YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Sixth Commandment.S01E02.1080p.mp4

558.22 MB N/A video/mp4 99 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Family Man
6.7

အဓိကဇာတ်ဆောင်အဖြစ် မင်းသားကြီး Gerard Butler ကသရုပ်ဆောင်ထားပြီး William Dafoe၊ Alfred Molina၊ Alison Brie၊ Gretchen Molစတဲ့ ပရိသတ်နဲ့ရင်းနီးပြီးသား သရုပ်ဆောင်တွေချည်းပါပဲ။ ဇာတ်လမ်းလေးကတော့ Head-hunter ဆိုတာ ကုမ္ပဏီတွေအတွက်လူသစ်ရှာဖွေရေးဝန်ဆောင်မှုလုပ်ရင်း အလုပ်ဖြစ်ရင်၊ ပွဲဖြစ်ရင် ကုမ္ပဏီဘက်ကနေ ဝန်ဆောင်ခရတဲ့ အလုပ်ကိုမျိုးကို ပွဲစားလိုလုပ်တဲ့ အလုပ်ပွဲစားတွေပေါ့။ အလုပ်လုပ်ဖို့ကလည်း စားပွဲတစ်လုံး ဖုန်းတစ်လုံး ထိုင်ခုံတစ်ခု လူတစ်ယောက်ပဲ လိုပါတယ်။ ကလိမ်ကကျစ်ကျတတ်ဖို့၊ ကွက်ကျော်ရိုက်တတ်ဖို့ ၊လိမ်လည်တတ်ဖို့ကတော့ အဆစ်ပေါ့ဗျာ။ သူဌေးဖြစ်သူကိုယ်တိုင်က အလုပ်မဖြစ်တဲ့ အလုပ်ပွဲစားတွေကို အလုပ်ဖြုတ်တဲ့စနစ်၊ ရာထူးတိုးချင်ရင်လည်း လအလိုက်အပြိုင်အဆိုင် ငွေရှာခိုင်း၊ နိုင်တဲ့သူမှ ရာထူးတိုးပေးတဲ့စနစ်ကိုပဲသွေးအေးအေးကျင့်သုံးတဲ့သူပေါ့။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် အလုပ်ထွက်သွားတဲ့သူတွေ သူ့ကိုပြန်မတုနိုင်အောင် မယှဥ်ပြိုင်ရသဘောတူညီချက်(non-compete aggreement)တွေထားပြီး ကိုယ့်ဆီကအလုပ်ထွက်သွားရင်တောင် ဒီအလုပ်လုပ်လို့မရအောင် ခေါင်းပုံဖြတ်ထားသတဲ့။ ဒီအလုပ်ကိုပိုင်နိုင်ကျွမ်းကျင်သလို အရမ်းလည်းအလုပ်ကြိုးစားတဲ့ David Jensenတစ်ယောက် အလုပ်ကိုပဲ မဲလုပ်နေတော့ မိသားစုအပေါ်လစ်လပ်လာတာတွေ၊ သားသမီးကိုဂရုမစိုက်မိတာတွေ ဖြစ်လာတယ်။ ပိုကံဆိုးချင်တော့ သားဖြစ်သူက သွေးကင်ဆာ ဖြစ်ပြီး သေမလားရှင်မလားဖြစ်အလာ၊ အလုပ်ကလည်း အပြိုင်အဆိုင်ဆိုတော့ Dane တစ်ယောက် ဘာ‌တွေဘယ်လို့ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size :(948MB)&(461MB) Quality : Blu-Ray 1080p, 720p Format :mp4 Duration : 01:48:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN

Horror • Thriller
6.7 2017 108 mins
A Family Man
The Invitation
6.3

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။ အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion Picture က PG-13 သတ်မှတ်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။) File Size          : 1.8GB, 582MB, 294MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 45mins Genre              : Horror, Thriller Translated by APP Encoded by Kinnov

