန်းပေးချင်ပါတယ်။ IMDB မှာတော့ 5.9 ရထားပါတယ်။ File size…1.73GB / 695MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 13m Genre ..... Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Drama • Romance
5 2014 132 mins
D@bbe 5: Curse of the Jinn
Argantara
1.8

Argantara (2022) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Action & Adventure • Sci-Fi & Fantasy
1.8 2022 105 mins
Argantara
Critical Eleven
7.2

Critical Eleven (2017) ၂၀၁၇ ခုနှစ်တုနးက ထွက်ရှိထားတဲ့ အင်ဒို အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်ုးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ လေယာဉ်ပေါ်မှာ ဆုံတဲ့ ဖူးစာ လို့ ပြောရမှာပါပဲ။ အယ်လီဆိုတဲ့အမျိုးသားနဲ့နှင့် အာဉာဏ်လို့ခေါ်တဲ့အမျိုးသမီးတစ်ဦးဟာ Jakarta ကနေ Sydney ကို သွားတဲ့လေယာဉ်ပေါ်မှာပထမဆုံးတွေ့ဆုံကြပါတယ်။ မြင်မြင်ချင်းအချစ်လို့ခေါ်ရမလိုပဲ သူတို့တစ်ယောက်ကိုတစ်ယောက်‌ လေယာဉ်‌ပေါ်မှာတင်ချစ်သွားကြပါတယ်။ အဲဒီနောက်မှာ‌ေတာ့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာပါတယ်။ ဘ၀ဆိုတာ အမြဲတမ်း‌ေဖြာင့်ဖြူး‌ေနတာမဟုတ်ပါဘူး အချိုးအကွေ့အလှည့က်အ‌ေပြာင်းဆိုတာရှိပါတယ်။ တစ်‌နေ့မှာတော့ သူတို့နှစ်ယောက်ရဲဆက်ဆံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ပေါ်ပေါက်လာပါတာ့တယ်။ အဲဒီ ဖြစ်ရပ်ဆိုးရဲ့ နောက်ကွယ်မှာ ဘာတွေ ဆကဖြစ်မယ် ဆိုတာတော့ …. အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin Yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.75Gb | 982MB | 547MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Drama • History • Thriller
7.2 2017
Critical Eleven
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
Blood for Dust
5.4

