YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Treacherous 2015 1080p BluRay DD5.1 x265-10bit-RGB.mkv

2.36 GB 1080p video/x-matroska 1267 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stan Lee
7.1

Stan Lee (2023) ~ IMDb - 7.2/10, Rotten Tomatoes - 88% ~ Superhero ပရိသတ်တွေရင်ထဲမှာ Stan Lee ဆိုတဲ့ နာမည်ကိုကြားတာနဲ့ Marvel ရဲ့ပဲ့ကိုင်ရှင်၊ ကျွန်တော်တို့ချစ်တဲ့ Superhero တွေရဲ့ ဖခင်ကြီးအဖြစ် တံဆိပ်ခတ်နှိပ်ထားပြီးသားဖြစ်လို့နေပါတယ်။ Stan Lee နဲ့ Marvel ဟာ ဒင်္ဂါးပြားတစ်ခုရဲ့ ခေါင်းနဲ့ပန်း လိုပါပဲ။ Stan Lee မရှိရင် Marvel ဆိုတာလည်းဖြစ်မလာနိုင်ပါဘူး။ Fantastic Four ကစလို့ X-Men, Spider-Man, Iron Man, Captain America, Hulk, Thor, Dr. Strange, Black Panther တို့လိုစူပါဟီးရိုးတွေအပြင် တခြား ဟီးရိုးနဲ့ ဗီလိန်ပေါင်းများစွာကို ဖန်တီးခဲ့တဲ့ Stan Lee ကို Marvel ရဲ့ ဥသျှောင်တင်မက စူပါဟီးရိုးယဉ်ကျေးမှုကြီးရဲ့ ဥသျှောင်အဖြစ်တင်စားရင်တောင် လွန်မယ်မထင်ပါဘူး။ စူပါဟီးရိုးရုပ်ပြစာအုပ်တွေကို Stan Lee ခေတ် မတိုင်ခင်က အပျော်တမ်းဖတ်ကလေးကြိုက်အဖြစ်ယူဆထားခဲ့ပေမဲ့ Stan Lee ဟာ အဲဒီထုံးတမ်းတွေကို ရိုက်ချိုးပြပြီး လူကြီးလူငယ်မရွေး ဖတ်ရှုအသည်းစွဲနိုင်တဲ့ စူပါဟီးရိုး‌တွေ အကြောင်း ရုပ်ပြတွေကို ဖန်တီးပေးခဲ့ပါတယ်။ Timely Comics ကနေ Atlas Comics... Atlas ကနေ Marvel အထိ တဖြည်းဖြည်းဆွဲတင်ပေးခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက လူမျိုးဘာသာ ကျားမ အသက်အရွယ်မရွေး ပရိသတ်တွေအတွက် စိတ်အပန်းပြေစရာ စိတ်လှုပ်ရှားစရာ ဆွေးနွေးငြင်းခုန်စရာ Culture ကြီးတစ်ခုကို ပုံပေါ်လာအောင် ထုဆစ်ပေးခဲ့တဲ့ Stan Lee အကြောင်း အထုပ္ပတ္တိ Documentary လေးဖြစ်ပါတယ်။ Stan Lee ရဲ့ငယ်ဘဝ၊ သူ့ရဲ့အိမ်ထောင်ရေး၊ သူ့ရဲ့ဘဝဇာတ်လမ်း၊ စူပါဟီးရိုးတွေအပေါ်ရှုမြင်ပုံအပြင် Stan Lee ရဲ့ အတွေးအခေါ် အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ Animation မြိုင်မြိုင်နဲ့ ရိုက်ကူးထားပါတယ်။ ကြည့်ရင်း ကြက်သီးတွေထရတဲ့အခါရှိမယ်၊ Stan Lee ကို သနားမိတဲ့အခါတွေရှိမယ်၊ ရင်ထဲနွေးသွားရတဲ့အခါတွေရှိမယ်။ ကျွန်တော်တို့ငယ်ငယ်က ပုံပြင်နားထောင်ရသလိုပေါ့။ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ပါဝင်စီးမျောသွားနိုင်မယ့် Documentary လေးတစ်ခုဖြစ်တာကြောင့် စူပါဟီးရိုးပရိသတ်တွေတင်မက စူပါဟီးရိုးနာမည်လေးတစ်ခုကြားဖူးတဲ့သူတွေအနေနဲ့တောင် လက်မလွှတ်သင့်တဲ့ Documentary တစ်ခုပါ။ Stan Lee ဟာ 2018 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ သူဖန်တီးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့အတူ Stan Lee ဟာလည်း ကျွန်တော်တို့ရင်ထဲမှာ အမြဲထာဝရ ရှင်‌သန်နေဦးမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.35GB, 900MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 26Min Genre - Biography, Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
7.1 2023 86 mins
Stan Lee
Back To The Devil