Drama • Romance
6.3 2022 105 mins
The Invitation
The Great Raid
6.6

ဒါကတော့ ၂၀၀၄ ကထွက်တဲ့ဒုတိယကမ္ဘာစစ်ကားလေးပါ။၁၉၄၁ မှာဂျပန်တွေက ပုလဲဆိပ်ကမ်းကိုဗုံးကျဲပြီးနောက် အမေရိကန်ပိုင် ဖိလစ်ပိုင်ကို၀င်သိမ်းတာ အမေရိကန်စစ်သားတစ်သောင်းလက်နက်ချအဖမ်းခံခဲ့ရပါတယ်။ ၁၉၄၄အရောက်မှာတော့အမေရိကန်တွေက စစ်ရေးသာလာပြီး ဖိလစ်ပိုင်ကိုပြန်သိမ်းဖို့တာစူနေပါပြီ။ အဲဒီအချိန်မှာ ရိန်းဂျားတပ်ရင်း(၆)ဟာ ရှေ့တန်း‌ကိုကျော်ပြီး အမေရိကန်စစ်သုံ့ပန်းငါးရာရှိတဲ့စခန်းကို ၀င်စီးပြီး သုံ့ပန်းတွေကိုကယ်ဖို့ တာ၀န်ကျလာပါတယ်။ လမ်းခရီးမှာတွေကြုံရတဲ့အခက်အခဲတွေ၊တိုက်ပွဲ၀င်ပုံတွေ၊ရဲဘော်ရဲဘက်စိတ်ထားပုံတွေကို ပြထားပါတယ်။ သုံးစွဲတဲ့လက်နက်တွေ၊အသုံးအဆောင်တွေ၊လက်နက်တွေကိုလည်း အမှန်အတိုင်းဖြစ်အောင် ဂရုစိုက်ပြီးသုံးပြထားပါတယ်။ Director John Dahl ရိုက်ကူးထားပြီး နာမည်ကျော်မင်းသား James Franco, Benjamin Bratt,Joseph Fiennes တို့ပါ၀င်ထားပါတယ်။ စစ်ကားကြိုက်တတ်သူတွေ အတွက်အကြိုက်တွေ့မယ့်ကားလေးပါ။ File size…(3.24GB)/(1.4GB)/(1014MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:12:00 Genre...Drama /Action/War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
6.6 2005 132 mins
The Great Raid
The Space Between Us
7.1