Blood for Dust ( 2023 ) Scoot McNairy နဲ့ ဂျွန်စနိုးလို့ အများသိကြတဲ့ Kit Harington အဓိကသရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုမှုခင်း ရုပ်ရှင်ပါ။ Rotten Tomatoes 85%ရထားတာမို့ ပမာဏတစ်ခုအထိတော့ ကောင်းတဲ့ရုပ်ရှင်ဖြစ်ကြောင်း မပြောလည်း သိကြမှာပါ။ ဝေဖန်ရေးသမားတွေကတော့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းရသိပ်ခက်တဲ့ ရုပ်ရှင်လို့ ဆိုကြပါတယ်။ ပြောတာလည်း မလွန်ဘူးလို့ ထင်ရတာပါပဲ။ ရှုပ်နေရာက ရှင်းလာတဲ့ဇာတ်ကို ခန့်မှန်းရလွယ်ပေမဲ့ ရှင်းနေရာက ရှုပ်သွားတဲ့ဇာတ်ကိုတော့ မှန်းရခက်ပါတယ်။ ဒီဇာတ်ဟာ ရှင်းနေရာကနေ ရှုပ်သွားတဲ့ဇာတ်ပါပဲ။ ကျောရိုးကတော့ နယ်လှည့်အရောင်းသမားတစ်ယောက်ကနေ စပါတယ်။ ဒီလူက နယ်လှည့်ပြီး ပစ္စည်းအစုံရောင်းနေတဲ့လူပါ။ ဖောက်သည်က ဘာအပ်အပ် အပ်ထားတာကို ရအောင်ပတ်ရောင်းပါတယ်။ ခဲတံကနေပြီး နွားအထိအကုန်ရောင်းပါတယ်။ ဒါကတော့ စစချင်းအပြပေါ့။ နောက်ပိုင်းတော့ သူ့ အရောင်းသမားအချင်းချင်းအဆက်အသွယ်တွေ , အတိတ်က သူတို့အရောင်းသမားတစ်အုပ်လုပ်ခဲ့ကြတဲ့ စာရင်းလိမ်လည်မှု ကိစ္စတွေ, အဲဒီကိစ္စအတွက် ခေါင်းခံသွားတဲ့သူအကြောင်းတွေ အကုန်တဖြည်းဖြည်းချင်း အစပေါ်လာပါတယ်။ ကျွန်တော်တို့အတွက်တင်ပေါ်တာမဟုတ်ဘဲ သူ့အလုပ်ရှင်ဆီမှာပါ အစပေါ်လာတဲ့နောက် အလုပ်ပြုတ်သွားတယ်။။ အဲဒီနောက် သူ့အရောင်းသမား သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး လက်နက်တွေ ဆေးတွေကိုပါရောင်းပေးဖို့ဖြစ်လာတယ်။ ဒီကနေ လူဆိုးဂိုဏ်းတွေနဲ့ ကတုံးပေါ်ထိပ်ကွက်ချင်တဲ့လူတွေ ဉာဏ်ကစားတဲ့ပွဲထဲ သူပါ မဆီမဆိုင်ဝင်ပါမိတဲ့အခါမှာ သူ့အသက်ကို သူဘယ်လိုရအောင် ကယ်မလဲ မြင်ကြမှာပါ။ အရောင်းသမားဆိုတဲ့ ပွိုင့်ကနေ မချော်ဘဲ လူဆိုးဂိုဏ်းတွေအထိပါ ဆွဲသွင်းသွားပြီး အရောင်းသမားလောကရဲ့ ရှုပ်ထွေးကောက်ကျစ်ပုံတွေကို စိတ်ဝင်စားစရာကောင်းအောင် ပြထားတာမို့ သည်းထိတ်ရင်ဖိုမှုခင်းကားအနေနဲ့တော့ နည်းနည်းဆန်သစ်ပါတယ်။ မှုခင်းကားတွေ ကြိုက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Thriller Quality…. 1080p | 720p File size…995MB | 415MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller • Horror
5.4 2024
Blood for Dust
What Keeps You Alive

မင်္ဂလာနှစ်ပတ်လည် တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောအုပ်အစပ်က ရေကန်ကြီးဘေးမှာရှိနေတဲ့ ဘိုးဘွားပိုင်အိမ်လေးဆီကို ဂျူးနဲ့ ဂျက်ကီတို့ စုံတွဲ အလည်အပတ်လာခဲ့ကြပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျက်ကီရဲ့ အပြုအမူတွေကအရင်လို မဟုတ်တော့ဘဲပြောင်းလဲသွားခဲ့တဲ့အပြင် ဂျူးတစ်ယောက်လည်း ဒီအိမ်လေးမှာပဲဖြစ်ခဲ့တဲ့ အတိတ်ဖြစ်ရပ်ဆိုးတွေကို ပြန်သိလာခဲ့ရပြီး ကြည်နူးဖွယ်စုံတွဲလေးရဲ့ နှစ်ပတ်လည်းအထိမ်းအမှတ် အပန်းဖြေခရီးဟာ ဘယ်လိုပျက်စီးသွားရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်းတမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။ File size…(1.4 GB)/(739 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2018
What Keeps You Alive
Café Daughter
5.6