CM ကနေ ဒီတစ်ခါမှာတော့ ခေတ်ရေစီးကြောင်းအလိုက် မကောင်းမှုတွေကျူးလွန်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ အက်တာနက်ပေါ်ကနေ လိမ်လည်မှုတွေကို လိုက်လံဖမ်းဆီးမှုတွေ တင်းကြပ်လာတဲ့အချိန်မှာတော့ မကောင်းမှုကျူးလွန်သူတွေကတော့ လုပ်နေကျအတိုင်း မလုပ်ရမနေနိုင်ဘဲ ဆက်လက်လုပ်ကိုင်ရာကနေမှ နောက်ဆုံးမှာ ဘဝနိဂုံးချုပ်သွားရတဲ့အကြောင်း မကောင်းမှုကျူးလွန်ရတဲ့အကြောင်းရင်းအမြောက်အမြားရှိသော်ငြားလည်း မကောင်းမှုပြုသူတို့ဟာ မကောင်းမှုမှန်သမျှတို့ရဲ့ အကျိုးဆက်ကို ပြန်လည်ခံစားသွားရတဲ့အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပြီးတော့ ဒီကားလေးကနေတစ်ဆင့် ယနေ့ခေတ်မှာဖြစ်ပျက်နေတဲ့ နည်းပညာပိုင်းဆိုင်ရာလိမ်လည်မှုတွေကို သင်ခန်းစာယူလို့ရတာဖြစ်လို့ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်....... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK

Adventure • Fantasy
null 2020
Back To The Devil
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
The Majestic
6.9

The Majestic (2001) ~ IMDb – 6.9/10, Rotten Tomatoes – 42% ~ ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။ ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။ ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်… ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။ လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။ The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။ တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။ Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Mystery • Thriller
6.9 2001 152 mins
The Majestic
Apollo 18
5.2

horror, sci-fi ဇာတ်ကားဖြစ်ပြီးလကမ္ဘာပေါ်ကိုခရီးသွားခဲ့တဲ့ Apollo 18 အာကာသယာဉ်ပေါ်ကအာကာသယာဉ်မှူးတွေအကြောင်းကိုရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း…. အာကာသယာဉ်မှူးသုံးယောက်ဟာလကမ္ဘာကိုစူးစမ်း‌လေ့လာဖို့အတွက်လျှို့ဝှက်မစ်ရှင်နဲ့ခရီးသွားခဲ့ရာကနေ လပေါ်ကတခြားအရာတစ်ခုနဲ့ကြုံတွေ့လာရပါတော့တယ် အဲဒီအရာဟာလူတွေကိုဒုက္ခပေးနိုင်တာကိုသိရပေမဲ့ အဲဒါကဘယ်လိုအရာလဲ ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာကိုမသိတာကြောင့်ရှောင်လွှဲဖို့နည်းလမ်းကလည်းမရှိသလောက်ပါပဲ ကြာတော့သူတို့ဟာဘယ်သူ့ကိုမှမယုံကြည်နိုင်တော့ပါဘူး အစိုးရကလပေါ်မှာတခြားအရာတွေရှိနေတာကိုသိနေခဲ့တာလား ဒီကိုဘာလို့လွှတ်လိုက်တာလဲဆိုတာကိုပါသံသယဝင်လာပါတော့တယ် ဒီလိုနဲ့အာကာသယာဉ်မှူးသုံးယောက်သားဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ သူတို့ကမ္ဘာမြေပေါ်ကိုဘယ်လိုပြန်လာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama
5.2 2011
Apollo 18
Slotherhouse
6.1