ဒီဇာတ်ကားလေးကတော့ US$ သိန်း၃ဝဝလောက် အကုန်အကျခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့………………………………. ငယ်စဉ်ကတည်းက မားစ်ဂြိုဟ်ပေါ်ကို အလည်သက်သက်မဟုတ်ဘဲနဲ့ အခြေချနေထိုင်ချင်တဲ့စိတ်ကူးရှိတဲ့ လူငယ်လေးတစ်ယောက်ဟာ သူရဲ့ မဆုတ်မနစ်ကြိုးစားမှုကြောင့် နောက်နှစ်ပိုင်းများစွာမှာ မားစ်ပေါ်မှာ အခြေချနေထိုင်ဖို့အတွက် East Texas ဆိုတဲ့ ကိုလိုနီနယ်ပယ်ငယ်လေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာပါပြီ။ မားစ်ဂြိုဟ်ပေါ်ကို  ပထမဆုံးစွန့်ဦးတီထွင်သူတွေအဖြစ်နဲ့ သွားရောက်နေထိုင်မယ့်သူတွေကတော့ “ဆာရာအီလီရော့” ခေါ်တဲ့ အာကာသယာဉ်မှူး မိန်းမချောလေး ဦးဆောင်တဲ့ အာကာသယာဉ်မှူး ၆ဦးပါပဲ။ မားစ် ကိုခရီးနှင်နေတဲ့ ကာလအတွင်း ၂လခန့်မှာတော့ “ဆာရာအီလီရော့” မှာ ကိုယ်ဝန် နှစ်လခန့်ရှိနေတာကို မမျှော်လင့်ဘဲသိလိုက်ရပါတယ်။ ပထမဆုံးစွန့်ဦးတီထွင်သွားရောက်မှာဖြစ်ခြင်း နောက်လှည့်ဖို့ မဖြစ်နိုင်တဲ့အခြေအနေမှာ ကိုယ်ဝန်ကို အာကာသထဲမှာ ဆောင်ခဲ့ရတယ်။ မားစ်ရောက်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်လစေ့လို့ မွေးဖွားရင်း သေဆုံးသွားခဲ့ပါတယ်။ ကလေးရဲ့ဖခင်ဟာ ဘယ်သူမှန်း ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီကိစ္စဟာ အာကာသယာဉ်မှူးတစ်ဦးရဲ့ ဂုဏ်သိက္ခာ ၊ ကုမ္ပဏီကိုလည်း လူထုအမြင်စောင်းပြီး ပြိုကွဲသွားမှာစိုးရိမ်သလို သူတို့Project ဆက်လက်တည်မြဲဖို့အတွက် ဖုံးဖိပြီး လျှို့ဝှက်ထားလိုက်ကြပါတယ်။ ကလေးငယ်လေးကတော့ ကမ္ဘာထက် ဆွဲငင်အား ၃ ပုံ၂ပုံလျော့ကျတဲ့နေရာမှာ မွေးဖွားခဲ့တာမို့ ကမ္ဘာကို ပြန်ခေါ်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မားစ်မှာပဲ သိပ္ပံပညာရှင်တွေက ပျိုးထောင်ခဲ့ရပါတယ်။ ဒီကလေးငယ်လေး ကြီးပြင်းလာတဲ့အခါမှာတော ့ကမ္ဘာဂြိုဟ်ကကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်ကနေ သူငယ်ချင်းဖြစ်လာတဲ့အခါမှာတော့……………………………….. ဘာတွေဆက်ဖြစ်ကြမှာလဲ….သူ ကမ္ဘာဂြိုဟ်ကိုလာဖို့ ဘာတွေများလိုအပ်မှာလဲ ကမ္ဘာဂြိုဟ်မှာရော သူ အသက်ရှင်နို်င်ဖို့ ဖြစ်နိုင်ပါ့မလား….. မားစ်ဂြိုဟ်မှာမွေးဖွားခဲ့တဲ့ ပထမဆုံးလူသားတစ်ဦးရဲ့ အမြင်မှာ ကမ္ဘာဂြိုဟ်က တန်ဖိုးထားစရာကောင်းလား ပျော်ရွင်စရာရှိရဲ့လား…… ကမ္ဘာကလူတွေက မားစ်ဂြိုဟ်ကို သွားချင်နေချိန်မှာ မားစ်ဂြိုဟ်ကကောင်လေးတစ်ယောက်ကရော အဲဒီဂြိုဟ်မှာ နေချင်ရဲ့လား…………… စတာတွေကို ဇာတ်လမ်းထဲမှာ  ရှုသပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းအလှအပများကို ခံစားရင်းဆက်လက်ရှုစားလိုက်ကြပါ။ Quality…..BluRay 1080p Duration......2:00:00 Format…Mp4 File Size…(865 MB , 551 MB ) Encoder…..Moe Myint lwin

