YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) The Report 2019 (Large Size).mp4

1.09 GB 720p video/mp4 660 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Brothers of the Wind
7.2

လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်း အံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေ အောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့ လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာ အတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။ လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီး သူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။ တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့ တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကို ကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခု ရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။ အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကို ကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားက သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…  2.2GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Drama , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato

Crime • Drama • TV Movie • Thriller
7.2 2015 98 mins
Brothers of the Wind
Alexandra's Project
6

IMDb Rating/(6.5) အိမ်ထောင်ရေးတစ်ခုမှာ သာယာမှုဆိုတာကို ဘယ်လိုဆုံးဖြတ်တတ်ကြပါသလဲ လူအမျိုးမျိုး စိတ်အထွေအထွေမို့ အကြောင်းအရာမျိုးစုံရှိကြမှာပါ အပေါ်ယံကြည့်ရင် သာယာချမ်းမြေ့တဲ့ မိသားစုလို့ ထင်ရပေမယ့် နောက်ကွယ်မှာ ကာယကာရှင်ကိုယ်တိုင်သာ သိမြင်ခံစားရတဲ့ ကိစ္စတွေအတော်များများရှိတတ်ကြပါတယ် ဒီကားလေးကတော့ Gone Girl ဆန်ဆန်လေး ဆိုပါတော့ အထန်ကောင် ယောက်ျားကို ပိုင်ဆိုင်ထားမိတဲ့ Alexandra တစ်ယောက် သားသမီးမျက်နှာကိုထောက်ပြီး နှစ်ပိုင်းများစွာ သည်းခံခဲ့ပေမယ့် အတိုင်းထက်လွန်လာတဲ့ ကိစ္စတွေ သိရှိကြုံတွေ့ လာရတဲ့အခါ ဘယ်လိုသင်ခန်းစာပေးမလဲ ချစ်ခြင်းမေတ္တာတွေ ဆာလောင်မွတ်သိပ်ချိန် ခင်ပွန်းဖြစ်သူရဲ့ လိင်အသုံးချမှုသက်သက်အဖြစ်ပဲ နေထိုင်လာရတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘယ်လို တုန့်ပြန်မလဲဆိုတာ CM ပရိသတ် ယောကျာ်းဘသားတို့ ဘုတုတ အနေနဲ့သတိထားရအောင် ကြည့်ရှုခံစားလိုက်ကြပါ... အမျိုးသမီးထုတို့လည်း မွေးနေ့လက်ဆောင်ကောင်းလေး ရှာဖွေနေရပြီဆိုရင် ဒီကားလေးကို ကြည့်ရှုရင်း လေ့လာလိုက်ကြပါနော် Best Film from Oceania, Best Screenplay နဲ့ Best actress ဆု၃ဆုအပြင် Nominations တွေလည်း အများကြီး ဝင်ထားတာမို့ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ခံစားရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း..... (ဝတ်လစ်စလစ်နဲ့ လိင်အသားပေးခန်းတွေ ပါရှိတာကြောင့် ၁၈ယောက်စုပြီးမှကြည့်ရှုကြပါရန်...) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Mugiwara Ya ပဲဖြစ်ပါတယ်။) File size…(1.2 GB)/(593 MB) Quality….1080p/ 720p Format…mp4 Duration….01:39:23 Genre....Drama,Mystery,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Mugiwara Ya

Action • War
6 2003 103 mins
Alexandra's Project
Sardar
7.5

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ... ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်... ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်... ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်... အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ... ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by  Thet Ko ~ Go -O ~ Taylor ~ Yunni ~ BpL