Slotherhouse (2023) ~ IMDb – 6.1/10, Rotten Tomatoes – 64% ~ ကာတွန်းတွေ၊ မှတ်တမ်းရုပ်ရှင်တွေထဲမှာ အရမ်းကို နှေးတဲ့အကောင်လေးတွေအဖြစ် ပုံဖော်ထားတဲ့ စလော့သ်ဟာ ဒီရုပ်ရှင်ထဲမှာ မြန်ဆန်ပြီး လူလို ဉာဏ်ကောင်းနေပါတယ်။ ပြီးတော့မှ စိတ္တဇလည်းဖြစ်နေပြီး လူတွေကို လိုက်သတ်တဲ့ ကားမျိုးပါ။ ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါပဲ။ သားသတ်ရုံကို slaughterhouse လို့ ခေါ်ပြီး အဲဒီစာလုံးကိုမှ မျောက်မောင်းမတွေနဲ့ ဆင်တဲ့ စလော့သ်အကောင်လေးနာမည်နဲ့ ပေါင်းပြီး Slotherhouse လို့ ပေးထားတာပါ။ ဓားတွေသေနတ်တွေနဲ့ ချတာတွေပါပြီး Scary movie ဆန်ဆန် အခွီတွေလည်းပါပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အထက်တန်းကျောင်းက မိန်းကလေးဆောင်တစ်ခုမှာ နောက်ဆုံးနှစ် တက်နေတဲ့ အမ်မလီဆိုတဲ့ ကျောင်းသူလေးဟာ တောထဲက မုဆိုးတစ်ယောက်ဖမ်းလာတဲ့ စလော့သ်လေးတစ်ကောင်ကို ခေါ်လာမိပါတယ်။ သူ့ကို တစ်ဆောင်လုံးက သဘောတွေကျပြီး နာမည်ကြီးနေပေမဲ့ အမ်မလီရဲ့ ပြိုင်ဘက် မိန်းကလေးတစ်စုကတော့ မကြိုက်ပါဘူး။ ဒါကြောင့် အမ်မလီမသိအောင် သူ့ကို လွှင့်ပစ်ဖို့ ရှင်းပစ်ဖို့ ကြိုးစားပေမဲ့ သူတို့ထင်သလို ရိုးရိုးစလော့သ်မဟုတ်ဘဲ စောင်ဆန်းစလော့သ်ဖြစ်နေတာကြောင့် တစ်ဆောင်လုံးကို တန်းစီပြီးပြန်လိုက်သတ်ပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 700MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 33Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Drama
6.1 2023 93 mins
Slotherhouse
[18+] The Woman Upstairs

****************************** အလုပ်မရှိဘဲ အိမ်မှာပဲ WFH နေသလိုလို စတော့ရှယ်ယာတွေကိုပဲ ရင်းနှီးမြှုပ်နှံသလို ဘာလိုလို ညာလိုလိုနဲ့ ဝမ်းမထိန်းနိုင်ရောဂါဖြစ်နေတဲ့ ချာဒိုဟွမ်ဆိုတဲ့သူ တစ်ယောက်ရှိတယ် တိုက်ခန်းပိုင်ရှင်ကအစ လုံခြုံရေးဦးလေးကြီးအဆုံး ချာဒိုဟွမ်ကို အလုပ်မရှိ အကိုင်မရှိ ပိုက်ဆံမရှိ‌တဲ့ သူဆိုပြီး အထင်သေးပြီး ချဉ်နေကြတာပေါ့ တစ်နေ့မှာ ချာဒိုဟွမ်တို့ တိုက်ခန်းအပေါ်ထပ်ကို အင်ဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့တယ် ‌သူပြောင်းလာတဲ့ နေ့ကစပြီး‌တော့အ‌ပေါ်ထပ်မှာ တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ဆူညံနေလို့ အောက်ထပ်က ချာဒိုဟွမ်တစ်ယောက် စိတ်တွေ ညစ်တာပေါ့ အလုပ်ကလည်း အဆင်မပြေ ဝမ်းကလည်း တဗြွတ်ဗြွတ်ဆိုတော့ တစ်ညမှာ လုံးဝမနေနိုင်တော့လို့ အပေါ်ထပ်ကို သွားပြီး ငြိမ်ငြိမ်နေပေးဖို့ ပြောမယ်ဆိုပြီး သွားလိုက်တဲ့အခါမှာ တံခါးက မခတ်ထားတာတွေ့ရတယ် အဲဒါကြောင့် အခန်းထဲကို ဝင်ကြည့်လိုက်တဲ့ အခါမှာတော့ …. ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် File Size : 1.5GB& 682MB Quality : WEB-DL1080p,720p Format…mp4 Duration…01:26:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2014
[18+] The Woman Upstairs
High Life
5.8