7.1 2017 121 mins
The Space Between Us
Ripper’s Revenge
5.3

လန်ဒန်မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမား Jack the Ripper ရဲ့ လူသတ်မှုတွေ ဖြစ်ပွားပြီး တစ်နှစ်အကြာ ၁၈၈၉ ခုနှစ်မှာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ အသည်းအသန် လုပ်ခဲ့ကြပေမဲ့လည်း Jack the Ripper ရဲ့ သရုပ်မှန်ဟာ ခုချိန်ထိ လျှို့ဝှက်ဆန်းကြယ်ဖြစ်နေဆဲပါ။ ဆီဘက်ရှန် စတပ်ဘ်က London Morning’s Times က သတင်းထောက်တစ်ဦးပါ။ ၁၈၈၈ က Jack the Ripper ရဲ့ လူသတ်မှုတွေအကြောင်း ရေးပြီး အကြီးအကျယ် အောင်မြင်ခဲ့ပေမဲ့ တစ်နှစ်အကြာမှာတော့ ကံဆိုးမိုးမှောင်ကျပြီး လူစိတ်မဝင်စားတဲ့ သတင်းတွေကိုပဲ ရေးနေရပါတယ်။ ငွေရေးကြေးရေး ကြပ်တည်းပြီး အိမ်ငှားခတောင် မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို ထူးဆန်းတဲ့ စာတစ်စောင်ရောက်လာပါတယ်။ စာအောက်ခြေမှာလည်း Jack the Ripper လို့ လက်မှတ်ထိုးထားပြီး သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုအကြောင်း ရေးထားပါတယ်။ နောက်တစ်နေ့မနက်မှာလည်း စာထဲက ရေးထားတဲ့နေရာမှာ တကယ်ပဲ လူသတ်မှု ဖြစ်သွားပါတယ်။ စာထဲမှာလည်း လူသတ်သမားက သူ့လူသတ်မှုတွေကြောင်းကို ရှေ့ဆုံးစာမျက်နှာမှာ ထည့်ရေးစေချင်တယ်လို့ ပြောထားပါတယ်။ စာတွေ ထပ်ရောက်လာပြီး လူသတ်မှုတွေ ထပ်ဖြစ်လာချိန်မှာတော့ ဆီဘက်ရှန်တစ်ယောက် စုံစမ်းရပါပြီ။ စာတွေအကြောင်း သတင်းထည့်ရေးပြီး သူ့ငွေကြေး အကြပ်အတည်းကို လွယ်လွယ်ပဲ ဖြေရှင်းလိုက်မလား လူသတ်သမား လိုချင်တဲ့ လူထုအာရုံစိုက်မှု မရအောင် မရေးဘဲနေမလား ဝေခွဲမရဖြစ်နေပါပြီ။ အမှုကို ထပ်ပြီးတူးဆွလိုက်တဲ့အခါမှာတော့ အမှန်တရားဟာ ထင်ထားတာထက် အများကြီး ရှုပ်ထွေးနေတာ တွေ့လိုက်ရပါတယ်။ ထင်မထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(950 MB)/(400 MB)/(220 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Twe

5.3 2023
Ripper’s Revenge
Fights Break Sphere 2
5.8

အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါ ဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့် အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့ သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့… တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ.. နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့ မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့… ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ… သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ… ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ… ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား… ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