Action • Crime • Drama
7.5 2022 167 mins
Sardar
Attenberg
6.1

ဒါကတော့ Greek 18+ လေးပါ မရီနာ ဆိုတဲ့ကောင်မလေးဟာ အဖေတစ်ခုသမီးတစ်ခုနေရတဲ့ကောင်မလေးပါ.... အဖေဖြစ်သူဟာ လူကြီးရောဂါနဲ့ သိပ်မနေရတော့ပါဘူး... အဲ့တော့ ရှိတဲ့ဒီသမီးလေးကပဲ အဖေကိုပြုစုပေးတာပေါ့ အပျိုဖော်ဝင်လာတဲ့ မရီနာလေးဟာ ထုံးစံအတိုင်းပဲ အသစ်ဆန်းတွေကို စမ်းသပ်ချင်လာတယ် နောက်ပြီး သူမရဲ့ sex dominant ဖြစ်တာက ယောက်ျားလား မိန်းမလားလည်း မသဲကွဲသေးပါဘူး အဲ့တော့ဖြစ်ပုံက ယောက်ျားနဲ့လည်းစမ်းချင်တယ် မိန်းမနဲ့လည်းစမ်းချင်တယ်တွေ ဖြစ်ကုန်ရော အဲ့တော့ မရီနာတစ်ယောက် ဘယ်သူတွေနဲ့ ဘယ်လိုတွေစမ်းမလည်းဆိုတာ ဂရိသူလေးတွေ ရဲ့အလှတရားနဲ့ပါ ပေါင်းစပ်ပြီး ခံစားကြည့်ကြပါ File Size : (2.8GB) and (779 MB) Quality : Blu-Ray 720p Format…mp4 Genres: Adult, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae

Mystery • Romance • Thriller
6.1 2010 95 mins
Attenberg
The Marksman
6.9

မက္ကဆီကို နယ်စပ်မှာ အထီးကျန်နေတဲ့ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးတစ်ယောက်ရှိတယ်. ..ဝီစကီလေးမော့လိုက် ကားလေးမောင်းလိုက်နဲ့ပေါ့.. . တစ်နေ့မှာ မက္ကဆီကိုထဲက ခိုးဝင်လာတဲ့ သားအမိနှစ်ယောက် ရောက်လာတယ်.... သူတို့သားအမိကို မက္ကဆီရဲ့ ကြမ်းပေ့ဆိုတဲ့ လူဆိုးဂိုဏ်းက သတ်ဖို့လိုက်လာတယ်။ ဒီသားအမိဟာ ကံကောင်းထောက်မစွာ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးနဲ့ဆုံဖြစ်ခဲ့တယ်... .မက္ကဆီဂိုဏ်းက ဒီသားအမိကို မဖြစ်မနေသတ်ဖို့ ကိစ္စကြီးတစ်ခုရှိလာတဲ့အခါမှာတော့....... မင်းသားကြီး Liam Neeson ရဲ့ သဲထိတ်ရင်ဖို အက်ရှင်ခန်းတွေကို ခံစားကြည့်ကြပါဉီး.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size :1GB Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre :  Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Comedy
6.9 2021 108 mins
The Marksman
My Blood and Bones in a Flowing Galaxy
6.7

My Blood & Bones in a Flowing Galaxy (2020) ~ IMDb – 6.7/10, MyDramaList – 7.9/10 ~ ဟီးရိုး လူစွမ်းကောင်းဖြစ်ချင်တဲ့စိတ်က လူတော်တော်များများမှာ အဓိပ္ပာယ်သတ်မှတ်ချက် တစ်မျိုးစီနဲ့ ဖြစ်တည်နေလေ့ရှိပါတယ်။ ဒီဇာတ်ကားမှာတော့ ကျောင်းသား ခိရိုဆုမိ ဟမဒ ဂျူနီယာကောင်မလေးအပေါ် ကာကွယ်ပေးချင်တဲ့အကြောင်းကို သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ သူရဲကောင်းဖြစ်လိုစိတ်နဲ့ ချိတ်ဆက်ထားပါတယ်။ ခိရိုဆုမိရဲ့ အဖေဖြစ်သူက သူ့ကိုမွေးခါနီးနာရီပိုင်းအလိုမှာပဲ ရေထဲမျောပါပြီး သေဆုံးသွားပါတယ်။ အကြောင်းရင်းကလည်း ရေထဲထိုးကျနေတဲ့ကားထဲက လိုက်ပါစီးနင်းသူတွေကို ဆင်းကယ်ရင်း သူကိုယ်တိုင် နစ်သွားတာကြောင့်ပါ။ ခိရိုဆုမိဟာ ငယ်စဉ်ကတည်းက သူ့အဖေရဲ့ လူစွမ်းကောင်းဆန်ပုံတွေ စိတ်ကောင်းရှိပုံတွေကို သူ့အမေဆီကနေ ကြားခဲ့ရပါတယ်။ ဒါကြောင့်မို့ သူလည်း သူ့အဖေလို ဟီးရိုးဖြစ်ရမယ်ဆိုပြီး ခံယူထားတဲ့၊ အမှန်တရားကို လိုလားတဲ့ ဆယ်ကျော်သက်လေးဖြစ်လာခဲ့ပါတယ်။ တတိယနှစ်မှာတော့ ကျောင်းအစည်းအဝေးမှာ အနိုင်ကျင့်ခံနေရတဲ့ ဂျူနီယာလေး ခုရမိုတို ဟာရိကို ဝင်ပြီးကာကွယ်ပေးခဲ့ပါတယ်။ ဟာရိက အကြောင်းရင်းတစ်ခုကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံလိုစိတ်မရှိဘဲ ရန်လိုတဲ့ပုံစံဖြစ်နေခဲ့တာပါ။ ဟာရိကို ကြိုးစားပြောင်းလဲပေးဖို့လုပ်ရင်းနဲ့ သူတို့တွေရင်းနှီးလာခဲ့ပါတယ်။ ဒါ‌ပေမဲ့ ဟာရိ လျှို့ဝှက်ထားတဲ့ အကြောင်းရင်းက ရှုပ်ထွေးနေရုံမကဘဲ နှစ်ရှည်လများဖြစ်တည်လာတဲ့ အကြောက်တရားနဲ့ နှိပ်စက်ချုပ်ချယ်မှုတွေ ရက်စက်မှုတွေကြောင့်ဖြစ်နေတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 650MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 7Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.7 2020 127 mins
My Blood and Bones in a Flowing Galaxy
Spiritual Kung Fu
5.7

ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။ အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ ဒီလိုနဲ့ “သေမင်းတမန်လက်သီးခုနစ်ချက်”လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant

5.7 1978 99 mins
Spiritual Kung Fu
Pusher
5.5

မူးယစ်ဆေးလောကကြီးကထင်သလောက်တော့ လွယ်ကူမနေပါဘူး ပိုက်ဆံအရလွယ်သလို ခွေးဖြစ်လည်းလွယ်ပါတယ် ဒီဇာတ်ကား​က​ ကိုကင်း reseller တစ်ယောက်ရဲ့ ဘဝကိုရိုက်ပြထားတာပါ.. ဖရန့်ခ်ဟာ လက်ကြီးသမားဆီက ပစ္စည်းယူပြီး ပြန်ရောင်းတဲ့သူတစ်ယောက်ပါ ဘဝကိုရရစားစားနေနေတော့ငွေရလွယ်တဲ့ ဒီအလုပ်မှာပဲကျင်လည်နေခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် သူတို့လောကရဲ့ထုံးစံအတိုင်း​အကွက်ရွှေ့ကျွမ်းရမှာဖြစ်လို့ တစ်ကွက်မှားတာနဲ့ခွေးဖြစ်မှာပါ.. သူတို့လောကကြီး​က​လူလည်တွေကြိုးကိုင်တဲ့ MLM လိုမျိုး လည်သူစား​ အတဲ့သူနွားဖြစ်တဲ့ KMKL​ မားကက်တင်းနဲ့ သွားတာမို့လို့ ဖရန့်ခ်တစ်ယောက် လောကထဲကျင်လည်ရင်း ဘာတွေကြုံတွေ့ရမလဲ… ဘာတွေအကျိုးအမြတ်ရမလဲ…. ဘာတွေကိုဆုံးရှုံး​ရမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ရအောင်ပါ… File size…1.61GB / 805MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2012
Pusher
The Prince & Me 2: The Royal Wedding

The Prince & Me II : The Royal Wedding (2006) The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ……..။

0 2006 96 mins
The Prince & Me 2: The Royal Wedding
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
Scarborn
7.2

အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာ ပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေး စစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2 အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့ Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက် အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကို တိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေ မျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ် ပါတယ်။ အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီး Kosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်း အထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက် ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့ နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန် တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Drama
7.2 2023 119 mins
Scarborn
MouseHunt
6.5