High Life (2018) ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။ IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။) ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ကိုယ်ဝန်ရအောင်လုပ်၊ အာကာသထဲမှာ ကလေးမွေးပြီးတော့ စမ်းသပ်ချင်တာပါ။ အဲလိုစမ်းသပ်ရာကနေ ကလေးတစ်ယောက်မွေးခဲ့ပေမယ့် ယာဉ်ပေါ်မှာ သမီးလေးနဲ့ မွန်တီ(ရောဘတ်ပက်တင်ဆန်)တို့ နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး ရှင်သန်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မွန်းကြပ်ပြီး ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 668MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

TV Movie • Comedy • Romance
5.8 2018 113 mins
High Life
Humanist Vampire Seeking Consenting Suicidal Person
7.2

Humanist Vampire Seeking Consenting Suicidal Person (2023) ~ IMDb – 7.2/10, Rotten Tomatoes – 82% ~ “ရိုးရှင်းခြင်း၌ အလှတရားရှိ၏” တဲ့။ အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင်‌ ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023 91 mins
Humanist Vampire Seeking Consenting Suicidal Person
The Critic
6.2

လန်ဒန်မြိုက အထင်ကရသတင်းစာတိုက်ကြီးမှာ ပြဇာတ်ဝေဖန်ရေးမှူး အနေနဲ့ သုံးသပ်ချက်တွေရေးရတဲ့ ဂျင်မီ အက်စကင် ဒီလူက သူ့ရဲ့စံချိန် စံနှုန်းတွေနဲ့ မကိုက်ညီဘူးလိုယူဆတဲ့ ပြဇာတ်တွေ၊ သရုပ်ဆောင်တွေကိုဆို ပိုးစိုးပက်စက် ဝေဖန်ရေးသားတတ်တာကြောင့် လူသိများပါတယ်။ အဖေဖြစ်သူ ဆုံးပါးသွားလို သတင်းစာတိုက်ပိုင်ရှင်ဖြစ်လာတဲ့ ဒေးဗစ်ဘရွတ်ခ်က သူ့ကို ပျစ်ပျစ်နှစ်နှစ်ရေးသားတာတွေ လျှော့ဖိုပြောပေမဲ့လည်း အချည်းနှီးပါပဲ… သတင်းစာတိုက်ပိုင်ရှင် ပြောင်းသွားတာနဲ့အမျှ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘဝင်မကျဖြစ်နေတဲ့ ဂျင်မီ အက်စကင် တစ်ယောက် တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ချစ်သူလိုပါ ပြောရမယ့် တွမ် တန်နာနဲ့အတူ လိင်တူနှစ်သက်မှုနဲ့ ဖမ်းဆီးခံရပါ တော့တယ်။ နဂိုကတည်းက သတင်းစာတိုက်နာမည်ပျက်မှာကို မလိုလားတဲ့ ဒေးဗစ်ဘရွတ်ခ်က ရဲဖမ်းခံရတဲ့ ဂျင်မီကို အလုပ်နားခိုင်းလိုက်တဲ့အခါ… ဒါကိုမကျေနပ်တဲ့ ဂျင်မီတစ်ယောက် ဘယ်သူတွေကိုအသုံးချပြီး ဒေးဗစ်ဘရွတ်ခ်ကို လက်တုံပြန်ဖိုကြိုးစားမလဲ…… ဒီကြိုးစားမှုကနေ ဘယ်သူတွေနစ်နာပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို The Critic ရုပ်ရှင်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်……. File size… (1.06GB ) / (620MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.2 2023
The Critic
Madame Claude