5.8 2023
Fights Break Sphere 2
Bubba Ho-tep
6.9

Bubba Ho-tep (2002) တစ်ချိန်က နာမည်ကျော် အဆိုတော် အဲလ်ဗစ်စ်ပရက်‌စလေရော၊ ပရက်စလေ အယောင်ဆောင်ရော၊ သမ္မတ ကနေဒီအယောင်ဆောင်ရော၊ မံမီတွေရော စုံအောင်ပါတဲ့ လူအိုကြီးတွေကားဖြစ်ပါတယ်။ တက္ကဆက်ပြည်အရှေ့ပိုင်းက လူအိုရုံမှာ သူ့ကိုယ်သူ အဲလ်ဗစ်စ်လို့ ဆိုတဲ့ ဆီဘက်ရှန်ဆိုတဲ့ ဘိုးတော်နဲ့ သမ္မတကနေဒီပါလို့ ပြောတဲ့ ဂျက်တို့ နှစ်ယောက်က သူငယ်ချင်းဖြစ်နေပါတယ်။ ဒါအဆန်းတော့မဟုတ်ပါဘူး လူအိုရုံက အဘိုးအဘွားတွေက အနည်းနဲ့အများ စိတ်ပုံမှန်မရှိကြတာများပါတယ်။ ဆီဘက်ရှန်ရဲ့ ဇာတ်လမ်းအရ သူက အဲလ်ဗစ်စ်ဖြစ်ပြီး စတိတ်စင်ပေါ်က ပြုတ်ကျလို့ အနှစ် ၂၀ ကိုမာ၀င်နေခဲ့တာပါတဲ့။ သူအောင်မြင်နေတုန်း ကျော်ကြားမှုကို စိတ်ကုန်သွားလို့ ဆီဘက်ရှန်ဆိုတဲ့ အဲလ်ဗစ်စ်အတုခိုးတဲ့သူနဲ့ စာချုပ်ချုပ်ပြီး ဘ၀ချင်းလဲထားတာပါတဲ့။ သူ့လိုပဲ ဂျက်ကလည်း သူ့ကို လုပ်ကြံနေတဲ့သူတွေဆီက ရှောင်နေတာ၊ သူလူမည်းဖြစ်တာ လူဖြူတွေက သူ့ကို အရောင်ဆိုးပစ်တာဆိုပြီး ဆိုပြန်ပါတယ်။ ပြသာနာက သူတို့လူအိုရုံမှာ တစ်နေ့တခြား သေဆုံးမှုတွေတိုးလာပြီး ဂျက်က အိမ်သာနံရံက အီဂျစ်စာကြောင့် မသင်္ကာလို့ ဆက်စုံစမ်းလေ့လာကြည့်တော့ သူတို့လူအိုရုံက ရှေးဟောင်း အီဂျစ်မံမီကောင်ကြီး ကာလကြာရှည် ဝိညာဉ်စုပ်တဲ့နေရာဖြစ်နေတာ သိသွားပါတယ်။ ဒီလိုနဲ့ သူတို့ဝိညာဉ်အစုပ်မခံရရေး ကာကွယ်ဖို့ ဂျက်နဲ့ ဆီဘက်ရှန်တို့ လူအိုကြီးနှစ်ယောက် မံမီကို ရှင်းဖို့ဘယ်လိုကြံစည် လှုပ်ရှားကြလဲဆိုတာ ဆက်လက်အားပေးလိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 32Min Genre – Comedy, Fantasy, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.9 2002
Bubba Ho-tep
Parachute
6

CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့ IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ် ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်း မျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook, Instagram, Twitter အစရှိတဲ့ App မျိုးစုံကို ရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Media ပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့ based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေ မလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး မူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကို မြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ သူပေါ့။ ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကို အသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။ သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက် ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ထင်ပါတယ်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.87GB / 718MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

Horror • Thriller • Mystery
6 2024 108 mins
Parachute
The Happy Ghost 1
6

90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့- ချင်မင်းဆက် ရှန်ဖုန်းနှစ်ပိုင်းမှာ ကွမ်တုံးခရိုင် ပေါင်အန်းနယ်မှာ စာမေးပွဲ ၁၈ ကြိမ်ကျခဲ့တဲ့ ကျူးကျင်ချွင်းဟာ သူ့ဇနီးက တခြားလူနဲ့ လိုက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘုရားကျောင်းမှာ ဆွဲကြိုးချသေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က ဘုရားကျောင်းက ကြိုးထဲမှာ ကျန်နေခဲ့ပါသတဲ့။ ၁၉၈၄ ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ဖွဲ့ဟာ ပျော်ပွဲစားထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတွေလေတွေ ကြီးနေတဲ့အတွက် ဘုရားကျောင်း အဟောင်းထဲမှာ မိုးခိုခဲ့ပါတယ်။ ချင်းချင်းရဲ့ အိတ်ချည်တဲ့ကြိုးက ပျက်သွားလို့ တွေ့ရာကြိုးယူပြီး ချည်ခဲ့ပါတယ်။ အဲ့ဒီကြိုးကတော့ ကျူးကျင်ချွမ်းဝိညာဉ်ရှိနေတဲ့ ကြိုးဖြစ်နေပါတယ်။ ဒီလို တိုက်ဆိုင်မှုတွေကြောင့် ကျူးကျင်ချွမ်းတစ်ယောက် မိန်းကလေးကျောင်းကို ရောက်လာတဲ့အခါ ဘယ်လိုအလွှဲလေးတွေဖြစ်မလဲ…… ကျောင်းသူလေး ၃ ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် ကောင်မလေးတွေကို သူ့အစွမ်းနဲ့ ဘယ်လိုကူညီမလဲ…… နောက်ဆုံးမှာ သူတို့အားလုံးဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သွားမလဲ ဆိုတာကို ဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ်