ဒီဇာတ်ကားလေးကတော့ Dramaအမျိုးစားဖြစ်ပေမယ့် လူမျိုးရေးကိစ္စတွေလည်း အမျာကြီးပါပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကော်ဖီဆိုင်လေးဖွင့်ထားတဲ့ မိသားစုလေးတစ်စုမှာ စီးပွါးရေးအဆင်မပြေကြပါဘူး ဒီကြားထဲသူတို့မိသားစုက တရုတ်နဲ့ အင်ဒီးယန်း စပ်ထားတာပါ တရုတ်ဖြစ်တာကအဆင်ပြေပေမယ့် အင်ဒီးယန်းဆို အရမ်းလူမျိုးရေးခွဲခြားကြပါတယ် အဲ့ဒါကြောင့် အင်ဒီးယန်း မှန်းမသိအောင်နေထိုင်ခဲ့ရပါတယ် တစ်နေ့တော့ အမေဖြစ်တဲ့သူက နေမကောင်းဖြစ်တာကြောင့် သူ့အဖေဆီ သွားဖို့ဖြစ်လာပါတယ် သူတို့က အင်ဒီးယန်း မျိုးနွယ်တွေပါ အဲ့ကနေမှ လူမျိုးရေးခွဲခြားတဲ့အကြောင်းတွေနဲ့ မိသားစုလေးတစ်စုအကြောင်းကို ပေါ့ပေါ့ပါးပါးကြည့်လို့ရအောင် ရိုက်ပြထားတဲ့ပုံစံလေးဖြစ်ပါတယ် Dramaကြိုက်တဲ့သူတွေအတွက်တော့ အတော်အဆင်ပြေမယ်ထင်ပါတယ် ဇာတ်ကားနာမည်လေးက Cafe Daughterပါ File size…(1.7 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

5.6 2023 97 mins
Café Daughter
Kamui
5.6

Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.6 2009
Kamui
My Super Heroine
5.7

CM တရုတ်ကားချစ်သူတို့ရေ… တကယ်လို့ ဘဝအမောတွေပြေအောင် ဟာသကားကိုကြည့်ချင်တယ်ဆို… ဒီကားလေးကိုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်… ဒီဇာတ်လမ်းလေးကဆိုရင် ကျွန်တော်ရည်းစား မာဖီးယားဆိုတဲ့ ပုံစံဆင်တူပဲ… နာမည်ကြီး ရှန်ဟိုင်ဂိုဏ်းချုပ်လောင်းကိုမှ ရေကန်ထဲ လှေစီးပြီး ရေစက်ဆုံကာ ကယ်မိတဲ့ အားဝမ်… အားဝမ်ကတော့ သူ့လမ်းလေးအေးချမ်းဖို့အတွက် အစ်ကိုဟုတ်ဆိုတော့ အမြတ်ကြီးစား ဒုစရိုက်လုပ်နေတဲ့သူရဲ့ အောက်ခြေသိမ်း အလုပ်ကြမ်းသမားလေးအဖြစ် နေနေတဲ့သူပေါ့… အစ်ကိုဟုတ်ကလည်း သူ့ရဲ့ ကြပ်မပြည့်တဲ့ လက်ဝှေ့သမားဖြစ်ချင်တဲ့ သူ့အစ်ကိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် လူရှာပြီး သူ့အစ်ကိုကို အဖော်ပြု လက်ဝှေ့ထိုးပေးမယ့်သူ ခဏခဏရှာခိုင်းတာ… အခုဆို ပွဲ ၁၀၀ ပြည့်ဖို့ နောက်ဆုံး တစ်ပွဲပဲလိုတာ… လက်ဝှေ့လည်း ထိုးချင်တယ် သူ့အစ်ကိုကိုလည်း မထိခိုက်စေချင်ဘူးဆိုတော့… အားဝမ်တစ်ယောက် ရေထဲက ကောက်ရတဲ့ အမျိုးသမီးလေးကို ကြိုးစင်ပေါ်တင်ပေးဖို့အတွက် ဇာတ်လမ်းတွေဆင်တော့တာပေါ့… အတိတ်ကလည်းမေ့…. မျက်စိရှေ့မှာလည်း အားဝမ်ပဲမြင်နေရတာဆိုတော့ ဒီအမျိုးသမီးလေးလည်း… အားဝမ်ရဲ့ ဇာတ်လမ်းကို ယုံကြည်ပြီး ကြိုးစင်ပေါ်ကို တက်ခဲ့တာပေါ့… အဲ့ ကြိုးစင်ပေါ်တက်ခဲ့လို့ အားဝမ်တစ်ယောက် ဘာနောက်ဆက်တွဲတွေကြုံရမှာလဲ… ဒီပွဲရလဒ်ကရော ဘာဆက်ဖြစ်မှာလဲ…အားဝမ်နဲ့ ဘယ်ကလာမှန်းမသိတဲ့ မိန်းကလေးကရော ဘာတွေဆက်ဖြစ်ကြမှာလဲ ပိတ်ကားပြင်ပေါ်မှာ CM အဖွဲ့နဲ့အတူတူ ဆက်ကြည့်ပြီး ရယ်မောလိုက်ကြရအောင်နော်…