Madame Claude (1977) Madame Claude ဆိုတဲ့ ဇာတ်ကားကတော့ ၁၉၆၀-၁၉၇၀ ဝန်းကျင်မှာ ကျော်ကြားခဲ့တဲ့ Paris မြို့က ပြည့်တန်ဆာခေါင်းကြီး Fernende Grudet ခေါ် Madame Claude အကြောင်းကိုအခြေခံထားတာ ဖြစ်ပါတယ်။ Madame Claude ရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုက ကြီးလွန်းလို့ အာဏာအရှိဆုံးဆိုတဲ့ ယောက်ျားတွေ သူဌေးတွေ နိုင်ငံရေးသမားကြီးတွေ နာမည်ကြီးတွေပါ အသုံးပြုကျတဲ့အတိုင်း သူ့မှာလျှို့ဝှက်ချက်တွေ အများကြီးကို ကိုင်ဆောင်ထားတဲ့လူပါ။ ဒီဇာတ်လမ်းထဲမှာ Madame Claude ရဲ့ စီးပွားရေး အင်ပါယာ ကိုယ်ပိုင် ဘဝ နောက်ကျောကို ဓါးနဲ့ထိုးတာတွေ အာဏာတွေ အားနည်းချက် တွေကို ယောက်ျားတွေ ကြီးစိုးတဲ့ ကမ္ဘာမှာ ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ Sidonie ဆိုတဲ့ အမျိုးသမီးပါ Madam Claude ရဲ့တပည့် သူမရဲ့ ကိုယ်ပိုင်ဘဝရော အလုပ်မှာရော အရေးပါခဲ့တဲ့ လူပါ။ Madam Claude တယောက် အာဏာကြီးလာတာနဲ့အမျှ ရန်သူတွေလဲများလာပါတယ်။ နောက်ဆုံး သူတည်ဆောက်ထားတဲ့ အင်ပါယာကြီးကိုပါ ပျက်စီးဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းကျော်လွှားမလဲဆိုတာ…။ ၁၉၇၇ ဝန်းကျင်က ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ ယဥ်ကျေးမှုတွေ သေချာလေး တင်ဆက်ထားတာဖြစ်လို့ ခေတ်ဟောင်းပုံစံတွေ စိတ်ဝင်စားတယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။ – အဖော်အချွတ်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Moe Zac မှ တင်ဆက်ထားပါတယ်။)

Comedy • Drama
0 1977 105 mins
Madame Claude
Northeast “Da Xian’er”
5.6

တရုတ်ကားတွေကြည့်ရင်ဖြစ်ဖြစ်… တရုတ်အသိတွေရှိရင်ဖြစ်ဖြစ်… ဖုန်းရွှေဆိုတဲ့စကားလေးနဲ့ မစိမ်းလောက်ဘူးထင်ပါတယ်… ဒီနေ့ကတော့ ဖုန်းရွှေနဲ့ပတ်သက်ပြီး လူတချို့ရဲ့ ဘဝပြောင်းလဲသွားတဲ့ အကြောင်းပုံဖော်ရိုက်ကူးထားတဲ့ လျို့ဝှက်ဆန်းကြယ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့…သရဲပွဲတော်ကာလဆို ဆိုင်တွေ ၁ ပတ်ပိတ်ကြ… လူတွေ ညအပြင်မထွက်ကြနဲ့ နေကြတာ…ဒါကို လေယာဉ်မယ်လေးနဲ့ သူ့ရည်းစားသူဌေးကြီး လျိုချန်ဟူက … အမျိုးပိုင်ရေချိုးခန်းမှာ ရေအတူချိုးရင်း အရှင်လတ်လတ် ရေခဲရိုက်ခံရပြီးသေသွားခဲ့တာပဲ… ဒါက သူ့တရားဝင်ဇနီးကြောင့် ခိုက်တာပါဆိုပြီးဖြစ်တာပဲ… ဒီကြားထဲမှာ နတ်ဆရာနဲ့ ပရောဟိတ်ဆရာကြီးတို့ကလည်း ဝင်ပါနေသေးတယ်… သရဲခြောက်ခံရပြီးသေတာလို့ ပြောနေတဲ့ နတ်ဆရာရယ်…ကံဆိုးတဲ့ ဇနီးကြောင့် ဘိုးဘေးတွေက မကျေနပ်လို့ ဝိညာဉ်နှုတ်ခံရတဲ့အထိ ခိုက်တာပါလို့ စွပ်စွဲနေတဲ့ ပရောဟိတ်ဆရာကြီးရယ်… ကြားထဲမှာ သရဲကလေးလေးကို ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတဲ့ သေဆုံးသူရဲ့ဇနီး ကိုယ်ဝန်သည်ရယ်… နောက်သေဆုံးသူထက် ၁ မိနစ်နောက်ကျမွေးလို့ အဖေကြီးရဲ့ မျက်ကွယ်ပြု ငြိုငြင်ခံရတဲ့ သေဆုံးသူရဲ့ အမြွာညီလေးရယ်… ကဲ ဒီဇာတ်ထုတ်ကြီးက ဘယ်လိုတွေရှင်းကြမှာလဲ…အားလုံးက ဒီအမွေဆိုင်လုပ်ငန်းကို လိုချင်နေကြပြီး.. အားလုံးကလည်း အပြန်အလှန်လက်ညှိုးထိုးနေကြတယ်…ဒီတော့ အဆုံးသတ် အမွေတွေ ဘယ်သူရမှာလဲ… ဘယ်သူက လျိုချန်ဟူကို သတ်ခဲ့တာလဲ…