Western
6 1984 96 mins
The Happy Ghost 1
Polyester
7

Polyester ကို ဒါရိုက်တာ ဂျွန်​ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အ​မေရိကန်ဟာသကား ဖြစ်ပါတယ် လူတန်း​စေ့​နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့​ယောက်ျား သားနဲ့ သမီး တ​ယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်​ထောင်ရှင်မတ​ယောက် သူ့​ယောက်ျားရဲ့ သူမသိ​သေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာ​တော့ သူတို့ မိသားစုကြီး ဘယ်လို​တွေ ဖြတ်​ကျော်ရမယ် ရင်ဆိုင်ရမယ် ​နောက်ဆုံးအချိန်အထိ အခက်အခဲ​တွေ လူ​တွေရဲ့ ​လောဘစိတ်နဲ့ ယုတ်မာမှု​တွေကို ဒီဇာတ်ကားထဲမှာ သရုပ်​ဖော် ပြသသွားပါတယ် အ​မေရိကန် old movie ​တွေကို ကြိုက်နှစ်သက်တဲ့ သူ​တွေအတွက် အဲဒီ​ခေတ်ကာလ အ​နေ​အထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:26:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7 1981
Polyester
Tyler Perry’s Divorce in the Black
5

ဒီဇာတ်ကားကို Medea movie Franchise နဲ့ နာမည်ကြီးလာတဲ့ Tyler Perry က director အဖြစ်နဲ့ရော ဇာတ်ညွှန်းဆရာအဖြစ်ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကတော့ လူမည်းသရုပ်ဆောင်တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ အိမ်ထောင်ရေး Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် Ava ဟာ သူ့ယောကျ်ားကို အရမ်းချစ်ပြီးတော့ဂရုစိုက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်ပါ။ ဒါပေမယ့် သူ့ယောကျ်ား Dallas က‌တော့ Ava ကို အကောင်းမမြင်ပဲနဲ့ ကွာရှင်းခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းပြီးသွားတာတောင်မှ မကျေနပ်နိုင်သေးပဲ Ava ကို လိုက်နှောင့်ယှက်နေပါတယ်။ Dallas က Ava ကို ဘယ်လိုတွေလိုက်နှောင့်ယှက်မလဲ.. ဘာလို့လိုက်နှောင့်ယှက်နေတာလဲ.. Ava ကရော သူ့လက်ထဲကနေလွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ရသမျိုးစုံခံစားရအောင် ကြည့်ရမှာဖြစ်ပါတယ်။ File size…1.89GB / 793MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Thriller • Action
5 2024 121 mins
Tyler Perry’s Divorce in the Black
The Cuban

The Cuban (2020) **************** မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက… အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာ လာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။ အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက် သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ… သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက… စိတ်ကြီးပြီး အစားအသောက် ချေး(ဂျီး)များတဲ့ ပြဿနာအိုး အဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီးဟာ… သူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း… အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလို သူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့… ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။ လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်… ချစ်သူတွေချင်း ကြားက လေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို… လှပစွာ ခြယ်မှုန်းထားတဲ့ ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်… File Size : 1.7GB / 648MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:49:00 Genre : Musical, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(kop) Encoded by Heather Oo