ဒီတစ်ခါကတော့ကတော့ စိတ်သက်သာရာရစေမယ့် ရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပါတယ်။ အတော်လေးလည်းကြည့်လို့ကောင်းသလို ဘဝအမောတွေကိုလည်း ပြေပျောက်စေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ မိသားစုနှင့်လည်းကြည့်လို့ရတဲ့ ဟာသကားကောင်းတစ်ကားမလို့ ကြည့်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။ ဇာတ်ညွှန်း အာနီ နဲ့ လားစ်တို့ ဟာ ညီအစ်ကိုတွေဖြစ်ပါတယ်။ အာနီ ဟာစားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး လားစ်ကတော့ သူ့အဖေနဲ့ အတူတူ ချည်မျှင်စက်ရုံတစ်ခုကို အတူတူလုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အဖေဆုံးသွားတော့ အမွှေအနေနဲ့ ကံကောင်းစေတဲ့ ချည်မျှင်လေးတစ်ချောင်းရယ်၊ ချည်မျှင်စက်ရုံတစ်ခုရယ် အပေါင်ခံထားတဲ့အိမ်ကြီးတစ်လုံးရယ်ကို အမွေချန်ထားခဲ့ပါတယ်။ အာနီက ပိုက်ဆံဘာမှမချန်ထားခဲ့လို့ စိတ်ဆင်းရဲနေပေမယ့် လားစ်ကတော့ အဖေနဲ့ပိုပြီး ရင်းနှီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် အဖေ့ကိုအပြစ်မမြင်ရက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ ကံဆိုးချင်တော့ နှစ်ယောက်သား လမ်းဘေးရောက်သွားပြီး အမွေထားခဲ့တဲ့အိမ်ကြီးပေါ်ကိုတက်နေဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူတို့ဟာ ဒီအိမ်ပျက်ကြီးက သာမန်အိမ်အိုအိမ်ဟောင်းကြီးတစ်ခုမဟုတ်ပဲ နာမည်ကျော် ဗိသုကာပညာရှင် လရူး ရဲ့အိမ်တော်ကြီးဆိုတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့ အိမ်တော်ကြီးကိုရောင်းဖို့ကြံတော့ အဲဒီအိမ်မှာ နဂိုကတည်းက နေထိုင်ခဲ့တဲ့ ကြွက်တစ်ကောင်က သူတို့ကိုလိုက်နှောင့်ယှက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်နဲ့ကြွက်ကြားက တိုက်ပွဲကို ဘယ်လိုများ ဟာသအမြင်နဲ့ဖော်ပြသွားမလည်းဆိုတာ ရှုစားလိုက်ကြပါ။ File Size : 2.2 GB, 889 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

6.5 1997 98 mins
MouseHunt
Yesterday Once More
6.2

ဒီ စိတ်ကူးယဉ် အချစ်ရုပ်ရှင်လေးမှာတော့ မင်းသားချော Arthur Chen နဲ့ မင်းသမီးချောလေး Zhou Ye တို့ အတူသရုပ်ဆောင်ထားပါတယ်။ အတိတ်တွေ၊ နောင်တတွေ လူတိုင်းမှာ ရှိတတ်ကြတာမို့ တကယ်လို့ အချိန်နောက်ပြန်သွားခွင့်ရရင် ပြင်ဆင်ချင်တဲ့ အမှားတွေ လူတိုင်းမှာရှိမှာပါပဲ။ ဒါပေမဲ့ အနာဂတ်ကိုကြိုသိနေတဲ့တိုင်အောင် အတိတ်ကို တကယ်ပြောင်းလဲနိုင်ပါ့မလား ပြောင်းလဲတတ်ပါ့မလားဆိုတာတော့ မေးခွန်းထုတ်စရာပါပဲ။ ဇာတ်လမ်းအကျဉ်း ကူးယိရွှမ်းဟာ ငယ်စဉ်ကတည်းက အမေမရှိတဲ့သူ အဖေကလည်း အမြဲမူးနေတဲ့သူဖြစ်ပြီး မွေးနေ့ကို တစ်ယောက်တည်း ဖြတ်သန်းဖို့ကြိုးစားနေခဲ့ရပါတယ်။ အဲဒီအချိန် ကလေးဘဝမှာပဲ ဟန်ရှုရန်ဆိုတဲ့ ကလေးမလေးက သူနဲ့အတူ မမေ့နိုင်စရာ မွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူတို့တွေ ကွဲသွားကြတယ်၊ အသက်ကြီးလာချိန်မှာ ပြန်တွေ့ကြတယ်၊ ချစ်မိသွားကြတယ်ပေါ့။ ဒီအထိကတော့ ရိုးရိုးလေးနဲ့ လှလှလေးပါပဲ။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက် မတော်တဆဖြစ်ပြီး သေဆုံးသွားချိန်မှာ နောက်တစ်ယောက်ဟာ သူတို့ငယ်ငယ်က အမှတ်တရသိမ်းထားခဲ့တဲ့ ဖယောင်းတိုင်လေးနဲ့ ဆုတောင်းမိရင်း အချိန်ခရီးသွားမိပါတော့တယ်။ အချိန်ကလည်း သူ့ချစ်သူ မသေခင် တစ်ရက်လေးကိုပဲ ပြန်သွားနိုင်တာဖြစ်ပြီး ချစ်သူကိုကယ်ဖို့ ကြိုးစားပေမဲ့ တစ်နည်းမဟုတ်တစ်နည်းနဲ့ သေဆုံးသွားရတာပါပဲ။ ဒီဖယောင်းတိုင်လေးတွေ မကုန်ခင်မှာ သူ့ကို ကယ်နိုင်မလား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်လိုက်ပါဦး။