5.6 2025
Northeast “Da Xian’er”
Beautiful Friend
4.9

Beautiful Friend (2024) ဒီဇာတ်ကားရဲ့ သဘောသဘာဝကိုတော့ ဒီနောက်ပိုင်းမှာ သိပ်မတွေ့ရတော့တာများပါတယ်။ ဇာတ်အိမ်ကိုတော့ ကိုဗစ်ဖြစ်တဲ့အချိန်မှာ စိတ်ဓာတ်ကျနေတဲ့လူငယ်တစ်ယောက်ရဲ့ ရှထောင့်ပေါ်မူတည်ပြီးရိုက်ကူးထားတာပါ။ ဒန်နီယယ်လိုခေါ်တဲ့လူငယ်တစ်ယောက်ဟာ ကိုဗစ်ဖြစ်ပြီနောက်ပိုင်း အပြင်ထွက်ခွင့်မရခဲ့ပါဘူး။ တစ်ယောက်ထဲနေတဲ့အတွက်ကြောင့် အရမ်းစိတ်ညည်းညူခဲ့ရပါတယ်။ ဒါပေမဲ့ ကွာရန်တင်းတွေ ပြန်ပြီလျှော့လာတဲ့အချိန် အပြင်ထွက်ခွင့်ရတဲ့အခါမှတော့ စိတ်ကျရောဂါဖြစ်ပြီး လုပ်ချင်ရာလျှောက်လုပ်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ လူကြီးဇာတ်ဝင်ခန်းတွေပါတဲ့အတွက် ကြည့်ရှုသူတွအနေနဲ့ အနုပညာအမြင်ဖြစ်သာကြည့်ရှုဖို့အတွက် တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (600 MB) / (300 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:20:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Drama • Mystery • Thriller
4.9 2024 81 mins
Beautiful Friend
Orumbettavan
5.4

Orumbettavan (2025) “လှည့်စားရက်တဲ့ကံကြမ္မာ” လူ့သဘောသဘာ၀နဲ့ လူ့ဘ၀ရဲ့ရှုပ်ထွေးပွေလီမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်စကားပြောဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီဇီဆိုတဲ့ ကလေးမလေးဟာ အစပိုင်းမှာတော့ မိဘအစုံအလင်နဲ့ မပူမပင်မကြောင့်မကြနေခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေတော့ မိသားစုငွေကြေးအခက်အခဲကြောင့် မထင်မှတ်ဘဲ မိဘမဲ့ဘ၀ကိုရောက်ရှိသွားပါတော့တယ်။ အဖေဖြစ်သူက သမီးငယ်ကို သူ့အစ်ကိုတော်တဲ့ပတ်ပန်ဆီမှာ အပ်ထားခဲ့တာပါ။ ပတ်ပန်ကလည်း တူမလေးဖြစ်တဲ့မီဇီကို အရမ်းချစ်ပေမဲ့ ကိုယ်တိုင်ကအမှိုက်ကောက်သမားကြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မီဇီလေးကိုတော့ သူတတ်နိုင်တဲ့နည်းနဲ့ တာ၀န်ယူခဲ့ပါတယ်။ အမှိုက်ကောက်သမားပီပီ စရိုက်ကြမ်းတဲ့ပတ်ပန်ဟာ သူတို့အရပ်က လူ့ခွစာပန်းပဲဆရာကြီးကေလုနဲ့လည်း ရန်ငြိုးရန်စရှိသူပါ။ တစ်ယောက်ကိုတစ်ယောက် အခွင့်သာရင် ပြန်ကလဲ့စားချေဖို့ မျက်စောင်းထိုးနေကြသူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ မထင်မှတ်ဘဲ မီဇီလေးပျောက်သွားတဲ့အခါ… ။ ကံဆိုးရှာတာမီဇီလေး ဘာဆက်ဖြစ်သွားမလဲ၊ ရန်ငြိုးတွေကပဲ အပြစ်မဲ့သူတွေကို ထိခိုက်သွားစေတာလား၊ ဘယ်သူကတရားခံလဲ၊ နောက်ကွယ်မှာ ဘယ်လိုအရှုပ်အထွေးတွေရှိနေမလဲဆိုတာ စိတ်၀င်တစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

Action • Adventure • Drama • Fantasy
5.4 2025 140 mins
Orumbettavan