Horror • History
0 2019 109 mins
The Cuban
Gladiator II Gladiator 2
6.9

Gladiator II (2024) IMDb Rating (6.9) / Rotten Tomatoes (71 %) ဒါရိုက်တာ ရစ်ဒလီစကော့ရဲ့ ဂလက်ဒီအိတ်တာဒုတိယမြောက်ဇာတ်ကားလာပါပြီ။ ရောမခေတ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ခါလက်ဆီယံတိုက်ကွင်းကြီးထဲက ဂလက်ဒီအိတ်တာတွေအကြောင်းကို အခြေခံထားပြီး ရောမနိုင်ငံရေး သမိုင်းနဲ့ ရောမွှေထားတဲ့ ရုပ်ရှင်ကြီးပါ။ မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဇာတ်ကောင်း မက်စီးမပ် ဒက်စီးမပ် အော်ရဲလိယက်ကတော့ ပထမရုပ်ရှင်မှာ သေဆုံးသွားပြီးပါပြီ။ 177-192 အေဒီဝန်းကျင်မှာ ပထမရုပ်ရှင်ဇာတ်အိမ်တည်ခဲ့သလို အခုရုပ်ရှင်ကတော့ ၁၆ နှစ်အကြာ 211 AD အဆုံးနားမှာ တည်ဆောက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ပေါမက်စကယ်၊ ပီဒရို ပက်စကယ်၊ ဒန်ဇယ်ဝါရှင်တန်တို့လို ဒိတ်ဒိတ်ကျဲတွေ ပါဝင်ထားတာပါ။ တိုက်ခိုက်ခန်းတွေရော ဇာတ်လမ်းရော သရုပ်ဆောင်ရောအားလုံးကောင်းတာမို့ ကြိုက်ကြမှာ သေချာပါတယ်။ ဒီရုပ်ရှင်မှာသုံးတဲ့ ဆက်တင်တွေကလည်း Kingdom of Heaven (2005) ရိုက်တုန်းက ဆက်တင်ဆောက်ထားတာကို သူ ပြန်ဖျက်ရင် ဈေးကြီးလို့ မော်ရိုကိုအစိုးရကို ၁၀ ဒေါ်လာနဲ့ရောင်းစားခဲ့တဲ့ ဆက်တင်ပါပဲ။ အဲဒီနေရာကိုပဲ အစိုးရဆီက ပြန်ငှားသုံးလိုက်တာပါ။ ဇာတ်လမ်းအကျဉ်း ဧကရာဇ် ကွန်မိုးဒပ် ကျဆုံးအပြီး အင်ပါယာ ဂေတာ နဲ့ ကာရာကယ်လာလက်ထက်မှာ မိဖုရား လူစဲလာဟာ ဗိုလ်ချုပ် အာကေးစီးရပ်နဲ့အတူ လက်ထပ်ထားပြီး ရောမတိုင်းပြည်တစ်ခုလုံးက ဗိုလ်ချုပ် အာကေးစီးရပ်နဲ့ လူစဲလာကိုချစ်ခင်ကြပါတယ်။ ဒါပေမဲ့ အာဏာရှင်စနစ် ဧကရာဇ်စနစ်တွေရဲ့ ဆိုးမွေတွေကြောင့် တိုင်းပြည်တစ်ခုလုံး ချွတ်ခြုံကျပြီး ပုန်ကန်ကြလုဆဲဆဲအခြေအနေမှာ ရှိနေတာပါ။ အာကေးစီးရပ်ကလည်း ဧကရာဇ်နှစ်ပါးကိုဖြုတ်ချဖို့ပါ ကြံစည်နေပါပြီ။ အဲဒီအချိန်မှာပဲ စစ်သုံ့ပန်းတွေထဲက ဟန်နိုဆိုတဲ့ စစ်သည်တော်ဟာ ပြိုင်ကွင်းထဲမှာ အောင်ပွဲတွေ ဆက်တိုက်ရလာသလို ရောမ နန်းဆက်နဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့လူတစ်ယောက် ဖြစ်နေတာ သိလိုက်ရပါတယ်။ ဟန်နိုကလည်း သူ့ဇနီးအတွက် အာကေးစီးရပ်နဲ့ ဧကရာဇ်တွေကို လက်စားချေဖို့ ကြိုးစားနေချိန်မှာ ကလဲ့စား၊ နိုင်ငံရေး နဲ့ လွတ်လပ်တဲ့ရောမနိုင်ငံကို ယုံကြည်သူတွေကြားမှာ တိုက်ပွဲတွေ ပေါ်ပေါက်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ…….။ WEB-DL ရုပ်သံအစစ်ဖြစ်တဲ့ Ksub မပါတဲ့ Clean Version ကို ထပ်မံတင်ဆက်လိုက်ပါတယ်။