5.7 2024
My Super Heroine
Three Kingdoms: Resurrection of the Dragon
6.1

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။ File size…(2.1 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

6.1 2008 101 mins
Three Kingdoms: Resurrection of the Dragon
Black Knight

Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.5 GB, 883 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Comedy, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Science Fiction • Action • Horror
0 2001 95 mins
Black Knight
Golmaal – Fun Unlimited
7.5

Golmaal: Fun Unlimited (2006)”ပရမ်းပတာ” ================================== Mumbai Cop Universe ရဲ့ ပဲ့ကိုင်ရှင် ဆရာကြီးရိုဟစ်ရှက်တီ ရိုက်ကူးထားပြီး မင်းသားကြီး အဂျေး၊ 3 idiots ထဲက ရာဂျူးသရုပ်ဆောင် ရှာမန်ဂျိုရှီ၊ ဒါ့အပြင် တခြား နာမည်ကြီးဟာသ သရုပ်ဆောင်တွေလည်းပါဝင်တဲ့ Indian classic vibe ရမယ့် ဟာသကားဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ အဂျေးတို့အဖွဲ့ဟာ ဘရုတ်ကျလွန်းလို့ ကောလိပ်ကနေ နှင်ထုတ်ခံထားရတဲ့ ကျောင်းသားဟောင်းတွေဖြစ်ပါတယ်။ ကျောင်းထုတ်ခံထားရပေမဲ့ နေစရာအိမ်မရှိတဲ့အတွက် ကျောင်းထုတ်မခံရတဲ့ သူငယ်ချင်းအခန်းမှာ ကုပ်ကပ်နေရင်း ဘရုတ်ကျမှုတွေကို မရပ်နိုင်တဲ့အတွက် အဲဒီသူငယ်ချင်းပါ ကျောင်းထုတ်ခံလိုက်ရပါတယ်။ အဲဒီလို ကျောင်းထုတ်ခံရလို့ နေစရာမရှိ ကြောင်ပျောက်နေတဲ့ သူငယ်ချင်းလေးယောက်ဟာ အကြွေးရှင်လိုက်လို့ ပြေးရင်းလွှားရင်း မျက်မမြင် အဘိုးကြီးအဘွားကြီးစုံတွဲနေတဲ့အိမ်ကို ရောက်သွားခဲ့ပြီး အဲဒီအဘိုးကြီးအဘွားကြီးစုံတွဲက မတွေ့ရတာ နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ မြေးဖြစ်သူကို စောင့်နေမှန်းသိသွားတဲ့အချိန်မှာတော့ သူတို့အဖွဲ့ ဘယ်လိုတွေ အယောင်ဆောင်ပြီး ဘယ်လိုဘရုတ်ဆက်ကျကြမလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Animation • Mystery • Comedy • Family
7.5 2006 150 mins
Golmaal – Fun Unlimited
The Adventures of Rocky & Bullwinkle
4.3