Animation • Fantasy • Romance • Music • Family
6.2 2023
Yesterday Once More
Salve Maria
6.5

Salve Maria (2024) IMDb Rating (6.5) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဘာသာစကားပြော drama/thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMDB 6.5 ရထားပြီး ဆု ၁၀ ဆုလည်းရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မာရီယာဆိုတဲ့ အခုမှသားဦးမွေးထားတဲ့စာရေးဆရာမတစ်ယောက်ကိုဦးတည်ထားပါတယ်။ အခုမှသားဦးမွေးထားတဲ့မာရီယာဟာ postpartum depression လို့ခေါ်တဲ့မိခင်တွေခံစားရတဲ့စိတ်ကျရောဂါတစ်မျိုးကို တယောက်ထဲတိုက်ခိုက်နေသူဖြစ်ပါတယ်။ ကလေးကနို့စိုရင်ပြန်အန်တာကို ကလေးဆရာဝန်ကပုံမှန်ပဲလို့ပြောတာကို‌တောင် သူ့မှာစိုးရိမ်တကြီးဖြစ်နေရှာပါတယ်။ အိမ်တစ်ခုမှာပုံမှန်ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း မာရီယာဟာ အကြီးအကျယ်စိတ်ညစ်နေရှာပါတယ်။ ယောက်ျားဖြစ်သူ နီကိုကတော့ ဒါကိုမသိပဲ သူ့အလုပ်ပဲသူလုပ်နေခဲ့ပါတယ်။ မာရီယာကနီကို့ကို ခွင့်ယူဖို့၊သူနဲ့အတူတူကလေးကိုစောင့်ရှောက်ဖို့ပြောပေမဲ့လည်း နီကိုကခွင့်မယူပါဘူး။ ဒီ‌လိုနဲ့တနေ့ကျ ပြင်သစ်အမျိုးသမီးတစ်ယောက်က သူမရဲ့ဆယ်လသားအရွယ်အမွှာလေးတွေကို ရေနစ်သတ်တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ ထိုသတင်းဟာမာရီယာရဲ့ခေါင်းထဲမှာစွဲမြဲနေခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်ရဲ့ဘဝကိုဇာတ်နှေးနှေးနဲ့ရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Akm ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:48:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Akm

6.5 2024 111 mins
Salve Maria
New Trial
6.8

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် လူသတ်မှုတစ်ခုမှာ မတရားစွပ်စွဲခံရတဲ့လူငယ်လေးတစ်ဦး ပြစ်ဒဏ်ကျခံပြီးတာတောင် အာမခံ ကုမ္ပဏီ တစ်ခုက လျော်ကြေးငွေ ပြန်တောင်းပါတယ် ဒါကို စွပ်စွဲခံလူငယ်လေးရဲ့အမေက ရှေ့နေငှားဖို့ကြိုးစားတဲ့အခါမှာ လောလောလတ်လတ် အလုပ်လက်မဲ့ဖြစ်နေတဲ့ လောဘသားကောင် ရှေ့နေတစ်ယောက် နဲ့ဆုံဖြစ်ခဲ့ကြပါတယ် အဲ့ဒီရှေ့နေကတော့ ဒီအမှုကို လက်ခံပေးရင်းနဲ့ပဲ အမြင်မှန်ရလာကာ ရှေ့နေကောင်း တစ်ယောက်ဖြစ်လာပြီး သူ့အမှုသည်ရဲ့ နာမည်ဆိုးကို ပယ်ဖျက်ပေးဖို့ကြိုးစားပါတော့တယ် ဒါပေမဲ့လည်း အမှုက ၁၀ နှစ်ကျော် ကြာနေတဲ့ အမှုဖြစ်တာကြောင့် ဘယ်လိုအခက်အခဲမျိုး ကြုံတွေ့ရမလဲ သူ့အမှုသည်ရဲ့အမည်ဆိုးကိုရော ပယ်ဖျက်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက် ခံစားပေးကြပါဦးဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်) File size…(1.8 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:59:00 Genre… True Crime, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Scrn

Romance • Comedy
6.8 2017 119 mins
New Trial