6.9 2024 148 mins
Gladiator II Gladiator 2
Glass Garden
6.3

Glass Garden (2017) ******************* သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ ဇာတ်လမ်းအညွှန်း ************** “လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား” ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။ တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။ တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ… သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် Jae-Yoon ကို ဝတ္ထုစာအုပ်အသစ်မှာ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့…. သုတေသနဟာ အောင်မြင်သွားပြီးတော့ တကယ်ပဲ လူတွေဟာ သစ်ပင်အဖြစ်နဲ့ အလင်းမှီအစာချက်ခြင်းပြုလုပ်နိုင်သွားမှာလား … Ji-Hoon နဲ့ Jae-Yeon ကြားထဲမှာရော ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို မျက်လုံး အေးအေး ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ Mystery , Drama ဆိုတဲ့အတိုင်း လျှို့ဝှက် ဆန်းကြယ်စွာ ကြည့်ရှုသွားနိုင်မဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.72GB / 644MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 56 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama • Mystery • Thriller
6.3 2017 117 mins
Glass Garden
Dilan : Wo Ai Ni (2024)

ဒီတစ်ခါအလှည့်ကျတာကတော့ Netflix မှ အင်ဒိုနီးရှား ကလေးကားလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီလန်လို့အမည်ရတဲ့ကျောင်းသားလေးက အရှေ့တီမောမှာ ၂ နှစ်နီးပါးနေပြီးတဲ့နောက် အရင်မြို့ အရင်ကျောင်းကို ပြန်လာခဲ့ရပါတယ်။ အတန်းထဲမှာ အရင်က သူရဲ့ဆိုးဖော်တေဖက်ငယ်သူငယ်ချင်းတို့အပြင် မေလီယန် မယ်ရီအွိုင်းလို့ခေါ်တဲ့ ခပ်ချောချောတရုတ်မလေးတစ်ယောက်ကလည်း ကျောင်းသူသစ်အနေနဲ့ ရောက်ရှိလို့နေပါတယ်။ ဒီတော့ လူကြီးမကျ ကလေးမကတဲ့ ငဆိုး ငပေ ငတေ ငပွေလေး ဒီလန်တစ်ယောက် တရုတ်မလေးကို ဝေါ်အိုက်နီတွေဖြစ်ကာ အိမ်ထောင်စုဇယားထဲ မင်းပါးပါးနဲ့မားမားကိုထည့်ချင်လာပါတော့တယ်။ ကျောင်းသားကားပီပီ ကလေးလို ဆိုးလိုက်ဆော့လိုက် တရုတ်ဘုံကျောင်းက နဂါးဖြစ်ချင်နေတဲ့ အတန်းကြီးလူဆိုးကောင်တွေနဲ့ ရန်ဖြစ်လိုက်နဲ့ပဲ ဇာတ်လမ်းလေးကို သယ်လာတာမလို့ ပေါ့ပေါ့ပါးပါး အပျင်းပြေကြည့်ရှုချင်သူတွေအတွက် အချိန်ဖြုန်းစရာ ဇာတ်ကားကောင်းတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီလန်တစ်ယောက် ကံကောင်းစေမယ့် တရုတ်ဘုံကျောင်းက နဂါးပဲဖြစ်မလား .. ပါးပါးနဲ့မားမားကိုပဲ အိမ်ထောင်စုဇယားထဲက ပြန်ထုတ်ပေးလိုက်ရမလား ဆိုတာကိုတော့ ဇာတ်လမ်းအဆုံးမှာ သိရပါလိမ့်မယ်ဗျ။

Horror • Drama
0 1983
Dilan : Wo Ai Ni (2024)