The Adventures of Rocky & Bullwinkle (2000) IMDb Rating (4.3) / Rotten Tomatoes (42%) “The Adventures of Rocky & Bullwinkle” သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N Ⓞ NE

Comedy • Crime • Thriller
4.3 2000 92 mins
The Adventures of Rocky & Bullwinkle
Chungking Express
8.1

Chungking Express (1994) IMDb Rating (7.9) / Rotten Tomatoes (89%) ဝမ်ကာဝေက သူရိုက်ခဲ့ဖူးသမျှရုပ်ရှင်တွေထဲမှာ အချိန်အပေးရဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ Ashes of Time (1994) ရဲ့ နောက်ဆုံးအဆင့် Post Production တွေလုပ်ကိုင်နေဆဲမှာ သူ့ Production အတွက်၊ သူ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက်ဆိုပြီး Chungking Express ရုပ်ရှင်ကားကို ၃ လအတွင်းအပြီးသတ်ရိုက်ကူးပြသခဲ့တယ်။ “ကျွန်တော် Ashes of Time ရဲ့ Post Production တွေကနေ ခဏအနားယူချင်ခဲ့တယ်၊ အဲ့ဒါနဲ့ ဒီ Chungking Express ကိုရိုက်ဖြစ်သွားတာပဲ။ ဒီရုပ်ရှင်မှာ ဇာတ်ညွန်းလည်းအတည်တကျမရှိပါဘူးဗျာ….ရိုက်ကွင်းမစခင်ည ဒါမှမဟုတ် ရိုက်မယ့်မနက်မှ လက်တန်းချရေးပြီး ရိုက်လိုက်တာပဲဗျ။” – ဝမ်ကာဝေ ဒီရုပ်ရှင်ရဲ့ Theme က ပြောရခက်တယ်။ နီယွန်မီးရောင်တွေနဲ့ အတုအယောင်တွေပြည့်နှက်နေတဲ့ ဟောင်ကောင်မြို့ပြညအချိန်တွေကို အခြေခံတဲ့ ပထမဇာတ်လမ်းနဲ့ Chungking Mansion ရဲ့ နေ့ဖက်အချိန် နိစ္စဒူဝအလုပ်လုပ်ကြတဲ့အခိုက်အတန့်တွေကို အခြေခံထားတဲ့ ဒုတိယဇာတ်လမ်းကြားမှာ ဒီရုပ်ရှင်ဟာ လွန်ဆွဲနေတာပါပဲ။ ကိုယ်ချစ်တဲ့သူပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်သင်္ကေတတစ်ခုအဖြစ် မေလ ၁ ရက်နေ့ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေကို တစ်နေ့တစ်ဘူးဝယ်ရင်း မေလ ၁ ရက်နေ့ရောက်လာမှာကို စောင့်မျှော်နေတဲ့ ရဲနံပါတ် ၂၂၃ နဲ့ ချစ်သူပြန်လာတိုင်း အသုပ်စုံဝယ်ဝယေ်ပးတတ်ပြီး ဆိုင်ရှင်မြှောက်ပေးရာကနေ အစားအသောက်ရွေးချယ်စရာတွေကနေ လူရွေးချယ်ခွင့်ပါ ပေးမိသွားခဲ့တဲ့ ရဲနံပါတ် ၆၆၃ တို့ရဲ့ ဘဝထဲကို လူသစ်တစ်ယောက်စီက နည်းတစ်မျိုးစီနဲ့ ရောက်လာကြတဲ့အခါ သူတို့ဘယ်လိုတုံ့ပြန်ခဲ့ကြသလဲ။ သူတို့ရဲ့အတိတ်ကို ဘယ်လိုမေ့ဖျောက်ကြသလဲ။ အထီးကျန်တဲ့အချိန်တွေကို ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီး လူဆိုတာ အသိုင်းအဝိုင်းနဲ့နေထိုင်တဲ့၊ ပေါင်းဆင်းဆက်ဆံရေးလုပ်တဲ့သက်ရှိလို့ဆိုကြပေမယ့် တကယ်တမ်းတော့ လူတွေက လူ့အသိုင်းအဝိုင်းကနေ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရှောင်ထွက်ကြပြီး အထီးကျန်မှုကို ရွေးချယ်နေကြတယ်ဆိုတာ သိလာတယ်။ လူတစ်ယောက် ပျော်တယ်၊ မပျော်ဘူး၊ အထီးကျန်တယ်၊ မကျန်ဘူးဆိုတာလည်း အဲ့ဒီလူတစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်ဆိုတာသိလာတယ်။ အချစ်ဆိုတာ ချစ်နေရုံနဲ့လည်းမပြီးသွားပြန်ဘူး၊ ချစ်တာကို ပြတတ်ဖို့လည်းလိုအပ်တယ်ဆိုတာကို Hong Kong ရဲ့ မက်ဒေါနားလေး Faye Wong ကလည်း ပြသွားပြန်တယ်။ သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် Faye Wong က စီနီယာကြီးတွေကြားမှာ ထင်ပေါ်သွားခဲ့တယ်။ Hollywood ရဲ့ အကောင်းဆုံးဒါရိုက်တာတစ်ယောက်၊ Pulp Fiction, Inglourious Basterds ရုပ်ရှင်တွေရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Quentin Taratino ကတောင် ဒီရုပ်ရှင်ကို ကြည့်ဖို့ ကိုယ်တိုင်ကိုယ်ကျ တိုက်တွန်းခဲ့ဖူးတယ်။ “California Dreaming ကို ကျွန်တော် နောက်တစ်ကြိမ်နားမထောင်ဖြစ်လောက်တော့ဘူးထင်ပါရဲ့…..နားထောင်ဖြစ်ရင်လည်း Faye Wong ရဲ့ မြူးကြွတဲ့ ကကွက်လေးတွေကိုပဲ အမြဲမြင်ယောင်မိနေလိမ့်မယ်ဗျာ” ဟုတ်ပါတယ်၊ ဒီရုပ်ရှင်ရဲ့အလှတရားတွေထဲမှာ Faye Wong ကတော့ ထိပ်ဆုံးကပါ။ California Dreaming သီချင်း အပြင် သူကိုယ်တိုင် cover ပြန်သီဆိုထားတဲ့ The Cranberries အဖွဲ့ရဲ့ Dream သီချင်းလေးက ဒီရုပ်ရှင်ကို ပိုပြီးမြူးကြွချိုမြိန်စေခဲ့ပါတယ်။ ရဲနံပါတ် ၆၆၃ ရဲ့ တိုက်ခန်းထဲမှာ ပျော်မြူးနေတဲ့ Faye Wong ရဲ့ပုံရိပ်တွေက Chungking Express ကြည့်ရှုသူတိုင်းကို ဖမ်းစားနိုင်ခဲ့တာအမှန်ပါပဲ။ ပြီးတော့ ဝမ်ကာဝေရဲ့ ထုံးစံအတိုင်း မတင်မကျဇာတ်သိမ်းလေးက Romance ရုပ်ရှင်မျိုးဆိုတာ ဒီလိုလေးလည်း ကြည့်ကောင်းပါလားလို့တောင် တွေးမိစေခဲ့တယ်။ အချိန်တိုအတွင်းမှာရိုက်ကူးပြီးစီးခဲ့ပေမယ့် ဒီရုပ်ရှင်မှာ ဒါရိုက်တာဝမ်ကာဝေရဲ့ အတွေးအပိုင်းအစတွေအများကြီးပါဝင်ခဲ့ပြီး ချစ်သူရည်းစားတွေ ပြတ်စဲပြီးနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာလေးကို အလှပဆုံးပုံဖော်သွားတဲ့ အဖိုးတန် Romance ကားတစ်ကားပါ။ ဝမ်ကာဝေဟာ ဘာမှမဟုတ်ဘူးထင်ရတဲ့ လူ့ဘဝအခိုက်အတန့်လေးတွေကို ရုပ်ရှင်အဖြစ်ပြောင်းလဲဖန်တီးတဲ့နေရာမှာတော့ ဆရာတစ်ပါးပဲဆိုတာ သေချာပါတယ်။ သူ့ရဲ့လက်ရာအများစုကလည်း လူတွေနဲ့အနီးစပ်ဆုံးကိစ္စတွေဖြစ်လို့ ရင်ထဲရောက်အောင် ဆွဲဆောင်နိုင်တာပါ။ Hong Kong new wave 1st generation ကစလို့ ဟောင်ကောင်ရုပ်ရှင်တွေဟာ သာမန်ဖျော်ဖြေရေးရုပ်ရှင်တွေထက် အိမ်တွင်းရေး၊ လူမှုရေးနဲ့ ပြည်သူတွေ သတိမပြုမိတဲ့အခိုက်အတန့်လေးတွေကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးတဲ့ new wave ရုပ်ရှင်တွေပေါ်ထွက်လာခဲ့တယ်။ ဝမ်ကာဝေတို့ ဂျွန်ဝူးတို့ ခေတ်အရောက်မှာတော့ ဟောင်ကောင်ရုပ်ရှင်တွေဟာ အဆင့်အတန်းတစ်ခုကိုရောက်လာခဲ့ပြီး အာရှရုပ်ရှင်လောကမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဇာတ်လမ်းသွားပုံစံတွေနဲ့ နေရာတစ်နေရာ အခိုင်အမာရရှိခဲ့ပါတယ်။ Chungking Express ကလည်း ဟောင်ကောင်ရုပ်ရှင်လောကမှာ စံထားရတဲ့ရုပ်ရှင်ကားတွေထဲက တစ်ကားအပါအဝင်ပါ။ ရုပ်ရှင်ရဲ့ Color တွေ၊ အဝတ်အစားရွေးချယ်ပုံတွေနဲ့ ဟောင်ကောင်က Chungking Mansion ကြီးထဲက လူမျိုးပေါင်းစုံ၊ သာမန်လူတန်းစားအသိုင်းအဝိုင်းကို ထောက်တိုင်ပြုထားတဲ့ ဇာတ်အိမ်နှစ်ခုအပြင် ဒီရုပ်ရှင်ရဲ့ အထင်ရှားဆုံး၊ ချီးကျူးအခံရဆုံးအချက်ဖြစ်တဲ့ Slow Motion, Blur Motion Shot တွေကြောင့် Chungking Express ဟာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့ပြောကြတဲ့ In the Mood for Love ထက်မသာရင်တောင် မလျော့တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ Romance Genre မှာ Chungking Express က ချစ်စရာအကောင်းဆုံးနဲ့ သဘာဝအကျဆုံးကားတစ်ကားဖြစ်သွားခဲ့ပါပြီ။ “ဘယ်အချိန်ကစပြီး အရာအားလုံးမှာ သက်တမ်းကုန်ဆုံးရက်တွေ ရှိသွားတာလဲ” “ငါးသေတ္တာဘူးတွေ သက်တမ်းကုန်တယ်၊ ဆော့စ်တွေ သက်တမ်းကုန်တယ်၊ ပလက်စတစ်အိတ်တွေတောင် သက်တမ်းကုန်တယ်။” “ကျွန်တော်တွေးမိတယ်…..ကမ္ဘာပေါ်မှာ သက်တမ်းမကုန်တဲ့အရာရှိသေးရဲ့လား” (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Arkar Phyo မှ တင်ဆက်ထားပါတယ်။)

8.1 1994 103 mins
Chungking Express